Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Thursday, July 3, 2014

နိုင်ငံရေးရဲ့လောင်းရိပ်


            နိုင်ငံရေးဆိုတာကို ဘာမှန်းမသိဘဲ ဆူးတို့တတွေနိုင်ငံရေးရဲ့သားကောင်တွေ ဖြစ်ခဲ့ရတာ ၁၉၈၈ ကျောင်းသား အရေး အခင်းဖြစ်တဲ့အချိန်စကခဲ့တာပေါ့။
            1988 ဝေး ကျောင်းသူကျောင်းသားတွေ အရမ်းပျော်လို့ ကျောင်းခန်းထဲက ထွက်ပေါ်လာတဲ့အသံ။ ဆရာမရဲ့ စေခိုင်းချက်အရ ဆူးရုံးခန်းမှာ မြေဖြူသွားယူရင်း အပြန်ဆူးတို့မူလတန်း ပထမတန်းကျောင်းခန်းထဲက ၀မ်းသာပြီးထွက်ပေါ် လာ အာမေဓိတ်အသံလေးပါ။


 ဆရာမကို မြေဖြူပေးပြီး စာရေးခုံရှိရာသို့ ထွက်ခွာမယ်အလုပ် ဆရာမက သြော်- သမီးကိုပြောရဦးမယ်. နက်ဖြန်ကစပြီးကျောင်း တလလောက်ပိတ်မယ်သမီး” “ဟုတ်ကဲ့ဆရာမ ဒီလိုနဲ့ဘာကြောင့် ကျောင်းတွေပိတ်လိုက်မှန်းမသိပေမဲ့ ကလေးတွေအရွယ်မို့ကျောင်းပိတ်လိုက်တာကို ပျော်မဆုံးရွှင်မဆုံးပေါ့။ ကျောင်းဆင်း ချိန်အပြန်လမ်းမှာ တလကျောင်းပိတ်ရင် ဘယ်သူကဘာလုပ်မယ်။ ဘယ်သူကဘယ်ကိုသွားမယ်ဆိုတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ ညှိနှိုင်းတိုင်ပင်သံတွေစိစိညံလို့။ အမှတ်မထင်ဘဲ အထက်တန်းကျောင်းသား ၉၊၁၀ တန်းကျောင်းသား လေးတစု ဆူးတို့ကျောင်းဝန်းလေးရဲ့အ၀င်ဝက ကို့ကိုပင်ကြီးအောက်မှာ ရန်ကုန်နဲ့ တို့နယ်နဲ့က အဝေး ကြီးပါကွာ အဲ့မှာအရေးအခင်းဖြစ်တိုင်း တို့်နယ်တွေအထိ ရိုက်ခက်တာတော့ မမိုက်ပါဘူး” “အေးဟယ်- အလကားနေ ငါတို့က တနှစ် အောက်ရဦးမယ်” “ဟုတ်တယ် တို့တွေအသက်တနှစ်ကြီးသွားတာပေါ့။ ဆူးတို့စာသင်ကျောင်းလေးက ဖွံဖြိုးတိုးတက်မှု အလွန်ကိုနယ်းပါးပြီး လမ်းပန်းဆက်သွယ်ရေး အရမ်းကိုခက်ခဲတဲ့ ကရင်နီပြည်နယ်ရဲ့ မြို့နယ်လေးတမြို့နယ်မှာပေါ့။  ငါသာ ရန်ကုန်မှာရှိရင် ပွဲကြီးပွဲကောင်း ၀င်နွဲလိုက်ချင်သေး” “အေးဟ-ငါလည်းအဲ့လိုဘဲတွေးတာ ဒီလိုလုပ် တို့တွေလူစုပြီး ချီလိုက် ရအောင်” “ဟာမင်းတို့ကလည်း ဒီကနေရန်ကုန်ကို အစုလိုက်ချီတော့ ထူးချောင်းမှာတင် ကွီကနဲ့ဖြစ် သွားလိုက်မယ်။ ငါတို့မှာ နွဲရအောင်” “ချီး-အရေးထဲမင်းကတမျိုးသူတို့ပြောနေတဲ့စကားတွေက ဘာတွေမှန်းဆူးမသိပေမဲ့ စိတ်ဝင်တစား ရပ်ပြီးငေးငေးမောမော နားထောင်နေခဲ့မိတယ်။ 

            မေမေ အရေးအခင်းဆိုတာ ဘာလည်းလို့ အိမ်ပြန်ရောက်တော့ မေမေ့ကိုမေးကြည့်တယ်။ မေမေက တအံ့တသြမျက်လုံးကြီးနဲ့ ဆူးကိုစိုက်ကြည့်နေတာ ခုချိန်ထိမြင်ရောင်နေမိတယ်။  ဖေကြီး-ရှင့်သမီးကခုမှ ပထမတန်း ကျောင်းသူဘဲ ရှိသေးတယ်။ အရေးအခင်းဆိုတာ ဘာလည်းလို့ ကျမကိုမေးနေတယ်သိလား ဟေ ဖေဖေနဲ့ မေမေတို့စကားဝိုင်းကို ဆူးအမှတ်တမဲ့ ကြားလိုက်ရတဲ့အချိန် ဆူးစိတ်ထဲမှာ အရေးအခင်းဆိုတာ အရမ်းကိုအန္တရယ်ကြီးတဲ့ အကောင်ကြီးလို့ဘဲမြင်မိတယ်။ ဒီလိုနဲ့ မေ့မေ့လျော့လျော့ နေလာလိုက်တာ ဆူး၅တန်းရောက်တော့ ဟေ့ရောင်တွေ ငါတော့တော်တော်ကိုတင်းလာပြီကွာ” “အေး-ငါလည်းငါ့အဖေပေါ်တာပါသွားပြန်ပြီလေ” “ဟေ-ဟုတ်လား။ ငါအဖေ တောင်တလောကမှ ပြန်ထွက်ပြေးလာတာ။ လက်နက်တွေ ရိက္ခာတွေအပြင် ပန်းဘဲလုပ်တဲ့သံတိုသံစတွေပါ သယ်ခိုင်း တယ်ဆိုလားဘဲ။ ပြန်ရောက်လာတာ အရိုးနဲ့အရေဘဲကျန်တယ်ဒါတောင်သူတို့ကပြန်လိုက်ဖမ်းတော့ သမ၀ါယမ ဦးစီးမှုးက အာမခံပေးလို့ပြန်ပါမသွားတာ ငါတော့သေသေရှင်ရှင် သွားတော့မယ်ကွာ။ ဟိုမှာလည်းငါ့ဝမ်းကွဲအကိုရှိတယ်။ သူပြော တယ် သူတို့ဆီမှာကျောင်းဆရာလိုတယ်တဲ့ ဘာဘဲဖြစ်ဖြစ်ငါတော့တခုခုလုပ်မှဖြစ်တော့မယ်” “ဟုတ်တယ် နို့မို့ဆို တို့လည်း ဘယ်တော့ ပေါ်တာလိုက်ရမယ်မှန်းမသိဘူး ကျောတလှန့်လှန့်ဘဲ” “ဟာမင်းတို့ကလည်း ကျားဘဲကွာ ကိုင်မဲ့ကိုင်တော့ ဒါ ဘဲကိုင်မှာပေါ့၊ ဘာလို့မြေဖြူကိုင်မှာလည်း” “အေး- ငါကအဖြစ်သဘောပြောတာပါကွာ ကျောင်းဆောင်ပလက်ဖောင်း ပေါ်တွင် သရေကွင်းပစ်တမ်းကစားနေရာမှ ၉တန်းကျောင်းခန်းထဲတွင် ကျောင်းသူ၊သားများ အချို့ ပြောဆိုနေသည့် စကားသံများကို ကြားခဲ့ရတာပါ။ သူတို့ပြောဆိုနေကြတဲ့ စကားလုံးများရဲ့ ဆိုလိုရင်းကို မသိနားမလည်ပေမဲ့ စိတ်ဝင်တစား နားထောင်နေခဲ့မိတယ်။ 

ဟယ်-ဒီကလေးတွေ ကျောင်းပြီးအောင်တောင် တက်မသွားကြဘူး။ အတန်းတင်စာမေးပွဲကနီးနေပြီ” “ဟုတ်တယ်ဆရာမရာ ကျတော်ဖြင့်နှမြောလိုက်တာဗျာ” “ဟုတ်ပ ဆရာတို့ရေ-ကျမဖြင့် ကြားကြားခြင်းယုံတောင်မယုံဘူး အတန်းတင်စာမေးပွဲကြီး ဖြေဆိုကာနီးအချိန်တွင် ဆူးတို့အတန်းပိုင် ဆရာမ၏စေခိုင်းချက်အရ ရုံးခန်းထဲတွင် မြေဖြူသွားရောက်ယူဆောင် ရာရုံးခန်းတနေရာမှ ဆရာ၊မတချို့ ပြောဆိုနေသော အသံများကို ကြားခဲ့ရာမည်သူတွေက ဘယ်ကိုသွားလို့ဘာတွေဖြစ်ကြတာလည်းဆိုသည့် မေးခွန်းပေါင်းမြောက်များစွာ ဆူးရင်ထဲတွင်စွဲကပ်နေခဲ့မိသည်။ အတန်းထဲသို့ပြန်ရောက်သော် သိခြင်ဇောဖြင့် အတန်းပိုင်ဆရာမကို ဖွင့်ဟမေးကြည့်မိသည်။ သမီးဘယ်ကကြားခဲ့လည်း” “ဟိုမြေဖြူသွားယူရင်း ရုံးခန်းထဲမှာ ဆရာ၊မတွေပြောသံကြားလို့ ကဲကဲ- အားလုံးကို ဆရာမသိအောင်ပြောမယ်၊ ခုနက သမီးဆူးကြားခဲ့တာကအထက်တန်းကျောင်းသူ၊သားတချို့ တောခိုသွားတာကို ပြောကြတာ” “တောခိုတယ်ဆိုတာ ဘာကိုပြောတာလည်းဆရာမ” “တောခိုတယ်ဆိုတာ သူပုန်ထတာ၊ လက်ရှိအစိုးရကို ဆန့်ကျင်တာ- သားတို့သမီးတို့လည်း အချိန်တန်အရွယ်ရောက်ရင် အဲ့လိုအတွေးမျိုးတွေ မတွေးရဘူး၊ ကြားလား” “ဟုတ်ကဲ့ ပါဆရာမ
            အချိန်တွေရာသီတွေနှစ်တွေ အလီလီပြောင်းခဲ့ပေမဲ့ ဆူးတို့မြို့နယ်လေးကတော့ မပြောင်းမလဲ။ ဖွံ့ဖြိုးတိုး တက်မှု မဆိုထားနှင့် အချိန်နှင့်အမျှ ပေးလိုက်ရသော အခွန်တော်ကြေးအိမ်ခွန် လယ်ခွန် ယာခွန် မြေခွန်များနှင့်အတူ အထမ်း သမားဆိုသည့် ပေါ်တာကြေးများကိုလည်း ပုံမှန်ပေးဆပ်နေရစမြဲ။ သမ၀ါယမစနှစ်ကြီးရှိနေလိုသာလျှင် ဆူးတို့ မိသားစု အပါအ၀င် ယင်းမြို့နယ်လေးတွင်နေထိုင်ကြသည့်  လက်လုပ်လက်စားပြည်သူများသည် ထမင်းကိုနပ်မှန်အောင် စားနေ ကြရသည်။ သမ၀ါယမဆိုင်ကြီးတွင် မိသားစုများအတွက်လိုအပ်သည့် အခြေခံစားနပ်ရိက္ခာများကို ဈေးနှုန်းချိုသာစွာ နှင့်ဝယ်ယူရရှိနိုင်သောကြောင့်ဖြစ်သည်။ 
ဆူး၆တန်းနှစ်တွင် ဖေဖေပေါ်တာပထမဦးဆုံးအချိန်လိုက်ခဲ့ရသောနှစ်ဖြစ်သည်။ စီးပွားရေးအခြေအနေကြောင့် အခြားသောအခွန်ငွေများကို ပေးဆောင်နိုင်ပါသော်လည်း ပေါ်တာကြေးကို ပုံမှန်မပေး ဆောင်သောကြောင့် အဖေကိုတိုင်လိုက်ပါပြီး အထမ်းသမားအလုပ်လုပ်ဆောင်ပေးခဲ့ရသည်။ ပထမအကြိမ်တွင် နှစ်ပတ်မျှ သာကြာမြင့်ပါသော်လည်း နောင်ပိုင်းတွင် လနှင့်ချီပြီးကြာတက်ပါသည်။ အချို့သော ကာလသားလူငယ်များ အိမ်ထေင်ဦးစီး များသည် တောထဲတောင်ထဲ (သို့) တနယ်တကြေးသို့ထွက်ပြေးပုန်းရှောင်ခဲ့ကြသော်လည်း လူမမယ်ကလေးငယ်နှင့် ကျန်းမာရေးမကောင်းသောမိခင်ကိုထောက်ရှု့၍ ဖေဖေသည်ထိုသို့ထွက်ပြေးပုန်းရှောင်ခြင်းမျိုးကို မပြုခဲ့ပေ။ ထိုသို့ထွက်ပြေး ပုန်းရှောင်ခဲ့သော် အချို့သောစစ်တပ်များသည် ကျန်ရှိနေသောမိသားစုဝင်ထဲမှ တဦးဦးအထူးသဖြင့် သားကြီးကို သော်လည်းကောင်း သမီးကြီးကိုသော်လည်းကောင်း ကိုယ်စားခေါ်သွားတက်ကြသည်။ ဆူးခြောက်တန်းနှစ်တွင် ဖေဖေ အနည်းဆုံးပေါ်တာ ၄ကြိမ်လောက်လိုက်ခဲ့ရသည်။ နောက်ဆုံးအကြိမ်ဖေဖေပြန်ရောက်လာချိန်တွင် ဖေဖေနှင့်အတူ မော်လမြိုင်မှ ဖေဖေ့အရွယ် ဦးကြီးနှစ်ဦးပါလာသည်။ ဖေဖေနှစ်အတူသူတို့နှစ်ဦးသည် စစ်တပ်များမသိအောင် ပြန်လည် ထွက်ပြေးလာကြကြောင်း လမ်းခရီးတွင် အလွန်ပင်ပန်းကြကြောင်း အချို့သော်အထမ်းသမားများသည် မြေမြုတ် မိုင်းကြောင့် သေကြေကြရကြောင်း ဖေဖေနှင့်အတူယင်းအပေါင်းအပါများကို လက်နက်ခဲယမ်းများအပြင် သံတိုသံစများကို သယ်ခိုင်းကြောင်းမေမေ့ကိုပြန် လည်ပြောပြခဲ့ပါသည်။ မေမေသည်ဖေဖေနှစ်အတူ ပါလာသောဦးကြီးနှစ်ယောက်ကို ညနေစာများပြင်ဆင်ကျွေးမွေးပြီး နောက်ညီမလေးကိုပွေ့ချီပြီးဆူးလက်ကိုတွဲလျှက် ဖေဖေတို့ကိုခေါ်ဆောင်ကာ သမ၀ါယမ ဦးစီးမှုထံသွားရောက်  အကူညီတောင်းခံခဲ့ပါသည်။ ဖေဖေရရှိလာသောဒါဏ်ရာများကိုလည်းပြသခဲ့သောကြောင့် ဖေဖေ့ ကျောပြင်ပေါ်မှဒါဏ်ရာများနှင့် ခြေသလုံးမှအနာအဆာများကို ဆူးကောင်းစွာမြင်တွေ့လိုက်ရသည်။ ဖေဖေ့၏ဒါဏ်များကို မြင်တွေ့လိုက်ရချိန်တွင် ဆူးရင်ထဲတွင်ကြေကွဲဝမ်းနည်းမှု သို့သည်းမဟုတ် မခံမရပ်နိုင်ဖြစ်မှု ခံစားချက်တခုခုကို ဆွေးမျှမျှခံစားခဲ့ရသည်။ ဖေ့ဖေ့ကျောပြင်ပေါ်မှဒါဏ်ရာများသည် ဓါးဖြင့်ခုတ်ထားသကဲ့သို့ အရေပြားများအသား ကိုကျော်ပြီး အရိုးထိဆူးနစ်နေသည်ကို ဆူးကောင်းကောင်းကြီးအမှတ်ရနေပါသေးသည်။ ဆူး၇တန်းကျောင်းတက်သည့် နှစ်တွင် ဆူးအကိုဖြစ်သူသည် ရှစ်တန်း။ သို့သော် ဖေဖေနယ်စပ်သို့ခရီးလွန်ချိန်တွင် ကိုကို့ကိုဖေဖေ့ ကိုယ်စား အထမ်းသမားအဖြစ် ခေါ်ဆောင်သွားခဲ့ပြန်သည်။ ငှက်ဖျားရောဂါနှိပ့်စက်မှုကြောင့် ကိုကိုပြန်ရောက်လာချိန်တွင် ဆေးရုံတွင် တလလောက်အချိန်ပေးကုသခဲ့ရသည်။ ထိုအချိန်မှစ၍ စစ်သားများကိုနာကြည်းမုန်းတီးသော စိတ်များ ဆူးရင်ထဲတွင် ဓန္ဒေသည်ခဲ့သည်။ အိမ်ကိုလာလည်ကြသော စစ်ဗိုလ်များကိုလည်း ဦးတို့သမီးအိမ်ကို နောက်ဘယ်တော့မှ မလာပါနဲ့” “ဘာလို့လည်းသမီး-အရင်ကလည်းလာနေကြဘဲ” “နောက်လာစရာမလိုတော့ဘူး၊ ဦးတို့ကြောင့် သမီးအကို မသေရုံ၊ အဖေဆိုလည်း ဒီတိုင်းဘဲ” “ဒါတွေဦးမသိဘူး၊ ဦးတို့ကတပ်မတော်သားတွေလေ၊ တပ်မတော်သား တွေဆိုတာ……” “တပ်မတော်သားတွေလည်း စစ်သားတွေဘဲ ဦးတို့ကိုမုန်းတယ်  သူတို့တွေရဲ့ပြောသောစကားများကိုပင် ဆုံးအောင်နားမထောင်ဘဲ သူတို့နှင့်အဝေးဆုံးသို့ ထွက်ပြေးခဲ့မိသည်။ 

သူငယ်ချင်းများနှင့်အတူ ထင်းခွေသွားခိုက် အမှတ်မထင်ဘဲ စစ်ဝတ်စုံနှင့်လူတစုကို တောတွင်းတနေရာတွင် တွေ့စုံမိပါသည်။ အတွေ့အကြုံရှိသော အမကြီးတချို့ကမူ အဲ့ဒါသူပုန်တွေ လာလာပြန်မယ်ဟုဆူးတို့ကို ပြန်ရန်ခေါ်ပါသော်လည်း နောက်ကျခဲ့ပေသည်။ ထိုသူပုန်များသည် ဆူးတို့ရှိရာကိုခြေလှမ်းကျဲကြီးဖြင့် ရှောက်လာပြီး သမီးတို့က ဒီမြို့နယ်ကထင်တယ်၊ သမီးတို့ပစ္စည်းတွေ ခနထားခဲ့ပြီး ဦးတို့ကိုဒီစာရွက်ထဲမှာပါတဲ့ စရင်းအတိုင်း ပစ္စည်း နည်းနည်းလောက် ၀ယ်ပေးစမ်းပါ မုန့်ဖိုးပေးပါ့မယ် ” “ဟင့်အင်း ကျမတို့ကြောက်တယ် ဟုဆူးတို့အဖွဲ့ထဲမှာ အသက် အကြီးဆုံးဖြစ်သူ အမတစ်ယောက်မှပြန်ပြောခဲ့သည်။ ဆူးစိတ်ထဲတွင်သူတို့ကို လုပ်ပေးချင်စိတ်များ အလိုလိုပေါ်ပေါက် လာသောကြောင့် သူတို့ခိုင်းစေချက်များကိုဆူးနှင့်အတူ သူငယ်ချင်းနှစ်ယောက်မှလက်ခံလုပ်ဆောင်ပေးခဲ့သည်။ အခြေအနေအကြောင်း အမျိုးမျိုးကြောင့်၇တန်းနှစ်တွင် ဆူးကျောင်းထွက်ခဲ့ရသည်။ ဖေဖေနှင့်အတူ ယာခင်းထဲသို့ ပေါင်းသင်ရန်လိုက်သည့် တနေ့တွင်ဆူးဈေးဝယ်ပေးလိုက်သည့် သူပုန်များနှင့်လမ်းမှာစုံပြန်သည်။သမီးပါလား-ယာထဲလာတာလား ဒီနေ့ကျောင်းပိတ်လား  သမီး ကျောင်းထွက်လိုက်ပြီဦး” “ဟေ။ ဆူးတို့ရင်းရင်းနှီးနှီး စကားပြောနေ သည်ကို ဆူးဖေဖေမှ တအံ့တသြဖြင့် ငေးမောကြည့်နေသည်ကိုဆူးခုချိန်ထိ မြင်ရောင်မိတုန်း။  ငြိမ်းချမ်းရေးအဖွဲ့မှ စစ်ယူနီဖောင်များနှင့် စစ်သမီး(ရဲမေလေး)များကိုကြည့်ရင်း အားကျခဲ့မိသည်။ ငြိမ်းချမ်းရေးအဖွဲ့ထဲဝင်ရန် ဘယ်မိဘမှ သဘောတူမည်မဟုတ်။ ယင်းအဖွဲ့ထဲဝင်ပြီး မိဘများပြန်လည်လိုက်ခေါ်သော သားသမီးများဒုနှင့်ဒေး။  ယာခင်းထဲသို့ သွားရာတွင် သူပုန်များနှင့် ပိုမိုရင်းနှီးလာခဲ့ပြီး ၎င်းတို့၏ခံယူချက်ရပ်တည်ချက်များကိုလည်း တနေ့ထက်တနေ့နားလည် လာခဲ့ရာ သူတို့နှင့်အတူ တရားမျှတသောတိုက်ပွဲကိုဆင်နွဲရန်အတွက် မိဘများမသိအောင် တောခိုခဲ့မိသည်။ ဟေ-မင်းက (…)သမီးမဟုတ်လား။ ငါတို့ လာတုန်းက မင်းတို့ကရှိလှမှ ပထမတန်းပေါ့” “ဟုတ်” “အေးအေး-ကောင်းတယ်။ ဘာမှအားမငယ်နဲ့ငါတို့လည်းရှိတယ်။ မင်းတို့ကိုကျောင်းပြန်တက်ခိုင်းမယ်” “ဆူးကျောင်းမတက်ချင်ပါဘူး။ ဆူးကျောင်း ပြန်တက်ရန် အကြောက်အကန် ငြင်းခဲ့မိသည်။ ကျောင်းပြန်တက်ရန်အကြောက်အကန်ငြင်းဆိုနေသော ဆူးကိုသူတို့ ငေးကြောင်ပြီးကြည့်နေမိသည်။ ကျောင်းပြန်တက်ရန် တိုက်တွန်း၍မရသည့်အဆုံးဆူးကို အခြေခံဆေးသင်တန်းတက်ရန် တိုက်တွန်းပြန်သည်။ 

 ဆူး-ဒီတော်လှန်ရေးထဲကိုရောက်လာတာ ကျောင်းတက်ဖို့ ဆေးသင်တန်းတက်ဖို့မှမဟုတ်တာ၊ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်ဖို့ လာတာလေ။ ဆူးတော်လှန်ရေးစရောက်ချိန်တွင် တော်လှန်ရေးတပ်ထဲတွင်အမျိုးသမီး စစ်သမီးများမရှိသလောက်ရှားပါး သောကာလဖြစ်သည်။ ရှေ့တန်းစစ်မြေပြင်တွင် နှစ်နှစ်မျှနေထိုင်ပြီး ကျရာတာဝန်များကို ထမ်းဆောင်နေခိုက် အလွန်ငယ်ရွယ်နုပျိုလျှက်ရှိသော ဆူးတို့လိုမိန်းမသားများအတွက် လက်နက်ကိုင်ပဠိပက္ခများမှ ထွက်ခွာ၍ပညာရေး ရေစီးကြောင်းပေါ်သို့လျှေက်လှမ်းရန် အထက်မှညွန်ကြားချက်ကြောင့် ဆူးတို့တတွေကျောင်းထဲသို့ တဖန်ပြန်လည် ရောက်ရှိလာခဲ့သည်။ မင်းတို့ ဗမာတွေ ငါတို့ကြောင်းလာမတက်နဲ့ မင်းတို့ကြောင့် ငါတို့ခုလို ဒုက္ခရောက်နေတာကျောင်းထဲတွင် တယူတန် သည့်ခပ်ရိုင်းရိုင်းကျောင်းသားများ၏ ဆက်ဆံရေးခပ်ကျဲကျဲအောက်တွင် တော်လှန်ရေးဆိုသည့် အတွေးအခေါ်မှလွဲပြီး ဆူးဦးနှောက်ထဲတွင်ဘာမျှမရှိ။ သူတို့ကိုဆူးမျက်လုံးအ၀ိုင်းသား နှင့် ကြည့်လိုက်သည်။ သူတို့၏နာကြည်းချက်များကို ဆူးမကောင်းကောင်ကြီးနားလည်းထားခြင်းကြောင့် သူတို့ကိုဆူး ခွင့်လွတ်နိုင်ခဲ့သည်။ နောက်ဆုံးတွင်ဆူး၏သမိုင်းကိုသိလာသည့်အတွက် ထိုသူများသည် ဆူးကိုပြန်လည်တောင်းပန် လာကြသည်။ “ငါတို့တောင် ယောကျာင်္းလေးဖြစ်ပြီး မင်လို့တိုင်းပြည်နဲ့လူမျိုးအတွက် ဘာမှမလုပ်ခဲ့ရဘူး မင်းကိုအရင်က ပြောခဲ့သမျှငါတို့တောင်းပန်ပါတယ်” ဆူးသူတို့ကိုအပြုံးဖြင့်သာ ပြန်လည်နှုတ်ဆက်ရင်း သူတို့ရှေ့မှ ထွက်ခွာလာခဲ့သည်။

လောကဓါဏ်ကိုကြံ့ကြံ့ခံရင်း ဆယ်တန်းကျောင်းကို အခက်အခဲအမျိုးမျိုးကြားမှ အောင်မြင်စွာကျော်ဖြတ်ခဲ့သည်။ ဘာသာစကားနားမလည်ခြင်း လူမျိုးခြားခြင်း မိဘဆွေမျိုးကင်းမဲ့ခြင်းနှင့်အတူ မိုစွဲနေသောလုံခြည် ပေါက်ပြဲနေသော ပြောက်ကျားအိပ်နှင့် ပါးလျှပ်နေသောဆင်ကြယ်ဖိနပ်တို့ကိုအားပြုလျှက် တော်လှန်ရေးဆိုသည့်ကျောင်းတော်ကြီးကို အခက်ခဲပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးနောက် စိန်ခေါ်မှုပေါင်းမြောက်များစွာတို့တွင် အားလုံးကိုပြန်လည်၍ ရင်ဘောင် တန်းနိုင်ခဲ့ပေပြီ။  တော်လှန်ရေးရဲဘော်များဖြစ်သည့် တိုက်ဖော်တိုက်ဖက် သေဖော်ရှင်ဖက် တောင်လှန်ရေးယောက်ဖ များကို သော်လည်းကောင်း ငြိမ်းချမ်းရေးအသီးအပွင့်များကို မခံစားကြရသေးမှီ အကြွေစောခဲ့သော တော်လှန်ရေး ရဲဘော်များကိုလည်းကောင်း လက်ရှိလုပ်ဖော်ကိုင်ဖက်များကိုသော်လည်းကောင်း အားလုံးသောတော်လှန် ရေးမိတ်ဆွေ များကို ဦးညွတ်လျှက်နိုင်ငံရေးဆိုသည့် လောင်းရိပ်အောက်တွင်ရှုန်းထွက်ဖို့ကြိုးစားရင်း နိုင်ငံရေးဆိုသည့် လောင်းရိပ် အောက်တွင် လောင်းရိပ်မိခဲ့သည်မှာ ခုဆိုလျှင်ဆယ်စုနှစ်ပင်ကျော်လွန်ခဲ့ပေပြီ။


No comments:

Post a Comment