ထိုင်းအမျိုးသားနှစ်ဦး၏ အပြောအဆိုများကို မျက်လုံးအ၀ိုင်းသား လေးနှင့် ဆူးမတစ်ယောက်
စိုက်ကြည့်နေမိသည်။ ဘာတခွန်းမှခွန်းတုန့်ပြန်မှု မပြုဘဲ တိတ်ဆိတ်နေသော ဆူးမကိုကြည့်ကာ
ထိုင်းအမျိုးသားနှစ်ဦး တို့သည် တစ်ယောက်မျက်နှာတယောက်ကြည့်ကာ မပြုံးတပြုံးလေးဖြင့်
ခေါင်းကလေးကို မသိမသာလေး ညိမ့်လိုက်ကြ သည်။ ထို့နောက် ဆူးမ၏လက်ကို လှမ်းကိုင် လိုက်ပြီး
တနေရာရာကိုဆွဲသွားမည်ပြုလိုက်ကြသည်။
အချစ်နှင့်နှောင်ကြိုး |
“မင်းကံကောင်းပါတယ်ဇွဲရာ”
“ဟုတ်တယ်ဇွဲ အာကာပြောတာမှန်တယ် တိုင်းတပါးမှာ ဒီလိုမြန်မာမိန်း
ကလေးမျိုးရှားတယ်”
ဇွဲတယောက် အာကာနှင့်လင်းထက်တို့၏မျက်နှာကို အနိုင်နှင့်ပိုင်း လိုက်သည့် အကြည့်တချက်ကြည့်ပြီး
ထွက်ခွာ သွား လေသည်။
X – X – X – X – X – X – X – X –
X – X
“ဆူး”
ရေပိုက်ကလေးဖြင့် ပန်းပင်များကို ရေလောင်းနေသော ဆူးမတစ် ယောက် ခေါ်သံကြောင့်နောက်သို့
လှည့်ကြည့် လိုက်မိသည်။
“ကိုဇွဲ နေကောင်းတယ်နော်”
“ဟုတ်ကဲ့ကောင်းပါတယ်
ဆူးကိုပြောစရာများ ရှိနေလို့လား ကိုဇွဲ”
မရောင်မလည်ဖြစ်နေသော ဇွဲကိုဆူးမမေးလိုက်မိသည်။ ထိုမေးခွန်း ပေါ်မူတည်ပြီး မိမိပြောလိုသော
စကားများကို ပြောရန်အတွက် အသင့်ဖြစ် နေသော်လည်း ဇွဲတစ်ယောက် မရင့်မရဲ။
“ဆူး ကျတော်”
“ကိုဇွဲဘာပြောမှာလည်း”
“ကျတော်ပြောမဲ့စကားကို အထင်မသေးဘူးဆိုရင်ပြောခြင်တယ်ဗျာ ဒါပေမဲ့”
“ဆူးဘာကူညီရမှာလည်း
ပွင့်ပွင့်လင်းလင်းပြောပါကိုဇွဲ”
“ကျတော် ဆူးကိုချစ်တယ်”
“ရှင် ဘယ်လို”
ဆူးမတစ်ယောက် ဇွဲ၏မျက်နာကိုသေချာစိုက်ကြည့်ပြီး တအံ့တသြမေး လိုက်မိသည်။ ဆူးမ၏အကြည့်များ
ကြောင့် ဇွဲတစ်ယောက် ရှက်ကိုး ရှက်ကန်း ဖြစ်ကာ မျက်နှာလွဲလိုက်သည်။ ဇွဲ၏နောက်တွင် ဖြေးညင်းစွာ
လမ်းလျောက်လာ နေသော ငြိမ်းချမ်းဦးကိုလှမ်းမြင်လိုက်ရသောကြောင့် အံ့သြနေသော သူမ၏မျက်လုံးလေး
များကို ပြုပြင်လိုက်သည်။
အချစ်နှင့်နှောင်ကြိုး |
“ဆူးနေကောင်းတယ်နော်
ကိုဇွဲလည်းရောက်နေတာကိုး”
မိမိ၏နောက်မှစကားသံကြောင့် ဇွဲနောက်သို့လှည့်ကြည့်လိုက်မိသည်။ တည်ငြိမ်ပြီး
ပတိရုပ်ကောင်းသော ငြိမ်းချမ်းဦးကို ဇွဲမြင်တွေ့လိုက်ရချိန်တွင် ဇွဲ၏မျက်နှာလေး ငြိုးငိုင်သွားသည်။
ငြိမ်းချမ်းဦးနှင့်ယှဉ်မည်ဆိုလျှင် ဇွဲသည် အညတရလေးတစ်ယောက်ပင်။ မိဘဖြစ်သူများ ပြည်စုံသာ ခြင်းတူသော် ညားလည်း တည်ငြိမ်ခန့်ငြားခြင်းနှင့်
အလုပ်လုပ် ကိုင်ခြင်းများမတူညီ။ ဇွဲသည်စိတ်လက်ပေါ့ပါးစွာ လေလွင့်နေသော လူငယ်လေးတစ်ယောက်။
ငြိမ်းချမ်းဦးသည် မိဘ၏စီးပွားရေး လုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးနေသော လိမ္မာရေးခြားရှိသည့်
လူငယ်လေးတစ်ယောက်။ ဆူးမတစ်ယောက် ငြိမ်းချမ်းဦး၏ မေးခွန်းကိုအပြုံးနှင့်ပင် ခေါင်းကလေးငြိမ်ပြလိုက်သည်။
“အော်ကိုငြိမ်းချမ်း ဘယ်တုန်း”
“ဟိုနားဒီနားပါဗျာ
ကိုဇွဲကော”
“ကျတော်လည်းပြင်းလို့ ဆူးနဲ့ စကားပြောနေတာ ကျတော်ပြန် လိုက်ဦးမယ်ဗျာ
ဆူးခွင့်ပြုပါဦး ပြီးတော့ ကျတော် ပြောတဲ့ကိစ္စလေးကို သေချာစဉ်းစားပြီးမှ ကျတော့်ကို
အကြောင်းပြန်ပါ ကျတော်သွားပြီ”
ဆူးမသည် ထုံးစံအတိုင်းပင် ဇွဲကိုပြုံးပြီးခေါင်းကလေး ညိမ့်ပြလိုက်သည်။ ဇွဲတစ်ယောက်ဆူးမကို
အပြုံးဖြင့်ပြန် လည် နှုတ်ဆက်ပြီး ထိုနေရာလေးမှ ထွက်ခွာလာခဲ့သည်။
“ဆူး- ခုနကဇွဲကဘာကိုပြောသွားတာလည်း ပြီးတော့လည်း သေခြာ စဉ်းစားပြီးမှ
အကြောင်းပြန်ပါ ဆိုတာက ဘာကိုဆိုလို ခြင်တာ လည်းဆူး”
“ဘာ-ဘာရယ်မဟုတ်ပါဘူး
ကိုငြိမ်းချမ်း”
“ကိုယ့်ကို
မညာခြင်စမ်းပါနဲ့ဆူး ”
“ဆူးက ဘာကိုညာနေလို့လည်းကိုငြိမ်းချမ်း”
“ဆူးရဲ့မျက်လုံးလေးတွေက မညာတက်ဘဲနဲ့ ဘာလို့ညှာခြင် ရတာ လည်းဆူး
ကိုယ့်ကိအမှန်တိုင်းဘဲပြောပါ”
“ဆူး-”
“ဆူးဘာဖြစ်လည်းပြော”
“ဘာမှမဟုတ်တော့ပါဘူး
ကိုငြိမ်းချမ်း”
“ဆူးမပြောခြင်ဘူးဆိုလည်းနေပေါ့ ကိုယ်ကတော့ ဆူးကိုတခု အသိပေးစရာရှိတယ်နော်”
“ရှင်- ဘာများလည်းကိုငြိမ်းချမ်း”
“မကြာခင်မှာ
ချစ်သူများနေ့ရောက်တော့မှာနော် အဲ့ဒါကိုအသိပေးတာ”
“ဆူးသိပါတယ်”
“ဆူးဆီက ရှင်းလင်းပျက်သားတဲ့အဖြေတခုဘဲ ကိုယ်လိုတယ် ဆူးသေ ခြာစဉ်းစားပေးပါ
ကဲကိုယ်သွားတော့မယ် ဆူးလည်းအလုပ်ရှိ နေတယ် ဆိုတော့”
“ဟုတ်”
ငြိမ်းချမ်းဦး၏မျက်နှာကိုတချက်ကြည့်ပြီး
ဟုတ်ဟုတလုံးတည်းဖြေကာ ဆူးတစ်ယောက်မျက်လွာလေးချ လိုက် သည်။
X – X – X – X – X – X – X – X –
X – X
“မင်းတကယ်ဘဲ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီလားဇွဲ”
“ဟုတ်တယ် အခုငါသိချင်တာလည်း သိခဲ့ရပြီးပြီ ပြောခြင်တာလည်း ပြောခဲ့ရပြီးပြီ
ငါအိမ်ပြန်ပြီးတော့ ငါ့ကိုငါ ပြုပြင်ဖို့ဘဲလိုတော့တယ်လေ အာကာ”
“မင်းဘာကိုဆိုလိုတာလည်း
ဇွဲ”
“ဆူးကညမွေးပန်းတပွင့် မဟုတ်ဘူးဆိုတာရယ် နောက်ပြီးငါကိုယ်တိုင်
ဆူးကိုမေတ္တာရှိတဲ့အကြောင်းလည်း ဖွင့်ပြောခဲ့ပြီးပြီ အဲ့ဒါ”
“မင်းကသွက်လှချည်လားဇွဲ တကယ်လို့များဆူးသာ ညမွေးပန်းတပွင့် ဖြစ်ခဲ့မယ်ဆိုရင်မင်းဘာဆက်လုပ်မှာ
လည်း”
“ဒါကတော့ တော်တော်ခဲယဉ်းတဲ့ ပြသနာတခုဘဲလေ ဒါပေမဲ့ ငါကိုယ်တိုင်လည်း
အပြစ်ကင်းတဲ့ လူတစ်ယောက်မှ မဟုတ်ခဲ့တာ တကယ်လို့များ ဆူးသာညမွေးပန်းတပွင့်ဖြစ်ခဲ့ဦးတော့
ငါ့သူ့အပေါ်မှာ ထားတဲ့အချစ်တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလင်းထက်”
“မင်းဇွဲမှဟုတ်ရဲ့လားဇွဲ”
“ဒါအိမ်မက်မဟုတ်ဘူး
ငါကိုယ်ငါလည်းမညာခြင်ဘူး”
“အေးလေမင်းတောင်မှ ခုလိုလိမ်မာပြောင်းလည်းနေမှတော့ ငါတို့ လည်းမင်းသူငယ်ချင်းတွေဘဲ”
“ကလင်း လင်း-ကလင်းလင်း”
အခန်းလေးထဲမှ ဖုန်းမည်သံကြောင့် လင်းထက်တစ်ယောက် တယ်လီ ဖုန်းလေးကို
ကောက်ကိုင်လိုက်သည်။
“ဟဲလို”
“၅၀၆ ကပါလား ကျတော်ငြိမ်းချမ်းဦး ဇွဲနဲ့စကားပြောခြင်လို့ပါ”
“ဇွဲ မင်းဖုန်း”
ဇွဲတစ်ယောက် လင်းထက်လှမ်းပေးလိုက်သော ဖုန်းကိုလက်ခံ လိုက် လေသည်။
“ဟုတ်ကဲ့ ကျတော်ဇွဲပါ”
“ကျတော်ငြိမ်းချမ်းဦးပါ စကားပြောရအောင် အောက်ကိုဆင်းခဲ့ ပါလားဇွဲ”
“အရေးတကြီးရှိလို့လားဗျာ”
“အရေးမကြီးဘူးဆိုပေမဲ့ ကျတော်ခင်ဗျားကို ဆူးကိစ္စနဲ့ပါတ်သက်ပြီး
တိုင်ပင်စရာလေးရှိလို့ပါ”
“ကောင်းပြီလေ
ကျတော်အခုဘဲ လာခဲ့ပါ့မယ်”
တယ်လီဖုန်းကိုချကာ ခုံပေါ်တွင်တင်ထားသော
ဂျာကင်အကျီ င်္လေးကို ကောက်ဝတ်ပြီး လင်းထက်တို့ကိုပင် ဘာမှအသိမပေးဘဲ အခန်းထဲမှ ထွက်လာ
ခဲ့လေသည်။ ဓါတ်လှေကားလေးအတိုင်းဆင်းလာပြီး တည်းခိုခန်း ၀င်းကျင် အပြင်ဖက် တွင်တစုံတစ်ယောကိုရှာနေမိသည်။
ဇွဲ၏မျက်လုံးများသည် ဆူးမထိုင် နေကြခုံတန်းလျားလေး တွင်လည်း ကောင်း ပန်းခြံလေးတလျောက်
တွင်လည်းကောင်း ပတ်ကာကြည့်နေမိသည်။ ထို့နောက်ရေကူးကန်လေးရှိ စားပွဲတလုံး တွင်ထိုင်
နေသောငြိမ်းချမ်းဦးကို တွေ့လိုက်ရသောကြောင့် ငြိမ်းချမ်းဦးရှိရာသို့ လျောက်သွားမိသည်။
ဇွဲအနားသို့ ရောက်လာသည်ကို အသိအမှတ်ပြုသည့်အနေနှင့် မိမိ၏ရှေ့တွင်လွတ်နေသော ခုံလေးတလုံးတွင်
ထိုင်စေရန် အပြုံးဖြင့်ထို ခုံလေးကိုနေရာယူရန် လက်ဖြင့်အမူအရာ ပြလိုက် လေသည်။
“လာ ကိုဇွဲထိုင်ဗျာ”
ဇွဲတစ်ယောက် ငြိမ်းချမ်းညွန်ပြရာ
ထိုင်ခုံလေးတွင် ၀င်ထိုင် လိုက်လေ သည်။
“ကျတော့်ကို တွေ့ခြင်တဲ့ကိစ္စက”
“အေးဆေးပေါ့ဗျာ စားရင်းသောက်ရင်း ပြောကြတာပေါ့ ရော့ချ လိုက်ပါဦး”
ဇွဲတစ်ယောက် ငြိမ်းချမ်းဦးလှမ်းပေးသော
ဘီရာခွက်လေးကို လှမ်းယူ လိုက်လေသည်။ ထို့နောက်ဘီရာခွက်ကို လှမ်းမြောက်လိုက်ပြီး တချီတည်း
သောက်ချလိုက်လေသည်။ ထို့နောက်ရှေ့တွင် ချထားသောအာလူးကြော်ကို လှမ်းယူပြီး တကျွတ်ကျွတ်ဝါးလိုက်သည်။
“ကိုဇွဲဘယ်တော့ပြန်မယ်လို့ စိတ်ကူးထားလည်း”
“ဘာလို့လည်း
ကိုငြိမ်းချမ်း”
“ဘာရယ်မဟုတ်ပါဘူးဇွဲရာ ကျတော်ပစ္စည်းလေး လူကြုံပါးလိုက်ခြင် လို့ပါ”
“ရတာပေါ့ဗျာ လိပ်စာသာပေးလိုက်
ကျတော်မရောက်ရောက်အောင် ပို့ပေးမယ် ဘာပစ္စည်းလေးမို့လည်းဗျာ”
“ဟန်းစက်လေးပါဗျာ ကျတော့်မိတ်ဆွေတစ်ယောက်ကို ပေးလိုက် ခြင်လို့ပါ”
“ကိုငြိမ်းချမ်းက
ဒီမှာကြာဦးမှာလား”
“ဆိုပါတော့ဗျာ
”
“ကိစ္စက”
“စက်ရုံပစ္စည်းလေးမစုံသေးလို့ပါဗျာ”
“ဟုတ်ပါပြီ ဒါနဲ့ကိုငြိမ်းချမ်းပစ္စည်းပို့မဲ့သူက ဘယ်သူများတုန်း
မိန်းကလေးတစ်ယောက်လား”
“ဆိုပါတော့ဗျာ”
“ကိုငြိမ်းချမ်းရဲ့ကောင်မလေးပေါ့”
ထိုမေးခွန်းကို ငြိမ်းချမ်းမဖြေပါ။
အဓိပ္ပါယ်ရှိရှိတချက်ကြည့်ပြီး ပြုံးလိုက်မိသည်။ ထို့နောက်ဘီရာခွက်လေးကို ယူပြီးသောက်ချလိုက်သည်။
“ဒါနဲ့စကားမစပ်
ခင်ဗျားနဲ့ဆူးရဲ့အခြေအနေက”
“ကိုငြိမ်းချမ်းဘာကို
ဆိုလိုခြင်တာလည်း”
“ခင်ဗျားဆူးကို
ပရိုဖိုလ့်လုပ်ထားတယ်ဆိုတာ ကျတော်သိပါတယ်”
“ဆူးကခင်ဗျားကိုတော့
ပြောမပြလောက်ဘူးကျတော်ထင်တယ်”
“ဒါကအရေးမကြီးပါဘူးဇွဲရာ သူမင်းကိုတုန့်ပြန်ပြီးပြီလားဆိုတာ
သိချင်လို့ပါ”
ထိုစကားတခွန်းနှင့်ပင် ဇွဲနားလည်လိုက်လေသည်။
ငြိမ်းချမ်းဦး တစ်ယောက်ဆူးမကို စိတ်ဝင်စားနေမှန်း ဇွဲရိပ်မိသည် ထို့ကြောင့်လည်း ငြိမ်းချမ်း
၏စိတ်ကို ထိုးကွက်ဆင်လိုက်မိသည်။
“ကျတော်ဆူးမအကြောင်းကို
လေ့လာနေတုန်းပါ”
ငြိမ်းချမ်းဦးမျက်ခုံးကို တချက်ကြုံ့လိုက်မိသည်။
“ဘာအကြောင်းလည်းဇွဲ”
“ပွင့်ပွင့်လင်းလင်းဘဲပြောမယ်ဗျာ ဆူးအရွယ် မိန်းကလေး တစ်ယောက်က
ရှင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ် စေမိန်းမကောင်းမှန်ရင် မိဘအုပ်ထိန်းသူအောက်မှာ ဒါမှမဟုတ်ရင်အနည်းဆုံးတော့
မိခင်တိုင်းပြည်မှာ ရှိနေရမှာ ပေါ့”
“မင်းဆိုလိုချင်တာက
ဆူးကမရိုးသားဘူးပေါ့”
ငြိမ်းချမ်းဦး၏အမေးကို နှခမ်းကလေးမပြုံးတပြုံးနှင့် ပခုံးကလေး တွန့်ကာ ခေါင်းကလေးကိုလှုပ်ပြီး
သက်ပြင်းချ လိုက်မိသည်။
“ကတယ်တော့ညမွေးပန်းဆိုတာ ညမှာဘံမွေးပါတယ်ဗျာ”
“သေချာလှချည်လားဇွဲ မင်းပြောတဲ့ညမွေးပန်းဆိုတဲ့ အဓိပ္ပါယ်ကို
ရှင်းစမ်းပါဦး”
“ဒီလိုဗျာ ညမွေးပန်းလေးတွေက ဖြူစင်တယ်ဆိုပေမဲ့ နေရောင်ရဲ့ဒါဏ်
ကိုတော့မခံနိုင်ရှာဘူး ပြီးတော့လှပြီး အဆင်းရှိတယ်ဆိုပေမဲ့ အချင်း အရာမှာတော့ ညမှမွေးတဲ့အနံ့ရတတ်ကြတယ်။
ပြီးတော့ အာရုံတတ် လာရင်တော့ အဲ့ဒီအနံ့ လေးကပျောက်ကွယ်သွားတော့တာဘဲ”
ငြိမ်းချမ်းဦးတစ်ယောက် ဇွဲ၏ကောက်ချက်များကြောင့် တချက်လေးငိုင် ကျသွားလေသည်။
သို့သော်သူဆူးမကို ယုံကြည်သည်။ ဆူးမသည် ညမွေးပန်း တပွင့်မဖြစ်နိုင်။ သူမ၏ဒိုင်ယာရီလေးအရာ
သူမ၏ဘ၀သည် သနားစရာ အလွန်းကောင်းသည်။
“ဇွဲ မင်းပြောသလိုဘဲ သူသာညမွေးပန်းတပွင့်ဖြစ်ခဲ့မယ်ဆိုရင် မင်း
ဘယ်လိုသဘောရလည်း”
“ယောကျာင်္းဘဲဗျာ နဲနဲတော့ရင်းရမှာပေါ့ ကျတော်ကိုယ်တိုင်ကလည်း
အပြစ်ကင်းတဲ့သူတစ်ယောက်မှ မဟုတ်တာ”
မသိမသာလေးနှင့်မိမိကိုထိုးနက်လာသောစကားလုံးများကိုရှောင်ရှားလိုက်လေသည်။
“ကဲဗျာ စကားကောင်းနေတာနဲ့ ကျတော်ကိုခွင့်ပြုပါဦး ကျတော်အလုပ်
ကိစ္စလေးရှိသေးလို့”
“အိုကေကောင်းပြီဗျာ
ဂွတ်နှိုက်ကိုငြိမ်းချမ်း”
ငြိမ်းချမ်းဦးသည်ထိုင်ရာမှထလိုက်ပြီး ဖုန်းလေးကိုကောက်ယူကာ ဇွဲကိုလက်ဖ၀ါး
လေးထောင်ပြီးလှုပ်ပြ လိုက် သည်။ ထို့နောက်အပြုံးတချက်နှင့် ခေါင်းကလေးကိုငြိမ့်ပြပြီးထွက်ခွာသွားလိုက်သည်။
X – X – X – X – X – X – X – X –
X – X
ဆူးသာ ညမွေးပန်ဖြစ်ခဲ့မယ်ဆိုရင်၊
ဆူးသာညမွေးပန်းဖြစ်ခဲ့မယ်ဆိုရင်၊ ဆူးသာညမွေးပန်းဖြစ်ခဲ့မယ်ဆိုရင် နေ့ခင်းကဇွဲပြောခဲ့သော စကားများသည် ငြိမ်းချမ်းနားထဲမှမထွက်။ ညအိပ်ရာဝင်ချိန်အထိ အတွေးထဲတွင် ဆူးသာ
ညမွေးပန်းဖြစ်ခဲ့လျင် ဆိုသည့်စကားလုံးများစွာတို့က နေရာယူနေလေသည်။
ဆူးသာ ညမွေးပန်းတကယ်ဖြစ်နေခဲ့မယ်ဆိုရင် ငါဘာဆက်လုပ် ရမှာလည်း။ ငါ့မိဘ ငါ့အပေါင်းအသင်း
ငါ့အသိုင်း အ၀ိုင်းမှာ ငါဘယ်လိုဆက် ပြီးရင်ဆိုင်ရမှာလည်း။ ဇွဲပြောသလို ညမွေးပန်းမဖြစ်ပါစေနဲ့လို့
ငါဆုတောင်းရုံ ကလွဲလို့ ဘာတတ် နိုင်မှာလည်း။
အတွေးပေါင်းစုံတို့ စိတ်ထဲတွင်ပျံ့နှံ့နေသော ငြိမ်းချမ်းတစ်ယောက်
သန်းခေါင်ကျော်အာရုံတတ်ချိန်လောက်မှပင် အိပ်မောကျနိုင်ခဲ့သည်။ အိပ်ရာမှ နိုးထလာသောအချိန်တွင်
ကိုယ်လက်များအကြောဆန့်ပြီး ပြတင်းပေါက် နားလေးသို့ လျောက်သွားပြီး နေ၀င်းနီကိုလှမ်းကြည့်နေမိသည်။
မမျော်လင့်ဘဲ ပန်းပင်များကို ရေလှောင်းနေသော ဆူးကိုလှမ်းမြင်လိုက်ရသည်။ ပြီးတော့သူ၏
မြင်ကွင်းထဲတွင် နောက်ထပ် နိုင်ငံခြားသား အမျိုးသား တစ်ယောက်ကိုပါ မြင်တွေ့လိုက်ရသည်။
ဆူးမတစ်ယောက် ထိုနိုင်ငံခြားသားနှင့် ရင်းရင်းနှီးနှီး ရယ်မောပြီးစကားပြောနေသည်ကို
မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဒီမနက်ရူ့ခင်းသည် ငြိမ်းချမ်းရင်ထဲတွင်ညိုမိုင်းပြီး
ကယက်ခက်သွားသည်။ ထို့နောက် ဆူးသာညမွေးပန်း ဖြစ်ခဲ့မယ်ဆိုရင်၊ ဆူးသာညမွေးပန်း ဖြစ်ခဲ့မယ်
ဆိုရင်ဆိုသည့်စကားသံများကို ပြန်လည်ကြား ရောင် နေမိပြန်သည်။
“ဟူး--------------”
ငြိမ်းချမ်းတစ်ယောက် သက်ပြင်းရှည်ကြီးကိုချကာ အိပ်ယာပေါ် သို့ ပြစ်လှဲချလိုက်သည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း ဆူးကို မြင်တွေ့လိုသော ဆန္ဒများကိုမူ ငြိမ်းချမ်းတစ်ယောက်
တားဆီးနိုင်စွမ်းမရှိခြေ။ ထို့ကြောင့် ရေချိုးသန့်စင်ပြီး တည်းခိုခန်းပန်းခြံလေးထဲသို့
ဆင်းလာခဲ့သည်။ ဆူးထိုင်နေကြခုံတန်းလျားလေးတွင် ဆူးနှင့်ထိုင်း အမျိုးသားတစ်ယောက် ထိုင်ပြီးစကားပြောနေသည်ကို
မလှမ်းမကမ်းမှငြိမ်းချမ်းတစ်ယောက် လှမ်းမြင် လိုက်ရပြန်သည်။ ငြိမ်းချမ်း ဟင်း ကနက်
သက်ပြင်းအရှည်ကြီးတချက်ချပြီး တခုခုကိုမလိုမကျသည့်မျက်နှာနှင့် ခေါင်းကလေးကို တသွင်သွင်
ခါယမ်းကာ လာရာလမ်းသို့ လေးလံသောခြေလှမ်းများဖြင့် ဖြေးညင်းစွာ တလှမ်းခြင်းလှမ်းပြီး
လျောက်ခဲ့သည်။ ထိုင်းအမျိုးသားထွက်ခွာသွားပြီးသည့်နောက် ဆူး ငြိမ်းချမ်း၏ ကျောပြင်ကိုလှမ်းမြင်လိုက်ရသည်။
ဆူးဆီကိုလာမဲ့ ကိုငြိမ်ချမ်းတစ်ယောက် ဘာလို့နောက် ကိုပြန်လှည့်သွားတာလည်း၊
ဆူးကိုမမြင်ချင်လို့ တမင်လှည့် ပြန်သွားတာလား။ ဒါဖြင့်ရင် သူကဘာလို့ ဆူးကိုချစ်တယ်လို့
ပြောရတာလည်း။ ဆူးကိုကျော ရရုံကြံ တာလား။ ငြိမ်းချမ်း၏ကျောပြင်ကို
လှမ်းကြည့်ပြီး ဆူးတစ်ယောက် အတွေး ထဲတွင်ခေတ္တနှစ်မြောနေမိသည်။
X – X – X – X – X – X – X – X –
X – X
တည်းခိုခန်းပန်းခြံလေးတနေရာရှိ ခုံတန်းလျားလေးတွင် ညနေ ဆည်းဆာအလှနှင့်အတူ ငယ်ရွယ်နုပျိုသော
ယောကျာင်္းလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလေသည်။ လမ်းဘေးမီး
ရောင်များ စတင်လင်းလက်လာချိန်အထိ တိတ်ဆိတ်ငြိမ်သက်စဲ။
“ကိုငြိမ်းချမ်း နောက်သုံးရက်လောက်ဆိုရင် ဖေဖော်ဝါရီ
၁၄ ရောက်ပြီနော်”
တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲလိုက်သူက
ကောင်မလေးတစ်ယောက်ပင်။
“ဟုတ်တယ်ဆူး”
“ကိုငြိမ်းချမ်း
ဘယ်တော့လောက် မြန်မာပြည်ပြန်မှာလည်း”
“16 ရက်လောက်မှပြန်မယ်စိတ်ကူးတယ်”
“ကိုငြိမ်းချမ်းကိုကြည့်ရတာ
တခုခုကိုအလိုမကျဖြစ်နေသလိုဘဲနော်”
“ဆူးဘာကို
ဆိုလိုခြင်တာလည်း”
“ဘာရယ်မဟုတ်ပါဘူး ကိုငြိမ်းချမ်း ဆူးအပေါ်ကို စိမ်းနေသလိုဘဲ
ခံစားရတယ်”
“ဆူးစိတ်ထင်လို့ပါ”
“ကိုငြိမ်းချမ်းကို ဆူးပွင့်ပွင့်လင်းလင်းဘဲပြောပါရစေ
ဆူးကိုချစ်ခွင့် တောင်းပြီးတော့မှ နောင်တရနေမယ်ဆိုရင် ကိုငြိမ်းချမ်းရဲ့စကားကို ပြန်ပြီးရုပ်သိမ်းနိုင်ပါတယ်။
ဆူး------”
ဆူး၏စကားများကို ငြိမ်းချမ်းဦးဖျက်ပြောလိုက်သည်။
“မင်းဘာတွေပြောနေတာလည်းဆူး”
“ဟုတ်ပါတယ်
ဆူးလိုတည်းခိုခန်းက အလုပ်သမားတစ်ယောက်နဲ့ ”
“တော်တာ့ဆူး
မင်းဆက်မပြောနဲ့တော့”
ငြိမ်းချမ်းတစ်ယောက် ဆူးရှေ့တည့်တည့်သို့
မတ်တပ်ရပ်လိုက်ပြီး ဆူး၏ပုခုံးနှစ်ဖက်ကို စုတ်ကိုင်ပြီး ပြောလိုက် မိသည်။
“ဆူးနားလည်ပါတယ်၊ မတည်ငြိမ်သေးတဲ့ ကိုငြိမ်းချမ်းရဲ့နှလုံးသားကို
လှုပ်နိုးခဲ့မိတဲ့ဆူးကိုဆူးအပြစ်တင်မိပါတယ်။ ဆူးနားလည်ပါတယ် ကိုငြိမ်းချမ်းဆူးကိုချစ်ရေးဆိုခဲ့မိတာတွေအတွက်
ဆူးအမှတ်တရ အဖြစ်သိမ်းထား လိုက်ပါ့မယ်။ ကိုငြိမ်းချမ်း ပြန်ပြီးရုပ်သိမ်း ခွင့်ရှိပါ
တယ်”
“ဆူး-
မင်းမှာ ချစ်သူရှိနေပြီလား ဒါမှမဟုတ်”
“ဆူးကို ချစ်တဲ့ယောကျာင်္းတစ်ယောက်က ဆူးအပေါ်မှာ
ယုံကြည်မှု ရှိမနေရင် ဆူးအဲ့ဒီယောကျာင်္းတစ်ယောက် ကိုပြန်ချစ်ဖို့သင့်လား ကိုငြိမ်းချမ်း”
“မင်းဆိုလိုခြင်တာက”
“ဆူးတို့က တည်းခိုခန်းကအလုပ်သမားတွေပါ ဒီမှာလာတည်းကြတဲ့
ဧည့်သည်တွေကို ဗျူငှာစွာမှ မဆက်ဆံရင် အလုပ်ပြုတ်သွားမှာပေါ့ သူတပါးနိုင်ငံမှာ မိန်းကလေးတစ်ယောက်အနေနဲ့
အလုပ်တခုပြီးတခု ပြောင်းပြီး လုပ်ကိုင်ဖို့ဆိုတာ”
“တော်ပါတော့ ဆူးရယ် ကိုယ်နားလည်ပါပြီ ကိုယ့်ကိုခွင့်လွတ်ပါ
ဆူးအပေါ်မှာ မထင်မကျဖြစ်နေမိတဲ့ ကိုယ့်ရဲ့စိတ် ကိုဘဲ ကိုယ်အပြစ် တင်မိပါတယ် ဒါကလည်း
ဆူးကို ကိုယ်အရမ်းချစ်မိလို့ပါ”
ဆူး၏ပုခုံးနှစ်ဖက်ကို
ဆွဲကိုင်ပြီးဆူး၏ကိုယ်လုံးလေးကို မထူကာ ငြိမ်းချမ်းဦးတစ်ယောက် သူ့ရင်ခွင်ထဲသို့ ရုတ်တရက်
ဆွဲသွင်းလိုက်မိသည်။
“ဆူး- ကိုယ် ၁၄ရက်နေ့အထိမစောင့်နိုင်တော့ဘူးကွာ
ကိုယ့်ကို တိကျတဲ့အဖြေတခုပေးပါ”
“ဆူးကိုလွတ်ပါ
ကိုငြိမ်းချမ်း တယောက်ယောက်မြင်တွေ့သွားခဲ့ရင်-”
“ဆောရီးဘဲဆူး ကိုယ်ဟန်မဆောင်နိုင်လောက်အောင် မင်းကိုချစ်မိ
သွားလို့ပါ”
“သေချာလို့လား ကိုငြိမ်းချမ်းရယ် ဆူးစိတ်ထင်ပြိုင်ဖက်တစ် ယောက်ကို
အနိုင်လိုချင်လို့များလားရှင်”
ငြိမ်းချမ်းတစ်ယောက် ဆူး၏ပခုံးကိုက်တစ်ဖက်ဖြင့်ကိုင်ပြီး ကျန်လက် တဖက်ဖြင့်ဆူး၏
နှခမ်းလေးကို လက်ညိုး ကလေးနှင့် တေ့လိုက်လေသည်။
“ဆူး ဒါဘော်လုံးကန်နေတာမဟုတ်သလို လောင်းကြေးထပ်တဲ့ပွဲလည်း မဟုတ်ဘူးဆူး”
“ကိုငြိမ်းချမ်းစိတ်ထဲက မတင်မကျဖြစ်နေတာတွေအတွက် ကိုငြိမ်းချမ်း
သေချာပြန်စဉ်းစားစေခြင်လို့ပါ”
“ကိုယ်ခုလေးတင် ဆုံးဖြတ်ချက်တခုကို ချနိုင်ခဲ့ပြီဆူး အဲ့ဒါဆူးကိုကိုယ်
သိမ့်ချစ်တယ်ဆိုတာဘဲ”
“ကောင်းပြီလေ ကိုယ်တို့ဒီနေ့တော့လမ်းခွဲကြဦးစို့
လာမဲ့ ၁၄ရက်နေ့မှာ ကိုယ်ပြော်ရွင်ရမဲ့ အဖြေတခုကို ဆူးနှလုံးသားနဲ့ ထုပ်ပိုးပြီး ဒီခုံတန်း
လျားလေးကို ရောက်လာမဲ့ဆူးကို ကိုယ်တညလုံး ထိုင်စောင့်နေမယ်”
မီးရောင်တ၀န်းဝန်းအောက်ရှိ
တည်းခိုခန်းခုံတန်းလျှားနေတနေရာမှ စကားပြောနေသော ငြိမ်းချမ်းနှင့်ဆူးတို့ကို ခုံတန်းလျားလေး
နှင့်မလှမ်းမကမ်း တနေရာရှိ ကားပါကင်အောက်မှ ကိုဖြိုးတစ်ယောက် မှင်သက်စွာရပ်ကြည့် နေမိသည်။
X
– X – X – X – X – X – X – X – X – X
ဖေဖော်ဝါရီ ၁၄
No comments:
Post a Comment