နှလုံးရောဂါ၊ သွေးကင်ဆာ
ပြီးတော့ ဆူးရဲသစ်နောက်ပြီး ဆူး ဟာမဖြစ် နိုင်ဘူး။ ဆူး-ဆူး ဆူးများလား အဖြူရောင် နှင်းဆီပန်းစီးလေး ကိုင်ဆောင် ထားသော အမျိုးသားသည်
ရှေ့မှပြောနေသော စကားများကို သေချာစဉ်စား သုံးသပ် ကြည့်သည့်။ ထို့နောက်မြန်ဆန်သော ခြေလှမ်းများနှင့်အတူ
ဆရာဝန်နှင့်နတ်စ်မလေးတို့ကို အမှီလိုက်လေသည်။
အချစ်နှင့်နှောင်ကြိုး |
“ကျေး-ကျေးဇူးပြုပြီး ခနလောက် တခုလောက်မေးပါရစေဒေါက်တာ”
“မောင်ရင်က ဘယ်သူတုန်း ဘာသိချင်လို့တုန်း”
“ကျတော်က ကိုဖြိုးပါ သူငယ်ချင်းတစ်ယောက်ရဲ့ အမေနေမကောင်းလို့
လာကြည့်တာပါ ခုနက ဒေါက်တာတို့ ပြောနေတဲ့ ဆူးဆိုတာ ပြင်ဦးလွင်က ဆူးရဲသစ်လေးရဲ့အမေကိုပြောတာများလားဗျာ”
ဒေါက်တာသည် နတ်စ်မလေးကိုတချက်ကြည့်လိုက်ပြီး
“ဆူးရဲသစ်အမေတော့ဟုတ်တယ် ပြင်ဦးလွင်ကတော့ မဟုတ်ဘူး
ရန်ကုန်ကဘဲ သူ့မှာဆွေးမျိုးတွေ မရှိကြတော့ဘူး မသီတာတို့ မောင်နှမတွေနဲ့ အတူနေပြီး မုန့်ဆိုင်လေးမှာ
ဝင်ရောင်းကူတာ မင်းနဲ့ သိလို့လား”
“အော်ဟုတ်ကဲ့ ကျတော်အသိများ ဖြစ်နေမလားလို့ မေးကြည့်
တာပါ ဒေါက်တာ”
“အင်း သေခြာသွားအောင် လူနာကိုသွားတွေ့လိုက်လေ”
“ဟုတ်ကဲ့ ကျေးဇူးပါဘဲဒေါက်တာ”
အဖြူရောင်နှင်းဆီပန်းဆီးလေးကို ကိုင်ဆောင်ထားသည့်
လူလယ် လေးတစ်ဦး တိတ်တဆိတ် ၀င်ရောက်လာလေသည်။ လူနာကုတင်ပေါ်တွင် အိပ်မောကျနေသော အမျိုးသမီး
လူနာတဦးကို ထိုလူငယ်လေး မြင်တွေ့လိုက် ရချိန်တွင် ထိုလူငယ်လေး၏မျက်နှာသည် ကြက်သေသေသွားလေသည်။
အဖြူရောင်နှင်းဆီ ပန်းဆီးလေးကို ခုံပေါ်တွင်ချကာ လူနာကုတင်ဘေးတွင် ထိုင်ချလိုက်ပြီး
ကုတင်ပေါ်မှ လူနာအမျိုးသမီးကို ဂရုဏာများဝန်းလေးများဖြင့် ကြင်နာစွာ ကြည့်နေမိသည်။ အချိန်မည်မျှ
ကြာရှည်စွာ ထိုင်ပြီးကြည့် နေမိမှန်းမသိ စားပွဲပေါ် မှစာပွဲတင် နာရီလေး တချက်ချက်မည်သံကြောင့်
နာရီလေးကိုတချက်ကြည့်မိသည်။ အချိန်သည် ၁ နာရီပင်ကျော်ပြီဖြစ် သည်။ ပိုမိုသေချာ သွားအောင်
လက်မှလက်ပတ်နာရီလေးကို တချက်ငုံ့ကြည့်လိုက်ပြီး စားပွဲပေါ်တွင် အသင့်တင်ထားသော စာအုပ်လေး
တအုပ်နှင့် ဘောပင်လေး တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက်တခုခုကိုရေးချလိုက်ပြီး
နေရာတွင် ပြန်တင်ထားပြီး လူနာကိုတချက်ကြည့်ကာ အခန်းလေးထဲမှ ထွက်ခွာလာခဲ့သည်။ အချိန်မည်မျှ
ကြာရှည်စွာအိပ်မော ကျနေမှန်းမသိ နိုးထလာချိန်တွင် မွန်းလွဲ ၁နာရီပင်ကျော်လုပြီ။ လူနာစားပွဲလေးပေါ်တွင်
တင်ထားသော အဖြူရောင် နှင်းဆီပန်းဆီးလေးကြောင့် စိတ်ထဲတွင် ကြည် ကြည်လင်လင်ရှိလှသည်။
နှင်းဆီပန်းဆီးလေးဘေးတွင် ချထားသော စာလေး တစ်စောင်ကို အမှတ်မထင် တွေ့လိုက်ရသောကြောင့်
ကောက်ယူပြီး ဖတ်ကြည့်နေမိသည်။
ဆူး
အချိန်တွေကြာညောင်းသွားပေမဲ့ ဆူးဆီကိုအမြဲစိတ်ရောက်နေသူပါ။
ကိုယ်နောက်တခေါက် လာပါဦးမယ်။ နေကောင်းအောင်နေပါ။
ကိုဖြိုး
ကိုဖြိုးတဲ့ သူဒီကိုဘယ်လိုကနေ ဘယ်လိုရောက်လာတာလည်း။ စာလေးအဆုံးတွင် တခုခုကိုစဉ်းစားပြီး အိပ်ရာပေါ်တွင် ပြန်လှဲနေလိုက်သည်။
X
– X – X – X – X – X – X – X – X – X
ဦးထူးမော်အလုပ်သွားနေသော နေ့လယ်ခင်းဖက်တွင် ဒေါ်မေသစ္စာ တစ်ယောက် အိပ်ခန်းလေးကို
သန့်ရှင်းရေး ပြုလုပ်ပြီး အိပ်ရာလဲ ရန်ပြင်ဆင် နေသည်။ အိပ်ရာခင်းကို ထုတ်လိုက်ချိန်တွင်
အိပ်ရာခင်းအောက် တွင် မှောက်လျှက် ထားသော ဓါတ်ပုံလေးတပုံကို အမှတ်မထင်ဘဲ တွေ့လိုက်
ရလေသည်။ ဓါတ်ပုံနောက်ကျောဖက်တွင် ရေးထားသော ဆူး ဆိုသည့်နာမည် လေးကြောင့် ဒေါ်မေသစ္စာတယောက်
ထိုပုံလေးကို စိတ်ဝင်တစား ကောက် ကြည့်မိသည်။ ဟင် သမီးလေး ဒါဒါ သမီးလေး ဆူး-ဆူး သမီးလေးဓါတ်ပုံပါလား။ ဒါဆိုရင် ကိုထူးမော်နဲ့ သမီးက အိုမဖြစ်နိုင်တာ သမီးကကိုယ်လို့
ရေးထားတာ ဆိုတော့ ဒါဖြစ်ရင် ငြိမ်းချမ်းဦးနဲ့ သမီးနဲ့က ချစ်သူတွေဖြစ်ခဲ့ကြတာလား။ ဒါဆိုနေခြည်က
အလုပ်မှပြန်လာသောဦးထူးမော်တစ်ယောက် ဧည့်ခန်းလေးထဲတွင် ကြိုနေကြ
ဇနီးသည်ကိုမတွေ့ရ၍ အိမ်ပေါ်သို့ အလောတကြီး တက်လာခဲ့သည်။ အိပ်ရာထက်တွင် မှင်သေသေထိုင်နေသော
ဒေါ်မေသစ္စာကို တွေ့လိုက်ရသောကြောင့် ဦးထူးမော်တစ်ယောက် အနားသို့သွားပြီး ဖက်လိုက်လေသည်။
သို့သော်ဒေါ်မေသစ္စာထံမှ မည်သူသည့်အသံမှ ထွက်ပေါ်မလာ။ ဦးထူးမော်၏ အထိအတွေ့ကြောင့် ဒေါ်မေသစ္စာတစ်ယောက်
အိပ်ရာပေါ်သို့ လှဲကြသွားလေသည်။
“မေလေး
မေလေး လုပ်ကြပါဦးဗျာ မေလေးဘာဖြစ်သွားလည်းမသိဘူး ဒေါ်ကြီးသုန် ဒေါ်ကြီးသုန်”
“မောင်ထူးမော် ဘာဖြစ်တာတုန်း”
အမောတကောဖြင့် အပြေးတပိုင်းနှင့်ရောက်လာသော
ဒေါ်ကြီးသုန်တစ်ယောက် ဦးထူးမော်ကိုမေးလိုက် လေသည်။
“ဦး မေမေဘာဖြစ်တာလည်း”
မောင်လေးလက်ကိုဆွဲကာ
အနားတွင်ရောက်လာသော ဒေါ်မေသစ္စာ ၏ သမီးလေးမှ မေးလိုက်သည့်အသံကိုပင် ဦးထူးမော်ပြန်မဖြေနိုင်ခဲ့။
“ဒေါ်ကြီးသုန်
ဆရာဝန်ဖုန်းဆက်ဗျာ ”
ဆယ်မိနစ်လောက်ကြာသော်
ဆရာဝန်နှင့် ငြိမ်းချမ်းဦးတို့ ဇနီးမောင်နံ ရှေ့ဆင့်နောက်ဆင့်ရောက်လာလေသည်။ ဆရာဝန်မှ
လူနာကိုသေခြာ စမ်းသပ် စစ်ဆေးကြည့်ရှု့ပြီး ဦးထူးမော်နှင့်တကွ အနားတွင်ရှိနေသော လူအားလုံးကို
လှည့်ပတ်ကြည့်လိုက်လေသည်။ ထို့နောက် မျက်လွာကိုချကာ ခေါင်းကို တွင်တွင်ခါလိုက်လေသည်။
“ဒေါက်တာ
မေလေးအခြေအနေ”
“လူနာအသက်မရှိတော့ဘူး”
“ဗျာ”
“ဘယ်လို”
“ဟုတ်တယ် လူနာမှာ နှလုံးရောသွေးတိုးပါ ရှိနေတော့
တခုခုကို အံ့သြထိပ်လန့် တုန်လှုပ်ပြီး အသက်ပါ ပါသွားရတာ ကျတော့်ကို ခွင့်ပြုပါဦးဗျာ”
ငြိမ်းချမ်းဦးတစ်ယောက်
ဆရာဝန်ကိုလိုက်လံပို့ဆောင်လိုက်လေသည်။
“ဖြစ်မှဖြစ်ရတယ်မေလေးရယ် ကိုယ်ဘယ်လိုဖြေရမှာလည်း”
“ဦး-ဦး မေမေဘာဖြစ်တာလည်းဟင်”
“တူမလေး မင်းတို့အမေဆုံးပြီး မင်းတို့အမေမရှိတော့ဘူးတဲ့”
“အမေဆုံးပြီ ဟုတ်လားကြီးကြီးသုန် အမေ---------”
နားကွဲမတက် အော်ဟစ်ငိုကြွေးနေသော
အလေးငယ်နှစ်ဦးကို မည်သူမျှ ချော့သိမ့်မှုမပြုကြ။ သူတို့လေးတွေနှင့် အတူ အားလုံးလိုလိုပင်
ကြွေကွဲနေကြသည်။ သူတို့လေး၏ ပုခုံးများကို ငြိမ်းချမ်းဦးနှင့်နေခြည်နွေးတို့မှ ပွေ့ဖက်ပြီး
အားပေးနေလိုက် ကြသည်။
X
– X – X – X – X – X – X – X – X – X
“အဖေနိုင်ငံခြားသွားဖို့
တကယ်ဘဲ ဆုံးဖြတ်ချက်ချလိုက်ပြီလား”
“ဟုတ်တယ်သား မေလေးမရှိတော့တဲ့နောက်ပိုင်း အဖေလည်း
ဒီအိမ်ကြီးမှာ ဆက်မနေခြင်တော့ဘူး မေလေးက ဟော့ဒီဓါတ်ပုံလေး ကို မြင်တွေ့လိုက်ရပြီး ဆုံးသွားခဲ့တာ”
ဧည့်ခန်းလေးထဲတွင်
ဦးထူးမော်၊ ငြိမ်းချမ်းဦးနှင့် နေခြည်နွေး ထိုင်ပြီး စကားလက်စုံပြောဆိုနေကြသည်။ ဒေါ်မေသစ္စာကလေးနှစ်ဦးတို့သည်လည်း ဦးထူးမော်၏
ဘေးလေးတွင် ငုတ်တုတ်ကလေး ထိုင်နေကြသည်။ ဦးထူးမော် လှမ်းပေးသော ဓါတ်ပုံလေးကို ငြိမ်းချမ်းဦး
လှမ်းယူပြီးကြည့်လိုက်သည်။ ချစ်သူဘ၀တုန်းက ဆူးအမှတ်တရ ပေးခဲ့သော ဆူးနှင့်သူမ၏ အမေတွဲ
ရိုက်ထားသော ပုံပင်တည်း။ ငြိမ်းချမ်းဦးတစ်ယောက်သက်ပြင်းအရှည်ကြီး တချက်ချ လိုက်လေသည်။
“အဖေသွားမယ်ဆိုရင် ဒီကလေးတွေက”
“မေလေးနဲ့ပတ်သက်ပြီး သူတို့က အဖေ့ရဲ့သားသမီးတွေဘဲလေ
သူတို့ကိုပါခေါ်သွားရမှာပေါ့”
“ကောင်းပါတယ်အဖေရယ် ဟိုမှာဆိုသူတို့ပညာရေး ပိုမိုမြင့်မားလာ
တာ ပေါ့”
တိတ်ဆိတ်စွာထိုင်နေသော
နေခြည်နွေးမှ ကလေးကိစ္စကိုဝင် ရောက်တိုင်ပင်လေသည်။
“အရာရာအားလုံးက ကျတော့်ကြောင့်ဖြစ်ခဲ့ကြတာဆိုတော့
ကျတော် ဘာမှ မပြောလိုတော့ပါဘူးအဖေ။ အဖေကောင်းသလိုသာ စီစဉ်ပါတော့”
X
– X – X – X – X – X – X – X – X – X
“ကလင်-လင်း ကလင်း-လင်း”
အိမ်ရှေ့မှ လူခေါ်ဘဲလ်း မည်တွန်းသံကြောင့် နေခြည်နွေးတစ်ယောက်
ခြံတကားနားသို့ လျောက်လာလေ သည်။ သို့သော်မည်သည့်အရိပ်အရောင်မျှ မတွေ့ရ။ နေခြည်နွေး
တံကားလေးကို ဟပြီး အပြင်ဖက်သို့ ချောင်းမြောင်းကြည့်သည်။ နကိုရှိရင်းအတိုင်ပင် ညိမ်သက်လျက်။
ခြံတံကားကိုပိတ်ပြီး ပြန်ဝင်မည်အပြု ခြံဝန်းသော့ခလောက်ခက်ရာ နေရာတွင် စာအိပ်လေးတလုံး
ညှပ်ထားသည်ကို တွေ့လိုက်ရသည်။ စာအိပ်လေးကိုဖြုတ်ယူပြီး နေခြည်နွေး တစ်ယောက် အိမ်လေးဆီသို့
ပြန်လည်ထွက်ခွာသွားလေသည်။
“ဘယ်ကဧည့်သည်လည်း
နေခြည်”
ဧည့်ခန်းလေးထဲတွင်
စာထိုင်ဖတ်နေသော ငြိမ်းချမ်းဦးတစ်ယောက် အိမ်ထဲသို့ပြန်ဝင်လာသောနေခြည့်ကို လှမ်းမေးလိုက်
လေသည်။
“ဘယ်သူမှလည်း မတွေ့ဘူး ခြံတံကားဝမှာ စာလေးတစ်စောင်တော့
တွေ့တယ်”
နေခြည်တစ်ယောက်
ခြံတံကားဝမှဖြုတ်ယူလာသော စာကိုငြိမ်းချမ်းဦး အား လှမ်းပေးလိုက်လေသည်။ ငြိမ်းချမ်းဦး
တစ်ယောက် စာအိပ်ကလေးကို ဖောက်ကြည့်သည့်။ စာရွက်ဖြူလေးကို ကြည့်ပြီး ငြိမ်းချမ်းဦးတယောက်
မျက်မှောင်ကြုပ် လိုက်မိသည်။ စိတ်ရှုပ်ထွေးနေသည့် ငြိမ်းချမ်းဦး၏ အမူအရာ ကို နေခြည်နားမလည်သည့်အလား
ဘေးတွင်ထိုင်ပြီး ကြည့် နေမိသည်။
“ဘာတွေရေးထားတာလည်းကိုယ်”
စာရွက်ဖြူလေးကို နေခြည်လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရန်ကုန်ဆေးရုံကြီး
ငြိမ်းချမ်းဦးလှမ်းပေးလိုက်သည့် စာရွက်ဖြူလေးပေါ်တွင် ဘာမှထွေထွေထူးထူး
ရေးသားမထားသည့် လိပ်စာလေး တစ်ခုသာ။
“နေခြည်တော့ နားမလည်တော့ဘူး”
“ကိုယ့်စိတ်ထဲမှာ တခုခုထူးခြားနေသလိုဘဲ ကိုယ်တို့ သွားကြည့်ရ အောင်”
“အင်းကောင်းသားဘဲ ဘာဘဲဖြစ်ဖြစ်သွားကြည့်ကြမယ်လေ နေခြည်လည်း လိုက်မယ်”
“အ၀တ်သွားလည်းချည်း ကိုယ်တို့ ခုဘဲ သွားကြမယ်”
လော့ချမထားဘဲ စေ့ရုံသာစေ့ထားသည့် လူနာအခန်းလေးထဲသို့ ငြိမ်းချမ်းဦးနှင့် နေခြည်နွေးတို့
နှစ်ဦးသား အသာတကြည် လှမ်းဝင်လာ လေသည်။ အခန်းလေးထဲတွင် အရုပ်ကလေးများဖြင့် ထိုင်ကစားနေသော
အသက် ၄-၅နှစ်အရွယ် ကလေးငယ်တဦးကို အရင်ဦးဆုံး လှမ်းမြင်လိုက်ရ
သည်။ ထိုကလေးငယ်ကို မြင်မြင်ခြင်း နေခြည်နွေးမျက်လုံးကလေး ပြူးကျယ် သွားလေသည်။ ထို့နောက်စလင်းပတ်အိပ်လေးကို
အသာလေးဖွင့်ကာ လွန်ခဲ့သော နှစ်အနည်းငယ်က မိမိတို့ဆီ ရောက်လာသော ဓါတ်ပုံကလေး တပုံကို
ငြိမ်းချမ်းဦးအား လှမ်းပေးလိုက်သည်။ ငြိမ်းချမ်းဦး သည် ထိုကလေး ငယ်ကို ကြည့်ပြီး
နေခြည်လှမ်းပေးသည့်ပုံလေးကို ကြည့်သည်။ အထပ်ထပ် အပြန်ပြန် အသေအခြာကြည့်ပြီး မျက်လုံးအ၀ိုင်းသားနှင့်
နေခြည့်ကို လှမ်းကြည့်လေသည်။ ပုံထဲမှကလေးငယ်သည် ယခုအပြင်ဖက် တွင် တွေ့လိုက် ရခြင်းကြောင့်ဖြစ်သည်။
နေခြည်နွေးသည် ကလေးငယ်၏အနားသို့ လျောက် သွားပြီး ငြိမ်းချမ်းဦးသည် ကုတင်ထက်တွင် လှဲလျောင်းနေသော
လူနာဆီသို့ ဦးတည်သွားခဲ့သည်။ လူနာကို မြင်မြင်လိုက်ချင်း ငြိမ်းချမ်းဦး တုန်လှုပ်
သွားလေသည်။
“ဆူး”
နှုတ်မှဆူးဟု ရုတ်တရပ်ခေါ်မိပြီး ဘေးဘီရာဝဲကို တချက်ကြည့် လိုက်
သည်။ ထို့နောက် စာပွဲလေးပေါ်တွင် တင်ထားသည့် စာလေးကို ကောက်ကြည့် မိသည်။
ဆူး
အချိန်တွေကြာညောင်းသွားပေမဲ့ ဆူးဆီကိုအမြဲစိတ်ရောက်နေသူပါ။
ကိုယ်နောက်တခေါက် လာပါဦးမယ်။ နေကောင်းအောင်နေပါ။
ကိုဖြိုး
ငြိမ်းချမ်းဦးတစ်ယောက် နားလည်လိုက်သည်။ မိမိထံသို့ လိပ်စာရေးပို့
လိုက်သူမှာ ကိုဖြိုးဖြစ်ကြောင်းကို ငြိမ်းချမ်းဦး နားလည်သဘောပေါက်၍ ပြုံးပြီး ခေါင်းညိမ့်နေမိသည်။
ထို့နောက် လူနာကုတင်ဘေးတွင် ငြိမ်သက်စွာ ထိုင်ချ လိုက်သည်။ နေခြည်တစ်ယောက် ကလေးငယ်ကို
ပွေ့ချီကာ ငြိမ်းချမ်းဦး အနားသို့ ရောက်လာလေသည်။ အိပ်ရာကုတင်ထက်တွင် လှဲနေသော လူနာကိုမြင်တွေ့
လိုက်ရချိန်တွင်လည်း နေခြည်နွေးမျက်လုံးကလေးများ ၀ိုင်းတက်သွားရသည်။ ထို့တောက် ငြိမ်းချမ်းဦးကို
တချက်လှမ်းကြည့် လိုက်လေ သည်။ ငြိမ်းချမ်းဦးသည် စာပွဲပေါ်မှ ကောက်ယူထားသည့် စာလေးကို
နေခြည့် အားလှမ်းပေးလိုက်သည်။ နေခြည်သည်သည် စာလေးကိုဖတ်ပြီး တခုခုကို နားလည်သည့် အလားငြိမ်းချမ်းကိုခေါင်းညိမ့်ပြလေသည်။
အချိန်မည်မျှကြာကြာ ထိုင်နေမိကြမှန်းမသိ အိမ်ရာကုတင်ပေါ်မှ ညည်းထွးသံသဲသဲကိုကြားလိုက်ရမှ
ငြိမ်းချမ်းဦးနှင့်နေခြည်တို့ နှစ်ဦးလုံးအသက်ဝင်လာကြသည်။ ခက်ခက်ခဲခဲ အသက်ရူသံနှင့်အတူ
မျက်လုံးများဖွင့်လာသော လူနာသည် ကုတင်ဘေးတွင် ထိုင်နေသော မုန်ဝါးဝါးသဏ္ဍာန်နှစ်ခုကို
မြင်ကွင်းတွင် မြင်တွေ့လိုက်ရသည်။ ထို့နောက်အမြင်အာရုံသည် တဖြေးဖြေးရှင်းလင်းလာပြီး
ကုတင်ဘေးတွင် ထိုင်နေသော သဏ္ဍာန်နှစ်ခုကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ လိုက်ရသည်။
“ဆူး-
သတိရလာပြီလား”
“ကိုယ်--- ကိုငြိမ်းချမ်းဦးဟုတ်ပါတယ်နော်”
ကိုယ်ဟုခေါ်လိုက်ပြီးမှ
တခုခုကိုသတိရလိုက်သည့်အလား ဆူးတစ် ယောက် ချင့်ချိန်လိုက်သည်။
“ ဆူး
ကိုယ့်ကိုမှတ်မိသေးတယ်နော် ၀မ်းသာလိုက်တာဗျာ”
“ဟုတ်-နေခြည်လည်း ပါတယ်နော်
နေကောင်းကြတယ် မဟုတ်လား မနေခြည်”
“ဆူးက နေခြည့်ကိုသိနေတယ်”
“သိတာပေါ့ ဆူးကကိုငြိမ်းချမ်းတို့ မင်္ဂလာဆောင်တုန်းက
နေခြည့်ကို မြင်ဖူးထားတာလေ”
“ဘယ်လို ဆူးကကိုယ်တို့မင်္ဂလာဆောင်တုန်းက လာတယ်ဟုတ်လား”
“အိုမဟုတ်ပါဘူး စာစောင်ထဲမှာ ဓါတ်ပုံပါလို့သိတာ”
အမှတ်မထင်မေးလိုက်သည့်
ငြိမ်းချမ်းဦးစကားကြောင့် ဆူးစကားကို လှလှပပလေလိမ်လိုက်မိသည်။
“ဒါ ဆူးရဲသားလေးလား
သူ့အဖေကော မတွေ့ပါလားဆူး”
“ဟုတ်ပါတယ် နေခြည် ဒါဆူးရဲ့သားလေးပါ ဆူးရဲသစ်တဲ့
သူ့အဖေက ခရီးသွားနေပါတယ်”
“ဟယ် ကလေးလေးက ချစ်စရာလေး နေထိုင်မကောင်းဖြစ်နေတာ
ကလေးအဖေကို လှမ်းခေါ်လိုက်ရောပေါ့ ဆူးရယ်”
“သူ--သူ မကြာခင်ရောက်လာတော့မှာပါ”
“ဆူး နေခြည်ကလေးကို အပြင်ခနလောက်ခေါ်သွားခြင်တယ်
ရမ လား”
“ရပါတယ်”
အပြုံးဖြင့် ခေါင်းညိမ့်ပြလိုက်ပြီး
ဆူးအားနည်းစွာ ဖြေလိုက်မိသည်။ နေခြည်တို့ ထွက်ခွာသွားပြီးနောက် ငြိမ်းချမ်းဦး သည်
နာမကျန်းဖြစ်နေသည့် ဆူး၏မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ စိတ်မကောင်းဖြစ်နေမိသည်။
“ကိုယ်--
ကိုငြိမ်းချမ်းတို့ ဒီကိုဘယ်ကနေဘယ်လို”
“စိမ်းကားလိုက်တာ ဆူးရယ် အရင်လိုဘဲ ရင်းရင်းနီးနီးဆက်ဆံပါလား
ကိုယ်တို့က”
“ဆူးတို့က ကလေးတွေမှ မဟုတ်ကြတော့တာ အချိန်တွေလည်း
ပောာင်းခဲ့ပြီဘဲ ကိုငြိမ်းချမ်းရယ်”
“ဟုတ်ပါတယ်လေ အခြေအနေတွေက အရင်တုန်းကလိုမှ မဟုတ်တော့ဘဲ
ဒါကိုကိုယ်ဘာလို့ လက်မခံ နိုင်တာလည်း ဒါနဲ့ ဆူး အခုအချိန်ထိ အသက်ရှင်ရက်နဲ့ ရှိနေသေးတယ်ဆိုတာကို
ကိုယ်လုံး ၀မသိခဲ့တာ အမှန်ပါဆူး”
“အရာရာအားလုံးက ဘုရားရှင်အလိုတော်အတိုင်းဖြစ်လာရတာပါဘဲကိုငြိမ်းချမ်း
ဆူးလည်းကိုငြိမ်းချမ်းဒီကို ဘယ်လိုကနေ ဘယ်လိုရောက်လာ လည်းဆိုတာ သိခြင်နေတာပါ”
“အရာရာအားလုံးဟာ ဘုရားရှင်အလိုတော်အတိုင်း ဖြစ်လာရတယ်
ဆိုရင် ကိုငြိမ်းချမ်းဦးကိုဒီကိုပို့လိုက်တာ ကျတ်ာပါဘဲဆူး”
အခန်းအ၀င်ဝမှ ထွက်ပေါ်လာသော
စကားသံကြောင့် ငြိမ်းချမ်းဦးနှင့် ဆူးတို့မှ လှမ်းကြည့်လိုက်ကြသည်။ လက်ထဲတွင် အဖြူရောင်
ဖူးပွင့်စနှင်းဆီ ပန်းစည်းကို ကိုင်ဆောင်ပြီး လှမ်းဝင်လာသော ကိုဖြိုးကိုတွေ့လိုက်ရသည်။
နှင်းဆီပန်းစည်းလေးကို ပထမအကြိမ်တင်ထားသည့် နှင်းဆီပန်းစည်းလေးနှင့် ပူးတွဲတင်ထားလိုက်သည်။
ထို့နောက် ငြိမ်းချမ်းဦးဘေးတွင် ကိုဖြိုးဝင်ထိုင် လိုက်လေသည်။
“ကိုဖြိုး”
“ဆူး”
“ဆူးဒီမှာရှိနေတယ်ဆိုတာ ကိုဖြိုးဘယ်လိုသိတာလည်း”
“ဒါကလည်း ဘုရားရှင်ရဲအလိုတော်အတိုင်းဖြစ်လာရတာဘဲလေဆူး”
ဆူး၏မေးခွန်းကြောင့်
ငြိမ်းချမ်းဦးတွေဝေနေမိသည်။ ဆူးရဲသစ်ကို ကိုဖြိုးနှင့်ဆူးတို့၏သားလေးဟု ငြိမ်းချမ်းဦး
လက်ခံ ယုံကြည်ထားသည်။ သို့သော် ဆူးမေးခွန်းအရ ကိုဖြိုးလည်း မိမိလိုပင် ဆူးဒီမှာရှိနေသည်ကို
အခုမှပင် သိလိုက်ရ သည့်အလား။
“ဆူးရဲသစ်က ကိုဖြိုးနဲ့ဆူးတို့ရဲ့ သားလေးမဟုတ်ဘူးလား”
“ကျတော်သည်အကြောင်းတွေ ပြောပြချင်လို့ ကိုငြိမ်းချမ်းတို့ကို
ခေါ်လိုက်တာပါဘဲ”
“ဗျာ”
“ကိုဖြိုး ဘာတွေသိထားတာလည်း”
“ကိုဖြိုး”
ကိုဖြိုးကို မပြောရန်
တောင်းပန်သည့်အကြည့်လေးများဖြင့် ဆူးခေါ် မိသည်။ ကိုဖြိုးတစ်ယောက်ဆူးကို ဂရုနာသက်စွာ
ကြည့်နေမိသည်။ ထို့နောက် ခွင့်လွတ်ပါဆူးရယ် ဆိုသည့်သဘောဖြင့် ပြန်ကြည့်နေမိသည်။
“ကိုဖြိုး ကျတော်မေးနေတယ်လေဗျာ”
“ကိုငြိမ်းချမ်းပြောသလိုဘဲ ဆူးရဲသစ်လေးသာ ကျတော့်သားလေး
ဖြစ်ခဲ့မယ်ဆိုရင် ကျတော်လောက်ပျော်တဲ့သူ ဒီကမ္ဘာမှာ ရှိဦးမယ် မထင်ဘူးကိုငြိမ်းချမ်း”
“မောင်က ဒီကိုရောက်နေတာကို ဟန်နီကဆေးရုံဆိုလို့ စုံစမ်းပြီးလိုက် လာတာ ဒါနဲ့သူတို့က”
နောက်မှထွက်ပေါ်လာသော အသံကြောင့် ကိုဖြိုး၊ ငြိမ်းချမ်းနှင့်ဆူးတို့
အားလုံးအကြည့်များ အသံရှင်ထံသို့ ရောက်ရှိကုန်သည်။ နောက်ဆုံးပေါ် ဒီဇိုင်းဖြင့် ခေတ္တမှီလှပနေသော
အမျိုးသမီးတဦးဝင်လာသည်ကို တွေ့လိုက်ရ သည်။
“ဟန်နီ လာလေ”
ကိုဖြိုးလှမ်းခေါ်လိုက်သည့် အသံကြောင့် ဟန်နီအနားသို့ ရောက်လာ
သည်။ ငြိမ်းချမ်းဦးသည် ကိုဖြိုးနှင့်ဆူးတို့ ဆက်နွယ်မှုကို နားမလည်သည့် အလား ကြည့်နေမိသည်။
“ဒါကကျတော်ရဲ့
အသစ်စက်စက်ဇနီး ဟန်နီတဲ့ ဟန်နီဒါကကိုငြိမ်း
ဦး သူကတော့
ဆူးမတဲ့”
“ဟုတ်ကဲ့တွေ့ရတာ ၀မ်းသာပါတယ်
ကိုငြိမ်းချမ်းနဲ့ မဆူး”
နှစ်ဦးလုံးသည်ဟန်နီ့စကားကို အသိအမှတ်ပြုသည့်အနေနှင့် ခေါင်း
ညိမ့်ပြလိုက်ကြသည်။
“ဟန်နီနဲ့ ကိုယ်ဖြိုးနဲ့က
”
“ကျတော်တို့က လက်ထပ်ထားတာ မကြာသေးပါဘူး
ကိုငြိမ်းချမ်း
ဟန်နီက မန္တလေးကလေ”
“ကျတော်က ကိုဖြိုးကို ဆူးရဲသစ်လေးရဲ့
----”
“အားမနာပါနဲ့ဗျာ ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်
ဟန်နီက သဘောထားကြီးပါတယ် ကိုငြိမ်းချမ်း ပြောခြင် တာက ဆူးရဲသစ်က ကျတော်နဲ့ ဆူးတို့ရဲ့သားလေးလို့
ထင်နေတယ်မဟုတ်လား”
ငြိမ်းချမ်းဦးတဟ်ယောက် ဟန်နီ့မျက်နှာလေးကို အားနာစွာ ကြည့်
လိုက်မိသည်။
“ကျတော်ဒီအကြောင်းတွေကို
ပြောပြခြင်လွန်းလို့ ကိငြိမ်းချမ်းကို ဒီကို ”
“ကျတော်ဒီအကြောင်းတွေ ပြောပြခြင်လွန်းလို့
ကိုငြိမ်းချမ်းကို ဒီကို
ရောက်အောင်ခေါ်ခဲ့တာပါ”
“ကိုဖြိုး ဘာတွေပြောမှာလည်း ပြီးခဲ့တာတွေ ပြီးပါစေတော့
ကိုဖြိုး ဆူးကိုဘ၀ကူးကောင်းအောင် တွေဝေစရာတွေ မပေးပါနဲ့လား ကိုဖြိုးရယ်”
တိတ်တဆိတ်နားထောင်နေသော ဆူးတစ်ယောက် ကိုဖြိုးကို အရာရာအားလုံး
ဆက်မပြောရန် တားဆီးလိုက်လေ သည်။ သို့သော် ကိုဖြိုး လက်မခံ။
“ဆူး ဆူးရဲသစ်ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ အနာဂတ်မှာ
ဖခင်မေတ္တာဆိုတာ ရှိမနေသင့်တော့ဘူးလား ဆူး ကျတော်ကတော့ ဆူးစိတ်ဆိုးလည်း ပြောရမှာဘဲဆူး
ကိုငြိမ်းချမ်း အမှန်တော့ ဒီကလေးလေးဟာ ကိုငြိမ်းချမ်းဦးနဲ့ ဆူးတို့ရဲ့သွေးတွေနဲ့ ဖြစ်တည်လာ
ခဲ့ရတဲ့ ကလေးလေးပါဗျာ”
“ဘာပြောလည်း ကိုဖြိုး ဆူးရဲသစ်လေးက ကျတော်နဲ့
ဆူးရဲ့ပါတ်သက် မှုကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့ကလေး ဟုတ်လား”
“တချိန်တုန်းက နေ့တနေ့မှာ ဆူးဟာကိုယ်ဝန်အရင့်မာကြီးနဲ့
ခင်ဗျားနဲ့ တွေ့ဖို့ သွားခဲ့တယ် ဒါပေမဲ့ အဲ့ဒီနေ့ဟာ ခင်ဗျားမင်္ဂလာပွဲချိပ့်ချိပ့်သဲ
နွဲနေတဲ့နေ့လေးတနေ့ဖြစ်နေခဲ့လို့ ဆူးဟာ Taxi ကားလေးပေါ် ကနေမဆင်းတော့ဘဲ
ခင်ဗျားတို့ လက်ထပ်ပွဲလေးကို ငေးမောပြီး လှည့်ပြန်ခဲ့တာပါ ဒီအကြောင်းတွေကို ပြင်ဦးလွင်က
မလှိုင်က ပိုပြိး သိပါတယ် ကိုငြိမ်းချမ်း”
“ဆူး-ဆူး ကိုဖြိုးပြောနေတာတွေက အမှန်တွေဘဲလား
ဆူး ကိုယ်မေး
နေတယ်လေ”
ဆူးပြန်မဖြေပါ။ တိတ်ဆိတ်စွာကြေကွဲခဲ့ရသည့် နေ့များကို သတိရ သည့်အလား
ဆူးဝမ်းနည်းစွာ မျက်ရည်ကျမိ သည်။ ငြိမ်းချမ်းဦး၏မျက်နှာကို ဖျော့ဝန်းသော မျက်ဝန်းအရောင်တို့ဖြင့်သာ
ကြည့်နေမိသည်။
“ဆူး-ကိုယ်မေးနေတယ်လေ ဆူး၊ ဆူးရဲသစ်လေးဟာ
ကိုယ့်သွေးနဲ့
တည်ခဲ့တဲ့ ကိယ့်သားလေးလားဆူး”
“ဆူး၊ ဆူး အမှန်တိုင်း ၀န်ခံပါ့မယ် ကိုငြိမ်းချမ်း
---- ဟုတ်ပါတယ် ဆူးရဲသစ်လေးဟာ ကိုယ့်သွေးနဲ့ တည်ခဲ့တဲ့ ဆူးရဲ့သားလေးပါကိုယ်”
အခန်းလေးထဲတွင် လှမ်းဝင်မည့် နေခြည့်ခြေလှမ်းများ တုန့်ကနက်
ရပ်တံ့သွားလေသည်။ ပြီးနောက် မိမိလက် ထဲတွင် ပွေ့ချီထားသည့် ကလေးငယ် ကိုသေချာကြည့်နေမိသည်။
ဤကလေးလေးသည် မိမိ၏ခင်ပွန်းဖြစ်သူ သွေးနှင့် တည်ခဲ့သော ဆူး၏သားလေးဖြစ်နေခြင်းကြောင့်လည်း
ပိုမိုအံ့သြတုန်လှုပ်မိ ပါသည်။ ဟန်နီသည် ကိုဖြိုးကိုမျက် ရိပ်ပြကာအခန်းလေးထဲမှ တိတ်ဆိတ်စွာ
ထွက်လာခဲ့သည်။ အခန်းဝနားလေးသို့ရောက်သော် နေခြည်နှင့်အတူ ဆူးရဲသစ်လေးကိုမမျော်လင့်ဘဲ
တွေ့လိုက်ရသောကြောင့် မျက်လုံးကလေး အ၀ိုင်းသားဖြစ်ခဲ့ကြသည်။ ဟန်နီသည် ကိုဖြိုးကိုတချက်ကြည့်ကာ
ဆူးရဲသစ်လေး၏ ပါးပြင်ကို ဖွဖွလေးနမ်းပြီး နေခြည့်ကိုအားနာစွာ ပြုံပြနှုတ်ဆက်ပြီး ထွက်ခွာ
သွားလေသည်။
X
– X – X – X – X – X – X – X – X – X
“ဘာတွေထိုင်ပြီး မှိုင်နေတာလည်းကိုယ်”
အိမ်အ၀င်ဝ ခုံတန်းလေးတွင်ထိုင်နေသော ငြိမ်းချမ်းဦးအနားသို့
နေခြည်နွေးရောက်လာလေသည်။
“ဘာရယ်မဟုတ်ပါဘူး နေခြည်”
“ကိုယ်ဘာတွေ တွေးနေတာလည်းဆိုတာ
နေခြည်သိပါတယ်”
“နေခြည်ဘာကို ပြောခြင်တာလည်းနေခြည်”
“ကိုယ်အခု ဆူးနဲ့ဆူးရဲသစ်လေးအကြောင်း တွေးနေတယ်မဟုတ်လား”
“ကိုယ်အားနာစွာနဲ့ ၀င်ခံရရင်
ဟုတ်တယ်နေခြည်”
“နေခြည်သိပါတယ် ပြီးတော့ဆူးရဲသစ်လေးဟာ ကိုယ့်သွေးနဲ့တည်
ခဲ့တဲ့ ဆူးရဲ့သားဆိုတာလည်း နေခြည်သိပြီးပါ ပြီ”
“နေ-နေခြည်”
ငြိမ်းချမ်းဦးတစ်ယောက်
နေ့ခြည့်ကို အားနာစွာကြည့်လိုက်မိသည်။
“အားမနာပါနဲ့ ကိုယ်၊ ဒီကိစ္စဟာ နေခြည်နဲ့ကိုယ်တို့
လက်မထပ်ခင်က တည်းက ဖြစ်ခဲ့တဲ့ ကိစ္စဆိုတော့ နေခြည်နား လည်ပါတယ်။ ပြီးတော့ ကလေးရဲ့မိခင်ကလည်း
အနည်းဆုံး ၃လဘဲနေရတော့မယ်လို့ ဆရာဝန်က ကောက်ချက်ချတယ်ဆိုတာလည်း နေခြည်သိပါတယ်”
“ကိုယ်ဘာလုပ်သင့်လည်းနေခြည်”
“နေခြည့်ကိုယ့်ကို နားလည်ပါတယ် နေခြည်တို့အားလုံး
လက်တ လောမှာ ဆူးကိုစိတ်ချမ်းသာအောင် ထားရမှာပေါ့ ပြီးတော့ ဆူးရဲသစ် လေးနဲ့ပါတ်သက်ပြီး
ကိုယ့်သွေးနဲ့တည်ခဲ့တဲ့ ကလေးမို့ နေခြည် မိခင် ရင်းတစ်ယောက်လို စောင့်ရှောက်ပါမယ်”
“နေခြည် တကယ်ပြောနေတာနော် ကိုယ်ဝမ်းသာလိုက်တာ
နေခြည်
ရယ်နေခြည့်ကို ကိုယ်ကျေးဇူးတင်ပါတယ်”
မျက်လုံးအစုံတို့တွင် ၀မ်းသာရိပ်များ လွမ်းမိုးလျက် ငြိမ်းချမ်းဦး
တစ် ယောက် နေခြည့်ပုခုံးကို လက်နှစ်ဖက်ဖြင့် စုပ်ကိုင်ကာ ဆိုမိသည်။ နေခြည်နွေး သည်
ငြိမ်းချမ်းဦးကို အားပေးနှစ်သိမ့်သည့် အပြုံးလေးများဖြင့် ပြန်လည်ကြည့် နေမိ သည်။
X
– X – X – X – X – X – X – X – X – X
ဖေဖော်ဝါရီလ ၁၄ ရက်နေ့
၂၀၀၁
အဖြူရောင် အုပ်ဂူလေးတစ်ခုရှေ့တွင်
ငြိမ်းချမ်းဦး နေခြည်နွေးနှင့် အသက် ၈နှစ် ၉နှစ်အရွယ် ယောကျာင်္းလေး တစ်ယောက် လွမ်းသူပန်းစည်း
လေးများ လာရောက်ပို့ဆောင်ပေးသည်မှာ ကနေ့နှင့်ဆိုလျှင် သုံးနှစ်တိတ ရှိပြီဖြစ်သည်။
ဆူး မင်းလူ့လောကကြီးထဲက
ထွက်ခွာသွားတာ ဒီကနေ့နဲ့ဆိုရင် သုံးနှစ်တိတိတောင်ရှိသွားပြီနော်။ မင်းရဲ့အုပ်ကူ လေးမှာ
လွမ်းသူပန်းစည်း လေးတွေ လာချရင်း အခု ဆူးရဲသစ်လေးတောင် လူမှန်းသူမှန်း သိတက်စ ပြုတဲ့အရွယ်
ရောက်နေပြီလေ။ ဆူးရဲသစ်လေးကို မင်းကိုမြင်တွေ့ စေခြင် လိုက်တာ။
No comments:
Post a Comment