လေဆိပ်ရှိဧည့်ကြိုခန်းမထဲတွင် ဆီတန်းထိုင်နေကြပြီး မိမိတို့၏
သက်ဆိုင်သူများကို စောင့်ကြိုနေကြသော လူများထဲတွင် အသက်နှစ် ဆယ်ကျော် အဖြူရောင်အကျီ
င်္လေးကို သေသပ်စွာဝတ်ဆင်ထားသော လူငယ် တဦးလည်း ပါဝင်လေသည်။ မကြာခင်ဘန်ကောက်လေကြောင်းမှ
ဆိုဒ်ရောက် လာမည့် ခရီးစဉ်လေယဉ်အမှတ်
(×××) တွင်ပါလာ သော ချစ်သူဒါမှမဟုတ် ဇနီးလောင်းကို စောင့်မျော်နေသူတဦး။
အချစ်နှင့်နှောင်ကြိုး |
“ခရီးသည်များရှင် မကြာသေးခင်က ဘန်ကောက်မှ ထွက်ခွာလာသော လေယဉ်အမှတ်(×××)သည် ရာသီဥတု အခြေအနေကြောင့် စက်ချို့ယွင်းပြီး ပင်လယ်ထဲသို့ ထိုးစိုက်ကျဆင်းသွားပါတယ်။
အသေးစိတ်သိလိုပါက Information center သို့လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်”
Information
Center မှထရုတ်တရပ်ထွက်ပေါ်လာသော အသံ ကြောင့် ခရီးသည်များ ဧည့်ကြိုများအားလုံး
ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ အဖြူရောင်အကျီ င်္ကို ၀တ်ဆင်ထားသော လူငယ်လေးတစ်ယောက်
Infrom- ation Center သို့ အပြေးအလွားရောက်ရှိသွားခဲ့သည်။ လေယဉ်အမှတ်
(×××) တွင်ပါလာသော ခရီးသည်များ၏ အမည်စရားများကို သေချာစုံစမ်း
သိရှိခဲ့ပြီး သောအခါ ထိုလူငယ်လေးသည် အလွန့်အလွန်ကို စိတ်ဓါတ်ကျ နေသော အသွင်လက္ခဏာနှင့်
ကားကိုတဟုန်ထိုးမောင်းနှင်ကာ ထွက်ခွာသွား လေသည်။
ဧည့်ခန်းတွင် TV ထိုင်ကြည့်နေသော ဦးထူးမောင်တစ်ယောက်
TV ချာနယ်မှထွက်ပေါ်လာသော သတင်းကြောင့် အလွန့်အလွန်ကို တုန်လှုပ်သွား ခဲ့မိသည်။
ဆောက်တည်ရာမရ ဖြစ်ကာဧည့်ခန်းထဲတွင် ဟိုဖက်ဒီဖက်သို့ လမ်းလျောက်လျက် တခုခုကိုမျော်နေသည့်အလား
ခြံတကားဝသို့ လှမ်းလှမ်း ကြည့်နေမိသည်။ ခြံထဲသို့ကားလေးတစ်ဆီး တရကြမ်း မောင်းဝင်လာပြီး
အိမ်ရှေ့ကွပ်လပ်တွင် ကားကိုတရပ်ကြိမ်းထိုးရပ်ပြစ်လိုက်သည်။ ထို့နောက် ကားပေါ်မှ လူမှန်းသူမှန်း
မသိအောင် မူးယစ်နေသော လူငယ်တဦးဆင်းလာ သည်ကို ဦးထူးမော်သတိထားလိုက်မိသည်။ ဦးထူးမော်
ထိုလူငယ်လေး ကိုပြေးထူကာ
“သား ဘယ်လိုဖြစ်တာလည်း သားရယ် မင်းဒီအရက်တွေဘာ့ကြောင့်
အဲ့လောက်သောက်လာရတာလည်း မင်းကောင်မလေးကို သွားကြို တာဆို ပါမလာဘူးလား”
“ဘာပြောတာလည်း-ကျတော့်ကောင်မလေး
အီးဟီးဟီး ကျတော့် ကောင်မလေး အဖေကျတော့်ကို ရွဲ့နေတာလားဗျာ ဆူးမရှိ တော့ဘူး အဖေရဲ့
ဆူးလေယဉ်ပျက်ကျတဲ့ထဲမှာ ပါသွားပြီကျတော့် ကြောင့် ဆူးအဲ့လိုဖြစ်ရတာ
ကျတော့် ကြောင့်”
“သားငြိမ်းချမ်း အဖေ့ကိုနားလည်အောင်ပြောစမ်း”
“ဟုတ်တယ်အဖေ ဆူးမရှိတော့ဘူး ကျတ်ာဘယ်လိုနေရမှာလည်းဗျာ
ကျတော်သာ ဆူးကိုသွားကြိုခဲ့မယ်ဆိုရင် သူဒီလိုအဖြစ်ဆိုးမျိုးနဲ့ ဆုံရ မှာမဟုတ်ဘူး ကျတော်ဘာလုပ်ရမှာလည်းဗျာ
ကျတော်တော်တော့ကို အသုံးမကျ တဲ့သူပါ ဆူးရေ ကိုယ့်ကို ခွင့်မလွတ်ပါနဲ့ ”
သေချာသွားပါပြီ
ဆူးတစ်ယောက်လေယဉ်ပျက်ကျသည့်ထဲတွင် ပါသွားသောသတင်းကိုသိရ၍ ငြိမ်းချမ်း တစ်ယောက် ခုလိုစိတ်လိုက်မာန်ပါ
သောက်လာခဲ့ခြင်းပင်။ သူမအခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည်ကို မိမိ၏ ပယောက မကင်းသကဲ့သို့
ဦးထူးမော်ခံစားရသည်။
X
– X – X – X – X – X – X – X – X – X
“ငြိမ်းချမ်း မင်းသလောက်ထိ ကြေကွဲနေလိမ့်မယ်လို့
ငါတို့ထင် မထား မိဘူး”
“ဟုတ်တယ်ငြိမ်းချမ်း မင်းသူ့ကို အဲ့လောက်ချစ်မိသွားလိမ့်မယ်လို့
ငါတို့ တွေးမထားခဲ့မိဘူး”
“မင်းတို့မသိပါဘူးကွာ ဆူးခုလို အဖြစ်ဆိုးနဲ့ကြုံရတာ
ငါ့ကြောင့်၊ ငါသာ သူ့ကိုလှမ်းမခေါ်ခဲ့ဘူးဆိုရင် ဒါမှမဟုတ် ငါသာသူ့ကို သွားကြိုခဲ့ မယ်ဆိုရင်
သူဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရမှာမဟုတ်ဘူး”
“မင်းကိုမင်းအဲ့လို အပြစ်ပုံချလို့မရဘူးလေ ရှေးဘ၀ကသူပြုခဲ့တဲ့
အကုသိုလ်ကြောင့်လည်း ပါမှပေါ့ စိတ်ကို ဖြေစမ်းပါ ငြိမ်းချမ်းရာ”
“ဟုတ်တယ်ငြိမ်းချမ်း ငါတို့လည်း ဆူးဆိုတာကို မတွေ့ဘူးပေမဲ့
မင်းနဲ့ပါတ်သက်ပြီး မင်းဝမ်းနည်းကြွေကွဲသလို ငါတို့လည်း ၀မ်းနည်း ကြွေကွဲရတာပါဘဲ”
“တော်ပြီကွာ ငါစိတ်တွေအရမ်းညစ်နေတယ် ပြန်တာဘဲကောင်းတယ်”
ပြောပြောဆိုဆိုနှင့်
ငြိမ်းချမ်းတစ်ယောက် ကားသော့လေးကို ကောက်ကိုင်ကာ ကန်တင်းမှထွက်ခွာလာခဲ့သည်။ ငြိမ်းချမ်းဦးကားကလေး
တရွေ့ရွေ့နှင့်မောင်းနှင်ထွက်ခွာသွားပြီး မကြာမှီကားကလေးတစီး ဖြေးညင်းစွာ ထိုးဆိုဒ်လာ
ခဲ့သည်။ ထိုကားကလေးပေါ်မှ ခေတ္တမှီလှပပြီး အသက်၂၀ ကျော်ခန့်ရှိမည့် အမျိုးသမီးသဦး သေသပ်သောခြေလှမ်းများနှင့်
ငဦးတို့စီ ဦးတည်လျောက်လာခဲ့သည်။
“ဟေ့ရောင်တွေ
ဟိုမှာနေခြည်လာနေတယ်”
“ဟာ-နေခြည် လာထိုင်ခုလေးတင် ငြိမ်းချမ်းပြန်သွားတာ”
“သူပြန်သွားပြီဟုတ်လား”
“အေးလေ နင်ကလည်း သူပြန်သွားတာကို အလှန့်တကြီးနဲ့
ဘာဖြစ် နေတာလည်း”
“နင်တို့မသိပါဘူးဟာ သူ့အဖေကသူ့ကိုစောင့်ကြည့်ဖို့ငါ့ကို
ပြောထား တာ”
“သူကဘာဖြစ်နေလို့လည်း”
` “နင်တို့သိတဲ့အတိုင်းဘဲလေ သူ့ကောင်မလေးဆုံးပြီးတဲ့နောက်ပိုင်းမှာ သောက်လိုက်ရတဲ့အရက်
ဒါကိုသူ့အဖေ စိုးရိမ်လို့ ငါ့ကိုသူ့နောက် ကနေ ရှဲဒိုးလိုက်ပေးဖို့ပြောထားတာ”
“နေခြည်နေခြည် မင်းလည်းမင်းဒုက္ခနဲ့မင်းပါလား”
“ငါစိတ်ထင် သူဆိုင်ထိုင်မှာဘဲ သူအိမ်ပြန်မှာမဟုတ်ဘူးငဦး ငါလိုက်
သွားဦးမယ်”
“ဟေ့ဟေ့နေဦး ငါတို့လည်းလိုက်မယ်”
ငဦးတို့အုပ်စုလေးနေခြည့်နောက်သို့ အပြေးတပိုင်းနှင့် လျောက်လာ လေသည်။ နေခြည့်၏ကားလေး
အရက်ဆိုင် လေးတဆိုင်သို့ ဖြေးညင်းစွာ ထိုးဆိုဒ်လိုက်သည်။ နေခြည်နှင့်အတူ ငဦးနှင့်စိုးအောင်တို့သုံးဦးသား
ကားပေါ်မှ ဆင်းလာပြီး အရက်ဆိုင်လေးထဲသို့ ၀င်သွားလေသည်။ ငြိမ်းချမ်းဦးတစ်ယောက် အရက်ပုလင်းနှင့်အဖော်ပြုကာ
တဦးတည်းစိတ်ပျက် လက်ပျက်သောက် နေသည်ကို တွေ့လိုက်ရသောကြောင့် နေခြည်မှ ငါမပြောဘူးလား
ဆိုသည့် အထာလေးနှင့် ငဦးနှင့်စိုးအောင်ကို မျက်ရိပ်ပြလိုက်မိသည်။ ငြိမ်းချမ်းထိုင်သည့်
စာပွဲလေးသို့ နေခြည်တို့အုပ်စုလေး ဦးတည် လျောက်လာခဲ့သည်။
“ငြိမ်းချမ်း ငါတို့ပြန်ကြရအောင်ကွာ နင်သောက်နေတာ တော်တော် များနေပြီ”
“ဟငဦးချကွာ မင်းတို့ရောက်နေတာနဲ့အတော်ဘဲ”
“ငါတို့သောက်ဖို့လာတာမဟုတ်ဘူးငြိမ်းချမ်း
မင်းကိုပြန်ဖို့လာခေါ်တာ”
“အေ့-ဘာပြောလည်း ငါ့ကို ငါ့ကိုခေါ်ဖို့ဟုတ်လား ဒါဆိုမင်းတို့ပြန်ကြ
တော့ကွာ”
ကိုယ့်ကိုယ်ကိုယ်ပင် မနိုင်သည့်ငြိမ်းချမ်းတစ်ယောက်
ငဦးတို့ကို မောင်းထုတလိုက်မိသည်။
“ငြိမ်းချမ်း ဒီမှာကြည့်နေခြည်လည်းပါတယ်ကွာ မင်းငါတို့ခေါ်တာ
မလိုက်ရင်တောင် နေခြည့်ကိုတော့ အားနာသင့်တယ်”
“နေခြည်”
“ဟုတ်တယ် နေခြည်လည်းပါတယ် မင်းငါတို့နဲ့ပြန်လိုက်ခဲ့ပါကွာ မင်းသောက်ခြင်သေးတယ်ဆိုရင်
ငါတို့ဝယ်ပေးမယ် အိမ်ရောက်တော့ မှ အေးဆေးထပ်သောက်ပေါ့”
“သူတော်တော်စိတ်ညစ်နေတယ် လွတ်ပေးလိုက်ပါ နေခြည်သူ့ကို စောင့်ခေါ်ပါ့မယ်
ငဦး”
“မဟုတ်သေးဘူးနော်နေခြည် နင်သူ့ကိုအလိုလိုက်နေလို့မဖြစ်ဘူး တော်ကြာနေအလွန်အကျွံ့ဖြစ်ကုန်မယ်”
“ဟုတ်တယ်နေခြည်ပြီးတော့ နင်ကမိန်းကလေး ဟိုမှာကြည့်စမ်း နင့်ကိုကြည့်နေတဲ့မျက်လုံးတွေကို
နင်မရိပ်မိဘူး လား”
စိုးအောင်ညွန်ပြရာ အခြားစာပွဲဝိုင်းတွင် သောက်စားနေကြသည့် အမျိုးသားများကို
နေခြည့်သတိထား လိုက်မိသည်။ ထိုသူများမိမိကို ကြည့်နေ သည့် အကြည့်တွင် မရိုးသားမှုများပါဝင်နေသည်ကို
နေခြည်သတိထားမိသည်။
“ကိစ္စမရှိပါဘူး နေခြည်သီးခံနိုင်ပါတယ်”
“အေ့--နေခြည်မင်းကဘာကိုသီးခံနိုင်တာလည်း ပြောစမ်း ဘယ်သူ က နင့်ကိုစော်ကားလိုက်လို့လည်း”
“ဟေ့ကောင်ငြိမ်းချမ်း မင်းအသံကျယ်ကြီးလျှောက် မအော်နဲ့ ငါတို့နဲ့ပြန်လိုက်ခဲ့”
“မလိုက်ဘူးကွာ နေခြည်နင့်ကိုငါမေးနေတယ်လေ ပြောစမ်း ဘယ်ကောင်မင်းကိုဘာလုပ်လိုက်လည်း
ငါလိုက် ရှင်းမယ်”
“ငြိမ်းချမ်း နေခြည့်နဲ့ပြန်လိုက်ခဲ့ပါနော် နေခြည့်နင့်ကို ပြောစရာ
တွေရှိတယ်”
“ပြောစရာရှိလည်းဒီမှာပြော နင့်ကိုစော်ကားရဲတဲ့ကောင်လာခဲ့ ငါနဲ့တွေ့
သွားမယ်”
“နင်နဲ့တွေ့ဖို့မပြောနဲ့ငြိမ်းချမ်း အခုနင့်ကိုယ်နင်တောင် မနိုင်ဖြစ်နေတာ
လာပါကွာငါတို့ပြန်တာဘဲကောင်းတယ်”
“ဘာပြောလည်းဟဲ့ရောင်
မင်းကများငါ့ကို”
ငြိမ်းချမ်းတစ်ယောက်မနိုင်မနင်နှင့်ထကာ
ငဦးအကျီ င်္လည်ပင်းကို စုတ် ကိုင်လိုက်သည်။
“ငြိမ်းချမ်းနင်လူမှန်းသူမှန်းမသိအောင်မူးနေပြီ ငါတို့နဲ့ပြန်လိုက်ခဲ့
ဟိုမှာ မင်းအတွက် ငါတို့ဝိုင်းပြင်ထားတယ်”
စိုးအောင်သည်ငြိမ်းချမ်း၏ ပခုံးကိုနောက်မှလှမ်းဆွဲရြင်း မိမိဖက်သို့ လှည့်စေခဲ့ပြီး
ပြောလိုက်မိသည်။ ငြိမ်းချမ်းဦးတစ်ယောက် အလွန့်အလွန် မူးဝေနေ သည့်ပုံပေါက်သည်။ ခေါင်းကလေးကိုငိုက်ကျလိုက်
ရမ်းနေလိုက် ဖြစ်ပြီးပြုံးဖြဲဖြဲနှင့် စိုးအောင်မျက်နာကို သောခြာစိုက်ကြည့်နေမိသည်။
“မင်း-မင်း မင်း မင်းတို့တကယ်ပြောနေတာလား အဲ့ဒီဝိုင်းမှာ ဆူးကော
လာမှာလား”
ငြိမ်းချမ်းဦးတစ်ယောက် နေခြည်၊
ငဦးနှင့်စိုးအောင်တို့သုံးဦးသားကို လက်ညိုးတလှည့်စီထိုးပြီး မေးလိုက် လေသည်။
“လာမှာပေါ့ငြိမ်းချမ်းရာ
ဆူးကနင့်ကိုစောင့်နေတာလေ”
နေခြည့်အသံကြောင့် ငြခမိးချမ်းဦးနေချည့်ဖက်သို့လှည့်ကြည့် လိုက်မိ သည်။ ငြိမ်းချမ်းတစ်ယောက်
နေခြည့်မျက်နာကိုသေခြာစိုက်ကြည့်နေမိသည်။
“ဆူး-ဆူး-ဆူး ကိုယ်မင်းကိုစောင့်နေတာ မင်းကိုယ်အရမ်းချစ်တယ်ကွာ
ဆူး-ဆူး”
ငြိမ်းချမ်းဦး၏ အမြင်အာရုံလေးထဲတွင်
နေခြည့်ကိုဆူးအမှတ်ဖြစ် ဖက်လိုက်မိသည်။
“အို-ငြိမ်းချမ်း ”
နေခြည်သည်ငြိမ်းချမ်းလက်မှ ရုန်းထွက်ပြီးကားနားလေး
သို့ပြေး ထွက်သွားလေသည်။
“ဟားဟား ဆူးဆူး ဆူးရှက်သွားပြီ
လာဟေ့ရောင်တွေပြန်မယ်”
ငဦးနှင့်စိုးအောင် တစ်ယောက်မျက်နာတစ်ယောက်ကြည့်ကာ ငြိမ်းချမ်း နောက်သို့ လိုက်ပါလာခဲ့သည်။
ငြိမ်းချမ်းဦး တစ်ယောက် တုန်ရီနေသော ခြေလှမ်းများနှင့်အတူ ကားနားသို့ရောက်လာခဲ့သည်။
X
– X – X – X – X – X – X – X – X – X
“သားငြိမ်းချမ်း ဘယ်လည်း”
အိမ်ပေါ်ထပ်မှ
ဆင်းလာသော သားဖြစ်သူကို
ဧည့်ခန်းသွင်းတွင် သတင်းစာ
ထိုင်ဖတ်နေသော ဦးထူးမော် တစ်ယောက်
လှမ်းမေးလိုက်ခြင်
းဖြစ်သည်။
“အပြင်ကိုပါ အဖေ”
“အရေးမကြီးဘူးဆိုရင် အဖေတို့ခနလောက် စကားအေးဆေး ပြောကြ ရအောင်လား”
“ဟုတ်ကဲ့”
ငြိမ်းချမ်းဦး
ဖခင်ဖြစ်သူနှင့် မျက်နှာခြင်းဆိုင်
ခုံလေးတလုံးပေါ်တွင် စိတ်မပါ
တပါလိုက်ချလိုက်သည်။ ဦးထူးမော် တစ်ယောက်
ထက်ထဲမှ သတင်းစာလေးကို
အရှေ့စားပွဲခုံပေါ်တွင် တင်ထားလိုက်ပြီး
ငြိမ်းချမ်းဦးကို ခေတ္တခနမျှ
ကြည့်နေမိ
သည်။ ထို့နောက်
“သား
ခုတလောမင်းကိုကြည့်ရတာ
မရွှင်မလန်းနဲ့
မင်းဘာတွေဖြစ် နေတာလည်း”
“ကျတော် ဘာမှမဖြစ်ပါဘူးအဖေ”
“မင်းကိုငယ်ငယ်လေးကတည်းက စောင့်လျောက်လာတဲ့ အဖေပါ မင်းဘာဖြစ်နေလည်းဆိုတာ ငါသိတာပေါ့ မင်း, မင်းကောင်မလေးကို
ဆွေးနေတာမဟုတ်လား”
“အဖေက ချစ်သူနဲ့မှ မကွဲဘူးတာကိုးဗျ”
ငြိမ်းချမ်းဦးစကားများကြောင့် ဦးထူးမော်၏မျက်နှာလေး တချက်မသိမသာ လေးညိုးနွမ်းသွားပြီး သားရှေ့တွင်ချက်ချင်းပင် အိနြေ္ဒပြန်ဆည် လိုက် သည်။
“ကဲပါ
မင်း
မင်းကောင်မလေးကို
ဘယ်လောက်အထိချစ်တယ်ဆိုတာ
ငါသိပါတယ်။
အဲ့ဒီတော့
မင်းရင်ထဲက
ခံစားချက်တွေပေါ့သွားအောင်
မင်းနဲ့မင်းကောင်မလေးအကြောင်း
အဖေကိုပြောပြပါလား”
“အဖေက ဆူးအကြောင်းကို စိတ်ဝင်စားလို့လားဗျာ”
ဖခင်ဖြစ်သူ၏မျက်နှာကို တချက်ကြည့်ပြီး
ငြိမ်းချမ်းဦးတစ်ယောက် မယုံသင်ကာသောအကြည့်ဖြင့် မေးလိုက်လေ သည်။
“ဟေ- စိတ်ဝင်စားလို့မေးတာပေါ့”
“ဒီလိုပါအဖေ
ကျတော်နဲ့
ဆူးနဲ့ကကျတော်တည်းနေကျ
ထိုင်းကတည်း ခိုခန်းတခုမှာတွေ့ကြတာပါ။ ဆူးက သိမ့်ချစ်စရာကောင်းပြီး သိမ့်ကိုရိုး သားတဲ့မိန်းကလေးပါဗျာ တည်းခိုခန်းဆိုတော့လည်း လာတည်းတဲ့ လူတွေက စရိုတ်အစုံ ပေါ့ ဆူးကလှလည်းအရမ်းလှတယ်။ အဲ့တော့ ယောကျာင်္းတော်တော်များများက ဆူးကိုအချောင် ရလိုရငြား အမျိုးမျိုး စိတ်စမ်းကြတာပေါ့ ဒါပေမဲ့ဆူးရဲ့ရိုးသားဖြူစင်မှုကို သူနဲ့လုပ်ဖော် ကိုင်ဖက်တွေဖြစ်တဲ့ ကိုအောင်ကြီး ကိုဖြိုးနဲ့ ဒေါ်ကြီးတို့ ကသိ ကြ ပါတယ်။ သူ့မှာနာမကျန်းဖြစ်နေတဲ့ မိခင်ရယ် အရွယ်မရောက်သေးတဲ့ ညီမလေးနဲ့မောင်လေးတွေကို လုပ်ကိုင် ကျွေးမွေးနေတာပါ။”
“နေစမ်းပါဦး သူ့မှာအဖေမရှိတော့ဘူးလား”
“သူ့အဖေက
သူငယ်ငယ်လေးကတည်းက
သွေးကင်ဆာနဲ့
ဆုံးသွား တာတဲ့
အခုသူ့အမေကလည်း
နှလုံးရောကာ သည်လေးပါ
ပြီးတော့ သူ့မှာအကိုတစ်ယောက်ရှိသေးတယ်”
“သူ့အကိုက ဘယ်ရောက်သွားလည်း”
“လွန်ခဲ့တဲ့ ၆-၇နှစ်လောက်က
ဆုံးသွားပြီ”
“ကျွတ်ကျွတ် ဘယ်လိုဖြစ်တာလဲကွာ”
“အဖေသိမှာပါ
အထွန်းတဲ့
သူရန်ကုန်ကို
အသိမိတ်ဆွေ တစ်ယောက်မှ မရှိဘဲ
ရောက်လာတုန်းက
ကျတော်အဖေ ၀ယ်ပေးတဲ့
ခြံလေးထဲမှာ
ခနတည်းခိုခွင့်ပေးပြီး
ဦးဝင်းသိန်းတို့
ကားဝပ်ရော့မှာ
အလုပ်
အပ်ပေး ခဲ့တဲ့ သူလေ”
“ဟေ အဲ့သူငယ်လေးလား သူကဘယ်လိုဆုံးသွားတာတုန်း”
“ဟုတ်တယ်အဖေ
အစကတော့
ကျတော်လည်း
ကိုအထွန်းနဲ့
ဆူး မောင်နှမတွေမှန်းမသိပါဘူး
နောက်တော့မှ ဆူးကသူ့အကိုဓါတ်ပုံ ထုတ်ပြတော့မှဘဲ ကျတော်သိရတာ သူငှက်ဖျားနဲ့ဆုံးသွားတာပါ သူ့ အဖေ မရှိတော့တဲ့ နောက်ပိုင်းမှာ တချိန်တုန်းက သူတို့မောင်နှမနဲ့ နာမကျန်းဖြစ်နေတဲ့သူတို့အမေကို ကိုအထွန်းက အနှစ်နာခံပြီး မိသား စုတာဝန်ကို ယူခဲ့တာပါ။ နောက်တော့ ကိုအထွန်နယ်စပ်ဖက်ကို ကူး သွားပြီးတဲ့နောက်ပိုင်းမှာ ကျတော်နဲ့ လည်းမတွေ့ဖြစ်တော့ပါဘူး။ အဲ့လိုဘဲ သူ့မိသားစုနဲ့လည်း အဆက်သွယ် ပျက်သွားခဲ့တယ်။ အဲ့လိုနဲ့ဘဲ ထိုင်းနိုင်ငံ ထဲကို ရောက်သွားတယ်ဆိုတဲ့ သတင်းလည်း ကြားရော ဆူးရဲ့အမေက သူ့သားလေးကိုပြန်ခေါ်ခဲ့ဖို့ ဆူးကို ပွဲစားတစ်ယောက်နဲ့ ထိုင်းကိုလွတ်လိုက်တာ။ အလုပ်တဖက်လုပ်ရင်း သူ့အကိုအကြောင်းကိုစုံစမ်းရင်း တနှစ်ကျော်နှစ်နှစ်လောက်ကြာ သွားတော့မှ မမျော်လင့်ဘဲ ဈေးထဲတနေရာမှာ ကိုအထွန်းနဲ့ ပြန်ဆုံကြတာပါ။ သိမ့်မကြာလိုက်ပါဘူး နောက်တလလောက်နေတော့ ကိုအထွန်းတစ်ယောက် ငှက်ဖျားပိုးနဲ့ဆုံးသွားတာဘဲ အဲ့ဒီတော့ ဆူးလည်း သူ့အကိုမပါဘဲနဲ့ အိမ်မပြန်ခြင်ဘူးလေ။ အိမ်ပြန်ဖို့ကျတော် အကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး ဒါပေမဲ့ကျတော့်ကို ချစ်တဲ့စိတ်တခုတည်းနဲ့ မြန်မာပြည်ကို ပြန်လာတဲ့ကျတော့် ချစ်သူတစ်ယောက် နောက်ဆုံးတော့ ခုလိုအဖြစ်ဆိုးနဲ့ကြုံရတာ ကျတော်ဘယ်လို ဖြေမှာလည်း အဖေရာ အဆိုးဆုံးက သူ့အမေက ယောကျာင်္းကိုလည်း ဆုံးရှုံးလိုက်ရတဲ့အပြင် နောက်တော့သားနဲ့ သမီးကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတယ်ဆိုတာကို သူမသိရှာဘူး သူသိခဲ့ရင်ကော---”
“သား ငြိမ်းချမ်း”
နောက်ကျောဖက်မှနေ၍
သားဖြစ်သူ၏ ပုခုံးကိုလှမ်းဖက်လိုက်သည်။
“မင်းကောင်မလေး
ခုလိုဖြစ်ရတာ
အဖေ့ပရောကလည်း
မကင်းပါဘူး ကွာ
ဒါပေမဲ့ခုတော့
မင်းကောင်မလေးလည်း
မရှိတော့ဘူးဆိုတော့
မင်းကိုအဖေတခုတော့
တောင်းဆိုခြင်တယ်သား”
“ဘာကိုလည်းအဖေ”
“မင်း နေခြည်နဲ့ စေ့စပ်တာကိုလက်ခံပေးပါ”
“အဖေရယ်
ကျတော့်လို
ချစ်သူနဲ့ကွဲတဲ့
ယောကျာင်္းတစ်ယောက်ကို
နေခြည်က
လက်ခံမှာတဲ့လား
အဖေ”
ငြိမ်းချမ်းတစ်ယောက် ဖခင်ဖြစ်သူကိုကြည့်ပြီး မိမိကိုယ်ကိုယ် ယုံကြည် မှုကင်းမဲ့နေသူတစ်ယောက်ပမာ
ဖွင့်ဟမေး လိုက်မိသည်။
“သား နေခြည်ဟာ မင်းအတွက် အကောင်းဆုံးအားပေးဖော်
မိတ်ဆွေ အဖော်မွန်တစ်ယောက်ဖြစ်လာလိမ့်မယ် ဆိုတာကိုအဖေယုံတယ်သား ပြီးတော့မင်းကောင်မလေးရဲ့ကျန်ခဲ့တဲ့
အမေညီမလေးနဲ့ မောင်လေးကို လည်း အဖေတို့ တက်နိုင်လောက် စောင့်ရှောက်ကြတာပေါ့”
“အဖေတကယ်ပြောနေတာနော်”
“ဟုတ်တယ် ဒါအဖေ့ရင်ထဲက လာတဲ့စကားပါ မင်း မင်းကောင်မလေး
မိသားစုရှိတဲ့နေရာကို အဖေ့ကို ပြောပြပါ လားသား”
ဦးထူးမော်ပြောမှပင် ငြိမ်းချမ်းဦးထိုအချက်ကို သတိရမိသည်။ ဆူးမ၏မိခင်နှင့်
ညီ၊ညီမလေးဖြစ်သူကို စောင့်ရှောက်ဖို့ သူတာဝန်ပျက် ကွက်နေခဲ့သည်။
X
– X – X – X – X – X – X – X – X – X
သေးငယ်လှသော်လည်း
နေချင့်စဖွယ်လေးဖြစ်သော ကျေးရွာလေး တရွာ အုန်းငှက်ပျော်ပင်များ စီစီရီရီ စိုက်ပျိုးလျက်
စိမ်းလန်းဝေစာစွာ လှပနေလေသည်။ ထိုရွာကလေးတွင် အသက်၅၀ ကျော်ဝန်းကျင်ခန့်ရှိမည့် အမျိုးသားတဦး
တလမ်းဝင်တလမ်းထွက်ဖြင့် တခုခုကိုရှာဖွေနေသည့်အလား လမ်းတွင်တွေ့တွေ့သမျလူများကို မေးမြန်းစုံစမ်း
လျက်ရှိသည်။
“နောင်ကြီး နောင်ကြီး ခနလောက်ဗျာ ဒီရွာမှာ ဒေါ်မေသစ္စာဆိုတာ
ရှိလား”
“ဒေါ်မေသစ္စာ- ဟိုသူ့သမီးနိုင်ငံခြားမှာ
အလုပ်သွားလုပ်နေတဲ့ ဒေါ်မေသစ္စာကိုပြောတာလား”
“ဟုတ်တယ်ဗျာ အဲ့ဒါသူဘယ်မှာနေလည်း သိရင်တစိပ်လောက်
ကူညီပါဗျာ”
“ရှိတယ်ရှိတယ် ဒါပေမဲ့ သူတို့အခုဒီရွာမှာ မနေကြတော့ဘူး”
“ဗျာသူတို့မိသားစု ဘယ်ပြောင်းသွားကြတာလည်း”
“အဝေးကြီးတော့ မဟုတ်ပါဘူးဗျာ ရွာပြင်ဖက်က သူတို့လယ်တော
လေးထဲမှာ ပြောင်းနေကြတယ်”
“သူတို့မှာ
အိမ်မရှိဘူးလားဗျာ”
“အင်း-သူ့ယောကျာင်္းမဆုံးခင်ကတော့
အိုးပိုင်အိမ်ပိုင်ရှိကြတာဘဲဗျာ သူ့ယောကျာင်္းလည်းဆုံးရော ယောကျာင်္း ကိုဆေးကုတဲ့ အကြွေးတွေနဲ့
လူမမယ်သူ့ကလေးတွေရဲ့စားဝတ်နေရေးကလည်း ရှိသေးတယ်လေဗျာ သူတို့ မိသားစုကို ကြည့်ရတာ သနားပါတယ်ဗျာ
ကဲကဲနောင်ကြီး ကျတော်လည်း အဘခိုင်းတားတာလေးရှိလို့ ခွင့်ပြု ပါဦး”
“ဟုတ်
ဟုတ်ကဲ့ဗျာ ကျေးဇူးပါဘဲ”
အ၀တ်အထည်သန့်သန့်ပြန့်ပြန့်နှင့်
သပ်ရပ်စွာဝတ်ဆင်ထားသော အမျိုးသားတဦး ရွာကလေးကိုကျော်ဖြတ်ပြီး ရွာအပြင်ဖက်သို့ သွားရာ
လမ်းလေးတိုင်း ဦးတည်ပြီးလျောက်လာခဲ့သည်။ ၁၅ မိနစ်နှစ်လောက်ကြာသော် မိမိ၏အရှေ့
တူရုမှ တည့်တည့်ရှောက်လာကြသော ၇-၈နှစ်အရွယ် မိန်းကလေး ငယ်တဦးနှင့်
၅နှစ်သားအရွယ် ကလေးငယ်တဦး ၏လက်ကိုတွဲကာ လျောက်လာသည်ကို လှမ်းမြင်နေရသည်။
“သမီးလေး
ခန”
တစုံတယောက်၏ ခေါ်သံကြောင့်
ယင်းကောင်မလေးသည် သူမ၏ မောင်လက်ကိုဆွဲကာ ရပ်လိုက်ပြီး ခေါ်သံကြားရာသို့ မော့ကြည့်သည်။
“သမီး
ဒီရွာပြင်မှာနေတဲ့ ဒေါ်မေသစ္စာဆိုတာ သိလား”
“ဟုတ်ကဲ့”
“အဲ့ဒါဆိုရင်
ဦးကိုလိုကိပို့ပါလားကွယ်”
ကလေးမလေးသည် တခုခုကို ခနလောက်စဉ်းစားပြီး
သူ့မောင်လေးကို တချက်ကြည့်လိုက်သည်။
“ဦးဟိုးသစ်ပင်အောက်မှာ ခနလေးစောင့်ပါလား သမီးအမေ့အတွက်
ရွာထဲမှာ ဆေးသွားဝယ်လိုက်ဦးမယ် မောင်လေးဒီဦးဦးနဲ့ ခနနေခဲ့နော် မမအမြန်ပြန်လာမယ်”
ကလေးမလေးသည် သူမ၏မောင်လေးကို
ထားခဲ့ပြီး အပြေးတပိုင်းဖြင့် ရွာအ၀င်လမ်းတည့်တည့်သို့ ပြေးထွက်သွားလေသည်။ မိနစ်အနည်းငယ်
လောက်ကြာသော် အမောသကောဖြင့် ပြန်ပြေးလာသော ကလေးမလေးကို သူ အရမ်း သနားမိသွားသည်။
“လာမောင်လေး
ပြန်ကြရအောင်-ဦးလာသမီးလိုက်ပို့မယ်”
“သမီးမောနေရောပေါ့
ခနနားလိုက်ပါလား”
“ရပါတယ်ဦးရယ်
တော်ကြာ အမေစိတ်ပူနေဦးမယ်”
ကလေးမလေးသည် သူ့မ၏မောင်ငယ်လေးလက်ကိုဆွဲကာ
ရှေ့မှဦးဆောင် ထွက်ခွာသွားလေသည်။ သူတို့၏နောက်သို့ အိပ်လေးတစ်လုံးနှင့် အမျိုးသားတစ်ဦး
လိုက်ပါလာခဲ့သည်။ ၁၅မိနစ်လောက်လျောက်လေသော်
မကျယ်ဝန်းလှသည့် အိမ်ခြံဝိုင်းလေး အတွင်းသို့ရောက်လာခဲ့သည်။ ယင်းခြံလေးထဲတွင် နေလုံမိုးလုံယုံ
နေသင့်အောင်ဆောက်လုပ် ထားသော တဲအိမ်လေးတလုံး။ ထိုတဲအိမ်လေး၏ ကွက်ပျစ်လေးတခုပေါ်တွင်
စပါးလုံးထိုင် ကောက်နေသော အသက်၄၀ ကျော်ဝန်းကျင်ခန့်ရှိမည့် အမျိုးသမီးတဦး ကို တွေ့ရသည်။
“မေမေ
ဧည့်သည်ပါတယ်”
“သမီးတောင် ပြန်လာပြီ-ဧည့်သည်လည်းပါ---”
သူမ၏စကားမဆုံးသေးခင်
သူမ၏သမီးနှင့်ပါလာသော ဧည့်သည်၏ မျက်နှာကို ကြည့်မိပြီး တခုခုကို အံ့သြသည့် အလား စကားကိုပင်ဆက်
မပြောနိုင်ပေ။ သူမ၏သမီးလေးနှင့်ပါလာသော ဧည့်သည်ဆိုသူသည်လည်း သူမ၏မျက်နှာကို သေချာစွာမြင်မြင်လိုက်ခြင်း
အရမ်းပင်အံ့သြ သွားရပြန် လေသည်။ ထိုသူသည် လက်ညိုးကလေးကို ထောင်လျက်
“မေလေး မေလေးမဟုတ်လား ကိုယ်ထူးမော်လေ မမှတ်မိတော့
ဘူးလားမေလေး”
“ကိုထူးမော်၊ ဟုတ်ပါတယ် ကျမ မေသစ္စာပါ”
“ဖြစ်မှဖြစ်ရတယ် မေလေးရယ် ဒါနဲ့မေလေးအမျိုးသားရော”
“သူဆုံးသွားတာ ဒီကလေးတွေရဲ့ တသက်ပါဘဲ”
သမီးလေး၏ဦးခေါင်းလေးကို နွေးထွေးစွာပွတ်တိုက်ပြီး
ဒေါ်မေသစ္စာ ဆိုလေသည်။
“ဒါမေလေးရဲ့ သားနဲ့သမီးပေါ့”
“ဟုတ်ပါတယ်”
“သမီးလေး မောင်လေးကိုခေါ်ပြီး သွားဆော့ချည်း”
“မေလေးမှာ သမီးတယောက်ရှိသေးလား”
“သမီးတစ်ယောက် သမီးတစ်ယောက် ရှိတာပေါ့ရှိတယ် သမီးတင်
မကဘူး သားပါရှိတာ အခုသူတို့က ထိုင်းမှာ အလုပ်သွား လုပ်နေကြ တာ ဟုတ်ပါရဲ့ ငါ့သားနဲ့သမီးငါ့ဆီပြန်မလာတာ
အတော်ကြာပြီ အဆင်မှပြောကြရဲ့လား မသိဘူး ဒါနဲ့ ကျမရဲ့ကလေးတွေနဲ့ ဘယ်ကနေ ဘယ်လိုဆုံလာတာလည်း”
“အမှန်တိုင်းပြောရရင် ကိုယ်မေလေးတို့ မိသားစုကိုလိုက်ရှာရင်းနဲ့
ဒီဖက်ကိုရောက်လာတာပါ ကိုယ်ထိုင်းမှာ မေလေးရဲ့ သမီးဆူးမနဲ့ တွေ့ခဲ့တယ်”
“ဘယ်လို သမီးလေး သမီးလေးနဲ့တွေ့ခဲ့တယ်ဟုတ်လား
အခုသူဘယ် မှာလည်း ကျမသားလေးကော ပြန်မလာ သေးဘူးလား”
“စိတ်အေးအေးထားပါမေလေး သူတို့အားလုံး နေကောင်းကျန်းမာ
ကြပါတယ် ကိုယ်မြန်မာပြည်ပြန်ရင် ဆူးမက သူ့အမေဆီကို ငွေလွဲခြင်လို့ လူကြုံပါးပါရစေဆိုပြီး
ကိုယ်ဒီကိုရောက်လာရတာပါ ဒီရောက်တော့မှ ဆူးမဟာ မေလေးရဲ့ သမီးမှန်းသိရတော့တယ်”
“သားနဲ့သမီးက ဘာလို့ပြန်မလာကြသေးတာလည်း သူတို့အလုပ်
အဆင်မပြေလို့လား ငွေမပါရင်နေပါ့စေတော် ကျမသားလေးနဲ့ သမီး လေး ပြန်လာရင်
ကျမရင်အေးရပါပြီ ကိုထူးမော်ရယ်”
“ကိုယ်ဒီတခေါက်သွားရင် မေလေးရဲ့သားနဲ့သမီးကို
ရအောင်ပြန်ခေါ် လာပေးပါမယ် ခုလောလောဆယ်တော့ ဒါဆူးမပို့လိုက်တဲ့ ငွေတွေပါ လက်ခံပေးပါ”
ဦးထူးမော်တစ်ယောက်
ဒေါ်မေသစ္စာရှေ့တွင် ငွေ ၅သိန်း ချပေး လိုက်လေသည်။ အခြေအနေအကြောင်း အမျိုးမျိုး ကြောင့်
ဖြစ်ရပ်မှန်များ အားလုံးကို ဖုန်းကွယ်ထားခဲ့ရပါသော်လည်း ဦးထူးမော်၏စိတ်ထဲတွင် ဒေါ်မေသစ္စာကို
တောင်းပန် စကားဆိုနေမိသည်။
“ဟင် ငွေတွေက များလှချည်လား ကျမသမီးလေး ကျမဆီကို
ဒီလောက်ငွေတွေအများကြီး တခါမှမပို့ဖူးဘူး ငါ့သမီးလေး ပင်ပန်းနေရှာရော့မယ် ငါ့သားနဲ့သမီး
ကျန်းမာပါစေ ချမ်းသာကြပါစေ အမေ့ဆီကို အမြန်ဆုံးပြန်လာ နိုင်ပါစေတော့်”
တကယ်ပါ ဦးထူးမော်တစ်ယောက်
အတော်ပင်စိတ်ထိခိုက် ရပါသည်။ အဖြစ်မှန်ကိုသာ ဒေါ်မေသစ္စာသိခဲ့ မည်ဆိုရင် အဘယ်သို့ဖြေနိုင်ပါ့အံ့နည်း။
ဒေါ်မေသစ္စာကိုကြည့်ပြီး ဦးထူးမော်တစ်ယောက် မျက်နာမကောင်း။ ဒေါ်မေသစ္စာ မသိအောင်
ခေါင်ကလေးကိုဖြေညင်းစွာခါပြီး သက်ပြင်း ညင်းညင်း လေးချလိုက်မိသည်။
“မေလေးက မေလေးရဲ့သားနဲ့သမီးတွေကိုသိမ့်ချစ်တာဘဲနော်”
“ဘယ်နယ့်ပြောလိုက်ပါ့လိမ့်ရှင် ကျမအသက်ထက်တောင်
သူတို့လေး တွေကို ပိုချစ်တာ ရှင်ကော ရှင့်သား သမီးတွေကိုမချစ်ဘူးလား မေရက်လိုက်တာ ကိုထူးမော်ရယ်”
“ချစ်တာပေါ့ဗျာ ချစ်တာပေါ့ ကိုယ့်မှာက သားတစ်ယောက်ဘဲရှိတာ”
“ဘယ်လို”
“ဟုတ်တယ် ကိုယ်လည်းမေလေးတို့လိုဘဲ သားတွေသမီးတွေ
အများကြီးလိုခြင်တာပေါ့ ဒါပေမဲ့ သားရဲ့အမေက သူ့ကိုမွေးပြီးပြီးခြင်း မီးတွင်းမှာဘဲ
ဆုံးသွားတာလေ”
“အော် စိတ်မကောင်းလိုက်တာရှင်”
“မေလေးမှာ သားတွေသမီးတွေ အများကြီးရှိတော့ ပျော်စရာကြီးပေါ့”
“ဟုတ်တာပေါ့ သူ့အဖေမဆုံးခင်တုန်းကတော့ ပျော်စရာကြီးပေါ့
မိသားစုစုံစုံလင်လင်နဲ့ သူ့အဖေလဲ ဆုံးပြီးရော မိသားစုတွေ ကယောက်ကယက် တကွဲတပြား အခုလိုသားတွေသမီးတွေနဲ့
တနယ် မြေခြားရှိနေလေတော့ သွားလေသူ သူ့အဖေသာသိရင် သူ့သား အတွက် ယူကြုံးမရဖြစ်နေမှာ”
“မေလေးရဲ့ စကားကဘယ်လိုကြီးလည်းဗျာ သူ့သားအတွက်ဆိုတာက”
“ကိုထူးမော်ကိုအမှန်တိုင်းပြောရရင် အထွန်းသူ့အဖေရဲ့
ပထမ အိမ်ထောင်နဲ့ ရတဲ့သားပါ ဒါကြောင့်လည်း ကျမကအထွန်းကို ဂရုစိုက်နေရတာပေါ့ သားလေးအမြန်ပြန်လာပါစေလို့
ကျမဘုရားမှာ ဆုတောင်းနေရတာ လည်း အမောပါဘဲ”
“တကယ်တန်းကျတော့လောကရဲ့ အရွေ့အပြောင်းတွေက
တယ်လည်း ဆန်းကြယ်လှတကိုး ကဲ့ပါ မေလေးရယ် စကားကောင်းနေတာနဲ့ ကိုယ်ပြန်လိုက်ပါဦးမယ်
နောက်မှလာဦးမယ်မေလေး”
“ကျေးဇူးတင်ပါတယ် ကိုထူးမော်ရယ်
စကားကောင်းနေတာနဲ့ ရေနွေး လေးတောင်မတိုက်လိုက်ရဘူး”
“ကိစ္စမရှိပါဘူး ကိုယ်သွားပြီ”
“သြော်ဟုတ်-ဟုတ်ကဲ့”
လက်ဆွဲအိပ်လေးကို
မယူကာ ဦးထူးမော်တစ်ယောက် မေလေးတို့ အိမ်မှ တရွေ့ရွေ့ထွက်ခွာလာခဲ့သည်။ မေလေး ကံမကုန်လို့
ငါတို့တွေ ပြန်ဆုံတဲ့ အချိန်မှာ မင်းဟာကလေးလေးယောက်မိခင်ဖြစ်နေပြီဘဲ။ ဒါပေမဲ့ငါမင်း
အပေါ် မှာ ကနေ့ချိန်ထိ မေတ္တာမပျက်ခဲ့ပါဘူး။ အထူးသဖြင့် ငြိမ်းချမ်းနဲ့ ဆူးမကိစ္စမှာ ငါဘယ်လိုဖြေရှင်းရမှာလည်း။
ငါမင်းကို အမှန်တိုင်ဖွင့်ပြောလိုက်ရင်၊ အိုးဒါလည်း မဖြစ်သေးပါဘူး အထွန်းကိစ္စလည်းရှိနေသေးတယ်။
မေလေးရယ် ဘ၀ပေးကံက ဆိုးလှချည်လားကွယ်။ ငယ်ချစ်ဦးနှစ်တရာ မမေ့နိုင်ဆိုသည့် ဆိုရိုးအတိုင်း
အိပ်ရာထက်ဝယ် ဦးထူးမော် တစ်ယောက် မေလေးနှင့်ပြန်လည်ဆုံဆည်းရပုံနှင့် မေလေးအပေါ်ကိုချစ်မြတ်နိုးမှု
ငယ်ချစ်ဦးသံယောစဉ် မကုန်ခန်းမှု သနားခြင်း တို့နှင့် အတူရောပြွန်းနေသော နှလုံးသားကို
ဖြေဆည်းရန်ကြိုးစားနေမိသည်။
X
– X – X – X – X – X – X – X – X – X
“မေမေရေ-မေမေ ဧည့်သည်”
“ဦးဦး ဒီမှာထိုင်ဦးနော် အမေကခြံထဲမှာ”
ပျိုးပင်များကို ပေါင်းသင်နေခိုက် အိမ်ရှေ့မှသမီး၏ ခေါ်သံကြောင့် လုံခြည်ကိုပြင်ဝတ်ကာ
ခေါင်းပေါင်းကို ချွတ်လျက်စနှင့် ဒေါ်မေသစ္စာ တစ်ယောက် တဲအိမ်လေးရှေ့သို့ ရောက်လာလေသည်။
အမှတ်မထင်ဘဲ တွေ့လိုက်ရသည့် ဦးထူးမော်ကြောင့် တချက်ပြုံးလိုက်မိပါသော်လည်း ချက်ခြင်း
ပင် ပြန်တည်သွားသော မေသစ္စာ၏မျက်နှာလေးကို ဦးထူးမော် တစေ့စေ့ ကြည့် နေမိသည်။
“ဧည့်သည်ဆိုလို့
ဘယ်သူများလည်းလို့ ကိုထူးမော်ကိုး”
“ဟုတ်တယ်မေလေး မရောက်တာကြာတော့ မေလေးတို့ နေမှကောင်းကြရဲ့လားလို့
ဝင်ကြည့်တာပါ”
“ဒါနဲ့ သမီးလေးတို့သတင်း ဘာများကြားသေးလည်း ကိုထူးမော်”
“အော် မေလေးပြောမှဘဲသတိရတယ် ဆူးကမေလေးတို့ဖို့
ကိုယ့် လိပ်စာနဲ့ ငွေလွဲလိုက်တယ် ရော့ဒီမှာ”
ဦးထူးမော်တစ်ယောက်
လက်ဆွဲအိပ်လေးထည်းမှ အသင့်ထည့် လာသော ငွေစက္ကူထုပ်လေးကို မေသစ္စာ၏ရှေ့ သို့ဖြေးညင်းစွာ
ချပေးလိုက် သည်။ ဦးထူးမော်ချပေးသော ငွေများကိုကြည့်ရင်း ဒေါ်မေသစ္စာ၏ မျက်နာလေး
ငြိုးငယ်သွား ရလေသည်။
“ကျမဒီငွေတွေကို မလိုခြင်တော့ပါဘူး သားနဲ့သမီးလေးသာ ပြန်လာရင်ကျမကျေနပ်ပါပြီ
ကိုထူးမော်ရယ်”
“အော်မေလေးရယ် သူတို့လေးတွေ မကြာခင်ပြန်လာကြတော့မှာပါ
အခုဆိုရင် သူတို့မောင်နှမနှစ်ယောက်ပြန်ဆုံ နေကြပြီဘဲ ဘာများ စိတ်ပူနေစရာလိုသေးလို့လည်း
မေလေးရယ် ကိုယ့်ကျန်းမာရေးသာ ဂရုစိုက်ပါ ကိုယ်ကိုယ် တိုင်ကိုက ကျန်းမာရေးကောင်းသာလည်း
မဟုတ်ဘဲနဲ့”
“ကျမသားနဲ့ သမီးလေး ပြန်လာရင်ကျမဒီ့ထက်ပိုပြီး ကျန်းမာလာမှာပါ”
“ကဲပါမေလေးရယ် ကိုယ်လည်းအတတ်နိုင်ဆုံး သူတို့လေးတွေ
အမြန်ပြန်လာအောင် စည်းရုံးပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ်ကိုထူးမော် ကျမအားကိုးပါရစေရှင်”
မေသစ္စာ၏နှုတ်ခမ်းမှ
ကျမအားကိုးပါရစေ ဆိုသည့်စကားလုံးကြောင့် ဦးထူးမော်တစ်ယောက် ဘ၀င်ခိုက် သွားရပါသည်။
လောကကြီး၏ ကြမ်းတမ်းလှသော ကံကြမ္မာရိုက်ခက်မှုကြောင့် အမြဲတမ်းလိုလိုပင် ညိုးငယ်နေသော
မေသစ္စာ၏မျက်ဝန်းများကို ဦးထူးမော် မလိုလားတော့ပေ။ လွန်ခဲ့သော ကာလများစွာက လ၀င်းကြီးပမာ
ဝင်းပနေသော မေသစ္စာ၏ မျက်နှာလေးကို ပြန်တမ်းတနေမိသည်။
“မေလေးကို ကြည့်ရတာ ပင်ပန်းလိုက်တာဗျာ ကိုယ်မေလေး
အခုလိုပင်ပန်းဆင်းရဲနေတာကို မကြည့်ရက်ဘူး
မေလေးရယ်”
“ဘ၀ပေးကုသိုလ်လို့ဘဲဆိုရမှာပေါ့ ကိုထူးမော်ရယ်”
“မေလေး စိတ်မဆိုးဘူးဆိုရင် ကိုယ်မေလေးကို တခုပြောပါရစေ”
“ဘာများလည်း ကိုထူးမော်”
“ကိုယ်ရှေ့မျက်နှာနောက်ထားပြီး ပြောရတော့မှာပေါ့-
ကိုယ်မေလေးကို လက်ထပ်ပါရစေ”
“ဘာပြောလည်း ကိုထူးမော်”
“ဟုတ်တယ်မေလေး ကိုယ်မေလေးအပေါ်ကို ကနေ့ချိန်ထိ
မေတ္တာ မပျက်ခဲ့ပါဘူး အခြေအနေအကြောင်းအမျိုး မျိုးကြောင်း ထားကိုကိုယ် လက်ထပ်လိုက်ရပေမဲ့
မေလေးအပေါ် ချစ်မြတ်နိုးတဲ့စိတ် တန်ဖိုးထား တဲ့စိတ်တွေက ကနေ့ချိန်ထိ ပြောက်ကွယ်မသွား
ပါဘူး မေလေး”
“ဘာတွေပြောနေတာလည်း ကိုထူးမော် ကျမတို့က ဆယ်ကျော်သက်
၂၀ကျော် ရင်ခုန်ရမဲ့အရွယ်တွေ မဟုတ် တော့ပါဘူး ကျမရဲ့စိတ်ထဲမှာ ကျမရဲ့သားတွေသမီးတွေနဲ့
ပျော်ပျော်ရွင်ရွင်နေရမဲ့ အချိန်ကိုဘဲ ကျမတောင့်တ နေမိတာပါ”
“ဒီကိစ္စက ကိုယ်တို့လက်ထပ်ပြီးရင် လုပ်ယူလို့ရတဲ့ကိစ္စဘဲမေလေးရယ်
ပြီးတော့ကိုယ့်မှကလည်း သားလေးတစ် ယောက်ထည်းရှိတာဆိုတော့ သူလည်းမောင်နှမတွေ တိုးလာတာပေါ့”
“ကျမဒီကိစ္စတွေ မစဉ်းစားချင်တေ့ပါဘူး ကိုထူးမော်”
“သေချာစဉ်းစားပါဦးမေလေးရယ် ကိုယ်အနူးညွန့်တောင်းပန်ပါတယ်”
ဦးထူးမော်တစ်ယောက် မေသစ္စာ၏ လက်ကိုရုတ်တရက်
ဆုတ်ကိုင် ကာဆိုလိုက်လေသည်။
“အို ဒါဘာလုပ်တာလည်း ကျမလက်ကိုလွတ်ပါ ကလေးတွေ
တွေ့သွားပါဦးမယ်”
ဦးထူးမော်တစ်ယောက် တခုခုကိုစဉ်းစားပြီး
မေသစ္စာ၏ လက်ကို လွတ်လိုက်လေသည်။
“မေလေး”
“ကိုထူးမော် ကျမနောက်ထပ်အိမ်ထောင်ပြုဖို့ ဆန္ဒမရှိတော့လို့ပါ”
“ကောင်းပြီလေ မေလေးသဘောပါ တကယ်လို့များ မေလေးတခုခုကို
အလိုရှိခဲ့ရင် ကိုယ့်ကိုပြောပါ ပြီးတော့ မေလေး ကလေးတွေရဲ့ ရှေ့ရေးကိုတွေးပြီး နောက်အိမ်ထောင်ပြုဖို့
စဉ်းစားမယ်ဆိုရင် ကိုယ့်ကို အရင်ဦးဆုံး သတိရ ပေးပါ”
“ဟုတ်ကဲ့ ကျမအိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုရင်
ကိုထူးမော်ကို အရင် ဦးဆုံးစဉ်းစားပါ့မယ်”
“အဲ့ဆိုရင် ကိုယ်ပြန်တော့မယ်မေလေး”
ဦးထူးမော်ထွက်ခွာသွားပြီမကြာမီ မေသစ္စာအနားသို့
သမီးလေး ရောက်လာလေသည်။
“ဟောသမီးလေး- မောင်လေးကော”
“သမီးချော့သိမ့်လိုက်လို့ မောင်လေးအိပ်သွားပြီမေမေ”
“လိမ်မာလိုက်တာသမီးလေးရယ်”
ဒေါ်မေသစ္စာတစ်ယောက် သမီးငယ်၏ဦးခေါင်းလေးကို ယုယစွာ ပွတ်လိုက်ပြီးဆိုလေသည်။
ထို့နောက် ဦးထူးမော်ချထားပေးခဲ့သော ငွေ ကိုယူကာ
“သမီး
ဒီငွေတွေကို အမေ့သေတ္တာလေးထဲမှာ သွားထည့်ထားခြည့်”
“ဟုတ်ကဲ့မေမေ- မေမေဒါနဲ့ကိုကိုနဲ့မမတို့က
ဘယ်တော့ပြန်လာ မှာ လည်းဟင်”
“လာမှာပေါ့သမီးလေးရယ် မေမေတို့ချမ်းချမ်းသာသာနေနိုင်ဖို့
ငွေတွေ အများကြီးစုပြီးတော့ ပြန်လာမှာပေါ့”
“ကိုကိုနဲ့မမသာရှိရင်ပျော်ဖို့အရမ်းကောင်းမှာဘဲနော်မေမေ”
“သမီးလေးရယ်”
သမီးငယ်လေး၏မျက်နှာကိုနွေးထွေးစွာကြည့်ပြီး
ဒေါ်မေသစ္စာ၏ မျက်ဝန်းအိမ်တွင် လွမ်းစွပ်မှုဝေဒနာ ပေါင်းများ စွာတို့ ညှိသွယ်လာလေသည်။
“ကဲပါသမီးရယ် သွားသွား ပိုက်ဆံတွေ သွားသိမ်းထားလိုက်ဦး”
ဒေါ်မေသစ္စာ၏သမီးလေး ပိုက်ဆံထုတ်လေးကိုကိုင်ကာ
တဲအိမ်လေး ထဲသို့လှမ်းဝင်သွားလေသည်။
X
– X – X – X – X – X – X – X – X – X
“သား-ငြိမ်းချမ်း မင်းကိုအဖေပြောမယ်ပြောမယ်နဲ့ မပြောဖြစ်ခဲ့ဘူး”
` “အဖေက ကျတော့်ကိုဘာများပြောချင်လို့လည်းအဖေ”
“ဒီလိုပါ မင်းနဲ့နေခြည့်ကိစ္စကို အဖေဆွေးနွေးခြင်တာပါ”
မနက်စာစားသောက်နေခိုက်တိတ်ဆိတ်နေသော ထမင်းဝိုင်းလေးကို စတင်ဖြိုခွဲခဲ့သူသည်
ဦးထူးမော်ပင်။ သား၏ ချစ်သူကောင်မလေး ဆူးမရှိတော့ သည့်နောက် အမြဲတွေဝေနေတတ်သော သားကိုကြည့်ကာ
တနေ့မှစိတ် မချမ်းမြေ့ နိုင်ပေ။ သို့အတွက်ကြောင့် နေခြည်နှင့် ငြိမ်းချမ်းကို နေရာချပေး
လိုက်မည်ဆိုလျင် အခြေအနေ တမျိုးပြောင်းလဲလာ နိုင်သည် ဆိုသည့်အတွေး တို့ဖြင့် သားဖြစ်သူအားနေခြည်နှင့်
လက်ထပ်ရန်တိုက်တွန်း နေမိသည်။
“အဖေကဘယ်လိုဖြစ်စေချင်တာလဲ”
“အော် မင်းကောင်မလေးလည်း မရှိတော့ဘူးဆိုတော့ မင်းကိုနေခြည်နဲ့
နေရာချထားပေးချင်လို့ဘဲသား”
“အဖေရယ် တရက်လာလည်းဒီစကား ကျတော့်စိတ်ထဲမှာ ဆူးဆုံး သွားတာ မနေ့တနေ့ကလို ပူပူနွေးနွေး ဘဲ ရှိနေတုန်းဘဲအဖေ
ပြီးတော့ ချစ်သူတစ်ယောက် ဆုံးသွားလို့ သောကရောက်နေတဲ့ ကျတော့်ကို နေခြည်က အရင်တုန်းကလို
နားလည်မှုရှိစွာနဲ့ လက်ခံနိုင်ပါဦးမလား”
“နေခြည်မင်းအပေါ်မှာ ဘယ်လောက်ထိ သံယောစဉ်ရှိခဲ့လည်းဆိုတာ
မင်းသိပါတယ် ဒီကိစ္စကိုတော့ သူနားလည် နိုင်လိမ့်မယ်လို့ အဖေ ယုံကြည်တယ်သား”
“ကျတော်တော့မထင်ဘူးအဖေ သူ့အပေါ်မှာ ကျတော်စိမ်းကားခဲ့သမျှ
တချိန်မှာကျတော့်ကို ပြန်ပြီးကလဲ့စားခြေ လိမ့်မယ်လို့ ကျတော်ထင် တယ်”
“မဖြစ်နိုင်တာသားရယ် နေခြည်နဲ့မင်းပေါင်းနေတာလည်း
ငယ့်ငယ်လေးထည်းက နေခြည့်စိတ်ဓါတ်ကို မင်းနားလည် လောက်ရောပေါ့”
“ကျတော်ဘာမှမပြောလိုတော့ပါဘူး အဖေရယ် နေခြည်သာလက်ခံ
တယ်ဆိုရင် အဖေတို့သဘောရှိတိုင်းသာ စီစဉ်ကြပါတော့ဗျာ”
စိတ်မပါ့တပါပြောဆိုပြီး
ငြိမ်းချမ်းထမင်းဝိုင်းမှထပြီး ထွက်ခွာသွား လေသည်။
X
– X – X – X – X – X – X – X – X – X
“ဟောသမီး ရောက်လာတာနဲ့အတော်ဘဲ အန်ကယ်သမီးကို ပြောစရာရှိတယ်
လာထိုင်ဦး”
ဧည့်ခန်းလေးထဲတွင် သတင်းစာစောင်ကို ဟိုလှန်ဒီလှန်ထိုင် ဖတ်နေ
သော ဦးထူးမော်တစ်ယောက် အိမ်ရှေ့မှ တလှမ်းခြင်းလှမ်းဝင်လာသော နေခြည့်ကိုမြင်လိုက်ရသောကြောင်
ဖိတ်မန္တကပြုလိုက်လေသည်။
“အန်ကယ်သမီးကိုဘာပြောစရာရှိလို့လည်းအန်ကယ် ဒါနဲ့
ငြိမ်းချမ်း ကော”
“သားက အပေါ်ထပ်မှာ အခုသမီးကိုပြောစရာရှိတယ်ဆိုတာလည်း
သားကိစ္စပါဘဲ”
“ငြိမ်းချမ်းဘာဖြစ်လို့လည်း အန်ကယ်”
“ငြိမ်းချမ်းမှာ အရင်တုန်းကဆူးဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိ
ခဲ့ဘူးတယ် ဆိုတာ သမီးသိပါတယ်နော်”
“ဟုတ်ကဲ့ သိပါတယ်”
“ပြီးတော့ ဆူးကအတိတ်ဘ၀က အကုသိုလ်ကံကြောင့် ဒီကိုအလာ
မှာဘဲ မမျော်လင့်ဘဲနဲ့ လေယဉ်ပျက်ကျ သွားတဲ့ထည်းမှာ ပါသွားရ တယ်ဆိုတာလည်း သမီးသိပါတယ်”
“ဟုတ်ကဲ့”
“ဆူးမရှိတော့တဲ့နောက်ပိုင်း ငြိမ်းချမ်းတစ်ယောက်
အလုပ်ထဲမှာလည်း စိတ်မရှိတော့ဘူး၊ ပြီးတော့ အရက်တွေဘဲ တချိန်လုံး လိပ်ပိတ်ပြီး သောက်နေတော့
အချိန်ကြာလာရင် သူ့အတွက်စိုးရိမ်ရတယ်သမီး”
“သမီးသိပါတယ်အန်ကယ် သမီးလည်းသူ့ကိုပြောကြည့်ပါဦးမယ်”
“အန်ကယ်ဖြစ်စေချင်တာက”
“အန်ကယ်ကဘယ်လိုဖြစ်စေချင်တာလည်း”
“ငြိမ်းချမ်းအတွက် အချိန်မနှောင်းသေးခင်မှာ သမီးနဲ့ငြိမ်းချမ်းကို
အန်ကယ်နေရာချထားပေးချင်လို့ပါဘဲ”
“ရှင်ဘယ်လို”
ခေါင်းလေးကိုငုံပြီး
ရှက်သွေးဖြာပြီး နီမြန်းသွားသော နေခြည့်မျက်နှာ လေးသည် ဖူးသစ်စပန်းဖူးလေးပမာ ကျစ်လစ် သိမ့်မွေ့လျက်။
“သမီးက
ငြိမ်းချမ်းကို လက်မခံနိုင်တော့လို့လား”
“အဲ့လိုလည်းမဟုတ်ပါဘူးအန်ကယ် ငြိမ်းချမ်းကသမီးကို
ငယ် သူငယ်ချင်းသံယောစဉ်ထက် မပိုခဲ့ပါဘူး”
“အဲ့တာက ဆူးရှိနေတဲ့ အချိန်အတိုင်းအတာတခုအထိပါဘဲ
သမီးသာ လက်ခံမယ်ဆိုရင် သမီးရဲ့အဖေကို အန်ကယ်ကိုယ်တိုင်ဖွင့်ပြောပြီး
သမီးတို့ မင်္ဂလာကိစ္စ့ကို စီစဉ်လိုက်ချင်တယ်”
“အဲ့လောက်လည်း အလောသုံးဆယ်မလုပ်လိုက်ပါနဲ့အန်ကယ်
ငြိမ်းချမ်းရဲ့သဘောထားလည်း ရှိသေးတယ်လေ”
“အဲ့အတွက်တော့ဘာမှမပူနဲ့သမီး သားကိုတိုင်က ဒီကိစ္စကိုလက်ခံလို့
အန်ကယ်ခုလိုပြောရတာပါ”
“ဘယ်လိုငြိမ်းချမ်းက လက်ခံတယ်ဟုတ်လား အန်ကယ်”
“ဟုတ်တယ် သူကိုယ်တိုင်ခေါင်းငြိမ့်ခဲ့လို့ အန်ကယ်သမီးကို
ဖွင့်ပြောရတာပါ သမီးရဲ့သဘောထားက”
“သမီး-သမီးရဲ့သဘောထားက ဒယ်ဒီ့နဲ့မာမီတို့ရဲ့
သဘောထား တိုင်း ပါပဲအန်ကယ်”
နေခြည်ရှက်ရှက်နှင့်ထိုသို့ပြောဆိုပြီး
ဦးထူးမော်ကိုပင် နှုတ်မဆက်ဘဲ ထိုင်ရာမှထကာ ထွက်ခွာသွားလေသည်။ ဦးထူးမော်တစ်ယောက် အခြေအနေ
အကြောင်းကြောင်းကို နားလည်သည့်အလား တပြုံးပြုံးနှင့် ခေါင်းညိမ့် နေမိသည်။
X
– X – X – X – X – X – X – X – X – X
“လာဗျာ ကိုထူးမော် ကျတော်တို့ကစောင့်နေတာ လာမှလာ ပါ့မလား လို့”
“သားရေးသမီးရေးကိစ္စဘဲဗျာ ကိုနေထွန်းရာ လာရမှာပေါ့
ဒါနဲ့နေကော ကောင်းကြတယ်မဟုတ်လား မစံပါယ်”
ဝတ်ကောင်းစားလှများဝတ်ဆင်ကာ အိမ်ထဲသို့တလှမ်းချင်း လှမ်းဝင် လာကြသော ဦးထူးမော်၊
ငြိမ်းချမ်းဦးနှင့် နှင့် ရပ်ကွက်လူကြီးသုံးဦးတို့ကို ဦးနေထွန်းတို့ဇနီးမောင်နံတို့မှ ဖိတ်မန္တကပြုလိုက်ကြလေသည်။
“ကောင်းပါ့ရှင့်ကောင်းပါ့”
“ဟဲ့မီးမီး ဧည့်သည်တွေရောက်နေပြီလေ”
“ဟုတ်ကဲ့လာပါပြီ”
အိမ်ဖော်မလေးဖြစ်သူ မီးမီးသည် ဒေါ်စံပါယ်၏ အသံကြောင့် စားစာရာအချိုပွဲများကို
ပြင်ဆင်ပြီး ဧည့်သည်များ ရှေ့တွင် တရိုတသေ လာ ရောက် ချပေးလေသည်။
“မီးမီး မင်းမမလေးကိုသွားခေါ်ချည်း ဧည့်သည်တွေစုံနေပြီလို့”
“ဟုတ်ကဲ့”
ဒေါ်စံပါယ်၏ စေခိုင်းချက်ကြောင့် မီးမီးအိမ်အပေါ်ထပ်သို့
တလှမ်း ချင်းတက်သွားလေသည်။
“ဒေါက်ဒေါက်”
“ဘယ်သူလည်း”
“မမလေး မေမေကြီးကခေါ်ခိုင်းလိုက်တယ် ဧည့်သည်တွေစုံပြီတဲ့”
“အေးအေး လာပြီ”
မီးမီးတစ်ယောက် အပေါ်ထပ်မှပြန်ဆင်းလာပြီး မိနစ်အနည်း ငယ်ကြာ သော်
ခရမ်းရောင်ဂါဝင်လေးနှင့် လှပ ကျော့ရှင်းစွာ ၀တ်ဆင်ထားသော နေခြည် တစ်ယောက် အပေါ်ထပ်မှ
တရွေ့ရွေ့ဆင်းလာလေသည်။
“ဟောသမီးလာ ဧည့်သည်တွေကို အားနာစရာကြီးကွယ်”
“ရပါတယ်ဗျာ သူစိမ်းတွေမှမဟုတ်တာ မစံပါယ်”
“အေးဗျာ ကိုထူးမော်တို့လည်း ခုမှဘဲအိမ်ဖက်ကိုရောက်တော့
တယ်ဗျာ”
“အလုပ်တွေမအားလို့ပါဗျာ စိတ်တော့ရောက်ပါတယ်”
“ကဲပါကိုနေထွန်းရယ် အလာပသလာပတွေ နောက်မှပြောတာပေါ့
ဧည့်သည်တွေအားနာစရာကြီး လာရင်းကိစ္စကို ဆွေးနွေးလိုက် ကြ ရအောင်”
“ဒီလိုပါခင်ဗျာ-ဟောဒီကကျတော့်သားမောင်ငြိမ်းချမ်းနဲ့
ကိုနေထွန်းနဲ့ မစံပါယ်တို့ရဲ့ သမီးနေခြည်တို့ ကိစ္စပါ သားလေးကသမီးနေခြည့် အပေါ်မေတ္တာရှိနေတာကြောင့်
အဖေဖြစ်တဲ့ကျတော်က ဟော့ဒီက သမီးရှင်ကို အခုပါ လာတဲ့ စိန်တဆင်စာနဲ့
လာရောက်တောင်းရမ်း ခြင်းဖြစ်ပါတယ် အဲ့ဒါသမီးရှင်ဖြစ်တဲ့ ကိုနေထွန်းနဲ့မစံပါယ်တို့ရဲ့
သဘောထားလေး သိပါရစေခင်ဗျာ”
“ငြိမ်းချမ်းဦးက ကိုထူးမော်ရဲ့ သားလေးဖြစ်နေတော့
ကျမတို့ဖက်က ဘာမှကန့်ကွက်စရာမရှိပါဘူး”
“ဟုတ်ပါတယ်ဗျာ ပြီးတော့ ကလေးတွေလည်း
မေတ္တမျနေကြတယ် ဆိုတော့ ကျတော်လည်း ဘာမှပြောစရာ မရှိပါဘူး”
“ဒါနဲ့သမီးရဲ့သဘောထားကိုသိပါရစေ”
“သမီးရဲ့သဘောထားကလည်း ဖေဖေမေမေတို့ရဲ့ သဘေားထား
တိုင်းပါဘဲ”
“သတို့သားလောင်ကလည်း စကားလေးဘာလေးပြောဦးလေ”
“ကျတော်ဘာမှ ထွေထွေထူးထူး ပြောစရာမရှိလို့ပါ ကျတော့်
ဖြစ်ခြင်တာကို ဖေဖေသိပါတယ်”
“သတို့သားလောင်းက
ရှက်နေတယ်ထင်တယ် ဟားဟားဟား”
“’ဒီလိုဆိုရင် ဒီလက်ထပ်တောင်းရမ်းပွဲလေးကလည်း
အောင်မြင်သွား ပြီဆိုတော့ သုံးဆောင်ကြပါခင်ဗျာ သုံးဆောင်ကြပါ။ အားမနာပါနဲ့။”
“စားရင်းသောက်ရင်းနဲ့ ကျတော်တို့ စေ့စပ်ပွဲနဲ့
မင်္ဂလာရက်လေး ရွေးလိုက်ကြရအောင်လား ကိုနေထွန်း”
“ဟာ-ကောင်းတာပေါ့ ဘယ့်နဲ့လည်းမိန်းမ”
“ရှင်တို့သဘောပါတော့်
ကျုပ်တော့မြေးချီခြင်လှပြီ”
မိခင်စကားကြောင့်
ငြိမ်းချမ်းနှင့်နေခြည်တို့နှစ်ဦးသား တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ကာ ရှက်စိတ်ဖြင့်
ခေါင်းကလေးကိုယ်စီငုံ့သွားကြလေသည်။
“သမီးရှင်ဘက်က
ဆန္ဒကိုသိပါရစေဗျာ”
“ကျတော့်သဘောအရပြောရမယ်ဆိုရင် စေ့စပ်ပွဲနဲ့ လက်လပ်ပွဲကို
တရက်တည်းမှာဘဲ ကျင်းပခြင်တယ်ဗျာ သမီးတို့ဆန္ဒက”
“အဖေတို့ကောင်းသလိုသာစီစဉ်ကြပါ သမီးကတော့ ဘာမှပြော
စရာမရှိပါဘူး”
“လိမ်မာလိုက်တဲ့သမီးဗျာ သားကကော ဘာပြောခြင်သေးလည်း”
“ကျတော်လည်း နေခြည့်တိုင်းပါဘဲဗျာ”
“ဟားဟား လိုက်လည်းလိုက်တဲ ဒီစုံတွဲကွာ ဒီလိုသာဆိုရင်
ငါတို့မြေးအမြန်ချီရတော့မယ်ထင်တယ်ကွ သိမ့်မအို ခြင်ကြဘူး ဟားဟား”
“အို အဖေကလည်း ဘာတွေပြောနေမှန်းမသိဘူး”
“ကဲပါအဖေကြီးရယ် သမီးလေးရှက်နေပါဦးမယ် ကျမကတော့
မင်္ဂလာ ရက်ကို လာမဲ့နှစ်ဆန်းတစ်ရက်နေ့မှာ ကျင်းပခြင်တယ် အဲ့ဒါသတို့သား ဖက်က ဘာများဆွေးနွေးစရာရှိသေးလည်းဗျာ”
“ဟာ ကောင်းပါတယ်ကောင်းတယ် ၊ ကျတော်တို့ဖက်က မင်္ဂလာစရိပ်
အပါအ၀င် ကလေးတွေနေဖို့ တိုက်တလုံး လက်ဖွဲ့မှာပါ ပြီးတော့ ကျတော့်ရဲ့လုပ်ငန်းတွေအားလုံးကို
လွဲပေးလိုက်ပါ့မယ်”
“မင်္ဂလာသတင်းဘဲဗျာ ကျတော်တို့မိန်းကလေးရှင်ဖက်ကလည်း
တိုက်တလုံးကားတစီးနဲ့ မိုးညင်းကလိမ္မော်ခြံကိုပါ လက်ဖွဲ့ပါတယ်ဗျာ”
“ဟာ ကျတော်တောင်မင်္ဂလာပြန်ဆောင်ခြင်လာပြီ ကိုနေထွန်းရာ”
“ဟားဟားဟားဟား”
“ကဲကဲ ဒီလိုဆိုရင် မင်္ဂလာပွဲကို သတို့သမီးဖက်က စိတ်ကြိုက် စီစဉ်စေဗျာ
ကျတော်တို့ကတော့ အားလုံးကို သဘောတူလိုက်ပြီ”
“မင်္ဂလာဧည့်ခံပွဲကို အကောင်းဆုံးဟော်တည်မှာ လုပ်ရင် မကောင်းဘူး
လား နှစ်ဖက်မိဘတွေရဲ့ ဂုဏ်တွေကလည်း ရှိသေးတယ် ”
“နေခြည်သာ မငြိုညင်ဘူးဆိုရင်တော့ ကျတော်ဧည့်ခံပွဲကို အိမ်မှာဘဲ
လုပ်ခြင်တယ်ဗျာ အဲ့ဒါ”
ဆွေးနွေးပွဲတခုလုံးတွင် တိတ်ဆိတ်စွာ နားထောင်နေသော ငြိမ်းချမ်း တစ်ယောက် နေခြည့်ကိုကြည့်ကာ
မိမိ ဖြစ်လိုသောဆန္ဒကို ထုတ်ဖော်လာလေ သည်။
“နေခြည်လည်း ကိုငြိမ်းချမ်းလိုဘဲဆန္ဒရှိပါတယ်ဖေဖေ”
“အင်းဒီလိုဆိုတော့လည်း ကာယကံရှင်တွေရရဲ့သဘောတိုင်း စီစဉ်ပေး
လိုက်ကြတာပေါ့ဗျာ”
“ဒါနဲ့မင်္ဂလာဝတ်စုံကို
ဘယ်လိုစီစဉ်ကြမှာတုန်း”
“အဖေတို့ကောင်းသလိုသာ
စီစဉ်ကြပါ”
“ဒါဖြင့်ရင်သမီးလေးက ဗိုလ်ဆန်ဆန်ဝတ်ခြင်တာလား မြန်မာဆန်ဆန် ၀တ်ခြင်တာလား
ဘာအရောင်လေးရွေး မယ်စိတ်ကူးလည်း”
“ဒါတွေက မစောလွန်းဘူးလားမေမေ”
“မစောဘူးသမီး ဒါမှလည်း သမီးတို့နဲ့လိုက်ဖက်ညီအောင် အမေတို့ လည်းဝတ်စုံအရောင်တွေးရတာ
အဆင်ပြေ မှာပေါ့”
“မိန်းမ မင်္ဂလာဆောင်မှာက
သမီးလေ မင်းမှမဟုတ်တာကွာ”
“အိုတော်ကလည်း
ကျုပ်သမီးလေးဂုဏ်ရှိအောင်ပါတော်”
“ဟားဟားဟားဟား မင်းကတော့သမီးကိုလွဲချပြီး အပျက်ပွဲ ထွက်မယ် ပေါ့”
“ရှင်နော်ဒီမှာအကောင်းပြောနေတာကို
ဖောက်ဖောက်မလာနဲ့”
“သမီးကတော့ မြန်မာဆန်ဆန်လေးဘဲ လုပ်ခြင်ပါတယ် ကိုငြိမ်းချမ်း
သဘောကဘယ်လိုရှိလည်း မပြောတက်ဘူး”
နေခြည့်စကားအဆုံးတွင် ရိုးရိုးလေးနှင့်လှသည့် ချစ်သူဆူးမကို ငြိမ်းချမ်းဦးသတိရနေမိသည်။
ကျတော့်ကိုချစ်ရင် လာမဲ့ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ အဖြူရောင်ဝတ်စုံလေးဝတ်ပြီး ကိုယ်တို့စုံနေကြ
ခုံတန်း လျှားလေးကို လာခဲ့ပါ ။ ဆူးမကို သတိရလိုက်မိသည့် တနခအတွင်း ငြိမ်းချမ်း
တစ်ယောက်နေခြည့်မျက်နာလေးကိုကြည့်ကာ တခုခုကိုတောင်း ဆိုလိုက် မိသည်။
“ရပါတယ် ကိုယ်သဘောကျပါတယ် ဒါပေမဲ့ သတို့သမီးဝတ်စုံကို အဖြူရောင်လေးဝတ်စေခြင်ပါတယ်
အဲ့ဒါ နေခြည့်အနေနဲ့ သဘော ကျမကျ ကိုယ်သိချင်ပါတယ်”
နေခြည့်မျက်နာလေး ညိုးငယ်သွားသည်။ နေခြည့်စိတ်ထဲတွင် ပန်းရောင်လေးဝတ်ရန် ရည်ရွယ်ထား
ဖြင်းဖြစ်သည်။ ငြိမ်းချမ်း၏ချစ်သူ ဆူးမသည် အဖြူရောင်လေးကို မြတ်နိုးကြောင်း ငြိမ်းချမ်းဦးပြောပြခဲ့
ဘူး ခြင်းကြောင့် နေခြည်ပိုပြီး ငြိုးငယ်သွားမိသည်။ သို့သော် ငြိုးငယ်နေသော မျက်နာလေးကိုအမြန်ဆုံးပြင်ကာ
နေခြည်ဖော်ရွေစွာ ပြုံးလိုက်မိသည်။
“ရပါတယ် နေခြည်သဘောကျပါတယ်”
X
– X – X – X – X – X – X – X – X – X
နှစ်ဆန်းတစ်ရက်နေ့
ကြီးကျယ်ခန်းနားလှသည့် ငြိမ်းချမ်းဦးတို့၏ အိမ်ဝန်းလေးထဲတွင် မင်္ဂလာအပေါင်းနှင့်
ပြည့်စုံနေလေသည်။ ရွှေအဆင်းနှင့် ပြည့်စုံပြီးဖြစ်သည့် မိသားစုနှစ်စုမှပေါက်ပွားလာသော
သတို့သားမောင်ငြိမ်းချမ်းဦးနှင့် သတို့သမီး နေခြည်တို့ ၏မင်္ဂလာဧည့်ခံပွဲကြီးမှာလည်း
ခန့်ငြားထည်ဝါလွန်း လှသည်။ ဖိတ်မန္တကပြုထားသော ဧည့်သည်တော်များ သည်လည်း ဂုဏ်သရေရှိ ဧည့်သည်
တော်များစွာ တတ်ရောက်လာလေသည်။ မင်္ဂလာခန်းမထဲတွင် မြန်မာဆန်ဆန် အဖြူရောင် သတို့သားဝတ်စုံ
သတို့သမီးဝတ်စုံများနှင့် အလွန်ပင် ကျက်သရေ မင်္ဂလာအပေါင်းနှင့်လည်း ပြည့်စုံလှ ပေသည်။
ဧည့်သည်တော်များကို လိုက်လံနှုတ်ဆက်နေသော နှစ်ဖက်မိဘများ၏ မျက်ဝန်းအစုံများသည်လည်း အပြုံးပန်းတရာ
ဝေေ၀ဆာလျှက်။
မင်္ဂလာအိမ်တော်၏ တံကားဝမလှမ်းမကမ်းတွင် ဖြေးညင်းစွာ ထိုးရပ်လာသော
Taxi ကားလေးတစ်စီး။ ကားလေး၏ မှန်တံကားချပ်လေး ဖြေးညင်းစွာ ပွင့်ချလာပြီး
ကားပေါ်မှ အသက်နှစ်ဆယ်ကျော်ဝန်းကျင်ရှိ အမျိုး သမီးတဦးသည် အံ့သြခြင်း ၀မ်းနည်းဝမ်းသာဖြစ်ခြင်းတို့နှင့်
ပြည့်နက်နေ လေသည်။ တချိန်တခါက သိမ့်ချစ်ခဲ့ကြဖူးသည့် ချစ်ဦးသူနှင့် နေခြည်ဆိုသည့်
ရွှေမင်းသမီးတို့၏ ရွှေလှမ်းငွေလှမ်းခင်းကျင်းထားသော မင်္ဂလာဧည့်ခံပွဲ ပင်တည်း။ အဖြူရောင်အောက်ခံ
ပိတ်သားပေါ်မှ ရွှေရောင်စာလုံးများနှင့် ကပြည်းတင်ထားသော ရေးထိုးသားသော မောင်ငြိမ်ချမ်းဦး
နှင့် မနေခြည်တို့၏ မင်္ဂလာဧည့်ခံပွဲဆိုသည့် စာလုံးလှလှလေးသည် သူမ၏ နှလုံးသားတွင် စွန်းထင်းခဲ့ပေပြီ။
“အမ,လေး ကျတော်ဘယ်ကိုပို့ပေးရဦးမလည်း”
ဆူးမတစ်ယောက်ယင်းမင်္ဂလာဧည့်ခံပွဲကို
မည်မျှပင် ကြာညောင်းစွာ ငေးမောနေမိမှန်းမသိ။ ကားဆရာ၏ မေးသံကြားမှပင် သတိပြန်ဝင်လာ၍
စို့နေသောမျက်ရည်စတို့ကို သိမ်းဆည်းလိုက်သည်။
“ကားဆရာ ကျမကားစငှားတဲ့နေရာမှာဘဲ ပြန်ပို့ပေးပါ”
“ဗျာ-အော်ဟုတ်-ဟုတ်ကဲ့”
Taxi ကားကလေးတဖြေးဖြေးနှင့်ထွက်ခွာ၍ သွားလေသည်။
X
– X – X – X – X – X – X – X – X – X
“ဟယ်-ငြိမ်းချမ်းဒီမှာကြည့်စမ်း ဒိုင်ရာယီစာအုပ်လေးတော့”
မင်္ဂလာဦးညလေးတွင် မင်္ဂလာလက်ဆောင် ပစ္စည်းများကို တခုပြီးတခု စိတ်ဝင်တစားဖွင့်ကြည့်နေကြသော
ငြိမ်းချမ်းဦးသည် နေခြည့်စကားကြောင့် မိမိ၏ရှေ့တည်တည့်တွင် ထိုင်နေသော နေခြည့်ကို
လှမ်းကြည့်လိုက်လေသည်။ နေခြည့်လက်ထဲမှ ဒိုင်ရာယီစာအုပ်လေးကို လှမ်းမြင်လိုက်ရသည့် အချိန်တွင်
ငြိမ်းချမ်းပို၍ပင် စိတ်လှုပ်ရှားမိသည်။
“ပေးပေးနေခြည် အဲ့ဒီစာအုပ်ကိုယ့်ကိုပေး”
“ဘာလို့လည်း နေခြည်ကြည့်ဦးမယ်လေ”
“နောက်မှကြည့်ပါနေခြည်ရာ ကိုယ့်ကိုအရင်ပေးစမ်းပါ အရေးကြီးလို့”
ပျာသလဲလဲဖြစ်နေသော ငြိမ်းချမ်းကို နေခြည်နားမလည်စွာ ကြည့်နေ
မိရင်းမှ လက်ထဲမှကိုင်ထားသော စာအုပ်လေးကို ငြိမ်းချမ်းလက်ထဲသို့ လှမ်းပေး လိုက်သည်။
ထိုစာအုပ်လေးကို ချက်ချင်းဖွင့်မကြည့်သေးဘဲ အနက်ရောင် စာအုပ်အဖုံးလေးကို နောက်ကျောဖက်တခါ
အရှေ့တူရုတမျိုး လိုလှည့်ဒီလှန် ကြည့်နေမိသည်။ ယင်းစာအုပ်နှင့် တထပ်ထဲတူသော စာအုပ်
လေးတစ်အုပ်ကို ငြိမ်းချမ်းရင်းရင်းနီးနီးကိုင်သွယ်ခဲ့ဘူးသည်။ ထိုစာအုပ်လေးသည် ဆူး၏
ဒိုင်ယာရီစာအုပ်ပင်တည်း။ ငြိမ်းချမ်းဦးတစ်ယောက် စာအုပ်၏ ပထမဆုံးသော စာမျက်နှာကို ဖြေးညင်းစွာ
လှန်ကြည့်မိသည်။ မိမိမျော်လင့် ထားသော စာလုံးမဟုတ်ဘဲ သက်ဆိုင်သူသို့ ဆိုသည့်စာလုံးလေးကို တွေ့မြင်လိုက် ရသောကြောင့် ငြိမ်းချမ်းဦးတစ်ယောက်
နေခြည့်ကိုတချက် ကြည့်ကာ မျက်မှောင်ကြုပ်သွားရလေသည်။ ငြိမ်းချမ်း၏
အပြုအမူများကို မျက် တောင်မခက်ဘဲ လိုက်ကြည့်နေမိသည်မှာ နေခြည်ပင်။
ငြိမ်းချမ်းဦးတစ်ယောက် စာအုပ်လေးကိုကိုင်ပြီး အိပ်ရာပေါ်သို့တတ် သွားလေသည်။
“ငြိမ်းချမ်း ဒါတွေဖွင့်မကြည့်တော့ဘူးလား”
“အဲ့ဒါတွေထက် ကိုယ်ဒီဒိုင်ယာရီလေးကို ပိုစိတ်ဝင်စားတယ်
နေခြည်၊ နေခြည်ဘဲ ဆက်ဖွင့်လိုက်တော့ကွာနော်”
အိပ်ယာထက်မှလှဲလျောင်းနေရင်း ငြိမ်းချမ်းဦးဆိုသည်။ ဒိုင်ယာရီလေး
၏ ရှေ့အဖုံးအတွင်းဖက်မှ ကပ်ထားသော စာလေးတစ်စောင်ကို ငြိမ်းချမ်းဦး ဦးဆုံးဖြုတ်ယူဖတ်ကြည့်လေသည်။
ငြိမ်းချမ်းဦး၊ တူလေးမဆုံးခင်မှာ တူလေးရဲ့နောက်ဆုံး ဆန္ဒအရ ဒီဒိုင်ယီလေးကို ဆူးကိုပေးဖို့ အမှာထားခဲ့ပေမဲ့ ဆူးမရှိတော့တဲ့နောက်ပိုင်း ဒီဟာအုပ်လေးနဲ့ အသက်ဆိုင်ဆုံးသူဟာ မင်းဘဲလို့ လေးလေးယူ
ဆထား တဲ့အတွက် ဒီစာအုပ်လေးကို မင်းကိုပေးဖို့ လာတဲ့အချိန်မှာ မင်းရဲ့မင်္ဂလာရက်နဲ့
တိုက်ဆိုင် နေတော့ မင်းရဲ့မင်္ဂလာလက်ဆောင်အဖြစ် လေးလေးထား
ရစ်ခဲ့ပါတယ်။
ဦးသာဝ
No comments:
Post a Comment