စာလေးကလိုရင်းတိုရှင်း ရေသားထားသော်လည်း ငြိမ်းချမ်းဦး တစ်ယောက် ဒိုင်ယာရီစာအုပ်လေးကို
စိတ်ဝင်တစား ကြည့်နေမိသည်။ ထို့နောက်ငြိမ်းချမ်းဦးတစ်ယောက် ဒိုင်ယာရီစာ အုပ်လေးကို
စတင်လှန်လျော ကာ ဖတ်ရှု့နေမိတော့သည်။
သက်ဆိုင်သူတို့
+++++++++++++++++++
ကျတော်ဟာ အရမ်းဆိုးတဲ့
ယောကျာင်္းတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။
အဖေကတော့ ကျတော့်ကို ဆန်ကုန်မြေလေးလို့
ခနခနဆူပူခဲ့ပေမဲ့
ကျတော်နာရကောင်းမှန်းမသိခဲ့ပါဘူး။
++++++++++++++++++++++
ကျတော့်တသက်မပြောနဲ့
ကျတော်ရဲ့ သားစဉ်မြေးမြစ် တီတွက်ကျွတ်အထိတောင်
စားမကုန် လောက်အောင် ဘိုးဘွားများက
အမွေထားရစ်ခဲ့ပါတယ်။
ကျတော့်အနားမှာ ၀ိုင်းဝိုင်းလည်နေတဲ့
လိပ်ပြာကလေးတွေကို ကျတော် တစ်ကောင်ပြီး တစ်ကောင် တောင်ပံလေးတွေ ခြွေပြစ်ခဲ့တယ်။ တချို့အကောင်တွေကို
ကျတော် လက်တွေ ခြေလေးတွေဘဲ ချိုးခဲ့ပါတယ်။ တချို့ကိုတော့ ကျတော် သူတို့လေးတွေ မပျံသန်းနိုင်အောင်
တောင်ပံလေးတွေကို ဆွဲနှုတ်ပြစ်လိုက်တယ်။ အဲ့ဒီလိပ်ပြာကလေးတွေရဲ့ နာကျင်မှုကို ကျတော်ငွေနဲ့ကုစားခဲ့ဘူးတယ်။
+++++++++++++++++++++++
မြန်မာပြည်မှာ ကျတော်မရောက်ဖူးတဲ့
နေရာမရှိသလို တိုင်းတပါးတော်တော်များများကိုလည်း ကျတော်ကျင်လည်ခဲ့ဘူးတယ်။ မြန်မာပြည်က
လိပ်ပြာလေးတွေကိုမက တိုင်းတပါးက မှာပွင့်တဲ့ ပန်းပွင့်လေးတွေကိုလည်းဘဲ ကျတော်ခူးခဲ့ဖူးတယ်။
တချို့လေးတွေကို ကျတော် ခူးခဲ့သလို တချို့ကိုတော့ ၀တ်ရည်တွေကိုဘဲ စုတ်ယူခဲ့တယ်။ တချို့ကျပြန်တော့
ကျတော်ပွင့်ဖတ်လေးတွေကို ဘဲတဖတ်ချင်းတဖတ် ချွေပြီးကစားခဲ့သလို တချို့ကျပြန်တော့ ကျတော်အပွင့်ကိုထိခိုက်မှုမရှိဘဲ
အရွက်လေးတွေကိုသာ ခြွေခဲ့ပေမဲ့ တချို့ကိုတော့ ကျတော် ဘေးနားကဆူးတွေကိုလည်း ဓါးကလေးနဲ့ထွင်းပြန်တယ်။
တချို့ကိုတော့ ကျတော် နှမ်းရှိုက် ခူးချွေပြီးတချို့ကိုတော့ ကျတော် ပင်းရင်းအထိခုတ်ပြစ်လိုက်တယ်။
++++++++++++++++++++++++++++++++++
တလောကလုံးကပြောကြတယ်။
ကျတော်ဟာ မိဘပိုက်ဆံကို ဖြုန်းနေတဲ့ ဆန်ကုန်မြေလေးတဲ့။
ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး
မိဘလုပ်ငန်းကို ဘာမှကူဖော်လှောင်ဖက်တောင် မရတဲ့ကောင် ဆိုပြီးဝိုင်းပြီး ထောပနာပြုကြတယ်။
ဒါပေမဲ့ကျတော့် မတုန်လှုပ်ပါဘူး။ အဲ့ဒါတွေက တလောကလုံးက ပေးထားတဲ့ ကျတော့ရဲ့ဂုဏ်ပုဒ်
တွေပါဘဲ။
++++++++++++++++++++++++++++++++
ကျတော့်ကို ကျတော် ဘာကောင်မှန်းမသိသေးတဲ့အရွယ်အထိ
ကျတော်ဟာ စားလိုက်အိပ်လိုက် သုံးလိုက်ဖြုန်းလိုက် နဲ့ ခုဆိုရင် ကျတော့်အသက် ၂၀ ကျော်နေပြီ။
မိဘတွေက ကျတော့်ကို ခြေငြိမ်သွားအောင်ဆိုပြီး ကောင်မလေးတစ်ယောက်နဲ့ စေ့စပ်ပေးခဲ့တယ်။
ကျတော်ဘာမပြောညာမပြောနဲ့
စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်တဲ့အကြောင်း သတင်းစာထဲမှာ သွားထည့်ပြစ်လိုက်တယ်ဗျာ။ ကျတော်လက်ထပ်လိုက်ရင်
အချုပ်အနှောင်တွေ အနှောင်အဖွဲ့တွေ တိုးလာမှာပေါ့။ ကျတော်က လွတ်လပ်တာကို ကြိုက်တယ်။
ပေါ့ပေါ့ပါးပါးဘဲ။ အမြဲတမ်း Freedom ငတ်နေတဲ့သူဗျ။
အဲ့ဒီအတွက် ကျတော်ရလိုက်တဲ့
ဆုကြေးကတော့ ကျတော်နယ်နင်ဒါဏ် ပေးခံလိုက်ရတယ်ဗျာ။
+++++++++++++++++++++++++++++
ကျတော်ပျော်တာပေါ့။ အဖေပေးတဲ့
ရာဇဒါဏ်ကပြင်းပေမဲ့ တနယ်တကျေးကို လွတ်လွတ်လပ်လပ် ကျတော်ထွက်သွားခဲ့တယ်။ ကျတော်ဘာပူစရာရှိလည်း။
ဘိုးဘွားတွေက အမြော်အမြင်ကြီးကြီးနဲ့ ကျတော့်ဖို့ ဘဏ်မှာကျတော်အမည်နဲ့ ငွေအပြည့် အပ်နှံထားခဲ့တာ။
ကျတော်သူငယ်ချင်းဖြစ်တဲ့ အာကာနဲ့ လင်းထက်ကိုအဖော်ညှိပြီး တနယ်တကျေးကို ထွတ်ကဲကြတာပေါ့။
ကျတော်ဒီတခေါက်ခရီးစဉ်ကို တော်တော်နှစ်သက်ခဲ့တယ်။ ဘာလို့လည်းဆိုတော့ လွပ်လပ်မှု ပေါ့ပါးမှုအပြည့်
ခံစားရလို့ဘဲ။ အဖေကလည်း မင်းဘယ်တော့ အိမ်ပြန်မှာလည်းဆိုတဲ့ Email ကိုတခါမှ မပို့ခဲ့သလို အိမ်ကိုကျတော် ဖုန်းလေးတချက်တောင်
ဆက်ဖော်မရခဲ့ပါဘူး။
+++++++++++++++++++++++++++++
စင်ကာပူ၊ မလေးရှား၊ ပြီးတော့
ထိုင်းဖက်ကိုပါ ကျတော်တို့ကူးလာခဲ့တယ်။ ဒါဟာကျတော့်အတွက် ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံးသော
ခရီးစဉ်ပါဗျာ။ ကျတော်တည်းနေတဲ့ တည်ခိုခန်းမှာ ကျတော်လုံးဝမျော်လင့်မထားတဲ့ ကောင်မလေးတစ်ယောက်ကို
ကျတော်စတင် ဆုံဆည်းလိုက်ခြင်းဟာ ကျတော်ဘ၀တခုလုံးကိုရော ခံယူချက်နဲ့ စိတ်ဒါဏ်တွေကိုပါ
ပြောင်းလည်းဖြစ်နိုင်ခဲ့ပါတယ်။
++++++++++++++++++++++++++
ဆူးမတဲ့၊ ဆူး မင်းရဲ့အပြုံးနဲ့
မင်းရဲ့အကြည့်တွေဟာ အရမ်းကို တည်ကြည်အေးမြလွန်းတာကြောင့် ကျတော်မင်းကိုတွေ့ရတိုင်း
ရင်အေးစေခဲ့ပါတယ်။ ကျတော်ထိုင်းမှာ ပန်းတပွင့်မှ မခူးဖြစ်ခဲ့ပါဘူး။ အဲ့ဒါမင်းလေးကြောင့်
ဆိုတာကို မင်းကိုသိစေချင်ပါတယ်။
+++++++++++++++++++++++++++++++
ကျတော်အရမ်းကို တုန်လှုပ်မိပါတယ်။
ဆူးကို ပရိုလ်ဖိုစ် လုပ်ထားတဲ့ သူတွေက အများကြီးရယ်။ ဆူးရဲ့တုန့်ပြန်မှုတွေကို ကျတော်
စိတ်ဝင်တစား စောင့်ကြည့်နေမိတယ်။ ဒါပေမဲ့ ဆူးကဘယ်သူ့ကိုမှ မရွေးချယ်ခဲ့ပါဘူး။ ဒါပေမဲ့ဆူးရဲ့နှလုံးသားက
ကျတော်မဟုတ်တဲ့ သူတစ်ယောက်ဆီမှာ ပိုင်ရှင်မသိဘဲ တိတ်တဆိတ် အပ်နှံထားခဲ့တယ်ဆိုတာကို
ကိုဖြိုးကနေတဆင့် ကျတော်သိလိုက်ရတယ်။
++++++++++++++++++++++++++++++
လင်းထက်နဲ့ အာကာတို့ကပြောကြတယ်
မင်းဆူးကို ချစ်မိနေပြီလားတဲ့။ ကျတော့်ကို ကျတော်မသိပါဘူး။
ကျတော် သူ့ကိုမြင်ချင်တွေ့ချင်နေမိတာတော့အမှန်ဘဲ။
ဒါကြောင့်ကျတော်ထိုင်းမှာ ဘယ်ကိုမှမသွားဘဲ ဆူးရဲ့အရိပ်ကလေးရှိတဲ့ တည်းခိုခန်းလေးမှာနေပြီး
ဆူးရဲ့အရိပ်အရောင် လေးကိုဘဲ သတတနဲ့ စောင့်ကြည့်နေမိသူပါ။
+++++++++++++++++++++++++
ကိုငြိမ်းချမ်း ကျတော့်ကိုဆူးနဲ့ပါတ်သက်ပြီး
စကားပြောဖို့ချန်းလိုက်တဲ့အချိန်မှာ သူလည်းဆူးကိုစိတ်ဝင်စားနေတဲ့ လူတစ်ယောက်ဆိုတာကို
ကျတော်ရိပ်မိခဲ့တယ်။ ဒါကြောင့်ကျတော်ကဆူးကို ညမွေးပန်းလေးတပွင့်အဖြစ် ကိုငြိမ်းချမ်းထင်အောင်
ထင်ရောင်ထင်မှား ပြောခဲ့မိတယ်။ အဲ့ဒီအတွက် ဆူးကျတော့်ကို ခွင့်မလွတ်ပါနဲ့။
ဆူးဟာ ဖြူစင်ပြီး ဆန်းသစ်တဲ့မိန်းကလေးဆိုတာကို
ကျတော်လက်တွေ့စမ်းသပ်ခဲ့ပြီးပါပြီ။
ကိုငြိမ်းချမ်းနဲ့မတွေ့မီ လင်းထက်နဲ့
အာကိုတို့ကို ကျတော်လောင်းကြေးထပ်ခဲ့တယ်။
ဆူးဟာညမွေးပန်း ဟုတ်မဟုတ် ဆိုတဲ့အကြောင်း
တိုင်းတပါးသားနှစ်ယောက်နဲ့ ကျတော်တို့စမ်းသပ်ခဲ့တယ်။
ကျတော်တို့လုံးဝမျော်လင့်မထားတဲ့
စူးရှလှတဲ့ဆူးရဲ့တုန့်ပြန်မှုတွေကြောင့် အခြေအနေအားလုံးကို
တိတ်တခိုးစောင့်ကြည့်နေခဲ့တဲ့ ကျတော်တို့သုံးယောက်
အတော့်ကိုအံ့သြတုန်လှုပ်သွားခဲ့တယ်။ ကျတော်လင်းထက်နဲ့အာကာ့ကိုလက်မထောင်နိုင်ခဲ့ပါပြီ။
ဆူးဟာသန့်ရှင်းတဲ့မိန်းကလေး တစ်ယောက်ဖြစ်တဲ့အကြောင်း။
+++++++++++++++++++++++++
ကျတော်ဆူးကို တကယ်ချစ်မိနေပြီလား
ဆိုတာကျတော့်ကိုကျတော်ပိုပြီးသေချာသွားအောင် ဆန်းစစ်ကြည့်တယ်။ အဖြေကမရေရာခဲ့ပါဘူး။
အဲ့တော့ကျတော် မြန်မာပြည်ကို ပြန်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ကျတော်ကိုယ် ကျတော် အသန့်ရှင်းသုံးလူတစ်ယောက်ဖြစ်အောင်
ပြုပြင်ဖို့ပါ။
+++++++++++++++++++++++++++++
ဟုတ်တယ်-ကျတော်ဆူးကိုတကယ်ချစ်မိသွားတာပါ။ မင်းကို ကျတော်သိပ့်ချစ်တယ်ဆူး။
မြန်မာပြည်မှာ မင်းမရှိပေမဲ့
မင်းရဲ့အနံ့အသက်တွေ ဟာကိုယ့်အတွက်မင်းမြန်မာပြည်မှာရှိနေသလိုပါဘဲ။
အခုကိုယ်အရမ်းကို လိမ်မာနေပြီမင်းသိလား။
အဖေ့လုပ်ငန်းတွေကိုလည်း ကျတော် ၀ိုင်းကူခဲ့တယ် အခုကျတော်ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတခုကိုတောင်
ကျတော် စတင်နိုင်ပြီလေ။ တနေ့မင်းနဲ့ဆုံဆည်းရဖို့ ထိုင်းကိုကျတော် လာဦးမှာပါ။ ဒီတကြိမ်လာခြင်းဟာ
ကျတော်ဆူးကို အိမ်ရှင်မရာထူးခန့်ဖို့ ကျတော်ကိုယ်တိုင် ထိုင်းကိုလာပြီး ဆူးကိုဖွင့်ဟတောင်းဆိုပြီး
မြန်မာပြည်ကို တပါးတည်းခေါ်ဖို့ပါဘဲ။
+++++++++++++++++++++++++++++++
အတိတ်ကမင်းဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့
အခုပစ္စုပ္ပန်မှာလည်း မင်းဘာတွေဘဲဖြစ်နေဖြစ်နေ လာမဲ့အနာဂတ်မှာ ကျတော်ရယ် မင်းရယ် သာယာတဲ့ခရီးလမ်းလေးကို
အတူလျောက်ကြရအောင်လား ဆူးရယ်။
+++++++++++++++++++++++++++++++++
ကျတော်သိတာပေါ့။ မင်းရဲ့နှလုံးသားအစုံကို
ကျတော်မဟုတ်တဲ့ တစုံတယောက်စီမှာ သူမသိအောင် မင်းအပ်နှံထားခဲ့တယ်ဆိုတာ။ ဒါပေမဲ့ ကျတော်ကြိုးစားခွင့်လေးတော့
ရှိပါသေးတယ်လေ။
အဖေကပြောတယ်
အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့။ မင်းတကယ်ချစ်ရင် အဖေကိုယ်တိုင်
အကောင်းဆုံးဖြစ်အောင် တရားတဲ့နည်းလမ်းကနေ မင်းဘ၀လေးထဲကို သူရောက်လာအောင် လုပ်ပေးမယ်တဲ့။
ကျတော်အားရှိလိုက်တာအဖေရယ်။
+++++++++++++++++++++++++++++++
ကန်တော့ပါရဲ့ဗျာ။ ကျတော့်ရဲ့
ပေါင်ကြားမှာ ဖုနီလေးတွေထွက်ပြီး ယားလိုက်တာမှကန်းကုန်ဘဲ။ ကျတော့်ကို ကျတော့်မသကာင်္တာနဲ့
ကျတော်သွေးစစ်ကြည်မိတော့ HIV positive တဲ့။
ကျတော်အရမ်းကိုတုန်လှုပ်သွား
မိတာပါ။ ကျတော်မရှက်ပါဘူး။ ကျတော့်မိုက်ပြစ်နဲ့ကျတော်မို့ ကျတော်ခံရဲပါတယ်။ ဒါပေမဲ့
ကျတော်ဆူးကို နောက်ဆုံချိန်လေးတွေ့ခွင့်ရခြင်ပါသေးတယ်။
+++++++++++++++++++++++++++++++
ကျတော်မကျန်းမာတဲ့ကြားက ဆေးရုံပေါ်မှာ
မျော်လင့်မထားတဲ့ဖုန်းကလေးတလုံးဝင်လာတယ်။
အဲ့ဒါက ဒေါ်ကြီးတုတ်ပေါ့။ စကားစမည်တွေပြောကြရင်း
ဆူးအကြောင်းကိုကျတော်သိလိုက်ရတဲ့အချိန်မှာ ကျတော်အရမ်းကိုတုန်လှုပ်သွားခဲ့ရတယ်။ ဆူးမှာကိုယ်ဝန်ရှိနေတယ်တဲ့။
ကျတော်အရမ်းကိုအံ့သြသွားတာပေါ့။ ဘယ်သူနဲ့ဖြစ်တာလည်း။
ကျတော်အရမ်းသိခြင်ခဲ့တယ်။ ကျတော်အရူးတပိုင်းနယ်ခံစားရတယ်။ ဆူးဘာတွေလျောက်လုပ်နေတာလည်း။
အားတင်းထားရင်းနဲ့ ကျတော်ဟာ တဖြေးဖြေး
အားအင်တွေ ချိနဲ့လို့နေပါပြီ။ အဲ့ဒီအချိန်မှာ ဆူးနဲ့ ကိုငြိမ်းချမ်းဦးတို့က သိမ်ချစ်ကြတဲ့ချစ်သူတွေ
ဖြစ်နေကြပြီဘဲ။
++++++++++++++++++++++++++++
ကျတော်ဝမ်းသာပါတယ်ဗျာ။
ကျတော်သိမ့်ချစ်ရတဲ့ ဆူးဟာ ညမွေးပန်းတပွင့်မဟုတ်ခဲ့သလို ကျတော်လေးစားရတဲ့ ကိုငြိမ်းချမ်းဦးနဲ့ကချစ်သူတွေဖြစ်နေကြပြီဆိုတော့
ကျတော့်အတွက် ၀မ်းသာစရာသတင်းပေါ့။ သူတို့တွေလက်ထပ်ဖြစ်ပါစေလို့ ကျတော်ဆုတောင်းလိုက်ပါတယ်။
ဒါမှလည်း ဆူးရင်သွေးလေး အဖမမဲ့မှာပေါ့။
+++++++++++++++++++++++++
မင်္ဂလာဖိတ်စာလေးမှာ သတို့သားမောင်ငြိမ်းချမ်းဦးနှင့်
သတို့သမီး ဆူး ဆိုတဲ့ဖိတ်စာလေးကို ကျတော်မြင်ရောင်ပြီး ကျတော်ပျော်နေမိတာ အခါခါပေါ့။
ကျတော်ပိုင်သမျှ ကျတော်ရဲ့လုပ်ငန်းတွေအားလုံးကို ဆူးနဲ့ကိုငြိမ်းချမ်းကို လက်ဖွဲ့ခဲ့ပါတယ်။
ကျတော့်ကိုသာ ဆူးရဲ့ဝမ်းပိုက်လေးထဲကို ၀င်စားခွင့်ပြုပေးပါ။
++++++++++++++++++++++++++
“ငြိမ်းချမ်း- ဒီမှာလည်း စာချုပ်တွေတော့”
ဒိုင်ယာရီလေးအဆုံးသတ်တွင် နေခြည့်အသံကြောင့် ငြိမ်းချမ်းဦး
အိပ်ရာကုတင်ပေါ်မှ ဆင်းသက်လာပြီး နေခြည့်လက်ထဲမှ စာချုပ်များကို လှမ်းယူကြည့်သည်။ စာချုပ်လေးကိုထည့်ထားသော
အိပ်ကလေးတွင် မောင်ငြိမ်းချမ်းဦး နှင့်နေခြည်တို့အတွက် မင်္ဂလာဦးလက်ဖွဲ့ဟု ရေးသားထား
သည်ကို တွေ့လိုက်ရခြင်းကြောင့် ငြိမ်းချမ်းသက်ပြင်းကလေး ချနိုင်မိသည်။
သူ၏မျက်လုံးလေးများသည် တခုခုကိုမယုံနိုင်စရာများဖြစ်ပေါ်နေလေသည်။ ဆူးမင်းမှာကိုယ်ဝန်ရှိနေပြီတဲ့ ဒါဒါဆိုအဲ့ဒီကလေးဟာ ကိုယ့်ရင်သွေးများလား။
မင်းဘာလို့ကိုယ့်ကိုတခုခုပြောမသွားတာလည်း။ ကိုင်ပြီးငြိမ်းချမ်းဦးတစ်ယောက် တွေ ဝေစွာစဉ်းစားနေ မိသည်။ တချိန်က ဆူးပြောခဲ့သော စကားများကိုလည်း ပြန်လည်ကြား
ရောင်နေမိသည်။ “ဖေဖေဆုံးပါးသွားပြီးတဲ့နောက်ပိုင်း ဆူးအရွယ်
ရောက်လာ တော့မေမေကပြောတယ် သမီးအချိန်တန် အရွယ်ရောက်လို့ ဆူးချစ်သူရှာပြီးအိမ်
ထောင်ပြုမယ်ဆိုရင် ကိုယ်နဲ့အဆင့်အတန်းခြင်း တူညီတဲ့ ယောကျာင်္းမျိုးကိုဘဲ ရွေးချယ်ပါတဲ့
ချမ်းသာပြီးပညာတတ်တဲ့ ယောကျာင်္းတွေ တော်တော်များများဟာ မိဘစကားကို မလွန်ဆန်နိုင်ကြဘူးလို့
ဆူးကိုပြော ဘူးတယ် ကိုယ်ရောချမ်းသာ တဲ့အသိုင်းဝိုင်းထဲမှာပါလားဟင်” ထို့နောက် နေခြည့် မျက်နှာလေးကို တချက်ကြည့်ကာ ထိုင်ရာမှထပြီး ဒိုင်ယာရီ စာအုပ်ကြားလေးထဲသို့
စာချုပ်များကို ထည့်ထားသော စာအိပ်ကလေး ကိုညှပ်ကာ မင်္ဂလာအိပ်ခန်းထဲမှ ထွက်ခွာလာခဲ့သည်။
၁၀ မိနစ်လောက် ကြာသော် အခန်းလေးထဲသို့ ပြန်ဝင်ရောက်လာသော ငြိမ်းချမ်းဦး၏ လက်ထဲ တွင်
စာအုပ်ကလေး ပြန်ပါမလာ။ ငြိမ်းချမ်းဦးနှင့် နေခြည်တို့၏ မင်္ဂလာဦး ညလေးသည် တစ်ဦးအပေါ်တဦး
ပဟေဠိများဖြင့် ခြောက်သွေ့ပြီး ဆိတ်ငြိမ်စွာ ကျော်ဖြတ်ခဲ့ကြသည်။
X
– X – X – X – X – X – X – X – X – X
“အဟွတ်-
အဟွတ်” “အဟွတ်- အဟွတ်”
တဲအိမ်လေးထဲမှာ တဟွတ်ဟွတ်နှင့် ထွက်ပေါ်လာသေ ချောင်းဆိုး သံတို့ကြောင့် ဦးထူးမော်တစ်ယောက်တဲ အိမ်လေးပေါ်သို့
တရွေ့ရွေ့ တက်လာ ခဲ့သည်။ အိပ်ရာတခုပေါ်တွင် လှဲလျောင်းနေသော ဒေါ်မေသစ္စာကို တွေ့လိုက်
ရ၍ စိုးရိမ်စိတ်များ နှဖူးထိပ်သို့ ရောက်ရှိလာသည်။
“မေလေး နေမကောင်းဘူးလား”
“အော်-
ကိုထူးမော် ရောက်နေတာကိုး-- အဟွတ်-အဟွတ်”
“ဟုတ်တယ် ကိုယ်ရောက်နေတာ ကြာပြီအိမ်ပြင်မှာ ဘယ်သူမှမရှိ
တာနဲ့ အထဲကချောင်းဆိုးသံကြားလို့ ကိုယ်ဝင် လာတာ”
“သ-သမီးလေး ကို ဆေး-ဆေးသွားဝယ်--ခိုင်းလိုက်-- တာ---ပြန်မ ရောက်--- သေးဘူးနဲ့---တူတယ်”
မောဟိုက်စွာဖြင့်
စကားပြန်ပြောနေသော ဒေါ်မေသစ္စာကို ဂရုဏာသက်စွာဖြင့် ဦးထူးမော်တစ်ယောက် ကြည့်နေမိသည်။
“ဒီလောက်နေမကောင်းဖြစ်နေတာ မြို့တက်ပြီး ဆေးကုဦးမှပေါ့
မေလေးရယ်”
“အဝေးကြီးမှာ ငွေရှာနေတဲ့ ကျမရဲ့သားနဲ့ သမီးလေးတွေ
ပင်ပန်း နေမှာပေါ့”
“ဟောဗျာ ဖြစ်ရတယ်၊ ကျန်းမာရေးက အဓိကပါဗျာ၊ ကဲပါဗျာ
ဒီလိုလုပ် ဒီနေ့ဘဲ ကိုယ်နဲ့မြို့တက်ပြီး ဆေးလိုက်ကု အစစအရာရာ ကိုယ်တာဝန် ယူတယ်။ ကလေးနှစ်ယောက်ပါ
တပါးတည်းခေါ်သွားမယ်”
“ရပါတယ်
---- ကိုထူးမော်ရယ်-- ကျမသက်သာနေပါပြီ”
“မေမေ
ဆေးရလာပြီ သမီးရေခပ်ပေးမယ်နော်”
ထွေးငယ်လေးတစ်ယောက်
တဲအိမ်ပေါ်ထပ်သို့ထက်လာပြီး ဆေးဗူးလေးကို မိခင်ဖြစ်သူ၏ဘေးတွင်ချကာ
သောက်ရေအိုးစဉ်ရှိရာသို့ ရေထခပ်ပြီး မိခင်ဖြစ်သူကို ဆေးသောက်ရန် ပြန်လာပေးလေသည်။ ဒေါ်မေသစ္စာသည်
ဆေးဗူးလေးထဲမှ ဆေးတချို့ကိုယူပြီး သမီးလေးခပ်ပေးသော ရေဖြင့်ဆေးများကို သောက်ချလိုက်သည်။
“သမီးလည်း
--- မောလာပြီ---ပေါ့၊ သွားနားချည်း”
“ဟုတ်ကဲ့မေမေ”
“ကဲပါမေလေးရယ် မာနတွေသိမ့်ကြီးမနေပါနဲ့တော့ ခုချိန်မှာ
မေလေး အတွက် အရမ်းကို အရေးကြီး တဲ့အချိန်ကို ရောက်နေပြီလေ။ ကိုယ့် စကားကိုနားထောင်စမ်းပါ”
“သမီးရေထွေးငယ် ခန”
ပြောပြောဆိုဆိုနှင့် ဦးထူးမော်တစ်ယောက်
ဒေါ်မေသစ္စာ၏ သမီးကို လှမ်းခေါ်လိုက်သည်။
“မေမေ ဘာဖြစ်လို့လည်းဟင်”
“သမီးအမေ ဘာမှမဖြစ်ပါဘူး သမီးကိုပြောစရာရှိလို့
ရွာထဲမှာ လည်း တစီးသွားငှားချည်း ဦးကအကူညီ တောင်းတာလို့ ပြီးတော့ပိုက်ဆံ ပေးပါ့မယ်လို့ပြော
ဟုတ်ပြီလား”
နာရီဝတ် လေးဆယ့်ငါးမိနစ်လောက်ကြာသော်
လည်းတစီးပေါ်တွင် အငြိမ့်သားထိုင်လျက် လိုက်ပါလာသော ထွေးငယ်ကိုတွေ့လိုက်ရသည်။ ဒီလိုဆိုပြန်တော့လည်း
ထွေးငယ်လေးက အားကိုးရသားဘဲ ဟုဦးထူးမော် တွေးလိုက် မိသည်။
“သမီးအမေရဲ့မှတ်ပုံတင်ယူခဲ့ ပြီးတော့သမီးမောင်လေးကိုပါတခါတည်း
ခေါ်ခဲ့ ဦးတို့မြို့တက်ပြီး သမီးအမေကို ဆေးကုရအောင်”
“မြို့တက်ပြီးဆေးကုမယ် ဟုတ်လားဦး ဒါဆိုရင် မမကြီးတို့
ကိုကိုကြီး တို့ပြန်လာရင် ဘယ်နယ့်လုပ်မှာလည်း”
“အော်သမီးရယ်
သမီးအမေသက်သာရင် ပြန်လာပေါ့”
“သွားသွား
သမီးမောင်လေးကိုသွားခေါ်ချည်း”
“ဟုတ်ကဲ့”
တအောင့်လောက်ကြာသော်
မောင်ငယ်လေး၏လက်ကိုဆွဲကာ ထွေးငယ်တစ်ယောက် ပြန်ထွက်လာလေသည်။ သူမ၏လက်ထဲတွင် အိပ်ငယ် လေးတစ်လုံး။
“သမီးအမေမှတ်ပုံတင်ကောပါလား”
လက်ထဲမှ အသင့်ကိုင်ဆောင်ထားသော
မှတ်ပုံတင်ကတ်ပြားလေးကို ဦးထူးမော်အား လှမ်းပေးလိုက်သည်။ ဦးထူးမော်သည် သူမလှမ်းပေးသော
မှတ်ပုံတင်လေးကို လှမ်းယူကာ တချက်ကြည့်လိုက်သည်။ ထို့နောက်
“အဲ့အိပ်လေးကဘာလည်းသမီး အ၀တ်အစားတွေလား မယူနဲ့
တော့လေ ဟိုရောက်ရင် ဦးအသစ်ဝယ်ပေးမှာပေါ့”
“မဟုတ်ပါဘူးဦးရယ်
ဒီအိပ်က မမပို့လိုက်တဲ့စာတွေ ဓါတ်ပုံတွေပါ”
“အော်
သမီးရယ် လာလာလှည်းပေါ်တက်”
ဦးထူးမော်တစ်ယောက် ဒေါ်မေသစ္စာကို
တွဲထူကာ လှည်းရှိရာသို့ ဖြေးညင်းစွာ လျောက်သွားလေသည်။
X
– X – X – X – X – X – X – X – X – X
“ကလင်လင်--ကလင်လင်-- ကလင်လင်”
“ဟဲလို”
“ဒေါ်ကြီးသုန်လား
အဖေရှိလား ဒေါ်ကြီးသုန်”
“ဟေ လူလေးလား
မင်းအဖေမရှိဘူးကွဲ့ ဆေးရုံမှာ”
“ဗျာ အဖေဘာဖြစ်တာလည်း ဒေါ်ကြီးသုန်”
“အဲ့လောက်လည်း စိတ်မပူပါနဲ့ လူလေးရယ် မင်းအဖေဘာမှ
မဖြစ်ပါ ဘူး”
“ဒါဖြစ်ရင် ဘယ်သူဘာဖြစ်လို့လည်း ဒေါ်ကြီးသုန်”
“နယ်ကသူ့မိတ်ဆွေတစ်ယောက် နေမကောင်းလို့ဆေရုံ တင်ထားရ
တယ် အဲ့ဒါကြောင့် သွားကြည့်တာပါ”
“တော်ပါသေးရဲ့ဒေါ်ကြီးသုန်ရယ် ကျတော်ကဖြင့် အဖေဘာများ
ဖြစ်နေလည်းလို့ စိတ်ကိုပူသွားတာဘဲ”
“ဒါဆိုရင် ဒါဘဲလေဒေါ်ကြီးသုန် အဖေပြန်လာရင် ကျတော်
ဖုန်းဆက်တယ် ပြောလိုက်ပါ”
“အေးအေး”
တဖက်မှဖုန်းကျသွားသောကြောင့် ဒေါ်ကြီးသုန်လည်း
ဖုန်းချလိုက်လေ သည်။
X
– X – X – X – X – X – X – X – X – X
ငြိမ်းချမ်းဦးနှင့်နေခြည်တို့ လက်ထပ်ကြသည်မှာ
နှစ်နှစ်ပင်ကျော် လောက်ပြီ။ သို့သော်နေခြည့်ထံတွင် မိမိလိုခြင် သော ရင်သွေးလေးမရရှိသေး။
နှစ်ဦးသားတိုင်ပင်ပြီး မည်သူအားနည်းချက်ရှိကြောင်းကို စစ်ဆေးရန် ဆေးရုံသို့ရောက်လာ ခဲ့လေသည်။ ဆေးရုံမှပြန်ထွက်လာချိန်တွင် တွန်းလှဲ
ကလေးပေါ်တွင် ထိုင်ပြီးအဝေးတနေရာသို့ ငေးမောကြည့်နေသော အသက်၄၀ ကျော်အမျိုးသမီးတစ်ယောက်ကို
ငြိမ်းချမ်းဦး တွေ့လိုက်မိသည်။ ထိုအမျိုးသမီး ကိုငြိမ်းချမ်း မိနစ်အနည်းငယ်မျ ရပ်ကြည့်နေမိသည်။
“ဘာဖြစ်လို့လည်း ကိုငြိမ်းချမ်း”
“ဟိုတွန်းလှဲလေးပေါ်က အမျိုးသမီးကို ကိုယ်မြင်ဘူးသလိုဘဲနေခြည်”
“ဟုတ်ရဲ့လား ကိုငြိမ်းချမ်းရယ် လူမှားနေတာများလား”
“မဟုတ်ဘူး ကိုယ်သူ့ကို သေသေချာချာကို မြင်ဘူးတာ
ဘယ်က ဘယ်သူပါလိမ့်”
“စကားလေးဘာလေး သွားပြောကြည့်ရင် အဖြေတခုခုတော့
ထွက်လာမှာပေါ့”
“ဟာဟုတ်သားဘဲ နေခြည်ပြောမှ သတိရတယ် သွားပြီးနှုတ်ဆက်
ကြည့်ရအောင်”
ငြိမ်းချမ်းဦးနှင့် နေခြည်တို့ ထိုအမျိုးသမီးကို သွားရောက်
နှုတ်ဆက် စကားဆိုရန် ခြေလှမ်းကလေး လှမ်းမည်အပြု နတ်(စ်)မလေးတစ်ယောက်မှ ထိုအမျိုးသမီးထိုင်နေသော
တွန်းလှဲလေးကို လာရောက်တွန်းခေါ် သွားလေ သည်။ ငြိမ်းချမ်းတို့ ထိုနတ်(စ်)မလေးနောက်သို့ ထပ်ကြပ်မခွာ လိုက်ပါလာ ခဲ့သည်။ တွန်းလှဲကလေးသည်
တဖြေးဖြေးနှင့် ၄၀၂ လူနာခန်းလေး ထဲသို့ ၀င်သွားလေသည်။ ငြိမ်းချမ်းဦးနှင့်နေခြည်တို့
တယောက်မျက်နှာတယောက် ကြည့်ကာ ပြန်ထွက် လာလေသည်။
X
– X – X – X – X – X – X – X – X – X
ငြိမ်းချမ်းဦးတစ်ယောက် ကားကလေးကို ခြံထဲသို့ဖြေးညင်းစွာ မောင်း ၀င်လာလေသည်။
တချိန်တခါတုန်းက ဖခင်နှင့်အတူနေခဲ့ဘူးသည့် ဒီအိမ်နှင့် ဒီခြံတွင် ခြောက်သွေ့နေမှုမရှိဘဲ
ပကတိအတိုင်း သာယာစိုပြေနေလေသည်။ ငြိမ်းချမ်းဦးတစ်ယောက် ကားလေးပေါ်မှ ဆင်းလိုက်သည်။
ခြံဝန်းလေးအတွင်းရှိ စိမ်းစိုနေသောမျက်ခင်းပြင်လေးပေါ်တွင် ၉-၁၀နှစ်အရွယ်ခန့်ရှိသည့်
မိန်းကလေး တစ်ဦးနှင့် ၆-၇ နှစ်အရွယ်ရှိ ယောကျာင်္းလေးတစ်ဦး ထိုင်၍ကစား နေသည်ကို ထူးဆန်းစွာ
မြင်တွေ့လိုက်ရသည်။ ဒီကလေးတွေက သိမ့်ချစ်စရာ ကောင်းတာဘဲ ဖေဖေကများ သူတို့လေးတွေကို
ခေါ်ယူ မွေးစားထားတာလား။ ဒါမှမဟုတ် ဒီအိမ်ကိုရောက်နေတဲ့ ဧည့်သည်တစ်ယောက်ယောက်ရဲ့ ကလေးလား။
ဒါမှမဟုတ်ရင် ဘေးပါတ်ဝင်းကျင်က အသိတွေရဲ့ ကလေးလား။ အိုရှုပ်ပါတယ် အဖေ့ကိုမေးကြည့်တာဘဲကောင်းတယ်။
ငြိမ်းချမ်းဦး တစ်ယောက် တိတ်ဆိပ် စွာဖြင့်ကစားနေသော ကလေးနှစ်ဦးကို ခေတ္တမျရပ်ကြည့်နေပြီးမှ
အိပ်ထဲသို့ဝင်ခဲ့ လေသည်။ ဧည့်ခန်းလေးထဲတွင် ၀င်ရောက်သည်နှင့် ဘာမှမထူးချားဘဲ ပကတိအတိုင်းငြိမ်သက်နေလေသည်။
“ဒေါ်ကြီးသုန်ရေ ဒေါ်ကြီးသုန် ဘယ်သူမှမရှိကြဘူးလား”
“အေး လူလေးလားဟေ့”
မီးဖိုထဲမှတုန့်ပြန်သံကြောင့် ငြိမ်းချမ်းတစ်ယောက်
မီးဖိုခန်းလေးထဲသို့ ဦးတည်သွားလေသည်။
“ဒေါ်ကြီးသုန် ခြံထဲက ကလေးတွေက”
“အော် မင်းအဖေမိတ်ဆွေရဲ့ ကလေးတွေပါ”
“အော် အိမ်မှာဧည့်သည်ရောက်နေတယ်ထင်တယ် ဘယ်ကလည်း
ဒေါ်ကြီးသုန်”
“နယ်ကလို့ပြောတာဘဲ ခုမရှိကြဘူးကွဲ့ ဆေးရုံရက်ချိန်းဆိုလား
ဘာလားမသိဘူး စောနားလေးကမှ ထွက်သွား ကြတာ”
“ဒါဖြင့်ရင် ဖေဖေမရှိဘူးပေါ့”
“အေး မရှိဘူးကွဲ့ နေပါဦး ကိစ္စရှိလို့လား လူလေး”
“အထွေအထူးရယ်လို့ မရှိပါဘူးဗျာ အဖေ့ကို သတိရလို့လာလည်တာ”
“အေးအေး မင်းအဖေကိုသတိရရင် သူ့အခန်းထဲကို သွားကြည့်ပေါ့
သူလည်းမင်းကိုသတိရရင် မင်းနေခဲ့တဲ့ အခန်းကိုသွားသွားကြည့်ပြီး အလွမ်းဖြေနေတာဘဲ လူလေးရဲ့”
“ဟုတ်ကဲ့ ကျတော်သွားကြည့်လိုက်ဦးမယ် ဒေါ်ကြီးသုန်”
“အေးအေး”
အိမ်အပေါ်ထပ်သို့
တရွေ့ရွေ့တက်လာပြီး မိမိနေခဲ့သည့် အခန်းလေး ကို တချက်ဖွင့်ကြည့်သည် အခန်းကလေး သည် မိမိရှိစဉ်ကလိုပင်
မပြောင်းလှဲ အမြဲသပ်ရပ်နေစဲ။ မိမိနေခဲ့သည့်အခန်းလေးကို ကျော်ပြီး ဖခင်ဖြစ်သူ၏ အခန်းလေး
ဆီသို့ ဦးတည်လျောက် လှမ်းလာခဲ့သည်။ ဖခင်ဖြစ်သူ ဦးထူးမော်၏ အခန်းကလေးထဲသို့ ငြိမ်းချမ်းဦး
လှမ်းဝင်လိုက်သည်။ အမှတ်မထင်ဘဲ စာကြည့်စားပွဲပေါ်တွင် တင်လျက်ထားသော ဆူးနှင့်သူမ၏ မိခင်
ရိုက်ကူး ထားသော ပုံလေးကို တွေ့လိုက် ရသည်။ ထိုပုံကလေးသည် မိမိတို့ချစ်သူဘ၀ တုန်းက
ဆူးကိုယ်တိုင် ပေးခဲ့သည့်ပုံလေးပင်။ ယင်းဓါတ်ပုံလေးနှင့် ဖေဖေမည် သို့ဆက်နွယ်မှုရှိသနည်း။
ဓါတ်ပုံထဲမှ အမျိုးသမီးကို အပြင်မှာ မြင်ဖူးသည့် အလား ငြိမ်းချမ်းဦး ပြန်စဉ်းစားနေ
မိသည်။ ဆူးရဲ့အမေကို ငါအပြင်မှာတွေ့ဖူး ပါတယ်။ ဘယ်မှာတွေ့ဖူးတာပါလိမ့်။ စဉ်းစားစမ်း
စဉ်းစားစမ်း ငြိမ်းချမ်းဦး။ ဟာဟုတ်ပြီ။ တခုခုကိုအမှတ်ရသည့်အလား ငြိမ်းချမ်းဦးတစ်ယောက်
ပုံလေးကိုချကာ အပေါ်ထပ်မှ အလျင် အမြန်ဆင်းလာခဲ့သည်။
“ဟဲ့ဟဲ့
လူလေး ဘယ်လိုဖြစ်လာတာတုန်း ပြန်တော့မလို့လား”
“ဟုတ်ကဲ့ ဒေါ်ကြီးသုန် ကျတော်အရေးတကြီး ကိစ္စရှိလို့
ပြန်လိုက် ပါဦးမယ်”
“မင်းအဖေကို မစောင့်တော့ဘူးလား”
“ကျတော်နောက်မှ ပြန်လာတော့မယ် ဒေါ်ကြီးသုန်”
လှေကားမှပြေးဆင်းလာသော
ငြိမ်းချမ်းဦးကို ဘုရားပန်းအိုးလှဲ ရန်ဘုရားပန်းအိုးများကို သယ်ယူပြီးအပေါ်ထပ် ဘုရားခန်းလေးထဲသို့
တက်သွား သော ဒေါ်ကြီးသုန်နှင့် လှေကားထိပ်တွင် စုံမိပြီးငြိမ်းချမ်းဦးကို လှမ်းမေးလိုက်
ခြင်းဖြစ် လေသည်။
ဆေးရုံဝန်းလေးထဲသို ကားကလေးကို ထိုးရပ်လိုက်ပြီး ငြိမ်းချမ်းဦး တစ်ယောက် ဆေးရုံလူနာများထားရာ
အလွာသို့ အလောတကြီး ပြေးတက် လာခဲ့မိသည်။ အလောတကြီးနှင့် အပေါ်ထပ်သို့ ပြေးတက်သွားသော
ဆေးပေးခန်း အခန်းတခန်းထဲမှ ထွတ်လာသော ဖခင်ဖြစ်သူနှင့် အမျိုးသမီးတဦး ငြိမ်းချမ်းဦးနည်းနည်းလေးလွဲချော်ကာ
တွေ့မသွားမိ။ ငြိမ်းချမ်းဦးတစ်ယောက် ၄၀၂ အခန်းရှေ့သို့ ရောက်သွားချိန်တွင် နတ်(စ်)မလေးတဦးဦးကို တွေ့လို တွေ့ငြား ဘေးဘီရာသို့ ရှာကြည့်မိသည်။
သို့သော် မည်သူတစ်ဦးတစ်ယောက်၏ အရိပ်အရောင်ကိုမျမတွေ့ရခြေ။ ဘာဘာညာညာစဉ်းစားမနေ တော့ဘဲ
၄၀၂ လူနာခန်းလေးထဲသို့ ငြိမ်းချမ်းဦးလှမ်းဝင်လိုက်လေသည်။ လူနာကုတင်ပေါ်တွင် လှဲလျောင်းနေသော
လူနာသည် အမျိုးသမီးတဦးမဟုတ်ဘဲ ယောကျာင်္းလေး တဦးဖြစ်နေသည် ကို ငြိမ်းချမ်းဦးတွေ့လိုက်ရသည်။
ကုတင်ပေါ်မှ လှဲလျောင်း နေသော လူနာသည် ငြိမ်းချမ်းဦးကို နားမလည်သည့်အလား စိုက်ကြည့်နေ
သည်။
“ဆော ဆောရီးပါဗျာ
ကျတော်အခန်းမှားဝင်လာလို့ပါ”
အားနာနာနှင့် ထိုသို့တောင်းပန်ပြီး ငြိမ်းချမ်းဦးတစ်ယောက် အခန်းလေးထဲမှ
ပြန်ထွက်လာခဲ့သည်။ ၄၀၂ အခန်းရှေ့တည့်တည့်မှနေပြီး ရှေ့လာသော နတ်(စ်) မလေးကိုတွေ့လိုက်ရသောကြောင့် ငြိမ်းချမ်းဦးဝမ်းသာ
သွားလေ သည်။
“ဆရာမ ဒီအခန်းကလူနာအမျိုးသမီး ဘယ်အခန်းကိုပြောင်း
သွားလည်း ဆရာမသိလား”
“အော် ဒေါ်မေသစ္စာကိုပြောတာလား သူဆေးရုံကဆင်းသွားပြီ”
“ဗျာ”
“ရှင့်အသိလား”
“အော် ဟုတ်ဟုတ်ပါတယ် ကျတော့်သူငယ်ချင်းတစ်ယေက်ရဲ့ အမေပါ”
ခေါင်းကလေးတချက်ငြိမ့်ပြီး ထွက်ခွာသော ဆရာမနောက်သို့ ငြိမ်းချမ်းဦး
ကြောင် တောင်တောင်နှင့် ငေးမောကြည့် နေမိသည်။ ထို့နောက် ဟူး ကနက်သက်ပြင်းတချက်ကို
အရှည်ကြီးချလိုက်မိသည်။
X
– X – X – X – X – X – X – X – X – X
“နေခြည် - ကိုယ်နေခြည့်ပြောစရာရှိတယ်”
“အင်းပြောလေ ကိုငြိမ်းချမ်း ဘာပြောမှာလည်း”
ညအိပ်ဝတ်စုံနှင့် မှန်တင်ခုံရှေ့တွင်ထိုင်ပြီး ခေါင်းဖီးနေသော
နေခြည့်ကို အိပ်ရာထက်မှဖတ်လက်စ စာအုပ် ကလေးကိုချကာ ငြိန်းချမ်းဦး စကားလှမ်းလိုက်လေသည်။
“ကိုယ် နေ့ခင်းကဖေ့ဖေ့ဆီကို လမ်းကြုံလို့ဝင်ကြည့်တယ်
ဖေ့ဖေ့ အိမ်မှာ အရမ်းချစ်စရာကောင်းတဲ့ ကလေးနှစ် ယောက် ရောက်နေ တယ်သိလား”
“ကလေးလေးနှစ်ယောက်”
နေခြည့်မျက်နှာလေး
ဖျက်ကနက် တချက်ညိုးငယ်သွားပြီး ငြိမ်းချမ်းဦး ရိပ်မိမည် စိုးရိမ်သောကြောင့် ပြန်တည်
နေလိုသည်။
“ဟုတ်တယ် နေခြည် ဒေါ်ကြီးသုန်ပြောတော့ ဖေ့ဖေ့မိတ်ဆွေရဲ့
ကလေးတွေတဲ့ တယောက်က မိန်းကလေး နောက်တစ်ယောက်က ယောကျာင်္းလေး သူတို့က နယ်ကလာကြတာတဲ့ ဆေးလာကု
တယ် ပြောတာဘဲ”
“ကိုငြိမ်းချမ်းက ဘာလုပ်ခြင်တာလဲ နေခြည့်ကိုပြောလေ”
ငြိမ်းချမ်းဖက်သို့ တည့်တည့်လှည့်လာပြီး
နေခြည်ပြန်မေး လိုက် ဖြစ်လေသည်။
“ကိုယ်အမှန်တိုင်းပြောရရင် အဲ့ဒီကလေးတွေကို မြင်မြင်ခြင်း
ချစ်မိ တယ်နေခြည်”
နေခြည်မျက်နှာမကောင်းပါ။ ငြိမ်းချမ်းတစ်ယောက် ကလေးရူးရူး နေမှန်းလည်း
နေခြည်သိသောကြောင့် ပို၍ပင် ၀မ်းနည်းရပေသည်။ နေခြည် ငြိမ်းချမ်းရှိရာ အိမ်ရာပေါ်သို့
လျောက်လာခဲ့လေသည်။ ထို့နောက် အိပ်ရာ ကုတင်ပေါ်သို့ ထိုင်ချလိုက်ပြီး ငြိမ်းချမ်းဦး၏
ပုခုံးလေးပေါ်သို့ လက်ကလေးကို တင်လိုက်သည်။ ငြိမ်းချမ်းဦးတစ်ယောက် နေခြည့် လက်လေးကို
ဆွဲကာ အိပ်ရာပေါ်သို့ လဲချစေခဲ့သည်။ နေခြည်သည် ခေါင်းအုံးလေးပေါ်သို့ ဖြေးညင်းစွာ အိပ်ချလိုက်သည်။
ထို့နောက် ငြိမ်းချမ်းဦး၏ ရင်ခွင်ထဲသို့ ခေါင်းကလေးခိုမှီကာ
“နေခြည် နားလည်ပါတယ်၊ ကလေးမရနိုင်တဲ့ နေခြည့်ကြောင့်
ငြိမ်းချမ်းရင်ထဲမှာ ဘာတွေဖြစ်နေလည်းဆိုတာ နေခြည်သိပါတယ် အဲ့ဒီအတွက် နေခြည်ဘာလုပ်ပေးရမှာလည်းဟင်
နေခြည်လေမိခင် တစ်ယောက် အရမ်းကို ဖြစ်ခြင်ခဲ့သလို ငြိမ်းချမ်းအတွက် သားလေး တွေ သမီးလေးတွေ
အများကြီးမွေးပေးချင်တာပေါ့ ဒါပေမဲ့”
“တော်ပါတော့ နေခြည်ရယ် မပြောပါနဲ့တော့ အိပ်တော့ ညနက်လှပြီ”
ရှေ့ဆက်ပြောလာမည့်
နေခြည့်စကားလုံးများကို ဆက်မပြောရန် ငြိမ်းချမ်းသည်သူ၏ လက်ကလေးနှင့် နေခြည့်နှခမ်းလေးကို
ဟန့်တားလိုက် လေသည်။
“နေခြည် ဘာဘဲဖြစ်ဖြစ်နေခြည်ဟာကိုယ့်ရဲ့ တရားဝင်ဇနီး
တစ်ယောက်ပါဘဲ”
နေခြည့်ကို ရင်ခွင်ထဲထည့်ကာ
ချော့သိပ့်လိုက်မိသည်။ ဆူး မင်းသာ ရှိနေဦးမှာဆိုရင် ကိုယ်တို့ရဲ့ သာယာ ပျော်ရွှင်တဲ့
မိသားစုဘ၀လေးကို တည်ဆောက်လို့ရတာပေါ့နော်။ ခုတော့ မင်းမရှိတဲ့ကမ္ဘာမှာ ကိုယ်အဓိပ္ပါယ်မဲ့စွာ
ရှင်သန်ရင်းနဲ့ မင်းကိုလွမ်းနေမိတာပါ ဆူးရယ်။ နေခြည့်ကို ရင်ထဲမှာ ထွေးပိုက် ထားနေပါသော်လည်း
ငယ်ချစ်ဦးနှစ်တရာ ဆိုသည့်အတိုင်း ငြိမ်းချမ်း ငယ်ချစ်ဦးဖြစ်သည့် ဆူးကို ကနေ့ချိန်ထိ
သတိရအောင့်မေ့စဲပင်။
X
– X – X – X – X – X – X – X – X – X
ဒီကနေ့ အားလပ်ရက်မို့ ငြိမ်းချမ်းတို့ဇနီးမောင်နံ မိဘများအိမ်တို့ လှည်ပတ်ခဲ့ကြသည်။
နေခြည့်တွေ့ခြင် ပါသည်ဆိုသည့် အလွန်ချစ်စရာကောင်း သော ကလေးနှစ်ယောက်ကို မြင်တွေ့ရန်အတွက်
ဖခင်ဖြစ်သူ ဦးထူးမော်၏အိမ် သို့ရောက်ခဲ့ကြသည်။ ဦးထူးမော်၏ကားကလေး ခြံလေးထဲမှ ညာဖက်မှ
ထွက်ခွာပြီး သိမ့်မကြာခင်တွင် ငြိမ်းချမ်းတို့၏ ကားကလေးဘယ်ဖက်မှ မောင်းနှင်လာပြီး ခြံလေးထဲသို့
တရွှေ့ရွှေ့မောင်းနှင်ဝင်ရောက်သွားလေသည်။
“ဟယ်-လူလေးလာတယ် သမီးလည်းပါလာတာကိုး လာလာသမီးလာ”
“ဒေါ်ကြီးသုန် ဖေဖေရှိလားဗျာ”
“ဟေ- လူလေးအဖေ ခုနလေးတင် အပြင်သွားလေရဲ့”
“ဒါနဲ့ ဟိုတနေ့က ကျတော်တွေ့ခဲ့တဲ့ ကလေးတွေကော ဒေါ်ကြီးသုန်”
“ကလေးတွေလား သူအမေနဲ့အတူ ဘုရားသွားတယ်လေ၊ မင်းအဖေ
ကိုယ်တိုင်လိုက်ပို့တာ”
“ဗျာ- အဖေကိုယ်တိုင် လိုက်ပို့တာ”
“ဟုတ်တယ် ခုနလေးတင် ထွက်သွားကြတာ”
“ဟူး-”
ငြိမ်းချမ်းဦးသက်ပြင်းအရှည်ကြီးတချက်ချလိုက်လေသည်.
“ဘာဖြစ်လို့လည်းလူလေး”
“ကျတော့်မိန်းမက ကလေးတွေကို မြင်ဖူးခြင်လို့ဗျာ
အဲ့ဒါကြောင့် ခေါ်လာတာ ကလေးတွေက အရမ်းချစ်စရာ ကောင်းတာလို့ ကျတော်ကြွားထားတာဗျ ခုတော့”
“အော် ကိုငြိမ်းချမ်းရယ်
နေခြည်တို့နောက်တခေါက်ာ လာကြတာပေါ့ မဟုတ်ဘူးလား ဒေါ်ကြီးသုန် ”
“ဟုတ်သားဘဲ လူလေးရယ် ဒါမှမဟုတ်ရင်လဲ သူတို့ပြန်လာတဲ့ထိ
စောင့်ပေါ့”
“ဒါနဲ့ သူတို့က ဘယ်တော့ပြန်ကြမှာလည်း ဒေါ်ကြီးသုန်”
“မပြောတတ်ဘူးလေ တော်တော်နဲ့မပြန်ကြလောက်သေးဘူး
ထင်တယ်”
“အေးဗျာ တော်တော်နဲ့ မပြန်ကြသေးဘူးဆိုရင် ကျတော်တို့
နောက်နေ့မှဘဲ ပြန်လာကြတော့မယ် ဒေါ်ကြီးသုန်”
“အေးအေး မင်းတို့သဘော”
“နေခြည် ကိုယ်တို့ပြန်ရအောင်ကွာ”
ငြိမ်းချမ်းတစ်ယောက် နေခြည့်ကိုခေါ်ကာ
ထွက်ခွာသွားလေသည်။
X
– X – X – X – X – X – X – X – X – X
ငြိမ်းချမ်းဦးအိမ်ထောင်ရက်သား ကျသွားပြီးသည့်နောက် ဦးထူးမော်၏ တနေ့စာထမင်းဝိုင်းလေးသည်
ချောက်ကပ်စွာကျန်ရစ်ခဲ့သည် ယခင်ကဆိုလျင် သားဖြစ်သူနှင့် မနက်စာ ညနေစာကိုအတူစားနေကြ။
ခုတော့လည်း ငြိမ်းချမ်း တစ်ယောက် သူ့အိမ်ထောင်နှင့်သူ ဖြစ်သွားပြီမို့ အိမ်ခွဲနေ လိုက်ကြသည်.
ဒါသည်လည်း လောက၏ နိယာမ ပင်တည်း။ ရက်ရှည်လများ ခြောက်သွေ့ နေသော ထမင်းဝိုင်းလေးသည်
ဒေါ်မေသစ္စာနှင့် ကလေးနှစ်ယောက် ရောက်လာမှ ပြန်လည်စိုပြေစပြုလာလေသည်။
“ကိုထူးမော် ကျမကိုထူးမော်ကို တိုင်ပင်စရာလေးရှိတယ်”
တိတ်ဆိတ်လျက်သော ထမင်းဝိုင်းလေးအတွင်းမှ
ဒေါ်မေသစ္စာ၏ စကားလုံးများက ဖောက်ထွင်းလာလျှက်
“ဘာများလည်းမေလေး”
“ကျမ နောက်နှစ်ရက်သုံးရက်လောက်ဆိုရင် ပြန်တော့မလားလို့
ခုလို ကိုထူးမော်အိမ်မှာ အိမ်လိုက်စားလိုက် နေလာလိုက်တာ အားလည်း နာလှပြီ ပြီးတော့ကျမလည်း
ကျန်းမာလာပြီဘဲလေ ဆေးရုံရက်ချိန်း ဆိုတာလည်း မရှိ သလောက်ဖြစ်နေပြီ နောက်တခုက ကလေးတွေ
လည်း ကျောင်းအပ်ရတော့မှာ အဲ့ဒါကြောင့် ကျမတို့ကို ပြန်ခွင့်ပြု ပါလား”
ဒေါ်မေသစ္စာတစ်ယောက်
ထမင်းကိုမြိန်ရှက်စွာ စားနေကြသော သားနှင့်သမီးဖြစ်သူ၏ မျက်နှာလေးကို တချက် ကြည့်ပြီး
သားသမီးများ၏ ပညာရေးကိစ္စများကို ဖွင့်ပြောမိလေသည်။
“ဟုတ်သားဘဲ ကလေးတွေတောင် ကျောင်းပြန်ဖွင့်တော့မယ်
ဒါနဲ့ သူတို့က ဘယ်နှစ်တန်းတက်ကျတော့မှာ လည်း”
“သမီးလေးကတော့ ဒီနှစ်ဆိုရင် ၇တန်း သားကတော့ မူလတန်းပေါ့”
“ကိုယ့်ရင်ထဲက အရှိအတိုင်းပြောရမယ်ဆိုရင် ငြိမ်းချမ်းအိမ်ထောင်
ပြုသွားပြီးတဲ့နောက် ချောက်သွေ့နေတဲ့ ထမင်းဝိုင်းလေးဟာ မေလေးတို့ သားအမိတွေ ရောက်လာတော့မှ
ပြန်လည်စိုပြေ စပြုလာ တာပါ ကိုယ်ကတော့ မပြန် စေချင်တာအမှန်ဘဲမေလေး”
“ကျမက ဧည့်သည်ဘဲလေ ပြီးတော့အခုက ကျမကလေးတွေရဲ့
ပညာရေးကိစ္စကရှိသေးတယ်မဟုတ်လား နောက်တခုက ရွာမှာဘဲ ကျမရဲ့ သားကြီးနဲ့ သမီးကြီးကို ပြန်စောင့်ချင်သေးတယ်”
ဒေါ်မေသစ္စာထံမှာ
ထွက်ပေါ်လာသော သားကြီးနှင့် သမီးကြီးဆိုသည့် အသံကြောင့် ဦးထူးမော်တစ်ယောက် မျက်နှာမကောင်းပါ။
သို့သော် ဟန်ဆောင်ကာ ပြုံးလိုက်မိသည်။
“ဟုတ်တာပေါ့ အထွန်းနဲ့ဆူးမတို့လည်း ရှိသေးတာဘဲ
သူတို့အတွက် စဉ်းစားပေးရမှာပေါ့ ကလေးတွေက စကား နားလည်တဲ့ အရွယ်ရောက် နေပြီလေ ထမင်းစားပြီးရင်
ကိုယ်တို့ခြံထဲမှာ အေးဆေးစကား ပြောကြရအောင်လား မေလေး”
ထမင်းစားနေကြသော
ဒေါ်မေသစ္စာ၏ ကလေးနှစ်ယောက်ကို ကြည့်ကာ ဦးထူးမော်ဆိုသည်။ ဒေါ်မေသစ္စာလည်း သားသမီး၏မျက်နှာကို
တချက်ကြည့်ကာ ပြုံးပြီးခေါင်းညိမ့်ပြလိုက်မိသည်။ ထမင်းစားသောက်ပြီးနောက်
“သမီးမောင်လေးကိုခေါ်ပြီး
သွားဆော့ချည်း”
“မေမေ
သမီးတို့ TV ဂိမ်းကစားချင်တယ်”
“သြော်သမီးတို့က TV ဂိမ်းကစားချင်တာကို
လာလာသမီးအကို ငယ်ငယ် တုန်းက ကစားတဲ့ TV ကိမ်းလေးတွေ ရှိတယ် ဦးသွားယူ
ပေးမယ်”
ဦးထူးမော်သည်ထိုသို့ပြောဆိုပြီး
ကလေးများကိုခေါ်ကာ အပေါ်ထပ်သို့ တက်သွားလေသည်။ ဒေါ်မေသစ္စာ တစ်ယောက်ဧည့်ခန်းလေးထဲတွင်ထိုင်ကာ
မြန်မာ့အလင်းသတင်းစာလေးတစ်စောင်ကို စိတ်ဝင်တစားဖတ်ရှု့နေလေသည်။ အတန်ကြာသော် ဦးထူးမော်နှင့်
ကလေးငယ်နှစ်ယောက် ပြန်ဆင်းလာပြီး ကလေးများ၏ လက်ထဲတွင် TVဂိမ်း အသေးလေး တစ်ယောက် တခုဆီကိုင် လာလေသည်။
မိခင်ဖြစ်သူအအနားသို့ ထိုင်ချလိုက်ပြီး မိခင်ဖြစ်သူကို ဦးထူးမော် ပေးလိုက်သော
TVဂိမ်းလေးကို ပြလိုက်လေသည်။ ဒေါ်မေသစ္စာ တစ်ယောက် ကလေးငယ်များကို ပြန်လည်ပြုံးပြလိုက်ပြီး
“သမီးတို့ ဒီမှာအေးဆေးကစားကြနော် မေမေခြံထဲဆင်းလမ်း
လျောက်လိုက်ဦးမယ်”
အနားမှာရပ်နေသော ဦးထူးမော်ကိုတချက်ကြည့်ကာ
ဒေါ်မေသစ္စာ သည် မိမိ၏ကလေးများကို ထိုသို့ပြောဆို လိုက်သည်။
“မေမေ သမီးတို့လည်း ခြံထဲဆင်းပြီး ကစားမယ်”
“အော်-အေးအေး”
အလိုက်တသိနှင့်ထရပ်လိုက်သော
ဒေါ်မေသစ္စာကြောင့် ဦးထူးမော် ဦးဆောင်ကာ ခြံလေးထဲသို့ ဆင်းလာ ခဲ့ကြသည်။ ကလေးများသည် မိခင်၏ ခွင့်ပြုချက်ကိုရ၍ ပျော်ရွှင်ကြပြီး
မောင်ငယ်လေး၏လက်ကိုဆွဲကာ ရှေ့မှ ပြေးဆင်း သွားကြလေသည်။ ထို့နောက် အပင်တစ်ပင်အောက်ရှိ
မျက်ခင်းလေး ပေါ်တွင် TVဂိ မ်းကို
စိတ်ဝင်တစားထိုင်ပြီးကစား နေကြသည်။ ဦးထူးမော် သည် မလှမ်းမကမ်းတွင်ရှိနေသော ခုံလေးသို့
ဦးတည်လျောက် လာလေသည်။ ဦးထူးမော် နောက်သို့ ဒေါ်မေသစ္စာတစ်ယောက် အလိုက်တသိနှင့် လျောက်ပြီး
နှစ်ဦး သားခံလေးပေါ်သို့ ထိုင်ချလိုက်သည်။ အတန်ကြာအောင်ပင် တစ်ယောက်ကို တစ်ယောက် စကားမပြောကြဘဲ
အတွေးကိုဆီနှင့်အတူ အရှေ့တူရုကိုသာ ငေးမောကြည့်နေကြသည်။
“ကိုထူးမော်
ကျမကို ပြောစရာရှိတယ်ဆို ဘာများပြောမလို့လည်း”
“ကိုယ်-ပြောသင့်မပြောသင့်
စဉ်းစားနေတာပါ အဲ့လိုပြောလိုက်ရင် ကိုယ့်ကိုပိုင်စိုးပိုင်နှင်းနိုင်လွန်းတယ်လို့ မေလေးထင်မှာကိုလည်း
စိုးရိမ်မိလို့ပါ”
“ကျမတို့က ကလေးတွေမှမဟုတ်တော့တာ ကိုထူးမော်ပြောလာမဲ့
စကားတွေပေါ်မူတည်ပြီး စဉ်းစားကြည်တာပေါ့ ပြီးတော့ ကိုထူးမော် ပြောလာမဲ့စကားတွေဟာ ကျမတို့သားအမိတွေအတွက်
ကောင်းကျိုး ကိုဆောင်တဲ့ စကားဘဲ ဖြစ်လိမ့်မယ်လို့လည်း ကျမယုံကြည်ပါတယ် အဲ့တော့စိတ်ချလက်ချသာပြောပါ”
“ဟုတ်တယ်မေလေး ဒီစကားကို ကိုယ်သေချာစဉ်းစားပြီးတော့မှ
ပြောတာပါ မေလေးရဲ့သားနဲ့သမီးကို ဒီမှာဘဲကျောင်းထားလိုက်ပါလား”
“မြို့မှာကျောင်းထားလို့ ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်မှာလည်း
ကိုထူးမော်ရယ် ကျမတို့မှာက သမီးဆူးနဲ့ သားအထွန်းတို့ကိုဘဲ အားကိုးနေနေရတာ”
“ဒီကိစ္စအတွက် ကိုယ်တာဝန်ထားပါ မေလေးသာ ကလေးတွေကိုဒီမှာ
ကျောင်းထားဖို့ကိစ္စ သဘောတူမတူ ဆိုတာကိုဘဲ ပြောပါ”
“မေလေးစဉ်းစားပါရစေ
ကိုထူးမော်”
“ကိုယ်တို့က သူစိမ်းတွေမှ မဟုတ်တော့တာ မေလေးရယ်
ခေါင်းလေး တချက်ငြိမ့်လိုက်ရင် အားလုံး အဆင်ပြေ သွားမဲ့ကိစ္စပါ”
“အားလုံးအဆင်ပြေသွားမဲ့ကိစ္စ”
“ဟုတ်တယ်မေလေး”
“ကိုထူးမော်
ဘာကိုဆိုလိုချင်တာလဲ”
“ကိုမေလေးကို
လက်ထပ်ပါရစေ”
“ဘယ်လို”
“ဟုတ်တယ်မေလေး ကိုမေလေးအပေါ်ကို ဒီကနေ့အထိ သစ္စာမပျက်ခဲ့
ဘူးဆိုတာမေလေးသိမှာမဟုတ်ပါဘူး”
“သစ္စာမပျက်ခဲ့ဘူး ဆိုတာကက ဘာကိုဆိုလိုခြင်တာလည်း ကိုထူးမော်”
“ကိုယ်မိဘတွေရဲ့ သဘောထားကို မလွန်ဆန်နိုင်လို့ ထားနွယ်နဲ့ လက်ထပ်ခဲ့တယ်ဆိုပေမဲ့
ကိုယ်ထားနွယ် အပေါ်ကို ညီမလေး တစ်ယောက်လိုဘဲ ဖြူဖြူစင်စင်စောင့်ရှောက်ခဲ့တာပါ ကိုယ့်ရင်ထဲမှာ ကနေ့အချိန်ထိ မေးလေး တစ်ယောက်ထည်းကိုဘဲ
တောင်းတနေမိ သူပါ”
“ဒီလိုဆိုရင်
ငြိမ်းချမ်းဦးက”
“ကိုယ်သိပါတယ် ဒီကိစ္စကို မေလေးကိုပြောပြခြင်လို့
ထမင်းဝိုင်းမှာ မပြောဘဲ ဒီကိုသမင်ချိန်းလိုက်တာပါ”
“ဟုတ်ကဲ့”
“အမှန်တိုင်းပြောရရင် သားဟာကိုယ့်သားဆိုပေမဲ့
ကိုယ့်သွေး မပါခဲ့ပါဘူး”
“ဘယ်လို ငြိမ်းချမ်းဦးဟာ ကိုထူးမော်ရဲ့သွေး မဟုတ်တဲ့ကိုထူးမော်ရဲ့
သားဟုတ်လား”
တအံ့တသြဖြင့် မေးလာသော ဒေါ်မေသစ္စာ၏မျက်နှာလေးကို
ဦးထူးမော်တချက်လှည့်ကြည့်လိုက်မိသည်။ ထို့နောက်
“ဟုတ်တယ်မေလေး ဒီအကြောင်းတွေကို ပြောရမှာ ကိုယ်ဟာ
ယောကျာင်္းတစ်ယောက်ဖြစ်ရက်နဲ့ မျက်ကွယ် ပြုသွားပြီဖြစ်တဲ့ ထားနွယ်ကိုတော့
အားနာလှပါတယ် သားဟာထားနွယ်နဲ့ သူ့ချစ်သူနဲ့ ရတဲ့ကလေးပါ”
“ဘယ်လိုငြိမ်းချမ်းက
ထားနွယ်နဲ့သူ့ချစ်သူကရတဲ့ကလေးဟုတ်လား”
“ဟုတ်တယ်မေလေး ကိုယ်သူနဲ့လက်ထပ်ပြီး ၃လလောက်ကြာမှာ
သူကိုယ့်ကိုဒီကိစ္စတွေကိုပြောပြခဲ့တယ်။ ဘာလို့လည်းဆိုတော့ကိုယ်ဟာ သူ့အပေါ်ကို ညီမလေးတစ်ယောက်
လို သန့်စဉ်စွာစောင့်လျောက်ခဲ့လို့ဘဲ ပြီးတော့သူမွေးလာမဲ့ ကလေး ဟာ ကိုယ့်သွေးမပါပေမဲ့
ကိုယ်သားတစ်ယောက်လို ကိုယ်စောင့် ရှောက်ပါ့မယ်လို့ ကတိပေးခဲ့တယ် ဒီကိစ္စကိုလည်း ခုကိုယ်နဲ့မေလေး
တို့ဘဲသိတာပါ မေလေးကိုဒီကိစ္စနဲ့ပါတ်သက်ပြီး သိသင့် တယ်ထင်လို့ ကိုယ်ဖွင့်ပြောရတာပါ
သားကိုတော့ ဒိကိစ္စကိုပြန်မပြောပါနဲ့လို့ ကတိပေးပါမေလေး”
“စိတ်ချပါ ကျမကိုထူးမော်ရဲ့သားကို ပြန်မပြောပါဘူး
ခုလိုကျမကို ပွင့်ပွင့်လင်းလင်းပြောပြတာကိုဘဲ ကျမ ကျေနပ်ပါပြီ”
“အဲ့လိုကျေနပ်နေလို့ မဖြစ်သေးဘူးလေ မေလေး ကိုယ့်ကို
တခုခု တော့ပြန်ပြောဦးမှပေါ့”
“ကျမ ဘာပြောရမှာလည်း
ကိုထူးမော်”
“မေလေး မသိတာထက်မသိချင်ဟန်ဆောင်နေတာက ပိုခက်တယ်တဲ့
အိပ်ချင်တာထက် အိပ်ချင်ဟန်ဆောင် နေတာကပိုပြီးနိုးရ ခက်တယ် တဲ့ စိုပြေနေတဲ့ကိုယ့်ရဲထမင်းဝိုင်းလေးကို
နောက်တဖန် ခြောက်သွေ့ အောင် မေလေး မလုပ်လိုက်ပါနဲ့”
ဒေါ်မေသစ္စာ၏မျက်နှာကလေးကို
စေ့စေ့လေးစိုက်ကြည့်ပြီး ဦးထူးမော် ဆိုသည်။ အဝေးတနေရာသို့ ငေးမောနေသော ဒေါ်မေသစ္စာတစ်ယောက်
ဦးထူးမော်၏ စကားအဆုံးတွင် ခေါင်းကလေးကို ငုံ့ကာနေလေသည်။ ခွန်းတုန့် ပြန်မှု တခုမှမပြုသော
ဒေါ်မေသစ္စာ၏ အေးစက်စက်အပြုအမူကြောင့် ဦးထူးမော် တစ်ယောက် နေရခက်လှပြီ။ ဦးထူးမော် တစ်ယောက်
ဒေါ်မေသစ္စာ၏လက်ကို ရုတ်တရပ်လှမ်းပြီးဆုပ်ကိုင်လိုက်သည်။ ထို့နောက်
“မေလေး
ကိုယ့်ကိုတခုခုပြန်ပြောဦးလေ”
“အို ကျမလက်ကိုလွတ်ပါ”
“ကိုယ့်ကို
လက်ထပ်ပါ့မယ်လို့ ပြောမှလွတ်ပေးနိုင်မယ်မေလေး”
“အဲ့လိုအကြပ်ကိုင်တာကို
ကျမ မကြိုက်ဘူးနော် ကိုထူးမော်”
“အဲ့လိုဆိုရင်
ကိုယ့်ကိုတခုခုပြောဦးလေ”
“ကျမစဉ်းစားပါရစေ”
“ဘယ်လောက်ကြာကြာစဉ်းစားမှာလည်း
မေလေး”
“လွတ်ပါ
ဟိုမှာကားတစီးခြံထဲဝင်လာနေပြီ”
ဒေါ်မေသစ္စာမေးငေါ့ပြသော
ခြံအ၀င်လမ်းဖက်သို့ ဦးထူးမော်လှမ်း ကြည့်လိုက်သည်။ ကားကလေးတစီး တရွေ့ ရွေ့မောင်းနှင်ဝင်ရောက်
လာသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဦးထူးမော်တစ်ယောက် ဒေါ်မေသစ္စာ၏ လက်ကို လွတ်လိုက်လေသည်။
ဦးထူးမော်၏လက်မှလွှတ်သည် နှင့် ဒေါ်မေသစ္စာတစ်ယောက် ထိုင်ရာမှထကာ အိမ်တွင်းသို့ ၀င်သွားလေသည်။
“အဖေနေကောင်းတယ်နော်”
“သားငြိမ်းချမ်း
သမီးနေခြည်လည်းပါတာကိုး လာအိမ်ထဲဝင်ကြစို့”
“မ၀င်တော့ပါဘူးအဖေ ကျတော်တို့လမ်းကြုံလို့ ၀င်လာတာပါ
အဖေနေမှကောင်းရဲ့လားလို့”
“ကောင်းသမှဒေါင်ဒေါင်ကိုမြည်လို့ သားရေ မင်းတို့ကော
အဆင်ပြေ ကြရဲ့လား”
“ဟုတ်ကဲ့
ပြေပါတယ်အဖေ”
“ဒါနဲ့အဖေ
ဟိုးအပင်အောက်မှာဆော့နေတဲ့ကလေးတွေက”
သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင်
အေးအေးလူလူ TVဂိမ်းကို စိတ်ဝင်တစား
ကစားနေကြသော ဒေါ်မေသစ္စာ၏ ကလေးနှစ်ယောက်ကို နေခြည်စိတ်ဝင်တစားမေးမိသည်။
“အော်
မေသစ္စာရဲ့ ကလေးတွေပါ သမီးနေခြည်”
“ဒေါ်မေသစ္စာဆိုတာက”
“အဖေ့မိတ်ဆွေတစ်ယောက်ပါသား”
“ကလေးတွေက
ချစ်စရာလေးတွေနော်အဖေ”
“ဟုတ်တယ်သမီး ကလေးတွေက အရမ်းချစ်ဖို့ကောင်းတယ်
သားငြိမ်းချမ်း သမီးနေခြည်နဲ့ အိမ်ထောင် ကျသွား ပြီးနောက် ချောက်သွေ့နေတဲ့ အဖေ့အိမ်ကလေးက
ဒီကလေးနှစ်ယောက်ကြောင့် ပြန်လည် စိုပြေလာ တယ် ဆိုရမှာပေါ့”
“အဖေကတော့ပြောပြီဗျာ သားတို့နဲ့အတူလာနေပါဆိုတော့
မလုပ်ပါနဲ့ တဲ့”
“မင်းတို့လင်မယား
လွတ်လွတ်လပ်လပ်နေစေခြင်လို့ပေါ့ ငါ့သားရ”
“ဟုတ်သားဘဲအဖေရယ် သမီးတို့နဲ့အတူလာနေပါလားလို့
ဒီမှာက အဖေတစ်ယောက်တည်းရယ်”
“အေးပါ သားနဲ့ သမီးတို့ရယ် အဖေလည်း မင်းတို့အဖွားခေါင်းချသွားတဲ့
ဒီအိမ်ကိုမခွဲနိုင်လို့ပါ”
“အဖေတို့လူကြီးတွေက အဲ့လိုဘဲဗျာ ကဲနေခြည် ကိုယ်သူငယ်ချင်း
တွေနဲ့ချိန်းထာတာ လိုက်ဦးမှာလား ဒါမှ မဟုတ်ရင် အဖေနဲ့စကား ပြောရင်း ကျန်ခဲ့မှာလား”
“မလိုက်တော့ဘူးလေ ကိုယ်တို့သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ်
တွေ့ကြပေါ့ နေခြည်ပါတော့ တမျိုးဖြစ် နေဦးမယ်”
“အိုခေ
အဲ့ဆိုရင် ကိုယ်သွားပြီ”
“ကားသတိထားမောင်းနော်”
“အေးပါ
သွားပြီ”
“သမီးတစ်ယောက်တည်းဖြစ်နေတာနဲ့ အတော်ဘဲ လာအိမ်ထဲဝင် ကြတာပေါ့
အဖေပြောစရာတွေရှိတယ်”
“ဟုတ်ကဲ့အဖေ”
X
– X – X – X – X – X – X – X – X – X
“မေလေး မေလေး ခနကိုယ်အရေးကြီးတဲ့ ကစားပြောစရာရှိလို့”
ဘုရားပန်းအိုးများကို လက်နှစ်ဖက်နှင့် ကိုင်ဆောင်ပြီး ဘုရားပန်းလှဲံရန်
ဆင်းလာသောဒေါ်မေသစ္စာ၏လက်ကို အောက်ထပ်မှ ပြေးတက်လာသော ဦးထူးမော်တစ်ယောက် ရုတ်တရပ် လှမ်းဆွဲလိုက်ပြီး
ဆိုလေသည်။
“အို ကိုထူးမော် လွတ်ပါ ဒီမှာဘုရားပန်းအိုးတွေ ကျကုန်တော့မယ်”
“ဒေါ်ကြီးသုန် ဒေါ်ကြီးသုန် လာပါဦးဗျာ”
ဦးထူးမော်တစ်ယောက် ဒေါ်ကြီးသုန်ကိုလှမ်းခေါ်လိုက်လေသည်။
“ဘာများတုန်း မောင်ထူးမော်” အသံနှင့်အတူ
အပြေးတပိုင်းနှင့်ရောက်လာသော
ဒေါ်ကြီးသုန်လက်ထဲသို့ ဦးထူးမော် တစ်ယောက် ဒေါ်မေသစ္စာလက်ထဲမှ ပန်းအိုးကိုယူကာ ထည့်ပေးလိုက်
သည်။
“ဒေါ်ကြီးဘုရားပန်းလှဲလိုက်ဗျာ ကျတော်မေလေးကိုပြောစရာရှိလို့”
ဒေါ်မေသစ္စာ၏လက်ကိုဆွဲကာ ဦးထူးမော်တစ်ယောက် အပေါ်ထပ်ရှိ အခန်းလေးထဲသို့
ဆွဲဝင်သွားလေသည်။ ထို့နောက် တံကားချပ်ကိုပိတ်လိုက်ကာ ဒေါ်မေသစ္စာကို ရင်ခွင်ထဲသို့ ထွေးပိုက်ထားလိုက်သည်။
“အို ကိုထူးမော် ဒါဘာလုပ်တာလည်း လွတ်ပါ”
“မလွတ်ဘူးမေလေး ကိုယ်ဒီနေ့မေလေးဆီက ပြတ်သားတဲ့
ဆုံးဖြတ်ချက်ရမှဖြစ်မယ် ကိုယ်မေလေးကို ချစ်တယ် လက်ထပ်ပါရ စေ မေလေး”
“ကျမတို့အရွယ်က ချစ်သူရည်းစားထားရမဲ့အရွယ်မဟုတ်တော့ဘူးလေ
ကိုထူးမော် လွတ်ပါ”
“ရည်းစားထားရမဲ့ အရွယ်မဟုတ်လို့ လက်ထပ်ဖို့ခွင့်တောင်းနေတာပေါ့
ပြောပါမေလေး ကိုယ့်ကိုလက်ထပ်မယ် မဟုတ်လား”
“ကျမ စဉ်းစားနေပါတယ်ကိုထူးမော်”
“မေလေး ကိုယ့်ကိုခုဘဲအဖြေပေးတော့ကွာ မေလေးမပြောရင်
ကိုယ့်ကိုကိုယ်တခုခုလုပ်လိုက်မှာနော် ဒီအခြေ အနေကို ကိုစောင့်စား နေခဲ့တာ အနှစ်နှစ်ဆယ်ကျော်ပြီမေလေး
ကိုယ့်ကိုမသနားဘူးလား”
ဦးထူးမော်လက်မှ
ရှုန်းထွက်ရန်ကြိုးစားနေသော ဒေါ်မေသစ္စာ တစ်ယောက် ရှုန်းလေနှစ်လေဆိုတကဲ့သို့ ဦးထူးမော်တစ်ယောက်
သူ၏သန်မာ လှသော လက်မောင်းများနှင့် ဒေါ်မေသစ္စာကို အားမနာတမ်း အတင်းဖက်သွယ် ထားလေသည်။
“ပြောလေကွာမေလေး”
“အို-- ဘာပြောရမှာလည်း”
“မပြောရင် မလွတ်ဘူးနော်”
“အို ဘယ်ဖြစ်မှာလည်း လွတ်ပါ”
“အဲ့ဆိုရင် ခေါင်းညိမ့်ပြ”
ဦးထူးမော်တစ်ယောက်
ဒေါ်မေသစ္စာကိုရင်ခွင်ထဲမှထုတ်ကာ မိမိ၏ လက်များဖြင့် ဒေါ်မေသစ္စာ၏ပုခုံးနှစ်ဖက်ကို ယုယစွာကိုင်သွယ်ပြီး
ဆိုလေ သည်။ တခနလောက်တွေဝေနေပြီးမှ ဒေါ်မေသစ္စာတစ်ယောက် မျက်လုံး ကလေးကို မိတ်ကာ ခေါင်းကလေးကို
ဖြေးညင်းစွာညိမ့်ပြလိုက်လေသည်။
“ဟာ မေလေးမေလေးတကယ်ပြောနေတာနော် ၀မ်းသာလိုက်တာ
မေလေးရယ်”
ဦးထူးမော်တစ်ယောက်
ဒေါ်မေသစ္စာကို ရုတ်တရပ်ဆွဲယူလိုက်ပြီး ဒေါ်မေသစ္စာ၏ပါးပြင်ပေါ်သို့ အနှမ်းတပွင့် ခြွေချလိုက်လေသည်။
အို ရှက်စိတ် များမွန်ထူနေပြီး ဒေါ်မေသစ္စာတစ်ယောက် မိမိပါးပြင်ကို လက်ဝါးကလေးနှင့်
အုပ်ကာ အပြေးတပိုင်းဖြင့် အခန်းလေးထဲမှာ ပြေးထွက်လာလေသည်။
X
– X – X – X – X – X – X – X – X – X
“ဒေါ်ကြီးသုန် ကျတော်ဒေါ်ကြီးသုန်ကို တိုင်ပင်စရာရှိလို့ ခနလေးဗျာ”
“ဘာများတုန်း မောင်ထူးမော်”
အခန်းထဲသို့ ကော်ဖီလာရောကို့ပေးသော
ဒေါ်ကြီးသုန်ကို ဦးထူးမော် တစ်ယောက် တိုင်ပင်ဖော်
တိုင်ပင်ဖက် တစ်ဦးအနေနှင့် စကားပြောရန် ကမ်းလင့်နေသည်။
“ကျတော် နဲ့မေလေးတို့ကိစ္စ သားကိုဘယ်လိုဖွင့်ပြောရမလဲ
မသိဘူးဖြစ်နေတယ် ဒေါ်ကြီးသုန်”
“ဒေါ်ကြီးလည်း အကြံဥာဏ်မပေးတက်တော့ဘူး မောင်ထူးမော်ရယ်
မေသစ္စာဆိုတာလည်း ကလေးနှစ်ယောက် အမေ မုဆိုးမသာဆိုတယ် ရုပ်ရေရူပကာနဲ့ အကျင့်စရိုက်က ကောင်းသား
မင်းမှာလည်း ဆေးပေး မီးယူ တစ်ယောက်တော့ ရှိသင့်တယ်”
“အေးဗျာ ကျတော် သားကိုပြောရမှာ မျက်နှာပူတယ် ပြီးတော့
မေလေးကိုလည်း သနားတယ် အရေးကြီးတာက သူ့ကလေးတွေရဲ့ ဘ၀ရှေ့ရေးကလည်း ရှိသေးတယ်”
“ဒေါ်ကြီးနားလည်ပါတယ် လူလေးဖက်ကနေ စဉ်းစားကြည့်ရင်လည်း
သူတော်တော်ခံစားရမှာ မောင်ထူးမော်”
“ကျတော်သိပါတယ်ဗျာ အဲ့ဒါကြောင့်လည်း ကျတော်ဒေါ်ကြီးသုန်ကို
တိုင်ပင်ရတာပေါ့”
“အေးလေ ဒေါ်ကြီးလူးလေးကိုပြောဖို့ နည်းလမ်းလေးဘာလေး
ရှာပါဦး မယ် မောင်ထူးမော်ရယ်”
“အားကိုးပါတယ် ဒေါ်ကြီးသုန်ရယ်”
“အင်းပါမောင်ထူးမော် ဒေါ်ကြီးစဉ်းစားလို့ရရင်ပြောမယ်နော်
ဒေါ်ကြီး လုပ်စရာလေးကျန်နေသေးလို့ သွားလိုက် ပါဦးမယ်”
ဒေါ်ကြီးသုန်ထွက်သွားပြီးနောက်
ခေါင်းအုံးအောက်မှ ထည့်ထားသော ဒေါ်မေသစ္စာနှင့်ဆူးမတို့၏ဓါတ်ပုံလေးကို တရုတယ ထုတ်ကြည့်မိသည်။
အင်း ဒီပုံလေးကို မေလေးတွေ့သွားလို့မဖြစ်ဘူး။ တော်ကြာနေ အထွန်းနဲ့ဆူးမတို့ ကိစ္စကို
သိသွားရင် သူ့အတွက် ပြသနာ။ ပြီးတော့အငယ်လေးနှစ်ယောက်ရဲ့ အနာဂါတ်လည်းရှိသေးတယ်။ ဦးထူးမော်တစ်ယောက်
အတွေးသံတရာထဲတွင် နှစ်မြောရင်းနှစ်မြောနေမိသည်။
X
– X – X – X – X – X – X – X – X – X
“ဟော လူလေးပါလား နေခြည်ကော မပါဘူးလား”
မီးဖိုထဲတွင်အတကုတ်ကုတ်နှင့် အလုပ်ရှုပ်နေသော ဒေါ်ကြီးသုန်
အနားသို့ ငြိမ်းချမ်းဦးမရောင်မလည်နှင့် ရောက် လာလေသည်။
“မပါဘူး ဒေါ်ကြီးသုန် ကျတော်အဖေနဲ့တွေ့ဖို့လာတာ”
“မင်းအဖေ ဘုရာသွားလေရဲ့”
“ဘုရား”
“ဟုတ်တယ်လူလေး မဟာမြတ်မုနိဆိုလားမသိဘူး သွားကြလေရဲ့
ကွယ် မင်းအဖေလာတဲ့အထိ စောင့်လိုက် ပါလား”
“အဖေက ဘယ်သူနဲ့သွားတာလည်း”
“မေသစ္စာတို့သားအမိတွေကိုလိုက်ပို့တာပါ”
“ဒေါ်မေသစ္စာဆိုလို့ ပြောရဦးမယ်ဗျာ သူတို့ဘယ်တော့ပြန်ကြမှာလည်း
ဒေါ်ကြီးသုန်”
“ဘာဖြစ်လို့လည်းလူလေး”
“ကျတော့်အမြင်ပြောရရင် ဒေါ်မေသစ္စာတို့ဟာ အခက်အခဲ
အမျိုးမျိုး ကြားထဲကနေ ရုန်းကန်နေရတဲ့ မိသားစု တစု လို့ ကျတော်ထင်တယ် ဒေါ်ကြီးသုန် ကျတော်လေ
သူ့ကလေးနှစ်ယောက်ကို မြင်မြင်ချင်းဘဲ သွယ်တာနေမိတယ်ဗျာ အဲ့ဒါနဲ့ ကျနော်နဲ့နေခြည်တို့
တိုင်ပင်ပြီးတော့ သူ့ကလေးတစ်ယောက်ယောက်လောက်ကို အမွေစား အမွေခံအဖြစ် မွေးစား ချင်လို့
အခုအဖေနဲ့တိုင်ပင်ကြည့်ရအောင် လာတာဗျ နှစ်ယောက်လုံးရရင်တော့ လိုချင်တာ ပေါ့ဗျာ”
“ဘယ် ဘယ်လို သားလူလေးက အဲ့ကလေးတွေကို မွေးစားဖို့
မင်း အဖေနဲ့တိုင်ပင်ချင်လို့ ဟုတ်လားလူလေး”
“ဟုတ်တယ် ဒေါ်ကြီးသုန် ဘာဖြစ်လို့လည်း”
“ဒေါ်ကြီးဘယ်ကစပြောရမယ်မှန်း မသိတော့ပါဘူးလူလေးရယ်”
“ဘာများလည်းဒေါ်ကြီးသုန်”
“မေသစ္စာနဲ့ လူလေးအဖေရဲ့ဆက်နွယ်မှုနဲ့ ပါတ်သက်ပြီး
ဒီကလေး တွေကို လူလေးမောင်နှမတော်ရမဲ့သူတွေ ဖြစ်နေလို့ဘဲလူလေး”
“ဗျာ ဒေါ်ကြီးသုန် ဘယ်လိုပြောလိုက်တာလည်း”
“ဟုတ်တယ်လူလေး မင်းမရှိတော့တဲ့နောက်ပိုင်း မောင်ထူးမော်ဟာ
တစ်ယောက်ထဲ အထီးကျန်သလို နေလာ ခဲ့ရတာ သူလည်းတဖြေး ဖြေးနဲ့ အသက်ကလေးရလာတော့ ဆေးပေးမီးယူ
တစ်ယောက် လောက်တော့ ရှိသင့်တာပေါ့ ပြီးတော့ မေသစ္စာဆိုတာလည်း တခြားလူမဟုတ်ဘူးလေ မောင်ထူးမော်ရဲ့
ငယ်ချစ်လို့ သိရတယ် ”
“ဗျာ ဒေါ်မေသစ္စာနဲ့ ဖေဖေနဲ့က ငယ်ချစ်တွေဟုတ်လား
ဒေါ်ကြီးသုန် ဒါ-ဒါဆို ကျတော်အမေက”
“ဒေါ်လေးလည်းမပြောတက်ပါဘူး လူလေးရယ် ဘယ်လိုဘဲဖြစ်ဖြစ်
လူလေးအမေမရှိတော့တဲ့နောက်ပိုင်း လူလေးကို ဒီအရွယ်အထိ ကျွေးမွေးစောင့်ရှောက် လာခဲ့တဲ့ကျေးဇူးကိုထောက်ပြီး
မောင်ထူးမော် ဖက်ကနေ စဉ်းစား ပေးကြည့်ပေါ့ လူလေး”
“ဟာ-မဖြစ်နိုင်ဘူးဒေါ်ကြီး
ကျတော်အမေနေရာမှာ တခြားမိန်းမ တစ်ယောက်ကို အစားထိုးဖို့ဆိုတာ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ဘူး
ကျတော်လက်မခံနိုင်ဘူးဒေါ်လေး”
ပြောပြောဆိုဆိုနှင့်
ငြိမ်းချမ်းဦးတစ်ယောက် ချာကနက်လှည့်ပြီး အိမ်ပေါ်ထပ်သို့ ပြေးတတ်သွားလေသည်။ ငြိမ်းချမ်းဦးတည်ရာသည်
ဖခင်ဖြစ်သူ ဦးထူးမော်၏ အခန်းပင်တည်း။ ဒေါ်ကြီးသုန်တယောက် နှခမ်းလေးကို အနည်းငယ် ပြုံးပြီးခေါင်းကိုဖြေးညင်းစွာ
ခါရမ်းကာ သက်ပြင်းအရှည်ကြီး တချက်ကို ချလိုက်မိသည်။ သော့ခပ်မထားဘဲ စေ့ရုံသာ စေ့ထားသော
ဦးထူးမော်၏ အခန်းလေးထဲသို့ ငြိမ်းချမ်းတစ်ယောက် တံကားချပ်ကို ဖြေးညင်းစွာ တွန်းဖွင့်ပြီး
ဝင်လာ ခဲ့သည်။ ထို့နောက် ခဖင်ဖြစ်သူ၏ အခန်းကို ထောင့်စေ့ကျလိုက်ကြည့်နေမိသည်။ ဘာမှမထူးခြား။
ဦးထူးမော်၏ အိပ်ရာ ကုတင်နားလေးတွင် ခေတ္တထိုင်ချလိုက်ပြီး တခုခုကိုစဉ်းစားနေမိသည်။
ထို့နောက် ထိုင်ရာမှထလာကာ ဦးထူးမော် အ၀တ်များထည့်ထားသော ဗွီဒိုကိုဖွင့်ပြီး အ၀တ်များကို
လှန်လျောကြည့်မိပြန်သည်။ ဘာမှမထူးခြား။ အိပ်ရာထက်တွင် ခေတ္တပြန်ထိုင်နေလိုက်ပြီး ငြိမ်းချမ်းဦးသည်
မိမိ၏ ခြေထောင်ကို ဒူးဆစ်လေးကွေးပြီး ဆွဲလိုက်ရာ ခြေထောက်လေးမှ ကုတင် ခြေရင်းတွင် ဒစ်မနေဘဲ
ခင်းထားသော အိပ်ရာခင်းကိုကျော်ပြီး ကုတင်အောက် သို့ ၀င်ရောက်သွားလေသည်။ ငြိမ်းချမ်းဦးသည်
ကမန်းကတန်းထလိုက်ပြီး အိပ်ရာကုတင်အောက်သို့ ငုံ့ကြည့်မိသည်။ လက်မှလည်း အိပ်ရာကုတင်
အောက်တွင် လိုက်လံစမ်းပြီး တခုခုကို ရှာဖွေနေမိသည်။ အတန်ကြာသော် ငြိမ်းချမ်းဦးလက်ထဲတွင်
သေတ္တာလေး တလုံး ပါလာသည်။ ထိုသေတ္တာလေးကို စိတ်ဝင်တစား ဖွင့်ကြည့်မိသည်။ သေတ္တာလေးထဲတွင်
မြန်မာဆန်ဆန် သတို့သား ၀တ်စုံနှင့် သတို့သမီးဝတ်စုံ ကိုတွေ့လိုက်ရသည်။ ထိုမင်္ဂလာဝတ်စုံများကို လှန်လျောကြည့် လိုက်မိ ပြန်သည်။ ဓါတ်ပုံ အယ်လဘန်နှစ်အုပ် အတွင်းထဲတွင် ဦးထူးမော်နှင့် ထားထားနွယ်တို့ မင်္ဂလာဧည့်ခံပွဲတုန်းက
ရိုက်ကူးထားသောပုံများပင်။ ဖေဖေ ကဘာဖြစ်လို့ ဒီပုံတွေကို စာပွဲပေါ်တင်မထားဘဲ ဒီဝတ်စုံတွေနဲ့အတူ
သေတ္တာ ထဲထည့်ပြီး ဒီအောက်မှာ သိမ်းထား တာလည်း ဖြစ်စဉ်များကို နားမလည် သည့်သူ့အဖို့ ထိုသို့တွေးသောနေမိသည်။
အယ်လဘန် ထဲမှ ဓါတ်ပုံများကို တပုံခြင်း ဆီလှန်လျောကြည့်မိပြီး ဒုတိယ အယ်လဘန်တအုပ်ကို
ကောက်ကိုင် လိုက်သည်။ ဓါတ်ပုံများကို ဆက်လျက်ကြည့်ရှု့ပြီး အယ်လဘန်၏ နောက်ဆုံး စာရွက်လေးတွင်
စာလေးတစ်စောင်ကို ထူးဆန်းစွာမြင်တွေ့ လိုက်ရ သောကြောင့် ထိုစာကလေးကို မျက်မှောင်တချက်
ကျုံ့ကာထုပ်ယူပြီး ဖတ်နေမိသည်။
ကိုမော်
ကိုမော်ဒီစာလေးကိုဖတ်နေတဲ့အချိန်မှာ နွယ်ဟာလူ့လောက ကြီးထဲမှာ
ရှိခြင်မှ ခြင်တော့မှာပါ။ ကိစ္စတော့မရှိပါဘူး။ နွယ်ရှိသည့်ဖြစ်စေ မရှိသည်ဖြစ်စေ လက်ရှိအနေအထားမှာ
နွယ်ဟာကိုမော့်ရဲ့ တရားဝင် ဇနီးမယား တစ်ယောက်အဖြစ် တည်ရှိခွင့်ရနေဦးမှာပါဘဲ။ ဖေဖေ
မေမေနဲ့ အများအမြင်မှာတော့ နွယ်တို့က လင်မယားတွေပေါ့။ ဒါပေမဲ့ နွယ့်ကို ညီမလေးတစ်ယောက်လို
ဖြူဖြူစဉ်စဉ်နဲ့ စောင့်ရှောက်ခဲ့တဲ့ ကိုမော့်ရဲ့ကျေးဇူးကို နောင်ဘ၀ဆိုတာ ရှိခဲ့ရင်
နွယ်ပြန်ဆပ် ခွင့် ရရပါလို၏လို့ ဆုတောင်းခဲ့ပါတယ်။ တကယ်လို့များ အကြောင်း အမျိုးမျိုးကြောင့်
နွယ်တခုခုဖြစ်သွားခဲ့ရင် ခုနွယ် ဗိုက်ထဲက ကလေးလေးကို နွယ့်ကိုယ်စား အဖေတစ်ယောက် နဲ့မခြား
ဖခင် တစ်ယောက်ရဲ့ မေတ္တာနဲ့စောင့်ရှောက်ပေး ပါလို့နွယ်ကိုမော့်ကို တောင်းဆိုခြင်ပါတယ်။
တကယ်လို့ ကိုမော့်အတွက် အနှောင်အဖွဲ့တွေ ဖြစ်နေမယ်ဆိုရင်တော့ နွယ့်ရင်သွေးလေးကို စိတ်ချရတဲ့
မိဘမဲ့ ဂေဟာတခုခုကို ပို့ဆောင်ပေးခဲ့ပါကိုမော်။ နွယ်ဒီလိုပြောလိုက်လို့ နွယ့်ကိုစိတ်တော့
မရှိလိုက်ပါနဲ့ကိုမော်။ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် ကိုမော်ဟာကိုယ်မော့်ချစ်သူနဲ့
ပြန်စုံခွင့်ရတဲ့ အခါကျရင် နွယ့်ရင်သွေးလေးကြောင့် ကိုမော်တို့အတွက် စိတ်အနှောက်အယှက်ဖြစ်မှောကို
တွေးပူနေမိလို့ပါ။ ကိုမော် ကိုအထူး ကျေးဇူးတင်မိပါတယ်။
ထားထားနွယ်
စာကလေးအဆုံးတွင်
ငြိမ်းချမ်းဦးတစ်ယောက် တစ်ယောက်ထဲ ရောင်လည်လည်နှင့် အခန်းလေးထဲတွင် တခုခုကို ထိပ်လန့်နေသည့်အလား
မှင်သေစွာရပ်နေမိသည်။ လက်ထဲမှကိုင်ဆောင်ထားသော စာလေးသည်လည်း လက်မှ လွတ်ပြီး ကြမ်းခင်းပေါ်သို့
လျောကျသွားသည့်တိုင် ငြိမ်းချမ်းဦး သတိမထားမိခြေ။ ထို့နောက်ငြိမ်းချမ်းဦးသည် အံ့ကြိုတ်ပြီး
အခန်းလေးထဲမှ တဟုန်ထိုးပြေးထွက်လာပြီး အောက်ထပ်သို့ပြေးဆင်းသွားလေသည်။
“ဟဲလူလေး
အလန့်တကြားနဲ့ ဘာဖြစ်လာတာတုန်း”
ဧည့်ခန်းတွင်းတွင် သန့်ရှင်းရေးလုပ်နေသော
ဒေါ်ကြီးသုန်ကိုပင် နှုတ်ဆက်ဖော်မရဘဲ အိမ်ထဲမှပြေးထွက်သွားပြီး ကားကိုတဟုန်ထိုးမောင်းနှင်
ထွက်ခွာသွားလေသည်။ ငြိမ်းချမ်းဦးကားလေး ထွက်ခွာသွားပြီး မိနစ်အနည်း ငယ်လောက် ကြာသော်
ဦးထူးမော်၏ကားကလေး တရွေ့ရွေ့နှင့်ခြံထဲသို့ မောင်းဝင်လာလေသည်။ ဦးထူးမော်နှင့်အတူ
ဒေါ်မေသစ္စာတို့ သားအမိအိမ်လေးထဲသို့ ၀င်လာကြလေသည်။
“ဟော မောင်ထူးမော်တို့တောင် ပြန်လာကြပြီကိုး ခုနလေးတင်
လူလေးပြန်သွားတယ်”
“သားလာသွားတယ်
ဟုတ်လား ဒေါ်ကြီး”
ဘေးနားလေးတွင် ငြိမ်ငြိမ်လေးရပ်နေသော
ဒေါ်မေသစ္စာကို တချက် ကြည့်ပြီး ဒေါ်ကြီးသုန်ကို ဦးထူးမော်မေး လိုက်လေသည်။ ဒေါ်မေသစ္စာ၏
သမီးဖြစ်သူသည် အခန်းထဲသို့သွားရန်အတွက် ဒေါ်မေသစ္စာ၏လက်ကို နောက်မှနေပြီး လှမ်းတို့လိုက်သည်။
ဒေါ်မေသစ္စာလှည့်အကြည့်တွင် အခန်းထဲ သို့သွားရန် မျက်နှာထားလေးနှင့် လှမ်းပြောလေသည်။
မိခင်ဖြဟ်သူသည်လည်း မသိမသာလေး ခေါင်းကလေးကို ညိမ့်ပြလိုက်လေသည်။ ထို့နောက် ကလေး ငယ်နှစ်ဦး
ထွက်ခွာ သွားလေသည်။
“ဒေါ်ကြီးမင်းတို့ကိစ္စကို
တီးခေါက်ကြည့်သေးတယ် မောင်ထူးမော်”
“ကျတော်တို့ကိစ္စ”
“ဟုတ်တယ်
မောင်ထူးမော်”
“အဲ့တော့သားက”
“လက်မခံနိုင်ဘူးလို့ ပြောတာပေါ့ ဒါပေမဲ့ သူ့ကိုနားလည်အောင်
ပြောရင်ရမှာပါ။ ခုကဒေါ်ကြီး ကပြုန်းဆိုင်းကြီး ပြောလိုက်မိတာ ဆိုတော့ ကလေးကစိတ်နဲနဲထိခိုက်သွားပုံရတယ်”
“ကိုမော် ကျတို့တို့တတွေ ဒီနေရာမှာတင် ရပ်လိုက်ကြရင်
ကောင်းမယ် ထင်တယ်နော် တော်ကြာနေငြိမ်းချမ်းနဲ့ ပါတ်သက်ပြီး အပြတ်ပြတ်နဲ့ နှခေါင်းသွေးထွက်ရမဲ့ကိစ္စမျိုး
မဖြစ်စေခြင်ဘူးကိုမော်”
“ဘာတွေပြောနေတာလည်း မေလေး သားကအဲ့လောက်ထိတော့
မတင်းမာနိုင်ပါဘူး”
“နောက်တခုရှိသေးတယ်
မောင်ထူးမော်”
“ဘာများလည်း
ဒေါ်ကြီး”
“ဒေါ်ကြီးနဲ့လည်း စကားပြောပြီးရော လူလေးက အပေါ်ထပ်ကို
တက်သွားတယ်၊ တော်တော်ကြာလောက်မှ အပေါ်ထပ်ကနေ ပြေးဆင်းလာပြီး ကားကိုလည်း တရပ်ကြမ်းမောင်းထွက်သွားလေရဲ့
ဒေါ်ကြီးလှမ်းပြီး မေးတာ တောင် ဘာမှပြောမသွားဘူး”
“ဗျာ သားက--”
ဦးထူးမော်သည် စကားကိုပင်ဆုံးအောင်
မပြောတော့ဘဲ အပေါ်ထပ်သို့ ခြေလှမ်းကျဲကြီးများဖြင့် မပြေးရုံတမယ် တက်သွားလေသည်။ ဦးထူးမော်၏
နောက်သို့ ဒေါ်မေသစ္စာတစ်ယောက် တပ်ကြပ်မခွာ လိုက်ပါလာခဲ့သည်။ အခန်းထဲ သို့ရောက်သော် အိပ်ရာကုတင်အောက်မှ
ငြိမ်းချမ်းဦး ထုတ်ယူထား သော သေတ္တာလေးတစ်လုံး ထိုပွင့်လျက်ထားသည့် သေတ္တာလေး နှခမ်း
ဘောင်ပေါ်တွင် သတို့သားအကျီ င်္ဖြူတထည် ကြမ်းပြင်ပေါ်မှ ဓါတ်ပုံ အယ်လဘန်များနှင့်အတူ သေတ္တာလေး၏မလှမ်းမကန်တနေရာတွင်
ကျနေ သော စာရွက်ဖြူလေးတခုက ဆီကြိုလို့ နေလေသည်။ ထိုမြင်ကွင်းများ ကြောင့် ဦးထူးမော်တစ်ယောက်
တခုခုကိုထိပ်လန့်ပြီး အိပ်ရာကုတင်ပေါ်သို့ အရုပ်ကြိုး ပျက်ထိုင်ချလိုက်လေသည်။ ပြန့်ကျဲနေသော
ပစ္စည်းလေးများကို ကြည့်နေရင်း ဒေါ်မေသစ္စာတစ်ယောက် မလှမ်းမကန်းတွင် ကျနေသော စာရွက်ဖြူလေးကို
ကောက်ကိုင်လိုက်သည်။ စာရွက်လေးထဲမှ ရေးထားသော စာကိုစိတ်ဝင်တစား ဖတ်နေမိသည်။ စာလေးအဆုံးတွင်
ဒေါ်မေသစ္စာ တစ်ယေက် တခုခုကို နားလည်သည့်အလား သေတ္တာနှခမ်းပေါ်တွင် တင်ကျန်နေသော အ၀တ်နှင့်
ပြန့်ကျဲ နေသော ဓါတ်ပုံအယ်လဘန်များကို ကောက်ကာ သေတ္တာလေးထဲသို့ စနှစ်တကျ ပြန်ထည့်လိုက်ပြီးနောက်
ဦးထူးမော်ဘေးသို့ ညင်သာစွာ ထိုင်ချလိုက်သည်။
“ဒီလောက်လည်း စိတ်ဓါတ်ကျမနေပါနဲ့ ကိုမော် ကျမတို့
တခုခုစဉ်းစားပြီး အကောင်းဆုံး နည်းလမ်းကို ရှာဖွေကြ တာပေါ့”
“ကိုယ်ဘယ်လို ဖြေရမှာလည်း မေလေး ကိုယ်သားကို သားအရင်းနဲ့
မခြားချစ်ခဲ့တာပါ ဒါကြောင့်လည်း ဖခင်တစ် ယောက်ရဲ့မေတ္တာထက် မလျော့နည်းတဲ့ မေတ္တာတရားတွေနဲ့
ကိုယ်သားကို စောင့်လျောက်ခဲ့ တာပါ ခုတော့အချိန် မတန်သေးဘဲ ဒီကိစ္စသားသိသွားပြီဆိုတော့
ကိုယ်ဘယ်လိုဖြေရှင်းရမှာလည်း မေလေး”
အိပ်ရာကုတင်ပေါ်တွင်ထိုင်ချပြီး
လက်တစ်တောင်နှစ်ဖက်ကို ဒူးပေါ်ထောက်ပြီး ဦးခေါင်းကိုစိုက်ချလျှက် ဦးထူးမော်ဆိုသည်။
အလွန်စိတ် သောကရောက်နေသည့် ဦးထူးမော်၏ အပြုမူများကြောင့်လည်း ဒေါ်မေသစ္စာ မျက်နှာ မကောင်းပါ။
မိမိကြောင့် ခုလိုဖြစ်ရသည်ဖြစ်ခြင်းဟု တွေးနေမိသည်။ ထို့ကြောင့်ပင် ဤအိမ်လေးမှ အမြန်ဆုံးထွက်သွား
ရန်အတွက် ဒေါ်မေသစ္စာ ဆုံးဖြတ်ချက်ချလိုက်လေသည်။
“ကိုထူးမော်-
ကျမတခုစဉ်းစားမိတယ်”
“ဘာများလည်းမေလေး”
“ဒီကိစ္စကို ငြိမ်းချမ်းမမျော်လင့်ဘဲ ရုတ်တရပ်သိလိုက်ရတော့
သူလက် မခံနိုင်တာ ဖြစ်ချင်လည်းဖြစ်မှာပါသူလည်း ပညာတက်တစ်ယောက်ဘဲ စဉ်းစားတက်တဲ့အရွယ်ရောက်နေပြီဘဲလေ
ဒါကြောင့်ကိုမော်အနေနဲ့ ဒီလောက် စိတ်ဓါတ်ကျ မနေပါနဲ့ ကျမလည်း ငြိမ်းချမ်းနားလည် လက်ခံလာနိုင်အောင်
ကြိုးစားကြည့်ပါမယ်”
“ကျေးဇူးတင်ပါတယ်မေလေး တကယ်လို့ သားကဒီကိစ္စကြောင့်
ကိုယ့်အပေါ်မှာ စိမ်းကားသွားမယ်ဆိုရင် ကိုယ်ဘယ်လို နေရမှာလည်း ကွာ”
ဒေါ်မေသစ္စာ၏မျက်နှာကို
စေ့စေ့ကြည့်ပြီးဦးထူးမော်ဆိုလေသည်။ ဦးထူးမော်၏ မျက်ဝန်းအိမ်လေးထဲတွင် တခုခုကို ဆုံးရှုံးလိုက်ရသည့်အလား
ဝမ်းနည်ကြေကွဲရိပ်များ လွမ်းမိုးလျှက် ရှိပေသည်။
“ဒီလောက်လည်း မစိုးရိမ်ပါနဲ့ကိုမော် ငြိမ်းချမ်းက
အဲ့လိုလူစားမျိုး မဖြစ်လောက်ပါဘူး”
X
– X – X – X – X – X – X – X – X – X
ခြံလေးထဲတွင်ကားကိုတဟုတ်ထိုးမောင်းဝင်လာသော
ငြိမ်းချမ်းဦး ၏အပြုအမူကြောင့် ခြံစောင့်ဦးကြီးအထိပ် တလန့်ဖြစ်သွားရသည်။ ထို့နောက်ကားကိုရပ်ပြီး
ကားသော့ကိုပင်ဖြုတ်မသွားဘဲ သော့ကြီးတန်းလန်းနှင့် ထားခဲ့ကာ ကားပေါ်မှဆင်းပြီးအိမ်ပေါ်သို့
တဟုတ်ထိုးပြေးတက်သွားလေသည်။
“နေခြည်လေး နေခြည်လေး”
မီးဖိုထဲတွင် အအေးဖျော်နေသော
နေခြည့်တစ်ယောက် နောက်မှခေါ်သံကြောင့် လှည့်ကြည့်မိသည်။
“ဘာများလည်းဦးကြီး”
“လူလေးဘာဖြစ်လာတာလည်းမသိဘူး ကားကိုလည်း တရပ်ကြမ်း မောင်းဝင်လာတယ် ပြီးတော့ကားစက်တောင် ပိတ်မသွားဘူး ကားသော့ကြီးတန်လန်းနဲ့ ထားခဲ့ပြီးအိမ်ပေါ်ထပ်ကို
ပြေးတက် သွားတာဘဲ အဲ့ဒါဦးကြီးလည်း ကားစက်ပိတ်ပြီး သော့ဖြုတ်ယူလာ ခဲ့တာ ရော့သမီးကားသော့”
နေခြည်သည်
ကားသော့လေးကိုလှမ်းယူပြီး အသင့်ဖျော်ထားသော အအေးခွက်ကိုယူကာ အိမ်ပေါ်ထပ်သို့
တက်ခဲ့လေသည်။ အိပ်ခန်းလေးထဲမှ မှန်ကြည်စြာပွဲပေါ်တွင် တင်လျက်ထားသည့် နေခြည်နှင့်
သူမင်္ဂလာ ဆောင် ချိန်တုန်းမှ ဦးထူးမော်နှင့်အတူ သုံးဦးသားရိုက်ထားသည့်
ဓါတ်ပုံလေးကို မှင်သေစွာရပ်ကြည့်နေမိသည်။ ငြိမ်းချမ်းဦး၏ အသက်ရူ သံသည်လည်း အခန်း
တခုလုံးကို မွန်ထူသွားသည် ထင်ရလောက်အောင် မွန်းနေသလိုနေခြည် ခံစားလိုက်ရသည်။
“ကိုယ်-
ဘာဖြစ်လာတာလည်း ဘယ်သူနဲ့ အဆင်မပြေဖြစ်လာတာ လည်း နေခြည့်ကိုပြောပြဦးလေ”
ငြိမ်းချမ်းဦးသည် နေခြည့်အသံကိုကြိးုက်ရသောကြောင့်
အသံလာရာ ဆီသို့ ဦးတည်ကြည့်လိုက်မိသည်။ ထို့နောက်ပျက်ယွင်းနေသည့်မျက်နာကို ချက်ခြင်းပြင်လိုက်ပြီး
နေခြည်လှမ်းပေးသေ သံပုရာရည်အေးလေးကို သောက်ကာ မှန်ကြည့်စာပွဲပေါ်သို့ တင်ထားလိုက်သည်။
ထို့နောက် နေခြ့်ပုခုံးလေးကိုကိုင်ကာ ကုတင်ပေါ်တွင်ထိုင်စေခဲ့သည်။
“နေခြည့် ကိုယ့်ဘ၀မှာ မင်းဘဲရှိတော့တယ်၊ တကယ်တော့
ကိုယ်ဟာ ဘာဆိုဘာမှကို မသိခဲ့တဲ့
လူတစ်ယောက် ဖြစ်နေခဲ့တယ် မင်းသာ ကိုယ့်အနားက ထွက်ခွာသွားမယ်ဆိုရင် ကိုယ်ဘ၀ဟာ ဘာမှရှိ တော့မှာ မဟုတ်ဘူး
နေခြည်”
“ကိုယ်ဘာတွေပြောနေတာလည်း နေခြည်ကကိုယ့်အနားကနေ ထွက်သွားမယ်လို့ ဘယ်တုန်းက ပြောခဲ့ဘူး လို့လည်း ကိုယ်”
“မင်းမပြောခဲ့ဖူးပါဘူး ဒါပေမဲ့ငါတွေးကြည့်တာပါ
ငါ့အနားမှာ မင်းမရှိ တော့ရင် ငါဟာတကယ်တစ်ယောက်ထည်း ဘဲ အဲ့တော့ မင်းလည်း သွားခြင်တယ်ဆိုရင်သွားပေါ့
နေခြင်တယ်ဆိုရင်နေပေါ့ ငါမတားပါဘူး”
ငြိမ်းချမ်းဦး၏ အကြည့်စိမ်းစိမ်းများအောက်မှ
ထွက်ပေါ်လာသော စကားလုံးစိမ်းများကြောင့် နေခြည့်မျက်နှာလေး မှင်သေလျက် မျက်လုံး ကလေး
အ၀ိုင်းသားနှင့် အံ့သြခြင်းများစွာ ငြိမ်းချမ်းဦးကိုနားမလည်သည့်အလား ကြည့်နေမိသည်။
“ကိုယ် ဘာတွေပြောနေတာလည်း နေခြည့်ကိုနားလည် အောင်ပြောဦး မှပေါ့”
ငြိမ်းချမ်းဦးသည်
နေခြည့်ကိုရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲဖက်ထား လိုက်မိသည်။
“နေခြည် မင်းကိုယ့်ကိုပြစ်မသွားပါနဲ့ကွာ မင်းမရှိရင် ကိုယ်အားငယ် နေမှာ တကယ်တော့ကိုယ်ဟာ
အရာရာ အားလုံးကို သိအောင်ကြိုးစား သင်ယူနေပေမဲ့ ကိုယ်မသိတဲ့ ကိုယ့်အကြောင်းတွေ အများကြီးရှိ
နေသေး တယ်ဆိုတာ ကိုယ်ခုမှသိလိုက်ရတယ် ကိုယ်အရမ်းကို စိတ်ညစ်တယ်နေခြည် ဒါပေမဲ့ကိုယ်အရက်မသောက်
ပါဘူး၊ ကိုယ့်ကို
ကျေးဇူးပြုပြီးအိပ်ဆေးလေးဘဲပေးပါ ကိုယ်ခနလောက်အိပ်ပျော်ပြီး အားလုံးကို မေ့ပြစ်ချင်တယ်”
အိပ်ဆေးသောက်ပြီး အိပ်မှအိပ်လို့ရသည်ကို
အလွန်မုန်းတီးသည့် ငြိမ်းချမ်းဦးတစ်ယောက် သူသောက် ခြင်ပါသည်ဆိုသည့် အိပ်ဆေးလေးကို
အသင့်ရှိနေသည့် မှန်တင်စာပွဲပေါ်တွင် နေခြည်လှမ်းယူပြီး ပေးလိုက်လေသည်။ ထို့နောက်ငြိမ်းချမ်းသည်
နေခြည်လှမ်းပေးသော ဆေးကိုလှမ်းယူကာ သောက် ရေသန့်ပူးထဲမှရေနှင့် သောက်ချလိုက်သည်။ ၁၅မိနစ်
လောက်အကြာ တွင် အိပ်ဆေးအရိုန်ကြောင့် ငြိမ်းချမ်းဦးအိပ်ပျော်သွားသည်။
အိပ်ရာမှနိုးထချိန်တွင်
နောက်တနေ့ကိုကူးလျှက် ၁၀နာရီပင်ကျော် လုပြီ။ ရေမိုးချိုးသန့်စင်ပြီး ၁၁နာရီ လောက် တွင်
မနက်စာစားရန် ထမင်းစားခန်း ထဲသို့ ငြိမ်းချမ်းဆင်းလာလေသည်။ မီးဖိုခန်းလေးထဲတွင် ချက်ပြုတ်ပြင်ဆင်
နေသော နေခြည့်ကိုငြိမ်းချမ်းလှမ်းမြင်နေရသည်။
“နေခြည် ဘာတွေလုပ်နေတာလည်း”
“ဟော ကိုယ်တောင်နိုးလာပြီကိုး
ဘာစားမှာလည်း နေခြည်လုပ်ပေး မယ်”
“အဆင်ပြေတာ လုပ်ပါ ”
“အဲ့လိုဆိုရင် နမ်းကြီးသုပ်ပေးမယ် ခနစောင့်နော်”
“အင်း ကောင်းသားဘဲ”
ငြိမ်းချမ်းဦးတစ်ယောက်
ထမင်းစားစာပွဲတွင်ထိုင်ပြီးစောင့်နေမိသည်။ ၁၀မိနစ်လောက်ကြာသော် နမ်းကြီးသုတ် ပန်းကန်လေးနှင့်
အတူ သံပုရာရည်ကို ယူပြီးပြန်ထွက်လာလေသည်။
“ကဲရပြီ စားလိုက်ဦး ရော့”
“နေခြည်ရော မစားဘူးလား”
“နေခြည်က စောနားလေးက စားပြီးပြီ ကိုယ်ဘဲဝအောင်စားလိုက်ပါ”
ငြိမ်းချမ်းဦးတချက်ပြုံးလိုက်ပြီး
နမ်းကြီးသုတ်ကိုမြိုန်ရေယှက်ရေ စားလိုက် သည်။ ထို့နောက် သံပုရာရေလေးကို တငုံသောက်ချလိုက်သည်။
“ကောင်းလိုက်တာနေခြည်ရယ် နမ်းကြီးသုတ်နဲ့ သံပုရာရေ နဲ့လိုက် တယ်”
“ယူဦးမလားကိုယ်”
“ရပြီ တော်တ်ာအဆင်ပြေသွားပြီ စားကောင်းကောင်းနဲ့စားလိုက်တာ ပန်းကန်တောင်ပြောင်သွားပြီ”
“ကိုယ့်ကို နေခြည်တခုလောက်မေးခြင်တယ်”
“ဘာမေးမှာလည်းနေခြည်”
“ကိုယ်စိတ်မဆိုးနဲ့နော်”
“မေးမယ်သာ မေးစမ်းပါမိန်းမရာ”
“မနေ့က ကိုယ်ဘာဖြစ်လာတာလည်းဟင်”
မျော်လင့်မထားသော
အမေးကြောင့် ငြိမ်းချမ်းဦးတချက်မျက် နှာပျက် သွားလေသည်။ သို့သော်ချက်ခြင်း
ဆိုသလိုပင် ပျက်ယွင်းနေသော မျက်နှာ ကိုပြင်လိုသည်။
“ကိုယ် မျှော်လင်မထားတဲ့ ကိုယ့်အကြောင်းတွေကို မမျှော်လင့်ဘဲ သိလိုက်ရလို့ပါနေခြည်”
“မျှော်လင့်မထားတဲ့ကိုယ့်အကြောင်း”
“ဟုတ်တယ် နေခြည်”
“နေခြည်သိခွင့်ရှိမလား”
“ရပါတယ်
နေခြည်ကကိုယ်ဇနီးဖြစ်နေပြီဘဲ သိခွင့်ရှိတာပေါ့”
စကားကိုဆက်ပြောရန် တခုခုကို
အားယူနေသည့် ငြိမ်းချမ်းဦး၏ အပြုအမူများကြောင့် နေခြည်အားမလို အားမရ ဖြစ်ခဲ့ရလေသည်။
“ဘာဖြစ်တာလည်းကိုယ်”
“ကိုယ်ဟာ ဖေဖေဦးထူးမော်ရဲ့ သားအရင်းမဟုတ်ဘူးတဲ့နေခြည်”
စကားအဆုံးတွင် စားပွဲပေါ်တွင်လက်ထောက်ပြီး
ခေါင်းငိုက်ကျလျက် စိတ်ဓါတ်ကျနေသည့် ငြိမ်းချမ်းဦးကို နေခြည်ဇာနာနားလည်နိုင်ခဲ့သည်။
သို့သော် နေခြည်မအံ့သြ။
“ဘယ်၊ ဘယ်လို ကိုယ်က အန်ကယ်ဦးထူးမော်ရဲ့ သားမဟုတ်ဘူး
ဟုတ်လားကိုယ် ဘယ်၊ ဘယ်လိုဖြစ်တာလည်း နေခြည့်ကို
လည်းနား လည်အောင် ပြောပါဦး”
“ဟုတ်တယ်နေခြည် ကိုယ်လည်းဒီအကြောင်းတွေကို
မနေ့ကမှ သိလိုက်ရတာ သိသိချင်းကိုယ်မယုံနိုင်ပေမဲ့
အကြောင်းအရာတွေ အားလုံးကို ဆက်စပ်ကြည့်လိုက်ရင် ကိုယ်ဟာဖေဖေ ဦးထူးမော် ရဲ့သားမဟုတ်ဘူးဆိုတာ
လက်ခံနိုင် ရမဲ့အနေအထားမှာရှိနေတယ် နေခြည်”
“ကိုယ်ပြောတာတွေကို နေခြည်တခုမှ နားမလည်ဘူး”
“အမှန်တော့ကိုယ်ဟာ အမေနဲ့သူ့ရဲ့အချစ်ဦးကရခဲ့တဲ့ကလေးတဲ့”
“မေမေရဲ့ ငယ်ချစ်လို့သိရတယ် ဦးဒေ၀ကနယ်မှာ ကုန်ကားမောင်းရင်း ကားမောက်လို့ဆုံးသွားခဲ့တာတဲ့
ပြီးတော့ မေမေ့မှာ ကိုယ့်ကို လွယ်ထားရတယ်တဲ့ အဲ့ဒီအချိန်မှာ
ဖေဖေဦးထူးမော်ရဲ့ မိဘတွေစီးပွား ကျနေတဲ့ အချိန်လည်းဖြစ် စီးပွားရေးတွေအားလုံးကိုလည်း ကိုယ့် အမေရဲ့မိဘတွေဆီမှာ ပေါင်နှံထားရတဲ့အချိန် အမေမိဘတွေက ဖေဖေဦးထူးမော်နဲ့ မေမေတို့ကို
နေရာချပေးဖို့ စီစဉ်ကြတယ်။ မေမေ့မှာလည်း ကိုယ့်ကိုကိုယ်ဝန်
လွယ်ထားရတာကို ဖိုးဖိုးဖွားဖွား တွေက
မသိကြဘူး။ အမှန်တိုင်းပြောရရင် မေမေ့မှာချစ်သူ ရှိတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး။ အဲ့ဒါနဲ့ ဖေဖေဦးထူးမော်ဟာ မိဘတွေကိုမလွန်ဆန်နိုင်တာနဲ့
သူချစ်သူဒေါ်မေလေးကိုထားခဲ့ပြီး မေမေနဲ့လက်ထပ်လိုက်ရတယ်။
မေမေကလည်း သူ့မှာကိုယ်ဝန်ရှိ နေတဲ့အကြောင်း ဖေဖေဦးထူးမော်ကို ဖွင့်ပြောတော့ ဖေဖေဦးထူးမော် က မေမေ့ကိုညီမလေးတစ်ယောက် လိုဘဲ စောင့်လျောက်လာခဲ့တာ မေမေ
မရှိတော့တဲ့နောက်ပိုင်း ကနေ့အချိန်အထိ
ကိုယ့်ကိုဖခင် တစ်နဲ့မခြား စောင့်လျှောက် လာခဲ့တာပါ ဒါပေမဲ့ခု
ကိုယ်အဲ့ဒါတွေကို ဆုံးရှုံးရတော့မယ်နေခြည်”
“ဒေါ်မေလေး
ဘယ်ကဒေါ်မေလေးလည်း ကိုယ်၊ ပြီးတော့ကိုယ် ကဘာ့ကြောင့် အရာရာအားလုံးကို ဆုံးရှုံးရ
မှာလည်း”
“ဒေါ်မေလေးဆိုတာကတော့
အခုအဖေ့အိမ်ကိုရောက်နေတဲ့ဒေါ်မေသစ္စာပေါ့ ပြီးတော့ဖေဖေက ဒေါ်မေသစ္စာကို
လက်ထပ်ဖို့ဆုံးဖြတ်ထားတယ်”
“အဖြစ်အပျက်က ဆန်းကျယ်လှချည်လားကိုယ်”
“ဟုတ်တယ်နေခြည် ကိုယ်မသိသေးတဲ့ ကိုယ့်အကြောင်းတွေ
ဘယ်လောက်တောင် အများကြီးကျန်နေဦးမှာ လည်း ကိုယ်လည်း မပြောနိုင်ဘူး ပြီးတော့ကိုယ်မနေ့က
အဖေ့အိမ်က ခင်ထွေး နဲ့အောင်အောင်ကို အမွေးစား အမွေခံအဖြစ် မွေးစားဖို့ ဒေါ်ကြီးသုန်ကို တိုင်ပင်တုန်းက
ဒေါ်ကြီးသုန်ပြောတဲ့စကားကို ပြန်ပြီး ဆက်စပ် ကြည့်ရင် ဒေါ်မေသစ္စာဟာ ဖေဖေ့ရဲ့ငယ်ချစ် မေလေးဆို
တာဘဲဖြစ် ရမယ် နေခြည်”
“ကိုယ့်စိတ်ကိုယ်ဖြေနိုင်အောင်ဘဲ ကြိုးစားရမှာ ပေါ့ကိုယ်ရယ်
အန်ကယ်ဦးထူးမော်ဖက်ကကြည့်မယ်ဆိုရင်လည်း
ကိုယ့်အပေါ်ကိုသားအရင်းတစ်ယောက်နဲ့မခြား
ဒီနေ့ဒီအချိန်အထိ ပြုစုစောင့်ရှောက်လာတဲ့ ကျေးဇူးတရား တွေရှိနေတယ် ပြီးတော့ ကိုယ်နေခြည်နဲ့အိမ်ထောင်ကျပြီး
အိမ်ခွဲနေလိုက်တဲ့နောက် သူဖက်က ကြည့်မယ်ဆိုလည်း အထီးကျန်သလို ခံစားနေရမှာပေါ့ နောက်ပြီး
အသက်အရွယ်ကလည်း ရလာပြီတော့
ဆေးပေးမီးယူ တစ်ယောက် လောက်တော့ အနားမှာ ရှိသင့်တယ်လေ”
“ဒေါ်ကြီးသုန်လည်း နေခြည်တွေးသလိုဘဲ တွေးခဲ့တာပါ ကိုယ်က ကိုယ်ဘာလည်းဆိုတာကို မသိသေးတဲ့ အချိန်
တုန်းဖေဖေ ဒေါ်မေသစ္စာ လက်ထပ်မဲ့ကိစ္စကို ကိုယ်ကန့်ကွက်ခဲ့တယ် ခုတော့”
“ခုတော့ဘာဖြစ်လည်းကိုယ်”
“ဖေဖေစိတ်ချမ်းသာပါစေတော့”
နေခြည်ပြုံးလိုက်မိသည်။
ထိုအပြုံးလေးတွင် ၀မ်းသာခြင်းများနှင့်အတူ နားလည်ခြင်းများစွာ ပါဝင်နေသည်ကို ငြိမ်းချမ်းဦးနားလည်လိုက်မိသည်။
“ကလင်လင်းးးးးးးးး---
ကလင်းလင်းးးးးးးးးးးးး”
အိမ်ရှေ့ဧည့်ခန်းလေးမှ
တယ်လီဖုန်းလေးမည်သံကြောင့် နေခြည် တစ်ယောက် တယ်လီဖုန်းနားလေးသို့ လျောက် လာခဲ့သည်။
“ဟယ်လို”
“xxxxxxxxxxxxxxx”
“ဟုတ်ကဲ့ သမီးတို့ခုဘဲလာခဲ့ပါ့မယ်
ဒေါ်ကြီးသုန်”
စကားနေခြည့်စကားအဆုံးတွင် ငြိမ်းချမ်းဦးနေခြည့်အနားသို့ ရောက်
လာလေသည်။
“အန်ကယ်က အိမ်ကိုလာခဲ့ပါဦးတဲ့ ကိုယ်”
“ဖေဖေက”
“ဟုတ်တယ် အရေးကြီးတဲ့ကိစ္စ တိုင်ပင်ချင်လို့တဲ့”
“သွားကြတာပေါ့နေခြည် ခုဘဲလား”
“ဟုတ်တယ် ခုလာဖို့ ဒေါ်ကြီးသုန်ကဖုန်းဆက်ပြောတာ”
“ဒီလိုဆိုလည်း ကိုယ်တို့အ၀တ်အစားလဲပြီး
သွားကြတာပေါ့”
X
– X – X – X – X – X – X – X – X – X
ဦးထူးမော်၏ အိမ်လေးတွင်းသို့
လှမ်းဝင်လိုက်သည်နှင့် ဧည့်ခန်း လေးထဲတွင် စိတ်မချမ်းမြေ့စွာထိုင်နေသော ဦးထူးမော်နှင့်
ဘေးနားလေးတွင် တည်ငြိမ်စွာရပ်နေသည့် ဒေါ်ကြီးသုန်တို့က ဆီးကြိုနေလေသည်။ ဦးထူးမော်၏
လက်ထဲတွင် ၆လက်မ၄လက်မရှိ အဖြူရောင် ကပ်လေးတကပ်ကိုလည်း ကိုင်ဆောင်ထားလေသည်။
“ဖေဖေတို့ ဘာဖြစ်နေကြတာလည်း”
“အော် သားတို့တောင်ရောက်လာပြီကိုး
ထိုင်ကြ ဒေါ်ကြီးသုန် အအေးလုပ်ခဲ့ဗျာ”
ဒေါ်ကြီးသုန် ထွက်ခွာသွားပြီးနောက် ဦးထူးမော်လက်ထဲတွင် ကိုင်ဆောင်ထားသည့် ထိုအဖြူရောင်
ကပ်ပြား လေးကို ငြိမ်းချမ်းဦး ကိုလှမ်းပေးလိုက်သည်။ ထိုအရာလေး၏တစ်ဖက်တွင် ရုပ်ပုံလေးများ
တည်ရှိ နေသည့်ဓါတ်ပုံ လေးတစ်ပုံပင်ဖြစ်ပေသည်။ ငြိမ်းချမ်းဦးသည် ထိုပုံလေးကို ကြည့်ပြီး ဦးထူးမော်ကို နားမလည်စွာ ဘာများပါ့လိမ့်ဆိုသည့်
အဓိပ္ပါယ်ကို ဆောင်သည့် အကြည့်ဖြင့်ပြန်ကြည့်လိုက်မိသည်။
“ဒီပုံက ဆူးကျတော့်ကိုပေးခဲ့တဲ့ပုံဘဲ
အဖေဘာဖြစ်လို့လည်း”
“ဟုတ်တယ်သား မင်းကိုပြချင်တာက ဆူးကိုမဟုတ်ဘူး ဆူးဘေးနား ကထိုင်နေတဲ့ အမျိုးသမီးကိုပြခြင်တာ”
“ဆူးပြောတော့ သူကဆူးရဲ့အမေတဲ့”
“ဟုတ်တယ်သား သူကဆူးရဲ့အမေဘဲ ပြီးတော့ခင်ထွေးနဲ့ အောင်အောင်တို့ရဲ့အမေ
ဒေါ်မေသစ္စာဘဲသား”
“ဗျာ”
အံ့သြခြင်းများနှင့်အတူ မည်သည့်အရာကိုမှ နားလည်နိုင်စွမ်းမရှိသည့် ငြိမ်းချမ်းဦးတစ်ယောက်
ဦးထူးမော်ကို မျက်လုံးကလေးများကလည်ကလည် ဖြင့်ကြည့်နေမိသည်။
“နေခြည်လည်း ဦးတို့မိသားစုဝင်ဖြစ်နေပြီဆိုတော့
ဘာကိုမှကွယ်ဝှက် မထားတော့ပါဘူး သားဟာအဖေ့သွေး မဟုတ်မှန်းသားသိပြီးပြီ ဒါပေမဲ့အဖေ့သွေးမပါတဲ့
သားကိုအဖေကအဖေတစ်ယောက်ရဲ့ မေတ္တာ ထက်မလျော့တဲ့ မေတ္တာ တရားတွေနဲ့ အဖေစောင့်ရှောက်လာခဲ့တာပါ ဒါကိုတော့သားအကြွင်းမဲ့ ယုံစေခြင်ပါတယ်”
“ကျတော်ယုံပါတယ်အဖေ”
“အဖေနောက်တခုထပ်ပြောခြင်တာက ဒေါ်မေသစ္စာဆိုတဲ့ ဆူးတို့ အမေဟာ တခြားလူးမဟုတ်ပြန်ဘူး မေလေး
ဆိုတာ သူဘဲသား
ပြီးတော့သားသိထားပြီးတဲ့အတိုင်း မေလေးက နှလုံးရောဂါသည် လေးရယ်၊ ဆူးမနဲ့အထွန်းရဲ့
ကိစ္စတွေသာ သူသိခဲ့မယ်ဆိုရင် သူ့ဘ၀က ရင်လေးစရာဘဲ ကျန်းမာရေး အခြေ အနေအရ အဖေကသူ့ကို
ရန်ကုန်မှာဆေးကုဖို့ ခေါ်လာခဲ့တာ ခုတော့ သူဒီမှာမရှိတော့ဘူးသား”
“ဗျာ”
ငြိမ်းချမ်းဦးတစ်ယောက် တချိန်တုန်းက ဆေးရုံတွန်းလှဲလေးပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတဦးကို
အမှတ်တမဲ့တွေ့လိုက်ရသည်ကို ပြန်လည် သတိရမိသည်။
“ဟုတ်တယ်သား အဖေတို့ ကံမပါလို့ ဝေးခဲ့ကြရတယ် ခုပြန်ဆုံတဲ့အချိန်မှာ
မေလေးဟာသိမ့် သနားစရာ ကောင်း တဲ့ သူတစ်ယောက်ဖြစ်နေတယ်
သူဟာကနေ့အချိန်အထိ အထွန်းနဲ့ ဆူးတို့ကိုမျော်လင့်နေတုန်းဘဲသား”
“ကျတော်နားလည်ပါပြီအဖေ ကျတော်ဆူးအပေါ်မှာ တင်ကျန်နေတဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ အချိန်တန်ပါပြီ ခုဒေါ်မေသစ္စာ
ဘယ်မှာ လည်းအဖေ”
“သူမရှိတော့ဘူး”
“ရှင် သူမရှိတော့ဘူးဟုတ်လားအန်ကယ်”
ထိုတချိန်လုံးတိတ်ဆိတ်စွာ နားထောင်နေသော နေခြည့်တစ်ယောက် ဦးထူးမော်ကို
တအံ့တသြမေး လိုက်မိ သည်။
“ဟုတ်တယ် ဒီမနက် အိပ်ရာနိုးတော့ မနက်စာဆင်းစားတာ မတွေ့တာနဲ့ ဒေါ်ကြီးသုန်နဲ့ သူ့အခန်းကို သွားကြည့် ခိုင်းတော့ သူကြောင့်အဖေတို့သားအဖကြားမှာ
မပြေလယ်တဲ့ အကြောင်းတရား တွေ ရှိလာမှာကို စိုးတာနဲ့ သူ့က လေး တွကိုခေါ်ပြီး
အိမ်ပေါ်က ဆင်းသွားပြီလို့သိရတယ်”
“စိတ်မပူပါနဲ့ အဖေရယ် ကျတော်တို့ဝိုင်းပြီးရှာပေးပါ့မယ် အဖေသာ ကျတော်တို့ကို သူနေတဲ့ရွာလေးကိုပြောပြပါ”
“ဟုတ်ပါတယ် အန်ကယ်သမီးတို့
ကူရှာပေးပါ့မယ်”
ငြိမ်းချမ်းဦး၏စကားလုံးများကို နေခြည်ပါ ၀င်ထောက်ခံလေသည်။
X
– X – X – X – X – X – X – X – X – X
ထိုဦးထူးမော် ညွန်သည့်လိပ်စာလေးအတိုင်း
ငြိမ်းချမ်းဦးနှင့် နေခြည်တို့ သည် ဒေါ်မေသစ္စာ တို့သားအမိကိုရှာဖွေရန် ရထားတတန် ကားတန်လှည်း
တတန်နှင့် ရောက်ရှိလာလေသည်။ ခရီးဝေးစွာလာ ခဲ့ရပါသော်လည်း ဦးထူးမော် ပြောသည့် ရွာအပြင်ဖက်ရှိ
ယာတဲလေးကိုရောက်လာကြပါသော်လည်း သူတို့မျော်လင့် ထားသည့် ဒေါ်မေသစ္စာတို့ သားအမိကိုယ်စား
လူမနေတာ ကြာပြီဖြစ်သည့် ပျက်စီးနေသည့် တဲလေးတစ်လုံး တောရိုင်း မျက်များ ထူထပ်နေသည့်
ယာခင်းလေး တခင်းသူတို့ကိုစောင့်ကြိုနေလေသည်။ ထိုယာခင်းလေး နှင့် တဲအိုလေးကို ခေတ္တရပ်ကြည့်နေမိပြီး
ငြိမ်းချမ်းဦးသည် စိတ်ဓါတ်အလွန်ကျသည့် မျက်နာလေးဖြင့် လှည်းလေးရှိရာသို့ ပြန်လည်လျောက်လာလေသည်။
နေခြည်နွေးသည်လည်း ငြိမ်းချမ်းဦးနောက်သို့ တပ်ကြပ်မခွာ လိုက်ပါလာ ခဲ့သည်။ လှည်းဆရာလေးသည်
ထိုသူနှစ်ဦးကို ကြည့်ကာ အလွန်ပင် စိတ်မ ကောင်းလှ။
“အကိုလေးနဲ့ အမလေးတို့က ဒေါ်မေသစ္စာနဲ့ ဘာတော်လို့လည်းဗျာ”
လှည်းဆရာ၏ မေးခွန်းကို
ငြိမ်းချမ်းဦးဘာမှတုန့်ပြန်မှုမရှိ။ နေခြည်သည်သာ အဆင်ပြေသလို ဖြေလိုက်လေသည်။
“တချိန်က ကျမတို့ရဲ့ ကျေးဇူးရှင်တွေပါ”
“အော်ဒါကြေညင့် ကျေးဇူးဆပ်မလို့လိုက်ရှာကြတာလားဗျာ”
“ရှင်-အော်ဟုတ်-ဟုတ်ပါတယ် သူတို့ဘယ်ပြောင်းသွားကြလည်း ဦးလေးသိလား”
“မသိပါဘူးကွယ် ဦးလေးသိသလောက်ပြောရင် တော်တော်လေး သူနေထိုင်မကောင်း ဖြစ်တာနဲ့
မြို့သူ့မိတ်ဆွေ တစ်ယောက်က ဆေးကုဖို့ဆိုပြီး မြို့ကိုခေါ်သွားလိုက်တည်းက ခုချိန်ထိ ပြန်ပေါ် မလာတော့ပါဘူး”
ထိုလမ်းစ ပြောက်သွားသောကြောင့်
မျော်လင့်ချက်ကင်းမဲ့စွာ ငြိမ်းချမ်းဦးနှင့်နေခြည်တို့နှစ်ဦး ပြန်လှည့် လာခဲ့ကြ ရသည်။
X
– X – X – X – X – X – X – X – X – X
ဆူး-မင်းရဲ့အရိပ်ကလေးအဖြစ် ကျန်ရစ်နေခဲ့တဲ့ မင်းရဲ့အမေနဲ့
ညီလေး၊ညီမလေးတွေကို ကိုယ်တတ်နိုင် သလောက် စောင့်ရှောက်ပါ့မယ်လို့ မင်းကိုကိုယ်ကတိပေးပါတယ်ဆူး။
အိပ်ရာထက်တွင် အိမ်မပျော်နိုင်သော ငြိမ်းချမ်းဦးသည် ဆူးနှင့်ပါတ်သက်ခဲ့သည့်
အတွေးများစွာတို့က ခေါင်းလေးထဲ တွင် တရိပ်ရိပ်ပေါ်လာလေသည်။ သူနှင့် ဆူးတို့ အချစ်နယ်လွန်ခဲ့သည့်
နေ့ရက် ကို ကနေ့ထိထိုင်သူမေ့မရခဲ့။
“အိပ်သေးဘူးလားကိုယ်”
အိပ်ရာထက်မှ အိမ်မပျော်စွာဖြစ်နေသော
ငြိမ်းချမ်းဦးကို တရေးနိုး လာသော နေခြည်မှလှမ်းပြီးမေးလိုက်လေ သည်။
“အော် နေခြည်တောင် တရေးနိုးလာပြီဘဲ အိပ်တော့မှာပါ
အဖေ အကြောင်းလေးစဉ်းစားနေလို့ အိပ်မပျော်ဖြစ်နေတာ”
နေခြည်နွေးပြုံးမိသည်။
“ကိုယ့်ဖေဖေအကြောင်းပြီးတော့ ဒေါ်မေသစ္စာအကြောင်း
နဲ့ဆက်နွယ် နေပြီး နောက်ဆုံးတော့ ဆူးဆိုတဲ့ ကိုယ့်ရဲ့ အချစ်ဦးအကြောင်းကို စဉ်းစားပြီးအိပ်မပျော်ဖြစ်နေတာ
မဟုတ်လားကိုယ်”
“နေခြည်ရယ် ဘာတွေပြောနေတာလည်း”
နေခြည်ပြောလိုက်သော
စကားများသည် သွေးထွက်အောင် မှန်နေ သာကြောင့် ငြိမ်းချမ်းဦးတစ်ယောက် နေခြည့်ကို အားနာသည့်
အကြည့်လေး များဖြင့် ကြည့်ပြီးပြန်ပြောမိသည်။
“နေခြည်သိပါတယ်ကိုယ် နေခြည့်ရင်ထဲမှာလည်း ဘာတွေဖြစ်
နေလည်းဆိုတာကို ကိုယ်တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်။ နေခြည်လေ လောကကြီးမှာ မရှိတော့တဲ့
ဆူးဆိုတဲ့ မိန်းကလေးနဲ့ ယှဉ်ရင် ကိုယ့်ရင်ထဲမှာ နေခြည်ဆိုတာ မြူတမုန်စာလောက်ဘဲ ရှိနေတယ်ဆိုတာ
နေခြည်သိတာပေါ့ နေခြည်လေ--”
“တော်ပါတော့နေခြည်ရယ် နေခြည်ဟာကိုယ့်အပေါ်ကို နားလည်နိုင်
ဆုံးသော သူတစ်ယောက်ပါ ကိုယ်နေခြည့် အပေါ်ကို ဘယ်တော့မှ သစ္စာ မဖောက်ဘူးဆိုတာ ကိုယ်ကတိပေးပါတယ်နေခြည်”
ရှေ့ဆက်ပြောလာမဲ့
နေခြည့်စကားလုံးများကို ဆက်မကြား ရက်သောကြောင့် နေခြည်၏နှုတ်ခမ်းလေးကို လက်ညိုးလေးဖြင့်
တေ့ပြီးမပြောရန် ဟန့်လိုက်လေသည်။ ထို့နောက်ငြိမ်းချမ်းဦးတစ်ယောက် နေခြည့်ကို ရင်ခွင်ထဲသို့ထည့်
ကာ အိပ်ပျော်နိုင်အောင် ကြိုးစားလိုက်လေသည်။ ညက ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိ။ လက်ကိုင်ဖုန်းလေးမှ
မည်သော အသံ ကြောင့် အိပ်ခြင်မူးတူးဖြင့် ဖုန်းကိုလှမ်းရှာလိုက်လေသည်။
“ဟဲလို”
“ကိုငြိမ်းချမ်းဦးနဲ့ စကားပြောချင်လို့ပါ”
“ဟုတ်ကဲ့ကျတော်ငြိမ်းချမ်းဦးပါ”
“ကိုငြိမ်းချမ်းဦးနဲ့နေခြည်နွေးတို့ ဒေါ်မေသစ္စာကို
လိုက်ရှာနေ ကြတယ်လို့သိရပါတယ် အဲ့ဒါကို ပြောပြခြင်လို့ ဖုန်းဆက်လိုက်တာပါ”
“ဗျာ ဟုတ်-ဟုတ်ကဲ့ ကျေးဇူးကြီးလှပါတယ်ဗျာ
ပြောပါပြောပါ သူအခု ဘယ်မှာလည်း”
“ရန်ကုန်ဆေးရုံကြီးမှာပါ”
No comments:
Post a Comment