Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.
Showing posts with label Aritcles. Show all posts
Showing posts with label Aritcles. Show all posts

Thursday, July 24, 2014

အတိတ်က သန္တရီ


            နှစ်တွေလတွေ အချိန်တွေကြာညောင်းပြီးရာသီတွေအလီလီပြောင်းခဲ့ပေမဲ့ သူမ၏ရင်ထဲက ဝေဒနာတွေ ဘယ်တော့မှပြောက်ကွယ် သွားမည်မဟုတ်ပါ။ ချစ်သူသေသွားလျှင်ဖြစ်စေ နောက်တစ်ပြောင်းသွားလျှင်ဖြစ်စေ ချစ်သူအသစ်တစ်ယောက် ထပ်ရနိုင်ပါသေးသည်။ ထို့အတူပင် မိန်းမ၊ ယောကျာင်္းသေသွားလျှင်ဖြစ်စေ ကွဲသွားလျှင်ဖြစ်စေ နောက်ထပ်အသစ်တစ်ယောက် ထပ်ရနိုင်ပါသေးသည်။ သို့သော် ဤလောကတွင်ပြန်လည်အစားထိုး၍ မရနိုင်သည့် အရာကားရှိသေး၏။ ထိုသူများ
သည် အမိနှင့်အဖပင်တည်း။

Monday, June 2, 2014

ပြည်သူလူ “ထု” (စစ်ကြီးတွေ ရပ်တံ့ပေးပါ)



တတောဝင်တတောင်တက် ငါချီတက်ရင်းတောစိမ့်စမ်း တောင်ကျိုမ့်ဝှမ်းများကို ကျော်ဖျက်ရင်းခရီးတစိမ့်စိမ့် ကျောတချိပ့်ချိပ့်ချီတက်နေရင်း ပြည်သူတို့အကြား စမ်းတ၀ါးဝါးလျှောက် လှမ်းနေခဲ့သည်မှာ ယနေနှင့်ဆိုလျှင် ၁၀နှစ် ပင် ကျော်ခဲ့ပေပြီ။
တတောဝင်တတောင်တက်ငါချီတက်ရင်း မောပန်းမှုအံ့တုလျှက် တောင်တန်းပြာလေး အ၀ိုက်တိုက်ခက် လာသော လေပြေလေးတချက်ကို အထူးပင်ကျေးဇူးတင်မိပါသည်။ ရင်တွင်းမှ မောဟိုက်မှုအလျှောက် အမိရင်မှ လာသောတေးသီချင်းလေးတပုဒ်ကို နားဆင်နေရသည့်အလား မောပန်းမှုကိုပြေပျောက်ခဲ့ရသည့် အလွန်ကောင်းမွန်သော ဆေးတခွက်ပင်ဖြစ်ပေသည်။

Wednesday, May 28, 2014

တတိယနိုင်ငံသို့အခြေချနေထိုင်ရေးနှင့် ကရင်နီလူ့အရင်းအမြစ်



၂၀၀၅ ခုနှစ်တတိယနိုင်ငံသို့ အခြေစိုက်နေထိုင်ရေးအစီအစဉ်တရပ်ကို UNHCR မှ ကရင်နီ ဒုက္ခ သည် စခန်းအမှတ်၁တွင်းသို့ Massage (သတင်း)ချလိုက်သည်နှင့် ကျမအပါအ၀င် လူတွေရုပ်ရုပ် သဲသဲ ဖြစ်ခဲ့ရ ပေသည်။ နေ့တဓူဝ ၀န်ထမ်းများ၊ ကျောင်းသူကျောင်းသားများလက်လုပ်လက်စားသမားများအလွာအသီးသီးအတန်းစားအသီးသီးကရင်နီလူမျိုးနွယ်စုတို့၏ ဘုံစကား တခုပင်ဖြစ်လာခဲ့ရသည်မှာ ယနေ့ တိုင်ဖြစ်လင့် ကစား ကရင်နီပြည်ဖွားတိုင်းရင်းသားညီအကိုများသိရှိနေပေလိမ့်မည်။
PHOTO FROM Kantarwaddy Time
ကရင်နီဒုက္ခသည်စခန်းသည်ကရင်နီတပ်မတော်အားမှီခို၍ယနေ့တိုင်ရပ်တည်နေရပေသည်။န၀တတဖန်ဖြစ်လဲနအဖစစ်အစိုးရ၏နယ်မြေလုယက်မှုအတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုအရွယ်စုံအမျိုးသမီးများအပေါ်မုဒိန်းမှုကျူးလွန်ခြင်း ပေါ်တာဆွဲခြင်းအမှုပေါင်း ထောင်သောင်းမကျန်ကျူးလွန်နေ ခြင်းကြောင့်အမိမြေကိုစွန့်ခွာလျှက်ကရင်နီနှင့်နယ်နိမိတ်ထိစပ်ရာ ထိုင်းနိုင်ငံသို့ဒုက္ခသည်များအဖြစ်လာရောက်ခိုလုံနေခဲ့ရသည်မှာနှစ်ပေါင်း၂၀ပင်ရှိရော့မည်။

Monday, May 26, 2014

နိုင်ငံရေးလှောင်းရိပ်

နိုင်ငံရေးဆိုတာကို ဘာမှန်းမသိဘဲ ဆူးတို့တတွေနိုင်ငံရေးရဲ့သားကောင်တွေ ဖြစ်ခဲ့ရတာ ၁၉၈၈ ကျောင်းသား အရေး အခင်းဖြစ်တဲ့အချိန်စကခဲ့တာပေါ့။ 1988 “ဝေး” ကျောင်းသူကျောင်းသားတွေ အရမ်းပျော်လို့ ကျောင်းခန်းထဲက ထွက်ပေါ်လာတဲ့အသံ။ ဆရာမရဲ့ စေခိုင်းချက်အရ ဆူးရုံးခန်းမှာ မြေဖြူသွားယူရင်း အပြန်ဆူးတို့မူလတန်း ပထမတန်းကျောင်းခန်းထဲက ၀မ်းသာပြီးထွက်ပေါ် လာ အာမေဓိတ်အသံလေးပါ။ ဆရာမကို မြေဖြူပေးပြီး စာရေးခုံရှိရာသို့ ထွက်ခွာမယ်အလုပ် ဆရာမက “သြော်- သမီးကိုပြောရဦးမယ်. နက်ဖြန်ကစပြီးကျောင်း တလလောက်ပိတ်မယ်သမီး” “ဟုတ်ကဲ့ဆရာမ”။ ဒီလိုနဲ့ဘာကြောင့် ကျောင်းတွေပိတ်လိုက်မှန်းမသိပေမဲ့ကလေးတွေအရွယ်မို့  ကျောင်းပိတ်လိုက်တာကို ပျော်မဆုံးရွှင်မဆုံးပေါ့။ ကျောင်းဆင်းချိန်အပြန်လမ်းမှာ တလကျောင်းပိတ်ရင် ဘယ်သူကဘာလုပ်မယ်။