Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Thursday, July 3, 2014

လွဲမှားနေသော စကားပုံများနှင့် မြန်မာ့လူ့အသိုင်းအ၀ိုင်း


ခေတ္တအဆက်ဆက် သံသရာအဆက်ဆက်တွင် သူ့ခေတ်နှင့်လိုက်ဖက်ညီထွေသော စကားပုံများစွာကို ရှေးလူကြီးများက ချန်ထားရစ်ခဲ့ကြပေသည်။ သို့သော်လည်း အလွန်ရိုးသားဖြူစင်ကြသော ရှေးလူကြီးသူမများသည် စကားလုံးများ၏ အကျအနကိုမကောက်ဘဲ သဘောရိုးဖြင့်သင့်လျှော်သလို ရေးစပ်သီဖွဲ့ထားခဲ့ကြသော်လည်း ယနေ့ခေတ် လူပျက်အချို့ကမူအမျိုးသမီးများကို အတော်မရော် နောက်ပြောင်ခြင်းခနဲ့ခြင်း အမျိုးသမီးများ၏ ရိုးသားကြိုးစားမှုများကို လှောင်ပြောင်းခြင်းများ ပြုလုပ်နေ ကြသည်။


လွဲမှားနေသော စကားပုံများ

            ယနေ့မိမိတို့လူမှုအသိုင်းအ၀ိုင်းတွင် လူပျက်များက အမျိုးသမီးများ၏ ကြိုးစားအားထုပ်မှုနှင့်ဇွဲလုံးလ ၀ိရိယတို့ကို အသိအမှတ်မပြုဘဲ ကြက်မတွန်လို့မိုးအလင်း၊ ဖားတုလို့ခရုခုန် ဖင်ကျိုးရုံသာရှိမှာပေါ့၊ (အိုင်ပျက်ရုံသာရှိမှာပေါ့)မိန်းမအတွေး တောင်တလုံးမကျော်၊ မဖျက်လျှင်ပြည်ပျက်သည်၊ သမီးတကောင်နွားတစ်ထောင်၊ ရှမ်းရိုးလင်ကိုး ဟူသောစကားပုံများနှင့် အမျိုးသမီးများကို အမျိုးမျိုးနှိမ့်ချ အထင်သေးစွာပြောဆိုနေကြသည်ကို နားရှိသူတိုင်း ကြားဖူးကြမည်ဟုယုံကြည်ပါသည်။ အနုပညာရှင်များ ကိုယ်တိုင် လွဲမှားသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် ထိုစကားပုံများကိုအသုံးပြုပြီး ဇတ်လမ်းများစွာတို့ကိုလည်း ရိုက်ကူ ဖြန့်ချီနေ ပေသည်။
            ကြက်မတွန်လို့မိုးမလင်း ယခင်မိဘဘိုးဘွားများတို့သည် နာရီလက်သံများမရှိခြင်း တောတောင်တို့၏သဘာဝကို မှီတင်းနေထိုင်ရခြင်းတို့ကြောင့် အချိန်(နာရီ)ကို မည်သူတဦးတစ်ယောက်ကမှ သေချာစွာသိရှိနားလည်ခြင်းမရှိပေ။ ယနေ့ခေတ်လူမျာကဲ့သို့ လက်ပတ်နာရီ တိုင်ကပ်နာရီများ ကိုပင်စိတ်ဝင်တစားရှိမှုများ အလွန်ပင်နည်းပါးလှသည်။ မြနန်မာ ပြည်၏နေရာဒေသတော်တော်များများသည် ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံများကို ကြားသိရလျှင် မနက် အာရုံတက်လို့ မိုးလင်းတော့မည်ဟုယူဆကြပြီး မနက်စာများထ၍ချက်ပြုတ်ပြင်ဆင်လေ့ရှိတက်ကြသည်။ တောရွာတို့၏ တခုသောဓလေ့အရ လင်းကြက်တွန်ချိန် နေထွက်ချိန် ဆိုသည့်စကားပုံအတိုင်း ကြက်များတွန်သံကြားလျှင် မိုးလင်းတော့မည် ဖြစ်သောကြောင့် အိပ်ယာမှထကာ မနက်စာအတွက်ချက်ပြုတ်ပြင်ဆင်ကြပါသည်။ ထို့အတွက်ကြောင့် ကြက်များမတွန်သေးလျှင် မိုးမလင်းသေးပါဟူသော အယူအဆကြောင့် ကြက်မတွန်မိုးမလင်း ဆိုသည့်စကားပုံများ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။ကြက်မတွန်မိုးမလင်းဆိုသည့် စကားပုံကို (ကြက်မ) ဆိုသည့် စကားလုံးသည် ကြက်အမ (ကြက်အထီးအဟုတ်) ဟုယူဆကြပြီး ကြက်အမတွန်၍ မိုးမလင်းနိုင်ပါယူသောအတွေးအခေါ်များ ၀င်ရောက်လာကာ အမျိုးသမီးများကြိုးစားမှုကြောင့် လွတ်လပ်ရေးကိုသော်လည်းကောင်း ငြိမ်းချမ်းရေးကိုသော်လည်းကောင်း မည်သည့် ပန်းတိုင်ကိုမှ ရောက်မည်မဟုတ်ဟုဆိုပြီးအမျိုးသမီးများကို အထင်မကြီးခြင်းမလေးစားခြင်း အထင်သေးခြင်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။

            ဖားတုလို့ခရုခုန် ဖင်ကျိုးရုံသာရှိမှာပေါ့၊ အိုင်ပျက်ရုံသာရှိမှာပေါ့ အမှန်စင်စစ်အားဖြင့် ဖားနှင့်ခရုတို့သည် မည်သည့်အရာ မည်သူကိုရည်ညွန်းပြောဆိုကြသည်ကို သိရှိရန်လိုအပ်ပေသည်။   ဤစာဆောင်ကို ဖတ်ခြင်းဖြင့် မိမိကို အလွန်ရိုင်းပြသော စာရေးသူကိုရိုင်းပြသည်ဟု မဆိုထားပါလေနှင့်။ ဖားဆိုသည်မှာ အမျိုးသမီးများ၏ မအဂါင်္ကို ရည်ညွန်းပြီး ခရုဆိုသည်မှာ အမျိုးသားများ၏ ကျားအဂါင်္ကိုရွည်ညွန်း ပြောဆိုထားခြင်းဖြစ်သည်ကို လူအများနားလည်ကြ မည်ဟုယုံကြည်ပါသည်။ အမျိုးသမီးများ၏ ဦးနှောက်နှင့်ဖျက်ထိုးဥာဏ်တို့သည် ထက်မြတ်သာလွန်ကြောင်း အမျိုးသမီးများ ၏ ဥာဏ်ရည်ဦးနှောက် ရှင်သန်မှုသည် ကွန်ပြူတာစက်ခလုတ်များထက် ပိုမိုအလုပ်လုပ်နိုင်စွမ်းရှိခြင်းကို အကြောင်းပြု၍ အမျိုးသမီးများကို ဂုဏ်ပြုသည့်အနေဖြင့် ရှေးလူကြီးများကယင်းစကားပုံကို ချန်ထားခဲ့ခြင်းဖြစ်ပေသည်။ ရှေးယခင်ပသေ၀ တီက တည်းက အမျိုးသမီးများ၏ ဦးဆောင်မှုခေတ်ကို စနှစ်ကိုလည်းဖျက်ကျော် လာခဲ့ကြရဖူးပြီးဖြစ် သည်။
မိန်းမအတွေး တောင်တလုံးမကျော် အမျိုးသမီးအများစုသည် အလုပ်တခုကိုပြုလုပ်တော့မည်ဆိုပါက အကောင်း အဆိုး အားနည်းချက်အားသာချက်များကိုစေ့စပ်စွာတွေးတောခြင်း အဆင့်လိုက်အဆင့်လိုက်တွေးတောဆင်ခြင်ခြင်း တို့ကြောင့် ကျန့်ကြာတတ်ပါသော်လည်း အောင်မြင်သည်ချည်းသာဖြစ်သည်။ တောတခုတောင်တလုံးကို ဖျက်ကျော် မည်ဆိုပါက ထိုတောတောင်တို့တွင်ကြုံတွေ့ရမည့် အခက်အခဲလိုအပ်မည့်အထောက်အကူများ ကိုစေ့စပ်စွာတွေးတောသူ မှာ အမျိုးသမီးများပင်ဖြစ်သည်။ တုန်းတိုက်တိုက်ကျားကိုက်ကိုက် ပြုလုပ်တက်သောသူများသည် အရာရာကိုစဉ်းစားဆင် ချင်ဥာဏ်နည်းပါးပြီး အချိန်ကုန်လူပင်ပန်းကာ အလုပ်တခုကိုအနည်းဆုံးနှစ်ကြိမ်သုံးကြိမ်ပြန်လုပ်ရတက်သည်။ အမျိုးသမီး များ၏အတွေးသည် တောင်တလုံးကိုကျော်ရန် အဆင့်လိုက်တွေးခေါ်နေခြင်းတို့ကြောင့် မိန်းမအတွေးတောင်တလုံးမကျော် ဟူသည့်စကားပုံပေါ်ပေါက်လာသည်ကို အမျိုးသမီးများ၏အတွေးစိတ်ကူဥာဏ်သည် ဦးနှောက်မမှီသောသူများ၏ တွေးခေါ် မှုမဟုတ်ပေ။ အမျိုးသမီးအများစုသည် အိမ်မှုကိစ္စမှအစ စီးပွားရေးလုပ်ငန်းများနှင့်အတူ သားသမီးများကိုပြုပြင်ထိန်း ကြောင်းရာတွင်လည်းကောင်း နိုင်ငံရေလှုပ်ရှားမှုများတွင်မဆို စနှစ်ကျခြင်း သေသပ်မှုရှိခြင်း များသည် အမျိုးသားများ ထက်သာလွန်နေသည်ကိုငြင်း၍မရနိုင်ပေ။  
လွဲမှားနေသော စကားပုံများ

မဖျက်လျှင် ပြည်ပျက်  မဖျက်၍ပြည်ပျက်ခြင်းမဟုတ်ပေ။ တိုင်းပြည်အတွင်းနေထိုင်နေကြသော ပြည်သူများနှင့် အုပ်ချုပ်သူတို့သည် မိန်းမဥာဏ်များသုံးပြီး တိုင်းပြည်ကိုလက်တလုံးခြားလိမ်လည်လှည့်ဖျားကာ ပျက်စီးမှု လမ်းကြောင်းကို ဆောင်ပြီး အာဏာရယူလိုမှုတို့ကြောင့်သာလျှင် တိုင်းပြည်ပျက်စီးရခြင်းဖြစ်သည်။ မိန်းမဥာဏ်ဟုဆိုရာဝယ် အမျိုးသမီးများ သည်ဥာဏ်ရည်ထက်မြတ်မှုတို့ကြောင့် အကောင်းအဆိုးအကြိုးအကြောင်းများကို စေ့စပ်စီလျော်စွာ တွေးတောတက် မှုကြောင့်လည်းကောင်း မိန်းမဥာဏ်ဟုခေါ်ဆိုခြင်းဖြစ်သည်။ အချို့သောသူများသည် မကောင်းသောဥာဏ်နီဥာဏ်နက် များကိုသုံးဖြင်းသည် မိန်းမဥာဏ်ဟုခေါ်ဆိုတက်ကြသည်။ လူတိုင်းသည်အကောင်းနှင့်အဆိုးတွန်တွဲနေမှုကြောင့် အမျိုးသမီးများသည်လည်း ကောင်းသောတွေးခေါ်မှုဥာဏ်ရည်များရှိသကဲ့သို့ ဆိုးသည့်အရာများလည်းရှိနိုင်သည်။
ရှမ်းရိုးလင်ကိုး ရှေးမြန်မာ့ထုံးတမ်းအစဉ်အလာအရ အမျိုးသားများသည် အမျိုးသမီးများထက် ဘုန်းတန်ခိုး မြင့်မြတ်သည်ဟု ယုံကြည်ခဲ့ကြသည်။ အမျိုးသမီးများသည် အမျိုးသားများကို အလွန်ပင်ရိုသေကိုင်းရှိုင်းကြပေသည်။ သားကိုသခင်တယောက်လိုဆက်ဆံပြီး လင်ကိုဘုရာတဆူကဲ့သို့သဘောထားတက်ကြသည်။ ညအိပ်ယာဝင်လျှင်လည်း လင်ဖြစ်သူကို ရှိခိုးဦးချလေ့ရှိသည်။ အထူးသဖြင့် ကျေးလက်တောရွာများမှတိုင်းရင်းသူ လေးများထဲတွင် ဤယဉ်ကျေးမှု များကိုတွေ့ရှိရပေသည်။ ထို့အတူရှမ်းတိုင်းရင်းသူများသည် အလွန်ပင်ရိုးသားဖြူစင်ကြသောကြောင့်လည်းကောင်း ရှမ်းတိုင်းရင်းသူများ၏ရိုးသားမှုနှင့် ၎င်းတို့၏လင်သားများအပေါ် တာဝန်သိတတ်မှု လင်ယောကျာင်္းဖြစ်သူကို ရိုသေကိုင်း ရှိုင်းမှုတို့ကြောင့် ရှမ်းမရိုးလျှင် လင်ကိုကိုးကွယ်သည် ဟူသည့်စကားပုံတခုပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ ယနေ့ Globalization ကမ္ဘာကြီးသည် တနေ့ထက်တနေ့ ကျဉ်းမြောင်းလာသည်နှင့်အညီ နိုင်ငံတခု၏ယဉ်ကျေးမှုတို့သည် တကမ္ဘာလုံးသို့ ပျံ့နှံ့လာလျှက်ရှိလေရာ မည်သူသည်မည်သည့်နိုင်ငံမှလာသည်ကို IDများမှမစစ်ဆေးလျှင် သိရှိနိုင်ရန် အလွန်ပင် ခက်ခဲလှသည့ခေတ်ကိုရောက်ရှိလာပေသည်။ ထို့အတူအမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုတို့သည်လည်း တိုးတက်ပြောင်းလဲလာပြီး အချို့တွင်မူ မကောင်းသောအကျင့်စရိုက်များပါ ကူးဆက်လာမှုတို့ကြောင့် ရှမ်းမရိုးလျှင် လင်ကိုကိုယ်ကွယ်သည် ဆိုသည့်စကားပုံအစား  ရှမ်းရိုးလင်ကိုး ဆိုသည့်လွဲမှာသည့် စကားပုံများဖြင့်အပုတ်ချပြောဆို လာကြပေသည်။
သမီးတစ်ကောင်နွားတစ်ထောင် သမီးတစ်ယောက်သည် နွားတစ်ထောင်ကဲ့သို့ ထိန်းရခက်သည်ကို မဆိုထားပေ။ နွားအကောင်တစ်ထောင်ထက် တန်ဖိုးပိုရှိကြောင်းကို ထောက်ပြခြင်းဖြစ်သည်။ မည်သည့်မိန်းကလေး၊ အမျိုးသမီးမှ မိမိကိုယ်ကို ပျက်ဆီးမည့်လမ်းကြောင်းကို လျှောက်စေလိုကြမည်မဟုတ်ပေ။
အမှန်စင်စစ်အားဖြင့် အမျိုးသမီးများသည် နိုင်ငံကိုအုပ်ချုပ်မင်းလုပ်နေသောသူများကိုလည်းကောင်း ထောင်တွင်း အကျဉ်းကျနေသော လူဆိုးငပေများကိုလည်းကောင်း ဘာသာအသီးသီးမှယုံကြည်ကိုးကွယ်လျှက်ရှိသော ဘုန်းကြီးများကို လည်းကောင်း မိမိ၏အသက်များကို ပဏာနမထားဘဲ လောကတွင်းသို့ ဆောင်ချည်းပေးသော မိခင်ကောင်းများပင် ဖြစ်ပေ သည် ကိုနှလုံးသွင်းထားရန်လိုအပ်ပေသည်။

No comments:

Post a Comment