Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Thursday, October 30, 2014

စစ်ကိုမုန်းသည့် စစ်သားလေးချစ်သူ


            “သားကြီးတောင် ခရီးကပြန်လာပြီ ဒါနဲ့သူလေးက” “ကျတော်နောက်မှ ရှင်းပြမယ်အဖေ အမေကောဟင်”  စစ်ရူနီ ဖောင်းအပြည့်နှင့် ခရီးမှပြန်ရောက်လာသည့် သားဖြစ်သူဘေးတွင် အသက်၂၀ကျော်မိန်းမပျိုလေးတစ်ယောက် ပါလာ လေသည်။ ဖခင်ဖြစ်သူ၏အမေးကိုသူမဖြေသေးဘဲ မိခင်ဖြစ်သူကိုသူသတိတရမေးလိုက်သည်။ “အမေကြီးရေ- မင်းသား ကြီးပြန်ရောက်ပြီကွ” သူအသံအဆုံးတွင် အသက်၅၀၀န်းကျင်ခန့်ရှိသည့် အမျိုးသမီးတဦး အိမ်ပေါ်မှလှပသည့် ခြေလှမ်း များဖြင့် ဆင်းလာလေသည်။ “သား-သားလေးမောင်လွဏ်းမောင်” “အမေနေကောင်းတယ်နော်” “ကောင်းတာ ပေါ့သား ရယ်အမေသားကိုလွမ်းနေတာ” “သားလည်းအမေ့ကိုလွမ်းတာပါဘဲ” “ဒါနဲ့သူလေးက ဘယ်သူလည်းသား” သားဖြစ်သူနှင့် အတူပါလာသည့် မိန်းမပျိုလေးကိုသူမမေးလိုက်သည်။ “နားနဲ့မနာ ဖ၀ါးနဲ့နာပါအမေ သားမိန်းမခိုးလာတာ”