ဖေဖော်ဝါရီ ၁၄
အဖြူရောင် ဂါဝန်ရှည်လေးကိုဝတ်ဆင်ပြီး
ဆူးတစ်ယောက် ထိုင်နေကြခုံတန်းလျားလေးတွင် ထိုင်နေခဲ့သည်မှာ ခုဆိုရင် ည၉နာရီပင်ကျော်လုပြီ။
သူ့အရိပ်အရောင်ကို လုံးဝမတွေ့ရပေ။ လက်မှပတ်ထားသော လက်ပတ်နာရီလေးကို တချက်ချက်ငုံကြည့်ပြီး
ဆူးမျက်ဝန်းအိမ်ထဲမှာ မျက်ရည်စများစို့လာလေသည်။ သူတကယ်ဘဲဆူးကို ကျောရယုံ ကြံသွားတာလား။
မဖြစ်နိုင်ပါဘူး။ သူကဆူးကိုလက်ထပ်ဖို့ထိရည်ရွယ်ထားပြီးမှ ဆူးကိုအဲ့လို လုပ်မယ်လို့
ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါဖြင့်ရင်သူဘာလို့ ခုချိန်ထိ ဆင်းမလာသေးတာလည်း။ လက်ထဲမှာသူပေးခဲ့သော
သော့တွဲလေးကိုကိုင်ကာ ဆူးတစ် ယောက်ထည်း မီးရောင်အောက်တွင် အဖြူရောင်ဂါဝင်လေးနှင့် ထင်ထင်
ရှားရှားလှပနေလေသည်။
“ဆူး-ဒီညဂါဝင်အဖြူရောင်လေးနဲ့
မီးရောင်အောက်မှာ ဆူးကအပြစ် ကင်းစင်တဲ့ နတ်သမီးလေးတပါးလို သိပ့်ကိုလှပ နေပါလားဆူး”
အချစ်နှင့်နှောင်ကြိုး |
ဆူးခေါင်းလေးကို
ဖြေးညင်းစွာ မော့ကြည့်သည်။ ဆူးမျော် လင့်ထား သော အသံပိုင်ရှင်မဟုတ်သည့်အတွက် ဆူးအရမ်းကိုဝမ်းနည်းမိပါသည်။
ညအချိန်ကားပါကင်တွင် အချိန်ပိုအလုပ်ဆင်းနေကြသည့် ကိုအောင်ကြီးနှင့်
ကိုဖြိုးတို့ပင်တည်း။
“ဆူး-
မင်းငိုနေတယ် ဘာဖြစ်လို့လည်း ငါတို့ကိုပြောစမ်း”
ပြာသလဲလဲနှင့်မေးလာသော ကိုဖြိုးအသံကြောင့် ဆူးပိုပြီးဝမ်း နဲမိ
သည်။
“ဆူး-
ငါတို့မေးနေတယ်လေ။ မင်းဘာဖြစ်နေတာလည်း”
“ကိုဖြိုး မင်းဆက်မမေးနဲ့တော့ ငါသိတယ်၊ ဒီမယ်ဆူး
မင်းမျော်နေတဲ့သူ ရောက်လာနိုင်တော့မှာဟုတ်ဘူး”
“ရှင်”
“ဟုတ်တယ်ဆူး
ဒီနေ့ခင်းလေယဉ်နဲ့ဘဲငြိမ်းချမ်းရန်ကုန်ပြန်သွားပြီ”
“ဘယ်လိုကိုအောင်ကြီး၊ ကိုအောင်ကြီးတကယ်ပြောနေတာလား၊
သူဆူးကိုဒီနေရာကို လာခဲ့ဖို့ပြောထား တာလေ”
လွန်ခဲ့သောနှစ်ရက်ခန့်က
ဆူးနှင့်ငြိမ်းချမ်းတို့ တရင်းတနှီး စကား ပြောဆိုနေကြသည်ကို ကိုဖြိုးကိုယ်တိုင်မြင်တွေ့
လိုက်ရခြင်းကြောင့် ကိုဖြိုးမအံ့ သြတော့ပေ။ သို့သော် အခုညနက်သည့်တိုင် သူဆင်းမလာသေးသည်ကိုတော့
ကိုဖြိုးလည်း ဇဝေဇ၀ါဖြစ်နေမိသည်။
“ဟုတ်တယ်ဆူး
ဒါပေမဲ့သူမရှိတော့ဘူး”
“ဟင့်အင်း
ဆူးမယုံဘူး သူအဲ့လိုလုပ်လိမ့်မယ်လို့ ဆူးမယုံဘူး”
“မင်းဆက်စောင့်ခြင်တယ် ဆိုလည်းစောင့်ပေါ့၊ ဒါပေမဲ့ကိုယ့်ကျန်း
မာရေးကိုလည်း ဂရုစိုက်ဦးလာကိုဖြိုး တို့အလုပ် ရှိသေးတယ် ဧည့်သည်တွေပါကင်ထိုးနေကြပြီ”
ကိုအောင်ကြီးသည် ကားပါကင်ကိုညွန်ပြပြီး ကိုဖြိုးကိုလှမ်းပြောလေသည်။ ကိုအောင်ကြီးတို့တရွေ့ရွေ့နှင့် ထွက်ခွာသွားပြီး တဖြေးဖြေးအဝေးသို့
ရောက်သွားလေပြီ။ ဆူးတစ်ယောက်သာ မိမိမျှော်လင့်ချက်နှင့်အတူ ခုံတန်းလျား
လေးပေါ်တွင်ဆက်လျက်ထိုင်စောင့်နေမိသည်။
“ကိုအောင်ကြီး
- ဆူးနဲ့ငြိမ်းချမ်းတချစ်သူတွေဖြစ်သွားကြပြီလား”
“ဒါတော့ငါလည်းမသိဘူးကိုဖြိုး”
“ကျတော်ထင်တယ်
ဆူးငြိမ်းချမ်းကိုချစ်နေမိပြီဆိုတာ”
“ဟုတ်တယ်
ဆူးငြိမ်းချမ်းကိုချစ်နေမိတာတော့အမှန်ဘဲ”
ဓါတ်တိုင်တခုအောက်တွင်
ထိုင်နေရင်း ကိုဖြိုးတစ်ယောက် ကိုအောင်ကြီး ပြောသောစကားသံကိုကြားလိုက်ရပြီး စိတ်ဒါဏ်ကျပြီးငိုင်
ကျသွားလေသည်။
“မင်းဘာဖြစ်သွားတာလည်းကိုဖြိုး”
“ဘာမှမဖြစ်ပါဘူး
ကိုအောင်ကြီးရာ”
“ငါသိပါတယ် မင်းကြွေနေတယ်မဟုတ်လားမင်းကဆူးကို
အရင်တည်း ကချစ်ရေးဆိုဖို့ သတ္တိမှမရှိခဲ့ဘဲ”
“ကျတော်သိပါတယ်ဗျာ- သူ့ဘ၀အားငယ်နေတဲ့အချိန်၊
သိမ်ငယ်နေတဲ့ အချိန်မှာ ကျတော်သူ့ကိုဖွင့်ပြောလိုက်ရင် သူ့ရင်ထဲက အချစ်စစ် ကိုမရဘဲ
ကျတော့်ကိုအားကိုးဖို့တခုတည်းစဉ်းစားမှာ ပြီးတော့ ဆူးကျတော့်ကို အခွင့်အရေးသမား လို့ထင်မှာကိုလည်း
ကျတော်ကြောက်တယ်။ ကျတော်လိုချင်တာ ဆူးရင်ထဲက ချစ်ခြင်းမေတ္တာကိုပါ ကိုအောင်ကြီးရာ”
“ငါတော့ရင်မောတယ်ကိုဖြိုး ပြီးတော့ဟိုဆရာဝန်ရဲ့
ရန်ကလည်း ရှိသေးတယ်”
“ဆူးကိုတော့ တိုင်းတပါးရဲ့လက် ထဲကျတော်အပါမခံနိုင်ဘူး
ကိုအောင်ကြီး အဲ့လိုတာဖြစ်မယ်ဆိုရင်ကျတော် မိုက်ရူးရဲရတော့မှာဘဲ သူသာငြိမ်းချမ်းကိုတကယ်ချစ်တယ်၊
ငြိမ်းချမ်းကလည်း သူ့ကို မြတ်နိုး တယ်ဆိုရင် သူတို့နှစ်ယောက် နီးစပ်အောင် ကျတော့် နှလုံးသွေးနဲ့
ရင်းပြီး ကူညီပေးရမှာပေါ့”
“ဒါပေမဲ့
အခုငြိမ်းချမ်းက ရန်ကုန်ပြန်သွားပြီလေ ကိုဖြိုး”
“ကိုအောင်ကြီးပြောတာ တကယ်ဘဲလားဗျာ ကျတော်တောင်
မသိရ ပါလား”
“မင်းမပြောနဲ့ငါတောင်
ဒေါ်ကြီးပြောမှသိရတာ”
“ဒေါ်ကြီးက
ဘယ်လိုလုပ်သိတာလည်း”
“သူဈေးဝယ်ထွက်ရင်း ငြိမ်းချမ်းကိုကားဂိတ်မှာတွေ့တော့
မေးကြည့် တာ လေယဉ်ကွင်းသွားမယ်လို့ပြောတယ်”
“ကဲ့ ကိုဖြိုးတို့နှစ်ယောက်စကားပြောနေတာနဲ့ အလုပ်ချိန်တောင်
သိမ်းပြီငါသွားတော့မယ်ကိုဖြိုး မင်းကော မနားသေးဘူးလား”
“အိုကေဗျာ ကျတော်လည်း နားတော့မယ် ဂွတ်နိုက်ကိုအောင်ကြီး”
“ဂွတ်နိုက်ဟေ့ရောင် အိပ်ပျော်အောင်လည်းအိပ်ဦး”
“ကျတော်ကလေးမဟုတ်တော့ပါဘူးဗျာ”
နှစ်ဦးသား လမ်းခွဲပြီးထွက်ခွာသွားကြလေသည်။
ကိုဖြိုးတစ်ယောက် ဆူးဆီရာဖက်သို့ဦးတည်ပြီး ထွက်ခွာ လာလေသည်။ ဆူးထိုင်နေသော ခုံတန်းလျှားလေးအနားသို့ရောက်ကာ
နီးဆူးအနားတွင် ထိုင်းအမျိုးသားနှစ်ဦးနှင့် အင်္ဂလိပ်နိုင်ငံခြားသားတဦး ကိုမလှမ်းမကမ်းတနေရာမှတွေ့လိုက်ရ၍
ကိုဖြိုး ခြေလှမ်းကျဲကြီးများ နှင့်အတူ ဆူးအနားသို့ လျှင်မြန်စွာရောက်လာသည်။ ကိုဖြိုး
အနားသို့ရောက်လာခိုက် NO! ဟုခပ်ကျယ်ကျယ်အော်လိုက်သော ဆူး၏ဒေါသ အသံနှင့်အတူ ဆူးကိုဖြိုးရှိရာသို့
ပြေးသွားပြီးကိုဖြိုးရင်ခွင်ထဲသို့ ဖက်သွယ်ပြီးဝင် ရောက်သွားလေသည်။ ကိုဖြိုး တစ်ယောက်ဆူးကို
မရောင်မည်နှင့် ပြန်လည် ထွေးပိုက်ထားပြီး ဆူးအနားတွင်ရစ်ဝဲနေကြသော အမျိုးသား သုံးဦးကို
ကြည့်နေ မိသည်။ ဆူးတစ်ယောက် ကိုဖြိုး၏ရင်ခွင်ထဲတွင်ရှိုက်ကြီးတငင် ငိုချ လိုက်မိသည်။
ဆူး၏ပခုံးကိုထွေးပိုက်ရင်း ကိုဖြိုးပြန်လည်နှစ်သိမ့်ပေးလေသည်။ အခြေအနေကိုနားလည်သည့်အလား
ဆူးအနားသို့ရစ်လည်နေသော ယောကျာင်္း လေးသုံးဦး ကိုဖြိုးတို့ကိုကြည့်ပြီး အေးချမ်းစွာပင် ထွက်ခွာသွားကြသောကြောင့်
ပြသနာသည်ထိုနှင့်မျှ ပြီးဆုံးသွား လေသည်။ ကိုဖြိုးတစ်ယောက်ဆူးကိုတွဲကာ ဆူး၏အခန်းဝအထိသို့
လိုက်ပို့ပေးပြီး ဆူး၏အခန်းလေးရှေ့တွင် တညလုံးထိုင် နေမိသည်။ ဆူး ကျတော်ဆူးအနားမှာ
အရိပ်ကလေး တရိပ်လို နေခြင်ခဲ့ပေမဲ့ နေခွင့်မရခဲ့ပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ဆူးလိုအပ်တဲ့အချိန်မှာ
ကျတော်အမြဲ အဆင်သင့်ရှိနေမှာပါ။ ကျတော်ဆူးကို အရမ်းတန်ဖိုးထားခဲ့တာပါ။
X
– X – X – X – X – X – X – X – X – X
ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်
“ကိုငြိမ်းချမ်းမဟုတ်လား”
“ဇွဲပါလား”
“ဟုတ်တယ်ဗျာ ကိုငြိမ်းချမ်းဒီနေ့ဘဲပြန်လာတာလား”
“ဟုတ်တယ် ညီ ဒါနဲ့မင်းက”
“ကျတော့်ဦးလေးလေဗျာ သူ့ကိုလာကြိုတာ ဒီနေ့ဘန်ကောက်
ကနေ ရောက်မယ်ဆိုလို့ ဟောပြောရင်းဆိုရင်း ဦးလေးတောင် ရောက်နေပြီ ခနကိုငြိမ်းချမ်း ဦးလေး
ကျတော်ဒီမှာ”
ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် ခပ်၀၀လူကြီးတစ်ဦး
ဇွဲရှိရာသို့ တည့်တည့် လျောက်လာလေသည်။
“ ဇွဲသား မင်းအဖေ မပါဘူးလား”
“အဖေ အလုပ်ကိစ္စနဲ့ရှုပ်နေလို့ ကျတော့်ကိုဘဲလွတ်လိုက်တာ
ဦးလေး ငယ်”
“အေးအေး ဒါနဲ့ကားရော”
“ကားက ဟိုဖက်မှာ ကျတော်တည်းခိုခန်း ဘွတ်ကင်မ လုပ်ရသေး
ဘူးဦးလေး”
“မင်းကတော့ဖြစ်ရမယ်။ အဲ့ဆိုရင်လည်း မန္တလေးကိုဘဲ
ချက်ခြင်းပြန် တာပေါ့ကွာ”
“ဒီလိုလုပ်ပါလား ဇွဲတို့နှစ်ယောက်လုံး ကိုယ့်အိမ်မှာလိုက်တည်းကြပေါ့
ဦးလေးလည်းပင်ပန်းလာမှာဘဲ၊ မနက်ကျမှ အေးဆေးပြန်ပေါ့”
ဘေးနားလေးမှညိမ်သက်စွာနားထောင်နေသော
ငြိမ်းချမ်းတယောက် စကားဝိုင်းလေးထဲသို့တိုးဝင်လာလေသည်။
“ဟာအခန့်သင့်လိုက်တာ ဦးလေးရာ ဒါကျတော်အကိုမိတ်ဆွေ
နာမည်က ငြိမ်းချမ်းဦးတဲ့ အကိုဒါကျတော့ဦးလေ ဦးသာဝတဲ့”
“အေးအေးကျေးဇူးဘဲ မောင်ငြိမ်းချမ်း ဒါဖြင့်မင်းအတွက်
အပန်း မကြီးဘူးဆိုရင် မင်းအိမ်ကိုဘဲ လိုက်တည်းကြ တာပေါ့”
“အိမ်က ကားတောင်ရောက်နေပြီဗျာ သွားကြစို့”
ပြောပြောဆိုဆိုနှင့်ငြိမ်းချမ်းတစ်ယောက်
ဖြေးညင်းစွာမောင်းဝင်လာသော ပါကျဲရိုးကားလေးကို ညွန်ပြလိုက်သည်။
“ကျတော်တို့ကားနဲ့
နောက်ကလိုက်ခဲ့မယ် ကိုငြိမ်းချမ်းရှေ့သွားပေါ့”
“အိုကေ”
မိနှစ်၂၀-၂၅လောက်မောင်းနှင်ပြီးနောက် အလွန်ခေတ္တမီလှပပြီး
ဆန်းသစ်သော အိမ်ဝန်းလေးထဲသို့ ခေတ္တမီလှပ သည့် ကားကလေးနှစ်စီး တရွေ့ရွေ့ မောင်းဝင်သွားလေသည်။
ကာကလေးနှစ်စီးလုံး ကားပါကင်တွင် ဖြေး ညင်းညင်သာ စွာ ထိုးရပ်လိုပြီး ကားပေါ်မှ အမျိုးသားသုံးဦးဆင်းလာသည်။
“လူလေးတောင်ပြန်ရောက်ပြီ ဧည့်သည်လည်းပါသကိုး လာလာ
ထိုင်ကြ”
“ဒေါ်ကြီးသုန် နေကောင်းတယ်နော် အဖေကော ဆေးရုံမှာဆို”
“ဟုတ်တယ်သား မင်းအဖေဒီမနက်ဘဲ ဆေးရုံက နေသိမ့်မကောင်း
သေးဘဲနဲ့ အတင်းဆင်းလာတာ ဟောပြော ရင်းဆိုရင်း လာပါပြီ”
“ဟော သားတောင်ပြန်ရောက်ပြီ နေခြည်တောင် ခုလေးတင်ပြန်သွားတာ
ဧည့်သည်တွေလည်းပါတယ် ကဲကဲလာ ထိုင်ကြ ဒါနဲ့ခင်းဗျာကို ကျတော်မြင်ဘူးနေသလိုဘဲဗျာ”
ငြိမ်းချမ်းနှင့်အတူပါလာသော ဧည့်သည်နှစ်ဦးအနက် ဇွဲ၏ဦးလေးကို ရည်ညွန်းပြီး
ငြိမ်းချမ်းဦး၏ အဖေပြော လိုက်ခြင်ဖြစ်သည်။
“ကျတော်လည်း ခင်ဗျားကို မြင်ဘူးနေသလိုတော့ရှိတယ်ဗျာ သိမ့်တော့မမှတ်မိတော့ဘူး
နေပါဦးခင်ဗျား ကိုနေထူးမော်မဟုတ် လား ကျတော်သာဝလေဗျာ”
“ဟာ ကိုသာဝ
ခင်ဗျားဗျာကျောင်းပြီးတည်းကမတွေ့ကြတာ ဒါခင်ဗျား သားပေါ့”
“မဟုတ်ပါဘူးဗျာ ဒါကျတော့တူတော်မောင် ဇွဲတဲ့”
“ဟုတ်ကဲ့ကျတော်ဇွဲပါ ဦးလေးကတော့ခုထိတကိုယ်တည်း
လူပျိုကြီး အန်ကယ်ရယ်”
“ဟုတ်ပကွာ ဒီလူပေါ့ငါ့အသဲလေးကို လုသွားတာလေ
ဒါနဲ့ခင်ဗျား အမျိုးသမီးကော မတွေ့ပါလား”
“သူမရှိတာ့ဘူးဗျာ
ဒီကောင့်ကိုမွေးပြီးပြီးချင်း ဆုံးသွားတာ”
“ဘယ်လိုမေလေးမရှိတော့ဘူး
ဖြစ်မှဖြစ်ရလေဗျာ”
ထူးဆန်းသည့်နာမည်လေးတခုကြောင့် ငြိမ်းချမ်းဦးကြောင်စီစီ ဖြစ်သွားရသည်။ ငြိမ်းချမ်း၏မျက်နာကို
အကဲခက် မိသည့် ဦးထူးမော်တစ်ယောက် စကားလမ်းကြောင်းလွဲလိုက်လေသည်။
“ကဲပါဗျာ ကိုသာဝတို့ခရီးပန်းလာကြရောပေါ့
အေးဆေးနားပြီးတော့မှ ပြောကြတာပေါ့ဗျာ ကဲသားမင်းလည်း ဇွဲကိုမင်းအခန်းဘဲခေါ်သွားလိုက်
ဒေါ်ကြီးသုန်ကိုသာဝအတွက် အခန်းတစ်ခန်းလောက်ပြင်ပေးပါဦးဗျာ”
ဦးထူးမော်တစ်ယောက် သားဖြစ်သူကိုအနားယူရန်ပြောဆိုပြီးနောက် အိမ်တွင်သန့်ရှင်းရေးထမင်းချက်
အဒေါ်ကြီး ကိုသာဝကိုအခန်းတစ်ခန်း လောက်ပြင်ပေးရန် လှမ်းပြောလိုက်လေသည်။
X
– X – X – X – X – X – X – X – X – X
“ကဲ ကိုသာဝ စားဗျာအားမနာနဲ့ ဒါနဲ့ကိုသာဝညီက ဘယ်သူနဲ့
အိမ်ထောင်ကျသွားတာတုန်း”
“မယ်မြနဲ့လေဗျာ ခင်ဗျားကကော ငြိမ်းချမ်းက မေလေးရဲ့သားလား”
“ဘယ်ဟုတ်မလည်းဗျာ ကျတော်မေလေးနဲ့ လက်မထပ်ဖြစ်ခဲ့ပါဘူး”
“ဘယ်လို”
“မိဘတွေရဲ့သဘောကို မလွန်းဆန်နိုင်တာနဲ့ ထားနွယ်ကို
လက်ထပ်ခဲ့ ရတာဘဲ ကဲပါကိုသာဝရယ် ဒီအကြောင်း တွေ သားလေးကြားသွားရင် တမျိုးတမယ် ထင်နေပါဦးမယ် စားစားဟော်သားတို့ တောင်ဆင်း လာကြပြီ
လာလာဒီမှာထိုင်”
အိမ်ပေါ်ထပ်မှ ထမင်းစားရန်
ဆင်းလာကြသော သားဖြစ်သူ ငြိမ်းချမ်းဦးနှင့်ဇွဲတို့အား ငြိမ်းချမ်း၏ဖခင်ဖြစ်သူမှ လှမ်းခေါ်လိုက်သည်။
“ဦးလေး ဆွဲလှချည်လားဗျ”
“အေးဟေ့ဆာလွန်းလို့ ဟန်မဆောင်နိုင်တော့ဘူးဇွဲရ ”
“လာဇွဲထိုင်”
“ဒါနဲ့ကိုငြိမ်းချမ်း ဒီညနေဘာအစီအစဉ်ရှိလဲ”
“မရှိပါဘူး ဇွဲရာ ဘာလို့လည်း”
“ကျတ်ာတိုင်ပင်စရာရှိလို့ ကျတော့်ကိုနဲနဲလောက်
စကားပြော ချိန်ပေးပါလားဗျာ”
“ဒါများပြောစရာလားဗျာ ရတာပေါ့ ကျတော်တို့ အေးအေးဆေးဆေး
ခြံထဲမှာ စကားဆင်းပြောကြတာပေါ့”
“ကောင်းသားဘဲဗျာ အဲ့ဒီအစီအစဉ်”
“ဒေါ်ကြီးသုန်ရေ လိုက်ပွဲ”
ထမင်းလက်စုံစားနေရင်းမှ ဇွဲသည်မိမိသိလိုသော အကြောင်းအရာများကို မေးရန်အတွက်
ငြိမ်းချမ်းဦးနှင့် စကားစမည်ပြောရန် ချိန်းဆိုလိုက်သည်။
“ကဲညီ ကိုယ့်ဆီကမင်းတခုခု သိချင်ပုံရတယ် ဆိုစမ်းပါဦး”
“ကျတော် ဆူးအခြေအနေလေးသိချင်လို့ပါကိုငြိမ်းချမ်း”
“မင်းက ဘာကိုသိချင်တာလည်းဇွဲ”
“သူနေကောင်းလား အလုပ်တွေအဆင်ကောပြေရဲ့လားလို့ပေါ့ဗျာ”
“အင်း-ကိုယ်ပြန်တဲ့အချိန်ထိတော့ ကျန်းကျန်းမာမာဘဲလေ”
“သူပြန်လာဖို့အစီအစဉ်မရှိဘူးလားကိုငြိမ်းချမ်း”
“မင်းဆူးကိုစိတ်ဝင်စားနေတာလားဇွဲ”
ထိုမေးခွန်းကို ဇွဲမဖြေပါ။ ရှက်ကိုးရှက်ကန်းလေးဖြင့်ပြုံးပြီး
ခေါင်းငုံ သွားလေသည်။
“ကျတော်သူ့ကိုသတိရတယ်ဗျာ ”
“ဖုန်းဆက်ပေါ့”
“ကိုငြိမ်းချမ်းပြောမှ ကျတော်သတိရတယ်
သူ့ဖုန်းနံပါတ်လေးတောင် ကျတော့်မှမရှိပါဘူးဗျာ ခင်ဗျားဆီမှာ ရှိရင်ပေးပါလား”
“ငါ့ဆီမှာလည်းမရှိဘူးကွ
ငါနောက်တစ်ခေါက်ရောက်ဖြစ်ခဲ့ရင် တောင်းပေးပါ့မယ်ကွာ”
ငြိမ်းချမ်းဦးတခုခုကိုဖုန်းကွယ်ထားမှန်း
ဇွဲသိသော်လည်း မလွဲသာ၍ ဘာမှပြန်မပြောတော့ဘဲ နေလိုက်သည်။
“ဇွဲ မင်းထိုင်းမှာပြောခဲ့သလို
ဆူးသာညမွေးပန်းဖြစ်ခဲ့မယ်ဆိုရင် မင်းဘာဆက်လုပ်မလည်း”
“ဘာ့ကြောင့်လည်း”
“သိချင်လို့ပါကွာ”
“ဆူးဟာ ညမွေးပန်းတပွင့်ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ ကျတော့်ရင်ထဲက ဆူးအပေါ်မှာထားတဲ့မေတ္တာ တရားတွေကတော့ ဘယ်တော့မှ
ပြောင်းလဲသွားမှာမဟုတ်ဘူး ပြီးတော့ကျတော့်ရဲ့ မင်္ဂံလာကိစ္စကို ကျတော့် အဖေက
လွတ်လပ်ခွင့်ပေးထားပြီးသားပါ”
“ကိုယ်သဘောပေါက်ပြီ ဒါကြောင့်အခုမင်းအရမ်းကို
ပြောင်းလဲ နေတာ ပေါ့ ကိုယ်တခုပြောမယ်နော် ဆူးဟာသိမ့် ကိုရိုးသားတဲ့မိန်းကလေး တစ်ယောက်လို့တော့
အကိုထင်တယ် ဒါလည်းတပ်အပ်မပြောနိုင် ဘူးနော် ဘာဘဲဖြစ်ဖြစ်မင်းက ဆူးကြောင့်အပြောင်းလဲကြီး
ပြောင်းလဲ သွားတာဟာ အဆိုးထဲကအကောင်းမို့ ကိုယ်ဆူးကို ကျေးဇူးတင် မိပါတယ်။ ကဲကိုယ်တို့လည်း
နားကြတာပေါ့ မင်းလည်မနက်ဖြန် မန္တလေး ထိကားမောင်း ရဦးမယ် မှတ်လား”
လမ်းဘေးမီးရောင်
မိန်မိန်ကလေး စတင်ထွန်းလင်းလာချိန်တွင် ငြိမ်းချမ်းဦးနှင့်ဇွဲတို့ နှစ်ဦးသားအိမ်ကြီးပေါ်သို့
တတ်ခဲ့ကြသည်။ အခန်းထဲသို့ ရောက်သည့်အချိန်တွင် အိပ်ယာကုတင်နှစ်လုံးပေါ်တွင်
ငြိမ်းချမ်းဦးနှင့်ဇွဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်လျှက်။
ဇွဲဆိုတဲ့ကောင်လေးဟာ ဆူးအကြောင်းကို ဘာမှဂဂနနမသိဘဲနဲ့ ဆူးကိုသံယောစဉ် သွယ်နေမိတာ။
သူ့ကိုငါလေးစား သွားပါပြီ။ ငါကကော ဆူးနဲ့ပါတ်သက်ပြီး ဘာကြောင့်တွေဝေနေခဲ့တာလည်း။ ကိုယ့်ကိုနားလည်ပေးပါ
ဆူးရယ်။ ကိုယ်မင်းကို အရမ်းချစ်ပါတယ်။ ဒီနေ့ ဖော်ဖော်ဝါရီ ၁၄ ရက်နေ့ဘဲ။ မင်းကိုယ့်စီကို
လာမှလာပါ့မလား။ ဒါမှမဟုတ် မလာဘဲမင်း ရဲ့အခန်းလေးထဲ မှာဘဲ မင်းတစ်ယောက်ထဲ နံရံပေါ်မှာစက်ဝိုင်းပုံ
လူခေါင်းလေးတွေ ရေးဆွဲ နေမှာလား။ အိမ်ယာထက်တွင် အိပ်မပျော်နိုင်ဘဲ အတွေးထဲတွင် ရစ်ပတ်နေ သော ကြိုးလေးများကို
တပတ်ပြီးတပတ် ဖြေနိုင်ဖို့ကြိုးစားနေခဲ့သော ငြိမ်းချမ်းတစ်ယောက် သန်းခေါင်ကျော် မိုးသောက်မှပင်
အိပ်မောကျ နိုင်ခဲ့သည်။
X
– X – X – X – X – X – X – X – X – X
“အဖေ
ဇွဲတို့ကောမတွေ့ပါလား”
“မင်းအိပ်ယာထနောက်ကျနေတာနဲ့ သူတို့မနက်အစောကြီးထွက်သွားကြပြီ
မင်းကိုတောင် နုတ်ဆက်လိုက် ပါတယ် ပြောပေးပါဦးတဲ့”
“ဟာအဖေကလည်း ကျတော့်ကိုမနိုးဘူး”
“နိုးမလို့ဘာဘဲ မင်းညကခရီးပန်းလာတယ်ထင်တယ် အိပ်ပလေ့စေ
ဆိုပြီး ဇွဲကပြောလို့မနိုးဖြစ်တာ နောက်မှ သူဖုန်းပြန်ဆက်မယ်တဲ့”
“အဲ့ဆိုလည်းပြီးရောအဖေရာ သွားပြီ”
“ဟ ဒါဘယ်တုန်း”
“အင်းလျားကိုအဖေရေ”
အင်းလျှားကန်ဘောင်ဘေးရှိ
ခုံတန်းလျှားလေးတွင် အင်းလျား၏ အလှကိုအံ့တုလျက် ခရမ်းရောင်ဝတ်စုံလေးနှင့် အလွန်ကိုလှပကျော့ရှင်းသော
မိန်းကလေးတစ်ဦးအနားသို့ ခေတ္တမှီဆန်းသစ် သောကားလေးတစီး ညင်သာစွာ ထိုးရပ် လာလေသည်။
“နေခြည် ရောက်နေတာကြာပြီလား”
“မကြာသေးပါဘူး ငြိမ်းချမ်း ဘယ်လိုကနေဒီကို ရောက်လာတာ
လည်းနင်က”
“စုမွန်တို့ သန္တာတို့လွတ်လိုက်တာ နင်ဒီမှာရှိနေတယ်ပြောလို့”
“အော်”
“နင်ဘာဖြစ်နေတာလည်း နေခြည် နေမကောင်းဘူးလား နင့်ကြည့်
ရတာ မလန်းလိုက်တာ”
“ဘာမှမဖြစ်ပါဘူး ငါစဉ်းစားနေတာ”
“ဘာလည်း နင့်ကောင်လေးအကြောင်းလား အဲ့လိုဆိုရင်
ငါဒီကို လာတာ အနောင့်ယှက်များဖြစ်သွားလား”
“ကောင်စုတ် နင်နော်ပေါက်တတ်ကရတွေပြောတော့မယ်”
“ဒါဆိုရင်
မဟုတ်မှလွဲရော နင်ငါကိုစိတ်ကောက်နေတာလား”
“ဟဲ့ငါကနင့်ကို စိတ်ကောက်ရအောင် နင်နဲ့ငါက ချစ်သူတွေမှ မဟုတ်သာ”
“အေးဒါလည်းသုတ်သားဘဲ”
မိမိ၏စကားများကိုညင်းဆိုမှုမရှိဘဲ မတိုင်းမဆွပင် ထောက်ခံသော ငြိမ်းချမ်းဦးကိုကြည့်ကာ
နေသည်မျက်နာတွင် ၀မ်းနည်းရိပ်တို့ တမ်းလာလေ သည်။
“နင်အခုတလော ငါ့အပေါ်ကို စိမ်းနေသလိုဘဲနော် ငြိမ်းချမ်း၊
ပြီးတော့ အကြောင်းမရှိ အကြောင်းရှာပြီး ထိုင်းကိုလည်းခနခန သွားတယ် ဘာလို့လည်း”
“နင်စိတ်ထင်လို့ပါနေခြည်ရာ ငါကနင့်အပေါ်ကိုရော
အိမွန်တို့ အပေါ် မှာပါ ငယ်သူငယ်ချင်း သံယောစဉ် အပြည့်ရှိတယ် ဘယ်တော့ မှမပြောင်းလဲဘူး၊
ပြီးတော့ထိုင်းကိုသွားသွားနေတယ်ဆိုတာလည်း အဖေ့အလုပ်ကိစ္စနဲ့မို့ပါ”
“ညာမနေပါနဲ့ငြိမ်းချမ်းရာ ငါကနင့်အတွက် အမြဲတမ်း သူငယ်ချင်းပါ”
“ငါကဘာကိုညှာရမှာတုန်း ဘာလဲနင်တခုခုကိုကြိုသိနေလို့လား”
“နင်ထိုင်းမှာ ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတယ်ဆို”
“ပေါက်ကရတွေ မဖြစ်သေးပါဘူး နင့်ကိုယ်ဘယ်သူပြောလဲ”
“ဖြစ်ဖို့တော့အလားအလာ ရှိတယ်ပေါ့”
“နေခြည် နင့်စကားကြီးက ငါ့ကိုရွဲ့နေသလိုဘဲဟာ”
“နင်နဲ့ငါနဲ့ကြားမှာ နင်မှပွင့်လင်းမှုမရှိတာ”
“ငါအမှန်တိုင်းပြောရရင် ငါဆူးကို လပ်ထပ်ဖို့ ခွင့်တောင်းထားတယ်။
သူလည်းငါ့ကို ဖေဖော်ဝါရီ၁၄မှာ အဖြေပေးမယ်လို့ ပြောခဲ့တယ် ဒါပေမဲ့”
“ဒါပေမဲ့ဘာဖြစ်လည်း ငြိမ်းချမ်း ဖေဖော်ဝါရီ ၁၄က
တနေ့ကဘဲလေ နင့်ကိုသူကမချစ်နိုင်ဘူးတဲ့လား”
“မဟုတ်ပါဘူး”
“ဒါဖြစ်ရင် သူ့အချစ်ကိုရခဲ့တာပေါ့ နင်ဝမ်းမသာဘူးလား”
“အဲ့လိုလဲ မဟုတ်ဘူး”
“နင့်ဟာကြီးကလည်း ဘာကြီးမှာလဲ မသိတော့ဘူး ဟုတ်လိုက်မဟုတ်
လိုက်နဲ့ ငါနားလည်အောင်ပြောစမ်းပါဦး”
“အဲ့ဒီနေ့မှာ သူနဲ့ငါနဲ့ဆုံနေကြ ခုံတန်းလျားလေးမှာ
ညနေခင်းအချိန် အဖြူရောင်ဝတ်စုံလေးနဲ့ လာခဲ့ဖို့ ချိန်းထားခဲ့တယ် ဒါပေမဲ့ငါက အဲ့ဒီအချိန်မတိုင်မှီ
နေ့ခင်းလောက်ထည်းက ရန်ကုန်ကိုပြန်ဖို့အတွက် လေဆိပ်ကို ရောက်နေပြီလေ”
“နင်သူ့ကိုအကြိုအကြောင်းမပြောခဲ့ဘူးလား”
“သူ့မျက်နှာလေးတောင် တချက်တွေ့ခွင့်မရခဲ့ပါဘူး”
“ဘာဘဲဖြစ်ဖြစ် နင်ကံကောင်းမှာပါ နင်ကမွေးလားကတည်းက
ကံကောင်းခြင်းတွေနဲ့ အတူမွေးဖွားလာတဲ့သူဘဲ ငြိမ်းချမ်းရာငါကသာ အမြဲကံဆိုးနေတာ။ နင်ပျော်တယ်ဆိုရင်
ငါ့ရင်ထဲက ခံစားချက်တွေကို တသက်လုံး နင်စိတ်ချမ်းသာဖို့အရေး ကွယ်ဝှက်ထားပါတော့ မယ်ငြိမ်းချမ်း။
နေခြည်ဆိုတဲ့ငါက နင့်အတွက် နင်လိုအပ်တဲ့ အချိန်မှာ အမြဲတမ်းအသင့်ရှိနေပြီး နင်မလိုတော့တဲ့အချိန်မှာ
အဝေးကနေ နင့်ကိုမြင်တွေ့ခွင့် လေးရရင်ကြေနပ်နေပြီးသားပါ။”
အဝေးက အင်းလျားကန်ဘောင်ရေပြင်ကျယ်ကြီးကိုငေးမောကြည့်ရင်း
လွမ်းမောစွာထွက်ပေါ်လာသော မျော်လင့်မထားသည့်နေခြည့်၏ စကားလုံး
များကြောင့် ငြိမ်းချမ်းဦးအားနာသွားမိသည်။
X
– X – X – X – X – X – X – X – X – X
“ဟေ့မိပြီမိပြီ
မပြေးနဲ့ ရှာလိုက်ရတာ တွေ့မယ့်တွေ့တော့လည်း ကန်တင်းမှာလာ တွေ့နေတာကိုး”
“မင်းတို့နှစ်ယောက်ရိုးရောရိုးရဲ့လား နေခြည်”
“ငါတို့က ရိုးရိုးသားသားပါဟ ငဦးရ”
“မင်းကိုမမေးရပါဘူးငြိမ်းချမ်းရာ
နေခြည့်ကိုမေးနေတာ မင်းကဘာလို့ ၀င်ဖြေရတာလည်း”
“နေခြည်ပင်ပန်းနေမှာစိုးလို့”
“ဟေးးးးးးးးး ရှေ့ကပိတ်ပြီးနောက်ကဖော်နေတာ ဟားဟား”
“တော်ကြပါတော့ စုမွန်ရာ မင်းတို့ဘာစားမှာလဲ မှာကြလေ”
“အိုကေမှာပြီဗျာ- ဘူးသီးကြော်နှစ်ပွဲ၊ အအေးသုံးလုံး”
“ဒါနဲ့ မင်းဒီတစ်ခေါက်ပြန်လာတာ ငါတို့အတွက် ဘာပါလည်း”
“တော်တော်သူငယ်ချင်းပီသ ကြတဲ့သူတွေ အလုပ်တွေ အဆင်ပြေရဲ့
လားလို့တော့ မေးဖော်မရဘူး”
“မင်းကတော်ပြီးသာဘဲကွာ မေးစရာလိုလို့လား”
“ဟုတ်သားဘဲ မင်းကနေခြည့်ဖို့တော့ဟန်းစက်တွေဘာတွေပို့ပေးလို့
ငါတို့ဖို့တော့ လက်ချည်းပလာသက်သက်”
“စုမွန်နင်နဲ့သူကတူမလားဟ
လိုက်နှိုင်းနေတယ်”
“ငါကနောက်တာပါငဦးရာ”
“အေးမေးခြင်တာတခုတော့ရှိတယ် ငြိမ်းချမ်းရ”
“ဘာမေးမှာလည်း စုမွန်”
အိစုနေခြည့်မျက်နှာကို မသိမသာလေး
တချက်ကြည့်လိုက်သည်။
“ဘာမှမဟုတ်တော့ပါဘူး”
“နင်မေးခြင်တာ ငါသိတယ်နော် စုမွန်”
“ဘာတွေပြောနေတာလည်း သန္တာ”
“နင်တို့ ဘာမေးခြင်တာလည်း ငါ့ကိုအားမနာနဲ့နော်”
နေခြည်တစ်ယောက် အိစုမွန်တို့ အုပ်စုလေးကို
လမ်းဖွင့်ပေးလိုက်သည်။
“အဲ့လိုမဟုတ်ပါဘူး နေခြည်ရ ငြိမ်းချမ်းကိုမေးရမှာ
သူအမှန်တိုင်း ဖြေခြင်မှဖြေမှာမို့လို့”
“ငါသိပါတယ် နင်တို့ငါကို ကွက်ကြည့်ကွက်ကြည့်နဲ့
ပြောနေတာ ဘာလည်းနင်တို့က သူ့ကောင်မလေး အကြောင်းမေးမလို့မဟုတ်လား”
“နင်ဘယ်လိုလုပ်သိလည်း နေခြည် ”
“ငါတို့အားလုံးက သူငယ်ချင်းတွေဘဲ သိတာပေါ့”
“အဲ့လိုဆိုရင် နင်ထင်မြင်ချက်မှားနေပြီနေခြည်”
“ဘာလို့လဲ”
“စုမွန်နဲ့ ငဦးက”
“ဟဲ့သန္တာ နင်ဘာတွေဖော်ကောင်လုပ်မလို့လည်း နင်နော်”
“ငါကဟုတ်တာပြောမှာ ဘာဖြစ်လည်း”
“ပြောပါစေပေါ့ အဲ့ဒါမှကြေညာပြီးသားပြီးသွားတာပေါ့ စုမွန်”
“တွေ့လား ငဦးတောင်ထောက်ခံနေပြီ”
“နင်ဖွရင်ငါလည်းဖွမှာနော်”
“ဖွဖွပေါ့ ငါနဲ့စိုးအောင်ချစ်သူတွေဖြစ်သွားကြပြီဆိုတာ
နေခြည် သိပြီးသား”
“ဟဟ မြန်လှချည်လား သန္တာ ဒါနဲ့စိုးအောင်လည်း မတွေ့ပါလား”
“နင်ထိုင်းကိုရောက်တုန်းကလေ သူကငါ့ကို
Propose လုပ်တာနဲ့ ငါလည်း”
“လက်ခံလိုက်တယ်ဆိုပါတော့”
“ပြီးတော့ငဦးနဲ့ စုမွန်လည်း ငါတို့လိုဘဲ တို့ထဲမှာ
အတွဲမရှိတာဆိုလို့ နေခြည်တစ်ယောက်ဘဲကျန်တယ်”
“ငါ တော့အတွဲရှိတယ်ပေါ့”
“နင်က ဆူး”
စကားတ၀တ်တပျက်နှင့်
တခုခုကိုသတိရမိသည့်အလား အိစုမွန်တစ်
ယောက် မိမိ၏နှုတ်ခမ်းကို လက်ကလေးဖြင့် ပိတ်လျက် ရှေ့ဆက်ပြောရန် တွန့်နေမိသည်။ အကြောင်းခြင်းအရာကို
နားလည်သဘောပေါက်သော နေခြည်မှ သူငယ်ချင်းများအကြား အနေအထိုင် ကျဉ်းကြပ်မှုမရှိအောင် လမ်းဖွင့်ပေးလိုက်သည်။
“နင့်မှာ ဆူးဆိုတဲ့မိန်းကလေးရှိနေပြီဘဲလို့
ပြောခြင်တာ မဟုတ်လား စုမွန်”
စုမွန်ုတချက်ပြုံးပြီးခေါင်းကလေးကို
ညင်သာစွာညိမ့်လိုက်သည်။
“ဟုတ်တယ် နေခြည်ပြောတဲ့အတိုင်းဘဲ အဟက်”
အိစုမွန်ပြုံးပြီး အရှက်ပြေ ရီလိုက်မိသည်။
“ဟုတ်တယ်ငြိမ်းချမ်း ငဦးဆိုတဲ့ငါလည်း မင်းနဲ့ဆူးအကြောင်းကို
သိချင် တယ် နေခြည် နင်ကော မသိချင်ဘူးလား”
“မသိချင်ပါဘူး နင်တို့သိချင်တာ ငါပြောပြမယ် သူကသူ့ကောင်မလေး
ဆီက အဖြေတောင်းထားတာ ကောင်မလေးက ဘယ်လိုအဖြေပေး လိုက်မှန်းတောင် သူမသိလိုက်ဘူး”
“နင်ပြောတာ ငါနားမလည်ဘူးနေခြည်”
“ဒီလိုဟား-သူ့ကောင်မလေး
သူ့ကိုအဖြေပေးမဲ့နေ့ ရဲ့အချိန်မတိုင်မှီ နာရီပိုင်းလောက်စောပြီး သူဒီကိုပြန်ခဲ့ရလို့ဘဲ”
“နင်သသိလှချည်လားနေခြည်”
“သိဆိုငြိမ်းချမ်းဘဲငါ့ကို ပြောပြထားတာလေ”
“ဟုတ်တယ် ငါနေခြည့်ကိုအားလုံးပြောပြထားပြီးသားပါ”
“ငြိမ်းချမ်းနင်မကောင်းဘူး သူငယ်ချင်းတွေထဲမှာတောင်မှ
နင်က နေခြည့်ကိုဦးစားပေးတယ်”
“အဲ့လိုလည်းမဟုတ်ပါဘူး ကြုံကြိုက်လို့ပါ သန္တာရယ်”
“ကြုံကြိုက်လို့တဲ့”
“တော်ပါတော့စုမွန်ရယ် သူများနေရခက်အောင် မပြောနဲ့တော့
လာကိုယ်တို့ တနေရာရာလစ်ကြစို့”
ပြောပြောဆိုဆိုနှင့်
ငဦးတစ်ယောက် စုမွန်လက်ကိုဆွဲကာ တနေရာရာ သို့ အမြန်ခြေနှုန်းနှင့် ထွက်ခွာ သွားလေ သည်။
ငြိမ်းချမ်းလှမ်းမေးလိုက်သော အမေးကိုပင် သေချာစွာ ပြန်မဖြေနိုင်။
“ဟေ့ရောင် ဘယ်တုန်း”
“မပြောဘူးဟော့ ပြောရင်မင်းတို့လိုက်လာမှာစိုးလို့”
X
– X – X – X – X – X – X – X – X – X
“နေခြည်- နင်ငြိမ်းချမ်းကိုစိတ်ဝင်စားနေတယ်မှတ်လား”
“ဘာတွေပြောနေတာလည်း သန္တာ”
“ညာမနေပါနဲ့ နေခြည်ရယ်၊ မင်းအကြောင်းကို ငါတို့အားလုံးသိတယ်”
“ဟယ်ကောင်မစုတ်တွေ မဟုတ်တရုပ်ပြောတော့မယ်”
“နင်မှန်မှန်ပြောနော်နေခြည် ဒါမှမဟုတ်ရင် နင်သူ့ကိုစိတ်ဝင်စား
နေတဲ့အကြောင်း ငြိမ်းချမ်းကိုဖွင့်ပြောလိုက်မှာ”
“နင်တို့နော် ဘာတွေလည်းမသိဘူး နင်တို့သိခြင်ရင်
ငါအမှန်တိုင်း ပြောမယ် ဟုတ်တယ်ငါသူ့ကို စိတ်ဝင်စား နေတယ် ဒါပေမဲ့သူကငါ့ကို သူငယ်ချင်းသံယောစဉ်ထက်မပိုဘူးလို့
ပြောပြီးပြီလေ”
“နင်ကလည်း ခုလိုလှု့အခွင့်အရေးထွန်းကားနေတဲ့ ခေတ်ကြီးထဲမှာ
ကိုးရီးယားကားတွေကို အတုယူစမ်းပါ ပြီးတော့သူက နင့်ကို ငယ်သံယောစဉ်ရှိပြီးသားဘဲ ငါတို့လည်း
ဘေးကနေ ၀ိုင်းလှော် ပေးမှာပေါ့”
“တော်ကြပါတော့ အိစုမွန်နဲ့သန္တာရယ် ငါကသူပျော်နေတာ
ကိုဘဲ မြင်ခြင်တာ သူပျော်နေမယ် စိတ်ချမ်းသာနေမယ် ဆိုရင် ငါကြေနပ် တယ်”
“နင့်ကြည့်ရတာ အားမလိုအားမရနဲ့ ဟိုကသူများနောက်ပါသွား
တော့မယ်”
“ဆူးကိုပြောခြင်တာလား”
“ဟုတ်တယ်နေခြည် ဆူးဆိုတဲ့မိန်းကလေးက ပျိုမှန်းမသိ
အိုမှန်းမသိ ဟိုကလည်း အညှာလွယ်လိုက်တာ”
(ကျတော်ဆူးကိုယုံတယ် ကျတော်ဆူးကိုဘဲချစ်တယ် ဆူးကိုလက်ထပ်
ယူမယ်အဖေ)
ငြိမ်းချမ်းတစ်ယောက်သူ့အဖေနှင့်ကတောက်ကဆဖြစ်ပြီးပြောခဲ့သောစကားများကိုနေခြည်ပြန်လည်ကြားရောင်နေမိသည်။
“သူက ဆူးကိုအရမ်းချစ်တာ
စုမွန်”
“ငါတို့က ဖိတ်မဲ့ဖိတ်ကိုယ့်အိပ်ထဲဘဲဖိတ်အောင်
ဆိုတဲ့ရည်ရွယ်ချက်နဲ့ နင့်ကိုပြောနေတာ နင်အီလည်လည် လုပ်မနေပါနဲ့ သူနောက်တခေါက် ထိုင်းကိုမသွားနိုင်အောင်
နင်မယာတွေနဲ့ သိမ်းသွင်းလိုက်စမ်းပါ နေခြည်ရာ”
“အချစ်မပါတဲ့
မာယာထောင်ချောက်ရဲ့ ကြို့ကွင်းထဲမှာတော့ သူ့ကိုငါ ထိန်းသိမ်းမထားနိုင်ဘူးစုမွန်”
“ငါတို့ကစေတနာနဲ့ပြောတာနေခြည်”
“နင်တို့စေတနာကိုလည်း
ငါအသိအမှတ်မပြုဘူး ပြီးတော့နင်တို့ လည်းပြန်တော့ဟာ ငါဟာငါ အေးဆေးနေခြင် လို့ပါ”
“နင်ပြန်ခိုင်းတော့လည်းပြန်ရတာပေါ့ နောက်မှငါတို့ကိုလာမသနဲ့
ဒါဘဲ၊ လာစုမွန်ပြန်မယ်”
အိစုမွန်ုနှင့်သန္တာ နေခြည့်အခန်းလေးထဲတွင်
ခြေဆောင့်ပြီး ထွက်ခွာ သွားကြသည်။
X
– X – X – X – X – X – X – X – X – X
“ခွပ်”
ငြိမ်းချမ်းဦးအငိုက်မိသွားသည်။
ကိုဖြိုး၏မမျော်လင့်သော ထိုးကြိုတ်မှု ကိုခံလိုက်ရ၍ ပန်းခြံလေး ဖက်သို့ ယိုင်ကြ သွားသည်။
“ကိုဖြိုး ခင်ဗျားဘာလုပ်လိုက်တာလည်း ဘာလို့ကျတော်ကို
ထိုးရတာ လည်း”
“မင်းကိုထိုးရုံတင်မကဘူး
သတ်ပါဖြစ်ချင်တာသိလားငြိမ်းချမ်း”
“ကိုဖြိုး
ခင်ဗျားဘာတွေပြောနေတာလည်း”
“ရိုးသားပြီးစိတ်ထားဖြူစင်တဲ့ မိန်းကလေးတစ်ယောက်ကို
မင်းတို့လို ငွေရှင်သူဌေးတွေက ညမွေးပန်းလိုဘဲ သဘောထားကြတယ် အထူး သဖြင့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့်
တိုင်းတပါးမှာ အလုပ်လုပ်ကိုင် နေရတဲ့ မိန်းကလေးတွေကို မင်းတို့တန်ဖိုး မထားတတ်ကြတာ
မင်းကိုသတ်တောင်ပြစ်ချင်တယ် သိလားငြိမ်းချမ်း မင်းမို့လို့ ဒီတည်းခိုခန်းမှာ လာတည်းရဲသေးတယ်နော်”
“ခင်ဗျားပြောတာတွေ ကျတော်ဘာမှနားမလည်ဘူးကိုဖြိုး
အခု ကျတော်လာတာ ဆူးနဲ့တွေ့ဖို့လာတာ ဆူးဘယ် မှာလည်း”
“ဟာ---
ခွပ်၊ ခွပ်”
“ကိုဖြိုးဒီတခါ ကျတော်သီးခံမှာ မဟုတ်ဘူးနော် ဆူးဘယ်မှာလည်း
လို့ကျတော်မေးနေတယ်လေ”
နှခမ်းမှစီးကျနေသော
သွေးစများကိုလက်ဖြင့်သုတ်ရင်း ငြိမ်းချမ်း ဆိုသည်။ ငြိမ်းချမ်း၏အကျီ င်္လည်ဝကိုစုတ် ကိုင်ပြီး
ကိုဖြိုးမှ
“သီးမခံတော့
မင်းကဘာလုပ်ခြင်လည်း”
“ကိုဖြိုး
မလုပ်နဲ့”
နောက်မှရုတ်တရပ်အော်လိုက်သော အသံကြောင့်
ကိုဖြိုးလက်ကို လွတ်ပြီးနောက်သို့ လှည့်ကြည့်လိုက်သည်။
“ဆူး”
အနားနားသို့ရောက်လာသော
ဆူးကို ငြိမ်းချမ်းခေါ်မိသည်။ သို့သော် ဆူး၏ ဆူးရှသောအကြည့်နှင့် တခုခုကို နာကြည်းနေသော
မျက်လုံးတစုံ၏ တုန့်ပြန်မှုကိုသာ ရခဲ့သည်။
“ကိုဖြိုး
လာသွားရအောင် ဆူးအတွက်နဲ့ပြသနာမရှာပါနဲ့ အလုပ်ရှိ သေးတယ်”
ငြိမ်းချမ်း ဆူး၏လက်ကိုလှမ်းဆွဲလိုက်ခြင်းကြောင့်
ကိုဖြိုးကို ခေါ်ပြီး ထွက်သွားမည့်ဆူး၏ ခြေလှမ်းများကို ရပ်တန့်စေခဲ့သည်။
“ဆူး”
“ဆူးရှင့်ကိုမတွေ့ခြင်ဘူး ဆူးလက်ကိုလွတ်ပါ”
“ဆူးကျတော့ကို စိတ်နာနေတာလားဗျာ ကျတော်ရှင်း ပြတာကို
ခနလောက်နာထောင်ပေးပါ”
“ဖယ်ပါ”
ဆူး၏လက်ကောက်ဝတ်ကိုဆွဲကိုင်ထားသော
ငြိမ်းချမ်း၏လက်များကို ဖယ်ရှားပြီး တရွေ့ရွေ့ထွက်ခွာသွားသော ဆူးနောက်သို့ ကိုဖြိုးပါ
လိုက်ပါသွား သည်။
X
– X – X – X – X – X – X – X – X – X
“ကျတော်ဘာများ
အမှားလုပ်ခဲ့မိလို့လည်း ကိုအောင်ကြီးရာ”
“ကိုဖြိုးနဲ့ဆူးနေရာမှာဆိုရင်လည်း မင်းကိုငါအဲ့လိုဘဲဆက်ဆံမိမှာဘဲ
ငြိမ်းချမ်း”
“ဘာဖြစ်လို့လည်း ကိုအောင်ကြီးရာ ကျတော့်ကို ပွင့်ပွင့်လင်းလင်း
ပြောစမ်းပါ”
“အေး မင်းတကယ်ဘဲမသိဘူးဆိုရင် ငါပြောပြမယ်-
မင်းပြီးခဲ့တဲ့ အခေါက်ပြန်သွားတုန်းက ဆူးမင်းကို ညသန်း ခေါင်ယံကျော်
အချိန်အထိ ခုံတန်းလျှားလေးမှာ မင်းကိုထိုင်စောင့်နေခဲ့တယ်။ အဲ့ဒီညက မှတ်မှတ်ရရ ဖေဖော်ဝါရီ
၁၄ သူအဖြူရောင် ဂါဝင်လေး ၀တ်ထားခဲ့တယ်။”
**လာမဲ့ဖော်ဖော်ဝါရီလ
၁၄ရက်နေ့ညမှာ ကျတော့် ကိုချစ်တယ်ဆိုရင် ဆူးအဖြူရောင် ၀တ်စုံလေးဝတ်ပြီး ဒီခုံတန်းလျားနေကိုလာခဲ့ပါ
ကျတော် စောင့်နေမယ်**
တချိန်က ဆူးကိုချစ်ခွင့်ပန်ခဲ့ဘူးသည့်
နေ့က မိမိပြောခဲ့သော စကားလုံးများကို ငြိမ်းချမ်းတစ်ယောက် ပြန်လည်ကြားရောင်မိသည်။ သို့သော်
၎င်းနေ့၏အချိန်မတိုင်မှီ ငြိမ်းချမ်းမြန်မာပြည်သို့ ပြန်သွားခဲ့ရသည်။
“ကျတော်နားလည်ပါပြီဗျာ ဒါကြောင့်ဆူးရောကိုဖြိုးပါ
ကျတော့ကို နာကြည်းနေကြတာကိုး”
“အဲ့ဒီထက်
နာကြည်းစရာကောင်းတာ ရှိသေးတယ်ကိုဖြိုး”
“ဗျာ-ဘယ်လို ကျတော့်ကိုရှင်းအောင်ပြောပါဦးဗျာ”
“အဲ့ဒီညက×××××××××
××××××××××××××××× ×××× ×××××××××××××××××××××× ××××××× ××××× ××××××××
××××××××××××× ××××××××× ××××× ××× ××××××××-××××××××××××××”
ယင်းညက ဖြစ်ပျက်သည့် ကိစ္စရပ်များအားလုံးကို
ကိုအောင်ကြီး ငြိမ်းချမ်းဦးကို ပြန်ပြောပြလိုက်သည်။
“အဲ့ဒါကျတော့်အမှားပါဗျာ ဘယ်သူ့ကိုမှအသိမပေးဘဲ ပြန်သွားမိတာ ကျတော့်ရဲ့မဟာအမှားပါဗျာ
ကျတော်ဆူးကို ကိုယ်တိုင်ဝန်ချ တောင်းပန်ချင်တယ် ကိုအောင်ကြီးကျတော့်ကို ကူညီပါဗျာ”
“နေစမ်းပါဦး
မင်းကချိန်းထားပြီးတော့ ဘာလို့ပြန်သွားရတာလည်း”
“ကျတော်တို့မှာ သားတခုအဖေတခုဘဲရှိပါတယ်၊ ကျတော်အမေက
ကျတော့်ကိုမွေးပြီးပြီးချင်း မီးတွင်းထဲမှာဘဲ ဆုံးသွားခဲ့တာပါ။ အဖေ အသဲတန်ဖြစ်နေတယ်။
ရန်ကုန်ဆေးရုံကြီးမှာ တင်ထားရတယ်။ ချက်ချင်းပြန်လာ ခဲ့ပါဖုန်းဆက်လို့ ကျတော် ချက်ခြင်းပြန်ခဲ့ရတာပါ။
ဟိုရောက်တော့ ကျတော်ဒီကိုချက်ခြင်းပြန်လာဖို့ အခြေအနေ မပေးတာနဲ့ခုမှ ဆူးဆီကိုလာဖြစ်တာပါ။
ကိုအောင်ကြီး ကျတော် ပြောတာကို ယုံပေးပါဗျာ”
“မင်းကို ငါယုံဖို့ထက် ဆူးယုံကြည်ဖို့လိုတယ်ငြိမ်းချမ်း
ကဲ့ငါလည်း အလုပ်ရှိသေးတယ်သွားပြီ”
ကိုအောင်ကြီးတစ်ယေက် ငြိမ်းချမ်းဦးအနားမှ ထွက်ခွာသွားလေသည်။
X
– X – X – X – X – X – X – X – X – X
ငြိမ်းချမ်းတည်းနေသော
အခန်းလေးကိုသန့်ရှင်းရေး လာလုပ်ကြသည့် အမျိုးသမီးများထဲတွင် လည်းဆူးပါမလာ တော့ပေ။ ဆူးသူနဲ့မတွေ့ခြင်
မမြင်ခြင် အရာရာအားလုံးကိုမေ့ပြစ်ထားလိုက်ခြင်ပါသည်။ ဆူးတို့လို ဆင်းရဲပြီး တည်းခို
ခန်းက သန့်ရှင်းရေး အလုပ်သမားကို ဘယ်ယောက်ကျာင်္းလေးက တန်ဖိုးထားမည်နည်း။ သူနဲ့ပါတ်သက်သည့်
အရာရာအားလုံးကို မေ့ပြစ်လိုက်ခြင်သည်။
ဆူး၏အခန်းလေးထဲမှ
ဖျာထွက်လာသော မုန်ဖျဖျမီးအလင်းရောင် ကြောင့် ငြိမ်းချမ်းဆူးအခန်းနားလေး သို့ရောက် သွားသည်။
အခန်းတံကားလေး စေ့ရရုံစေ့ပြီး ဂျက်ချမထားခြင်းကြောင့် ငြိမ်းချမ်းအထဲသို့ဝင်သွားလိုက်သည်။
ရေးချိုးခန်း လေးထဲမှ ရေချိုးပြီးလက်စ သပတ်ဝတ်ဆင်ပြီး မျက်နာသုတ်ပ၀ါ ငယ်လေးတခုကို ခန္ဒာကိုယ်အပေါ်ပိုင်းတွင်
လွမ်းခြုံထား သော ဆူးတစ်ယောက် ရေချိုးခန်းလေးထဲမှထွက်လာပြီး ငြိမ်းချမ်းဦးကိုမြင်လိုက်သည်နှင့်
ကိုယ်ပေါ်မှ လွမ်းခြုံထားသော သပတ်ကလေးကို ဆွဲစေ့လိုက်သည်။
“ရှင်ဒီအခန်းထဲကို ဘာလာလုပ်တာလည်း ခုထွက်သွား”
“ကျတော်မသွားဘူးဆူး ဆူးကိုကျတော် ရှင်းမပြရမခြင်းမသွားနိုင်ဘူး။”
“ရှင်နဲ့ဆူးကြားမှာ ဘာမှရှင်းနေစရာမလိုဘူး ရှင်ထွက်သွား
ရှင်မ သွားရင် ဆူးအော်လိုက်မှာနော်”
“အော်ဆူး မင်းကြိုက်သလိုအော်လိုက် ကျတော်မသွားဘူး
ကျတော့်ကိုရှင်းပြခွင့်လေးတော့ပေးပါ”
“ရှင် အနားတိုးမလာနဲ့နော်”
တရွေ့ရွေ့ဖြင့်ဆူးအနားသို့ရွေ့လျားသွားသောငြိမ်းချမ်းကို
ဆူးဟန့် တားသော်လည်း ငြိမ်းချမ်း၏ ခြေလှမ်းများ ကား မရပ်။ ဆူး၏မျက်လုံးလေး များသည်
နီးစပ်ရာစားပွဲပေါ်ရှိ ဓါးလေးဆီသို့ဝှေ့ဝိုက်လျက် ဓါးလေးကိုလျင်မြန်စွာ လှမ်းယူ လိုက်သည်။
ဓါးကိုငြိမ်းချမ်းရှိရာဘက်သို့ ရွယ်လျက်
“ရှင်ရှေ့တိုးမလာနဲ့နော်”
ဆူးတစ်ယောက်
နောက်သို့ဆုတ်သွားပြီး ကြမ်းခင်းတွင်ကျနေသော ပုလင်းငယ်လေးတလုံးကို နင်းမိရာ
ခြေချော် ကျသွားပြီး လက်မှကိုင်ထားသည့် ဓါးလေးသည် အပေါ်သို့မြောက်ပင့်တက်သွားပြီး
ပြန်ကျလာချိန်တွင် ဆူးမ၏ခြေသလုံး လေးကို ရှမိပြီးသွေးများစီးကျလာလေသည်။
“ဆူး”
စိတ်ပူခြင်း စိုးရိမ်ခြင်းများနှင့်အတူ
ဆူးကိုထူမရန်ငြိမ်းချမ်းကြိုးစားလိုက်သည်။
“ရှင်ဆူးအသားကိုမထိပါနဲ့”
ရုန်းကန်ညှင်းဆန်နေသောဆူးကို ငြိမ်းချမ်း၏သန်မာသော
လက်များ ဖြင့် ချုပ်နှောင်ထားလိုက်သည်။
No comments:
Post a Comment