REPRBLICE OF THE
UNION OF MYANMAR ဆိုသည့်ခေါင်းစဉ်အောက်တွင်
အမည်နေမှာတွင် အင်္ဂလိပ်လိုဖြင့် SUE, MYANMAR, 19 JUN 88 ဟုထင်ထင်ရှားရှားမြင်တွေ့လိုက်ရခြင်းကြောင့်
သူတဖန်အံ့သြ သွားရပြန်ပါသည်။ ဆူးဆိုတာသူ စိတ်ဝင်စားနေတဲ့ ကောင်မလေးဘဲ
တပ်အပ်သိလိုက်ရချိန်တွင် သူ၏စိတ်ထဲတွင် ၀မ်းသာဝမ်းနဲ ဖြစ်ခဲ့ရသည်မှာ အမှန်ပင်။။
“သူမကမြန်မာတဲ့။ သူမဒိုင်ယာရီထဲမှာ ၈တန်းနဲ့တင် ကျောင်း ထွက်ခဲ့ရတာဆိုပြီး
သူမရဲ့ အင်္ဂလိပ်စာ အသံထွက်က ငါတောင်အံ့သြယူရတယ်။” သူ့စိတ်ထဲတွင်
သူမသည် မြန်မာတဦး ဖြစ်နေသောကြောင့် ၀မ်းနဲဝမ်းသာ ဖြစ်ခဲ့ရပါသည်။ သူမဘာ့ကြောင့်ဒါတွေကို
ဖုံးကွယ်ထားရပါသနည်း။ သူသည်လက်ပတ်နာရီလေးကိုတချက် ငုံ့ကြည့်လိုက် သည်။ အချိန်ကာမွန်းလွဲ
၁နာရီးထိုးတော့မည်မို့ အခန်းလေးထဲမှ သူအမြန်ဆုံး ထွက်ခဲ့ပါသည်။
ဒီနေ့နေသိမ့်မကောင်းလို့ ဆူးအခန်းထဲမှာ အနားယူနေခိုက် လုပ်ဖော် ကိုင်ဖက်ဖြစ်သူ
သန့်ရှင်းရေး အလုပ်သမားတဦးမှ တံကားခေါက်သံကြောင့် ဆူးထလာပါသည်။ သူမလက်ထဲတွင်အဖြူရောင်စာအိပ်လေ
းတစ်လုံး စာအိပ်လေးထိပ်တွင် TO,
SUE ဆိုပြီးအခုအလုပ်လုပ် နေသောတည်းခန်း အမည်ပါအပြည့်အစုံတပ်ထားသည်။ သူမစာကိုလှမ်းယူပြီး
အခန်းထဲသို့ ပြန်ဝင်ကာ “ဆူး ထံသို့ဆိုပါလား ဘယ်သူ့ဆီကလည်း ငါ့မှာအသိ
မိတ်ဆွေလည်း မရှိဘဲနဲ့၊ အို---- ဘာဘဲဖြစ် ဖြစ် ဖတ်ကြည့်တာကောင်းပါတယ်”
အချစ်နှင့်နှောင်ကြိုး |
ဆူး…………..
ကိုယ်ငြိမ်းချမ်းဦးပါ။ ဒီနေ့မနက်အစောကြီး လေယာဉ်နဲ့ မြန်မာပြည်ကို ကိုယ်ပြန်သွားပြီ။
ကျတော့်ကို စိတ်မဆိုး ပါနဲ့လို့ ကျတော်ကြိုတင်ပြီးတောင်းပန်ပါတယ်။ ကျတော့်ကို မြန်မာ
ပြည်သားမိတ်ဆွေ တစ်ယောက်အနေနဲ့ အသိအမှတ်ပြုတယ်ဆိုရင် အခုစာနဲ့အတူထည့်လိုက်တဲ့ သော့ကိုလက်ခံပေးပါ။
ပြီးတော့မြန်မာဖြစ်ပြီး မြန်မာလို့မ၀န်ခံတဲ့ဆူးကိုလည်း ကျတော်နားမလည်ဘူး။ ဒါကကိစၥမရွိပါဘူးေ။
ဆူးအကြောင်းနဲ့ဆူးရှိမှာပေါ့။ အခုကျတော်ပေးတဲ့
သော့လေးနဲ့ ဆူးနေတဲ့အခန်း ဆူးအပြင်ထွက်ရင် သော့လေးဘာလေး ခတ်လို့ရအောင်
ကျတော်လက်ဆောင်အဖြစ် ပေးခဲ့တာပါ။ ဆူးကိုမြန်မာမှန်း ကျတော် သိလိုက်ရတဲ့အချိန်မှာ ကျတော်အရမ်းကို
ဝမ်းသာမိပါတယ်။ ဒါပေမဲ့ဆူးရဲ့ဘ၀အကြောင်းကို သိလိုက်ရတဲ့ အချိန်မှာ ကျတော့အရမ်းကို ၀မ်းနည်းခဲ့ရပါတယ်။
ဒီလိုဆိုရင်ကျတော်ထိုင်းကို မကြာမကြာလာဖြစ်မှာ သေချာနေပြီဆူး။ ဘာလို့လည်းလို့တော့မတွေးပါနဲ့
ဆူးပင်ပန်းနေမှာစိုးလို့ပါ။ ပြီးတော့ကျတော်ဟာ သူခိုးတစ်ယောက် မဟုတ်ခဲ့ပါဘူး။
စပ်စုလိုတဲ့အရင်းခံ စိတ်လေးကရှိနေတာမို့ ဆူးအကြောင်းလေးတွေကို သိလိုက်ရတဲ့ အတွက်
ကျတော့်ကိုတော့ ဆူးမမုန်းလိုက်ပါနဲ့။
ငြိမ်းချမ်းဦး
“ဟာ-မင့်ဟာကြီးကလည်း လဒရေငတ်သလိုဘဲကွာ ဆန့်ငင်ဆန့်ငင်နဲ့”
“အေး-
ဒါကြောင့် နောက်အပတ်ကျရင် နင်ထိုင်းကိုသွားမယ်ဆိုပေါ့”
“ဟုတ်တယ်
အိစုမွန်”
“နင်နေခြည့်မျက်နှာတော့
ထောက်သင့်တယ် ငြိမ်းချမ်း”
“ဘာဆိုင်လို့လည်းကွာ ငါနေခြည့်အပေါ်ကို ငယ်သူငယ်
ချင်းသံယော စဉ်ဘဲရှိတာ”
“ဒါပေမဲ့သူက
မင်းကိုတဖက်သက်”
“ပြောမနေနဲ့တော့ သန္တာ- ဒီကောင်
ပျိုမှန်းမသိ အိုမှန်းမသိ တည်းခို ခန်းမှာ အလုပ်လုပ်နေတဲ့ မိန်းမတစ်ယောက် ကို ကြိတ်ပိုးနေတာ
ဒီကောင်ရူးနေပြီ”
“ဟုတ်တယ် ငြိမ်းချမ်း မိန်းမကောင်းမှန်ရင် ဒီအချိန်ဒီအရွယ်ဆိုတာ
မိဘအုပ်ထိန်းသူ လက်အောက်မှာ နေရမည့်အရွယ်ကွ”
“တော်စမ်းပါကွာ၊ မင်းတို့ဘာကိုမှဂဂနနမသိဘဲနဲ့
ထင်ရာတွေ လျှောက်ပြောမနေနဲ့ ဆူးကိုငါယုံတယ်ကွာ”
“နေစမ်းပါဦး မင်းကိုဟတ်ထိသွားရလောက်အောင် သူကနေခြည့်လောက်
ဆွဲဆောင်မှုရှိလား နောက်သူ့ ဒိုင်ယာရီထဲမှာ ဘာတွေရေး ထားလည်း”
“အေး-နေခြည့်လောက် ရုပ်ရေရူပကာမရှိရင်တောင်
သူ့ထက်မလျှော့ ဘူးဆိုတာ ငါတပ်အပ်ပြောနိုင်တယ်။ သူ့ဒိုင်ယာထဲမှာ ဘာတွေရေး ထားလည်းဆိုတာတော့
သူ့ရဲ့ဂုဏ်သိက္ခာကို စောင့်သိတဲ့အနေနဲ့ ငါပြောမပြနိုင်ဘူး”
“ဟေ့ကောင်တွေမင်းတို့ မေးမနေနဲ့ အတူသွားတဲ့ငါ့ကိုတောင်မှ
ဒိုင်ယာရီထဲမှာ ဘာတွေရေးထားလည်းဆို မေးတာတောင် ငါ့ကို မပြောဘူး”
နောက်ကနေ ငြိမ်းချမ်းတို့ဝိုင်းကိုတည့်တည့်
လျှောက်လာရင်းမှ ထိုင်းနိုင်ငံသို့သွားစဉ် အတူပါသွားသော ငဦး၏အသံကြောင့် အားလုံး လှည့်ကြည့်မိသည်။
ငဦးဝိုင်းထဲရှိထိုင်ခုံအလွတ်တလုံးပေါ်တွင် ၀င်ထိုင်လိုက်သည်။
“ငြိမ်းချမ်း ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်းသိအောင်တော့
အရင် လုပ်သင့်တယ်”
“ဟုတ်တယ်ငြိမ်းချမ်း မင်းဒုနတသော ထိုက်နေဦးမယ်နော်”
“သန္တာပြောတာဟုတ်တယ်ဟေ့ရောင်”
“ငြိမ်းချမ်း-မင့်ကောင်မလေးအခန်းထဲမှာ
အဖော်တွေဘာတွေ မတွေ့ မိဘူးလား”
“ငဦး-မင်းမို့ဒီစကားပြောတယ်၊
အေးမင်းတို့ကိုငါပြောမယ်၊ ဆူးကိုငါ ယုံတယ်၊ သူ့ကိုဘဲငါချစ်တယ်၊ သူ့ဘာဘဲ ဖြစ်နေနေ ငါသူ့ကို
လက်ထပ်ဖြစ်အောင်လက်ထပ်မယ် ဒါဘဲ”
“နင်အရူးဘဲ ငြိမ်းချမ်း နင်ရူးနေပြီ
ပျိုမှန်းမသိ အိုးမှန်းမသိ တခုလတ် မုဆိုးမဆိုရင် နင်ဘယ်လိုလုပ်မှာလည်း”
“တလုလတ်မုဆိုးမကမှတော်ဦးမယ် တော်ကြာနေလင်ရှိမယားဆိုရင် မင်းဘယ်နဲ့လုပ်မှာလည်းငြိမ်းချမ်း"
“လင်ရှိမယားဆိုရင်လည်းနောက်ဆုတ်လို့ရသေးတော်ကြာသော မစားသာအထွေးသာတဲ့
အဖော်ဆောင်တဲ့ မိန်းကလေးဆိုရင်တော့”
“ဟုတ်တယ်-ငါရူးနေတာစုမွန်၊
ဒါပေမဲ့နင်တို့လိုမျိုး သူတစ်ဖက်သားရဲ့ အကြောင်းကို ဂဂနနမသိဘဲနဲ့ အထင်မြင် သေး တာကိုငါမကြိုက်ဘူး”
“ပြီးရောကွာ
နောက်မှငါတို့ကို ကယ်ပါယူပါလာမအော်နဲ့ဟေ့ရောင်”
X – X – X – X – X – X – X – X –
X – X
“သား-
မင်းဘာဖြစ်လို့ ထိုင်းကိုသွားမှာလည်း အဖေ့ကိုပြောစမ်း”
“အဖေဘဲပြောတော့ ယိုးဒယားပစ္စည်းတွေ
Quality ပြည့်တယ်ဆို ခုစက်ရုံအတွက် လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်မလို့ပါအဖေ”
“မင်းအကြောင်းကို ငါမသိရင်ခက်မယ်ငြိမ်းချမ်း မင်းထိုင်းမှာ
ကောင်မ လေး တစ်ယောက်ယောက်နဲ့ ဇတ်ရှုပ်ထား တယ်မဟုတ်လား”
“မရှုပ်ရသေးပါဘူး အဖေရာ အဖေ့ကိုဘယ်သူပြောလည်း”
“သဘောက ရည်ရွယ်ချက်တော့ရှိတယ်ပေါ့ပြောစမ်း”
“အဖေ”
“အဖေတွေဘာတွေလုပ်မနေနဲ့မင်းကိုငါပြောမယ် မင်းရှုပ်ရှုပ်ရှပ်ရှပ်တွေ
လုပ်မလာနဲ့နော်၊ မင်းကိုနေခြည်နဲ့ လူကြီးချင်း သဘောတူထားပြီး သားကွ”
“အဖေကလည်းဗျာ မိန်းကလေးဖက်ကိုလည်း ထည့်ပြီးစဉ်းစားဦးမှပေါ့ ဟိုကကျတော့်ကိုကြိုက်မှန်းမသိ မကြိုက်မှန်းမသိ”
“မင်းအကြောင်းငါသိတယ်ငြိမ်းချမ်း မင်းအပြစ်လွတ်အောင်
ပြောမနေနဲ့ ဒီကိစ္စကိုမိန်းကလေးရှင်ဖက်ကရော ကာယကံရှင်ကိုယ်တိုင် သဘော တူလို့ စီစဉ်ထားတာ”
“ဟာဗျာ အဖေကလည်း ကျတော်တို့ကချစ်သူတွေမှမဟုတ်တာ၊
ကျတော်သူ့ကို ငယ်သူငယ်ချင်း သံယောစဉ် ထက်မပိုနိုင်ပါဘူး”
“အေးမင်းကိုလည်း နေခြည်ကလွဲလို့ ဘယ်မိန်းကလေးနဲ့မှ
ငါသဘော မတူနိုင်ဘူးကွ”
ငြိမ်းချမ်းသည်
ဖခင်ဖြစ်သူကို စိတ်ဆိုးကြည့်အကြည့်ဖြင့် တချက်ကြည့်
ပြီးထထွက်သွားလေသည်။ ဧည့်ခန်းအ၀င်ဝတွင် ခေတ္တလှပသော ၂၀ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်
လေးလံသောခြေလှမ်းများ နှင့်အတူ ဧည့်ခန်းထဲသို့ ၀င်လာပါသည်။
“ဟော-သမီးနေခြည်လာထိုင်
ခုလေးတင်သမီးအကြောင်း ပြောနေ တာ အသက်ရှည်ဦးမယ်”
“နေခြည်အကုန်ကြားပြီးပါပြီအန်ကယ်၊ ငြိမ်းချမ်းစိတ်ချမ်းသာ
သလို သာနေပါစေ၊ သူ့ကိုမတင်းကြပ် မတိုက်တွန်း ပါနဲ့တော့”
“သမီးရယ်- သမီးလိုသဘေားထာပြည့်ဝတဲ့
မိန်းကလေးမျိုးကို ဒီကောင်ခုလိုပြောတာ အန်ကယ်မခံနိုင်လွန်းလို့ပါ။ ပြီးတော့အန်ကယ် ကိုယ်တိုင်က
သမီးကိုသမီးရင်းလိုချစ်ခဲ့တာဆိုတော့ ဘာဘဲဖြစ်ဖြစ် ဒီကိစ္စကိုတော့ အန်ကယ် အလျှော့ပေးလို့မဖြစ်ဘူး”
“ရှိစေတော့အန်ကယ် သမီးပြန်လိုက်ပါဦးမယ်၊ အော်လာရင်း
ကိစ္စ တောင်မေ့နေတယ်၊ ဖေဖေကအန်ကယ်တို့ သားအဖကိုထမင်းစား ဖိတ်ခိုင်းလိုက်တာ ညနေဆက်ဆက်လာခဲ့ပါလို့
မှာလိုက်တယ် အန်ကယ် သမီးသွားလိုက်ပါ ဦးမယ်”
“အေးအေး”
X – X – X – X – X – X – X – X –
X – X
ဆူး ကိုယ်ထိုင်းကို ရောက်နေပြီမကြာခင် မင်းရှိတဲ့တည်းခိုခန်းလေးကို ကိုယ်ရောက်တော့မယ်။
ဒီတကြိမ် လာခြင်းဟာ ကိုယ့်အတွက် သတို့သမီးလောင်းရှာဖွေခြင်းဆိုတာကို ဆူးလက်ခံပေးပါ။
ငြိမ်းချမ်းဦးတစ်ယောက် TAXI ငှားပြီးဆူးအလုပ်လုပ်သည့်
တည်းခိုခန်းလေးသို့ ဦးတည်ပြီးလာခဲ့သည်။ အခန်း ငှားပြီးနောက် ဆူးကိုတွေ့လိုတွေ့ညှား
တည်းခိုဆောင်ဝန်းကျင်သို့ လျှောက်ကြည့်သည်။ သို့သော်အချင်းနှီးပင် သူချစ်သောဆူး၏ အရိပ်အရောင်မျှ
ပင်မတွေ့ရ။ သူဆူးတို့အလုပ်သမားများနေသော တန်းလျှားလေးဖက်ကို လျှောက်သွားကြည့်သည်။ ဆူးရဲ့အခန်းလေး
သော့ပိတ်ထား သည်ကိုတွေ့လိုက်ရသည်။ ထိုသော့သည် သူပေးခဲ့သော သော့လေးပင်။ ထိုမြင်ကွင်းကြောင့်လည်း
သူ့ရင်ထဲတွင် နွေးထွေးမှုတခုကိုရလိုက်သည်။ ဘာဘဲဖြစ်ဖြစ်ဆူးသည် သူ့ကို
အသိအမှတ်ပြုခြင်းဖြင့် ကြိုဆိုလိုက်သည်ဟု သူလက်ခံယုံ ကြည်လိုက်သည်။
သူသည်အားကစားဝတ်စုံဖြင့် တည်းခိုခန်းပန်းခြံရှိ လမ်းအသွယ် သွယ်တွင် အပြေးအားကစား
လေ့ကျင့်နေမိသည်။ သူသည် ကောင်မလေးနှင့်အတူ မနက်တိုင်းလမ်းလျောက်ခွင့်ရခဲ့မည်ဆိုလျှင်
လောကကြီးတွင် သူ့လောက် ပျော်ရွင်မည့်သူ ရှိမည်မဟုတ်မှန်းသူတွေးလိုက်မိသည်။ သူအပြေးအားကစား
လေ့ကျင့်နေခိုက် ကောင်မလေး တစ်ယောက် ပန်းပင်လေးများကို ရေလှောင်းရင်း ရုတ်တရပ်လှဲကျသွားသည်ကို
မြင်လိုက်ရသောကြောင့် သူမရှိရာသို့ လျှင်မြန်သော ခြေလှမ်းများဖြင့် အပြေးတပိုင်းရောက်ရှိသွားခဲ့သည်။
“ဆူး”
သူခေါ်သောအသံကို သူမ မကြားရတော့ပေ၊ သူမကိုသူထူမလိုက် သည်။ ထို့နောက် အကူအညီ
တခုခုရလိုရငြား လှမ်းအော်တောင်းလိုက်သည်။
“လာကြပါဦးဗျာ၊ ဒီမှာလူတစ်ယောက် မူးလဲသွားလို့၊ လုပ်ကြပါဦး”
သူ၏အော်သံအဆုံးတွင် မလှမ်းမကမ်းတွင်ရှိသော
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပြေးရောက်ကြလာသည်။
“ဟာ-
ဆူး ဟိုမှာ ဟိုမှာ”
“အခန်းထဲပို့ အခန်းထဲပို့ ဆရာဝင်ပင့်ချေ”
သူအရမ်းကိုအံ့သြသွားရပြန်ပါသည်။ အမျိုးသားတဦးမှ သူ့နှင့်အတူ ပါလာသော အသိမိတ်ဆွေကိုမြန်မာလို
ပြောသောအခါ သူလည်း ရောင်ရောင် နှင့်ဆူးကိုပွေ့ချီကာ ဆူးအခန်းရှေ့သို့ လျှောက်သွားပါသည်။
သူတို့နှင့်အတူ ပါလာသော အမျိုးသမီးသည် ဆူးမြေသြဇာဗူးငယ်လေးများ ထည့်ထားသော တွန်းလှည်းလေးကို
တွန်းကာလိုက် ပါလာ သည်။ အခန်းရှေ့ သို့ရောက်သောအ
ခါသူရပ်လိုက်ပါသည်။
“ဟာ ဒီလူဆူးအခန်းကိုသိနေပါလား”
“အေးဟုတ်တယ်ဟ”
“အဒေါ်ကြီးမြန်မြန်လုပ်ပါဗျ”
အဒေါ်ကြီးမှဆူး၏ တွန်းလှည်းလေးပေါ်တွင်
တစုံတခုကိုအလောသုံး ဆယ် ရှာဖွေနေသည်။
“အေး ညဉ်းတို့ကလည်း ငါလည်းရှာနေတာဘဲ ၀ိုင်းရှာကူမယ်မရှိဘူး၊
ဟောတွေ့ပြီတွေ့ပြီ ရော့ရော့ဒီမှာသော့”
ပိုက်ဆံအိပ်လေးထဲမှာ သော့တွဲလေးတစ်တွဲထုတ်ပေးပါသည်။
သူ ဆူးကိုအိပ်ရာပေါ်သို့ ဖြေးညင်းစွာချလိုက်ပြီး “ဆရာဝင် ပင့်ဖို့ အမြန်လုပ်ကြပါဗျာ” ပြောချလိုက်ရာ သူတို့ အားလုံးသူ့ကို မျက်လုံးအ၀ိုင်းသား နှင့်ကြည့်ကြသည်။
“အေး-ဟုတ်သားဘဲ ကိုဖြိုး မင်းကဆရာဝင်သွားဖုန်းဆက် ကြည့်ချည်”
ခနအကြာတွင် ကိုဖြိုးနှင့်အတူ ဆရာဝင်ဟုထင်ရသော
လူငယ်တစ် ရောက် ရောက်လာပါသည်။
“ဒေါ်ကြီးဒီနားမှာနေခဲ့ဗျာ ကျတော်တို့အပြင်ထွက်မယ်
ဆရာလိုအပ်တာတွေ ဒေါ်ကြီးဘဲကြည့် စီစဉ်ပေးလိုက်”
သူလည်း သူတို့နှစ်ဦးနဲ့အတူ မရောင်မလည်နှင့်
အခန်းအပြင်ဖက်သို့ ရောက်သွားပါသည်။
“အကိုတို့
ဆူးကဘာဖြစ်တာလည်းဗျာ ပြီးတော့အကိုတို့က”
“ညီက ဧည့်သည်ထင်တယ်။။ ဒီမှာမြန်မာပြည်သားဆိုလို့
ဆူးအပါအ၀င် ကိုယ်တို့သုံးယောက်ဘဲရှိတာ
ညီကဘယ်သူတုန်းပြီး တော့ ညီဘယ်တုန်းကရောက်နေတာလည်း”
“ကျတော်ငြိမ်းချမ်းပါ မနေ့ကမှရောက်တာ လေ့ကျင့်ခန်းလုပ်နေတုန်း
ဆူးလဲကျသွားတာ တွေ့တာနဲ့ အဲ့ဒါ”
“ ဘယ်လိုဘဲဖြစ်ဖြစ်
ကိုငြိမ်းချမ်းကို ကျေးဇူးတင်ပါတယ် ကျတော်က ကိုဖြိုး ဒီကအကိုကတော့ ကိုအောင်ကြီး
ဟိုခုနက ဒေါ်ကြီး ကတော့ တုတ်တုတ်တဲ့”
“ဆူးကဒီလိုဘဲ မကြာမကြာဖြစ်တတ်လား”
“ဟုတ်တယ်ညီ
ဆရာဝင်ပြောတာတော့ နှလုံးသွေးအားနည်းတာတဲ့ ပြီးခဲ့တဲ့တခေါက်ကလည်း ဒီဆရာဝင်ဘဲ ဆူးကိုဆေးကုပေးခဲ့တာ။
ဆရာဝင်က သူအိမ်ကမိဘတွေနဲ့ စိတ်ဆိုးပြီးတဲခိုခန်းကိုလာတဲတာ ခရီးရောက်မစိုက် ဆူးမူးလဲလို့ ဆရာဝင်ရှာနေတုန်း သူကကျတော်
ဆရာဝင်တစ်ယောက်ပါ ဆိုပြီး ဆရာဝင်ကပ်ပြားလေး ထုတ်ပြပြီးတော့ ဆူးကို ငွေတပြားမှမယူဘဲ
ကူညီခဲ့တာ ပြီးတော့သူ့လိပ်စာကပ် လေးပေးခဲ့တယ် တခုခု အကူညီလို အပ်တာရှိရင် သူ့ကိုခေါ်ပါ
တဲ့ ကြည့်ရတာ ဆူးကိုစိတ်ဝင်းစားနေတယ်နဲ့တူတယ်”
“အဲ့ဒီဆရာဝင်က
ဆူးနဲ့ဆူးနဲ့က”
“ရိုးရိုးသားသားပါဗျာ”
“ဟုတ်တယ်ကိုငြိမ်းချမ်း
ကိုအောင်ကြီးပြောတာဖြစ်နိုင်တယ်”
“ကိုဖြိုးက မင်းကောဒီလိုဘဲ
အချိန်ဆွဲနေတော့မှာလား”
“ကိုအောင်ကြီးကလည်းဗျာ
ဘာတွေပြောနေမှန်းမသိဘူး”
“အကိုတို့က
ပွင့်လင်းတယ်နော်”
“ကိုယ်တို့က တောသားတွေဆိုတော့ ပွင့်ပွင့်လင်းလင်းဘဲ
ပြောတတ် တယ်ညီ”
“ဟော-ဆရာဝင်တောင် ပြန်ထွက်လာပြီ
ဒေါ်ကြီးပေးပေး ကျတော် ဆရာ့ကိုပြန်လိုက်ပို့လိုက်ဦးမယ်၊ ဒေါ်ကြီးတို့ ဆူးအနားမှာသွားနေကြ”
ကိုအောင်ကြီးတစ်ယောက်
ဆေးအိပ်ကိုလှမ်းယူကာ ဆရာဝင်ကို ကားနားထိ လိုက်ပို့နေခိုက် ဒေါ်ကြီး၊ ငြိမ်းချမ်းနှင့်
ကိုဖြိုးတို့သုံးဦးသား ဆူးအခန်းလေးထဲသို့ ၀င်သွားကြသည်။
“ဆူး လည်းသတိရလာပြီဆိုတော့ ဒေါ်ကြီးအလုပ်ပြန်သွားလိုက်ဦးမယ်
ကိုဖြိုးမင်းလည်းအလုပ်ချိန် ရှိသေးတယ် မှတ်လား လာလေ အော်ဒါနဲ့ ဒီသူငယ်က ဧည့်သည်နဲ့တူတယ်
ဆူးမိတ်ဆွေလား ဆူးအဖော် ရအောင် နေပေးခဲ့ ပါ့ကွယ်အချိန်ရရင်”
“ဟုတ်-ဟုတ်ကဲ့”
“ကဲ့-အဲ့ဆိုရင် ကျတော်တို့သွားလိုက်ပါဦးမယ် ကိုငြိမ်းချမ်း”
“ဒေါ်ကြီးနဲ့ ကိုဖြိုးကိုကျေးဇူးတင်ပါတယ်”
“ရပါတယ် ဆူးမရယ် ကဲကဲဒေါ်ကြီးတို့သွားပြီ ဟော့ဒီက သူငယ်လေးနဲ့
စကားပြောနေခဲ့ ဟုတ်ပြီလား သမီး”
ကိုဖြိုးတို့နှစ်ဦးသား
အခန်းတံကားကို စေ့ပြီးအလုပ်ကိုစီ ပြန်သွား ကြလေသည်။ ငြိမ်းချမ်းနှင့်ဆူးနှစ်ဦး သာအခန်း
ထဲတွင် တိတ်ဆိတ်စွာ ကျန်ရစ် ခဲ့သည်။ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲခဲ့သူကား
“ဆူး-ကျတော်ငြိမ်းချမ်းပါ ဆူးကအရမ်းကိုလျှို့ဝှက်တာဘဲနော်”
“ရှင် ကို- ကိုငြိမ်းချမ်း- ဆိုတာ”
“ဟုတ်ပါတယ် ကိုယ်ငြိမ်းချမ်းပါ ဆူးမူးလဲသွားတာတွေ့လို့ အဲ့ဒါ”
“ဟုတ်- ဒေါ်ကြီးပြောပြလို့
သိပြီးပါပြီ၊ ကိုငြိမ်းချမ်းကို ဆူးကျေးဇူးတင် ပါတယ်”
“ပြောရမဲ့သူတွေလားဗျာ”
“ရှင်- ”
“ဆူး ကျတော့်ကို သူစိမ်းတစ်ယောက်လို သဘောမထားပါနဲ့ဗျာ”
“ဆူး ကိုငြိမ်းချမ်းကို”
“စိတ်ဆိုးတယ်
လို့ပြောမလို့လား ကျတော်တောင်းပန်ပါတယ်ဗျာ”
“ဆူး ဘာမှမပြောရသေးပါလား”
“ဆူးက ဘာပြောခြင်လို့လည်း”
“ဆူးပြောခြင်တာက ကိုငြိမ်းချမ်းကို အရာရာအားလုံးအတွက်
ကျေးဇူး လေးတွေ တင်ပါတယ်လို့ ပြောခြင်တာပါ”
“သူစိမ်းဆန်လိုက်တာ
ဆူးရယ်”
“ရှင် ဘာတွေပြောနေတာလည်း ကိုငြိမ်းချမ်း”
“ဘာမှမဟုတ်တော့ပါဘူးဗျာ ကျတော်ဆူးကိုခင်လို့ရမလား”
ဆူးပြုံးပြီးခေါင်းလေးကို
ညင်သာစွာညိမ့်ပြသည်။ သူသည်ဆူး
လက်ကလေးကို ပိုင်စိုးပိုင်နှင်း လှမ်းကိုင် လိုက်သည်။ ဆူးမျက်လုံးလေးပြူးကာ သူ့ကိုအလှန့်တကြား
ကြည့်နေမိသည်။ သူပြုံးပြီးသူမလက်ကလေးကို လွက်လိုက်ကာ ထိုင်ရာမှထပြီး တံကားပေါက်ရှိရာသို့
တလှမ်းခြင်းလျောက် သွားပြီး အခန်းအပြင်ဖက်သို့ထွက်ကာ တံကားကို ပြန်စေ့ထားလိုက်သည်။
သူတံကားအပြင်ဖက်သို့ထွက်ပြီး တံကားလေးကိုပြန်စေ့ချိန်တွင် သူအခန်းထဲသို့ တချက် လှမ်းကြည့်ပြီး
သူမကို တာ့တာဆိုသည့်သဘောမျိုးဖြင့် လက်ပြနှုတ် ဆက်လိုက်သည်။ သူမသူ့ကို ပြန်ပြုံးပြသည်။
X – X – X – X – X – X – X – X –
X – X
ညနေခင်းဆူးထိုင်နေကျ ခုံတန်းလျားတွင်တွင်နေခိုက် ငြိမ်းချမ်းဦး တစ်ယောက်
အခန်းပြတင်းပေါက်မှ လှမ်းမြင် နေရ ခြင်းကြောင့် ဓါတ်လှေကား လေးဖြင့်
အမြန်ဆင်းကာသူမရှိရာသို့ တလှမ်းခြင်းလှမ်းပြီး လျောက်လာ ခဲ့မိသည်။
“ဆူး- နေကောင်းသွားပြီလား ဘာလို့ အအေးခံနေတာလည်းဗျာ”
“ဒီလိုနေ၀င်ရိတရော အေးမျှမျှအရသာလေးကို ဆူးနှစ်သက်လို့ပါ”
“ဒီလိုဆိုရင်ကျတော် ဆူးကို မေမြို့ကိုခေါ်သွားမယ်လေ”
“မေမြို့”
“ဟုတ်တယ်ဆူး မေမြို့ဆိုတဲ့ပြင်ဦးလွင်ဟာ ဆူးကြိုက်တဲ့
ရာသီဥတု လေး အမြဲရှိတယ်”
“ထားပါတော့ အခုကိုငြိမ်းချမ်း ထိုင်းကိုလာတာ အလည်သက်သက်
ဘဲလား”
“ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်းပေါ့”
“ဆူးနားမလည်ဘူး”
“အော် စက်ရုံအတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေဝယ်ရင်းနဲ့
နောက် တခုက”
“နောက်တခုကဘာလည်းဟင်”
“အဲ့ဒါကျတော့်ဘ၀အတွက် အရမ်းကိုအရေးကြီးတဲ့ ကိစ္စပေါ့ဗျာ”
“ဆူးသိခွင့်ရှိမလား”
“ကျတော်က တိုက်ဆိုင်သူကိုဘဲ ပြောပြမယ်လို့ စိတ်ကူးထားတာ
ဒါပေမဲ့ဆူးသိချင်တယ်ဆိုတော့ ကျတော် ပြောပြရမှာပေါ့”
“အဲ့လိုဆိုရင် မပြောပါနဲ့တော့
ကိုငြိမ်းချမ်းရယ်”
“ကျတော်က ပြောခြင်တယ်ဆိုရင်ကောဗျာ”
“ဆူးက ကိုငြိမ်းချမ်းရဲ့ တိုက်ဆိုင်သူမဟုတ်ခဲ့ရင် ကိုငြိမ်းချမ်း
နောင်တရ နေမှာပေါ့”
“ရခြင်လည်း ရပါစေတော့ဗျာ
ကျတော်က ဆူးကိုပြောပြမှ ဖြစ်မှာမို့ပါ”
“အဲ့လိုဆိုရင်လည်းပြောလေ ဒါပေမဲ့ ဆူးကအတင်းမေးတာတော့ မဟုတ်ဘူးနော်
ဆူးကစပ်စုတာ ၀ါသနာမပါဘူး”
“ကျတော် ဒီစကားမပြောခင် ကျတော်ဆူးကို တခုလောက် မေးပါရစေ ဒါလည်းဆူးဖြေခြင်မှဖြေပါ”
“ဘာမို့လည်း ကိုငြိမ်းချမ်း”
“ဆူးမှာ အိမ်ထောင်၊ ချစ်သူ၊ ဒါမှမဟုတ် ရည်ရွယ်ထားတဲ့သူ ရှိပြီးသား
လား ဆိုတာသိချင်တာပါ အဲ့တာ”
“ခုချိန်ထိ ဆူးရင်ထဲမှာ
အမေနဲ့အငယ်လေးတွေအတွက်ဘဲရှိတာပါ”
ဆူးတစ်ယောက် ခေါင်းကလေးကိုငို့ပြီး
ပြန်ဖြေလိုက်မိသည်။
“ကျတော်- ကျတော်ထိုင်းကိုလာရင်းကိစ္စနောက်တခုက
ကျတော့ရဲ့ မဟေသီဖြစ်လာမဲ့ သတို့သမီးလောင်း ရှာဖွေခြင်းဘဲဆူး”
ငြိမ်းချမ်းသည် သူမ၏မျက်နှာလေးကို သေချာကြည့်ပြီး ပြောချလိုက် မိသည်။ သူစကားလေးအဆုံးတွင် ဆူးမျက်လွှာလေးချကာ
တဖက်သို့မျက်နှာလွဲ လိုက်လေသည်။
“ကျတော့ကိုတခုခုပြန်ပြောဦးလေဆူး”
“ဆူးကဘာပြောရမှာလည်း ကိုငြိမ်းချမ်း”
“ကျတော်ရှာနေတဲ့ သတို့သမီးကိုကော မသိခြင်ဘူးလားဆူး”
“ဆူးအတွက် အရေးမှမကြီးတာ”
“ကျတော်ကတော့ ဆူးကိုသိစေချင်တယ် ဒါပေမဲ့”
“ထားပါတော့ ကိုငြိမ်းချမ်းရယ် ဆူးအထဲဝင်တော့မယ်
ကိုငြိမ်းချမ်း လည်း ပြန်တော့လေ”
သူ့စကားများကို ဖြတ်ပြီး သူမရုတ်ရပ်ထကာ
ထွက်ခွာသွားလေသည်။
“ဒေါက်-ဒေါက်--
မယ်ဘန့်ခါး”
ငြိမ်းချမ်းတံခါးကိုဖြေးညင်းစွာ
ဆွဲဖွင့်ပေးလိုက်သည်။ အပြာရောင် တီရှပ်အကျီ င်္နှင့် အနက်ရောင်ဘောင်ဘီများ ဆင်တူ ၀တ်ဆင်ထားသော
အမျိုး သမီးသုံးဦး ကိုငြိမ်းချမ်းတွေ့လိုက်ရသည်။
“ထမ်း
ဟောင့်က်(တ်)စအန်(တ်)မိုင်းခါး”
“ဟုတ်ကဲ့-
ကျတော်သန့်ရှင်းရေး လုပ်မယ်”
ငြိမ်းချမ်းဦးစကားများကို
အမျိုးသမီးနှစ်ဦးမှ နားမလည်သော အကြည့် ဖြင့် ဆူးကိုကြည့်ကြသည်။ ဆူးပြုံးပြီး ခေါင်းလေးကို
ညိမ့်ပြတော့မှ အမျိုးသမီး နှစ်ဦး အခန်းလေးထဲကိုသန့်ရှင်းရေးပြုလုပ်ရန် ၀င်သွားကြသည်။
“တီ-----တီ----- တီ”
ငြိမ်းချမ်းတည်းခိုနေသော အခန်းလေးထဲမှတယ်လီဖုန်းလေး ရုတ်တ ရပ်မည်တွန်းသံကြောင့်
အားလုံးတယောက် မျက်နှာ တယောက်ကြောင် ကြည့်နေကြသည်။ ထို့နောက်ငြိမ်းချမ်းဦးသည် ဖုန်းလေးကို ကိုင်လိုက်သည်။ သို့သော်
တဖက်မှပြောသော စကားကိုမူ ငြိမ်းချမ်းနားမလည်။
“ဆူး-
ဘာတွေပြောလည်းမသိဘူး ကျတော်နားမလည်ဘူး”
“အော်အင်း- ခွန်းပါခါး-
ခွီးထိုးလဆပ်ဟိုက်နွိုင်ခါး” (ဒေါ်ကြီးရေ ဖုန်းနဲနဲ
လောက်ပြောပေးပါဦး)
ဆူးမတစ်ယောက်
ငြိမ်းချမ်းဦးကို ခေါင်းကလေးညိမ်ပြပြီး ထိုင်းဘာသာ စကားဖြင့် အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ဦးကို
ဆူးလှမ်းပြော လိုက်လေ သည်။ အမျိုးသမီးတဦးမှ ဖုန်းကိုင်ပြီး တဖက်မှပြောသော စကားသံကိုနား
ထောင်ပြီး “ဂျ-ဂျာ” (ဟုတ်ကဲ့၊ ဟုတ်ကဲ့)ပြောဆိုကာဖုန်းချလိုက်သည်။
“Poung, Pi Shang လိပ်ဒ်ထေိုလ်းဟိုက်လုံးမားထိကောင်တာ့နွိုင်”
(မင်းကိုကောင်တာကခေါ်နေတယ် ခနလာခဲ့ ပါဦးတဲ့)
“ခါး”
(ဟုတ်ကဲ့)
ဆူးအပြင်ဖက်သို့ထွက်သွားလိုက်သည်
အမျိုးသမီးနှစ်ဦးသန့်ရှင်းရေး ဆက်လျက်လုပ်ပြီးနေရစ်ခဲ့သည်။
“Pi Shang ခါး-မီးလုံးလ်အလိုင်းခါး” (ဘာကိစ္စရှိလို့လဲ အမသျှံ)
“Poung နိခွန်းပဖလုပေါင် ပီ့ခွိးကပ်ခေါင်
မိုက်လုလှိုင်းလ် (သူတို့က မြန်မာလူမျိုးတွေထင်တယ်
အမသူတို့နဲ့ ပြောတာ နားမလည်ဘူး)
ကောင်တာရှေ့တွင်တင်ထားသော
ပါတ်စပေလ့်စာအုပ်ကို ဆူးကောက် ကိုင်ပြီးလှန်လျောကြည့်သည်။ ထို့နောက်ကောင်တာ ရှေ့တွင်ရပ်နေသော
အမျိုးသားလူလတ်ပိုင်းသုံးဦးကို သေချာကြည့်ပြီး
“ရှင်တို့က
မြန်မာတွေလား”
သူမ၏အမေးကြောင့် ထိုအခါအမျိုးသားတစ်ဦးမှ
ဝမ်းသာသော သွားလေသည်။
“ဟာ- လုပ်ပါဦးမိန်းကလေး
ဒီမှာအခန်းငှားခြင်လို့ ကိုယ်ပြောတာ သူမသိ သူပြောတာ ကိုယ်နားမလည် ဖြစ်နေတာ တခြားနေရာသွား
ဖို့ကလည်း အချိန်သိမ့်မရှိတော့ဘူ ဖြစ်နေတာ”
တစ်ယောက်တစ်ပေါက်စီပြောလာသော အမျိုးသားသုံးဦး၏
စကားကို သူမသေချာနားစွင့်နေလိုက်သည်။
“ပြီးတော့ ခင်ဗျားတို့ ကောင်တာထိုင်ကလည်း ညံ့လှချည်လားဗျာ ဗိုလ်လိုနားမလည်ဘဲနဲ့များ
နိုင်ငံခြားသားဧည့် သည်လာရင် ဘယ်လို လုပ်ကြမှာလည်း ပြီးတော့ ဒီလိုဘဲသန့်ရှင်းရေးလုပ်တဲ့သူကို
ဘာသာ ပြန်ပြန်ခေါ်နေရလား”
“အာကာ ဘယ်လိုပြောလိုက်တာလည်းကွာ
အားနာစရာကြီး”
“ငါမှန်တာပြောတာဇွဲရ”
“ကဲပါကွာမင်းတို့ထင်တာတွေ ပြောမနေကြနဲ့တော့ ကိုယ်လိုခြင်တာ ဘဲပြောတော့
ဟိုမှာကောင်မလေးကို အားနာစရာကြီး”
တင်တင်စီးစီးပြောလာသော ထိုအမျိုးသားသုံးဦးကို အလိုမကျသည့် အကြည့်ဖြင့်ကြည့်လိုက်မိသည့်
ဆူးတစ်ယောက် ထိုအကြည့်ကို ချက်ချင်းပြန် ပြင်လိုက်သည်။
“ဟုတ်ကဲ့ ဒီကအကိုတို့ပြောမယ်ဆိုလည်း ပြောခြင်စရာပါဘဲ အရာရာ အားလုံးအတွက်
ဆူးကဘဲ တောင်းပန်ပါတယ် ပြီးတော့ဒီမှာ ထိုင် နေကျ ကောင်တာစားရေးက နေမကောင်းလို့ ခွင့်ယူထားတာနဲ့
ခန အစား ထိုးထားတာပါ”
“ဒီလိုဆိုရင်လည်းဗျာ ဘော်လုံးအသင်းတွေလိုမျိုး အရံလူလေး ဘာလေး
ကြိုတင်ပြင်ထားမှပေါ့ဗျာ”
“အာကာ မင်းကပြောလေကဲလေကွာ ကျတော်တောင်းပန်ပါတယ် မိန်းကလေး ကျတော်တို့ကို
အခန်းတစ်ခန်း လောက်စီစဉ်ပေးပါဗျာ”
“ဟုတ် ရပါတယ်
ဒါနဲ့ဘယ်လိုအခန်းမျိုးကို လိုခြင်လို့လည်း”
“အိပ်ခန်းသုံးခန်းပါနဲ့
အခန်းတစ်ခန်း”
ကောင်တာစာရေးမဖက်သို့လှည့်ကာ ထိုင်းဘာသာစကားဖြင့်
ဆူးပြန် ပြီးပြောပြနေမိသည်။
“xxxxxxxxx”
“xxxxxxxxxxx”
“စာရေးမကပြောတယ်
အဲ့လိုအခန်းမရှိတော့ဘူးတဲ့”
“ဒီလိုဆိုရင်လည်း တခြားတည်းခိုခန်း
ရှာရအောင်ကွာဇွဲ”
“နေပါဦးကွာ ဒီမှာဘယ်လိုအခန်းမျိုးရှိနိုင်သေးလည်းဆိုတာ မေးကြည့်
ဦးမှပေါ့”
“အဆင်ပြေမယ်မဟုတ်ပါဘူးဇွဲရာ
သွားရအောင်”
မိမိအလုပ်မရှိတော့သည့်အတွက် ဆူးတစ်ယောက်
ရပ်နေသည့် နေရာ မှထွက်ခွာလာမည်အပြု
“ဟာဟာ နေပါဦးမိန်းကလေး အာကာရာမင်းကလည်းစိတ်ဘဲ ဇွဲ ပြော တာလည်းမှန်တာဘဲ
ဘယ်လိုအခန်းမျိုး ရနိုင်လည်းဆိုတာ မေးကြည့် ဦး မှပေါ့”
အတူလိုက်ပါလာသော အမျိုးသားတစ်ဦးမှ ထွက်သွားမည့်ဆူး၏ ခြေလှမ်းများကို လှမ်းတားလိုက်ပြီး
အာကာဟု ခေါ်သော သူကိုလှမ်းပြောလိုက် လေသည်။
“ကောင်မလေး ဒီမှာဘယ်လိုအခန်းမျိုး
ရှိနိုင်သေးလည်း”
“ဟုတ်ကဲ့ ဆူးတို့ဆီမှာ ရိုးရိုးခန်း အိပ်ခန်းနှစ်ခန်းနဲ့ ဧည့်ခန်းပါတဲ့
အခန်း တွေရှိပါတယ် ပုံလေးတွေကြည့်လို့ ရပါတယ်ခနစောင့်ပါ”
ဆူးသည်ကောင်တာနားသို့လှည့်ကာ တခုခုကိုလှမ်းတောင်း လိုက်လေ သည်။ ထို့နောက်ကောင်တာစာရေးမှ
စာအုပ်လေးတစ်အုပ်ကို လှမ်းပေးလိုက် လေသည်။ ကောင်တာစာရေးလှမ်းပေးသော စာအုပ်ကလေးကိုလှမ်းယူပြီး
ထိုစာအုပ်လေးကို လှန်လျောကာ စာမျက်နှာတစ်မျက်နှာကိုဖွင့်ပြီး အာကာတို့ အုပ်စုကို ပြလိုက်သည်။
“ဒီလိုအခန်းလေးမျိုးပေါ့”
“ဒါဆိုရင်အဆင်ပြေပါတယ်ကွ
အာကာရ”
“ဟုတ်တယ်ကွာ ခရီးလည်းပန်းလာတယ်၊ နားချင်ပြီကွာ ဒီမှာဘဲ တည်းလိုက်ရအောင်”
“နှစ်မဲတစ်မဲဆိုတော့လည်း
မင်းတို့သဘောပေါ့ကွာ”
အရာရာအားလုံးကို အလိုမကျသည့်လေသံဖြင့်
အာကာပြန်ဆိုလိုက်မိသည်။
“xxxxxxxxxxxxxx”
“xxxxxxxxxxxx”
ဆူးသည် ကောင်တာစရေးဖက်သို့လှည့်ကာ အကျိုးအကြောင်း ပြောဆိုပြီး
ထိုအမျိုးသားအုပ်စုအတွက် အခန်းတစ်ခန်း ငှားပေးလိုက်လေသည်။ ကျသင့်ငွေများကိုရှင်းပေးပြီး
ကောင်တာစာရေးမှလှမ်းပေးသော အခန်းသော့ကို လှမ်းယူကာ ထိုအမျိုးသားအုပ်စုကို ဆူးလှမ်းပေးလိုက်လေသည်။
စိတ်ထဲတွင် အခဲမကြေဖြစ်နေသော အာကာသည် ဆူးဖက်သို့လှည့်ကာ တခုခုကို စိန်ခေါ် သည့်လေသံမျိုးဖြင့်
ဆူးကိုပြောလိုက်သည်။
“ကောင်မလေး မင်းကိုယ်တိုင် အခန်းအထိလိုက်ပို့ပေးရင် ပိုအဆင်
မပြေဘူးလား”
“အာကာ အားနာစရာကြီးကွာမင်းကလည်း”
“ဖြစ်ပါတယ်ကွာ
ဒါသူတို့အလုပ်ဘဲဟာ”
“ရပါတယ် ကိစ္စမရှိပါဘူး
ဆူးလိုက်ပို့ပါမယ်”
အထက်စီးကျကျမိမိအပေါ်ကိုဆက်ဆံလာသော
စကားလုံးများကို ပြန်လည်ခြေပခြင်သော စိတ်ကိုထိန်းချုပ်ရင်း ခရီးဆောင်အိပ်ကို ကောက်တွန်း
ပြီး ဓါတ်လှေကားလေးတွင်းသို့ သွင်းလိုက်လေသည်။ သူမကိုအားနာစွာဖြင့် ဇွဲနှင့် လင်းထက်တို့မှ
ဝိုင်းကူပြီးခရီးဆောင်အိပ်များကို ကူသည်လိုက်ကြသည်။ အာကာမှာမူ ထိုသူသို့နောက်တွင် ကျော့ကျော့ကလေး
လိုက်ပါလာခဲ့သည်။ ထို့နောက်ဓါတ်လှေကားလေးထဲသို့ဝင်သွား ကြလေသည်။ သူမသည် လူစုံ သည်နှင့်
ငါးလွာကိုနှိပ့်လိုက်သည်။ အာကာသည်သူမကိုကြည့်ပြီး
မျက်လုံးကလေးပင့်ကာ ပုခုံးလေးနှစ်ဖက်ကို တွန့်ပြီး ခေါင်းလေးကို ခါလှုပ်လိုက် လေသည်။
ဒင်း-ဒေါင်လ် ဓါတ်လှေကားလေးထဲသို့ဝင်မည့် ကိုဖြိုးနှင့်ကိုအောင်ကြီး
တို့၏ခြေလှမ်းများ ရပ်တန့်သွားလေသည်။ ဓါတ်လှေ ကားလေးထဲတွင် ဆူးနှင့်အတူ ခရီးဆောင်အိပ်လေးများဖြင့်
ရောက်ရှိလာသော အမျိုးသားသုံး ဦးကို ကိုဖြိုးအလိုမကျစွာ ကြည့်လိုက်မိသည။
“ဆူး ဟိုလူတွေမရှိကြဘူးလား ဘာလို့တာတွေလုပ်နေတာလည်း”
“ကိုဖြိုးအတော်ဘဲ ကူပါဦး ဒီမှာဧည့်သည်တွေပါလာလို့ ၅၀၆ ကိုပို့
ပေးပါ”
ကိုဖြိုးသည် ဧည့်သည်များကို အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းငြိမ့် ပြပြီ ကိုအောင်ကြီးကို
လှည့်ကြည့်လိုက် လေသည်။ ကိုအောင်ကြီးလည်း အလိုက်အထိုက်ပင် ခရီးဆောင်အိပ်လေးများကို
တွန်းကာ ၅၀၆ သို့ပို့ဆောင်ပေး လိုက်လေသည်။ အခန်းတံကားသော့ကိုဖွင့်ပြီး အခန်းသော့ကိုဇွဲဆိုသည့်
အမျိုးသားကို လှမ်းပေးပြီး ဆူးထွက်ခွာသွား မည်အပြု လျှင်မြန်သည့် အာကာ့၏လက်များမှ ဆူး၏လက်ကို
လှမ်းဆွဲလိုက်လေသည်။ ထို့နောက်လက်ထဲမှ အသင့်ကိုင် ထားသည့် ငွေစက္ကူအချို့ကိုသူမလက်ထဲသို့
ထည့်ပေးလိုက် လေသည်။ ဆူးတစ်ယောက် ငွေစက္ကူလေးများကို လုံးခြေပြီး အာကာ့ ရင်ပတ်ကြီးတည့်တည့်
ပြန်ပေါက်လိုက်လေသည်။ ဆူး၏အမူအရာကြောင့် အားလုံးမှင်သေပြီး ကြည့်နေကြသည်။
“ရှင့်ကို စာရေးမရှေ့မှာမို့ သီးခံနေတာ ရှင်တော်တော်မိုက်ရှိုင်းတဲ့သူဘဲ
ပြီးတော့နောက်တခုပြောလိုက်မယ် သူများနိုင်ငံမှာလာပြီး
ကိုယ့်နိုင်ငံသား အချင်းချင်းကို နှိမ့်ချဆက်ဆံတက်တဲ့ ရှင့်စိတ်ဓါတ်တွေကို တနေ့ကျမရှိုတ်ချိုးပြမယ်”
နာနာကျင်ကျင်ပြောဆိုပြီး သူမထိုသူသုံးဦးရှေ့မှ ထွက်ခွာလာခဲ့သည်။
ဖြစ်ကြောင်းကုန်စင်ကို နားမလည်သည့် ကိုဖြိုးနှင့် ကိုအောင်ကြီးတို့သည် လွန်စွာမှအားနာသည့်အကြည့်များနှင့်အတူ
စိုးရိမ်စိတ်များနှင့် ထိုအမျိုးသား ဧည့်သည့်သုံး ဦးဖက်သို့လှည့်ကာ တောင်းပန်စကားဆိုမိလေသည်။
ဆူးသုံးနှုန်း ခဲ့သည့် စကားလုံးများကို ချင့်ချိန်ကြည့်ချက်အရာ ထိုအမျိုးသားသုံးဦးသည်
မြန်မာများပင် ဖြစ်လိမ့်မည်ဟု ကိုအောင်ကြီးယုံကြည်သည်။
“ဟို ဒီကဧည့်သည်တွေကိုကျတော်တို့ တောင်းပန်ပါတယ်ဗျာ ခင်ဗျား
တို့နဲ့ ဆူးနဲ့ဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီကိစ္စကို ဒီမှာဘဲထားခဲ့ စေခြင် တယ်ဗျာ”
အာကာဆိုသည့် ပိုက်ဆံနှင့်ပြစ်ပေါက်ခြင်းခံလိုက်ရသည့် လူငယ်တစ် ဦးမှ မထိသထိပြုံးပြီးကိုအောင်ကြီးတို့ကို
စကားပြန်ဆိုလိုက်လေသည်။
“ကျတော်ကလည်း မှားခဲ့တာကိုးဗျ၊ သူဒီလောက်စိတ်ကြီးလိမ့်မယ်လို့
ကျတော်ထင်မထားမိဘူးဗျာ ဒါနဲ့အကို တို့က”
“ကျတော်တို့က
ဒီက၀န်ထမ်းတွေပါ”
“ဟုတ်ပါပြီ - ခုနကအကိုပြောတာက ဒီကိစ္စကိုဒီမှာဘဲ ထားခဲ့ဖို့ပြော
တာက ဘာကိုဆိုလိုခြင်တာလည်း”
“ဒီလိုဗျာ ဒီကိစ္စကိုစားရေးဆီးရောက်သွားရင် ဆူးအလုပ်ပြုတ်သွား
နိုင်လို့ပါ ပြီးတော့ဆူးက ဒီနိုင်ငံမှာ တစ်ယောက်ထဲ ပင်ပင်ပန်းပန်း ရုန်းကန်ပြီး သူ့အမေနဲ့အငယ်လေးတွေအတွက်
သူ့ဘ၀နဲ့အနာဂတ် ကိုမြုတ်နှံပြီး အလုပ်လုပ်နေတာ မိန်းကလေးတစ်ယောက်အနေနဲ့ တခြားနေရာမှာ
အလုပ်ထပ်ရှာဖို့ဆိုတာကလည်း သူ့ဘ၀လုံ ခြုံမှု
အတွက် ဘယ်လောက်ရှိနိုင်မယ်ဆိုတာ ပြောလို့မရလို့ပါ”
“အကိုတို့ဆိုလိုခြင်တာက
သူဒီမှာလုပ်တာ လုံခြုံတယ်ပေါ့”
အာကာ၏စကားလုံးများသည် ရိသဲ့သဲ့ဖြစ်နေပါသော်လည်း
ကိုဖြိုးတို့ နှစ်ယောက် သီးခံလိုက်လေသည်။
“ရာနှုန်းပြည့်မဟုတ်ရင်တောင် ကျတော်တို့တွေရှိနေတော့ ညီမလေး တစ်ယောက်အနေနဲ့
သူ့ကိုဝိုင်းပြီး စောင့်ရှောက်လို့ ရတာပေါ့ဗျာ”
“ဟုတ်ပါပြီ
ကျတော် သဘောပေါက်ပြီ ဒါနဲ့ခင်ဗျားတို့က”
“ကျတော်က
အောင်ကြီး၊ သူကကိုဖြိုး ပါ”
“အိုကေ ကျတော်က အာက၊ သူကဇွဲ၊ သူက လင်းထက်တဲ့ မှတ်ထား ပေါ့ဗျာ
ကျတော်တို့က နယ်တကာလှည့်ပြီး နယ်လှည့်နေတဲ့လူငယ် တွေပေါ့ဗျာ အော်ခုနက ကောင်မလေးကိုလည်း
ပြောလိုက်ပါဦး ကျတော်တောင်းပန် ပါတယ်လို့”
“ဟုတ်ကဲ့-
ကျတော်တို့ကိုခွင့်ပြုပါဦး”
“အိုကေ”
“ဒါနဲ့ကိုအောင်ကြီးနေပါဦး ဒီနေရာနဲ့ အနီးဆုံးစားသောက်ဆိုင်
တဆိုင် ဆိုင်လောက်လမ်းညွန်လိုက်ပါဦး”
“ဒီကနေထွက်သွားရင် ညာဖက်ကိုချိုးလိုက် မီးပွိုင့်တခုတွေ့ရမယ်
အဲ့ကနေ သုံးမိနစ်လောက်လျောက်ရင် ထိုင်း စားသောက်ဆိုင် ကောင်းကောင်းတဆိုင်ရှိတယ်၊ အဲ့ဒီမှာငါ့ညီတို့စိတ်ကြိုက်
ကလပ် လည်းရှိ တယ်၊ ဘားရှိတယ်”
“အိုကေအဲ့လောက်ဆိုရပြီ
ကျေးဇူးဗျာ”
ကိုဖြိုးနှင့် ကိုအောင်ကြီးတို့နှစ်ယောက်
ဇွဲတို့အုပ်စုလေးကို နှုတ်ဆက် ပြီး အခန်းလေးထဲမှ ထွက်ခဲ့ကြသည်။
X – X – X – X – X – X – X – X –
X – X
အလုပ်ချိန်ပြီးဆုံးပြီး ညနေခင်း တည်းခိုခန်းလမ်းလေး ပလက်ဖောင်း
သေးသေးလေးတွင် ဒေါ်ကြီးတုတ်တုတ်နှင့် ဆူးတို့နှစ်ဦးသား စကားလက်စုံ ထိုင်ပြောနေခိုက်
အာကာ၊ဇွဲနှင့် လင်းထက်တို့သုံးဦးသား မမျော်လင့်ဘဲ လမ်း လျောက်ပြီး ရောက်ရှိလာ လေသည်။
“အတော်ဘဲ ကောင်မလေးရာ မင်းကိုတွေ့တာနဲ့ ဒီကနေသွားပြီး ညာဖက်ကိုချိုးလိုက်ရင်
မီးပွိုင့်တခုရှိတယ် အဲ့ကနေ ၃မိနစ်လောက် ဆက်လျောက်မယ်ဆိုရင် ထိုင်းစားသောက်ဆိုင် တခုရှိတယ်
ပြော တယ်။ အဲ့ဒီက အကောင်းဆုံး အစားအစာသုံးမျိုးလောက်ကို ၀ယ်ပေး စမ်းပါကွာ”
“ရှင်ဘာစကားပြောလိုက်တာလည်း
ကိုအာကာ”
“ဟဲ့ဟဲ့သမီးဆူး ဘယ်လိုပြောလိုက်တာလည်း အားနာစရာကြီးကွယ် - ဒီကသူငယ်တွေ
မင်းတို့စားခြင်ရင် အဒေါ်ဘဲသွားဝယ်ပေး ပါ့မယ် ကွယ်”
“အဒေါ်ကမြန်မာလား တွေ့ရတာဝမ်းသာပါတယ်ဗျာ ကျတော်က အာကာ၊ သူကဇွဲ
သူကတော့လင်းထက်ပါ”
“ဒေါ်ကြီးကတုတ်တုတ်ပါ”
“ကိုအောင်ကြီးတို့ပြောပြလို့သိပြီးပါပြီ”
“ဒါနဲ့စကားမစပ်
မင်းတို့ခုနက ဘာဝယ်မယ်ဆိုတာ”
“ကျတော်တို့က ကောင်မလေးကို စခြင်လို့ပြောတာပါဗျာ မ၀ယ်ခိုင်း
ပါဘူး ပြီးတော့ဒီအချိန်ဆိုရင် ဒေါ်ကြီးတို့ အလုပ်ချိန်မဟုတ်ဘူး ဆိုတာလည်းသိပါတယ်။ အလုပ်ချိန်မှာ
ဒီလိုခိုင်းလို့မရဘူးဆိုတာ ကျတော်တို့ လည်းသိပါတယ်။ နောက်ပြီးတော့ ကျတော်တို့လိုဘဲ
ကိုငြိမ်းချမ်းဆိုတဲ့မြန်မာပြည်သားတစ်ယောက် ဒီတည်ခို ခန်းမှာတည်း နေတယ်ဆိုတာလည်း သိပါတယ်”
“ကဲကောင်မလေး မင်းကိုကိုယ်တို့ကဘဲ တောင်းပန်ပါတယ် ကျေနပ် တော့ဟုတ်ပြီလား၊
မင်းမကျေနပ်ရင်တော့ နေ့ခင်းက အဖြစ်ပျက်တွေ အားလုံးကို စာရေးမကိုပြောလိုက်မှာနော် ကိုအောင်ကြီးတို့
လည်း သက်သေရှိတယ်”
“ရှင်တို့ပြောလည်း ကျမကကြောက်စရာလား ပြောလိုက်လေ ရှင်တို့ လိုလူမျိုးတွေအတွက်ကြောင့်
အလုပ် ပြုတ်သွား တော့ကော ကျမက ၀မ်းနည်းစရာလား”
“ကဲကဲ အာကာမင်းလည်းတော်တော့ကွာ ဆူးကျတော် ကြားကဘဲ တောင်းပန်ပါတယ်
ပြီးတော့”
“မပြောနဲ့ ရှင်တို့အားလုံးကို ကျမသိတယ် ပြီးတော့ရှင်တို့ဘာတွေ
လည်းဆိုတာလည်းသိတယ် ကျမရှင်တို့နဲ့ မိတ်ဆွေမဖြစ်ခြင်ဘူး”
“ဆူး သမီး ဘယ်လိုပြောလိုက်တာလည်း အာနားစရာကြီးကွယ်”
“ဒေါ်ကြီးက ဘာသိလို့လည်း ဒီလူတွေက အားနာစရာကောင်းတဲ့ သူတွေထဲမှာ
မပါဘူး”
ဒေါသအိုးလေးပေါက်ကွဲကာ ဆူးမပြောချလိုက်ပြီး ထိုနေရာလေးမှ အမြန်ဆုံးထွက်သွာလာခဲ့လေသည်။
ဆူးမ မိတ်ဆွေမတိုးခြင်ပါ။ အထူးသဖြင့် နိုင်ငံကြီးသား မပီသသည့် သူများနှင့် ပို၍ပင်
မရင်နှီးခြင်။
X – X – X – X – X – X – X – X –
X – X
နေ၀င်ရိတရော လမ်းဘေးမီးရောင်များ
ထိန်ထိန်လင်းချိန်တွင် ရေချိုးသန့်စင်အပြီး တည်းခိုခန်းအ၀န်းလေးထဲရှိ တန်းလေးပေါ်တွင်
အဖြူရောင် အကျီ င်္အောက်ခံဘောင်ဘီအနက်လေး နှင့် လျှော်ထားလက်စဆံစများကို ပခုံး နှစ်ဘက်
ကျောလယ်တွင်ဝဲချလျှက်ထိုင်နေသော ဆူးအနားသို့ ငြိမ်းချမ်းရောက် လာ လေသည်။
“ဆူး”
“သြော်-ကိုငြိမ်းချမ်း ထိုင်လေ”
“ဆူး-မနေ့က ဘာဖြစ်ကြတာလဲ”
“ဘာကိုပြောခြင်တာလည်း
ကိုခြမ်းချမ်း”
“မနေ့ကဆူးဧည့်သည်တွေနဲ့
ပြသနာဖြစ်တယ်ဆို”
ထိုမေးခွန်းကို ဆူးမ မဖြေပါ။ အပြုံးဖြင့်သာ
ခေါင်းငြိမ့်ပြပြီး ၀င်ခံလိုက်မိသည်။
“ဆူး-ကျတော်တခုမေးမယ်နော်”
“မေးလေ”
“ဆူးဒီမှာ တစ်ယောက်ထဲ ရှုန်းကန်နေရတာ မြန်မာပြည်ကိုပြန်ဖို့ စိတ်ကူး
မရှိတော့ဘူးလားဆူး”
မျော်လင့်မထားသော ငြိမ်းချမ်းဦး၏ထိုမေးခွန်းကို ဖြေရန်ဆူးမှာ အင်အားမရှိ။
ထို့အတွက်ကြောင့် ဆူးခေတ္တမျှ ငြိမ်သက် နေမိသည်။
“ဆူး ကိုယ်မေးနေတယ်လေ”
“အဆင်ပြေတဲ့တနေ့ပေါ့ အထူးသဖြင့် အဆင်သင့်ဖြစ်တဲ့
တနေ့လို့ ပြောရရင်ပိုမှန်လိမ့်မယ်ထင်တယ်”
“အဆင်သင့်ဖြစ်တယ်ဆိုတာ
ဆူးဘာကိုဆိုလိုခြင်တာလည်း”
“ဘာရယ်မဟုတ်ပါဘူး ဆူးနှလုံးသားက ကိုကြီးဆုံးတာကို
လက်မခံနိုင် သေးလို့ပါ”
“ဆူးရယ် လူဆိုတာသေမျိုးချည်းဘဲ ကိုယ်တို့လည်း
တနေ့သေရမဲ့သူ တွေဘဲဗျာ ဒါနဲ့ဆူးအကိုက ဘယ်လိုဖြစ်တာ လည်းဆူး”
“သတ္တ၀ါတခုကံတခုပေါ့
ကိုငြိမ်းချမ်းရယ်”
“ဆူးမပြောခြင်လည်းရှိပါစေတော့ဗျာ
ဒါနဲ့ကိုယ်တခုမေးပါရစေ”
ဆူးတစ်ယောက် အမေးမြန်းထူလှသော ငြိမ်းချမ်းဦးကို ငြင်သာစွာ ခေါင်းကလေးခဲ့ကြည့်ပြီး
ဖြေးညင်းစွာ ပြန်လည်လှည့်သွား လေသည်။ ဆူး၏ လှုပ်ရှားမှုကို ငြိမ်းချမ်းဦး မဖတ်တတ်ခဲ့ပေ။
“ဒီမေးခွန်းကို
ဆူးဖြေပါ့မယ်လို့ကတိပေးမှ ကျတော်မေးမှာပေါ့”
“ဆန္ဒရှိရင်
ဖြေမှာပေါ့”
“မေးတဲ့သူကမေးပြီး ဖြေတဲ့သူက အဖြေသိရက်နဲ့မဖြေဘူးဆိုရင်
မေခွန်းထုတ်တဲ့သူက အောက်သက်သက် ဖြစ်တာပေါ့”
“အင်းလေ
အဲ့လိုဆိုရင်လည်း ဆူးဖြေပါ့မယ်”
“ဆူး-ဘ၀မှာ လက်ထပ်ရမဲ့သူ
ဆူးငြိမ်းချမ်းဦးကိုစေ့စေ့ကြည့်ပြီး
ခေါင်းကလေးကို ညင်သာစွာခါလိုက်သည်။
“ဆူးတို့လို တည်းခိုခန်းက သန့်ရှင်းရေးအလုပ်သမတွေကို
ဘယ်ယောကျာင်္းလေးက စိတ်ဝင်တစား တန်ဖိုးထား မှာလည်း”
“ဆူးပြောတာတွေ မှန်သင့်သလောက်တော့ မှန်ပါတယ် ဒါပေမဲ့
ယောကျာင်္းခြင်းတူပေမဲ့ အသက်ရူခြင်းမှမတူတာ”
“ဒါပေမဲ့ သူတို့တွေက ယောကျာင်္းတွေဘဲလေ”
“ကျတော်ဆူးကို စကားတခွန်းပြောမယ်နော် ဆူးသေချာနားထောင်
အဲ့ဒီစကားဟာ ကျတော်ဘ၀အတွက် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် မိန်းကလေးတစ်ယောက်ကို ပြောခြင်းပါ
”
“ဘာစကားမို့လည်း
ကိုငြိမ်းချမ်း”
“ကျတော်
ဆူးကိုချစ်တယ်ဗျာ”
“ရှင်”
“ဟုတ်တယ် ကျတော်ဆူးကိုလက်ထပ်ပါရစေ
ဆူးလိုရိုးသားဖြူစင်တဲ့ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ တိုင်းတပါးမှာ ခုလိုရုန်းကန်
နေရတာကို ကျတော်မကြည့်ရက်ဘူးလေ”
ခေါင်းလေးကိုငုံပြီး
အမှားအမှန် အကောင်းအဆိုးအကြိုးအကြောင်း ဘာတခုမှ ခွန်းတုန့်ပြန်မှုမရှိသော ဆူးကိုငြိမ်းချမ်း
အားမလိုအားမရ ဖြစ်နေ မိသည်။
“ဆူး တခုခုတော့
ပြန်ပြောဦးလေဗျာ”
ငြိမ်းချမ်းအားမရစွာ
ဆူး၏လက်ကို လှမ်းပြီးဆုပ်ကိုင်လိုက်မိသည်။ ထို့နောက် ဆူး၏မျက်နှာလေးကို စေ့စေ့ကြည့်ပြီး
တခုခုကိုတောင်းဆိုနေမိသည်။
“အို-ကိုငြိမ်းချမ်း ဆူးလက်ကိုလွတ်ပါ
ပြီးတော့အဲ့လိုမကြည့်ပါနဲ့ ဆူး မနေတတ်ဘူး”
“ဆူးဖက်က
ကျတော့်ကိုတခုခုတုန့်ပြန်မှုတော့ ပေးသင့်တယ်ဗျာ”
“ဆူး-ဆူး စဉ်းစားပါရစေ”
“ဘယ်တော့လောက်
ကြာကြာစဉ်းစားမှလည်းဆူး”
“ဆူးမပြောတတ်ဘူး”
“ဆူးစိတ်မဆိုးဘူးဆိုရင်
ကျတော်အကန့်အသတ်တခုပေးမယ်”
“ဘာအကန့်အသတ်များလည်း”
ဆူးမမျက်မှောင်လေးကြုတ်ပြီး မေးလိုက်လေသည်။
ဆူး၏မေးခွန်းကြောင့် ငြိမ်းချမ်းဦး မထိသရိလေးပြုံး လိုက်မိ သည်။
“လာမဲ့ဖော်ဖော်ဝါရီလ ၁၄ရက်နေ့ညမှာ ကျတော့်ကို
ချစ်တယ်ဆိုရင် ဆူးအဖြူရောင် ၀တ်စုံလေးဝတ်ပြီး ဒီခုံတန်းလျားနေကိုလာခဲ့ပါ ကျတော်စောင့်နေမယ်”
ဆူးဘာမှတုန့်ပြန်မှုမပေးဘဲ
ခေါင်းလေးတချက်သာ ညိမ့်ပြလိုက်သည်။ ငြိမ်းချမ်းဦးတစ်ယောက် ကျေနပ်စွာ
ပြုံးလိုက်မိပြန်သည်။
“အချိန်လည်းလင့်ပြီ ဆူးလည်းအခန်းထဲသွားနားတော့လေ
ကျတော် လည်းပြန်တတ်တော့မယ်။ အခန်း တံကားကိုတော့ ဂျက်သေချာ ချ နော်”
ဆူးထိုင်ရာမှထကာ ငြိမ်းချမ်းဦးကို တချက်လှည့်ကြည့်လိုက်ပြီး ခေါင်းလေးကို
ညိမ့်ပြလိုက်သည်။ ထို့နောက် တလှမ်းခြင်းလှမ်းကာ အခန်းထဲသို့ ၀င်သွားလေသည်။ ငြိမ်းချမ်းတစ်ယောက်
ဆူးကိုစိတ်မချစွာဖြင့် ရင်တမမ ဖြစ်နေရာမှ ဆူးအခန်းတံကိုးပိတ်ပြီး တအောင်လောက်ကြာတော့မှ
ထိုင်ရာမှ ထကာ တည်ခိုဆောင်သို့တတ်ခဲ့လေသည်။
(သူတကယ်ဘဲ
ဆူးကိုစိတ်ဝင်စားနေတာလား။ ဒါမှမဟုတ် ကျောရယုံ ကြံခြင်တာလား၊ သူ့ရုပ်ရေလေးက သန့်ပြန့်နေပါတယ်။
အဲ့လိုကောက်ကျစ်တဲ့ စိတ်မျိုးရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ရုပ်ရေရူပကာကိုကြည့်ပြီး လူ့စိတ်ဆိုတာ
မှန်းလို့မှ မရတာ) သူပေးထားခဲ့သောသော့လေးကိုကိုင်ပြီး
ဆူးတစ်ယောက်ထဲ အတွေးထဲတွင်ခေတ္တနှစ်မြောနေမိသည်။ မိန်းမော တွေးသောနေရင်း ဆူးည သန်းခေါင်ကျော်လောက်မှပင်
အိပ်ပျော်သွားခဲ့သည်။
X
– X – X – X – X – X – X – X – X – X
အချိန်ကာ ၉နာရီမိနစ် ၃၀
“ဟာ-ဟေ့ရောင်တွေ ဟိုမှာဟိုမှာ”
“ဟား ဆူးပါလား
ငါတို့သွားရောရအောင်ကွာ”
“အာကာ
နေပါ့စေကွာ သူ့အလုပ်သူလုပ်နေတာ”
“မင်းကလည်းကွာ ခင်မင်လို့သွားနှုတ်ဆက်တာဘဲ ဘာဖြစ်တာမှတ်လို့
မင်းတို့မလိုက်လည်း ငါ့ဘာငါသွားမယ် နေခဲ့ကြ”
“တော်ပါတော့ အာကာငါတို့မနက်စာ သွားစားတာဘဲကောင်းတယ်
ပြီးတော့ဟိုကလည်း မင်းတို့ကို သိမ့်ကြည်တာမဟုတ်ဘူး”
မနက်စာစားဖို့ရန်
ဆင်းလာသော အာကာတို့အုပ်စုလေးသည် တည်းခို ခန်းဝင်းကျင်မှ ပန်းပင်များကို ရေလောင်းနေသော
ဆူးကိုလှမ်းမြင် လိုက်ရ သောကြောင့် သွားနှုတ်ဆက်ရန်ညှိနှိုင်းနေကြသည်။
“ကဲဒီလိုဆိုရင် ငါတို့သုံးယောက်မဲခွဲမယ် နိုင်တဲ့သူကိုဦးစားပေးမယ်
အဲ့တော့ငါက ဆူးကိုသွားနှုတ်ဆက်ခြင်တယ် ဇွဲကမနက်စာ သွားစား မယ်ဆိုတော့ လင်းထက်မင်းဘယ်ဖက်ကလည်း”
“ဟဟ အခွင့်ရေးဆိုတာ
နှစ်ခါမရဘူးကွ မင်းဖက်ကပေါ့”
“ကဲ ဇွဲငါမဲနိုင်သွားပြီ
လာလစ်စို့”
နှစ်ယောက်တစ်ယောက်မို့
ဇွဲမငြင်းလိုတော့ပေ။ ဆူးရေလောင်း နေသော ပန်းပင်လေးနားသို့ မရောင်မလည်နှင့် ရောက်သွားကြလေသည်။
ထို့နောက် တယောက်ကို တစ်ယောက်ကြည့်ကာ မည်သူမှစကားမဆို အာကာမှ လင်းထက်ကို အချက်ပြပြီးနှုတ်ဆက်ဖို့ပြောသော်လည်း
လင်းထက်မှာမူ ဇွဲဖက် သို့လှည့်ကာ မသိသလိုနေလိုက်သည်။ မိမိကိုလူမိုက် ငှားသည့် အကြည့်ဖြင့် မခိုးတရို့လုပ်နေသော အာကာနှင့်လင်းထက်ကိုကြည့်ကာ
ဇွဲမျက်စောင်းတချက်ထိုးပြစ် လိုက်သည်။
“ဆူး နေကောင်းလား
ဘာတွေလုပ်နေတာလည်းဗျာ”
“နေကောင်းလို့ အလုပ်လုပ်နေတာပေါ့ ဘာတွေလုပ်နေ
တာလည်း ဆိုတာ ရှင်တို့မမြင်ဘူးလား”
“ဆူး- ကျတော်ဖြစ်ပြီးတဲ့ကိစ္စတွေအားလုံးးအတွက်
နောက်ထပ် တောင်းပန်ပါတယ်ဗျာ ဟေ့ရောင်တွေမင်းတို့ လည်းဝင်ပြောဦး လေကွာ”
“ရှင်တို့ဘာမှဝင်မပြောနဲ့ ရှင်တို့အသံတွေ မကြားခြင်ဘူး စောစော
စီးစီးရှင်တို့ ကျမနားကထွက်သွားရင် ကောင်း မယ်ထင်တယ်”
“ဘာတွေဖြစ်နေကြတာလည်းဆူး”
နောက်မှမမျှော်လင့်ဘဲထွက်ပေါ်လာသည့် အသံကြောင့်အားလုံး လှည့်ကြည့်လိုက်ကြသည်။
ထိုအသံရှင်ကာ အခြားသူမဟုတ်။ ငြိမ်းချမ်းဦး ပင်တည်း။
“ဘာရယ်မဟုတ်ပါဘူး ကိုငြိမ်းချမ်းရယ် ဒီမှာစောစောစီးစီးလာပြီး
နှောက်ယှက်နေလို့”
“ဟုတ်လားဗျာ
နောင်ကြီးတို့ကဘယ်ကလည်း”
“ကိုငြိမ်းချမ်းကို ကျတော်တို့သိပါတယ် ကျတော်တို့က မန္တလေးကပါ
ဒီမှာဗျာ ဆူးကျတော်တို့ကို စိတ်ဆိုးနေတာ တောင်းပန်လို့ မရဘူး ဖြစ်နေတယ် ၀ိုင်းကူပြောပေးပါဦး”
“ဟုတ်သားဘဲဆူးရယ် ဘာတွေဖြစ်ခဲ့ကြလည်းဆိုတာ ကျတော် မသိပေမဲ့ ခုလိုမနက်စောစောမှာတော့
မင်္ဂလာရှိ စေခြင်တယ်ဗျာ”
“ကိုငြိမ်းချမ်းဆိုလိုခြင်တာက
ဆူးကမင်္ဂလာမဲ့အောင် လုပ်နေတယ်ပေါ့”
“ဆူးကအိပ်ပျော်နေတဲ့ မြွေဟောက်တစ်ကောင်လိုပါဘဲ ထားပါတော့ ကျတော်ဆိုလိုခြင်တာက
ခုလိုမင်္ဂရှိတဲ့ မနက်ခင်းမှာ ကိုယ့်အမှားကို သိလို့ လာပြီးတောင်းပန်တဲ့သူတွေကို ကိုယ်ကသဘောထားကြီးကြီးနဲ့
ခွင့်မလွတ် သင့်ဘူးလား”
ငြိမ်းချမ်းဦး၏ စကားလုံးများကြောင့် အာကာတို့အုပ်စုလေး တစ် ယောက် မျက်နှာတစ်ယောက်ကြည့်ပါ
မျက်လုံးကလေးများ ပေကလပ် ပေကလပ်ဖြင့် ပခုံးလေးများ မသိမသာတွန့်မိလိုက်ကြသည်။
“ကောင်းပြီလေ ဒီလိုဆိုတော့လည်း ဆူးခွင့်လွတ်ရမှာပေါ့ တခုတော့ရှိ
တယ်နော် ရာနှုန်းပြည့်တော့မဟုတ်ဘူး `ကိုငြိမ်းချမ်းကို အားနာ လို့”
“ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ဆူးရယ် တကယ်ပါ ဟော့ဒီက ကိုငြိမ်းချမ်းကိုလည်း
ကျတော်တို့ ကျေးဇူး တင်ပါတယ်ဗျာ”
ငြိမ်းချမ်း၏ ၀င်ရောက်ဖြန်ဖြေမှုကြောင့် ဆူး၏တထစ်လျော့ နားလည် ခြင်းကို ရရှိလိုက်သောကြောင့်
အာကာမှ လှိုက်လဲစွာ ကျေးဇူးတင်လိုက်မိသည်။
“ကဲဒီလိုဆိုရင် ကျတော်တို့ မိတ်ဆွေတွေဖြစ်သွားကြပြီပေါ့ ဒါနဲ့ ကျတော်ကိုတော့ ခင်ဗျားတို့က သိနေပြီးတော့
ခင်ဗျားတို့ နာမည် တွေက”
“ကျတော်က ဇွဲ၊ သူကအာကာ သူကတော့ လင်းထက် ဆူးကိုတော့ အထွေအထူးမိတ်ဆက်ပေးစရာမလို
တော့ဘူး ထင်တယ်နော်”
“ရှည်မနေပါနဲ့
ကျမအလုပ်ရှိသေးတယ်”
ဆူးမသည်တွန်းလှည်းလေးတွန်းကာ သူတို့ရှေ့မှထွက်ခွာလာခဲ့သည်။
“မထင်ရဘူးဗျာ
ရုပ်ကလေးက လှသလောက် ဒေါသအိုးလေးဘဲ ”
“အာကာ မင်းကတော့ လုပ်ပြီခုလေးတင် ငြိမ်းချမ်းရေးရထားတာ နောက်တခါထပ်ပျက်ရင်
ကိုငြိမ်းချမ်းလည်း ၀င်ကူနိုင်မယ်မထင်ဘူး”
ငြိမ်းချမ်းဦးပြုံးလိုက်မိသည်။
“မိတ်ဖြစ်ဆွေဖြစ်
ကျတော်တို့နဲ့မနက်စာလိုက်စားပါလားဗျာ”
“နေပါစေ ကိုဇွဲ
ကျတော် ၀ယ်ထားတာရှိနေလို့ပါ”
“လိုက်ခဲ့ပါဗျာ တလမ်းကျော်က အစားအသောက်ကောင်းတယ် ပြောတယ် ကျတော်တို့သကာခံမှာပေါ့ဗျာ”
“မဟုတ်တာဗျာ
အားနာစရာကြီး”
“အားနာတယ်ဆိုရင်
လိုက်ခဲ့ဗျာ”
အားနာနာနှင့် အာကာတို့ အုပ်စုဆွဲခေါ်ရာနောက်သို့
ငြိမ်းချမ်းဦး လိုက်ပါသွားလေသည်။
X – X – X – X – X – X – X – X –
X – X
အချိန်ကာည ၆နာရီကျော်ဝန်းကျင် TV မျက်နှာပြင်ပေါ်မှ ထွက်ပေါ် လာသော နိုင်ငံခြားအက်ရှင်
ဇတ်ကားကို ပြင်းရိစွာထိုင်ကြည့်နေကြသော ဇွဲ၊ အာကာ၊ လင်းထက် တို့သည်ကိုယ်စီအတွေးများဖြင့်စိတ်ညိမ်လျှက်။
“ဇွဲ မင်းကြည့်ရတာ အီလယ်လယ်နဲ့ကွာ ထိုင်းကိုရောက်တာ
၃-၄ရက် ရှိနေပြီ ဘာဆက်လုပ်ကြမှာလည်းကွာ”
“ဟုတ်တယ်ကွာ ပြင်းဖို့ကောင်းလိုက်တာ ငှက်ကလေးတစ်ကောင် နှစ်ကောင်လို့
ကောင်တာကနေတဆင့် ဆွဲခိုင်းလိုက်ရအောင်ကွာ”
“မင်းတို့ဆန္တရှိရင်လုပ်လိုက်ကြလေ ငါတော့ာ”
“ဘာလည်းဇွဲ မင်းဥပုဒ်စောင့်တော့မှာလား”
“ဟုတ်တယ်အာကာ”
“သေခြာမှလည်းလုပ်စမ်းပါ ဇွဲရာတော်ကြာနေကုသိုလ်မရဘဲ လဒကြီး တငင်ငင်ဖြစ်နေဦးမယ်”
“ငါအတည်ပြောနေတာ လင်းထက်”
“ငါတသက်လုံးသတ်သတ်လွတ်ဘဲ စားတော့မယ်လို့ ဆုံးဖြတ် ထားတယ်”
တည်ငြိမ်လှသော ဇွဲ၏အပြောအဆိုများကို
ကြည့်ကာ အာကာနှင့် လင်းထက်တို့ နှစ်ဦးအတွက် အထူးဆန်းပင်။
“ဇွဲ မင်းဘာဖြစ်နေတာလည်း”
“ငါဘာဖြစ်နေလို့လည်းအာကာ”
“အမေးကို အမေးနဲ့ ပြန်ပြီးမတုန့်ပြန်ခြင်
စမ်းပါနဲ့ဇွဲရာ”
အမေးကိုအမေးဖြင့် ပြန်လည်တုန့်ပြန်လာသော ဇွဲ၏စကားလုံးများကို လင်းထက်မှစောဒကတက်မိလေသည်။
မှန်သည်။ ဇွဲထိုသို့မည်သည့်အခါမှ အတွန့်မတတ်တက်ပေ။
“မင်းတို့က ငါ့ကိုကြည့်ပြီး ဘာဖြစ်နေတယ်လို့ ထင်လို့လည်း လင်းထက်”
“မင်းတခုခုထူးခြားနေသလိုဘဲ ဒီကိုရောက်ပြီးတဲ့နေ့ကစပြီး မင်းအရင်
တုန်းကလို သွက်လျက်မှုမရှိဘူး”
“မင်းတို့စိတ်ထင်လို့ပါကွာ”
“အာကာပြောတာမှန်တယ် ဇွဲမင်းတခုခုဖြစ်နေသလိုဘဲ ဘာလည်း မင်းမှာစိတ်ဝင်စားရမဲ့
မိန်းကလေးရှိနေပြီလား”
လင်းထက်နှင့် အာကာတို့၏စကားများကြောင့် ဇွဲတစ်ယောက် ဆူးမကို သတိရသွားသည်။ ဆူးမင်းကို
သတိရတယ်သိလား။ ဇွဲ၏နှုတ်မှ ဆူးဟု တလုံးတည်းသာ နှုတ်မှခပ်တိုးတိုးလေး ရေရွတ်မိလေသည်။
“ဇွဲမင်းတခုခုတုန့်ပြန်ဦးလေ ”
“ငါကဘာကိုတုန့်ပြန်ရမှာလည်း”
“ငါတို့သိပါတယ်ကွာ မင်းကဒီမှာအလုပ်လုပ်နေတဲ့ ဆူးတိုတဲ့ မြန်မာမလေးကို
ကြိုတ်ပိုးနေတယ်ဆိုတာ”
“မင်းတို့ကလဲကွာ ဘာတွေလျောက်ပြောနေတာလည်း”
“အမှန်တိုင်းပြောမယ်ကွာ ငါတို့မင်းနဲ့ပေါင်းလာတာကြာပြီ မင်းခုလိုတွေ
ဝေနေတာ တခါမှမတွေ့ဘူးလို့ဘဲ”
“မင်းတို့က ငါ့ကိုဘဲဝေဖန်နေကြတာ မင်းတို့လုပ်ခြင်တာ လုပ်ကြ ပေါ့ကွာ
”
“ဇွဲ ဘာလည်းမင်းကတကယ်ဘဲသူ့ကိုစိတ်ဝင်စားနေတာလား”
ဇွဲသည် လင်းထက် မျက်နှာကိုတချက်ကြည့်ပြီးမထိတထိ
ရယ်လိုက် မိသည်။
“မင်းတို့ကို ငါပြောမယ် သူကရိုးရိုးလေးနဲ့ လှတယ် ပြီးတော့မချယ်
သဘဲနဲ့ ဆန်းကြယ်နေတယ် ငါ့အတွက်သူက အလင်းတန်းတခု ဖြစ်ခြင်ဖြစ်လာနိုင်တယ်”
“မင်းသူ့ကို အရမ်းမွန်းနေရာမကျဘူးလား
တကယ်လို့များသူသာ”
“မင်းကဘာကိုဆိုလိုခြင်တာလည်းအာကာ”
စကားကို ဆုံးခန်းတိုင်အောင် မပြောသော
အာကာ့ကို ဇွဲမကြေမနပ် မေးလိုက်မိသည်။
“ရှင်းရှင်းပြောရရင် သူရိုးသားတယ်မရိုးသားဘူးဆိုတာ တို့တတွေ
သိနိုင်တာမဟုတ်ဘူး”
“ရိုးသားမှုဆိုတာ မင်းတို့ဘာကိုကြည့်ပြီး ဆုံးဖြတ်တာလည်း ငါကတော့ဘာဘဲဖြစ်ဖြစ်သူ့ကိုယုံကြည်တယ်
တို့အခန်းကို စရောက်တုန်းက လင်းထက်မင်းဘဲသူ့လက်ထဲကို ပိုက်ဆံတွေလှမ်းထည့် ပေးလိုက်တာလေ
ပြီးတော့ မင်းပေးလိုက်တဲ့ ငွေတွေက သာမန်အား ဖြင့်ကြည့်မယ်ဆိုရင် မနည်းဘူးဒါပေမဲ့ သူလက်မခံခဲ့ဘူးလေ”
“အော် မင်းကဒါကိုကြည့်ပြီး ကောက်ချက်ချလိုက်တာကိုး ဒါဟာဟန်ဆောင်မှုသက်သက်ဆိုတာကော
မဖြစ်နိုင်ဘူးလားဇွဲ”
“မဖြစ်နိုင်ဘူး ငါခန့်မှန်းကြည့်ရသလောက် သူဟာရိုးရိုးလေးနဲ့မာန
ကြီးပြီး အရမ်းလှတဲ့မိန်းကလေး တစ်ယောက် ဆိုတာ ငါယုံကြည်တယ်”
“ဇွဲ မင်းရူးနေတာဘဲဖြစ်မယ်
”
“မင်းလှည်းကြိုးမိမယ်နော်ဇွဲ”
“မင်းတို့ကွာအဲ့လောက်ထိပြစ်ပြစ်ကာကာမပြောစမ်းပါနဲ့ သူများသား
သမီးကို”
“အိုကေဒီလိုဆိုရင်ငါတို့အားလုံး
တခုခုနားလည်မှု ယူကြတာပေါ့”
“မင်းတို့ဘာလုပ်ကြမလို့လည်းအာကာ”
“ဒီလိုကွာ ဆူးဟာငါတို့တွေထင်သလို ညမွေးပန်းတပွင့် ဟုတ်မဟုတ်ငါ
တို့အားလုံးစမ်းသပ်ကြည့်ကြမယ်”
“ဟာမင်းတို့ဒီလိုတော့မလုပ်သင့်ဘူးကွာ သူကမြန်မာမိန်းကလေး ဆိုတာ
သတိထားကြဦးမှပေါ့ သူကညမွေးပန်း ဖြစ်ခဲ့မယ်ဆိုရင်တောင် ငါတို့အဲ့လိုမလုပ်သင့်ဘူး”
“ဇွဲ-မင်းကလည်းကွာ ငါတို့ကိုယ်တိုင်တာ့ လုပ်မလားကွ ငါ့မှာ အကြံရှိပါတယ်
ဒီလိုကွာ”
X – X – X – X – X – X – X – X –
X – X
ကနေ့တနင်္ဂနွေနေ့ဖြစ်လင့်ကစား နိုင်ငံတကာ လူအများစုတို့၏ ရုံးပိတ်ရက် နားရပ်ဖြစ်သကဲ့သို့ ၀င်ငွေရှာသူများ အတွက်လည်းဝင်ငွေကောင်း သောနေ့ရက်လေးတရက်ဖြစ်ပေသည်။
အထူးသဖြင့်ညငှက်ကလေးများအဖို့ စားကျက် ရှာဖွေရန် အလွန်ပင်လွယ်ကူလွန်းလှပေသည်။
ဆူးတို့အလုပ်လုပ်ရာ တည်းခိုခန်းလေးရှိ ၀န်ထမ်းများသည်လည်း တလလျှင်
နှစ်ရက်တရားဝင် အနားယူခွင့် ရှိသောကြောင့် ယနေ့တနင်္ဂနေ့တွင် ဆူးမ၏နားရက် တရက်ပင်ဖြစ်ပေသည်။ ပန်းနုရောင်ဝတ်စုံလေးဖြင့် ရိုးရိုးလေး နှင့် အရမ်းလှနေသော
ဆူးမအဖို့ လူတကာငေးယူလောက်အောင်ပင်။ တည်းခို
ခန်းရှိရေကူးကန်ဘေးတွင် လမ်းလျောက်နေ ရင်းလေညင်းခံနေလေသော ဆူးမအဖို့ တလောကလုံးကိုမေ့နေသည့်အလား
ခြေလှမ်းကလေးများတငြိမ့်ငြိမ့်။ ဆူးမဦး တည်ရာလျောက်နေသည့် အရှေ့တူရုမလှမ်းမကမ်းမှ
ထိုင်းအမျိုးသားနှစ်ဦး ရစ်တည်ရစ်တည်လုပ်နေသည်ကို မြင်တွေ့ရပေသည်။ ဆူးမတစ်ယောက် ထိုထိုင်းအမျိုးသား
နှစ်ဦးအနားသို့ရောက်လာပြီး တရွေ့ရွေ့ဖြတ်ကျော်သွား လေသည်။ ထိုထိုင်းအမျိုးသားနှစ်ဦးသည်
တဦးကိုတဦးမျက်စပြကြပြီး ဆူးမ နောက်သို့ ဖြေးညင်းစွာ လိုက်ပါလာခဲ့သည်။ ထို့နောက် ဆူးမကိုတဖတ်တချက်
တွင် ကာရံပြီးဟန့်တားသည့်အမူအရာဖြင့် ဆူးမ၏အရှေ့တွင်ဝင်ရပ်လိုက်သည်။
“စ၀မ်တီးခပ် Poung (မင်္ဂလာပါPoung)”
“စ၀ပ်တီးခါး
(မင်္ဂလာပါ)”
“Poung ၀မ်းနိမိုက်ထမ်းငန်းလော်ခပ် (Poung ဒီနေ့အလုပ်မလုပ် ဘူးလား)”
“ကျ~~(ဟုတ်ပါတယ်)”
“၀မ်းနိဝမ့်လုပေါင်ခပ်(ဒီနေ့အားတယ်မဟုတ်လားဗျာ)”
“ကျ~~ (ဟုတ်ကဲ့)”
ဆူးမထံမှ အဖြေကိုသိရပြီးနောက် ထိုင်းအမျိုးသားနှစ်ဦးသည်
တဦးကို တဦးမျက်ရိပ်ပြလိုက်ကြသည်။
“Poung ၀မ်းနိမရပ်(န်)ထမ်းငန်းပီစေ့လ်လော်ခပ် (Poung ဒီနေ့ ပိစေ့လ်အလုပ်
မလုပ်ခြင်ဘူးလားဗျာ)”
ဆူးမတစ်ယောက် ထိုင်းအမျိုးသားနှစ်ဦး၏မျက်နာကို
အထူးအဆန်း ကြည့်လိုက်မိသည်။
“ငန်းအလိုင်ခါး (ဘာအလုပ်မို့လည်းရှင်)”
ထိုင်းအမျိုးသားတစ်ဦးသည် တခုခုကိုဆန္ဒပြည့်ဝလိုက်သည့်
အပြုံးဖြင့် ကြည့်ပြီးပြုံးလိုက်မိသည်။
“စွန်စောင်မိုင်းခပ်၊ ငန်းစပိုင်းစပိုင်း ၁ဂျို့မောင်း ၂ဂျို့မောင်းအင်း ရပ်လိုက့်ဒမ်း၃-၄ဖမ်း Poung ကောလိုင်စနိုလ်စိုင်
တွေ့ (စိတ်ဝင်စား လား အလုပ်ကအရမ်းသက်သာတယ် ပြီးတော့ ၁နာရီနှစ်ရီထည်းနဲ့ ငွေတွေ ၃-၄ထောင်
လောက်ရမှာ မင်းစိတ်လည်းပျော်ရွှင်မှုရမှာ”
ထိုင်းအမျိုးသားနှစ်ဦး၏ အပြောအဆိုများကို
မျက်လုံးအ၀ိုင်းသား လေးနှင့် ဆူးမတစ်ယောက် စိုက်ကြည့်နေမိသည်။ ဘာတခွန်းမှခွန်းတုန့်ပြန်မှု
မပြုဘဲ တိတ်ဆိတ်နေသော ဆူးမကိုကြည့်ကာ ထိုင်းအမျိုးသာ နှစ်ဦးတို့ သည် တစ်ယောက်မျက်နှာတယောက်ကြည့်ကာ
မပြုံးတပြုံးလေးဖြင့် ခေါင်းကလေးကို မသိမသာလေး ညိမ့်လိုက် ကြသည်။ ထို့နောက် ဆူးမ၏လက်ကို
လှမ်းကိုင် လိုက်ပြီး တနေရာရာကိုဆွဲသွားမည်ပြုလိုက်ကြသည်။
No comments:
Post a Comment