“ဟိတ်ကောင် ငြိမ်းချမ်း မင်းထိုင်းကိုခနခနသွားသွားနေတာ
ငါသိတယ်နော်။ နေခြည်သိရင်တော့ကွာ ကွိုင်ဘဲ”
“မင်းဘိုးအေမှ ငါပိုက်ပိုက်နဲ့ငါသွားတာ မင့်ပူပါတာမှတ်လို့။”
“အေးငါ့ပူတော့မပါဘူးပေါ့။ မင်းဘိုးတော်ကြီးကို
အကြောင်းအမျိုးမျိုး ပြပြီး သွားသွားနေတာ ဘာလည်းမင်းသူ့ကို တော်တော်စွဲ လမ်းနေ ပြီလား။”
“ဟေ့ရောင်မင်းဒိုးတော့ကွာ
ငါအတွေးပျက်တယ်။”
“ပြန်ဆိုလည်း
ပြန်မှာပါကွာ နှင်နေစရာမလိုပါဘူး”
“ပြန်မယ်ဆိုလည်း
မင်းကိစ္စမင်းရှင်းခဲ့ဦး စိုးအောင်”
“ဟားဟား
သွားပြီဟေ့ရောင် ငါဖွထားတာတွေ မင်းဘဲရှင်းလိုက်တော့”
အခန်းတခုလုံး စာအုပ်ဘောပင်
ရောင်စုံခဲတံများဖြင့် ပွလန်နေသော ငြိမ်းချမ်းဦး၏အခန်းလေးထဲမှ စိုးအောင်
ထွက်လာခဲ့သည်။ အခန်းထဲမှ အိပ်ယာပေါ်တွင်လဲလှောင်းနေရင်း
အတွန့်တတ်လျှက် အငြင်းလာလာ ပွားတတ်သော စိုးအောင်ကို မောင်းထုတ်ရင်းစိုးအောင်ပြောခဲ့သော
စကားများကိုပြန်လည်ကြား ရောင်နေမိသည်။ မင်းသူ့ကိုတော်တော် စွဲလမ်းနေလား၊ မင်းသူ့ကိုတော်တော်စွဲလမ်းနေလား။
ငြိမ်းချမ်းမသိပါ တချိန်တုန်းက တနယ်တကျေးကို ဖေဖေလွတ်လျှင်
လေယဉ်လက်မှတ်ဖြတ်ရမည့်အရေး Visa စောင့်ရမည့် အရေးကိုတွေးရင်း
သူတော်တော်စိတ်ပျက်မိသည်မှာအမှန်ပင်။ သို့သော်ယခုဆိုလျှင် အကြောင်းမရှိ အကြောင်းရှာပြီးထိုင်းကိုသူ
ခနခနရောက်ဖြစ်နေမိသည်။
“ဟေ့ရောင် ငြိမ်းချမ်း ဆိုစမ်းပါဦးမင်းရဲ့ထိုင်းမလေးအကြောင်း”
“ဟုတ်တယ် သန္တာတို့လည်း သိချင်နေတာ ပြောပြစမ်းပါငြိမ်းချမ်းရာ။”
“ဟုတ်တယ် စုမွန်လည်းထောက်ခံတယ်။”
“ဟာမင်းတို့ကလည်း သူကထိုင်းမလေးမဟုတ်ပါဘူးကွာ။
မြန်မာ မလေးပါ။”
“ဟေ------ ဟုတ်ရဲ့လားကွာ
မင့်ဟာက။ တို့ယုံအောင်လည်း ပြောစမ်း ပါဦး။”
အင်းလျှားကန်ဘောင်ဘေးရှိ အအေးဆိုင်လေးတွင်ထိုင်နေရင်း အိစုမွန်၊ သန္တာနှင့်စိုးအောင်တို့မှ
ဆူညံဆူညံ ပွတ်လောပွတ်သံတွေကြားမှ--
“အေးမင်းတို့သိချင်ရင် ငါပြောပြမယ် ဒါပေမဲ့နေခြည့်ကို
တော့ပြန် မပြောပါနဲ့ကွာ။ အဖြစ်ကဒီလိုကွ။”
X – X – X – X – X – X – X – X –
X – X
အတိတ်(၁)
မယ်ဘန့်ခါး-
တံခါးခေါက်သံနှင့်အတူ
တပြိုင်တည်းထွက်ပေါ်လာသော တည်းခိုခန်း သန့်ရှင်းရေးသမများ၏ အသံဇာဇာ လေးကို ရုတ်တရက်ကြားလိုက်ချိန်တွင် အခန်းထဲတွင်ရှိ
နေသောငြိမ်းချမ်းမှ တံခါးလာရောက်ဖွင့်ပေးသည်။ ငြိမ်းချမ်း နောက်တွင် ငဦးလည်းလိုက်ပါလာခဲ့သည်။
အထက်တီရှပ်အပြာနုရောင်နှင့် အောက်ခံဘောင်းဘီ အနက်ရောင်အရှည် ဆင်တူဝတ်ဆင် ထားသော အမျိုးသမီးသုံးဦးထဲမှ
အသက်အကြီးဆုံးဖြစ်သူတဦးသည် ငြိမ်းချမ်းတို့၏ မျက်နှာကို ဖော်ရွေ သော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
“စ၀ပ်တီးခ-ထမ်းဟောင့်က်(တ်)စအပ်မိုင်းခ……….. (မင်္ဂလာပါ အခန်း သန့်ရှင်းရေး လုပ်ကြဦးမ လား)” ဟုမေးလိုက်လေသည်။
စကားသံလေးအဆုံးတွင်
နားမလည်သောအကြည့်ဖြင့် ငြိမ်းချမ်းတစ် ယောက် နောက်မှလိုက်ပါလာသော ငဦးကို လှမ်းကြည့်လိုက်လေသည်။
“သူတို့ပုံကြည့်ရတာသန့်ရှင်းရေး လုပ်မယ်နဲ့တူတယ်
ငြိမ်းချမ်းရ။” ဟု ငဦးမှကောက်ချက်ချလိုက်လေသည်။
“အေးဘာဘဲဖြစ်ဖြစ်ပေးဝင်လိုက်ကွာ။ ထိုင်းမလေးတွေရဲ့
ဘသာဝအလှကို ခံစားကြည့်တာပေါ့။”
ငြိမ်းချမ်းဦးတို့ပြောသောမြန်မာစကားများကို
နားလည်သည့်အလား ငြိမ်းချမ်းတို့ကို မျက်စောင်းလှမ်းထိုးလိုက် သည့်၂၀ကျော် ခန့်ရှိမည်ထင်သည့်
သန့်ရှင်းရေးအလုပ်သမားတဦးကို ငဦးသတိထားလိုက်မိသည်။
“ဟေ့ကောင်-ငြိမ်းချမ်း မင်းကိုအထာပေးနေတယ်ကွ။”
“ငါလခွီးမှ-မင်းကတော့”
တုန့်ပြန်ပြောဆိုပြီး
ငြိမ်းချမ်းတစ်ယောက် အခန်းလေးထဲသို့လှည့်ဝင်လိုက်သည်။သူ့နောက်တွင် သန့်ရှင်းရေး လုပ်သော
အမျိုးသမီးသုံးဦး ထို့နောက်ငဦးပါလိုက်ပါလာသည်။ သန့်ရှင်းရေးလုပ်နေသော
သူမကိုငြိမ်းချမ်း မသိမသာ အကဲခက်ကြည့်သည်။ သေးသွယ်သောလက်ချောင်းလေးများနှင့်
အ၀တ်စ ကိုသေသပ်စွာကိုင်သွယ်ပြီး မှန်ဗွီဒိုအစရှိသော ပရိဘောကများကို လိုက်လံ တိုက်ချွတ်နေသည်။
ထို့နောက်တံမြတ်စီးယူကာ အမိုက်များကို လှည်းကျင်း နေရာမှ ငြိမ်းချမ်းတို့ထိုင်နေသည့် ထိုင်ခုံနားလေးသို့ ရောက်လာသောအခါ “ခေါက်ထွဠ်တ်နခါး” (တောင်းပန်ပါတယ်နော်) ဟုပြောဆိုပြီးခုံ
ခြေရင်းတွင်ကျနေသော အမိုက်များကိုသေသပ်စွာလှဲကျင်းပြီး ထွက်သွားသောသူမကို ငြိမ်ချမ်းမျက်တောင် မခက်လိုက် ကြည့်နေမိသည်။ မည်မျှလောက်ပင်ကြာကြာ မှင်သေစွာကြည့်နေမိမှန်းမသိ။ ငဦးမှသူ၏ခြေထောက်ကို
လှမ်းနှင်းလိုက်မှပင် ငြိမ်းချမ်းတစ်ယောက် ရှက်စိတ်များနှင့်အတူ
အကြည့်များလွဲလိုက်လေသည်။ တံကားကိုညင်သာစွာ ပြန်ပိတ်ပြီး အသက်ခပ်ကြီးကြီးအမျိုးသမီးမှ
“စှေလျှောက် ခါး:” (ပြီးပါပြီ) ဟုပြောဆိုပြီး ပြန်လည်ထွက်ခွာသွားချိန်တွင် ငြိမ်းချမ်းဦး
စိတ်ထဲတွင် တခုခုကိုအလိုမကျဖြစ်နေမိသည်။ နောက်တနေ့သန့်ရှင်းရေး
လုပ်သောအဖွဲ့တွင် သူမပါမလာ သည့်အတွက် ငြိမ်းချမ်းမျက်နှာတွင် အလိုမကျ ဖြစ်ရပြန်ပါသည်။
“ဟေ့ကောင်-မင့်ကြည်ရတာ
လဒ ၀မ်းလျောနေသလိုဘဲ ရုပ်ဆိုးလိုက် တာကွာ”
“အေးကွာ ငါသူ့ကိုအရမ်းတွေ့ခြင်တယ်ငဦးရာ”
“မင့်မှာလည်းရောဂါ- တခါထဲတွေ့ဘူးတဲ့
မိန်းကလေးကို စွဲလမ်းနေတာ အံ့ရော”
“ဟုတ်တယ်ငဦး ငါသူ့ကိုတွေ့ခြင်တယ် တွေ့ခြင်တာကိုစွဲလမ်းတယ်လို့ မင်းပြောခြင်တာလား”
“မင်းသူ့ကိုရင်ခုန်နေတာလားငြိမ်းချမ်း”
“မပြောတတ်ဘူး ငါသူ့ကိုတွေ့ခြင်တာကို ရင်ခုန်တယ်လို့ပြောရင်
ဟုတ်တယ်ငါရင်တွေခုန်နေသလိုဘဲ”
“ငါတော့ မင်းကိုမဖြစ်သင့်တာမဖြစ်စေခြင်ဘူးငြိမ်းချမ်း”
“ငါကဘာဖြစ်နေလို့လဲ”
“မင်းကိုကြည့်ရတာ ငါစိတ်ထဲမှာ တခုခုဖြစ်လာတော့မယ်လို့
ငါတပ် အပ်ပြောနိုင်တယ်”
“မင်းကဘာကိုဆိုလိုခြင်တာလည်း”
“အဲ့ဒါတော့ငါမပြောတတ်ဘူး ပြီးတော့ငါတို့က ဘာသာစကားခြင်း
ဘယ်လိုမှဆက်သွယ်လို့ရမှာမှမဟုတ်တာ”
“တခုခုတော့ရရမှာပေါ့ဟာ အထူးသဖြင့် International သုံးပေါ့”
“ခြေဟန်လက်ဟန်နဲ့ ပြောရလောက်အောင်လည်း မဖြစ်နိုင်ပါဘူး
ငြိမ်းချမ်းရာ လက်လျော့လိုက်တော့”
“ငါတို့မပြန်ခင် သူနဲ့ရင်းနှီးအောင်လုပ်မယ်ကွာ”
“မင်းကလည်း မသေခြာမရေရာတာတွေ တွေးပြီးစမ်းမနေစမ်း ပါနဲ့ ကွာ”
“ဘာလို့မဖြစ်နိုင်ရမှာလည်း ငဦး ဖြစ်ကိုဖြစ်ရမယ် အနည်းဆုံးသူနဲ့
ရင်းနီးအောင်ကြိုးစားမယ်ကွာ”
“ဒီလိုလေးဘဲ
ပြန်ကြရအောင်ကွာ ငြိမ်းချမ်း အရှုပ်တွေ မလုပ်ပါနဲ့ကွာ”
“မင်းကလည်း ငါဘာရှုပ်လို့လည်း သူနဲ့ရိုးရိုးသားသား ရင်းနီးခွင့်ရခြင်
တာကို အရှုပ်ထုပ်လို့ မင်းပြောခြင်တာလား ငဦး”
“မင်းအကြောင်းကို ငါသိတယ်လေငြိမ်းချမ်း ငါကမဖြစ်သင့်တာ မဖြစ်ရ
လေအောင်ပြောတာပါ တားမရလည်းပြီး ရောကွာ”
ငြိမ်းချမ်းတစ်ယောက်
သူမကိုအရမ်းတွေ့ချင်နေမိပါသည်။ နောက်သုံး
လေးရက်နေလျင် ရန်ကုန်ပြန်ရတော့မှာမို့ မပြန်ခင်လေးအတွင်း သူမနှင့်ရင်းနှီး ခွင့်လေးရခြင်နေမိသည်။
သူမကိုကြည့်ပြီးမှန်းဆ ကြည့်ရသလောက် သူမသည် ရိုးရိုးလေးနှင့်လှသည်။ ဘာမှချယ်သမထားသော
သူမ၏မျက်နှာလေးသည် အလွန်တရာမှ အပြစ်ကင်းစင်ပြီးအေးမျသည်။ တည်တည်ငြိမ်ငြိမ် လေးနှင့်သူမသည်မာနမကြီးဘဲ
အေးအေးဆေးဆေးနေတတ်သော မိန်းမလေးဟု ငြိမ်းချမ်းကောက် ချက်ချနိုင်ပါသည်။
ညနေခင်းအချိန်တွင်
ငြိမ်းချမ်းဦးသည် ဧည့်ကြိုကောင်တာနားသို့ မရောင်မလည်
ရောက်သွားမိပါသည်။ ကောင်တာထိုင် စာရေးမလေး မှငြိမ်းချမ်း ကို
တခုခုအကူအညီလိုအပ်သည့်အထင်ဖြင့် စကားလှမ်းကြောင်း စလိုက်သည်။
“May I Help You Something? (မင်းကိုတခုခုကူညီရမလား)”
“Do every one can speak English hear? (ဒီကလူတွေ
အားလုံး လိုလို အင်္ဂလိပ်စကား ပြောတတ်ကြပါသလား)”
“Ofcourse yes (ဟုတ်တာပေါ့အားလုံး ပြောတတ်ကြပါတယ်)”
ထိုသို့ကြားရချိန်တွင်
ငြိမ်းချမ်း၏မျက်ဝန်းအစုံတွင် ၀မ်းသာသည့် အရိပ် အရောင်များဖြင့် လွမ်းမိုးနေလေသည်။
ငြိမ်းချမ်းသည် သူစိတ်ဝင်စားနေသော ကောင်မလေးကို ရင်နီးခွင့်ရအောင် ကြိုးစားမည်ဟု တေးထားလိုက်သည်။
“Every one? Inculding clearners? (အားလုံးဘဲလား
သန့်ရှင်းရေး လုပ်တဲ့သူတွေကော)”
ကောင်တာထိုင်သည့် စာရေးမလေးသည်
သူ့ကိုသေချာကြည့်ပြီး ပြုံးလိုက်သည်။ သူ့အပြုံးကြောင့် ငြိမ်းချမ်းဦးရှက်ကိုးရှက်ကန်း ဖြစ်သွားမိပါ သည်။
“Yes (ဟုတ်ပါတယ်)”
“Thank You (ကျေးဇူးတင်ပါတယ်)”
ကောင်တာစာရေးမလေးကို နှုတ်ဆက်ပြီးငြိမ်းချမ်းဦး ထိုနေရာလေမှ
ထွက်ခွာ လာလေသည်။
X – X – X – X
– X – X – X – X – X – X
“ဟေ့ရောင်ပြန်ရအောင်ကွာ။ ၁၁နာရီထိုးနေပြီ”
“ဟာထိုးတော့ဘာဖြစ်လည်းကွာ ဒီမှာပစ္စည်းတွေ ၀ယ်လို့မပြီးသေးဘူး
လေကွာ”
“မင်းကလည်း နောက်နေ့မှပြန်လာဝယ်ကွာ”
“နောက်နေ့
အချိန်ရပါ့ဦးမလားငြိမ်းချမ်း”
“မရရရကွာ
မင်းမပြန်လည်းနေ ငါဟာငါပြန်မယ်”
“မင်းကဘာလို့အဲ့လောက်ပြန်ခြင်နေရတာလည်း”
“ဒီချိန်ဆိုသူတို့သန့်ရှင်းရေးလာလုပ်နေကြချိန်လေ.”
“ငြိမ်းချမ်း
မင်းတော့ရူးနေပြီ”
“ထင်ခြင်သလိုထင်တော့ကွာ
ငါသွားပြီ”
BigC ဆိုသည့်ဘန်ကောက်မြို့၏
City Market တွင်ဈေးလိုက်ဝယ် နေရင်း ငြိမ်းချမ်းဦးတစ်ယောက် တည်းခိုခန်းသို့ပြန်ရန်
အတင်းပင် နားပူနားဆာ လုပ်နေမိသည်။ အဖော်ညှိ၍မရသောကြောင့် ငြိမ်းချမ်းဦးတစ်ယောက် စိတ်မရှည်စွာ
တစ်ယောက်ထဲ ထွက်ခွာလာခဲ့လေသည်။
“ဟေ့ဟေ့နေဦး ငါလည်းပြန်လိုက်မှာပေါ့”
အပြေးတပိုင်းနှင့် ငြိမ်းချမ်းနောက်ကို လိုက်လာသောငဦးအား Taxi ပေါ်တွင်ထိုင်ပြီး စောင့်နေလိုက်သည်။ ထင်သည့်တိုင်းပင်။ ငြိမ်းချမ်းတို့ ပြန်ရာက်ပြီး သိမ့်မကြာခင်မှာပင်
တံကားခေါက်သံနှင့်အတူ “မယ်ဘန့်ခါး” ဆိုသည့်အသံဇာဇာလေးများကြောင့် ငြိမ်းချမ်းပျာသလဲလဲတံခါး
သွားဖွင့်ပေးလိုက်မိသည်။ သူမမျက်နှာကို ငြိမ်းချမ်းတချက်ကြည့်လိုက်ပြီး
ပြုံးပြလိုက်မိသော်လည်း သူပြန်ရလိုက်သည်ကား တည်ကြည်သော သူမ၏မျက်ဝန်းတစုံနှင့်
အကြည့်တချက်သာ။ နောက်သူမမျက်နှာလွဲသွားသည်။ သူမကို ဘယ်လိုအရော
ဝင်ရမည်ကို ငြိမ်းချမ်းဦးခေါင်းရှုပ်ပြီး စဉ်းစားနေမိသည်။ ထို့နောက် ငြိမ်းချမ်းသည်
တခုခုကိုအကြံရလိုက်သည်။ ထိုင်းဘတ်၁၅၀ကိုထုတ်ပြီး သူမ အနားသို့
လျောက်သွားကာ သစ်ဖ့် ဟုတိုးတိုးလေးပြောပြီး သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုင်လူမျိုးတို့၏
ယဉ်ကျေးမှုအတိုင်း တစုံတစ်ယောက် ထံမှတခုခုကို ရယူတော့မည်ဆိုလျှင်လက်အုပ်ချီ ပြီးမှယူတက်ကြသည့်
အလျောက် သူမသည်လည်း ငြိမ်းချမ်းဦးကို လက်အုပ်ကလေးချီပြီးမှ ငွေကိုလှမ်းယူလေသည်။
“ခေါက်ပ်ခွန်းခါး” (ကျေးဇူးတင်ပါတယ်)”
ငြိမ်းချမ်းဦးသည် သူမမျက်နှာကို ရင်းရင်းနီးနီးကြည့်လိုက်မိသည်။
“Excuse me can you speak English? (ကျေးဇူးပြုပြီးခင်ဗျား
အင်္ဂလိပ်လိုပြောတတ်ပါသလား)”
ထိုမေးခွန်းကို သူမ မဖြေပါ။ မေးလိုက်သောအခါ သူမပြုံးပြီးခေါင်းညိမ့်
ပြသည်။
“What is your name?
(ခင်ဗျားနာမည် ဘယ်လိုခေါ်လည်း)”
“Poung.(ဖေါင်လ်)”
“I am Nying Chan Oo. (ကျတော်ငြိမ်းချမ်းဦးပါ).I
would like to be your friend? (ကျတော်ခင်ဗျားနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်)”
“Why not, Excuse me I have to go (ဘာလို့မရရမှာလည်း ကျေးဇူးပြုပြီးကျမကိုသွားခွင့်ပြုပါဦး)”
သူမသည် ငြိမ်းချမ်းဦးကိုနှုတ်ဆက်ပြီး
အခြားသန့်ရှင်းရေး အလုပ် သမားများနှင့်အတူ လိုက်ပါသွားလေသည်။ သူမ၏ကျောပြင်ကို
ငေးမောရင်း ကျန်ရစ်ခဲ့သောငြိမ်းချမ်းဦးကို ငဦးတအံ့တသြဖြင့် ကြည့်နေမိသည်။
“ဟေ့ကောင်ငြိမ်းချမ်း
မင်းတော်တော်အသင့်ရဲတာဘဲကွာ”
“ဟုတ်တယ်
ငါ့ကိုငါတောင်အံ့သြတယ်”
“ဒါပေမဲ့မထင်ရဘူး
သူအင်္ဂလိပ်စကား တော်တော်ကောင်းတယ်နော်”
“အေးကွာ ငါအရမ်းအံ့သြတယ် ကောင်တာစာရေးမပြော တုန်းက
ငါမယုံဘူး”
“ဟုတ်တယ် သန့်ရှင်းရေးလုပ်နေတဲ့ လူတစ်ယောက်က အင်္ဂလိပ်
စကားပြောတတ်တယ်ဆိုတာ တော်တော် မဆိုးဘူး”
“ဘာဘဲဖြစ်ဖြစ်ကွာ သူနဲ့တခုတော့
Communicate (ဆက်သွယ်) လုပ်လို့ရသွားတာပေါ့”
“မင်းတကယ်ဘဲ ရူးနေပြီငြိမ်းချမ်း”
“ဘာဘဲဖြစ်ဖြစ်ငါအရမ်းပျော်တယ်ကွာသူနဲ့ခုလိုစကားပြောခွင့်လေး ရတာကို ကြေနပ်တယ်”
“ဒါ့ကြောင့်မင်းသူ့တို့အဖွဲ့ကို ဒစ်(ပ်)မဲနီးပေးတာ စာပွဲပေါ်တင်မထား
ပေးပဲ သူမလက်ထဲကို ထည့်ပေးတာ ပေါ့လေ”
“ဟုတ်တယ်လေကွာ ဒါမှသူနဲ့
စကားပြောခွင့်ရမှာပေါ့”
“စကားလေးတလုံးနှစ်လုံး ပြောခွင့်ရတာကိုဘဲ မင်းမျက်နှာက ထီပေါက်သလိုဘဲ
စပ်ဖြဲဖြဲနဲ့မင်းသူနဲ့သာ”
“သူနဲ့ ဘာဖြစ်လည်းငဦး
ဆက်ပြော”
“ဘာမှမဟုတ်တော့ပါဘူးကွာ”
“မင်းတခုခုပြောခြင်နေတာ
ငါသိတယ်နော်”
“သိလည်းပြီးရောကွာ”
ညနေခင်းတွင် တည်းခိုခန်းပန်းခြံလေးထဲရှိ
ခုံတန်းလျားလေးပေါ်တွင် ထိုင်နေသော သူမကိုငြိမ်းချမ်းဦး အခန်းအပေါ်ထပ် လသာဆောင်မှလှမ်းမြင်
နေရသောကြောင့် အောက်ကိုဓါတ်လှေကားလေးဖြင့် အမြန်ဆင်းခဲ့သည်။ ငြိမ်းချမ်းသည်သူမရှိရာသို့ ဦးတည်ပြီးလျောက်လှမ်းခဲ့ပါသည်။ သူမထိုင်နေသော
ခုံတန်းလျားလေးအရောက်တွင် ရပ်နေလိုက်သည်။
“ May I seat here? (ကျတော်ဒီမှာထိုင်လို့ရမလား)?
သူမပြုံးပြီးခေါင်းညိမ့်ပြသည်။
“Poung, I will be very happy if you are Myanmar. (မင်းသာမြန်မာတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ကျတော်အရမ်းကို ပျော်ရွင်မိမှာဘဲ)”
ငြိမ်းချမ်းဦးစကားကြောင့်
သူမငြိမ်းချမ်းဦးကို မျက်လုံးအ၀ိုင်းသားနှင့်
စိုက်ကြည့်လိုက်မိသည်။
“It’s mean you don’t want to be friend with Thai people,
they are also kindness. (ရှင်ဆိုလိုခြင်တာက ထိုင်းလူမျိုးတွေနဲ့ မိတ်ဆွေမဖြစ်ခြင်ဘူး
ဆိုတဲ့သဘောပေါ့၊ ထိုင်းလူမျိုးတွေလည်း အကြင်နာတရား ရှိကြပါတယ်)။”
“No No (အဲ့လိုမဟုတ်ရပါဘူး)I mean if
you are Myanmar we can communicate each other in Burmese language and our
relationship will become stronger. (ခင်ဗျားသာ မြန်မာ တစ်ယောက်ဆိုရင်
ကျတော်တို့မြန်မာစကားနဲ့ ပြောဆိုဆက်ဆံလို့ ရတာပေါ့။ ပြီးတော့ကျတော်တို့ ရဲ့ခင်မင်မှု
လည်းပိုပြီးခိုင်မာလာ တာ ပေါ့ဗျာ)”
သူမသည်ထုံးစံအတိုင်း
ပြုံးဘဲပြုံးနေလိုက်သည်။ ငြိမ်းချမ်းတစ်ယောက်
သူမ၏ အပြုံးအောက်တွင် လှောင်ပြောင်ခြင်း ခံနေရသလို နေမသိထိုင်မသာ ဖြစ်ခဲ့ရသည်။
“Why are ypu smiling? Arch me? (ခင်ဗျားဘာ့ကြောင့်
ပြုံးတာလည်း ကျတော့်ကိုလှောင်ပြောင် နေတာလား)။”
“No, I am aamuse (မဟုတ်ရပါဘူး သဘောကျလို့ပါ)။”
“Me? (ကျတော့်ကိုလား)။”
သူမထိုမေးခွန်းကိုမဖြေဘဲ ငြိမ်းချမ်းဦးကိုပြုံးပြီးတချက်ကြည့်သည်။
“You are aperson who like mattock trade make with
tortoise (ရှင်ဟာလိပ်တံဆိပ်ရှိပေါက်တူးနဲ့တူတဲ့လူဘဲ)”
မိမိပြောလိုသော
စကားများကိုပြောဆိုပြီးသူမသည် ငြိမ်းချမ်းဦးကို နှုတ်မဆက်ဘဲထိုင်ရာမှထပြီး ထွက်ခွာသွား လေသည်။ ငြိမ်းချမ်းဦး
တစ်ယောက် ထဲသူမပြောခဲ့သော စကားများအနက် လိပ်တံဆိပ်နဲ့ပေါက်တူး
ဆိုသည့် အဓိပ္ပါယ်ကို နားမလည်စွာဖြင့် စဉ်းစားရင်းကျန်ရစ်ခဲ့သည်။
မင်းငါ့ကို လိပ်တံဆိပ်ရှိပေါက်တူးနဲ့တူတဲ့လူ ပြောသွားတယ်။ ဘာကိုဆိုလိုခြင် တာလည်း
ကောင်မလေးရယ်။
အခန်းလေးထဲတွင်
နိုင်ငံခြားပုံပြင်စာအုပ်ကို စိတ်ဝင်တစား ဖတ်နေသော ငဦးကိုသူစိတ်မရှည်စွာ ခနခနကြည့်နေမိသည်။ သူသည်ဂနာမညိမ်စွာဖြင့် အခန်းလေးထဲကို ဘယ်လျောက်ညာလျောက် လျောက်နေမိပြန်သည်။ ထို့နောက်
TV ထဖွင့်ပြီး နိုင်ငံခြားအချစ်ဇတ်လမ်းတွဲကို အိပ်ရာထက်မှနေ၍ ကြည့်နေမိသည်။
သို့သော်ငြိမ်းချမ်း၏ စိတ်သည် TV ဇတ်လမ်းထဲတွင် ရှိမနေ။ အိပ်ယာထက်မှထပြီး
ရေခဲသေတ္တာထဲမှ အအေးဘူးတဘူးယူကာ ဖောင်းကနက် မည်အောင် ဖောက်လိုက်သည်။ အအေးကို တငုံနှစ်ငုံသာသောက်ပြီး
စာပွဲပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် စားပွဲဘေးတွင် အသင့်တင် ထားသော ဆေးလိပ်ကိုယူပြီး
စိတ်မပါ့တပါဆေးလိပ်သောက် နေမိပြန်သည်။ လက်ထဲ ရှိဇစ်ဘို မီးခြစ်ကလေးကို အဖုံးဖွင့်လိုက်ပိတ်လိုက်ဖြင့်
ဂျလောက်၊ ဂျလောက် အသံမည်နေအောင် အကြိမ်ကြိမ် ကစားနေမိသည်။ သူ၏လုပ်ရှားမှုများကို
ငဦးတစ်ယောက် မသိမသာလှမ်းလှမ်းကြည့်ပြီး စာကိုသာဆက်ဖတ်နေသည်။ အတန်ကြာလာ
သောအခါ စိတ်ရှုပ် ထွေးသည့် အမူအရာဖြင့်
“ဟေ့ကောင်
ငြိမ်းချမ်း မင်းမအိပ်သေးဘူးလား နာညီးတယ်ကွာ”
“ဆောရီးကွာ
ငါအိပ်လို့မရလို့”
“မင်းအိပ်လို့မရတာနဲ့
ငါစာဖတ်ရတာ အာရုံနောက်တယ်ကွ”
“မင်းစာဖတ်တာ
နောက်မှထားကွာ မင်းကိုငါမေးစရာရှိလို့”
ပြောပြောဆိုဆိုဖြင့် ငြိမ်းချမ်းဦးတစ်ယောက် ငဦးအိမ်ရာထက်သို့ ထိုင်ချလိုက်ပြီး
ငဦးလက်ထဲမှ စာအုပ်ကို လှမ်းယူကာ ဆွဲပိတ်ပြီး စာပွဲပေါ်သို့ တင်ထားလိုက်သည်။
“ဟ ဟ ဟ ငြိမ်းချမ်းမင်းဘာလုပ်တာလဲ ဒီမှာဖတ်နေတယ်လေကွာ”
“နေစမ်းပါဦးကွာ
ငါမေးစရာလေးရှိလို့”
“ဘာမေးမှာလဲ
အလကားတော့မရဘူးနော်”
“မင်းကိုငါစပွန်ဆာပေးပြီး
ထိုင်းကိုခေါ်လာတာလေကွာ”
“ထားပါတော့
မင်းဘာသိခြင်တာလည်း”
“ပေါက်တူးတံဆိပ်နဲ့လူ ဆိုတာဘာကိုဆိုလိုတာလည်းအဲ့ဒါ
မင်းကို မေးမလို့”
“မင်းကိုဘယ်သူက
ပြောလိုက်လို့လဲ”
“ဘယ်သူပြောပြောပေါ့ကွာ”
“အေးလေး
မင်းမပြောရင်လဲ ငါ့လည်းမပြောရုံဘဲပေါ့”
“ဆရာတင်ပါတယ်ကွာ
ပြောပြစမ်းပါငဦးရာ”
“နိုးနိုး
ငါကဆရာ မဖြစ်ခြင်ဘူး မင်းကိုပြောတဲ့သူကိုသိခြင်တာ”
“ကောင်မလေးကွာ
သူပြောလိုက်တာ ”
“ကောင်မလေး
ဟိုသန့်ရှင်းရေးလုပ်တဲ့ ထိုင်းမလေး ကိုပြောတာလား”
“အေး ဟုတ်တယ်”
“ဟဟား မင်းတော့ဖြစ်ရမယ် မင်းနဲ့သူနဲ့ဘယ်တုန်းကဘယ်နေရာမှာ
တွေ့ကြတာလည်း”
“ဒီလိုကွာ”
X – X – X – X –
X – X – X – X – X – X
အတိတ် ၂
“May I seat here?”
(ကျတော်ဒီမှာထိုင်လို့ရမလား)
“Poung, I will be very happy if you are Myanmar.” (မင်းသာမြန်မာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျတော် အရမ်းကို ပျော်ရွင်မိမှာဘဲ)
“It’s mean you don’t want to be friend with Thai
people, they are also kindness.” (ရှင်ဆိုလိုခြင်တာက ထိုင်းလူမျိုးတွေနဲ့
မိတ်ဆွေမဖြစ်ခြင်ဘူး ဆိုတဲ့သဘောပေါ့၊ ထိုင်းလူမျိုးတွေလည်း အကြင်နာ တရားရှိကြ ပါတယ်)။
“No No, I mean if you are Myanmar we can communicate each
other in Burmese language and our relationship will become stronger.” (အဲ့လိုမဟုတ်ရပါဘူး ခင်ဗျားသာ မြန်မာ တစ်ယောက်ဆိုရင် ကျတော်တို့ မြန်မာစကားနဲ့
ပြောဆိုဆက်ဆံလို့ ရတာပေါ့။ ပြီးတော့ကျတော်တို့ ရဲ့ခင်မင်မှု လည်းပိုပြီးခိုင်မာ လာတာပေါ့ဗျာ
)
“Why are ypu smiling? Arch me?” (ခင်ဗျားဘာ့ကြောင့်ပြုံးတာလည်း
ကျတော့်ကိုလောင်ပြောင် နေတာ လား)။
“No, I am amuse” (မဟုတ်ရပါဘူး သဘောကျလို့ပါ)။
“Me “ (ကျတော့်ကိုလား)။
“You are aperson who like mattock trade make with
tortoise” (ရှင်ဟာလိပ်တံဆိပ်ရှိပေါက်တူးနဲ့တူတဲ့လူဘဲ)”
ညနေခင်းကအဖြစ်ပျက်များကို ငဦးအားပြန်ပြောပြမိသည်။
“အဖြစ်ကတော့
အဲ့ဒါဘဲကွာ။ ကဲ မင်းငါ့ကိုပြောပြတော့”
“အင်းင့ါအထင်ပြောရရင်တော့ သူဆိုလိုခြင်တာက မင်းဟာကိုယ့်ဖက်
ကိုယ်ယှက်တဲ့လိပ်လို့ပြောခြင်တာကွ”
“ဒါဖြင့်ရင်
လိပ်တံဆိပ်နဲ့ပေါက်တူးလို့တွဲပြောရတာလဲကွာ”
“လိပ်ဆိုတာ လမ်းလျောက်ရင် ကိုယ့်ဖက်ကို ယှက်ယှက်ပြီး
လျောက်တတ်ကြတယ်။ အဲ့လိုဘဲ ပေါက်းတူးဆိုတာ လည်း ပေါင်းတင်၊ မြေဆွ၊ တွင်းတူး သူ့ကိုအသုံးပြုရင်
ကိုယ့်ဖက်ကိုယှက်ယှက်ပြီး တူးယူရတယ် လေကွာ အဲ့ဒါကြောင့်မင်းကိုလိပ်တံဆိပ်ရှိပေါက်တူးနဲ့တူတဲ့လူဘဲလို့ ပြောတာနေမှာပေါ့ ”
ငြိမ်းချမ်းဦး
ငဦးပြောသောစကားကိုနားထောင်ပြီး ပြုံးလိုက်မိပါသည်။ ကောင်မလေးရယ် မင်းကငါ့ကိုကိုယ်ဖက်
ကိုယှက် တဲ့လူ၊ ကိုယ်လိုရာကိုဆွဲတွေးတဲ့လူ လို့ပြောခြင်တာကိုး။
“ငဦး ဂီတာသွားတီးမယ်ကွာထ”
“ဟဟ ဘယ်မှာလဲဂီတာ မင်းမှာရှိလို့လား ”
“ကောင်တာမှာသွားငှားမှာပေါ့ကွာ လာစမ်းပါ”
ငြိမ်းချမ်းဦး ဦးဆောင်ပြီး ဂီတာတစ်လက်ကိုထမ်းကာ ညနေခင်းတွင် သူမနှင့်အတူထိုင်ပြီး
စကားပြောဆိုခဲ့သော ခုံတန်းလျားလေးသို့ ဦးတည်ပြီး လျှောက်လာခဲ့သည်။ ထိုခုံတန်းလျားလေးသည်
ရွှန်းလဲ့သော လရောင်အောက် တွင် တည်ငြိမ်စွာ အေးမြနေလေသည်။ ထို့နောက် သူ၏လက်ခြောင်းကလေး
များသည် ဂီတာကြိုးပေါ်သို့ ပြေးလွားဆော့ကစား နေမိသည်။ သီချင်းတေးသွား များကို ရှာဖွေပြီး
သီချင်းစာသားလေးတပုဒ်ကို စတင်တီးခက်လိုက်မိသည်။
ကောင်မလေး
မင်းနဲ့စတွေ့တဲ့နေ့ကစ ငါ့ရဲ့နှလုံးသားမှာ အချစ်စပေါက်ဖွားခဲ့တာ တရက်ပြီးတရက် သွေးကြော
ထဲမှာ အချစ်တွေလိုက်ပါစီးဆင်း သွေးကြောထုံးမှာ ကောင်မလေးတစ်ယောက်နဲ့ ထုံးဖွဲ့နေတာ ……………
CHO ကောင်မလေး ငါ့အသွေးနဲ့တည်တဲ့မင်း
အချစ်စတင်စီးဆင်းရာ ငါ့ရင်တချက်ချက်နဲ့ ခုန်ခုန်တိုင်း မင်းနာမည်ကိုအော်ခေါ်မိ--
(ကောင်မလေး ငါ့အချစ်နဲ့တည်တဲ့မင်း ငါ့နှလုံးသားလေးထဲလွမ်းရက်ပေါ့ လူလည်းနွမ်းပါးပါးမို့
ရူးတော့မယ် ငါ့ပင်ပန်းနေ မင်းကိုချစ်တယ် ကောင်မလေး )၂ အိုးဟိုး
နားလည်ပေးပါကောင်မလေး နားလည်ပေးပါကောင်မလေး မင်းကိုချစ်တယ်ကောင်မလေး
ကောင်မလေး ရူးရူးမူးမူးအချစ်တွေနဲ့
ငါ့ရဲ့နှလုံးသားဟာ မင်းအတွက် ထာဝရဖြစ်မှာ ဒီလိုနဲ့ပေါ့ နားလည်ပေးပါ မင်းကိုချစ်တဲ့
ငါ့အချစ်တွေ သွေးကြောထုံးမှာ ကောင်မလေးတစ်ယောက်နဲ့ ရစ်ဖွဲ့နေတာ
ငြိမ်းချမ်းဦးသို့ သီချင်းဆိုသည့် ခုံတန်းလျားလေး၏ မျက်စောင်းထိုးတွင် သေသပ်စွာဆောက်လုပ်ထားသည့်
အခန်းလေးတစ်ခန်းထဲမှ စာပွဲပေါ်တွင် စာထိုင်ရေးနေသည့် ကောင်မလေးတစ်ယောက် ထူးခြားစွာထွက်ပေါ်လာသော
သီချင်းသံကို နားစွင့်နေမိသည်။ တချိန်ကဆိုလျင် ထိုင်းသီခြင်းနှင့် အင်္ဂလိပ်သီချင်း တရုပ်သီချင်းများကိုသာကြားမိနေကြ။
ခုလိုမြန်မာသီချင်းကို ကြားရခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်မို့ သူမတေးသံရှင်ကို
လိုက်ရှာနေမိသည်။ သူမသည်ထိုင်ရာမှထကာ ပြတင်းပေါက်တံကားချပ်ကို ပွင့်လိုက်ပြီး လိုက်ကာလေးကို
ဖြေးညင်းစွာလှပ်လိုက်လေသည်။ ထို့နောက် လက်လှမ်းမှီသော ပတ်ဝင်းကျင်ကို သူမဆူးစမ်းကြည့်လိုက်မိသည်။
ညနေခင်းတွင် သူမထိုင်ခဲ့သည့် ခုံတန်းလျား လေးပေါ်တွင် ဂီတာတစ်လက်ကိုကိုင်ကာ မြန်မာသီချင်းကိုစိတ်ပါဝင်စား
သီဆိုနေကြသည့် အမျိုးသား နှစ်ဦးကိုသူမလှမ်း မြင်လိုက်ရသည်။ လိုက်ကာလေးကိုချပြီး ပြတင်းပေါက်လေးကို
ဖြေးညင်းစွာ ပြန်ပိတ်လိုက်ပြီး အိပ်ယာထက်တွင်မှေး၍ သီချင်းသံကိုနားစွင့်ပြီး မှိန်းနေလိုက်
သည်။
သီချင်းသံ ပြီးဆုံးသွားချိန်ထိ ငြိမ်းချမ်းဦး၏လက်များသည် ဂီတာကြိုးလေးပေါ်တွင်
ဆက်လျှက်ပြေးက စားနေမိသည်။
“ပြန်ရအောင်ငြိမ်းချမ်းရာ မင်းဆက်ဆိုနေလည်း သူကကြားမှာ မဟုတ်ပါဘူး သူကြားခဲ့လည်း နားလည်တာမှ မဟုတ်တာ”
ငဦး ဦးဆောင်ရာနောက်ကို လေးလံသောခြေလှမ်းများနှင့်အတူ ငြိမ်းချမ်းဦးလိုက်ပါလာခဲ့လေသည်။
X
– X – X – X – X – X – X – X – X – X
ညကသီချင်းသံကိုနားထောင်ပြီး
အိမ်မောကျသွားသော သူမသည် နောက်နေ့တွင် ပုံမှန်အိပ်ရာထချိန်ထက် နာရီဝက်သိသိပင် နောက်ကျခဲ့လေ
သည်။ နောက်တနေ့မနက်ထုံးစံအတိုင်း သူမတို့သန့်ရှင်းရေးလာလုပ်သည်။ ဒီတကြိမ်
တွင်သူမငြိမ်းချမ်းကို ပါးချိုင့်လေးနှစ်ဖက်လုံး ချိုင့်ဝင်သွားလောက် အောင် ဖော်ရွေသောအပြုံးဖြင့်
လှမ်းနှုတ်ဆက်ပါသည်။ ငြိမ်းချမ်းဦးအရမ်းကိုပင် ပီတိဖြစ်ခဲ့ရပါသည်။ သူမတို့တခန်းဝင်တခန်းထွက်ဖြင့်
သန့်ရှင်းရေး လိုက်လုပ် ချိန်တွင် ငြိမ်းချမ်းဦးတစ်ယောက် တည်းခိုခန်းဝင်းကျင်သို့
အပြင်းပြေလှမ်း လျှောက်ကြည့်မိသည်။ မမျှော်လင့်ဘဲ တည်းခိုခန်း လေး၏ မလှမ်းမကန်းတွင်ရှိပြီး
သပ်သပ်ရပ်ရပ် ဖြင့်ဆောက်လုပ်ထားသော မြေညီထပ်တန်းလျှားလေး အခန်းလေးများ ရှိသည့်ဖက်သို့
သူရောက်သွားမိပါသည်။ အခန်းတခန်းရှေ့တွင် စံပယ်ပင်လေးများ လေးငါးပင်မျှ ပန်းအိုးသဖွယ်ပျိုးထားပြီး
အခန်းရှေ့တွင် သူမြင်ဖူးသောဖိနပ်လေးတရံ သေသပ်စွာချွတ်ထားသည်ကို သတိထားမိသည်။ ထိုဖိနပ်သည်
ကောင်မလေးစီးသော ဖိနပ်ကလေးပင်။ ထိုအခန်းလေးသည် ကောင်မလေးနေသော အခန်းလေးဖြစ်မည်ဟု ငြိမ်းချမ်းတွေးလိုက်သည်။
ကောင်မလေးပြန်ရောက်နေပြီ အထင်နှင့်လက်ပတ်နာရီလေးကို တချက်ငုံ့ ကြည့်သည်။ ဒီအချိန်
ကောင်မလေးတို့ ပြန်မရောက်လောက်သေး။ သူ၏စိတ်ထဲတွင် ထင့်ကနက်ဖြစ်သွားပြီး သူခိုးများကောင်မလေးအခန်းကို
ဝင်ခိုး နေသလားဟု စိုးရိမ်စိတ်နှင့် အခန်းနားလေးကို ရောက်သွားမိသည်။ မည်သည့် အသံမှမကြားရသောကြောင့်
အခန်းတံကားလေးကို ဖြေးညင်းစွာ တွန်းဖွင့်လိုက်ပြီးအခန်းထဲကို တလှမ်းခြင်းဖြေးညင်းစွာ
ဝင်လာသည်။ ကောင်မလေး၏ မို့ယာဘေးတွင် လေးထောင့်ကျကျစားပွဲတလုံး၊ စားပွဲပေါ်တွင် အသက်ခပ်ကြီးကြီးအမျိုးသား ဓါတ်ပုံတစ်ပုံနှင့်
အမျိုးသမီး ဓါတ်ပုံတစ်ပုံ နဘေးတွင် ပျိုင်းလည်ပင်းနှင့်ပြာနုရောင် ကြွေပန်းအိုးလေးတစ်လုံးထဲတွင်
ဖူးပွင့်စ နှင်းဆီပန်း အဖြူရောင်လေး တပွင့်သာထိုးထားသည်။ အခန်းနံရံတွင်
ဝိုင်းစက်နေသော စက်ဝိုင်းကြီးလူခေါင်းပုံလေးများ လေးငါး ဆယ်ပုံမက သူတွေ့လိုက်ရသည်။
ထိုလူခေါင်းပုံစက်ဝိုင်းများ၏အလည်တွင် မျက်လုံးမျက်ခုံးနှင့် ပါးစပ်သာပါရှိသော ဦးခေါင်းတလုံးပုံစံသာဖြစ်သည်။
ဦးခေါင်းပုံတခုခြင်းဆီတွင် ရက်ဆွဲကလေးများတပ်ထားပြီး ဦးခေါင်း၏မျက်နှာမှာ မတူညီကြခြေ။
တချို့တွင်ပြုံးနေပြီး အချို့တွင်မူမဲ့နေသောနှခမ်း၊ အချို့တွင်မူ မျက်ရည်များ ကျနေသောမျက်လုံး
အချို့တွင်အံ့သြတုန်လှုပ်ပြီးပြူးကျယ်နေသော မျက်လုံးအချို့တွင် ခပ်ယဲ့ယဲ့အပြုံးနှင့်မျက်နှာ
အချို့တွင်ပြိုတော့မည့်မိုးကဲ့သို့ ညိုမှိုင်း နေသောမျက်နှာ အချို့တွင်မူ ဒေါသအိုးပေါက်ကွဲသော
မျက်နှာပုံစံ အမျိုးမျိုးကိုတွေ့ရသည်။ ယခုအခန်းပိုင်ရှင်သည် ဝေဒနာများစွာကို ရင်ဆိုင်နေရပြီး
နံရံပေါ်တွင် ထိုခံစားနေရသောခံစားချက်များကို ရေးဖြစ်ပြီးရင်ဖွင့်ထားသည်ဟု သူတွေး ထင်မိပါသည်။
ထို့နောက် အနည်းငယ်ဟပ်နေသော စားပွဲခုံအံဆွဲလေးကို သူရုတ်တရက်ဖွင့်ကြည့်လိုက်သည်။ ဒိုင်ယာရီစာအုပ်
တစ်အုပ်နှင့် ပါတ်စပေါလ့်
စာအုပ်တစ်အုပ်သာ တွေ့ရသည်။ သူသည်စာအုပ်လေးကို ကောက်ကိုင်ကာ လှန်ကြည့်လိုက်သည်။ စာအုပ်၏ပထမဦးဆုံးစာမျက်နှာတွင်
ဆူး ဆိုသည့် တလုံးတည်းသော မြန်မာစာကို တွေ့လိုက်ရချိန်တွင် သူအရမ်းကို အံ့သြမိသည်
ကောင်မလေးကမြန်မာလား။ ဘာတွေလည်း။ “ဒီစာအုပ်က သူမစာအုပ်လား။
ဒါမှမဟုတ် တယောက်ယောက်ပစ္စည်းများလား။” သူ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ
ဝင်ရောက်လာ ပါသည်။ သူသည်ဒိုင်ယာရီ စာအုပ်လေးကို တမျက်နှာ ခြင်းဖတ်မိသည်။ သိမ့်သနားစရာကောင်းတဲ့
ဆူးဆိုသည့် လူတစ်ယောက် အကြောင်းကို သိလိုက်ရသည်။ “ဆူးဆိုတာ
ဘယ်သူလည်း။”
ငယ်တောင်စဉ်ကျေးငှက်လေးတည်းက
ပြည့်စုံမှုဆိုတဲ့ အရသာကို ဆူးသိမ့်တမ်းတခဲ့တာပါ။ ဖေဖေရယ်၊ မေမေရယ် ကိုကြီးညီမလေးနဲ့
မောင်လေးဆိုပြီး သာယာအေးချမ်းတဲ့မိသားစု ဘ၀လေးကို ဆူးအမြဲတောင့်တနေသူပါ။
+++++++++
ဖေဖေမရှိတာ့တဲ့နောက်
မိသားစုတာဝန်ဟာ အကို့လက်ထဲကိုအလိုလိုနေရင်း ရောက်လာရတာပေါ့။ ဖေဖေက သွေးကင်ဆာနဲ့ဆုံးတာတဲ့
အဲ့ဒီအချိန် ဖေဖေဆုံးတာဆူးကတနယ်တကျေးကိုရောက်နေတာ ဆိုတော့ဖေဖေရဲ့နောက်ဆုံးအချိန်ကို
ဆူးမမှီလိုက်ပါဘူး။ ဖေဖေ့ကိုဆေးကုသဖို့ ဆူးတို့မှာ ပြည်စုံတဲ့ငွေကြေးလည်းမရှိခဲ့ဘူး။
+++++++++
မေမေ့မှာလည်း နှလုံးရောဂါနဲ့။
ညီမလေးကခုမှ ဒုတိယတန်းကျောင်းသူ။ မောင်လေးက ဘာသိဦးမှာလည်း။ မိသားစုတာဝန်တွေ ယူရင်းရရာအလုပ်လုပ်ကိုင်းရင်းမှ
တနယ်တကျေးကို ရောက်သွားတဲ့ အကို အစောပိုင်းတုန်းကတော့ စာတွေငွေတွေ ပုံမှန်ပို့ပေမဲ့နှစ်တွေကြာလာတော့
လာမလာ သတင်းမကြား။ ပြန်လာခဲ့ဖို့အမေက ခနခနမှာနေတာတောင် အကိုက ငွေမရှိရင်ပြန်မလာဘူးတဲ့။
+++++++++
ပျောက်ချက်သားကောင်းလှတဲ့အကို့ကိုလိုက်ရှာမယ်ဆိုပြီး
၈တန်းနဲ့တင်ကျောင်းထွက် ပွဲစားတစ်ယောက်ရဲ့ပံ့ပိုးမှုနဲ့ ဆူးလည်းဒီထိုင်းနိုင်ငံကိုရောက်ခဲ့ရတာပေါ့။
အစဦးပိုင်းမှာတော့ လိမ္မော်ခြံတခြံမှာ အလုပ်လုပ်တယ်။ မိဘမရှိဘဲ တိုင်းတပါးမှာ အားကိုးစရာညီအကိုဆိုလို့
မရှိတဲ့ အသိုင်းအ၀ိုင်းမှာ ကိုယ့်ကိုကိုယ်ကို လုံခြုံအောင် ထိန်းချုပ်ရင်း အဲ့မှာ ၆လလောက်ကြာသွားခဲ့တယ်။
ပွဲစားဆီကအကြွေးတွေကို အလုပ်ရှင်သူဌေးကနေတဆင့် ကြေအောင်ဆပ်ခဲ့ပြီးမှ လုပ်ဖော်ကိုင်ဖက်
အဒေါ်ကြီးတစ်ယောက်ရဲ့ ကူညီမှုနဲ့ အခုတည်းခိုခန်းမှာ အလုပ်ပြောင်းလုပ်နိုင်ခဲ့တာပေါ့။
အဒေါ်ကြီးကဆူးကို သမီးလေးလိုချစ်ခဲ့တာပါ။ ဆူးကိုရိတဲ့တဲ့လာလုပ်တဲ့ ယောကျာင်္းသားတွေမှန်သမျှ
ဟဲ့အကောင်တွေ မင်းတို့မှာနှမမရှိဘူးလား။ ဒါငါ့သမီး ဆိုပြီးရန်တွေ့နေကြ။ သမီးအကြွေးတွေကြေပြီဆိုရင်
သမီးလိုတစ်ကိုယ်ရေတကာယသမားအနေနဲ့ တည်းခိုခန်းတို့လို နေရာမျိုးမှာ အလုပ်ပြောင်းလုပ်ပါလား။
အဲ့မှာဆိုရင် သမီးအတွက် နေစရာလည်းမပူပင်ရဘူး။ ပြီးတော့သမီးအတွက်ပိုပြီး လုံခြုံစိတ်ချရမယ်
အဒေါ်ထင်သားဘဲ ဆိုပြီးသူ့အဆက်ပွဲစားတစ်ယောက်ရဲ့ ကူညီဆက်သွယ်ပေးမှုနဲ့ တည်းခိုခန်းမှာ
ရောက်ခဲ့ရတာပေါ့။ အစပိုင်းမှာတော့ ဆူးနေရထိုင်ရတာ အဆင်မပြေလှသလို အဒေါ်ကြီးတို့မိသားစုကိုလည်း
သတိရမိပါရဲ့။ သမီးဟိုကိုပြောင်းရင် အဒေါ်တို့နဲ့ဝေးရမှာပေါ့ လို့ဆူးပြောခဲ့တုန်းက
အစပိုင်းတော့သမီးနေသားမကျသေးချိန်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရမှာပေါ့။ နောက်ပိုင်းနေသားကျသွားရင်
သမီးအဒေါ်တို့ကို မေ့သွားမှာပါ။ သတိရရင်ဖုန်းဆက်ပေါ့သမီးရယ် ဆိုပြီးဆူးမျက်နှာကိုစေ့စေ့ကြည့်ပြီး
အားပေးရှာတယ်။
+++++++++++++++
အခုတည်းခိုခန်းလေးမှာ
အဒေါ်ပြောသလို ဆူးအတွက်လုံခြုံမှုရှိပါတယ်။ ၀န်ထမ်းတွေအားလုံးက စည်းကမ်းရှိကြတယ်လေ။ အစပိုင်းမှာအဒေါ်တို့ကိုဖုန်းဆက်ဖြစ်ပေမဲ့
နောက်ပိုင်းအဒေါ်တို့လည်း အလုပ်ပြောင်းသွားကြတယ်လို့သိရတဲ့နောက် ဖုန်းနံပါတ်တွေလည်းပြောင်းလိုက်တော့
ဆူးဘယ်လိုမှ ဆက်သွယ်လို့မရခဲ့ပါဘူး။
+++++++++++++
ဆူးတို့တတွေဟာခရီးသွားဧည့်သည်တွေပါ။
တွေဆုံကြုံကွဲမို့ ဘယ့်သူ့ကိုမှလည်း ပိုပြီးမခင်သွယ်ခြင်ပါဘူး။ တစ်ယောက်ယောက်ကိုခင်သွယ်မိလို့
ခွဲရတဲ့အခါ ကိုယ်ဘဲ ကြေကွဲရမှာမို့ပါ။
+++++++++++++++++
အမေတို့နဲ့အဆက်သွယ်ပျက်နေတာ
ခြောက်လကျော်သွားပြီလေ။ အလုပ်မှာငွေလေးနဲနဲစုမိတာနဲ့ အလုပ်ရှင်သူဌေးရဲ့အကူနဲ့ အမေ့ဆီကို
စာလေးတစ်စောင် ငွေ ၁သိန်းပို့နိုင်ခဲ့တယ်။ ပျောက်ချက်ကောင်းလှတဲ့ အကို့ကိုလည်း ဆူးလိုက်ရှာခဲ့တာပေါ့။
++++++++++++++++
ဒီလိုပါဘဲ ထိုင်းအလုပ်ရှင်တွေဆိုတာ
ကောင်းတဲ့သူတွေရှိသလို ဆိုးတဲ့သူတွေလည်း ရှိစမြဲပါ။ ကံကောင်းပေလို့ အခုဆူးလုပ်နေတဲ့
အလုပ်ရှင်က သဘောထားပြည့်ဝတဲ့ သူတွေဖြစ်နေလို့ပေါ့။ တချို့များဆိုရင် အလိမ်ခံရတာ၊ အရောင်းစားခံရတာ၊
နိုင်ငံကူးခွင့် အလုပ်လုပ်ခွင် စာအုပ်တွေ သိမ်းပြီးပြန်မပေးတာ
ဟူးသိမ့်စိတ်ညစ်ရပါလား
++++++++++++++++
ထိုင်းဒီဗွီချာနယ်တွေမှာ
သတင်းတွေခနခနမြင်နေရတယ်။ ဘယ်သူက ဘာဖြစ်လို့သေသွားတာ။ အမည်မသိအလောင်းတွေ့မိတာ။ ရေနှစ်လို့သေတာ။
မြန်မာပြည်သားအလုပ်သမားတွေ အလုပ်ရုံထဲမှာ မတော်တဆမှုနဲ့သေသွားတာ။ ဆူးအကြိမ်ကြိမ် ဘုရားတမိတာပေါ့။
အကိုကြီးတစ်ယောက် ဘေးမထိရန်မခဘဲ တနေရာရာမှာ အဆင်ပြေချောမွေ့စွာအသက်ရှင်နေပါစေလို့။
++++++++++++++++
ဆူးခင်းလမ်းတွေပေါ်ကို
လျှောက်နှင်းနေရတဲ့ ဆူးရဲ့ခြေဖ၀ါးတွေလည်း သွေးခြေတွေဥလှပါပြီ။ အမေရယ် အမေ့ဆေးဖိုး-ညီမလေးရဲ့ကျောင်းစာရိပ်၊ မောင်လေးငယ်ရဲ့ အသေးသုံး
အကိုကြီးကိုရှာပုံတော်ခရီးက ဘယ်တော့မှ အဆုံးသတ်ရမှာလည်း။
+++++++++++++++
ကိုကြီးရယ် ညီမလေးတို့ရဲ့ကံကြမ္မာက
ဘယ်ဘ၀က ၀ဠ်ကြွေးတွေပါလာလို့ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတာလည်း။ ဘ၀ဆက်ပေါင်းများစွာသာ
ရှိဦးမယ်ဆိုရင် ၀ဠ်ရှိသမျှ ဒီအမျှနဲ့သာ ကြေပါစေတော့လို့ ညီမဆုတောင်းလိုက်ပါတယ်။
+++++++++++++++++
မေမေ့ကို ညီမလေး ဘယ်လိုပြန်ပြောရပါ့မလည်း။
မူးယစ်သားကောင်ဘ၀နဲ့ တိုင်းတပါးမှာ ပြေးလွှားရှောင်ပုန်းနေရတဲ့ ကိုကြီးရဲ့ ဘ၀အခြေအနေတွေကို
ညီမလေး ဘယ်လိုပံ့ပိုးမှုပေးနိုင်မှာလည်းတွေးတောနေမိတယ်။
+++++++++++++++++++
အမေ့တို့ဆီကို ပြန်ကြရအောင်လို့
ပြောတိုင်း ဆင်ခြင်အမျိုးမျိုးပေးတတ်တဲ့ကိုကြီးကို ညီမလေး ရအောင်ခေါ်ပြန်မယ်လို့ စိတ်ကူးပါတယ်။
+++++++++++++++
အဖြစ်ဆိုးလှချည်လား ကိုကြီးရယ်
နောင်တမလွန်အထိ ကိုကြီးတို့ရဲ့ရန်စတွေ ပါမသွားပါစေနဲ့။ ညီမလေး-လေ ကိုကြီးကိုဒီနွံထဲကနေ ဆွဲထုတ်ဖို့ကြိုးစားရင်
ကိုကြီးက ဒီနွံထဲမှာ ပိုပိုပြီးနှစ်တထက်နှစ်နေခဲ့တယ်။ ခုတော့ ကိုကြီးရဲ့နောက်ဆုံးလမ်းခရီး
အစဉ်မလှခဲ့ပါဘူး။
+++++++++++++
ခုတော့လည်းတနယ်တကျေးမှာ
အမေ့ဖို့၊ ညီမလေးနဲ့မောင်လေးတွေဖို့ ဆူးရုန်းကန်ရင်း အိမ်ပြန်ဖို့ နောက်နှေးတဖက် နောက်နှေးခဲ့ရပါပြီ။
ဒါပေမဲ့စိတ်ချပါအမေ သမီးအမေတို့ဆီကို မရောက်ရောက်အောင် ပြန်ခဲ့ပါမယ်။ အမေ့ကိုတွေ့ရင်
ကိုကြီးအကြောင်း ဘယ်လိုပြောရပါ့မလည်း။ အတွေ့ခဲ့ပါဘူး လို့ဘဲညာရမှာလား။
++++++++++++++++
အမေပြောခဲ့ဘူးတာကို အမှတ်ရနေမိပါတယ်။
သမီးလေး သမီးအကို့ကို မရရတဲ့နည်းနဲ့ အပါပြန်ခေါ်ခဲ့ပါ။
သမီးအဖေ့အပေါ်မှာ ထားခဲ့တဲ့ အမေ့ရဲ့ကတိစကားတွေကို ဆက်တည်နိုင်ဖို့အတွက် သမီးအမေ့ကိုချစ်ရင်ကူညီပါသမီးရယ်။
သမီးတို့ ညီအမတွေနဲ့ သမီးအကိုက မောင်နှမအရင်းတွေမဟုတ်ပေမဲ့ သူကသမီးတို့ရဲ့အကိုကြီးပါဘဲ။။
တမလွန်က သမီးအဖေစိတ်ကျေနပ်အောင် အမေစိတ်ချမ်းသာအောင် သမီးလေးဘဲ ကူညီနိုင်မှမို့ပါ။
ပြီးတော့သမီးတို့တွေမောင်နှမအရင်းတွေ မဟုတ်ကြဘူးဆိုတာ သမီးအကို ကိုဘယ်တော့မှအသိမပေးပါနဲ့နော်။
သူစိတ်သောကတွေအရမ်းရောက်နေမှာကို အမေစိတ်ပူလို့ပါတဲ့။
ခုတော့လည်း အမေမသိစေခြင်တဲ့ သမီးတို့ မောင်နှမအကြောင်း အကိုဘယ်တော့မှ
မသိနိုင်တော့ပါဘူး အမေရယ်။
အမေကျန်းကျန်းမာမာနဲ့
အေးချမ်းပါစေလို့ သမီးနေ့စဉ်နှင့်အမျှ တောင်းဆုပြုပါတယ်အမေ။
ဒိုင်ယာရီလေးအဆုံးတွင်
ဆူးဆိုသည့် အမျိုးသမီးကိုသူ အရမ်းစိတ်ဝင် စား သွားခဲ့မိပါသည်။ “သူမဘယ်သူလည်း။ သူမဘ၀က အရမ်းကို သနားစရာ ကောင်းလှပါလား။
သူမကို တွေ့ချင်လိုက်တာ။ သူမနဲ့ငါစိတ်ဝင်စားနေတဲ့ ကောင်မလေးနဲ့ကကော ဘယ်လို ဆက်နွယ်မှုရှိနေလည်း”
ဒန္တာရီအတွေး ပေါင်းစုံထဲ သူခနနှစ်မျောနေမိသည်။ ဒိုင်ယာရီ စာအုပ်လေးကိုချပြီး
ပါတ်စပေါလ်စာအုပ်ငယ်လေးကို ကောက်ကိုင်လိုက်မိသည်။ ဘယ်သူ့ စာအုပ်လေးလည်း သိချင်စိတ်ဖြင့်
သူဖွင့်ကြည့်မိပြန်သည်။ ငယ်စဉ်တည်းက စပ်စုတာကိုဝါဒနာထုန်သည့် သူ့အဖို့
သည်အခန်းငယ်လေးသည် သူ့အတွက် စိတ်ဝင်စားစရာများပင် ကြုံနေမိသည်။
REPRBLICE OF THE
UNION OF MYANMAR ဆိုသည့်ခေါင်းစဉ်အောက်တွင်
အမည်နေမှာတွင် အင်္ဂလိပ်လိုဖြင့် SUE, MYANMAR, 19 JUN 88 ဟုထင်ထင်ရှားရှားမြင်တွေ့လိုက်ရခြင်းကြောင့်
သူတဖန်အံ့သြ သွားရပြန် ပါသည်။
No comments:
Post a Comment