Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Thursday, July 3, 2014

အချစ်နှင့်နှောင်ကြိုး ဇတ်သိမ်းပိုင်း


ဖေဖော်ဝါရီ ၁၄ ၂၀၁၄
 
အချစ်နှင့်နှောင်ကြိုး
            အုပ်ဂူလေးသုံးခုတမ်းစီပြီး တည်ရှိနေသည့် စုရပ်လေးတွင် အသက် နှစ်ဆယ်ကျော် အမျိုးသားတစ်ဦး  နှင့်အမျိုးသမီးတစ်ဦး ရပ်နေလေ သည်။ ထိုအမျိုးသမီး၏ လက်ထဲတွင် လွမ်းသူပန်းစည်းသုံးစည်းကိုင်ဆောင်ထားပြီး အမျိုးသားသည် အသက်၃နှစ်အရွယ် ကလေးငယ်တဦးကို ပွေ့ချီထားလေသည်။

ထိုသူသည်အခြားမဟုတ် ဆူးရဲသစ်နှင့် သူ၏ဇနီးဖြစ်သူ သဇင်သင်းနှင့်အတူ သားလေး ရဲသစ်ဦးပင်တည်း။ သားလေးကို သဇင့်လက်ထဲသို့ထည့်ကာ သဇင့်လက်ထဲမှ ပန်းစည်းလေးနှစ်စည်းကိုယူပြီး မိခင်ဖြစ်သူ ဒေါ်နေခြည်နွေးနှင့် ဖခင်ဖြစ်သူ ဦးငြိမ်းချမ်းဦးတို့၏ အုပ်ဂူလေးပေါ်တွင် ညင်သာစွာချထား လိုက်လေသည်။ အဖေ အဖေမှာကြားထားတဲ့အတိုင်း အဖေ့ရဲ့အုပ်ဂူလေးကို ဆူး ဆိုတဲ့အမျိုးသမီးနဲ့ အမေ့အုပ်ဂူလေးနှစ်ခုအကြားမှာ သားတည်ဆောက် ခဲ့ပါတယ်။ အဖေနဲ့အမေတော်စပ်မှုကြောင့် သားလူလားမြောက်ခဲ့ပေမဲ့ ဆူးဆိုတဲ့ အမျိုးသမီးက ကျတော်နဲ့ ဘယ်လိုတောင်စပ်မှုရှိလည်းဆိုတာကိုတော့ ကျတော် မသိပါဘူး။ ဒါပေမဲ့ အဖေမှာကြားတဲ့အတိုင်း ဖေဖော်ဝါရီလ ၁၄ရက်နေ့ ရောက်တိုင်း အဲ့ဒီအုပ်ဂူလေးကို သားလွမ်းသူပန်းစည်းလေး နှစ်တိုင်းလာ ပို့ဖြစ်ခဲ့တာ ကျတော်နဲ့ကျတော့်သားလေး ရဲသစ်ဦးရဲ့ တစ်သက်ပါဘဲအဖေ။ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူ၏ အုပ်ဂူကြားလေးအလယ်တွင်ရပ်ပြီး ငြိမ်းချမ်းဦးတိုင်တည်လိုက်မိသည်။ ထို့နောက် နောက်ဆုံးပန်းစည်းလေး တစည်းကိုယူကာ ဆူး ဆိုသည့်အုပ်ဂူရှေ့သို့ရှောက်လာပြီး လွမ်းသူပန်း စည်းလးကို အုပ်ဂူလေးပေါ် သို့ညင်သာစွာ တင်လိုက်သည်။ အုပ်ဂူလေးရှေ့တွင် ခေတ္တမျှရပ်နေခိုက် သဇင်တစ်ယောက် ဆူးရဲသစ်အနားသို့ ရောက်လာ လေသည်။
မောင်- ဦးငြိမ်းချမ်းဦးနဲ့ ဒေါ်နေခြည်နွေးဆိုတာ မောင့်ရဲ့မိဘတွေ ဖြစ်နေခဲ့ပြီးတော့ ဆူးဆိုတဲ့ သူကမောင်နဲ့ဘယ်လို ဆက်နွယ်မှုရှိ လည်းဆိုတာ သဇင့်ကို ပြောပြပါလားမောင်
မောင်လည်း ဂဂနနမသိဘူးသဇင် သေချာတာတခုကတော့ ဆူးဆိုတဲ့ အန်တီကြီးဟာ မောင့်ရဲ့ကျေးဇူးရှင် ဖြစ်တယ်လို့ ဖေဖေကပြော ဖူးတယ်။ ဖေဖေနဲ့မေမေတို့ သက်ရှိထင်ရှားရှိပြီး မောင်လူမှန်းသိတက် စအရွယ် ကတည်းက ဆူးဆိုတဲ့အုပ်ဂူရှေ့မှာ ဖော်ဖော်ဝါရီလ ၁၄ရက်နေ့ ရောက်တိုင်း လွမ်းသူပန်းစည်းလေးတွေ နှစ်တိုင်းလိုလို အမြဲလာချ နေကြပြီးတော့ဖေဖေကမောင့်ကို မှာထားတယ် သူမရှိတော့တဲ့နောက်ပိုင်း ပန်းစည်း ချဖို့ မပျက်ကွက်ပါနဲ့တဲ့
           
            အချိန်မည်မျှကြာကြာရန်နေမိမှန်းမသိ ဦးခေါင်းထက်မှ နေပူရိုန်ကြောင့် သဇင့်လက်ထဲမှ သားလေးကိုလွဲယူကာ အုပ်ဂူလေးသုံးလုံးရှေ့မှာ ဖြေးညင်းစွာ ထွက်ခွာလာခဲ့လေသည်။

No comments:

Post a Comment