“ဘာနင်ကငါ့ကိုချစ်တယ်ဟုတ်လား
အေးဟော့ဒီချောက့်ထဲကိုခုန်ချပြီးသေလိုက်”
“ဆရာမ
တကယ်ပြောနေတာလား ကျတော်တကယ်ခုန်ချလိုက်မှာနော်”
“ခုန်ချလိုက်လေ
နင့်ကိုငါအမိန့်ပေးနေတာ”
“ကျတော်”
သူ၏ခြေလှမ်းများသည် ဒေါသအိုးပေါက်ကွဲနေသော
ဆရာမ၏ညွန်ကြားချက်အတိုင်း ချောက်ကမ်းပါး ဆီသို့ ဦးတည်ပြီး ရွေ့လျှားနေလေသည်။
“၀ီလျှံ”
သူ၏လက်မောင်းကို မည်သည့်အချိန်တွင်ရောက်လာမှန်းမသိသည့်
သန်မာသည့်လက်တစုံ ကလှမ်းဆွဲခြင်း ခံလိုက်ရသည်။ သူသည်ထိုလက်အစုံရှင်ကို လှည့်ကြည့်လိုက်မိသည်။
“ငါ့လက်ကို
လွတ်ပါအာကာ ငါ”
“ဆရာမ
ဆရာမသိမ့်ရက်စက်တာဘဲ ကျတော်သူငယ်ချင်းတခုခုဖြစ်လို့ကတော့”
“မင်းတို့က
ချာတိတ်တွေဘဲ ဘယ်လောက်ပြောပြောနားမလည်ကြဘူး”
ဆရာမသည်သူတို့နှစ်ဦးသားကို
ဒေါသဖြစ်ပြီးထိုနေရာလေးမှ ဖြေလှမ်းကျဲများဖြင့် ထွက်ခွာလာခဲ့သည်။
“၀ီလျှံမင်းဒီလောက်ထိ
မစွန့်စားသင့်ဘူး”
“ငါဆရာမကိုချစ်တာ အပြစ်လားအာကာငါ”
“ချစ်တာကိုအပြစ်လို့ ငါမပြောလိုပါဘူး ဒါပေမဲ့ဆရာမမှနင့်ကိုမချစ်နိုင်တာ”
“ဟာကွာ ငါကဘာဖြစ်နေလို့လည်း အကျိုးအကမ်းဒုက္ခိတလည်းမဟုတ်ဘူး”
“ငါ့စိတ်အထင်ပြောရရင် မင်းသူ့ထက်ငယ်နေလို့ဘဲ”
“အချစ်မှာဒါတွေ ရှိလို့လားကွာ ငယ်ဆိုလည်း အလွန်ဆုံး ၂-၃နှစ်ပေါ့”
“ငါလည်းမသိဘူးလေ ပြန်ရအောင်ကွာ”
“ငါ”
“ပြန်တာဘဲကောင်းတယ်ဟာ class နောက်ကျနေဦးမယ်”
သူတို့နှစ်ဦးသည် ထိုကမ်းပါးလေးမှထွက်ခွာလာခဲ့ကြသည်။
ဆရာမသည်ထိုအနီးတ၀ိုက်တွင် ဆောင်းရာသီ အတွင်း မနက်တိုင်းလိုလို ကျန်းမာရေးလေ့ကျင့်ခန်း
ထွက်လုပ်လေ့ရှိသည်။ ထိုပတ်ဝင်းကျင်သည် သာယာသကဲ့သို့ ချောက်ခြားဖွယ်လည်း ကောင်းသည်။
တောင်တန်းများနှင့် ချောက်ကမ်းပါးများပေါများသောကြောင့်လည်း မလိုလားအပ် သည့် လူမှုရေးပြသနာများ
မကြာခနဆိုသလိုဖြစ်လေ့ရှိသည်။ သူတို့သုံးဦးသား ထိုနေရာလေးမှထွက်ခွာလာခဲ့ကြပြီး မိမိတို့နေထိုင်ရာ
အဆောင်သို့ပြန်ကာ တကိုယ်ရေသန့်ရှင်းရေးပြုလုပ်ပြီး class တက်ရန်အတွက်သင်တန်းဆောင်သို့
ထွက်လာခဲ့ကြသည်။ အဆောင်ဟုဆိုသော်လည်း သားသားနားနားမရှိလှ။
နေသင့်ရုံဆောက်လုပ်ထားသည့် အင်မိုး ထံရံကာခြေတိုင်ရှည် အခန်းတွဲလေးများဖြစ်သည်။ ၎င်းတို့၏သင်တန်းဆောင်လေးသည်လည်း
မြေညီထပ်သာသာ ဆောက်လုပ်ထားသော အင်မိုးတံရံကာ သင်တန်းဆောင်လေးသာဖြစ်သည်။
“မောနင်း
class”
“မောနင်း
တီးချား”
“Please
sit down”
“Thankyou
teacher”
“Had you finish your home work?”
“We didi it”
“OK..
Good job. Let me check it. Please pass all your home work to me (ကောင်းပြီးမင်း
တို့ရဲ့အိမ်စာတွေကို လက်ဆင့်ကမ်းလိုက်ပါ)”
သင်တန်းသားများသည်
အိမ်စာစာအုပ်လေးကို ဆရာမထံသို့ရောက်အောင် လက်ဆင့်ကမ်းပြီးပို့ဆောင်ပေးလိုက်ကြသည်။
“အေးမင်းတို့တွေစာကြိုးစားကြ
တိုင်ပြည်အခြေအနေကလည်း တနေ့ရွှေတနေ့ငွေဖြစ်လာတော့မှာဆိုတော့ မင်းတို့တွေရဲ့အားအင်တွေအများကြီးလိုလာပြီ
ဒီသင်တန်းကျောင်းက လူမှုရေး၊ နိုင်ငံရေး လူ့အခွင့်အရေးဓ နဲ့သဘာဝပါတ် ၀င်ကျင်နဲ့ဆိုင်တဲ့ပညာရပ်တွေကို
ဦးစားပေးသင်တယ်ဆိုပေမဲ့ မင်းတို့ရဲ့လိုအပ်ချက် တွေကိုကြည့် ပြီး ခုလိုအင်္ဂလိပ်နဲ့ ကွန်ပျူတာ
ကလပ်တွေပါထည့်ထားပေးတာဆိုတော့ မင်းတို့အပိုင်းကကြိုးစားဖို့ဘဲလိုတယ်”
ဆရာမသည်ထုံးစံအတိုင်း စာသင်လိုက် သြ၀ါဒပေးလိုက်နှင့်
သူမ၏စာသင်ချိန်လေးကုန်ဆုံးသွားသောကြောင့် အခန်းအပြင်သို့ထွက်ခွာသွားလေသည်။
“၀ီလျှံ
ငေးလှချည်လား”
“ငါ”
“မင်းကိုမင်းသတိထားဦးမှပေါ့ ဒါစာသင်ချိန်လေကွာ”
“ငါသိပါတယ်”
သင်တန်းသားများအားလုံးဆရာကိုထပြီးခရီးဦးကြိုပြုလိုက်ကြသည်။
“ဆရာမ
ဒီနေ့ class အခြေအနေဘယ်လိုရှိလည်း”
ဆရာမသည်ရုံးခန်းရှိမိမိကိုပေးထားသည့်
စာပွဲတွင်ထိုင်ပြီး စာစစ်နေခိုက်ဘေးမှဆရာတစ်ဦး၏ နှုတ်ဆက်သံ ကြောင့် မော့ကြည့်လိုက်သည်။
“အော်ဆရာကိုဦး
ကောင်းပါတယ်ဆရာဘာဖြစ်လို့လည်း”
“ကျတော်ကဒီမှအလုပ်ဝင်တာမကြာသေးဘူးဆိုတော့
ဒီပါတ်ဝင်းကျင်နဲ့သိမ့်မရင်းနီးဘူးဖြစ်နေတယ် ဆရာမအား ရင်ကျတော့်ကို ဒီပါတ်ဝင်းကျင်အကြောင်းနဲနဲမိတ်ဆက်ပေးပါလား”
“ကျမမိတ်ဆက်ပေးတာထက်
ဆရာကျောင်းသားတွေဆီမှာလေ့လာတာပိုကောင်းမယ်ထင်တယ်ဆရာ ကျမ အမြင်နဲ့ ဆရာထင်မြင်မှုတွေလွဲနေမှာစိုးလို့ပါ
သေခြာတာတခုကတော့ ဆရာတို့မယ်ဆောက်နဲ့တော့ မတူနိုင်ဘူး ပေါ့ ဟိုကနယ်စပ်မြို့ ဒါကနယ်စပ်တောကျကျဆိုတော့”
“ပြီးခဲ့တဲ့အပါတ်စာမေးပွဲဖြေတာ
ကျတော့်ဘာသာရပ်မှာ ၀ီလျှံဆိုတဲ့ကောင်လေးက အမှတ်တော်တ်ာများတယ် ဆရာမ ဆရာမဘာသာမှာရော”
“ဟုတ်တယ် သူကစာသိမ့်တော်တဲ့ကျောင်းသားတစ်ယောက်ဘဲဆရာ”
“ဒါနဲ့ဆရာမက ဘာလို့သူကိုငြင်းနေရတာလည်း”
“ဆရာဘာကိုဆိုလိုခြင်တာလည်း”
“သူဆရာမကိုစွဲစွဲလန်းလန်းဖြစ်နေတဲ့ကိစ္စလေ”
“ဒါအလုပ်ချိန်ပါဆရာ”
“ဆောရီးဗျာကျတော်နောက်ယှက်သလိုဖြစ်သွားတယ်”
“ကိစ္စမရှိပါဘူး ကျမကိုအဲ့ဒီချာတိတ်အကြောင်းမပြောရင်ရပါပြီ”
“ကျတော့်ကိုခွင့်ပြုပါဦး class အချိန်ရောက်ပြီ”
“ကောင်းပါပြီဆရာ အဆင်ပြေပါစေ”
ဆရာကိုဦးသည် သူမအနားသို့ထွက်ခွာလာခဲ့သည်။
သူမသည် ကျောင်းသား၏စာအုပ်များကို ဆက်စစ်ပြီးကျန် နေခဲ့သည်။
X – X – X – X – X – X – X – X – X – X – X
“ဆရာမ
ကျတော်ဒီအဓိပ္ပါယ်ကိုမသိလို့ တချက်လောက်ရှင်းပြပေးပါလား”
ဒီနေ့သင်တန်းပိတ်ရက်မို့သူမသည် အေးအေးလူလူနှင့်
သင်ခန်းစာနှင့် ပါတ်သက်သည့် စာပေများကို ထိုင်ဖတ်နေ လေသည်။ သူမအနားသို့ကျောင်းသားတစ်ယောက်၏အသံကိုကြားလိုက်ရသောကြောင့်
သူမလှမ်းကြည့်လိုက်မိသည်။
“ဆရာမ
စာဖတ်နေတယ်ထင်တယ် ဆောရီးဗျာ ကျတော်တောင်းပန်ပါတယ်”
ထိုကျောင်းသားလေးသည်
သူမကိုတောင်းပန်ပြီး သူ၏ခြေလှမ်းများကိုနောက်ပြန်လှည့်ရန်ပြင်လိုက်သည်။
“ကိစ္စမရှိပါဘူး
ဝီလျှံထိုင်ပါ ပြစမ်းပါဦးမင်းရဲ့စာက”
သူသည်ဆရာမ၏ရှေ့တွင်ဝင်ထိုင်လိုက်ပြီး
လက်ထဲမှအသင်ကိုင်ဆောင်လာသော စာအုပ်လေးကို လမ်းပေးလိုက် သည်။
“ဒါက
Human Rights Subject ဘဲ မင်းတို့ဆရာရှိတယ်မှတ်လားအဆောင်မှာ”
“အပြင်သွားတယ်ဆရာမ”
“သူပြန်လာတဲ့အထိစောင့်လိုက်လေ”
“ဆရာကအပြင်တခေါက်တခေါက်သွားရင်
ကြာတယ်ပြီးတော့ဒါကမနက်ဖြန်ဖြေရမဲ့ subject ဖြစ်နေလို့ပါ ပြီးတော့ဆရာမကလည်း အရင်တုန်းကဒီ
ဘာသာရပ်ကိုသင်ဖူးတယ်ဆိုတော့အဲ့ဒါကြောင့်ပါ”
ဆရာမသည်ဝီလျှံ၏မျက်နာကိုသေခြာအကဲခက်ကြည့်ပြီး
ခေါင်းလေးကိုညင်သာစွာငြိမ့်လိုက်လေသည်။ ထို့ နောက်စာအုပ်လေးကိုလှမ်းယူကာ စိတ်ရှည်လက်ရှည်ဖြင့်
ဝီလျှံကိုရှင်းပြလေသည်။ သူမတို့နှစ်ဦးကို အဝေးတနေရာမှ ဆရာကိုဦးတစ်ယောက် သဘောကျစွာပြုံးပြီးကြည့်နေမိသည်။
ဆရာသားဦးထံသို့ ကျောင်းသားလေးတဦး ကင်မရာလေး တလုံးကိုင်ကာ ရောက်ရှိလာလေသည်။
“ဆရာ
ဒီမှာဆရာယူခိုင်းလိုက်တဲ့ ကင်မရာရပြီ”
“အေးကွာကျေးဇူးဘဲ”
ဆရာကိုဦးသည်ထိုကျောင်းသားလေးထံမှ ကင်မရာကိုလှမ်းယူလိုက်သည်။
ထိုကျောင်းသားလေးသည် ဆရာ့အနားမှထွက်ခွာသွားလေသည်။ ထိုကျောင်းသားလေးထွက်ခွာသွားပြီနောက်
ဆရာကိုဦးသည် ကင်မရာလေးကို အိပ်ထဲမှထုတ်ကာ ခလုပ်လေးကိုတချက်နှိမ့်ပြီးဖွင့်လိုက်သည်။
ထို့နောက်ဆရာမနှင့်ဝီလျှံတို့နှစ်ဦးရှိရာသို့ ချိန်လိုက်သည်။
“ဟင်ဒီပုံဘာလို့ဒီစက်ထဲရောက်နေတာလည်း”
ဆရာမသည်စာရိုက်ရန်အတွက် ရုံးသုံးကွန်ပျူတာလေးကိုဖွင့်လိုက်သည့်နှင့်
ဖိုဒါမ်အသစ်တခုထဲရှိ ပုံများကိုတွေ့ လိုက်မိသည်။
“မဖျက်လိုက်ပါနဲ့ဆရာမရယ် ကျတော်မနေ့ကရိုက်ထားတာ”
“ဖျက်လိုက်ပါဆရာ”
“ဒါသင်တန်းရဲ့လှုပ်ရှားမှုဘဲလေဆရာမ
သင်တန်းပိတ်ရက်တောင်မှ ကျတော်တို့ဝန်ထမ်းတွေ အလကား မနေပါ ဘူးဆိုတဲ့ သက်သေပေါ့”
“ဆရာ့သက်သေကြီးကလည်း”
“ကဲပါဆရာမရယ် ထားလိုက်ပါအမှတ်တရပေါ့”
သူမထိုင်နေသည့်ခုံ၏နောက်တွင် ဝေ့လည်လည်လုပ်နေသည့်
ဆရာကိုဦးကြောင့် သူမစိတ်နှောက်အယှက် များစွာဖြင့် ထိုထိုင်ခုံလေးမှထွက်လာခဲ့သည်။ သူမသည်စိတ်ရှုပ်ထွေးစွာဖြင့်
ထိုနေရာလေးမှထွက်ခွာလာခဲ့ပြီး စိတ်ပြေလက် ပျောက် သူမလမ်းလျေက်နေကျ ချောက်ကမ်းပါးလေးဖက်သို့
ဦးတည်ထွက်ခွာသွားလေသည်။
“ဆရာမ”
“ဟင်ဝီလျှံ မင်းဒီကိုဘာလာလုပ်တာလည်း ပြန်တော့”
“ကျတော်ပြန်ဖို့လာတာမဟုတ်ပါဘူးဆရာမ ကျတော်ဆရာမကို ပြောစရာရှိလို့ပါ”
“မင်းပြောတာကိုငါနားမထောင်နိုင်ဘူး”
သူသည်စိတ်ရှိလက်ရှိ
ဆရာမ၏လက်ကို လှမ်းဆွဲလိုက်သည်။ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်မိသည်။
“ကျတော်ဆရာမကို
အရမ်းချစ်တယ်”
“ဖြန်း”
“မင်းနဲ့ထိုက်တန်တာ
ဒါဘဲရမယ်ဝေလျှံ”
သူမသည်ရုတ်တရပ်ရှုန်းထွက်လိုက်ပြီး သူမ၏လက်ဖြင့်ဝေလျှံ၏ပါးပြင်ကို
လွဲချလိုက်သည်။ ပါးပြင်မှဖြန်းခနက် ထူပူသွားသောကြောင့် ဝေလျှံသူမကိုအံ့သြငေးကြောင်ကာ
ကြည့်နေမိသည်။ သူမသည်ဝေလျှံကိုမီးဝင်းဝင်းတောက်နေ သည့်ဒေါသမျက်လုံးတို့ဖြင့် စိုက်ကြည့်ပြီးထိုနေရာမှခြေလှမ်းကျဲကြီးများဖြင့်ကျန်ခဲ့သည်။
ဝေလျှံသည် အရှုံးသမားတို့၏ ထုံးစံအတိုင်းဒူးထောက်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို မြောက်လျှက်
စိတ်ရှိလက်ရှိအော်ဟစ်လိုက်မိသည်။
“ဆရာမ
- ကျတော်ဆရာမကိုချစ်တယ်- အဲ့ဒါအပြစ်လား”
မိုးထိအောင်အော်နေမိသော သူ၏အော်သံကိုမူ မိုးနတ်မင်းကြီးနှင့်နတ်သိကြားတို့သာကြားခြင်ကြားလိမ့်မည်။
ဆရာမ၏နှလုံးသားသည် မည်သည့်အခါမှကြားမည်မဟုတ်။
X – X – X –
X – X – X – X – X – X – X – X
“၀ီလျှံ
ဝီလျှံ မင်းကိုငါအရေးကြီးပြောစရာရှိတယ်”
စာဖတ်နေသည့်သူ့အနားသို့
မောကြီးပန်းကြီးပေးဝင်လာသည့်အာကာကြောင့် သူထိပ့်လန့်သွားသည်။
“ဘာဖြစ်တာလည်းအာကာ”
“ဆရာမ
ဆရာမ”
“မမ
ဘာဖြစ်လို့လည်း”
“ဆရာမကို
ဆရာကိုဦးက မြို့ထဲဖက်ကို ခေါ်သွားတယ်ကြားတယ်”
“မင်းကလည်း
မြို့ထဲဖက်မှာ ဆရာငှားထားတဲ့တိုက်ခန်းရှိတယ်လေ သွားလည်တာဖြစ်မှာပေါ့”
“ငါအဲ့ဒါကိုပြောမလို့
သူကမယ့်ဆောက်မှ ကြက်ဖ”
“နေပါဦး
မင်းကိုသူမမကိုခေါ်သွားတယ်ဆိုတာ မင်းတွေ့လိုက်လို့လား”
“ငါ့ကို
ကိုဟိန်းပြောတာ”
“ဟုတ်တယ်
ဝီလျှံငါကိုယ်တိုင်တွေ့လိုက်တာ သူ့ကိုကြည့်ရတာ သိမ့်မရိုးဘူး”
ဘယ်ကနေရောက်ရှိလာမှန်းမသိသော
ကိုဟိန်း၏စကားကြောင့် ဝေလျှံတွေဝေသွားသည်။
“သူတို့သွားတာကြာပြီလားကိုဟိန်း”
“နာရီဝက်လောက်ရှိတော့မယ်”
“ဘာနဲ့သွားတာလည်း”
“လှိုင်းကားငယ်လေးနဲ့”
“လာအဲ့လိုဆိုလိုက်ရင်မီသေးတယ်
မင်းဆရာကိုဦးငှားနေတဲ့ တိုက်ခန်းကိုသိတယ်မဟုတ်လား”
“ငါတခါတော့ရောက်ဖူးတယ်”
“ဒီလိုဆိုမင်းလမ်းပြ
ကိုဟိန်း ငါတို့ဆိုင်ကယ်နဲ့သွားမယ်”
“ဘယ်မှာလည်းဆိုင်ကယ်
ဒေါ်ပုမတို့ဆီမှာသွားငှားကွာ ကျသလောက်ပေးမယ် ၂စီး”
သူတို့သည်
ဒေါ်ပုမထံ ဆိုင်ကယ်နှစ်စီးငှားပြီး ကိုဟိန်းဦးဆောင်ကာ ဆရာသားဦးငှားနေသည်တိုက်ခန်းလေးကို
ထွက်လာ ခဲ့ကြသည်
“ဆရာ-
ဆရာပြောတော့ဆရာညီမနေမကောင်းလို့ အဖော်မဲ့နေတာ လိုက်ခဲ့ပေးပါဆိုလို့ အခုကျမကို ဘယ်ကိုခေါ်
လာတာလည်းဆရာ”
“ကျတော်ညီမက အခုကျတော်ငှားထားတဲ့တိုက်းခန်းမှာပါဆရာမ”
“အော် ဆေးရုံမသွားဘူးလား”
“သူကဆေးရုံသွားဖို့ထက် အဖော်လေးတစ်ယောက်လောက် ရှိရင်လုံလောက်ပြီလို့ပြောပါတယ်”
“အော် ရောက်တော့မှာလား”
“ရှေ့နားလေးဆိုရောက်ပြီဆရာမ”
သူတို့နှစ်ဦးသားသည် လှိုင်းကားငယ်လေးပေါ်မှဆင်းပြီး
ဆိုင်ကယ် taxi ဖြင့်ဆရာကိုဦး၏တိုက်ခန်းလေးကို လာခဲ့ကြသည်။
“ဆရာပြောတော့
ဆရာညီမဆို ဘယ်သူမှလည်းမရှိပါလား”
“ရှိပါတယ်ဆရာမ ဟိုအခန်းလေးထဲမှာပါ”
ဆရာကိုဦးသည်
ပိတ်ထားသည့် အိပ်ခန်းလေးကိုညွန်ပြလိုက်သည်။
“ဆရာမခနထိုင်ပါဦး
ကျတော်အအေးဖျော်လိုက်ဦးမယ်”
“ရပါတယ်ဆရာ ဘာမှမလုပ်ပါနဲ့တော့ ဆရာ့ညီမကိုသွားတွေ့ရအောင်လေ”
“ခုမှနေပူထဲကနေလာတာ ကျတော်စီစဉ်လိုက်ပါ့မယ် မကြာဘူးခနလေး”
ဆရာကိုဦးသည်ပြောပြောဆိုဆိုနှင့် မီးဖိုခန်းလေးထဲဝင်သွားကာ
အအေးဖျော်ပြီးပြန်ထွက်လာသည်။ ဒီလူကို ကြည့်ရတာ
သိမ့်မရိုးသားဘူး။ သူ့ညီမတကယ်ဘဲအရေးတကြီးဖြစ်နေရင်ခုလိုအေးအေးလူလူ အအေးထိုင်သောက်ဖို့
အချိန်ရှိမှာမဟုတ်ဘူး။ ဆရာမသည် ဆရာကိုဦး၏လှုပ်ရှားမှုများကိုကြည့်ကာ စိတ်ထဲတွင်
သင်္ကာမကင်းဖြစ်နေမိသည်။
“ကဲဆရာမ
သောက်လိုက်ဦး ဆရာမကိုကြည့်ရတာ တခုခုစိုးရိမ်နေသလိုဘဲ”
“ရှင်-အာ
မဟုတ်ပါဘူး-ဆရာ့ညီမအကြောင်းတွေးနေတာ”
“အော်ဆရာမရယ်
အခန်းတောင်ရောက်နေပြီဘဲ အေးဆေးပေါ့”
“အော်ဟုတ်ဟုတ်ကဲ့”
သူမသည် သူလှမ်းပေးသည့် အအေးခွက်လေးကိုလှမ်းယူကာ
လက်ထဲမှချော်ချအောင်ပြုလုပ်ပြီး အအေးခွက် ကလေးလက်မှချကွဲသွားသည်။
“ခလွမ်း”
“ဟာဆောဆောရီးဆရာရယ်
ခွက်ကြီးကွဲသွားပြီ”
“ရတယ်ဆရာမရတယ်
ကျတော်နောက်တခွက်ဖျော်လိုက်မယ်”
“မဖျော်နဲ့တော့ဆရာ
ဆရာညီမကိုသွားကြည့်ရအောင် ကျမလည်းသလောက်ရေမငတ်ပါဘူးဆရာ”
ဆရာကိုဦးသည်သူ့မကိုသေချာကြည့်ပြီး
တချက်ပြုံးလိုက်သည်။
“ဒီလိုဆို
ကျတော်ညီမလေးဆီဘဲသွားကြတာပေါ့”
သူသည် ဆရာမ၏လက်မောင်းနှစ်ဖက်ကို လှမ်းကိုင်လိုက်သည်။
သူမသည်ရုတ်တရက်မို့လန့်သွားမိပြီး သူ့လက်မှ ရှုန်း လိုက်လေသည်။
“ဆောရီးဆရာမ
ကျတော်ဆရာမကိုလိုက်ပို့မလို့ပါ ဆရာမအရှေ့ကသွားလိုက်ပါ ကျတော်နောက်ကနေ တံကား ဖွင့်ပေးမယ်”
အခန်းထဲသို့ရောက်သော် သူသည်အခန်းတံကားကိုမှီပြီးရပ်နေလိုက်သည်။ သူမသည်
အခန်းတခုလုံး ကို ဝေ့ပြီး ကြည့်လိုက်မိသည်။ အိပ်ရာကုတင်ပေါ်တွင် မည်သည့်လူနာမျှမရှိ။
“ဆရာ
တခုခုတော့လွဲနေပြီထင်တယ် ဘယ်သူမှလည်း မရှိပါလား”
“ရှိပါတယ်ဆရာမရဲ့ ဆရာမ မမြင်လို့ပါ ဒီမှာလေဆရာမ ပြုစုရမဲ့လူနာက”
ဆရာကိုဦးသည်
သူ့ကိုသူပြန်ပြီးလက်ညိုးထိုးပြလိုက်တော့မှ ဆရာမသည်တခုခုကိုသဘောပေါက်နားလည်လိုက်သည်။
“ဆရာကိုဦးရှင်မရုတ်မာနဲ့နော် ဖယ်ကျမကိုခုချက်ချင်းတံကားဖွင့်ပေး”
သူမသည် ဆရာကိုဦးကိုဆွဲတွန်းပြီးတံကားကိုဖွင့်မည်အပြု
ဆရာကိုဦးသည်သူမကို ဆွဲယူကာ ရင်ခွင်ထဲသို့ သွင်းလိုက်သည်။ သူမသည်ချက်ချင်းဆိုလိုရုန်းကန်လိုက်သည်။ သူသည်လွယ်လွယ်နှင့်မရမှန်းသိလိုက်သည့်အချိန်တွင်
သူမ၏ဖက်မောင်းနှစ်ဖက်ကို အားဖြင့် ဆုတ်ကိုင်လိုက်ပြီး ကုတင်ထက်သို့ တွန်းချလိုက်သည်။
“ဆရာသားဦး
ရှင်မရှုတ်မာနဲ့နော် ဆရာတစ်ယောက်ဖြစ်ပြီးတော့ ရှင်ဒီလိုလုပ်တာ မကောင်းပါဘူး”
“ဘာဖြစ်လည်းဗျာ ဆရာလည်းလူဘဲ ကျတော် ဆရာမခင်ဝေလှိုင်ကိုချစ်တယ်
အဲ့တော့”
“ရှင်ဒီလိုပုံနဲ့ကျမအချစ်ကိုရမယ်များထင်နေသလား ရှင်ကစားနေကျ
ကျားကြီးဘဲ ရှင့်ကိုကျမမုန်းတယ်”
“ဟုတ်တယ်ဗျာ
ကျတော်ကစားနေကျကျားဘဲ ဒါပေမဲ့ကျတော်ဆရာမကို တကယ်ချစ်တာ တကယ်လက်ထပ် ယူမှာပါကျတော်”
“ရှင် ရှေ့တိုးမလာနဲ့နော်”
သူမမည်မျှပင်တားဆီးစေကာမူ သူ၏ခြေလှမ်းများသည်
ကုတင်နားသို့ တဖြေးဖြေးရွေ့လျှားလာလေသည်။ ထို့နောက် ကုတင်ပေါ်သို့ခြေတင်လိုက်ပြီးသူက၏ပုခုံးနှစ်ဖက်ကိုကိုင်ကာနှမ်းမည်အပြု
သူမမှရုန်းလိုက်လေသည်။ ဆရာ ကိုဦးသည် သူမ၏ပုခုံးကိုလှမ်းဆွဲလိုက်ရာ သူမ၏အကျီ င်္ကြယ်သီးလေးနှစ်လုံးမျှပြုတ်ထွက်သွားလေသည်။
“ရှင်ရှင်---
ဖြောင်း”
သူမသည်ရှက်ခြင်းကြောက်ခြင်းများဖြင့် သူ့၏ပါးကိုရိုက်ချလိုက်သည်။
သူသည်ကုတင်အောင်သို့ ခြေယိုင်ပြီးကျ သွားချိန်တွင် သူမသည်အကျီ င်္ကိုလက်တဖက်ဖြင့် ဆွဲစေ့လိုက်ပြီး
တံကားနားသို့အပြေးရောက်လာလေသည်။ သူမသည် တံကားကို ဆွဲ ဖွင့်လိုက်သည်နှင့် တံကားအပြင်ဖက်မှ
ဝင်လာသည့်လူငယ်သုံးဦးကိုသူမလှမ်းမြင်လိုက်ရရသည့်အချိန်တွင် သူမအားတက် သွားရသည်။
“၀ီလျှံ”
“မမ”
သူမ၏မသိစိတ်တို့သည် အလိုအလျောက် ၀ီလျှံရင်ခွင်ထဲတို့ဆွဲပြေးဝင်လိုက်မိပြီး
ရိုက်ကြီးတင်ငိုချလိုက်မိသည်။ ၀ီလျှံလည်း အာကာနှင့်ကိုဟိန်းတို့နှစ်ဦးကို တချက်ကြည့်ကာ
သူမကိုပြန်လည်ထွေးပိုက်ကာ အားပေးနှစ်သိမ့်နေမိသည်။
“မမ
မမ ဘာဖြစ်သွားသေးလည်း”
သူမ၏လက်ကလေးများသည်လည်း ရေခဲသမျှအေးစက်လှသည်။
အာကာနှင့်ကိုဟိန်းတို့နှစ်ဦးသား အခန်းလေးထဲသို့ပြေးဝင်သွားပြီး ကြမ်းခင်းပေါ်တွင်ထလာသော
ဆရာကိုဦးနှင့် ထိပ်တိုက်ဆုံလေသည်။
“ဆရာကိုဦး ခင်ဗျားဗျာ ဆရာဆိုတဲ့ဂုဏ်ကိုမှမထောက်”
“ဆရာ-ဆရာ”
“တော်စမ်းပါဗျာ
ခင်ဗျားကိုခင်ဗျား ဆရာလို့သုံးရဲသေးတယ်ပေါ့ ခင်ဗျားလိုအဆင့်မရှိတဲ့လူကို ကျုပ်တို့ဆရာ
မခေါ်နိုင်ဘူး”
လက်ညိုးတထိုးထိုးနှင့်ဒေါသ တကြီးဖြစ်နေသောအာကာနှင့်ကိုဟိန်းတို့၏စကားလုံးများအကြားတွင်
ဆရာကိုဦး တုန်လှုပ်နေမိသည်။ ထို့အတူဝီလျှံ၏မီးဟုန်းဟုန်းတောက်နေသောအကြည့်အောက်တွင်
သူ့ရှုန်းထွက်ရန်ကြိုး စားနေမိ သည်။
“ခင်ဗျားကြီး
ဒီကနေအမြန်ဆုံးထွက်သွားတော့ဗျာ သို့မဟုတ်ရင် ကျတော်တို့လက်လွန်ကုန်မယ် ကျုပ်တို့ကို
စာသင်ပေးခဲ့တဲ့ ကျေးဇူးကိုထောက်ပြီး ခင်ဗျားကိုအေးအေးချမ်းချမ်းထွက်ခွာသွားခိုင်းတာ
ကျတော်တို့
ပါတ်ဝင်းကျင်ကို
လုံးဝပြန်မလာနဲ့တော့”
X
– X – X – X – X – X – X – X – X – X – X
“ဆရာကိုဦးက
ဘာမပြောညာမပြောဘဲနဲ့ ဘာလို့အလုပ်ကနေ ထွက်စာတင်သွားတာလည်း ဆရာတို့ထဲက သိတဲ့သူရှိလား
ပြီးတော့ဆရာမခင်ဝေလှိုင်ကကော ဒီနေ့အစည်းဝေး တက်မလာပါလား”
လစဉ်အစည်းအဝေးခန်းလေးထဲတွင် ဆရာ၊မများစုံစုံလင်လင်တက်ရောက်ကြပါသော်လည်း
ပျက်ကွက်သူကာ ဆရာမဆူးမနှင့် ဆရာကိုဦးတို့ပင်။
“ဟုတ်တယ်ဆရာကြီး ဆရာမကတော့ နေမကောင်းလို့တဲ့ ဆရာကိုဦးကတော့
ကျတော်တို့မသိပါဘူး”
“အေးလေ
ဘာဘဲဖြစ်ဖြစ်ပေါ့ ဒီမှာရှိတဲ့ဆရာ၊မတွေက မိသားစုလိုဖြစ်နေပြီဆိုတော့ အားလုံးတယောက်အရေး
ကိုတစ်ယောက်နိုးနိုးကြားကြားရှိပါစေ”
“ဟုတ်ကဲ့ပါဆရာကြီး”
အစည်းအဝေးတွင်
အကြောင်းအရာများ တခုပြီးတခု တင်ပြဆွေးနွေးပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြသည်။
“၀ီလျှံ ဒီနေ့ဆရာမကိုမတွေ့ပါလား”
“ဟုတ်တယ် ဒီနေ့ဆရာမ မလာဘူး ခွင့်တင်ထားတယ်တဲ့”
“မင်းကဘယ်လိုလုပ်သိတာလည်း”
“Social ဆရာပြောသံကြားတာဘဲ ငါဆရာမကိုသွားတွေ့ခြင်တယ်”
“သူတကယ်နေမကောင်းဖြစ်နေရင် တော့သွားတွေ့သင့်တာပေါ့”
“မင်းငါနဲ့အဖော်လိုက်ခဲ့ပေးကွာအာကာ”
“ကောင်းပြီလေ သွားကြတာပေါ့”
ဝီလျှံတို့နှစ်ဦးသား
ကျောင်းလစ်ပြီး ဆရာမဆီသို့လာခဲ့ကြသည်။
“မင်းတို့နှစ်ယောက်
ဘာလို့ကျောင်းမတက်တာလည်း”
“ဆရာမ နေမကောင်းဘူးဆိုလို့”
“ငါဘာငါနေကောင်းသည်ဖြစ်စေ နေမကောင်းဘူးဖြစ်စေ မင်းတို့နဲ့ဘာဆိုင်လို့လည်း”
ဆရာမ၏တုန့်ပြန်မှုကြောင့် ၀ီလျှံနှင့်အာကာတို့နှစ်ဦးမျက်နှာမကောင်းကြ။
ပြောရက်လိုက်တာ မ၊ရယ်။ ကျတော် မ၊အတွက် ဘယ်လောက်စိတ်ပူရလည်းဆိုတာ
မ၊ မသိပါဘူး။
“မင်းတို့ပြန်ကြပါတော့
ငါဟာငါအေးဆေးနေပါရစေ”
“ဆရာမ”
“ငါမင်းတို့ကိုတောင်းပန်ပါတယ် ပြန်ပါတော့”
“လာဝီလျှံပြန်ကြရအောင်ကွာ”
သူတို့နှစ်ဦးသည်
ဆရာမကိုနှုတ်မဆက်ပြန် ပြန်သွားကြလေသည်။
“ငါထင်တာမမှားဘူးဆိုရင်
ဆရာမတခုခုကို ရှက်ရွံ့နေသလိုဘဲ”
“ဟုတ်တယ် ဆရာမ အရမ်းကိုရှက်နေတာ”
“မင်းဘာလို့အတတ်ပြောနိုင်တာလည်းဝီလျှံ”
` “ငါဆရာမနှလုံးသားကိုမြင်နေရလို့ဘဲ ပြီးတော့မကြာခင်မှာတခုခုဖြစ်လိမ့်မယ်လို့လည်း
ငါယုံကြည်တယ်”
X
– X – X – X – X – X – X – X – X – X – X
“ငါတို့တွေကျောင်းပြီးကတည်းက ကျောင်းကိုတခါမှမရောက်တော့ဘူးနော်အာကာ”
“ဟုတ်တယ် ငါတို့သွားကြည့်ရင်ကောင်းမလား”
“သွားတာပေါ့”
အာကာနှင့်
ဝီလျှံတို့နှစ်ဦးသားအဖော်ညှိပြီး ကျောင်းသို့ဦးတည်လာခဲ့ကြသည်။
“မင်္ဂလာပါဆရာ”
“အေးအေးမင်္ဂလာပါ
ဝီလျှံနဲ့အာကာ မင်းတို့ကွာကျောင်းပြီးတည်းက ပေါ်ကိုမလာကြတော့ဘူး ခုမင်းတို့ဘာလုပ် နေကြတာတုန်း”
“ဒီကောင်ဝီလျှံကတော့
NGOတခုမှာဝင်လုပ်နေတယ်ဆရာ ကျတော်ကတော့ အမေတို့ဆိုင်ကိုဝိုင်းကူရောင်းပေး တယ်”
“အေးအေး အလုပ်ဟူသမျဂုဏ်ရှိစွတဲ့”
“ဟုတ်ကဲ့ပါဆရာ”
“ဆရာတို့အားလုံးကတော့ အရင်တိုင်း လူစုံသက်စုံဘဲလား”
“အရင်အတိုင်းဘဲပေါ့ မပြောင်းလဲဘူး ပြောင်းလဲသွားတာတခုတော့ရှိတယ်”
“ဘာများလည်းဆရာ”
“မင်းတို့ဆရာမ ခင်ဝေလှိုင်ဒီမှာမရှိတော့ဘူး”
“ဗျာ”
“ဟုတ်တယ် သူဘယ်ကိုသွားမယ်ဆိုတာတော့ ဘယ်သူမှမသိကြဘူး”
“ဆရာမက ဘာလို့ထွက်သွားရတာလည်း ဆရာ”
ဆရာသည်
ဝီလျှံမျက်နာကိုတချက်ကြည့်လိုက်သည်။
“အဲ့ဒါမင်းပရောက
မကင်းဘူးဝီလျှံ”
“ဗျာ ကျတော့်ကြောင့်”
“ဟုတ်တယ်”
အတိတ် ၁
“ဆရာမ
ဘာလို့ခုလိုထွက်စာတင်ရတာလည်းဗျာ”
“ကျောင်းလည်းပြီးပြီလေ ဆရာကျမကဒီနှစ်ကုန်တဲ့အထိဘဲ အလုပ်လုပ်မယ်လို့ဆုံးဖြတ်ထားလို့ပါ”
“ဆရာမအကြောင်းပြချက်က မမိုက်ပါဘူး ၀ီလျှံကြောင့်လည်းပါမယ်ထင်တယ်”
“အမှန်တိုင်းပြောရရင်တော့ ဟုတ်တယ်ဆရာ”
“သူလည်းကျောင်းပြီးပြီဘဲဆရာမရယ် သူကလူတော်လေးတစ်ယောက်ပါ”
“သူကျောင်းပြီးသွားလို့ ကျမဆီကသူမျော်လင့်ထားတာကို သူလက်လျော့မှာမဟုတ်ဘူးဆရာ”
“ဆရာမ ရွေးချယ်မယ်ဆိုရင်တောင် သူကိုကျတော်ကအပြည့်အ၀ထောက်ခံတယ်ဆရာမ”
“ဘယ်လိုမှမဖြစ်နိုင်ပါဘူးဆရာ”
“သူကဆရာမထက် ငယ်နေလို့လား ငယ်လည်း ၂-၃နှစ်ပေါ့”
“မဟုတ်ပါဘူးသူက ကျမစာသင်ပေးးခဲ့ဘူးတဲ့ ကလေးတစ်ယောကက်ဖြစ်နေလို့ဘဲ”
================================
“ဟာ ဘာဆိုင်လို့လည်းဆရာရယ် စာသင်ခဲ့ဘူးတာနဲ့ ချစ်လို့မရတော့ဘူးလား”
“အဲ့ဒါတော့ဆရာလည်းမပြောတက်ဘူးဝီလျှံ ကဲဆရာ ကလပ်ရှိသေးလို့ သွားလိုက်ဦးမယ်”
Social ဆရာသည်သူတို့နှစ်ဦးကိုနှုတ်ဆက်ပြီးထွက်ခွာသွားလေသည်။
X
– X – X – X – X – X – X – X – X – X – X
သုံးနှစ်ခန့်ကြာသော် မယ်ဆောက်မြို့၏ ကတ္တရာလမ်းမပေါ်တွင်
လယ်ကွင်းပြင်များကို ငေးမောပြီး လေရှုးတုန် တုန်တိုက်ခက်နေသော အငွေ့အသက်များကို ခံစားရင်းအမျိုးသမီးတဦးနှင့်
နှစ်နှစ်သားအရွယ်ကလေးငယ်တဦး လေညင်း ခံနေလေသည်။
အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက် စက်ဘီးကလေးတစီးကိုစီးပြီး လေအဟုတ်တို့တွင်
လွင့်မြောနေလေသည်။
“သား”
သားဇောဖြင့်သူမသည် ကလေးငယ်ကိုလှမ်းဆွဲလိုက်သည်။
ထုလူငယ်လေးသည် စက်ဘီးကလေးကို ဘရိပ် အမြန်ဖိလိုက်ပြီး ခြေဖြင့်ထောက်လိုက်လေသည်။
“ကျ-ကျတော်တောင်းပန်ပါတယ်အမ
က-ကလေးဘာဖြစ်သွားသေးလည်း”
“သားလေး-အမေ့သားလေးအမေရင်တုန်လိုက်တာသားရယ်”
သူမသည်ထိုလူငယ်၏အမေးကိုချက်ခြင်းပြန်မဖြေဘဲ
သူမ၏သားလေးကိုပွေ့ဖက်လိုက်သည်။ ထိုလူငယ်လေး သည်သူမ၏မျက်နှာကိုတအံ့တသြလေးသေခြာ ငေးမောကြည့်နေမိသည်။
“ဆရာမ
ဆရာမ ခင်ဝေလှိုင်မဟုတ်လား ကျတော်ဝီလျှံလေဆရာမ”
ထိုလူငယ်၏စကားကြောင့်
သူမသည်ထိုလူငယ်လေးကိုသေခြာကြည့်လိုက်မိသည်။
“ဝေ-ဝေလျှံ
မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလည်း”
“ကျတော် သင်တန်းလာတက်တာ ဆရာမ ဒီကလေးက”
“ကျမကလေးပေါ့ အားမာန်တဲ့”
“ဒါဖြင့်ဆရာမက”
“ဟုတ်တယ် ကျမမှာအိမ်ထောင်ရှိတယ်”
ဝေလျှံသည်
မျော်လင့်ချက်တခုကိုဆုံးရှုံးလိုက်ရသည်းအလား သူရင်မောသွားသည်။
“ကျတော်
တောင်းပန်ပါတယ်ဆရာမ ခုနကစက်ဘီးနဲ့တိုက်မိမလိုဖြစ်သွားတာ”
“ရပါတယ် ကိစ္စမရှိပါဘူး သားလေးလည်း ဘာမှဖြစ်တာမဟုတ်ဘူး ကဲခွင့်ပြုပါဦး”
သူမသည် ဝေလျှံကိုနှုတ်ဆက်ပြီး သားလေးလက်ကိုဆွဲကာ
ထွက်ခွာသွားလေသည်။ ဝေလျှံသည်သူမတို့ နှစ်ဦးကို ငေးမောပြီးကျန်ရစ်ခဲ့သည်။
“ကျတော်
နားမလည်နိုင်တာ တခုရှိတယ် ကိုသန်းစိုး”
“ဘာများလည်းဝေလျှံ”
“ဆရာမက
ကျတော်တို့ဆီကနေထွက်သွားတာ နှစ်နှစ်ကျော်၊ သုံးနှစ်လောက်ဘဲရှိဦးမယ် ခုသူ့သားလေးက နှစ်နှစ်တောင်
ကျော်နေပြီဆိုတော့”
“မင်းက ဘာကိုသိချင်တာလည်း ၀ီလျှံ”
“ဆရာမရဲ့ သားအရင်းမှဟုတ်ရဲ့လားလို့”
“မင်းတောင်
တော်တော်စဉ်းစားတတ်နေပြီဘဲ ဟုတ်တယ်မင်းတို့ဆရာမက အဲ့ဒီကလေးကို SAW ကျောင်းကနေ မွေးစားခဲ့တာ”
“SAW ကျောင်း”
“ဟုတ်တယ်
တနေ့သူအဲ့ဒီကျောင်းကိုရောက်လာတယ် ငါလည်းရှိနေတယ် အဲ့ဒီကလေးလေးရဲ့မိဘတွေကတော့ HIV ပိုးနဲ့မယ်တော်ဆေးခန်းမှာဆုံးသွားကြပြီ
ကလေးမိဘတွေရဲ့ ဇာပနကိုသူကိုယ်တိုင်လိုက်ပို့ပေးခဲ့တယ်။ ကလေး မိဘတွေမဆုံးခင် သူအဲ့ဒီကလေးကို
ရဖို့သွားပြီးတွေ့ခဲ့ပေမဲ့ အဲ့ဒီကလေးက SAW ရဲ့အုပ်ထိန်းမှု အောက်မှာ ရှိနေတာကြောင့်
ကလေးမိဘတွေ မရှိတော့တဲ့နောက်ပိုင်း သူSAWကိုရောက်လာခဲ့တာဘဲ”
“ဒါဖြင့်ရင်အဲ့ဒီကလေးလေးမှာက”
“သူကံကောင်းပါတယ် သူ့မှာဘာရောဂါပိုးမှ မရှိဘူးတဲ့”
ဝေလျှံတစ်ယောက်
သက်ပြင်းကလေး ဖြေးညင်းစွာချလိုက်မိသည်။
“မင်းနဲ့သူနဲ့က”
“သူက ကျတော်ဆရာမပါ”
“မင်းကိုကြည့်ရတာ ငါ့ကိုတခုခုညာနေသလိုဘဲ”
“အမှန်တိုင်းပြောရရင် ကျတော်ဆရာမကိုချစ်နေတာ လွန်ခဲ့တဲ့ ၄-၅-၆နှစ်တည်းကပါ။
ဒါပေမဲ့”
“မင်းမျော်လင့်လို့ရပါသေးတယ် သူအခုချိန်ထိ ဘယ်ယောကျာင်္းလေးကိုမှ
မရွေးချယ်သေးဘူး”
“တကယ်ပြောတာလား ကိုသန်းစိုး”
အချိန်ကာလသည် တရွေ့ရွေ့ကုန်ဆုံးသွားသည်နှင့်အမျှ
သူ့နှလုံးသားလည်းအနည်ထိုင်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဆရာမနှင့်ပြန်လည်ဆုံဆည်းချိန်တွင်
အနည်ကျနေသောသူ့နှလုံးသား တစုံတို့သည် ပြန်လည်နိုးထ လာလေသည်။
“ဆရာမ”
“၀ီလျှံ-
မင်းဘယ်လိုလုပ်ဒီကိုရောက်လာပြန်တာလည်း”
“ကျတော်”
“ဖြစ်နိုင်ရင်
မင်းငါ့အခန်းကိုအလည်မလာပါနဲ့ဝီလျှံ”
“ဆရာမ”
“ပြန်တော့ဝီလျှံ
ငါတစ်ယောက်ထည်းနေတဲ့ အခန်းမှာယောကျာင်္းလေးအလယ်လာတာ မသင့်သော်ဘူး”
“ဆရာမပြောတော့
ဆရာမမှာသားလေးနဲ့ဆို”
သူမသည်ဝီလျှံစကားကြောင့်
မိမိစကားမှားသွားမှန်း သတိရလိုက်သည်။
“ဟုတ်တယ်လေ
ငါ့မှာသားလေးတစ်ယောက်ရှိတာ မင်းသိနေတာဘဲ ပြီးတော့ငါ့ယောကျာင်္းခရီးသွားနေတာ အမြင်မတော်ဖြစ်ကုန်မယ်
နင်ပြန်ပါတော့”
“ဆရာမ
ကျတော်ကအရင်တုန်းက မနူးမနပ်ချာတိတ်တစ်ယောက်မဟုတ်တော့ဘူး ကျတော့်ကိုမညာခြင်စမ်းပါနဲ့
ဗျာ”
သူ၏ခြေလှမ်းများသည်
သူမအနားသို့တဖြေးဖြေး လျေက်လှမ်းလို့လာနေလေပေသည်။
“မင်းကိုငါဘာညာနေလို့လည်း
နင်အနားတိုးမလာနဲ့နော် ငါအော်လိုက်မှာနင်ပြန်တော့”
“ဆရာမ
မညာတတ်ဘဲနဲပမညာခြင်စမ်းပါနဲ့ဗျာ ခုချိန်ထိ ဆရာမဟာ အပျိုစင်တစ်ယောက်ဘဲဆိုတာ ကျတော် သိနေတယ်
အားမာန်လေးကိုလည်း ဆရာမမွေးစားထားတယ်ဆိုတာ ကျတော်သိပြီးပါပြီ”
“မင်းဘာတွေလာပြောနေတာလည်း”
“ကျတော်”
“မင်းရှေ့ဆက်တိုးမလာနဲ့နော်”
ဝီလျှံတစ်ယောက်သူမ၏စကားကို နားမထောင်။ သူ့၏ခြေလှမ်းများသည်
ရှေ့သို့တဖြေးဖြေးတိုးလာပြီး သူမ၏ ပုခုံးနှစ်ဖက်ကို လှမ်းကိုင်လိုက်သည်။ သူမသည် သူ၏လက်များကို
ဆွဲဖယ်လိုက်ပြီး လက်ဖ၀ါးကိုမြောက်လိုက်သည် ဝေလျှံသည်သူမ၏လက်ကိုဖမ်းဆုတ်လိုက်သည်။
“ဆရာမ
ကျတော်ဒုတိယအကြိမ် ပါးအရိုက်မခံရပါစေနဲ့”
သူသည်ပြောပြောဆိုဆိုဖြင့် သူမကိုရင်ခွင်ထဲသို့
ဆွဲသွင်းလိုက်သည်။ ထို့နောက်နှုတ်မှတိုးတိုးလေး စကားတခွန်းကို ပြောနေမိသည်
“ကျတော်
မ,ကိုသိမ့်ချစ်တယ်”
သူမသည် သူ့င်ခွင်ထဲမှုန်းထွက်ရန် ရှုန်းကန်ပါသော်လည်း
အဖက်မတင်ခဲ့။ သူ၏သန်မာသည့် လက်မောင်းလေး များသည် တချိန်ကသူစာသင်ခဲ့သည့် ချာတိတ်တယောက်မဟုတ်မှန်း
သူမကောင်းကောင်းနားလိည်လိုက်သည်။
“မင်းငါ့ကိုခုချက်ချင်းလွတ်ပါဝီလျှံ”
“မ,ကျတော့်ကိုချစ်တယ်လို့ပြောမှ
လွတ်မယ်”
“မင်းတော်တ်ာဆိုးတဲ့ချာတိတ်ဘဲ
လွတ်ဆိုလွတ်ပါ တော်ကြာအားမာန်နိုလာတော့မှာ”
“ဆရာမက
အားမာန်လေးကိုမိခင်မေတ္တာပေးသလိုကျတော်ကိုလည်း ဖခင်မေတ္တာပေးခွင့်ပြုပါ”
“မင်းငါ့ကိုလွတ်ပါ”
သူရင်ခွင်ထဲတွင် အလိုမတူဘဲမွန်းကြပ်နေသော သူမကိုသူလွတ်ပေးလိုက်သည်။
သို့သော်သူသည် သူမ၏ လက်ကိုကိုင်လျှက် သူမ၏ရှေ့တွင်ဒူးထောက်ပြီး ထိုင်ချလိုက်သည်။ သူမသည်သူ၏လုပ်ရပ်ကိုနားမလည်ဘဲ
ကြောင်ကြည့် နေမိသည်။
“မ,
ကိုကျတော်သိမ့်ချစ်တယ်”
သူသည်သူမ၏လက်အစုံတို့ကို ညင်သာစွာရှိုက်နှမ်းကိုလိုက်သည်။
သူမသည်အသက်ရှုပင်ရပ်သွားသည့်အလား မျက်လုံးကလေးများပြူးကျယ်သွားပြီး မျက်နှာတခုလုံးအေးစက်သွားသည်။
“၀ီ-၀ီလျှံ
ငါတောင်းပန်ပါတယ်ထတော့မင်းဒီလိုမလုပ်ပါနဲ့ ငါ့လက်ကိုလွတ်ပါ”
“မ,မကျတော့်ကိုချစ်တယ်လို့ပြောမှ ကျတော်လွတ်မယ်”
သူမသည်ဝီလျှံလက်တွင်းမှ
အတင်းရှုန်းထွက်လိုက်ပြီး အခန်းလေးထဲသို့ပြေးဝင်သွားမိသည်။
“မ,
ကျတော့်ကိုချစ်တယ်လို့မပြောမချင်းကတော်ဆရာမအခန်းကနေ ဒီလိုဘဲထိုင်နေမှာနော် ကျတော်ပြန်မှာ
မဟုတ်ဘူး”
သူမ၏နောက်မှ ထွက်ပေါ်လာသော ၀ီလျှံ၏စကားသံကြောင့်
သူမပါစပ်လေးအဟောင်းသားနှင့် မျက်လုံးလေး များပြူးကာ ခေါင်းလေးကိုမသိမသာလှုပ်လိုက်ပြီး
အိပ်ခန်းလေးထဲသို့ပြေးဝင်သွားသည်။ ၀ါးးး အိပ်ယာမှနိုးလာသော
ကလေးတစ်ယောက်သည် သန်းပြီးအိမ်ခန်းလေးထဲမှ ထွက်လာလေသည်။ ထို့နောက်ချက်ချင်းဆိုသလိုပင်
အခန်းလေး ထဲသို့ ပြန်ဝင်သွားသည်။
“မေခင်
မေခင်”
တစ်ယောက်ယောက်၏လှုပ်နိုးမှုကြောင့်
သူမအိပ်ယာမှနိုးလာလေသည်။
“ဟင်သား
“ဟုတ်ကဲ့ မေခင်အိမ်ရှေ့မှာလူတစ်ယောက် ဒူးထောက်ပြီးထိုင်နေတယ်”
အားမာန်၏စကားကြောင့် သူမတခုခုကိုအံ့သြရပြန်သည်။
လက်မှနာရီလေးကိုသူမငုံ့သည့်သော် အချိန်ကာ ၁၀နာရီပင်ထိုးလုပြီ။ ထို့နောက်သူမသည် အိပ်ခန်းလေးထဲမှ
ထွက်လာခဲ့သည်။ ၀ီလျှံ၏ပုခုံးနှစ်ဖက်ကို ဆွဲထူကာထ စေသည်။
“ထတော့ဝီလျှံ
မင်းဒူးတွေနာကျင်ကုန်လိမ့်မယ်”
“မ,ကျတော့ကိုမသနားတော့ဘူးလားဗျာ
ကျတော်”
ပုခုံးထက်မှသူမ၏လက်ကို
သူဆွဲယူကာညင်သာစွာကိုင်ထားလိုက်မိသည်။
“မ,
မင်းကို”
“မ,ကျတော်ကို
ဘာဖြစ်လည်းဆက်ပြောလေဗျာ”
“အရင်ထပါဦး”
“မထဘူးဗျာ
မ,ကျတော့်ကိုချစ်တယ်လို့ပြောမှထမယ်”
“အိုမင်းကလည်း
ဘာမှန်းကိုမသိဘူး”
“ခေါင်းကလေးတချက်လောက်တော့
ငြိမ့်ပြပါလားမ”
သူမသည်
မျက်နှာတခုလုံးနီမြန်းလျှက်နေလေသည်။ ရှက်စိတ်များကြောင့်ခေါင်းကလေးကိုငုံ့ကာ ခေါင်းကိုဖြေးညင်းစွာ
ညိမ့်လိုက်သည်။ သူသည်အားရ၀မ်းသာစွာဖြင့် ထခုန်လိုက်ပြီးသူမကိုဒုတိယအကြိမ် ဖွေ့ဖက်လိုက်သည်။
“မ,တကယ်ပြောတာနော်
ကျတော်မကိုသိမ့်ချစ်တယ်ဗျာ”
“လွတ်ပါဦး
“ချစ်တယ်လို့ပြောဦးလေဗျာ”
“ပြောပြီသွားပြီဘဲ”
“မဟုတ်ဘူးလေ
ဟော့ဒီနားနဲ့ကြားပြီး နှလုံးသားနဲ့ခံစားခြင်တာ”
“၀ီလျှံကို
မ,ချစ်တယ်”
သူမ၏စကားသံတို့ကြောင့် သူအသက်ရှုပင်မေ့သွားလောက်သည်။
ထို့နောက်သူသည်သူမကိုပိုပြီးတင်းတင်း ကြပ်ကြပ် ဖက်ထားမိသည်။
“လွတ်ဦးလေကွာ
အသက်ရှုကြပ်လှပြီ”
“ဆောရီးပါမ,
ကျတော်မ,ဆီကအချစ်ကိုရဖို့ ဘယ်လောက်ထိစောင့်စားခဲ့ရလည်းဆိုတာ မ,သိပါတယ်”
သူသည်သူမကို ရင်ခွင်မှခွာပြီး သူမ၏ပုခုံးနှစ်ဖက်ကိုကိုင်ကာသူမ၏မျက်နှာလေးကို
တစိမ့်စိမ့်ကြည့်နေမိသည်။ မုန်ဖျဖျမီးရောင်အောက်တွင် တရေးနိုးထလာသည့် သူမ၏မျက်ခုံးမို့မို့လေးများသည်
ချစ်စရာတမျိုးကောင်းနေလေသည်။
“ဘာကြည့်တာလည်းဝီလျှံ”
“ဟာ
မ,ကလည်းအဲ့လိုမခေါ်ပါနဲ့”
“ဘာဖြစ်လို့လည်း”
“မောင်
လို့ခေါ်”
“တော်တော်
ဆိုးတာဘဲ”
“ခေါ်လေ*မ*
ကြားချင်လို့ပါ”
“မခေါ်နိုင်ပါဘူး”
သူမသည် သူ၏မျက်နှာကိုမော့ကြည့်ပြီးသူ၏စိတ်ကို
နှလုံးသားဖြင့်မြင်အောင်ကြည့်မိသည်။ မောင့်ကိုမ,သိမ့်ချစ်
တယ် ဟုစိတ်ထဲမှရေရွတ်လိုက်မိသည်။
No comments:
Post a Comment