နှစ်တွေလတွေ
အချိန်တွေကြာညောင်းပြီးရာသီတွေအလီလီပြောင်းခဲ့ပေမဲ့ သူမ၏ရင်ထဲက ဝေဒနာတွေ ဘယ်တော့မှပြောက်ကွယ်
သွားမည်မဟုတ်ပါ။ ချစ်သူသေသွားလျှင်ဖြစ်စေ နောက်တစ်ပြောင်းသွားလျှင်ဖြစ်စေ ချစ်သူအသစ်တစ်ယောက်
ထပ်ရနိုင်ပါသေးသည်။ ထို့အတူပင် မိန်းမ၊ ယောကျာင်္းသေသွားလျှင်ဖြစ်စေ ကွဲသွားလျှင်ဖြစ်စေ
နောက်ထပ်အသစ်တစ်ယောက် ထပ်ရနိုင်ပါသေးသည်။ သို့သော် ဤလောကတွင်ပြန်လည်အစားထိုး၍ မရနိုင်သည့်
အရာကားရှိသေး၏။ ထိုသူများ
သည် အမိနှင့်အဖပင်တည်း။
မိဘ၏ကျေးဇူးကိုသူမသိတက်နားလည်တက်ချိန်တွင်
အဖေဟုခေါ်သည့်အသံကိုပင် သူမ၏ဖခင်မကြား နိုင်တော့ ပေ။ “သမီးအဖေရဲ့နောက်ဆုံးအချိန်မှာ သူအတမ်းသဆုံးသူက သမီးဘဲသမီး” မိခင်ဖြစ်သူ၏စကားသံကို
သူမပြန်လည် ကြားရောင်ရင်း သူမ၏လက်ကလေးများသည် သူမ၏ရင်ဘတ်သို့ဖိထားလိုက်မိသည်။ “သွေးကင်ဆာတဲ့ မင်းအဖေက သွေးကင်ဆာနဲ့ ဆုံးသွားတာ။”
အမေမသိစေချင်သော အမေပြောမပြခဲ့သည့် ဖခင်တစ်ယောက်၏ဝေသနာကို သူမသိ လိုက်ရချိန်တွင်
သူမသည်လည်း သွေးကင်ဆာဝေဒနာရှင်တဦးနေခဲ့ပြီ။ “သမီးအဖေကဒေါ်လေးတို့နဲ့အတူ
ယာထဲကအပြန် ထော်လဂျီ ပေါ်မှာသွေးတွေအန်တာကွယ် အမလေးလေးမြင်ရက်ချင်စရာတောင်မရှိဘူး။”
သူမ၏ဖခင်သည် ဝေဒနာကို မည်မျှခါးစည်း ခံရမည်ကိုသူမ,မတွေးရက်ခဲ့။ “သမီးအဖေကပိုက်ဆံရှာတာတော်တယ်။ ရသမျှသမီးအမေ့လက်ထဲကို
အပ်တာချည်းသမီးအမေကသာ အသုံးဖြုန်းမချွေတာတာ။” အမေ့အပေါ်ကိုပြစ်တင်ဝေဖန်သည့်အသံကို
သူမ,မကြားချင်။ “အမေ့ကိုအဲ့လို မပြောပါနဲ့အန်တီတို့ရယ်။”
သူမတို့မိသားစုအကြောင်းကို သူမဘဲသိသည်။ အမေသည်ငွေကိုဖြုန်းတီး နေသူတစ်ယောက်မဟုတ်။
ဆင်းရဲသည့်သူမတို့မိသားစုလေးအဖို့ အဖေ့ဝင်ငွေတခုတည်းနဲ့ပင် မိသားစု၏စားဝတ်နေရးကို မည်ကဲ့သို့ဖြေရှင်း
နိုင်ပါအံ့နည်း။ “ကိုကြီးမနက်စာချက်ဖို့အိုးထဲမှာ
ဆန်မရှိတော့ဘူး။” “အမေ့ကိုပြောပါလားညီမလေး” “မပြောရဲဘူးအမေ့ပိုက်ဆံအိပ်ထဲမှာ ပိုက်ဆံတရာကျပ်ဘဲရှိတယ်”
သူမ၏စကားကြောင့် ၇တန်းကျောင်းသားလေး ဖြစ်သူ သူမ၏အကို မျက်နှာမကောင်းပါ။ သို့သော်သူလည်းဝင်ငွေမရှာနိုင်သေး။
သူသည်အဖေ့ကိုလှမ်းကြည့်သည်။ သူမတို့နှစ်ဦး တီးတိုးတီးတိုးဖြင့် တခုခုပြောဆိုနေသည်ကို
ဖခင်ဖြစ်သူကရိပ်မိသည်။ ထို့နောက်သူသည် ရေဖြည့်ပြီးသန့်ရှင်း ရေးလုပ်နေ သည့် သူ၏မိခင်ဆီဆို့
မ၀ံ့မရဲရောက်သွားသည်။ “သားဘာပြောချင်လို့လည်း
ဘာဟင်းချက်ရမလည်းလို့လာမေး တာ မဟုတ်လား။ ရော့ရော့ငွေတရာယူသွား အဆင်ပြောဝယ်ခဲ့ပေါ့။
တော်ကြာကျောင်းနောက်ကျနေဦးမယ်။” “မဟုတ်ဘူး အမေ ဆန်အိုးထဲမှာ ဆန်မရှိတော့ဘူး” “အို
ဘာဖြစ်လို့စောစောမပြောတာလည်း သားတို့ကျောင်းနောက်ကျ တော့မှာဘဲ” သူမသည်သူမ၏ခင်ပွန်းဖြစ်သူကိုတချက်လှမ်းကြည့်သည်။
တဖက်တွင်ထင်းပေါက်နေသော သူတို့၏ဖခင်သည် သူမထံသို့ ရောက်လာသည်။ “သမီးအဖွားအိမ်မှာ ဆန်တပြည်လောက်သွားချီးချည်း
နေ့ခင်းအဖေပြန်လာ ဆပ်မယ်လို့ပြောလိုက် ” “သမီးမသွားရဲဘူးအဖေ” “ဟေ-ဘာဖြစ်လို့လည်း”
“အစောကြီးရှိသေးတယ် သမီး” ပြိုတော့မည့်မိုးနယ် ညိုလာသည့် သူမ ၏မျက်နှာကို ဖခင်ဖြစ်သူမကြည့်ရက်။
သူမ၏ဦးခေါင်းလေးကိုညင်သာစွာပွတ်ပြီးပြုံးပြလိုက်သည်။ ထို့နောက်အိမ်လေး ထဲမှထွက်ခွာသွားလေသည်။
ထူးထူးဆန်းဆန်းပင်ထိုနေ့တွင် ညတွင်းကတည်းက ရွာလိုက်သည့်မိုးများနယ် မနက်ရောက် သည်အထိမစဲနိုင်။
မိုးရေများထဲတွင်သူမတို့မိသားစုလေး လှုပ်ရွလှုပ်ရွဖြင့် နံကောင်ကလေးများပမာ။
ဝုန်း သူမသည်အိပ်ရာမှရုတ်တရက်ငုတ်တုတ် ထထိုင်လိုက်သည်။
သူမ၏အသက်ရှုသံ ခပ်ပြင်းပြင်းကြောင့် ဘေးတွင်အိပ်နေသော သူမ၏သူငယ်ချင်းဖြစ်သူအေးစိုးသည်အိပ်ရာမှနိုးလာလေသည်။
“ဆူးမ ဘာဖြစ်တာလည်း” “ငါ-ငါအိမ်မက်မက်နေတာ အိပ်မက်ထဲမှာ”
သူမသည်စကားကိုဆက်မပြောဘဲရပ်နေလိုက်သည်။ အေးစိုးသည် ဖရောင်းတိုင် မီးလေး ထွန်းပြီး
နာရီကိုတချက်ကြည့်လိုက်သည်။ အချိန်ကာ မနက်၂နာရီထိုး။ အေးစိုးသည်သူမကို ရေတခွက်ခပ်တိုက်
ပြီးပြန်အိပ်ရန်တိုင်တွန်းလေသည်။ အာရုံတက်ချိန်ထိသူမဆက်အိပ်၍မရပေ။
“အဖေ” “ဆူးမ နင်ဘာဖြစ်နေတာလည်း ကရောင်ချောက်ခြားနဲ့”
လွယ်အိပ်ကလေးကိုယ်စီဖြင့် ကျောင်းဆင်းပြန် လာသောသူမသည် ဘားတိုက်နှင့်မလှမ်းမကမ်းတွင်
အုပ်စုလိုက်ထိုင်ပြီး ၀ိုင်းဖွဲ့စကားပြောနေကြသော အမျိုးသားလူကြီး တချို့ကိုကြည့်ပြီး
အဖေဟုနှုတ်မှရေရွက်မိလေသည်။ “ငါအဖေ့ကိုတွေ့လိုက်တယ်” “ဘယ်မှာလည်း” “ဟိုမှာလေ
တီရှပ် အကျီ င်္ အပြာရောင်လက်ရည်လေးနဲ့ ငါဝယ်ပေးခဲ့တဲ့ပုဆိုးကိုဝတ်ထားတယ်” “နင်ဘာတွေဖြစ်နေတာလည်းဆူးမ
ငါလည်းမ တွေ့ရပါလား”။ သူမတို့နှစ်ဦးသည်တဖြေးဖြေးနှင့် ထိုလူအုပ်စုလေးအနားသို့ရောက်လာသည်။
ဆူးမ၏မျက်လုံးကလေးများ သည်ထိုလူအုပ်လေးမှမခွာ။ အေးစိုးသည်ဆူးမ၏လက်မောင်းကို ကိုင်လှုပ်လိုက်တော့မှပင်
သူမတခုခုကိုထိပ့်လန့်ပြီး သူမ၏အကြည့်များအေးစိုးထံရောက်လာသည်။ “နင်ဘာဖြစ်နေတာလည်း” “ခုနကငါ့အဖေ့ကိုဒီလူအုပ်ထဲမှာ
စကားပြော နေတာတွေ့လိုက်ပါတယ်” “နင်ညကအိပ်မက်ဆိုးတွေမက်ပြီးတော့များ စိတ်စွဲနေတာလားဆူး”
“အိပ်မက်” အိမ်မက်ဆို သည့် စကားလုံးကြောင့် သူမ၏မျက်နှာကလေးညိုးငယ်သွားသည်။ သို့သော်သူမတုန့်ပြန်မှုမပြုခဲ့။
“ကျမတို့အမျိုးသမီးတွေဆိုတာ ရှက်နေလို့မရပါဘူး
ရဲရင့်ဖို့လိုပါတယ်။ ဒါမှလည်းအမျိုးသားတွေနဲ့ ရင်ဘောင် တန်းပြီး အလုပ်တခုကိုဦးဆောင်လုပ်နိုင်မှာပါ”
အမျိုးသမီးနှီးနှောဖလှယ်ပွဲတွင် တက်ရောက်လာကြသည့် အမျိုးသမီးများ ၏ဆွေးနွေးသံများထဲတွင်သူမနှစ်မြောနေမိသည်။
ဤနှီးနှောဖလှယ်ပွဲလေးသည်သူမအဖို့ ပထမဦးဆုံးအကြိမ် ဆိုသော် ညားလည်း နောင်တချိန်တွင်သူမကိုယ်တိုင်
ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်လာရလိမ့်မည်ဟု သူမထင်မထားမိ။ “သမီးကဦး…….. ဒေါ်…. တို့ရဲ့သမီးမဟုတ်လား” အရိပ်ကောင်းသည့်သစ်ပင်အောက်တွင်ထိုင်နေသည့်သူမအနားသို့
အသက်၄၀ကျော် ၅၀ ၀န်းကျင်ခန့်ရှိမည်ထင်သည့် အဒေါ်တဦးရောက်လာလေသည်။ “ရှင်- အော်ဟုတ်ပါတယ်” “အင်း-ပြောရမှာတော့ စိတ်မကောင်းဘူးသမီးသမီးအဖေ”
“သမီးအဖေဘာဖြစ်လို့လည်း” “သူဆုံးသွားတာ နှစ်နှစ်တောင်ရှိတော့ မယ်” “ရှင်- အဖေဆုံးတာ
နှစ်နှစ်တောင်ရှိတော့မယ် ဒါ-ဒါဆို” “ဟုတ်တယ်သမီး သမီးကိုအားလုံးက လိုက်ရှာကြပါသေး တယ်
ဒါပေမဲ့သမီးကဘယ်ရောက်နေမှန်းဘယ်သူမှမသိကြဘူး” သူမရင်ထဲတွင် စို့သက်လာသည်။ သူမပညာတက်ကြီး
ဖြစ်လျှင် မိဘနှစ်ပါးကိုအေးချမ်းစွာနေထိုင်စေပြီး သူမကိုယ်တိုင်အလုပ်အကြွေးပြုမည်ဟု
ရည်မှန်းထားခဲ့ပါသော်လည်း သူမ၏အတွေစိတ်ကူးများသည် နောက်ကျခဲ့လေပြီ။ ဒီနေ့နှင့်ဆိုလျှင်
မွေးရပ်မြေနှင့်သူမ ဝေးကွာနေသည်မှာ သုံးနှစ်ပင် ရှိရော့မည်။ ဤသို့ဆိုလျှင်တချိန်ကသူမ
မက်ခဲ့သည့်အိမ်မက်ဆိုးနှင့် အပြာရောင်တီရှပ် လက်ရှည်လေးနှင့် သူမမြင်တွေ့ လိုက်ရသည့်အဖေဆိုသည်မှာ။
အဖေ့၏နောက်ဆုံးအချိန်ကို မသိလိုက်ရသည့် သူမအဖို့အဖေ ကြားနိုင်ရန် အတွက် အဖေဟုခေါ်ဆိုရန်
အခွင့်အရေးပင်မရခဲ့။ ၀ုန်း အိမ်မက်ဆိုးမှနိုးထလာသည့်သူမသည်
သူမ၏လက်ဖြင့် သူမ၏နှခမ်းများ ကိုအားပါးတရစမ်းကြည့်သည့်။ ထို့နောက်သူမသွားများကိုသူမထိတွေ့ကြည်သည်။
သူမ၏သွားများသည် နဂိုတိုင်းပင်။ သူမ၏နှခမ်းများသည်လည်း ခြောက်သွေ့နေသည်မှလွဲ၍မည်သည့်သွေးစမှရှိမနေ။
ဤသို့ဆိုလျှင် သူမ၏သွားများသည် အလွန်နာကျင်သည့် ဝေဒနာကိုခံစားရပြီး တချောင်းပြိးတချောင်း
အကြောင်းမဲ့ကျိုးကြနေခြင်းနှင့် သွေးများအဆမတန် ယိုဆီးနေမှုတို့သည် အိမ်မက်သာဖြစ်သည်ဟု
သူမ၏အသိစိတ်တို့ကသူမ၏ မသိစိတ်တို့ကို ထိန်းချုပ်လိုက်သည်။
“နင်တကယ်ဆုံးဖြတ်ပြီးပြီလား
ဆူးမ” “ဟုတ်တယ် ငါဆုံးဖြတ်ပြီးသွားပြီ” “ခရီးကလည်းကြမ်းတယ်၊ ဖွဲနဲ့ ဆန်ကွဲ စားရချင်စားရမယ်
နပ်မှန်းတရက် မနပ်မှန်တရက်လည်းရှိချင်ရှိမယ် ဒါပေမဲ့လွတ်လပ်မှုအပြည့်ရှိတယ်” “ငါဒါတွေ
စိတ်မ၀င်စားဘူး ငါစိတ်ဝင်စားတာ ဒါဘဲ” သူမသည်လက်မနှင့်လက်သန်းလေးကိုထောင်ပြပြီး ကျန်လက်သုံးချောင်းကို
ခေါက်ထားလိုက်သည်။ “ပြီးတော့ငါတို့အခုနေနေရတာလည်း
ထမင်းနပ်မှန်တလှည့် မမှန်တလှည့်ပါဘဲ မဟုတ်လား” သူမ၏စကားကြောင့် သူငယ်ချင်းဖြစ်သူမျက်နှာမကောင်းပါ။
“ဘာပြောလည်း နင်ကနင့်အဖေ့ဆီပြန်မယ်ဟုတ်လား အေးနင်တို့သားအမိကိုငါက
သနားလို့ခေါ်ထားတာ ထမင်းနပ်မှန်အောင်ကျွေးထားတာ နင်ကနင့်အဖေကို သိမ့်ချစ်နေတယ် ပေါ့”
“အဖွားညကအဖေ့ကိုမောင်းထုတ်တယ်။
သမီးတညလုံးအိပ်လို့မရဘူး” “အေးမင်းတို့သွားကြတော့ ပြန်ချင်တယ်ဆို လည်းပြန်တစ်ယောက်မှမနေနဲ့”
မိခင်ဖြစ်သူသည် သူမ၏လက်ကိုတွဲပြီး ညီမလေးကိုပွေ့ချီကာထွက်လာခဲ့သည်။
အကို ဖြစ်သူသည် ပုလိုင်းကလေးကိုခေါင်းတွင်ရွက်ပြီးနောက်မှလိုက်ပါလာခဲ့သည်။ ရှိလှမသူမ၏အသက်သည်
၅-၆နှစ်ပင်။ “ငါမပြောဘူးလား နင့်ယောကျာင်္းက နင့်အပေါ်ကိုရော ကလေးတွေအပေါ်ကိုပါ ဘယ်မှာတာဝန်ကျေခဲ့လို့လည်း”
“ကျမ လည်း ကလေးတွေမျက်နှာထောက်နေရတယ်လေ ပြီးတော့ဆူးမကသူ့အဖေကိုအရမ်းချစ်တာ” “ဆူးမကြောင့်နဲ့တော့
ခက်ပါတယ် ဆူးမမြေးလေး အိမ်မှာသမီး အဖေကသမီးကို မနက်စာပြောင်းဖူးတွေ တအိုးကြီးပြုတ်ပေးထား
တယ် မဟုတ်လား” “သမီးကပြောင်းဖူးဆိုအရမ်းကြိုက် တာလေအဖွား” “နင့်အဖေကနင်တို့ကိုချက်ကျွေးစရာဆန်မရှိလို့
သူများ ယာခင်းထဲက ပြောင်းဖူးအစွန်အဖျားတွေသွားခူး ပြီးနင်တို့ကိုပြုတ်ထားပေးတာသိလား” အဖွားဖြစ်သူ၏ စကားကို သူမနားမလည်။ ယာခင်းမှပြန်လာသည့်ဖခင်ဖြစ်သူကို
ညချင်းညတွင်းချင်းအိမ်ပေါ်မှနင်ချပြီး အမေနှင့်ပေးမတွေ့သော အဖွားကိုသူမစိတ်ဆိုးသည်။အဖေ့အတွက်အိမ်သော့လေးကိုသူမထုတ်ပေးပြီး
ညီမလေးကြောင့် အဖေနောက် သူမ,မလိုက် ဖြစ်ခဲ့။ သောကများစွာဖြင့်ဖခင်ဖြစ်သူသည် အဖွားခြံလေးထဲ
မှထွက်ခွာလာပြီး ၃မိုင်လောက်ဝေးသည့် သူမတို့၏အိမ်လေး ဆီသို့ ပြန်ခဲ့သည်။ နောက်နေ့၁၀နာရီဝန်းကျင်တွင်သူမတို့
မောင်နှမသုံးယောက်မိခင်နှင့်အတူ သူမတို့နေထိုင်သည့် ရွာလေးသို့ပြန်ရောက်လာခဲ့သည်။ အိုးကြီးထဲတွင်ထည့်ပြုတ်
ထားသည့်ပြောင်းဖူးပြုတ်များကို သူမတို့မောင်နှမ အားရ ၀မ်းသာစွာစားလိုက်ကြသည်။ ပြောင်းဖူးလေးသည်
လှပသည့် အဖူးကြီးများတော့မဟုတ်။ အစွန်အဖျားသီးများ သာဖြစ်သည်။ ဖခင်ဖြစ်သူသည် တဲအိမ်လေးတွင်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့နေပေသည်။ ဖခင်ဖြစ်သူသည် မည်သည့် အချိန်လောက်တွင်
ပြောင်းဖူးလေးများကို သွားရောက်ခူးခဲ့ မှန်းသူမခုချိန်ထိမသိခဲ့။ သူမဖခင်သည် အဖွားအိမ်မှထွက်သွား
သည်မှာ မနက်၁နာရီပင်ရှိရော့မည်။ သူမတို့အဖွားရွာနှင့် သူမတို့ရွာလေး သုံးမှိုင်မျှဝေးပြီး
၁နာရီကျော်ကျော် လျောက်ရသည့်ခရီးဖြစ်သည်။ ယာခင်းထဲတွင် ပြောင်းများသွားခူးမည် ဆိုပါက
သူမတို့ရွာနှင့် ၆မိုင်နီးနီး၇မိုင်မျှဝေးလှသည်။ ဤသို့ဆိုလျှင်သူမ၏ဖခင်သည် ညတွင်းချင်းယားခင်းထဲတွင်
ပြောင်းဖူးသွားခူးပြီး ပြန်လာ၍အိပ်နေခြင်းဖြစ်နိုင်ဖွယ်ရှိသည်။ သူမသည်ပြောင်းဖူးပြုတ်လေးများကိုတွေ့လျှင်
ယခုအချိန်ထိ “အဖေဘယ်အချိန်တုန်းကတည်းက ပြောင်းဖူးတွေသွားချိုး
ခဲ့တာလည်း” ဟုသူမအသက် ၂၀ကျော်လာသည့်တိုင် သူမကိုယ်သူမမြဲမေးနေမိသည်။
တော်လှန်ရေးဆိုသည်ကိုသူမတို့နားမလည်ခဲ့။
သို့သော် စစ်ဝတ်စုံလေးဝတ်ပြီး စစ်လက်နက်လေး များကိုင် နေရသည်ကို သူမကြိုက်နှစ်သက်ခဲ့သည်။
My gun is longerthen me. ဆိုသည်
Report လေးသည်သူမ ကိုရည်ရွယ်၍ ထုတ်ထားသည့် Report ဟုပင်ထင်ရမည်မလိုဖြစ်နေခဲ့သည်။ သို့သော်သူမသည်
လွတ်လပ်သည်ပေါ့ပါးသည်။ နာကြည်းမှုသူမထံမှာမရှိ။ ရည်ရွယ်ချက်ဟူ၍လည်း မယ်မယ်ရရမထား။ တတောဝင်
တတောင်တက်ရင်း သူမတိုက်ပွဲ ပေါင်းများစွာကို တိုက်ခိုက်လာခဲ့သည်။ သို့သော်သူမ၏အသက်သည်
၁၆ပင်မပြည့်သေး။ လက်နက်ကိုင် ပရိပက္ခများ အတွင်း သူမရှင်သန်ကြီးပျင်းလာခဲ့ရသည်။ မတူခြားနားသည့်
တိုက်ပွဲပေါင်းများစွာကို သူမအောင်နိုင်ခဲ့ ပါသော်လည်း ဘ၀တိုက်ပွဲနှင့်အနာဂတ်တိုက်ပွဲကိုသူမရှုံးနှိမ့်ခဲ့သည်။
“ဆူးမ
တို့တွေကို နယ်စပ်မှာကျောင်းပြန်တက်ခိုင်းမယ်တဲ့” “ဘာ-ဘာပြောလည်း ငါတို့တော်လှန်းရေးထဲဝင်တာ
ကျောင်းတက်ဖို့မှမဟုတ်တာ” “ဒါပေမဲ့ငါတို့ညင်းလို့ရမှာမဟုတ်ဘူး” “ဘာ့ကြောင့်လည်း” “အထက်ကအမိန့်တဲ့”
“အထက် အမိန့်” “ဟုတ်တယ်-လက်နက်ကိုင်တပ်တွေထဲမှာ အသက်မပြည့်တဲ့သူတွေမရှိရဘူး အထူးသဖြင့်မိန်းကလေးတွေအ
တွက်မသင့်သော်ဘူးတဲ့ ပြီးတော့စစ်မှုနဲ့ဆိုင်တဲ့ဥပဒေဆိုလား စာချုပ်ဆိုလား ဂျီနီဗာဆိုလား
မသိဘူးအဲ့ဒါကိုလိုက်နာရမယ် မလိုက်နာရင်သူတို့ရဲ့တော်လှန်ရေးကိုလူတွေ အထင်သေးပြီးရှုပ်ချမယ်တဲ့”
“ဒါတွေငါနားမလည်ဘူး ငါနားလည်တာ စစ်တိုက်တယ်ဆိုတာ နိုင်ဖို့ဘဲ မနိုင်ရင်ရှုံးဘဲ” “ဟုတ်တယ်ဒါ့ကြောင့်သူတို့ကငါတို့ကိုကျောင်းပြန်တက်ရမယ်တဲ့
အချိန်တန် အရွယ်ရောက်လို့ အမှားအမှန် အကောင်းအဆိုးကို သေခြာဆုံးဖြတ်နိုင်တဲ့တနေ့ ကိုယ်ဘာလုပ်ချင်လည်းဆိုတာ
သေသေ ခြာခြာသိတဲ့တနေ့ သူတို့ဆီပြန်လာပါတဲ့” ။ “သူတို့ကိုနယ်စပ်အမြန်ပို့မှရမယ်”
“ဘာဖြစ်လို့လည်းဗိုလ်မှူး” “ပြီးခဲ့တဲ့ ၂-ရက်၃ရက်လောက်က ဆူးမအဖေရောက်လာတယ်” “ဗျာညီမလေးရဲ့အဖေရောက်လာတယ်
သူက” “ဆူးမကိုပြန်လာ ခေါ်တာတဲ့” “ဗိုလ်မှူးက” “ဌာနချုပ်ကိုပို့လုက်ပြီလို့ပြောလိုက်တယ်”
“သူတော်တော်နဲ့ဇွဲမလျှော့ဘူး ဆူးမကိုလည်းငါတို့ ပြန်ပို့လို့မဖြစ်ဘူးလေ စစ်တပ်ကသူ့တို့ကိုအလိုရှိနေတာ
သူတို့ကိုပြန်ပို့လိုက်ရင် ငါတို့အတွက်အန္တရာယ် သိမ့်ကြီးတယ် ပြီးတော့သူတို့အတွက်လည်း
ကောင်းလာမှမဟုတ်ဘူး” စာသင်ကျောင်းထဲသို့ သူမတဖန်ပြန်ရောက်လာခဲ့သည်။လူမျိုးခြား
ဘာသာ စကားကွဲပြားသည့်အသိုင်းအ၀ိုင်းသစ်တခုတွင် သူမခက်ခဲစွာရှင်သန်ကြီးပြင်းလာခဲ့ရသည်။
အခက်ခဲပေါင်းများစွာ ဘ၀ ပေါင်းများစွာကိုရင်ဆိုင်ကျော်ဖြတ်လာရင်း သူမသည်အမှားအမှန်
အကောင်းအဆိုးကိုကောင်းကောင်းကြီး နားလည် သဘောပေါက်လာခဲ့ပြီ။ မိဘမဲ့ဂေဟာလေးသည်သူမအဖို့
စံအိမ်တော်ကြီးပမာ ကြီးကျယ်ခန်းနားလှသည်။ အဆောင်မှ နေ့စဉ်မရိုးနိုင်အောင်ချက်ကျွေးနေသည့်
ပဲဟင်းရည်ခပ်ကျဲကျဲလေးကိုသူမထိုင်ကြည့်ရင်း အတိတ်ကအရိပ်တခုကို သူမအမှတ်ရစေခဲ့သည်။ “သမီးရေအမေပြန်လာပြီ” “အမေပြန်လာပြီ” မိခင်အသံကြောင့်
အပြေးတပိုင်းဖြင့်သူမထွက်လာ သည်။ “သမီးတို့ဘာဟင်းစားကြလည်း”
“ဒီနေ့ကိုကြီးကကြက်ဥကျော်ကျွှေးတယ်” “ဟာဟုတ်လှချည်လား ဘယ်ကရလာ တာတုန်း” သူမ၏မိခင်သည်
ထမင်းပွဲလေးကိုလှန်လျောကြည့်သည်။ ကြက်ဥတလုံးကို အပြားချပ်ကြီးကြီးဖြစ်အောင် ကျော် ထားပြီးလေးစိတ်အညီအမျှခွဲစိတ်ထားသည်ကို
တွေ့လိုက်ရသည်။ “ကြက်ဥကဘာဖြစ်လို့ လေးစိတ်ဖြစ်နေတာလည်းသမီး”
“ကိုကြီးကပြောတယ် အမေယာထဲသွားတာ ဒီနေ့နဲ့ဆိုသုံးရက်ရှိပြီတဲ့ အဲ့ဒါကြက်ဥလည်းတလုံးဘဲကျန်တယ်
အဲ့ဒါကို လေးစိတ်ခွဲပြီး မနက်စာနဲ့နေ့လယ်စာ တစ်ယောက်တစ်စိတ်စားကြမယ်တဲ့” သူမ၏စကားကြောင့်
သူမ၏မိခင်ဖြစ်သူသည် ရင်ထဲတွင်စို့သွားပြီး မျက်လုံးအိမ်မှမျက်ရည်စက်တို့စို့လာလေသည်။
“ညီမလေး ထမင်းစားမယ် ခူးလိုက်တော့” ရေခပ်ရင်း ပြန်လာသည့်အကိုဖြစ်သူ၏ အသံကြောင့်သူမ၏မိခင်သည်
သားဖြစ်သူကိုအပြုံးဖြင့်ဆီးကြိုလိုက်လေသည်။ “အမေအစော
ကြီးပြန်ရောက်နေတယ် သားကညနေမှရောက်မယ်ထင်နေတာ အတော်ဘဲသားကြက်ဥကျော် ထားတယ် ညီမလေး ထမင်းခူးတော့
အမေပါစားမှာ” သူမသည်ထမင်းသုံးပန်ကန်ခူးလိုက်သည်။ သူမ၏မိခင်သည် ထမင်းဖြူပေါ် တွင်ဆားဖြူ
များဖြူးပြီး သူမတို့အတွက် ကြက်ဥနှစ်စိတ်ဆီထည့်ပေးလိုက်သည်။ “အမေက” “အမေက ယာထဲမှာမျှစ်ဟင်း နဲ့စားလာပြီးပါပြီသားရယ် သားတို့ဘဲစားတော့ပြီးရင်အ၀တ်လဲ
ကျောင်းသွားဖို့ပြင်”။
“ဟုတ်တယ်ညီမလေး ညီမလေးတပ်ထဲကိုစရောက်တဲ့အချိန် အဖေပြန်လိုက်ခေါ်သေးတယ်။ ဒါကိုဗိုလ်မှူးက မလွတ်တာ” “အဖေ” “ဟုတ်တယ်” “ကိုယ်လည်းဒီတော်လှန်ရေးကိုစရောက်တုန်းက တစ်ယောက်ကြွက်ပါဘဲ ၀တ်စရာ ပုဆိုးဆိုလို့ ငှက်ပြောရွက်ကို အဖော်ပြုရတဲ့ဘ၀ပါ ခုဆူးမနဲ့တွေ့တော့ ကိုယ့်ညီမလေးတစ်ယောက်လို ချစ်ခဲ့မိတာ ကိုယ့်မှာချစ်သူရှိပါတယ် သူကကွာလခီးက ကရင်လှပျိုဖြူတစ်ရောက်ဘဲ” အဖော်မဲ့အထီးကျန်နေသည့် သူမဘ၀ထဲကို သွေးမတော် သားမစပ်သည့် သူစိမ်းယောကျာင်္းလေးတစ်ယောက်၏ ညီမတော်ကောက်မှုကိုသူမ ခံလိုက်ရချိန်တွင် သူမဘ၀လုံခြုံမှု တစိတ်တဒေသရခဲ့သည်။ နောက်ဆုံးသူမသိလိုက်ရချိန်တွင် ထိုသူစိမ်းအမျိုးသားသည် နယ်နယ်ရရမ ဟုတ်။ သူအမည်ကိုပြောလိုက်သည်နှင့် သူမကိုအထင်သေးသည့်အကြည့်များ သူမကိုမလိုမုန်းတီးသူများချက်ခြင်းပြောင်း လဲသွားကြသည်။ သူစိမ်းယောကျာင်္းသားများအကြားတွင် တောတောင်ထဲတွင်သူမနေလာခဲ့ရသည်မှာ မိန်းကလေးတစ် ယောက်၏ဘ၀လုံခြုံမှုဆိုတာကို သူမပြန်တွေးရင်းတွေးရင် သူ့ကိုသူမလိုက်လိုက်လှဲလှဲကျေးဇူးတင်မိသည်မှာ အခါခါပင်။ “ဒီကောင်တွေအကြောင်းကို ကိုယ်ဘဲသိတယ် ညီမလေးတခုခုဆိုရင် ကိုယ့်နာမည်သာပြောလိုက် ဒီကောင်တွေ တုန်သွားစေရမယ်” သူမသည်မျက်လုံးအ၀ိုင်းသားနှင့်သူ့ကိုကြည့်နေမိသည်။ သူ့ချစ်သူကရင်လှပျိုဖြူမလေးသည်လည်း သူဘေးတွင်ရပ်ပြီးသူမကိုဖော်ရွေသည့် အပြုံးများဖြင့်ဆီးကြိုလို့နေပေသည်။ “အားလုံးနဲ့မိတ်ဆက်ပေးရဦးမယ် ဒါငါ့ညီမ ဆူးမလို့ခေါ်တယ် မင်းတို့ကိုငါအခုတည်းကကြိုသတိပေးထားမယ် နှမထိဓါးကြည့်တဲ့” “ငါကြားဖူးတာမယား ထိဓါးကြည့် ပါကွာ” “ငါ့မှာမယားမရှိဘူး ချစ်သူဘဲရှိတာ ငါ့ချစ်သူကိုဘယ်သူမှမထိရဲဘူးဆိုတာ ငါသိပြီးတား” သူသည်သူမ၏ ပုခုံးကို ဖက်ပြီး အားလုံးရှေ့တွင်ကြုံးဝါးလိုက်သည်။ ခုတော့တိုင်းတပါးသို့ရောက်ရှိနေပြီဖြစ်သော သူတို့မိသားစုလေး ထာဝစဉ် ကံကောင်းစေကြောင်းသူမအမြဲတောင်းဆုခြွေနေမိသည်။
နေ့ရက်များစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာကို
ရင်ဆိုင်ကျော်ဖြတ်လာခဲ့ရပါသော်လည်း မပြောင်းလည်းသည့် သူမ၏ဝေဒနာလေးများသည် ပို၍ပင်ကြီးထွားလာပေသည်။
“ယောကျာင်္းဆိုတာ ကိုယ်ယူထားတဲ့မိန်းမနဲ့ရထားတဲ့
ကလေး တွေအပေါ်ကို တာဝန်ကြေရတယ်ဟဲ့ ခုနင်င့ါအိမ်ကထွက်သွား နင့်မိန်းမနဲ့ကလေးတွေကိုငါကျွေးထားနိုင်တယ်
နင်ရှာ မကျွေးနိုင်ရင်လာမပါတ်သက်နဲ့” အဖွားဖြစ်သူ၏အသံကြောင့် သူမတရေးနိုးလာလေသည်။
အဖွားဖြစ်သူ၏ အသံ အဆုံးတွင် လူရိပ်တရပ်အဖွားခြံထဲမှ ထွက်သွားသည်ကို သူမလှမ်းမြင်လိုက်ရသည်။
“အမေ ဘာဖြစ်တာလည်း” “သမီး တောင်နိုးလာပြီကိုး
ဘာမှမဖြစ်ပါဘူးသမီးရယ် ပြန်အိပ်တော့” အချိန်ကာ မနက်တနာရီပင်ထိုးလုပြီ။ အဖွားဖြစ်သူဘာ့
ကြောင့်ညကြီးမင်းကြီးဒေါသပေါက်ကွဲမှန်းသူမ, မသိ။ သူမဆက်အိပ်ရန်ကြိုးစားပါသော်လည်း အိပ်မပျော်နိုင်။
မိနစ်၂၀-၂၅ လောက်ကြာသော် သူမ၏အမည်ကိုရင်းရင်းနီးနီးခေါ်သည့် အသံလေးတသံကို သူမကြားလိုက်ရသည်။
ထိုအသံကို သူမသေခြာနားထောက်ကြည့်သည်။ ခြံထဲမှလာသည့်အသံ။ “လုရင်း-လုရင်း-(သမီး၊သမီး) ဆူးမ” သူမသည်အိမ်ပေါ်မှ ခြေဖွပြီးဆင်းလာခဲ့သည်။ လှေကားရင်းတွင်
ရပ်နေသည့်လူရိပ်တရိပ်ကိုသူမလှမ်းမြင်လိုက်ရသည်။ “အဖေ” သူမသည် ဖခင်ဖြစ်သူကို ဖက်ပြီးငိုလိုက်မိသည်။ ဖခင်ဖြစ်သူသည်သူမ၏မျက်ရည်များကို
တရုတရသုတ်ပေးရှာသည်။ “သမီး- အဖေ့ ကိုအိမ်သော့ယူပေးပါလား”
ဖခင်ဖြစ်သူ၏စကားမရှေးအနှောင်းတွင် သူမသည်မျက်ရည်ကိုသုတ်ပြီး အိမ်ပေါ်သို့ပြန်တက်
လာခဲ့သည်။ ထို့နောက်သူမသည် လွယ်အိပ်ကလေးလွယ်ကာ ပြန်ဆင်းလာသည်။ သူမ၏လက်ထဲတွင်သော့တွဲလေးတစ်
တွဲ။ သူမ၏ဖခင်သည်သော့လေးကိုလှမ်းယူပြီး ထွက်သွားမည်အပြု “ပေါ-(အဖေ) သမီးလည်းလိုက်မယ်” သူမ၏စကား ကြောင့်ဖခင်ဖြစ်သူသည် နောက်သို့ပြန်လှည့်လာပြီးသူမကို
ထွေးပွေ့လိုက်သည်။ “လုရင်း (သမီး)” ဖခင်ဖြစ်သူ၏
မျက်ရည်ကို သူမပထမဦးဆုံးအကြိမ်တွေ့လိုက်ရသည်။ သူမအသံမထွက်ဘဲ မျက်ရည်များပေါက်ပေါက်
ကျအောင်ငို နေမိ သည်။ မျက်ရည်များကြားမှ ဖခင်ဖြစ်သူသည် အားပြုပြီးပြုံးရင်းသူမကိုဖက်ထားလိုက်သည်။
“လုရင်း (သမီး) မိုးအရမ်း ချုပ်နေပြီ မနက်လင်းတော့မှ
အဖေ့ဆီပြန်လာပေါ့ ခုတစ်နာရီတောင်ထိုးနေပြီ ပြီးတော့အဖေပြန်မဲ့လမ်းက သဂြိုင်္င်းမြေ နှစ်ခု
လောက်ဖြတ်ရမှာဆိုတော့” “ဟင့်အင်း သမီးအဖေနဲ့ဘဲလိုက်မယ်” “ပီနန်းတီကွာကလောင်
(အမဘယ်သွားမလည်း)” မည်သည့်အချိန်တည်းကရောက်နေမှန်းမသိသည့်
ညီမလေးဖြစ်သူ၏အသံကြောင့် သူမငုံ့ကြည့်မိသည်။ “လုရင်း
ဟောင့်နောင့်ခွမ်းမိုးနိုဟွမ်းန်ဟယ်လည်း လပ်ဆင်ပ်နာရောင့်(သမီးညီမလေးကို အိမ်ပေါ်ခေါ်တက်သွားလိုက်တော့
မိုး အရမ်းချုပ်နေပြီ)” ။သူမသည်ညီမဖြစ်သူ၏လက်ကိုဆွဲ၍အိပ်ပေါ်သို့ပြန်တက်လာပြီးမိခင်ဖြစ်သူ၏ဘေးတွင်
တိတ်တိတ် ကလေးဝင်အိပ်နေလိုက်သည်။
“နှောင့်
တီးကွာကလောင် (ညီမလေး ဘယ်သွားမှာလည်း)” လွယ်အိပ်ကလေးတလုံးနှင့် အဖွား၏ခြံထဲမှ သူမ ထွက်မည်အပြု ကျွဲကောပင်ပေါ်
မှအကိုဖြစ်သူ၏စကားကြောင့် သူမ၏ခြေလှမ်းများ ရပ်တံ့သွားသည်။ “နှောင့်တီ မိုလ်းဟာပေါ (ညီမလေးအဖေ့ဆီပြန်မယ်)” သူမ၏စကားကြောင့် အကိုဖြစ်သူသည်
ကျွဲကောပင်ပေါ်မှ အမြန်ဆင်းလာ လေသည်။ “အမေ့ကို
စောင့်ဦးလေ အမေ့လိုက်ပို့မှာပေါ့” “ဟင့်အင်း အမေက အဖေ့ကိုစိတ်ဆိုးနေတာ သူလိုက်ပို့မှာ
မဟုတ်ဘူး” “ဒီလိုဆိုရင်လည်း အကိုလိုက်ပို့မယ် အမေ့ကိုတော့ခနစောင့်လိုက်ရအောင်” အကိုဖြစ်သူ၏စကားကိုသူမ,မ
လွန်ဆန်နိုင်။ “လုတီမိုလ်းဟာပေါနယ်ဟ (သမီးအဖေ့ဆီပြန်မယ်ဆိုဟုတ်လား)”
“သြ (ဟုတ်ကဲ့)” သူမ၏စကားကြောင့် မိခင်ဖြစ်သူမျက်နှာမကောင်းပါ။ သူမနှင့်သူမ၏ဖခင်ဖြစ်သူ၏နှလုံးသားဆက်သွယ်မှုကို
သူမဘဲသိသည်။ သူမ၏ဖခင်သည် တနေရာရာမှပြန်လာလျှင် အရင်းဦးဆုံးသူမ၏ပါးကို ဖွဖွလေးနမ်းသည်။
တခုခုကိုစိတ်ထဲတွင်ထစ်နေလျှင် သူမ၏လက်ကို တွဲပြီး သူ၏အမေ(အဖေဖက်မှအဖွား) ဖြစ်သူအိမ်သို့ထွက်သွားတက်သည်။
“အကိုက အကြီးဘဲ တကယ်လို့အကိုက လိုချင်တယ်ဆိုရင်
ငါတို့ရွှေ့ပေးရမှာပေါ့” “ဘာလို့ရွှေ့ပေးရမှာလည်း သူကအကြီးဆိုရင်အနှစ်နာခံရမှာပေါ့”
“သူအနစ်နာခံ လိုဘဲ အခုဒီခြံထဲမှာတောင်မနေတော့ဘူးမဟုတ်လား” ဖခင်ဖြစ်သူသည်စိတ်ညစ်ညစ်ဖြင့် သူမ၏ကိုပွေ့ချီပြီး
အဖွားဖြစ်သူ အိမ်ကိုရောက်ရောက်ချင်း ညီဖြစ်သူနှင့်ခယ်မတို့အငြင်းပွားနေကြသည်ကို တိတ်တဆိတ်နားထောင်ပြီး
ပြန်လှည့်လာခဲ့ သည်။ ထို့နောက်သူမကိုခေါ်ပြီး ဘုန်းကြီးကျောင်းရှိကံ့ကော်ပင်အောက်တွင်ဝင်ထိုင်ပြီး
စီးဆင်းနေသော သံလွင်မြစ်ရေ ပြင်ကြီးကိုငေးမောနေသည်။ သူတို့ညီအကိုယ်နှစ်ယောက်သာရှိပြီး
သူမ၏ဖခင်သည် အကြီးဖြစ်သည်။ ဖိုးဖွားများ၏ ပိုင်ဆိုင်မှု နှင့်ပါတ်သက်ပြီး လူကြီးများအကြားတွင်
တီးတိုးတီးတိုးသံများကိုသူမ ငယ်စဉ်ကတည်းကကြား နေရပါ သော်လည်း သူမ ဘာကိုမှနားမလည်ခဲ့။
“ဒေါ်မိုး
ဒေါ်မိုးကအကြီးကိုယူထားတာဘဲ ရမဲ့ရရှေ့မျက်နာပြင်ကိုရရမှာပေါ့ အခုဟာက” “ကံတရားပေါ့ အမတို့
ကျမမှာဒီသားနဲ့သမီးတွေရှိနေရင်ပြည့်စုံပါပြီ” မိခင်သည်မာနအလွန်ကြီးသော အမျိုးသမီးဖြစ်သည်။ အဖိုးဖွားများ၏
(အမေ ဖက်မှဖိုးဖွား) ပိုင်ဆိုင်မှုများကို အမွေခွဲပေးပြီးသော်လည်း အမေကမူဘာမှဖြစ်မလာခဲ့။
မောင်နှမများအကြားတွင် မည်သည့်အမွေကိုမှ မရခဲ့။ ဖခင်ဖက်မှ ညီအကိုမိသားစုနှင့်မိခင်ဖက်မှ
ညီအကိုမောင်နှမမိသားစု ဖိုးဖွားများထံမှ ဆင်းသက် လာသည့် ပစ္စည်းများဖြင့် ကိုယ်ပိုင်အိမ်ခြံဝိုင်းလေးနှင့်
နေနိုင်ပါသော်လည်း အမေမှာမူ ကျူးကျော်ရပ်ကွက်လေးတွင် တဲထိုး ပြီး နေနေရသည်။ သူမ၏နှက်ဖက်ဖိုးဖွားများသည်
ကုန်းကောက်စရာမရှိလောက်အောင် ဆင်းရဲနေသည့်မျိုးရိုးမဟုတ်။ သို့သော်ဖိုးဖွားများ မျက်ကွယ်ပြုကုန်သော်
သူမတို့တွင်ဘာ့ကြောင့် ခိုခိုးရာမဲ့ဖြစ်နေရပါသနည်း။ “အမိုးလုံတဲ့ အိမ်လေး တလုံးလောက်တော့ ပိုင်ခြင်တယ် ကိုအေးရယ်” လူမှန်သိတက်စအရွယ်တည်းက
သူမမိခင်ထံမှာ မကြာခနကြားနေရ သည့်အသံကိုသူမခုချိန်ထိ ကြားရောင်နေစဲ။ သူမ၏မိခင်ထံမှ
ထိုစကားသံလေးကိုကြားတိုင်း သူမ၏ဖခင်သည် သူမတို့ မောင်နှမမျက်နှာကိုကြည့်ပြီး ဟိုးအဝေးကြီးတနေရာကိုငေးမောနေမိသည်။
“ဆူးမ
ဘာတွေစဉ်းစားနေတာလည်း အလုပ်ထဲမှာလည်း အာရုံမရောက်ဘူး” ကွန်ပျူတာရှေ့တွင်ငုတ်တုတ်က လေးဖြစ်နေသောသူမအနားသို့
အေးစိုးရောက်လာသည်။“ငါအိမ်ကိုသတိရလို့ပါ” “ဒီနွေကျရင်ခွင့်ယူပြီးပြန်ပေါ့”
“ငါလည်း စဉ်းစားပါတယ် ဒါပေမဲ့ငါတို့က အစိုးရဆန့်ကျင်သူတွေလေ” “နင်တို့ရွာက ခေါင်လည်းခေါင်တယ်
အစိုးရ၀င်ထမ်းတွေ စစ်တပ်တွေဆိုတာတနှစ်ကိုနှစ်ခါသုံးခါလောက် ပြောင်းနေကြတာ နင်အိမ်ကထွက်လာတာလည်း
၁၀နှစ်တောင်ရှိပြီဘဲ” “ဟုတ်တယ်ဆယ်နှစ်အတွင်းမှာပြောင်းလဲမှုတွေအများကြီးဘဲ အထူးသဖြင့်
အဖေ” “ကဲပါဆူးမရယ် နင်ပြန်မယ်ဆိုရင်ပြော ငါအဖော်လိုက်ခဲ့မယ် ငါတို့ကတော်လှန်ရေးထဲကို
လာတော့လည်းအတူ အခုနင်ပြန်မယ်ဆိုတော့လည်း အန္တရာယ်ကြားမှာ ငါတို့အတူလှုပ်ရှားကြတာပေါ့”
သူမပြုံးလိုက်မိသည်။ ထိုအပြုံးသည်အနှစ်သာရမရှိမှန်း
အေးစိုးရိပ်မိသော်လည်း ပြန်ပြီးပြုံး ပြနှစ်သိမ့်ခဲ့သည်။“ကိုအောင်-ကိုအောင် ဧည့်သည်ပါတယ်” သူ၏အမည်ကိုတကျော်ကျော်ခေါ်ပြီး ကုန်းပေါ်သို့တက်လာ
သည့်လူတစ်ယောက်၏အသံကြောင့် ကိုအောင်တစ်ယောက်လှမ်းကြည့်သည်။ “ညီမလေး” သူသည်အပြေးတပိုင်းဖြင့် ဆင်းလာပြီး သူမ၏လက်ကို လှမ်းဆွဲလိုက်သည်။
“အမေရေ အမေ ညီမလေးပြန်လာပြီ” “လုရင်း-သမီး”
သူမ၏မိခင်သည် သူမကိုရင်ခွင်ထဲတွင်ထည့်ပြီး ရိုက်ကြီးတငင်ငိုချလိုက်သည်။ သူမကိုယ်တိုင်လည်း
မိခင်ဖြစ်သူနှင့် အကိုတို့နှစ်ဦးအကြား တွင်ဝဲကျမည့်မျက်ရည်များအကြားတွင် အားယူပြီးပြုံးလိုက်သည်။
သူမ၏အကိုဖြစ်သူသည် အိမ်ထောင်ကျလို့ အိပ်ခွဲနေ လိုက်သော်လည်း ညီမလေးမှာမူ အိမ်ထောင်ကျပြီး
အမေ့၏တဲအိုလေးတွင်သာ စုပြီးနေကြသည်။ သူမသည်လက်ကလေး ဖြင့်သူမ၏ရင်ဘတ်ကို မိလိုက်ပြီးအသက်ကိုခပ်ပြင်းပြင်းလေးရှုလိုက်မိသည်။“သမီးအမေ့ရင်ခွင်ကနေ ဘယ်မှထပ်မသွား ပါနဲ့တော့နော်”
“သမီးတို့က ဘာလုပ်ကိုင်စားသောက်မှာလည်းအမေ” “သမီးအကိုဆိုရင်ယာခုတ်တယ်၊ အမေဆိုရင် သမီးတို့ငယ်ငယ်တုန်းကလိုဘဲ
ငှက်ပျောသီးထမ်းရောင်းတယ်” သူမဘ၀မမေ့ပါ။ သို့သော်သူမဤဘ၀ထဲတွင်မည်ကဲ့သို့ရပ် တည်မည်နည်း။
သူမသည်အမေ့ကိုအားယူပြီးပြုံးပြလိုက်သည်။
မိဘ၏ကျေးဇူးကိုသူမသိတက်နားလည်တက်ချိန်တွင် အဖေဟုခေါ်သည့်အသံကိုပင်
သူမ၏ဖခင်မကြား နိုင်တော့ ပေ။ “သမီးအဖေရဲ့နောက်ဆုံးအချိန်မှာ
သူအတမ်းသဆုံးသူက သမီးဘဲသမီး” မိခင်ဖြစ်သူ၏စကားသံကို သူမပြန်လည် ကြား ရောင်ရင်းသူမ၏လက်ကလေးများသည်
သူမ၏ရင်ဘတ်သို့ဖိထားလိုက်သည်။ “သွေးကင်ဆာတဲ့
မင်းအဖေက သွေးကင်ဆာနဲ့ဆုံးသွားတာ။” အမေမသိစေချင်သော အမေပြောမပြခဲ့သည့် ဖခင်တစ်ယောက်၏ဝေသနာကို
သူမသိ လိုက်ရချိန်တွင် သူမသည်လည်း သွေးကင်ဆာဝေဒနာရှင်တဦးနေခဲ့ပြီ။ “သမီးအဖေကဒေါ်လေးတို့နဲ့အတူ ယာထဲက အပြန်ထော်လဂျီ
ပေါ်မှာသွေးတွေအန်တာကွယ် အမလေးလေးမြင်ရက်ချင်စရာတောင်မရှိဘူး။” သူမ၏ဖခင်သည် ဝေဒနာကို
မည်မျှခါးစည်း ခံရမည်ကိုသူမ,မတွေးရက်ခဲ့။ “သမီးအဖေကပိုက်ဆံရှာတာတော်တယ်။
ရသမျှသမီးအမေ့ လက်ထဲကို အပ်တာချည်း သမီးအမေကသာ အသုံးဖြုန်းမချွေတာတာ။” အမေ့အပေါ်ကိုပြစ်တင်
ဝေဖန်သည့် အသံကို သူမ,မကြားချင်။ “အမေ့ကိုအဲ့လို
မပြောပါနဲ့ အန်တီတို့ရယ်။” “ဦးငယ်တို့လည်း တက်နိုင်သလောက် ဆေးကိုပါတယ်။ သမီးအဖေကိုက
ခေါင်းမာတာဆေးရုံဆေးခန်းငွေကုန်မှာဆိုးလို့မသွားဘူး” ဖခင်ဖြစ်သူ၏ညီ ဦးငယ်သည်သူမကို
ချိုသာသည့်အပြုံးဖြင့် နှစ်သိမ့်ရှာသည်။ ဒေါ်လေးမျက်နှာကိုကြည့်ပြီး သူမမေးခွန်းလေးတခွန်းကိုမေးလိုက်ချင်သည်။
သို့သော်သူမမေးမထွက်။ “ဦးငယ်တို့ကအဖေဆုံးပြီးသိမ့်မကြာခင်
ဘာလို့ဒီလောက်အိမ်ကြီးတွေ ချက်ချင်းဆောက်နိုင်ခဲ့ တာလည်း မိဘရဲ့လက်ငုတ်လက်ရင်းစီးပွားအလုပ်ဆိုတာ
တံငါးသည်အလုပ်ဘဲ ပြီးတော့အမေကဘာဖြစ်လို့ကျူးကျော်ရပ် ကွက်လေးမှတဲထိုးနေနေရတာလည်း” သူမသည်ဒေါ်လေးမျက်နှာကိုကြည့်ပြီး
သူမရင်ထဲမှစကားသံများသည် အပြင်သို့ ထွက်မလာခဲ့။ ဆယ်နှစ်သာကာလအတွင်းပြောင်းလဲမှုများ
အများကြီးဖြစ်ခဲ့သည်ကို သူမ,မသိချင်တော့။ အနည်ထိုင်နေပြီ ဖြစ်သောသူမမိခင်၏နှလုံးသားကို
တဖန်ပြန်မနိုးထစေခြင်။ “သမီးဘယ်တော့ပြန်လာမှာလည်း”
မိခင်ဖြစ်သူကိုကန်တော့ပြီး မောင်လေးလက်ကိုဆွဲကာ ခွင့်ရက်ပြည့်လို့အလုပ်ပြန်မည့်သူမ၏ခြေလှမ်းများကို
ရပ်တန့်စေခဲ့သည်။ သူမထွက်သွားစ မောင်ငယ်လေးသည် နို့စို့ကလေးအရွယ်သာသာရှိသေးသည်။ အခုသူမနှင့်အတူနယ်စပ်ဖက်သို့
ကျောင်းတက်ရန် လိုက်ပါလာရခြင်းဖြစ်သည်။ သူမသည်မောင်လေးလက်ကို ကျစ်ကျစ်ပါအောင်တွဲပြီး
အမေ့မျက်နာလေးကို ဂရုဏာသက်စွာ မော့ကြည့်မိသည်။ “အားလုံးကိုရင်ဘောင်းတန်းနိုင်တဲ့တနေ့ သမီးပြန်လာမယ်အမေ” သူမရင်ထဲက စကားသံကိုလည်း
အမေမကြားနိုင်သကဲ့သို့ အမေ့ရင်ထဲမှ ငိုကြွေးပူဆွေးသံကိုလည်းသူမ, မကြားနိုင်ခဲ့။
လူတိုင်းမိဘကိုကျေးဇူးဆပ်နိုင်ကြသော
သားသမီးရတနာများ ဖြစ်နိုင်ကြပါစေ
Julia Sue Kat
(Yokel)
No comments:
Post a Comment