Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Thursday, July 3, 2014

အချစ်နှင့်နှောင်ကြိုး အပိုင်း ၅

ရုန်းကန်ညှင်းဆန်နေသောဆူးကို ငြိမ်းချမ်း၏သန်မာသော လက်များဖြင့် ချုပ်နှောင်ထားလိုက်သည်။
အချစ်နှင့်နှောင်ကြိုး


“ဆူး ကျတော့်စကားကို တချက်လောက်နားထောင်ပေးပါဗျာ ပြီးမှဆူး ကြိုက်သလိုဆုံးဖြတ်ပါ ကျတော်ဆူးကို ချိန်းခဲ့တဲ့ညက ကျတော် အဖေအသဲတန်ဖြစ်လို့ ရန်ကုန်ဆေးရုံကြီးမှာ တင်ထားတယ်ဆိုတာနဲ့ ဘယ်သူ့ ကိုမှအသိမပေး အားဘဲပြန်သွားခဲ့ရတာပါ။ ကျတော်တို့မှာအဖေတခု သားတခုဘဲရှိပါတယ်ဗျာ။ ကျတော့်အမေကလည်း ကျတော့်ကိုမွေးပြီးပြီးချင်း မီးတွင်းထဲမှာဘဲ ဆုံးသွားခဲ့တာပါ။ ဒါပေမဲ့အဲ့ဒီညမှာ ဆူးဟာအဖြူရောင်ဂါဝင် လေးဝတ်ဆင်ပြီးကျတော်ကို ညသန်းခေါင်ယံချိန်အထိစောင့်နေခဲ့တယ်ဆိုတာ ကိုအောင်ကြီးပြောပြလို့ ကျတော်သိပြီးပါပြီ။ အဲ့ဒီညကဖြစ်ခဲ့တဲ့ အဖြစ်ပျက်တွေအားလုံးကလည်း ကျတော့် မှားယွင်းမှု ကျတော့်ပေါ့ဆမှုကြောင့် ဆူးအထင်သေးခံရတာ ကျတော့်အပြစ်တွေပါ။ ကျတော်ဆူးကို တောင်းပန်ပါ တယ်ဗျာ - ဆူး-ဆူး ကျတော်ပြောတာကြားရဲ့လားဗျာ တခုခုတုန့်ပြန်ဦးလေ”

မလှုပ်မရပ်ဖြင့်ငြိမ်သက်နေသော ဆူး၏နဖူးပြင်လေးကို ငြိမ်းချမ်းငုံနှမ်း လိုက်မိသည်။ ထို့နောက်ဆူးကို ကုတင်ပေါ် သို့ပွေ့ချီသွားလေသည်။
အချစ်ဆိုတာ အလွန်အင်မတန်မှ နူးညံ့သိမ့်မွေ့တဲ့အရာတခုပါ။ အချစ်နဲ့တခါမှ မထိတွေ့ဘူးတဲ့သူတိုင်း သူနဲ့ထိ တွေ့လာရင် သံမဏိလိုမာနေတဲ့ သံချောင်းတွေတောင်မှ အရေပျော်ဝင်သွားတတ်ကြပါသည်။ ငြိမ်းချမ်းဦးနှင့် ဆူးတို့သည် သံမဏိလိုမာနေသော သံချောင်းများလည်းမဟုတ်သကဲ့သို့ ကျောက်စရစ်ခဲလည်းမဟုတ်။ ထို့ကြောင့် အချစ်နဲ့တခဏ ထိတွေ့မိတဲ့လူတိုင်း လူတိုင်းနူးညံ့ပြီးမွေ့ပျော်သွားတတ်ကြသလို သူတို့သည်လည်း-။
                        X – X – X – X – X – X – X – X – X – X

            “ကိုယ် ဆူးကိုကျောရရုံကြံတာတော့ မဟုတ်ရပါဘူးနော်”
            “ဘယ်လိုပြောလိုက်တာလည်းဆူးရယ် ကိုယ့်အချစ်ကိုမယုံလို့လား”
“ကိုယ့်ကိုယုံလို့လည်း ဆူးတဘ၀လုံးပုံအပ်ခဲ့ပြီးပြီဘဲလေ အရာရာ အားလုံးအတွက် ဆူးရင်ဆိုင်ဖို့ ပြင်ဆင်ထား ပါတယ်ကိုယ်”
“ဘာတွေပြောနေတာလည်းဆူး၊ ကိုယ်ဒီတခေါက်ပြန်ရင် အဖေ့ကို ဖွင့်ပြောပြီးဆူးကို သင့်တောင့်သင့်တယ် လက်ထပ်ယူမှာပါ ကိုယ့်ကို ယုံကြည်ပေးပါနော် ပြီးတော့ကိုယ့်ကြောင့် ဆူးဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး၊ ဆူးကိုရော ဆူးမိသားစုကိုပါ ကိုယ်တသက်လုံး တာဝန်ယူသွားမှာပါ”
            “ ကျေးဇူးတင်ပါတယ်ကိုယ်”
“သူစိမ်းဆန်လိုက်တာဆူးရယ်၊ ကိုယ်တို့နှစ်ယောက်ကြားမှာ ကျေးဇူး ဆိုတဲ့စကားလိုလို့လား ဆူး”
            “ကိုယ့်မိဘတွေက ဆူးတို့ကို သဘောတူပါ့မလား”
            “ ကိုယ်ပြောပြီးပြီဘဲ ကိုယ်တို့မှာအဖေတခု သားတခုပါဆို”
            “အဲ့ဒီတော့”
“အဲ့ဒီတော့ကိုယ့်သဘောက အဖေ့သဘော အဖေ့သဘောကလည်း ကိုယ့်သဘောဘဲပေါ့”
            “ကိုယ်ရယ်”

တည်းခိုခန်းအ၀န်းရှိဆူးတို့ ဆုံနေကြခုံတန်းလျှားလေးပေါ်တွင် ထိုင်နေ ရင်းနှစ်ဦးသားကြည်နူးမှုများနှင့်အတူ ချစ်သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ငြိမ်းချမ်းတယောက်ဆူးကို ရင်ခွင်ထဲသို့ ထွေးပိုက်လိုက်မိသည်။ ဆူး၏နုတ်မှ လည်း “ကိုယ်ရယ်” ဟုတိုးတိုးလေး ညည်းညူကာငြိမ်းချမ်း၏ ရင်ခွင်ထဲတွင် မိန်းနေလိုက်သည်။
“ဖေဖေဆုံးပါးသွားပြီးတဲ့နောက်ပိုင်း ဆူးအရွယ်ရောက်လာတော့ မေမေကပြောတယ် သမီးအချိန်တန် အရွယ် ရောက်လို့ ချစ်သူရှာပြီး အိမ်ထောင်ပြုမယ်ဆိုရင် ကိုယ်နဲ့အဆင့်အတန်းခြင်း တူညီတဲ့ ယောကျာင်္း မျိုးကိုဘဲရွေးချယ်ပါတဲ့ ချမ်းသာပြီးပညာတတ်တဲ့ ယောကျာင်္းတွေတော်တော်များများဟာ မိဘစကားကို မလွန်ဆန် နိုင်ကြဘူးလို့ ဆူးကို ပြောဘူးတယ် ကိုယ်ရော ချမ်းသာတဲ့ အသိုင်းဝိုင်း ထဲမှာပါလားဟင်”
“ဆူးရယ် ကိုယ်တို့က ဆူးထင်သလောက်မချမ်းသာပါဘူး၊ ဆူးတို့လိုဘဲ လက်လုပ်လက်စားသမားတွေပါ ပြီးတော့ မိခင်မေတ္တာငတ်နေတဲ့ ကို်ယ့်အနေနဲ့ ဆူးရဲ့အမေ့ကိုလည်း ကိုယ့်အမေလိုဘဲ သဘောထားပြီး စောင့်ရှောက်မှာ ပါဆူးဒါနဲ့ဆူး- စကားမစပ် ဆူးရဲ့အကို အကြောင်း ကိုယ့်ကိုပြောပြပါလား” 
အချစ်နှင့်နှောင်ကြိုး


အလိမ်မာနည်းနှင့် ငြိမ်းချမ်းဦး စကားလွဲလိုက်လေသည်။
            “ကိုယ်ကဘာလို့သိခြင်ရတာလည်းဟင်”
“အော်ဆူးရယ်-ဆူးကို ကိုယ်အမြဲနှစ်သိမ့်နေခြင်လို့ပေါ့၊ ပြီးတော့ ဆူးမေမေနဲ့တွေ့ရင် သားတစ်ယောက်ရဲ့ မေတ္တာ ကိုငတ်မွတ်နေတဲ့ မိခင်တစ်ယောက်အတွက် ကိုယ်ဘယ်လို စောင့်ရှောက်ရမလည်း ဆိုတာကို သိထားရတာပေါ့”
“ကိုယ်သိခြင်တယ်ဆိုရင် ဆူးပြောပြမှာပေါ့ ဟိုးလွန်ခဲ့တဲ့ ၄နှစ်ကျော် ၅နှစ်ကာလတုန်းကပေါ့ နောက်တခုက ကိုကြီးဟာ ဆူးရဲ့အကို အရင်းမဟုတ်ခဲ့ပါဘူး အမေတူအဖေကွဲဆိုပေမဲ့ ဆူးတို့မောင်နှမတွေ အပေါ်ကိုတော့ ကိုကြီး က တာဝန်ကျေခဲ့ပါတယ်” 
                        X – X – X – X – X – X – X – X – X – X
အတိတ် ၎

            တနေ့အားလပ်ရက်တွင် ဈေးလည်ပတ်ရင်း ရုပ်ရုပ်သဲသဲ ဖြစ်နေသော မြင်ကွင်းတခုကို သတိထားမိလိုက်သည်။ အမှတ်မထင်ဘဲ ထိုဒီနေရာ လေးကိုသူမရောက်သွားခဲ့မိသည်။ လူအုပ်စုတစု စကားများရန်တွေဖြစ်ပြီး ရဲတွေ ရောက်လာ သောကြောင့် ၀ရုန်းသုန်းကား ပြေးထွက်လာခဲ့ရာ တစ်ယောက် သောသူသည် သူမဆီသို့ဦးတည် လာခဲ့သည်။ သူမ၏ခေါင်းတွင် ဆောင်းထား သော ဦးထုပ်လေးကို ဆွဲယူပြီးသူ့ခေါင်းပေါ်သို့ ခပ်ငိုက်ငိုက်လေး ဆောင်းချ လိုက်သည်။ သူမ၏လက်ပေါ်မှာအသင့်တင်ထားသည့် ဂျာကင်လေးကိုဆွဲယူပြီး သူမ၏လက်ကိုပါဆွဲ၍ ကာခြေဦးတည့်ရာ ပြေးထွက် သွားလေသည်။ သူမလည်း မရောင်မလည်နှင့် သူ့နောက်သို့လိုက်ပါလာခဲ့သည်။ သူသည်သူမ၏ဂျာကင်နှင့် ဦးထုပ်ကို ဆောင်းပြီး သူတို့စားကျက်ဟုထင်ရသော အမှောင်နဲနဲလွမ်းနေသည့် အခန်းတခုကို ရောက်လျင်ရောက်ခြင်း သူ့ဆီမှ ဖုန်းမည်သံကြားလိုက်ရသည်။ သူသည်သူမ၏လက်ကိုလွတ်ပြီး ခနထိုင်ဖို့ဟန်မူရာပြရင်း သူမနှင့်မလှမ်းမကမ်း တွင် ဖုန်းပြောနေသည်။ သူပြောနေသော စကားများသည် မြန်မာစကား ဖြစ် နေသော ကြောင့် သူမအရမ်းကိုအံ့သြသွားမိသည်။
“ဟေ့ရောင်မင်းဘယ်ရောက်နေလည်း။”
“ငါဒီမှာငတိမတစ်ယောက်ပါလာတယ်။”
“++++။”
“ မသိပါဘူးကွာ ငါလည်းဆွဲမိဆွဲရာ သူ့ကိုဆွဲမိတာနဲ့ပါလာတာ။”
 “++++++။
“ပုံစံက ခပ်နုံနုံလေးပါကွာ။ ရိုးသသအရှရှလေးဘဲ။”
“ ++++++။”

 သူဖုန်းပြောသည့် ဟန်အမူအရာ သူ့လှုပ်ရှားမှုနှင့် သူ၏အသံသည်ကို သူမသေချာစွာသတိထားလိုက်မိသည်။ ထိုသူကို သူမရင်းရင်းနှီးနှီး သိကျွမ်းခဲ့ ဘူးသည်ဟုလည်း စိတ်ထဲမှ အလိုလိုခံစားနေရသည်။ သူ့ကိုသူမမျက် တောင်ပင်မခက်ဘဲ သေချာစိုက်ကြည့်နေမိသည်။ အကိုနဲ့သိမ့်တူတာဘဲ ဟုလည်း သူမ၏စိတ်ထဲတွင်တွေး နေမိသည်။ သူအမှတ်မဲ့ ဦးထုတ်ကို ချွတ်လိုက်သည့်အချိန်တွင် သူ၏ညာဖက်နားရွက်မှ အမှတ်လေးကို လှမ်းမြင်လိုက်ရလျင် ရခြင်း သူမသည်သူ၏ ခါးလေးကို ပြေးဖက်မိသည်။ သူလည်းတဖက်မှဖုန်းပြောနေသောသူကို
“ဟေ့ရောင်ခနနေဦး ဒီမှာအရေးကြီးလို့”

 သူရုတ်တရပ် ဖုန်းချလိုက်သည်။ သူသည်သူမ၏ လက်ကို ဆုတ်ကိုင် ပြီး နောက်သို့ခေါင်းလေးစောင်းငဲ့ ကြည့်လိုက်မိသည်။ ထို့နောက်သူမ၏ လက်ကိုဖြုတ်လိုက်ပြီး သူမနှင့်မျက်နှာချင်းဆိုင် လိုက်ပြီး သူမ၏ပုခုံးကိုကိုင်ကာ သူမကို ကိုသေသေချာချာ စိုက်ကြည့်လိုက်သည်။ ထို့နောက်သူသည် သူမ မြန်မာစကားကို နားလည်မည်မဟုတ်ဟု ယူဆလိုက် မိသည်။
“မင်းကိုမြင်ဘူးသလိုတော့ရှိသားဘဲ”

သူသည်မြန်မာလို သူမမျက်နာလေးကိုကြည့်ပြီး ပြောလိုက်မိသည်။
“အကိုကြီး အကိုကြီးထွန်းထွန်းမဟုတ်လား။ ညီမလေးလေ- ညီမလေး ဆူးမလေအကို-ရှာလိုက်ရတာ ကိုကြီးရယ်။ တွေ့မဲ့တွေ့တော့လည်း ကဗျာမဆန်လိုက်တာ။”
“ဆူးမ ညီမလေး၊ မင်းမင်း ဆူးမ ဟုတ်တယ်နော်။”
“ဟုတ်တယ်လေ ညီမလေးလေ ကိုကြီးရယ် အမေက ကိုကြီးရှာဖို့ ညီမလေးကိုလွတ်လိုက်တာ”
“ညီမလေးရယ်”

ထွန်းထွန်းတစ်ယောက် ဆူးမကိုရင်ခွင်ထဲထွေး ပိုက်လိုက်သည်။ ထွန်းထွန်း၏ရင်ခွင်ထဲတွင် ဆူးတစ်ယောက် ရိုက်ကြီးတငင်ငိုနေမိသည်။ ဆူး၏ပုခုံးကိုထွေးပိုက်ရင်း ထွန်းထွန်းနှစ်သိမ့်မှုပေးလေသည်။
“ဆူးမ-ညီမလေး မငိုနဲ့တော့လေ အခုကိုကြီးတို့ပြန်ဆုံကြပြီဘဲ ညီမလေးရယ် မငိုနဲ့တော့နော်တိတ်တိတ်”

သူသည် ဆူးမ၏မျက်နာလေးကို တရုတယ တယုတယသုတ် ပေးရှာသည်။
“ဒါနဲ့ အမေနဲ့အငယ်လေးတို့ကော နေကောင်းကြတယ် မဟုတ်လား ညီမလေး”
“အမေနေမကောင်းဘူးကိုကြီး အမေ့ရောဂါအခြေအနေက တနေ့ရွှေ တနေ့ငွေဘဲ ကိုကြီးကဘာလို့ပြန်မလာ သေးတာလည်း အမေစိတ် အရမ်းပူနေတာ အိမ်ကိုလည်းအဆက်သွယ်မလုပ်တော့ အမေ့ခမြာ ကိုကြီးကို စိတ်မချ နိုင်ဖြစ် နေတာ”
“ညီမလေးရယ် ကိုကြီးပြန်လာမှာပေါ့၊ ဒါနဲ့ညီမလေးက ဘာဖြစ်လို့ ဒီကိုဘယ်လိုရောက်နေတာလည်း။”
“မေးရက်လိုက်တာကိုကြီးရယ် ဖေဖေမရှိတော့တဲ့နောက်ပိုင်း မိသားစု ၀င် အားလုံးက ကိုကြီးကိုဘဲ အားထား နေရတာလေ ကိုကြီးလဲ အိမ်နဲ့ အဆက်သွယ်ပြတ်ရော မိသားစုတာဝန်တွေက ညီမလက်ထဲ ရောက်လာတာပေါ့၊ ကိုကြီး ထိုင်းကိုရောက်သွားပြီဆိုတဲ့ သတင်း လည်းကြားရော မေမေက ကိုကြီးကိုခေါ်ခဲ့ဖို့ ပွဲစားတယောက် ရဲ့အကူညီနဲ့ ညီမဒီကို ရောက်လာခဲ့တာဘဲ။”
“ညီမလေးရယ် ထိုင်းနိုင်ငံဆိုတာ ××× နိုင်ငံဘဲညီမလေး ညီမလေး ပြန်တော့နော် ကိုကြီးပြန်လာခဲ့မယ်”
“ကိုကြီးမပါဘဲညီမလေးမပြန်နိုင်ဘူးကိုကြီး ကိုကြီးဟာ မေမေ့အတွက် အကောင်းဆုံးဆေးတခွက်ပါ”
“ကိုကြီးသိပါတယ်ညီမလေးရယ် ဒါနဲ့ညီမလေးအခုဘယ်မှာ အလုပ်လုပ်နေတာလည်း”
            “ Nice Service တခုမှာအလုပ်လုပ်နေတယ်လေ”
            “တည်းခိုခန်းမှာပေါ့”

ဆူးမငြိမ်သက်စွာဖြင့်ခေါင်းကလေးငြိမ့်ပြလိုက်သည်။ ညီမဖြစ်သူ၏ မျက်နှာလေးကို တယုတယကြည့်ပြီး စိတ်မချမ်းသာနိုင်သော ထွန်းထွန်း တခုခုကိုလွမ်းစွပ်နေသည့်အသွင် ဆောင်နေသလို ပြိုတော့မည့်မိုးနှယ် ညိုမှိုင်းလျှက်။
“တည်းခိုခန်းဆိုပေမဲ့လည်း ညီမလေးတို့က သန့်ရှင်းရေး အလုပ်သမားသက်သက်ပါ အဲ့မှာ ကိုအောင်ကြီးရယ် ကိုဖြိုးရယ် ပြီးတော့ အဒေါ်ကြီးတစ်ယောက်ရယ်ရှိတယ်လေ"
            “သူတို့တွေက မြန်မာပြည်သားတွေဘဲလား”
            “ဟုတ်တာပေါ့”
            “ဟူး”

ထွန်းထွန်းသက်ပြင်းအရည်ကြီးတချက်ချလိုက်မိသည်။ ထို့နောက် တခုခုကိုစဉ်းစားပြီး
“ညီမလေးပြန်တော့နော် အလုပ်နောက်ကျရင် အလုပ်ရှင် သူဌေးတွေညိုငြင်လိမ့်မယ်”
            “ကိုကြီးညီမလေးနဲ့တခါတည်းမလိုက်ဘူးလားဟင်”
“ကိုကြီးလိုက်လို့မဖြစ်လို့ပါ ကိုကြီးနောက်မှအေးဆေးလာလည်မယ် ညီမလေးနော်၊ ပြီးတော့ကိုကြီးနဲ့ ညီမလေးနဲ့ မောင်နှမတွေမှန်းသိရင် ညီမလေးဒုက္ခရောက်လိမ့်မယ် ကိုကြီးဖုန်းနံပါတ်ယူထား ညီမလေးသွား တော့နော် ကိုကြီး နောက်ကြရင်လာခဲ့မယ်”
           
ဆူးတစ်ယောက်လေးလံသော ခြေလှမ်းများနှင့်အတူထွက်ခွာ လာခဲ့သည်။ သူမစိတ်ထဲတွင် ကိုကြီးဘာ အလုပ်တွေ လုပ်နေတာလည်း။ သူနဲ့ငါနဲ့ မောင်နှမတွေမှန်းသိရင် ငါဒုက္ခရောက်လိမ့်မယ်လို့လည်းပြောတယ်။ ကိုကြီး ဥပဒေနဲ့ မကင်းတဲ့အလုပ်တွေများ လုပ်နေတာလား။ ဘုရားဘုရား မဖြစ်ပါစေနဲ့။

                        X – X – X – X – X – X – X – X – X – X

            “မေမေချစ်တဲ့သားကြီး အဝေးကိုရောက်ပြီလေ…………….”

ဖုန်းထဲမှသီချင်းသံကြောင့် တယောက်ယောက်ဖုန်းခေါ်နေသည်ကို ထွန်းထွန်းသိလိုက်သည်။ အိပ်ယာထက်မှ လူးလွန့်ပြီး ဖုန်းကိုကောက်ကိုင် လိုက်သည်။ မိမိမဖြင်ဘူးသော ဖုန်းနံပါတ်ကြောင့် ကိုင်သင့်မကိုင်သင့် ခေတ္တစဉ်းစားပြီး ဖုန်းကိုပြန်ချ ထားလိုက်သည်။ သီချင်းသံစဉ်ရပ် သန့်သွားသောကြောင့် ဖုန်းကျသွားမှန်းသိလိုက်ရသည်။ နောက်၃မိနစ် လောက်ကြာသော် ဖုန်းနောက်တခေါက်ဝင်လာပြန်သည်။ ဒုတိယအကြိမ် ထပ်မံဆက်ခြင်းကြောင့် တယောက်ယောက်ဆီမှ အရေးကြီးသောဖုန်း ဖြစ်လိမ့်မည်ဟုစိတ်ထင်ဖြင့် ထွန်းထွန်းဖုန်းကိုကောက်ကိုင်ပြီး ဖုန်းလက်ခံ ခလုပ်လေးကို နှိမ့်လိုက် သည်။ 
“ဟဲလို”
“ကိုကြီးလား ကိုကြီးထွန်းထွန်းနဲ့စကားပြောချင်လို့ပါ”
“ညီမလေးဆူးမလား”
“ဟုတ်တယ်ကိုကြီး ကိုကြီးနေကောင်းတယ်နော်”
“ကောင်းပါတယ် ညီမလေးကော အလုပ်အကိုင်အစဉ်ပြေရဲ့လား”
“ဟုတ်၊ ကိုကြီးဒီနေ့ညီမလေးအလုပ်နားတယ် အဲ့ဒါကိုကြီးဆီကို လာလည်မယ် ကိုကြီးဘယ်မှာနေတာလည်း ညီမလေးကိုပြောလေ”
“ဟာ ဘယ်ဖြစ်မှာလည်း ညီမလေးရဲ့ ကိုကြီးတို့ဆီမှာက ယောကျာင်္း လေးတွေ ဘဲရှိတာ”
“ကိုယ့်အကိုဆီလာတာဘဲ ဘာဖြစ်လည်းကိုကြီးရာ ကိုကြီးနေတဲ့ နေရာကိုရောက်ဖူးခြင်လို့ပါ”
“နောက်မှလာလည်ပါညီမလေးရာ အခုကိုကြီးအလုပ်တွေရှုပ်နေလို့ပါ”
“ကိုကြီးက ဘာအလုပ်လုပ်တာလည်းဟင်”
“ကိုကြီးလား အရောင်းအ၀ယ်လုပ်တာပါ သူဌေးနဲ့ခရီးခနခန ထွက်ရ တယ်လေ”
“ကိုကြီးတို့ သူဌေးနာမည်က ဘာတဲ့လဲဟင်”
“စ..”

ဆက်ပြောရန်ထွန်းထွန်းတွန့်နေမိသည် ထို့အတွက်ကြောင့် စ တလုံးတည်းသာရပ်သန့်သွားသည်။
“အော် ညီမလေးရယ် ညီမလေးကိုပြောလည်း ညီမလေးသိမှာ မဟုတ်ပါဘူး”
            “ကိုကြီးညီမလေးကို တခုခုဖုန်းကွယ်ထားသလိုဘဲနော်”
“မဟုတ်ပါဘူးညီမလေးရယ် ကိုကြီးတို့သူဌေးက သာမာန်လူ တန်းစားလေးပါ”
“ထားပါတော့လေ ကိုကြီးတို့သူဌေးက ဘာအရောင်း ၀ယ်လုပ် တာလည်း”
“အော် ကိုကြီးတို့သူဌေးလား ကုန်စိမ်းရောင်းဝယ်တာပါ၊ တောင်ပေါ် ကျေးရွာတွေကို ခနခနခရီးထွက် ရတယ်လေ။ နက်ဖြန်တောင်မှ ကုန်စိမ်းတွေဝယ်ဖို့ကိုကြီးတို့ကို ခေါ်ထားသေးတယ်”
            “ကိုကြီးတို့ဆိုတာက”
            “ကိုကြီးနဲ့ ကိုကြီးသူငယ်ချင်းနှစ်ယောက်လည်းပါတယ်လေ”
            “အော် အဲ့ဆိုရင် ကိုကြီးရဲ့သူငယ်ချင်းဖုန်းနံပါတ်တွေ ပေးထားလေ”
            “ဘာလုပ်မှာလည်း ညီမလေး”
            “အကြောင်းတခုခုကြောင့် ကိုကြီးကိုဆက်သွယ်လို့ မရခဲ့ရင်”
“နိမိတ်မရှိလိုက်တာ ညီမလေးရယ် ကိုကြီးနဲ့ ညီမလေးက အခုပြန်ဆုံ ကြနေပြီဘဲ ဘာတွေတွေးပြီး စိတ်ပူနေတာ လည်း”
            “ကိုကြီးနောက်တကြိမ် ပျောက်သွားမှာကို စိုးရိမ်လို့ပါ”
“အော် ညီမလေးရယ် အတွေးလွန်ရန်ကော စိတ်ချပါ ကိုကြီး ညီမလေးကို ဘယ်တော့မှ အဆက်သွယ်မပျက်ဘူး ဟုတ်ပြီလား”
            “ကိုကြီး လာမဲ့သီတင်းကျွတ်ရင် ညီမလေးတို့ပြန်ကြရအောင်လေ”
            “သီတင်းကျွတ်”

ထွန်းထွန်းတခနဆိတ်ငြိမ်သွားပြီး တခုခုကိုတွေဝေစွာ စဉ်းစားနေ မိသည်။ သီတင်းကျွတ်ဟုတ်ပေသည်။ လွန်ခဲ့ သော ၃-၄နှစ်အချိန်တုန်းက သီတင်းကျွတ်ပြီဆိုလျှင် အမေနဲ့ညီမလေးကိုပြန်တွေ့နေကြ သီတင်းကျွတ်မှာ ညီမလေးတွေ ကို ခေါ်ပြီးအမေ့ကိုကန်တော့နေကြ။ ခုတော့
            “ကိုကြီး ဘာတွေစဉ်းစားနေတာလည်း”
“ကိုကြီးဘာမှမစဉ်းစားပါဘူး ညီမလေးရယ် ဟုတ်တယ် သီတင်း မကျွတ်ခင်ပြန်ပြီး ကိုယ်တို့မောင်နှမတွေ အမေ့ ကိုကန်တော့ ရအောင် နော်ညီမလေး”
            “ကိုကြီးတကယ်ပြောနေတာနော်”
            “တကယ်ပေါ့ညီမလေးရယ်”
“မေမေသာသိရင်သိမ့်ပျော်နေမှာ ညီမလေးမေမေတို့ဆီကို စာရေးပြီး အကြောင်းကြားလိုက်မယ်နော်”
            “ဟာ-မလုပ်နဲ့မလုပ်နဲ့ညီမလေး”
            “ဘာဖြစ်လို့လည်းကိုကြီး”
“အော် မေမေ့ကိုအံ့သြသွားအောင် ဘာမှအမပြောဘဲ ကိုကြီးတို့ မောင်နှမနှစ်ယောက် ပြန်သွားကြမယ်လေ မကောင်းဘူးလား”

ဆူးတချက်ပြုံးလိုက်သည်။ ထို့နောက် တတ်ကြွသောလေသံလေးဖြင့်
            “အင်းကောင်းသားဘဲ ကိုကြီးစိတ်ကူးလေးက”
            “ကိုကြီးတို့ပြန်ဖို့ ငွေနည်းနည်းပါးပါးတော့ စုရဦးမယ်လေ”
“ကိုကြီးကလည်း ညီမလေးဆီမှာစုထားတဲ့ ငွေနည်းနည်း ပါးပါးတော့ရှိပါတယ်။ ပြီးတော့အမေကပြောတယ် ငွေမပါရင်နေပါစေ ကိုကြီးကိုသာရအောင်ပြန်ခေါ်လာပါတဲ့”
            “စိတ်ချပါညီမလေးရယ် ကိုကြီးတို့အတူပြန်ကြတာပေါ့”
           
                        X – X – X – X – X – X – X – X – X – X

“တနေကုန်ထိုင်ပြီး တစိမ်းစိမ့်ကြည့်၊ နှဖူးမှခြေဖျားထိအောင်ချစ်တယ်”

ဆူးတစ်ယောက် TV ဖန်သားပြင်ပေါ်မှ ထိုင်းအချစ်ဇတ်လမ်းကို ထိုင်ကြည့်နေရင်း ဖုန်းထဲမှသီချင်းသံကြောင့် ဆူးဖုန်းကို ကောက်ကိုင် လိုက်သည်။ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့  ဆူးတခါမှမမြင်ဘူးသော ဖုန်းဖြစ်နေသည်။ ခန လောက်ဆူးစဉ်းစားနေ ပြီးဖုန်းလက်ခံခလုပ်ကို နှိပ့်လိုက် သည်။
“ဟဲလို”
            “ဆူးမလား အကိုကထွန်းထွန်းရဲ့သူငယ်ချင်းပါ”
            “ကျမဆူးမစကားပြောနေပါတယ်”
“ဟုတ်ကဲ့ ထွန်းထွန်းပြောပြလို့ သူ့မှာဆူးမဆိုတဲ့ ညီမလေး တစ်ယောက်ရှိတယ် ဆိုတာ အကိုသိပြီးပါပြီ”
            “ဟုတ်ကဲ့ အကိုက”
“လွမ်းဝေပါ အခုညီမအကိုရဲစခန်းမှာ အဖမ်းခံနေရလို့ အကြောင်း ကြားတာ”
            “ရှင် !!!-- ဘာပြောလည်း”
“ဟုတ်တယ်ညီမ ထွန်းထွန်းက ညီမကိုမပြောဖို့အကို့ကို တားပါတယ်။ အကိုသူ့ဖုန်းစာအုပ်ထဲက ညီမဖုန်းနံပါတ် ကို တွေလို့ အကြောင်းကြား သင့်တယ်ထင်တာနဲ့  ဖုန်းဆက်လိုက်တာ”
“ဘာဖြစ်လို့လည်း၊ ဘယ်ရဲစခန်းမှာလည်း ဘာ့ကြောင့် အဖမ်းခံရတာ လည်း”
“စိတ်အေးအေးထားပါ ညီမ ထွန်းထွန်းကမူးယစ်ဆေးဝါးသုံးဆွဲမှု ရောင်းဝယ်မှုနဲ့ပါ”
            “အကိုဆူးကို နောက်နေတာတော့ မဟုတ်ပါဘူးနော်”
“အော်ညီမရယ် ထွန်းထွန်းညီမဆိုလည်း ကိုယ့်ညီမလေးဘဲပေါ့ ကိုယ်တောင် အဲ့နေ့က ခရီးတခုကနေပြန် မရောက်သေးလို့ မလိုက်ဖြစ် တာ နို့မို့ဆိုရင် အားလုံးကွီဘဲ ”

လွန်ခဲ့သော တရက်နှစ်ရက်လောက်တွင် ဖုန်းထဲမှ ထွန်းထွန်း ပြောခဲ့ သည့် စကားများကို ဆူးပြန်ပြီးကြား ရောင်နေမိသည်။ နက်ဖြန်တောင်မှ ကုန်စိမ်းတွေဝယ်ဖို့ကိုကြီးတို့ကို ခေါ်ထားသေးတယ်” ဆူးတစ်ယောက် တခုခုဖမ်းစား ထားသည့်အလား ဆူးတယောက် မျက်လုံးအ၀ိုင်းသားနှင့် သစ်ငုတ်တိုလို မလုပ်မရပ်နှင့် ငုတ်တုတ်လေး ငေးကြောင် နေမိသည်။

                        X – X – X – X – X – X – X – X – X – X
“ကိုကြီး ကိုကြီးဘာတွေလျောက်လုပ်နေတာလည်း ညီမလေးကို ပွင့်ပွင့်လင်းလင်းပြောစမ်းပါဦး”
            “ညီမလေး ဘာဖြစ်လို့လိုက်လာရတာလည်း”
“မေးရက်လိုက်တာကိုကြီးရယ် ညီမလေးတို့မှာ ပြေးကြည့်မှခုချိန်မှာ ဒီမောင်နှမနှစ်ယောက်ထည်းရှိတာလေ ကိုကြီးကဘာဖြစ်လို့ဒီအလုပ် တွေလုပ်နေရတာလည်း”
“အရာရာအားလုံး ကိုကြီးအပြစ်တွေပါဘဲညီမလေးရယ် ကိုကြီးကို ခွင့်လွတ်ပါလို့ ကိုကြီးမပြောတော့ပါဘူး။”
“ကိုကြီးဘာတွေလုပ်နေတာလည်းဆိုတာ ညီမလေးမသိပေမဲ့ ကိုကြီးကိုဒီအမှုကနေလွတ်အောင် ညီမလေးကြိုး စားမယ်ကိုကြီး”
“ကိုကြီးမိုက်ဖြစ်နဲ့ ကိုကြီးရှိစေတော့ညီမလေး ညီမလေး အမေ့ကို ဂရုစိုက်ပါနော် ပြီးတော့ကိုကြီးတို့ တိုင်ပင်ထား တဲ့အတိုင်း သီတင်းကျွတ်ကြရင် ညီမလေးအိမ်ပြန်ဖြစ်အောင်ပြန်ပါ ဒီကိုပြန်မလာ နဲ့တော့နော် ကိုကြီးကိုချစ်ရင် ကိုကြီးစကားကိုနားထောင်နော် ညီမလေး”
“ကိုကြီးမပါဘဲနဲ့တော့ ညီမလေး မပြန်နိုင်ဘူးကိုကြီး ကိုကြီးကိုဒီအမှုက လွတ်အောင် ညီမလေးကြိုးစားမယ် ပြီးတော့မှကိုကြီးနဲ့အတူ အမေ့ဆီ ကိုပြန်မယ်”
“ညီမလေးရယ် ကိုကြီးအခြေအနေကို ကိုကြီးသိပါတယ် ကိုကြီးထောင် ကနေလွတ်ရင် အမေ့ဆီကို ပထမဦး ဆုံးချက်ချင်းပြန်လာပါ့မယ် လောလောဆယ်တော့ညီမလေး ကြည့်ကောင်းအောင် အမေစိတ် ချမ်းသာအောင် ကြည့်ပြောထားလိုက်ပေါ့ ပြီးတော့ ကိုကြီးသူဌေးဆီမှာ ငွေတွေနဲနဲထုတ်သွား ကိုကြီးပြောလိုက်မယ်”
`         
ဆူးပြုံးသည်။ အဲ့ဒီအပြုံးကို ထွန်းထွန်းအရမ်းကြောက်နေမိသည်။ ဆူးသည် ရင်ထဲမှာတခုခုကို ကြွေကွဲနေမိလျှင် ဒါမှမဟုတ် ပျော်နေမိလျင် သို့တည်းမဟုတ်တခုခုကို ထိထိခိုက်ခိုက် ခံစားရလျင် သူမအမြဲပြုံးသည်။ ထိုအပြုံးကို ထွန်းထွန်း တစ်ယောက်သာ ဖတ်နိုင်ခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် သူသည်သူမ၏ အကိုဖြစ်နေခြင်းကြောင့် သူညီမ၏ ဗီဇနှင့် အကျင့်ကို ငယ်စဉ်တောင် ကျေးကလေးဘ၀တည်းက အလွတ်ရနေပြီးသားပင်။

                        X – X – X – X – X – X – X – X – X – X

ဒီနေ့ဆိုရင်ကိုကြီးထောင်ကျတာ နှစ်နှစ်တောင်ရှိပြီဘဲ နောက်၃နှစ် လောက်နေရင် ကိုကြီးပြန်လွတ်လာတော့မှာ အေးပေါ့လေ တနှစ်တနှစ်ဆိုတာ လက်ချိုးရေတွက်လိုက်ရင်ဘာမှ မကြာပါဘူး။ ဒီကြားထဲဆူးလည်းငွေကို ချင့်ချိန် သုံးပြီး စုနိုင်အောင်စုမှ ဒါမှတို့မောင်နှမနှစ်ယောက်အိမ်ပြန်ရင် မျက်နှာ မငယ်ရမှာ ဆူးတစ်ယောက်ထဲ အတွေးကမ္ဘာလေးထဲတွင် နှစ်မြောနေရင်း ပျော်ရွင်သာယာသော မိသားစုဘ၀လေးကို တောင့်တနေမိသည်။ အဲ့ဒီအတွက် သုံးနှစ်သာလိုတော့သည့် အချိန်ကာလကိုပင် ဆူးအစားထိုးလို့ရရင် တခုခုဖြင့် လျော်ကြေးပေးပြီး ၀ယ်ယူလိုက်ခြင်ပါပြီ။ ခေါင်းအုံးလေးအောက်မှ ထည့်ပြီး သိမ်းဆည်းထားသော ကိုကြီး၏ပုံလေးကို အလွမ်းပြေထုတ်ကြည့်နေမိသည်။ ဆူးကိုင်ထားသော ပုံကလေးပေါ်သို့ အမှတ်မထင် အိမ်မြောင်ချီးပြုတ်ကျ လာလေသည်။
“တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့် နှဖူးကခြေဖျားထိအောင်ချစ်တယ်”

ဖုန်းထဲမှသီချင်းမည်သံကြောင့် ဆူးအတွေးပြတ်တောက်သွား ပြီးဖုန်း ကိုကောက်ကိုင်လိုက်ပြီး ဖုန်းလက်ခံ ခလုပ်ကို နှိပ့်လိုက်သည်။
“ရှင်!!! ဘာပြောလည်း”

ဖုန်းကိုင်ထားသောဆူး၏ လက်မှာတုန်ရင်လာပြီး ဖုန်းကလေးအောက် သို့ ပြုတ်ကျသွားသည်။ ကိုကြီးမူးယစ်ဆေးကိုအလွန်အကျွံ့သုံးဆွဲပြီး ငှက်ဖျား ရောဂါနဲ့ထောင်ထဲမှာ ဆုံးသွားပြီတဲ့။ မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူး သူတို့ညှာ ပြောနေကြတာ ဒါလုံးဝကိုမဖြစ်နိုင်ဘူး။
           
                        X – X – X – X – X – X – X – X – X – X

အဝေးတနေရာသို့ တမ်းတလျက် တရိုက်ရိုက်ငိုရိုက်နေသော ဆူးကို ငြိမ်းချမ်းရင်ခွင်ထဲသို့ ဆွဲသွင်းကာ နှစ်သိမ့် အားပေးလေသည်။
“တိတ်ပါတော့ဆူးရယ် အဲ့လောက်ကြွေကွဲစရာ ကောင်းမယ်မှန်း ကိုယ်သိခဲ့ရင် ကိုယ်ဆူးကိုမမေးခဲ့ပါဘူး ကိုယ့်ကို ခွင့်လွတ်ပါ နောက်ဆို ရင်ဆူးအကြောင်း အကောင်းဆိုးမှန်သမျှကို ကိုယ်ဘာမှ မစပ်စုတော့ ဘူးနော်ဟုတ်ပြီလား။”
“ကိစ္စမရှိပါဘူး ခုမဟုတ်လည်းနောက်သိရမယ့်ကိစ္စဘဲလေ ဆူးခံနိုင် ရည်ရှိပါတယ် ဆူးကိုယ်တိုင် ရဲစခန်းကို ဖုန်းဆက်ကြည့် တော့မှ ကိုကြီးဆုံးတာ သေချာသွားပြီဆိုတာ သိလိုက်ရတယ်လေ ကိုကြီးမပါ ဘဲနဲ့လည်း ဆူးအိမ် မပြန်ချင်ဘူး ဆူးအမေ့ကိုဘယ်လို ရင်ဆိုင်ရ မှာလည်း”
“ဆူး-ဘယ်လိုဖြစ်ဖြစ်အိမ်တော့ပြန်သင့်တယ် ခင်ပွန်းသည်မရှိတော့တဲ့ နောက်ပိုင်း သားတစ်ယောက်ကို ဆုံးရှုံးသွား ရတဲ့ မိခင်တစ်ယောက် အတွက် အခုသမီးကိုပါ ဘာ့ကြောင့်မှန်းမသိဘဲ ဝေးနေရ တာ အဲ့ဒီမိခင် တစ်ယောက်ရဲ့ ရင်ထဲကို ဆူးခနလောက်ဝင်ပြီး ဇာနာ ပေး ကြည့်ပါ အိမ်ပြန်ရောက်တော့မှ ဆူးအကို့ကို ရှာမတွေ့ခဲ့ဘူး နောက်တော့သမီး ဆက်ကြိုး စားပါ့မယ်လို့ အမေစိတ်ချမ်းသာအောင် ဆူးဖက်က ဖြည့်ဆည်းပေး သင့်တယ်။ ပြီးတော့ကိုယ့်ဖက်ကလည်း သားတစ်ယောက်ရဲ့မေတ္တာကို ပေးနိုင်အောင် ကြိုးစားပါ့မယ်”
            “ကျေးဇူးတင်ပါတယ်ကိုယ်”
“ဘာလို့ သူစိမ်းဆန်တဲ့ စကားတွေပြောနေတာလည်း ချစ်ရယ် ဒါနဲ့ဆူးရဲ့အကိုဓါတ်ပုံလေးဘာလေး မရှိဘူးလား ကိုယ့်မြင်ဘူးခြင်လို့ပါ”
           
မျက်ရည်စက်များကို သုတ်လျက် ဆူးခေါင်းကလေးကို ဖြေးညင်းစွာ မော့ကြည့်လိုက်သည်။ တနခလောက်စဉ်း စားပြီး မျက်ရည်စက်တွေကြားမှ ငြိမ်းချမ်းဦးကို ငြင်သာစွာ ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက်အခန်းလေး ရှိရာသို့ ဦးတည်ပြီး ထလျောက်သွားလေသည်။ အခန်းလေးထဲသို့ ၀င်သွားပြီး တမိနစ်လောက်အကြာတွင် ပြန်ထွတ်လာခဲ့သည်။ သူမလက်ထဲတွင် ဓါတ်ပုံ လေးတစ်ပုံပါလာသည်။ သူမငြိမ်းချမ်းဦး၏လက်ထဲသို့ ထိုပုံလေးကို ထည့်ပေး လိုက်သည်။ အသက်၂၅ခန့်ရှိမည်ထင်သည့် လူငယ်တဦး၏ပုံတည်း။ ငြိမ်းချမ်း တယောက် ထိုပုံကိုမြင်မြင်ခြင်း တခုခုကို တသိရ သွားသည့် အလား အံ့သြ မှင်သေစွာ ငြိမ်သက်သွားခဲ့သည်။
            “ဒါဆူးရဲ့ အကိုကြီးရဲ့ပုံပေါ့ ကိုယ်”

            ဆူးပေးလိုက်သော ပုံလေးကိုကြည့်ပြီး ငြိမ်းချမ်းတစ်ယောက် လွန်ခဲ့ သော ၆နှစ်၇နှစ်သာကာလကို ပြန်ပြီး အမှတ်ရစေခဲ့သည်။

                        X – X – X – X – X – X – X – X – X – X
အတိတ် ၅
ရန်ကုန်မြို့ အဝေးပြေးကားကိတ်မှ မရောင်မလည်နှင့် ကားပေါ်မှ ဆင်းလာသော အသက်၂၀ကျော်ဝန်းကျင်ခန့် ရှိမည်ထင်သည့် လူငယ်တဦး။ တစုံတခုကို အကူအညီရလိုရငြား ပတ်ဝင်းကျင်ကို လေ့လာကြည့်မိသည်။ တခုခုကို တွေဝေစွာ စဉ်းစားပြီး နီးစပ်ရာလဖက်ရည်ဆိုင်လေးတစ်ဆိုင်သို့ ၀င်ထိုင်လိုက်သည်။ ထို့နောက်ဆိုင်ပြင်သို့ထွက်ပြီး ဟိုဖက်သည်ဖက် လမ်း လျောက်နေပြန်သည်။  ထိုလူငယ်လေးကို ငြိမ်းချမ်းသတိထားမိသည်မှာ ၁နာရီ ကျော် ခန့်ရှိလေပြီ။ ထို့နောက်ထိုလူငယ်လေးသည် အငှားကားလေးတစ်စီးဆီသို့ ဦးတည်ပြီးလျောက်သွားခဲ့သည်။ သူတို့အချင်းချင်း ဘာတွေပြော ဆိုနေကြ မှန်းတော့ သူမသိ။ ကားဆရာမှ ခေါင်းကိုခါရမ်းပြလိုက်သည်။ ထို့နောက် ထိုလူငယ်သည် သူထိုင် နေသည့် လက်ဖက်ရည်ဆိုင်သို့ ပြန်လျောက်လာ ခဲ့သည်။ ထို့နောက်ဘေးဘီရာဝဲသို့ ကြည့်ကာ လက်မှပတ်ထားသည့် လက်ပါတ် နာရီကို တချက်ငုံကြည့်လိုက်သည်။ အချိန်ကာ ညနေ၇နာရီထိုးလုပြီ။ လက်ဖက်ရည်ဆိုင် အတွင်း ထိုင်နေသော ငြိမ်းချမ်းသည် ထိုင်ရာမှထကာ ထိုလူငယ်လေး ရှိရာသို့ ဦးတည်ပြီးလာခဲ့သည်။

“အကို ကျတော်ဘာအကူညီပေးရမှာလည်း”
“ဗျာ- ကျတော်”
“ကျတော်သိပါတယ် အကိုတခုခုအကူအညီလိုနေတယ်မဟုတ်လား ကျတော့်ကိုအားမနာပါနဲ့”
“အေးဗျာ အမှန်တိုင်းပြောရရင် ကျတော်က ခုမှနယ်ကတက်လာတာ ဘယ်သွားလို့သွားရမှန်းလည်းမသိဘူး လက်ထဲက ပါလာသမျှလည်း ကုန်ပြီ၊ အညံ့ဆုံးတည်းခိုခန်းတခုခုကို လိုက်ပို့ပေးဖို့ ကျတော့်ရဲ့ဒီ လက်ပတ် နာရီလေးကို ကားခအဖြစ် လက်ခံပေးဖို့ပြောလည်း TAXI ဆရာကလက်မခံဘူးဖြစ်နေတယ်”

ငြိမ်းချမ်းဦးတစ်ယောက် ထိုလူငယ်လေးပတ်ထားသော နာရီလေးကို တချက်ကြည့်လိုက်မိသည်။ သာမာန နာရီလေး တလုံးပင်။
“ကဲအကို ကျတော်နဲ့လိုက်ခဲ့ လောလောဆယ် ဒီတညအကို့အတွက် နေစရာရမယ် စားစရာရမယ်”
“ကျေးဇူးဘဲငါ့ညီရာ ဒါနဲ့အကိုဖက်က မင်းကိုဘာပြန် လုပ်ပေးရမှာ လည်း”
“အကို့ရဲ့နာရီလေး ကျတော့်ကိုပေးခဲ့ပေါ့ဗျာ”
“ဟာ ရတယ် ရတယ် ရော့ရော့”
လက်မှပတ်ထားသော နာရီလေးကို ချက်ခြင်းပင်ချွတ်ပြီး ငြိမ်းချမ်းဦး၏ လက်ထဲသို့ထည့်ပေးလိုက်သည်။ ထိုလူငယ်လေးသည် ပြောလျင်ပြောသည့် အတိုင်းလုပ်တတ်သည့် လူတစ်ဦးဖြစ်မှန်း ငြိမ်းချမ်းဦး သတိထားလိုက်မိသည်။ ငြိမ်းချမ်းဦးလည်း ထိုလူငယ်လေးလှမ်းပေးလိုက်သည့် နာရီလေးကိုလှမ်းယူကာ တချက်ပြုံးပြလိုက်ပြီး ထိုလူငယ်လေးကို ခေါ်ဆောင်သွားခဲ့သည်။

“ကဲအကို လာကျတာ့်နောက်လိုက်ခဲ့”
“တက်အကို အကို့ကိုကျတော် အကိုလွတ်လွတ်လပ်လပ်နေနိုင်မဲ့ နေရာတနေရာကိုပို့ပေးမယ်”

ငြိမ်းချမ်းဦးကားကလေးကို ဖြေးငြင်းစွာမောင်းထွက်လာခဲ့သည်။ ကား ပေါ်တွင် စကားတခွန်းမှမပြောဘဲ တိတ်ဆိတ်စွာဖြင့် ငြိမ်သက်နေလေသည်။ ကားကလေးကို နာရီဝက် ၄၅ မိနစ်လောက်မောင်းပြီးသော် ၄၀-၆၀ခန့်ရှိသည့် ခြံဝန်းလေးတ၀ိုင်းထဲသို့ ၀င်ရောက်လာခဲ့သည်။ ခြံဝိုင်းလေးထဲတွင် နှစ်ရှည် သစ်သီးပင် အချို့နှင့် ပြင်ထောင်အိမ်ငယ်လေး တစ်လုံးသာရှိသည်။ ငြိမ်းချမ်းဦး ကားပေါ်မှ ဦးဆောင်ဆင်းလိုက်ပြီး ထိုလူငယ်လေးကို ကားပေါ်မှဆင်းရန် ခေါင်းငြိမ့်ပြီး ခေါ်လိုက်သည်။ ထိုလူငယ်လေးသည် သူနှင့်အတူပါလာသော ကျောပိုးအိပ်လေးကိုယူကာ ကားပေါ်မှဆင်းပြီး ငြိမ်းချမ်းဦး နောက်သို့ လိုက်ပါသွားလေသည်။ အိမ်တံကားလေးကို သော့ဖွင့်ပြီးနှစ်ဦးသား သစ်သား အိမ်လေးပေါ် သို့တက်ခဲ့ကြည်။ ထိုအိမ်လေးသည် အိပ်ခန်းနှစ်ခန်း၊ ဘုရား ခန်းနှင့် ဧည့်ခန်းလေးတစ်ခန်း သာပါရှိသော မကျဉ်းလှမကျယ်လှသော နေချင့် စဖွယ် ရိုးရိုးအိမ်ကလေး တစ်အိမ်သာဖြစ်သည်။
“ကဲအကို ဒီမှာထိုင် ခနနားဦးပေါ့ဗျာ”
“ဒါက မင်းအိမ်လားညီ”
“ဆိုပါတော့ဗျာ ဒါပေမဲ့ ကျတော်အပါအ၀င် ဒီအိမ်မှာ ဘယ်သူမှ မရှိကြဘူး ဒီညအကို ဒီအိမ်မှာ တယောက်ထည်း လွတ်လွတ် လပ်လပ် နေလို့ရတယ် နက်ဖြန်မှ အကိုသွားခြင်တဲ့ခရီးစဉ်ကို ဆက်စဉ်းစားပေါ့”
“ကျေးဇူးတင်လိုက်တာ ငါ့ညီရာ မင်းကျေးဇူးကို ကိုယ်တသက် မမေ့ပါ ဘူး”
“ရပါတယ် ကျတော်တို့ မြန်မာလူမျိုးအချင်းချင်းဘဲဘဲ ကူညီရမှာပေါ့ ကဲအကိုအနားယူလိုက်ဦး ဟိုဖက်မှာ အိပ်ခန်းနဲ့ ရေချိုးခန်းတွဲ ထားတယ် အကိုဒီညတော့ အဲ့အခန်းမှာဘဲနားလိုက် ကျတော်တခုခု သွားဝယ် လိုက်ဦးမယ်”

ငြိမ်းချမ်းဦးတစ်ယောက် အိမ်ပေါ်မှ ဆင်းသွားပြီး ကားလေးကို မောင်းနှင်ကာ ခြံဝန်းထဲသို့ဖြေးညင်းစွာ ထွက်ခွာသွားခဲ့သည်။ ငြိမ်းချမ်းဦး ကားကလေး တရွေ့ရွေ့ထွက်ခွာသွားပြီးနောက် ထိုလူငယ်လေးသည် အိမ်က လေး၏ ပြတင်းပေါက်နားသို့ ချည်းကပ်သွားပြီး ပါတ်ဝင်းကျင်ကို ခေတ္တ လေ့လာနေမိသည်။ ပါတ်ဝင်းကျင်တခုလုံး အလွတ်ကို တိတ်ဆိတ် ညိမ်သက် လှသည်။ ထို့နောက်ငြိမ်းချမ်းဦးညွန်ပြလိုက်သည့် အခန်းလေးထဲသို့ ၀င်သွားကာ ရေမိုးချိုးသန့်စင်ပြီး ဧည့်ခန်း လေးထဲတွင် လာထိုင်စောင့်နေလိုက်သည်။ စာပွဲ ပေါ်တွင်အသင့်ချထားသော မူခင်းစာအုပ်လေးတစ်အုပ်ကို ဖတ်နေလေ သည်။  အတန်ကြာချိန်အထိ ငြိမ်းချမ်းဦး ပြန်ရောက် မလာသေး ထိုလူငယ်လေးသည် စိတ်ထဲတွင် တခုခုကို စိုးရိမ်ပူပန် လာမိသည်။ ဒီကောင်လေး တခုခုသွား ၀ယ်မယ်ဆိုပြီး ခုထိပြန်မ ရောက်သေးပါလား။ ကားနဲ့သွားပြီးနီးစပ်ရာ ဆိုင်လေး မှာ တခုခုဝယ်လိုက်ရင် အဲ့လောက်မကြာသင့်ဘူး။ ဒါ-ဒါဆို ငါ့ကိုများ လှည့်ကွက် ဆင်လိုက်တာလား။ သူဘယ်သူဘယ်ဝါ မှန်းမသိဘဲနဲ့ ငါလိုက်လာခဲ့မိတာ။ ဒီအိမ်ရှင်တွေပြန်လာရင် ငါ့ကိုသူခိုးလို ထင်ရောင်ထင်မှားဖြစ်အောင် တမင် ရည်ရွယ်ပြီး အကွက်ဆင်သွားတာလား။ ငါကြားဖူးသလောက် ရန်ကုန်မြို့ဆိုတာ လူလိမ်လူညာတွေ အရမ်းကို များတဲ့နေရတဲ့။ ငါ-ငါ- င်ဘာလုပ်ရမလဲ။ ဒီကနေ အမြန်ဆုံးထွက်သွား ရမလား။ အိုဒီလိုလုပ်လို့လည်း မဖြစ်သေးဘူး။ သူက အမှန် အကန်ဆိုရင် ငါ့ကိုမရိုးသားဘူးထင်နေမှာ။ ဘာဘဲဖြစ်ဖြစ် ငါဖြစ်လာတာကို ရင်ဆိုင်လိုက်တော့မယ်။ ဒီညတော့ငါဒီမှာဘဲ သူ့ကို ဆက်စောင့်နေမယ်။  ၁၀မိနစ်လောက်ကြာသော် ကားကလေးတစ်စီး ခြံဝန်းလေးထဲသို့ တရွေ့ ရွေ့ မောင်းဝင်လာ လေသည်။ သို့သော်ထိုကားကလေးသည် ထိုလူငယ်လေးကို တင်ဆောင်လာခဲ့သော အဖြူရောင် TOYOTA ကားလေး မဟုတ်ဘဲ နက်ပြာရောင်လေး ဖြစ်နေသောကြောင့် ထိုလူငယ်လေး ထိပ်ထိပ်ပြာပြာ ဖြစ် သွားခဲ့သည်။ ကားကလေးသည် ရပ်တန့်သွားပြီးကားပေါ်မှ အသက်နှစ်ဆယ် ၀န်းကျင်ခန့်ရှိမည်ထင်သည့် လူငယ်တဦးဆင်းလာသည်ကို တွေ့တော့မှ ထို လူငယ်လေးသည် ဟူး ဆိုပြီးသက်ပြင်းလေးကို ဖြေးညင်းစွာချလိုက်သည်။ ထို့နောက်ဧည့်ခန်းလေးထဲရှိ ခုံလေးပေါ်တွင် အေးချမ်းစွာ ပြန်ထိုင်နေ လိုက်သည်။
“ဆောရီးဘဲ အကိုရာ ကျတော်ရေချိုးနေတာနဲ့ နဲနဲကြာသွားတယ် အကိုလည်း ဗိုက်ဆာနေလောက်ရောပေါ့ ကျတော့်အကို့အတွက် သောက်ရေနဲ့ ခေါက်ဆွဲကြော်ဝယ်လာတယ် ဆွဲလိုက်ဦး”

ငြိမ်းချမ်းဦးလှမ်းပေးသော စားစရာများကို ဖွင့်ပြီးဟန်မဆောင်စွာ စိတ်တိုင်းကျစားသောက်နေသော သူ့ကို ငြိမ်းချမ်းဦး တဘောကျစွာ ကြည့်နေမိ သည်။ ထိုလူငယ်သည် စားရင်းသောက်ရင်း တခုခုကိုသတိရလိုက်သည့် ဟန်ဖြင့် ခေါင်းလေးကိုမော့ကာ--
“ငါ့ညီ မင်းလည်းစားဦးလေ ကွာ ရော့”
“တော်ပါပြီအကိုရာ အကိုဘဲစားပါ ကျတော့်က အိမ်မှာစားခဲ့ပြီးပြီ”
“အိမ်- ဒါနဲ့ဒီအိမ်က”
“ဒီအိမ်က ကျတော်အပြင်းပြေ စာလာဖတ်လို့ရအောင် အဖေက သမင် ၀ယ်ထားပေးတာ”
“အော်”
“ဒါနဲ့အကိုက ဘယ်ကလာတာလည်း”
“နယ်ကဗျာ အလုပ်လာရှာတာ”
“အကို့နာမည်က”
“အထွန်းလို့ဘဲ မှတ်ထားပေါ့ ညီက”
“ကျတော်က ငြိမ်းချမ်း”
“အေးကွာ ကိုယ်မင်းကို ကျေးဇူးအရမ်းတင်တယ်ညီ ဘာဘဲဖြစ်ဖြစ် မင်းက ကိုယ့်ကျေးဇူးရှင်ဖြစ်သွားပြီ”
“ရပါတယ် အကိုရာ ကဲအကိုကျတော်ပြန်လိုက်ဦးမယ် ဒီညတော့ အကိုဒီမှာ အေးအေးဆေးဆေး အနားယူ လိုက် ဦး”

ငြိမ်းချမ်းဦး ပြန်ထွက်သွားပြီးသည့်နောက် အထွန်းတစ်ယောက် စား သောက်ဖွယ်များကို သိမ်းစည်းကာ အိပ်ခန်းထဲသို့ ၀င်လာလေသည်။

                        X – X – X – X – X – X – X – X – X – X

“အကိုရေ အကို နိုးပြီလားဗျ ဒီမှာအကို့အတွက် လက်ဖက်ရည်နဲ့မုန့် ၀ယ်လာတယ်”

            မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှထွက်လာသော အထွန်းတစ်ယောက် ငြိမ်းချမ်း၏အသံကို ကြားလိုက်ရလျင်းရခြင်း  မျက်နှာသုတ်ပ၀ါကို လည်မှာ ချိပ်ပြီး အခန်းလေးထဲမှာ ထွက်လာလေသည်။
            “အေးညီ ခုဘဲနိုးတယ်ကွာ”
            “အကို ညကအိပ်ကောင်းရဲ့လား အဆင်ကောပြေရဲ့လား”
            “ပြေပါ့ငါ့ညီရာ”
“ကဲဒါဆိုရင် မနက်စာအနေနဲ့ ဒါလေးစားလိုက်ဦးဗျာ ဒါနဲ့ အကို ဘာလုပ်မယ်စိတ်ကူးလည်း ကျတော် ဘာကူညီ ပေးရမလဲ အားမနာ နဲ့နော် ကျတော့်ကို”
“ပြောရမှာတော့ အားနာတယ် ငါ့ညီရာ အကို့ကို ဒါလေးသွား ရောင်း ပေးပါလား ပြီးတော့ဈေးပေါပေါနဲ့ အညံ့ဆုံး တည်းခိုခန်းတခုခုကို ပို့ပေးကွာ အဲ့တော့မှအကို အလုပ်တခုခုရှာမယ်”
           
မိမိ၏လက်သူကြွယ်မှ ၀တ်ဆင်ထားသော လက်စွပ်လေးကို ချွတ်ကာ ငြိမ်းချမ်းဦးကို လှမ်းပေးလိုက်သည်။ ငြိမ်းချမ်းတစ်ယောက် ထိုလက်စွပ်လေးကို လှမ်းယူတာ သေချာကြည့်ပြီးတခုခုကို စဉ်းစားနေမိသည်။
“အလုပ်လိုခြင်တဲ့ သူတွေအတွက် အလုပ်မရှားပါဘူး အကိုရာ ဒါပေမဲ့ အကိုဒီလက်စွပ်လေးကိုရောင်းပြီး တည်းခို ခန်းတခုခုမှာ ပြောင်းနေ မယ်ဆိုရင်တောင် ၃-၄ရက်လောက်ဘဲအဆင်ပြေမှာ ဒီတော့ဒီလို လုပ်ဗျာ အကိုအလုပ်ရှာ နေတဲ့စပ်ကြား ဒီမှာဘဲနေလိုက် နေစရာရော စားစရာပါပေးတဲ့ အလုပ်မျိုးကို ကျတော် ကူညီပြီးရှာကူမယ် ဟုတ်ပြီ လား”
“ဟာ- မင်းတကယ်ပြောနေတာလား ငါ့ညီ အကိုမင်းကိုဘယ်လို ကျေးဇူးပြန်ဆပ်ရမယ်မှန်းတောင် မသိပါဘူးကွာ တကယ်ပါ”
“ရပါတယ်အကိုရာ ကဲဒါဆိုကျတော် အပြင်သွားလိုက်ဦးမယ် အကို လည်းအေးဆေးနားလိုက်ဦးဗျာ”
           
ငြိမ်းချမ်းဦးသည် အထွန်းလှမ်းပေးသည့် လက်စွပ်ကလေးကို ပိုက်ဆံ အိပ်ထဲသို့ထည့်ကာ သိမ်းဆည်းသွား လိုက်လေသည်။

                        X – X – X – X – X – X – X – X – X – X

            “အကို အလုပ်လုပ်ရတာ အဆင်ပြေလားဗျ”
            “ဟာ ညီ ကားလာပြင်တာလား လာကွာ”
“အေးဗျာ အကိုတချက်လောက်ကြည့်ပေးပါဦး ကားက ဆီပိတ် နေတယ်နဲ့တူတယ် မောင်းရတာ အဆင်မပြေဘူး ဖြစ်နေတယ်”
            “အေးအေးညီ ကိုယ်ဒီတစီးပြီးရင်ကြည့်လိုက်မယ်”
           
ငြိမ်းချမ်းတစ်ယောက် ကားသော့လေးကို လက်ညိုးလေးနှင့် လယ်ပတ် ရမ်းကစားပြီး ကောင်တာစာပွဲလေးသို့ တည့်တည့်မတ်မတ် လျောက်သွား လေသည်။ ကောင်တာရှေ့ရှိ ခုံတလုံးပေါ်တွင် ထိုင်ချလိုက်ပြီး
“ဦးဝင်းသိန်း ဘယ်လိုလဲဗျာ ကိုထွန်းတစ်ယောက် အဆင်ပြေလား”
“အေးကွာ သူအလုပ်လုပ်တာ သေသပ်မှုရှိသလောက် ကြိုးလည်းကြိုး စားတယ် ငြိမ်းချမ်း ပြီးတော့ငွေကိုလည်း အရမ်းချွေတာတာကွ သူ့ကြည့်ရတာ သူ့မိသားစုအတွက် ငွေရှာနေတာဖြစ်မှာပါ”
“အေးဗျာ အဆင်ပြေတယ်ဆိုလည်း ပြီးတာဘဲဗျာ ကျတော်က စိတ်ပူ နေတာ ကျတော်သူနဲ့သွားတွေလိုက်ဦးမယ် ဗျာ”
            “အေးအေး”
           
ဦးဝင်းသိန်းကိုနှုတ်ဆက်ပြီး ငြိမ်းချမ်းတစ်ယောက် အထွန်းဆီသို့ နောက်တကြိမ် ပြန်လျောက်လာခဲ့သည်။ မိမိ၏ ကားစက်ကို ပြင်ဆင်ပြီး အဖုံးပြန်ပိတ်လိုက်သော အထွန်းအနားသို့ ငြိမ်းချမ်းရောက်လာလေသည်။
“အကို အလုပ်တွေ အရမ်းကြိုးစားနေတယ်လို့ သိရတယ် ၀မ်းသာ တယ်ဗျာ”
“ကိုယ့်ကို ထမင်းလဲကြွေးငွေလည်းပေးထားတဲ့ အလုပ်ကိုကြိုးစား ရမှာပေါ့ ညီရာ”
“ဒါနဲ့ စကားမစပ် အကိုရန်ကုန်မှာလာပြီး အလုပ်လုပ်ရတဲ့ အကြောင်း ရင်းက ဘာလည်းအကိုမိန်းမယူ ဖို့လား”
“ငါ့ညီကတော့ ပြောတော့မယ် ကိုယ့်မှာချစ်ရမဲ့ သူတောင်မရှိ သေးပါ ဘူးကွာ ဒါနဲ့မင်းကော”
“အကို့လိုဘဲဗျာ အကို့မှာညီမရှိရင် ယောက်ဖတော်ရအောင်ဗျာ ကျတော်မစွံလို့ လူပျိုကြီးဖြစ်နေတာဗျ ဟားဟား ကျတော့်မှာတေ့ အမရော ညီမရောမရှိဘူး”
            “မင်းကတော့ ကြိုတင်ကာကွယ်နေတယ်ပေါ့”
“ဒါနဲ့အကိုက ဘာလို့ဒီလောက်တောင် ငွေတွေအလော သုံးဆယ်ရှာ နေရတာလည်းဗျာ”
“အေးကွာ အကိုစိတ်ညစ်စရာတွေ မတွေးခြင်ဘူး ဒါပေမဲ့ မင်းကို ညီတစ်ယောက်လို ခင်နေတော့ အကိုပြောပြမယ် အကို့မှာနာမကျန်း ဖြစ်နေတဲ့ အမေရယ် ကျောင်းတတ်နေတဲ့ညီမလေးရယ် အရွယ်မ ရောက်သေးတဲ့ ညီမငယ်နဲ့ ညီငယ် အတွက် အကိုအလုပ်ကြိုးစား နေရတာဘဲ”
“အကို့အကြောင်း ကြားရတာ ကျတော်တကယ်စိတ်မကောင်း ပါဘူးဗျာ ကဲအကို တမျိုးတော့ မထင်နဲ့ဗျာ ဒါလေးပြန်ယူထားလိုက် ”
           
ကားတံခါးကိုဖွင့်ပြီး ကားရှေ့ခန်းလေးတနေရာတွင်တင်ထားသော ပစ္စည်းများကိုယူကာ အထွန်းလက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒါ ဒါ တွေက”
            “ဒါတွေက အကို့ပစ္စည်းတွေလေဗျာ”
            “ငါ့ညီ ဒါတွေကိုမရောင်းဘဲ သိမ်းထားတာပေါ့”
“ဟုတ်တယ်အကို ကျတော့်အကို့ရဲ့စိတ်သဘောထား အမှန်ကို သိလိုက်ရလို့  အကို့ကိုဂုဏ်ပြုတဲ့အနေနဲ့ ပြန်ပေး  တာပါ ”
“ကျေးဇူးတင်လိုက်တာ ငါ့ညီရာ ဒီလက်စွပ်လေးက အဖေမဆုံးခင်က ကိုယ့်ကိုပေးထားတာ မလွဲတာလို့သာ ရောင်းလိုက်ရတာ ကိုယ်ငွေစုပြီး ငွေပြည့်ရင်ငါ့ညီကို ဒီလက်စွပ်လေး ပြန်သွားဝယ်ခိုင်းမယ်လို့တောင် စဉ်းစားနေတာ မင်းကိုဘယ်လိုကျေးဇူးတင်ရမယ်မှန်း မသိတော့ ပါဘူးကွာ”
            “ကျတော်သိတာပေါ့ အကိုရာ”
“ကဲဒါဖြင့်ရင် ဒီလိုလုပ်ကွာ ကိုယ်စုထားတဲ့ငွေတွေကို မင်းကိုပေး လိုက်မယ် ကိုယ်စိတ်ချမ်းသာအောင် မင်းယူ သွားပါကွာ”
           
ကားတံကားလေးကိုဖွင့်ပြီး ကားပေါ်သို့တတ်သွားသော ငြိမ်းချမ်းဦး၏ မှန်တံကားချပ်ကို လှန်းကိုင်ကာ အထွန်း တစ်ယောက် ပုဆိုးကြားလေးထဲမှ ထုတ်လာသော ၈-သောင်းခန့်ရှိမည်ထင်ရသည့် ငွေစက္ကူကို ငြိမ်းချမ်းဦးကို လှမ်းပေး လိုက်သည်။ ငြိမ်းချမ်းတစ်ယောက် ထိုငွေသက္ကူများကို လှမ်းယူပြီး။
“အကိုကျတော့်မှာ အဖေတခု သားတခုဘဲရှိတယ်ဗျာ ပြီးတော့ တဦးတည်းသော သားဆိုတော့ သွယ်တာစရာ ညီအကို မောင်နှမလဲ အကို့လိုမရှိဘူး အမေဆိုလည်း ကျတော်ငယ်ငယ်လေးထဲက ဆုံးသွားတာ ဒီတော့ ဒီငွေတွေကို ကျတော်ကအကို့ရဲ့ အမေကို ကန်တော့လိုက်တဲ့အနေနဲ့ အကိုဘဲ ပြန်ယူထားလိုက်ပါ ကျတော့ ကိုခွင့်ပြုပါဦး”
           
ငွေစက္ကူထုတ်လေးကို အထွန်းလက်ထဲသို့ ပြန်ထည့်ပေးပြီး ကားကလေးကို တလိမ့်ခြင်းလိမ့်ကာတရွေ့ရွေ့မောင်း နှင်ထွက်ခွာသွားလေ သည်။  
            သဘောမနေပြည့်ဝလိုက်တဲ့ ငြိမ်းချမ်းဦးရာ။ ငါ့ဘ၀မှာမင်းလို သဘော ထားပြည့်ဝတဲ့ ရန်ကုန်သားခုဘဲ တွေ့ဖူးတယ်။ မင်းကံကောင်းပါစေ။ ငြိမ်းချမ်းဦးပြန်လည်လှမ်းပေးလိုက်သည့် ငွေစက္ကူလေးများကို လက်ထဲတွင် ဆုတ်ကိုင်ထားစဲ။ တရွေ့ရွေ့မောင်းနှင်းထွက်ခွာသွားသော ငြိမ်းချမ်းဦး၏ ကားနောက်သို့ငေးမောကြည့်နေရင်း သူငြိမ်းချမ်းဦးကို မေတ္တာပို့ နေမိသည်။

                        X – X – X – X – X – X – X – X – X – X
ဦးဝင်းသိန်း အလုပ်သမားများကို လိုက်လံစစ်ဆေး ကြည့်ရှု့နေခိုက် ၀ပ်ရော့အ၀င်းသို့ အဖြူရောင် တိုယိုတာကားလေးတစီး ဖြေးညင်းစွာ ထိုးရပ်လာလေသည်။ ထိုကားလေးပေါ်မှ အသက်နှစ်ဆယ်ကျော် ၀န်းကျင်ခန့်ရှိ မည်ထင်သည့် ခေတ္တဆန်ဆန်ဝတ်ဆင်ထားသော လူငယ်တဦးကားပေါ်မှ ဆင်းလာလေသည်။
            “ဟ ငြိမ်းချမ်း ဘာကိတ်”
            “ဦးဝင်းသိန်းကြီး တယ်စီးပွားဖြစ်နေပါလား”
            “ဒါလောက်လည်း မဟုတ်ပါဘူး မောင်ငြိမ်းချမ်းရာ”
            “ဒါနဲ့ဦးဝင်းသိန်း ကိုအထွန်းတစ်ယောက်ကော မတွေ့ပါလား”
“သူ သူ့အပေါင်းအသင်းနဲ့ နယ်စပ်ဖက်ကို အရောင်းအ၀ယ် လုပ်မယ် ဆိုပြီး ထွက်သွားပြီလေ”
            “ဗျာ ကျတော်တောင်မသိရပါလား”
“အေးကွာ ငါလည်းတားပါတယ် ဒါပေမဲ့သူက ငွေနောက်ကို ဘဲလိုက် ချင်နေတာလေ မင်းကိုတောင်မှာ သွားသေး တယ်”
            “ဘာများလည်းဗျာ”
            “မင်းလာရင် ဒါလေးပေးခိုင်းလိုက်တယ်”
           
ဦးဝင်းသိန်းထုတ်ပေးသည့် စာလေးတစ်စောင်ကို ငြိမ်းချမ်းလှမ်းယူလိုက်သည်။
            “ကျတော်ကိစ္စလေးရှိလို့ သွားလိုက်ဦးမယ် ဦးဝင်းသိန်းရာ”
            “အေးအေး”

            ငြိမ်းချမ်းဦး ကားကလေးကို ဖြေးညင်းစွာမောင်းနင်ထွက်ခွာ သွားလေ သည်။ ကိုအထွန်းတစ်ယောက် ဘာတွေလုပ်နေတာလည်း။ နယ်စပ်ဖက်ကို ထွက်သွားတာဆိုတော့ တော်ကြာနေဥပဒေနဲ့မကင်းတဲ့ အလုပ်တွေနဲ့ ငွေနောက် ကိုလိုက်နေမှဖြင့်။ နယ်စပ်ဆိုတာက ခပ်ရုပ်ရှုပ်ရယ်။ ဟူး-- တော်ပါပြီလေ။ ရေစက်မကုန်ရင် တော့တနေ့ဆုံရဦး မှာပေါ့အကိုအထွန်းရာ။ တော်ပါပြီလေ ငါကသာသွယ်တာနေတာ။ သူကတော့မေ့နေလောက်ပြီ။  ထွန်းထွန်း၏ ဓါတ်ပုံကို ကိုင်ရင်း တခုခုကိုသတိရကာ တွေးနေသည့် ငြိမ်းချမ်းဦး ကိုကြည့်ကာ ဆူးမတွေဝေနေမိပြန်သည်။
           
“ကိုယ် ဘာတွေစဉ်းစားနေတာလည်း ကိုကြီးကို ကိုယ်သိလို့လားဟင်”
“အော်-ဟို မ, မသိပါဘူး ဆူးရယ်။ ကိုယ့်အသိတစ်ယောက်ယောက်နဲ့ တူလို့ အံ့သြနေမိတာပါ”
           
အော်ကိုအထွန်း ကိုအထွန်း ကံကြမ္မာဆိုတာကို ဘယ်လိုမှ မမြင်နိုင်တဲ့ အရာပါလား။ နောက်ဆုံးတော့လည်း အကို့ညီမနဲ့ကျတော်နဲ့ ဟူးးးးးး။

                        X – X – X – X – X – X – X – X – X – X
           
“ဘာပြောလည်း မင်းနဲ့သူနဲ့ လက်မထပ်လို့ မရတော့တဲ့အခြေ အနေ မျိုးရောက်နေပြီဟုတ်လား ငြိမ်းချမ်း”
            “ဟုတ်တယ်အဖေ သားဆူးကိုလက်ထပ်မှဖြစ်တော့မယ်”
“မင်းတော်တော် မိုက်လှချည်လား ဟိုကလည်းလွယ်လိုက်တာ ဒါ့ကြောင့်ငါပြောတာပေါ့ မိန်းမကောင်းမှန်ရင် မိဘလောင်းရိပ် အောက်မှာဘဲ ရှိနေရမဲ့မိန်းကလေးက အခုတိုင်းတပါးမှာ အလုပ်လုပ် နေတယ်။ ပြီးတော့လုပ်တဲ့ အလုပ်ကလည်း တည်းခိုခန်းဆိုတော့ ”
“အဖေ ဆူးကိုအဲ့လိုမပြောပါနဲ့ အဖေဆူးကိုမမြင်ဘူးသေးလို့ အဲ့လို ပြောနေတာ ဆူးကအရမ်းရိုးသားတဲ့ မိန်းကလေးတစ်ယောက်ပါ”
“မင်းကိုချမ်းသာမှန်းသိလို့ မာယာတွေနဲ့သိမ်းတွင်းနေတဲ့ တည်းခိုခန်း က အနှိမ့်စားသာသာ မိန်းမတစ်ယောက်ရဲ့ ဖမ်းစားတာကို ခံနေရတာ မင်းလည်းကျိုးထမ်းရမှာကို ငါမြင်ရောင်သေး”
“အဖေ ကျတော်တို့ချမ်းသာတယ်ဆိုတာ ဆူးမသိဘူးအဖေ ကျတော့် ကို ဘယ်သူဘယ်ဝါမှန်းမသိဘဲ သူချစ်ခဲ့ တာပါ”
“တော်စမ်းငြိမ်းချမ်း မင်းသူနဲ့ထက်လပ်မဲ့နေ့က အမွေပျက်တဲ့နေ့ဘဲ ပြီးတော့မင်းကိုငါ့သားအဖြစ်က စွန့်လွတ် လိုက်တဲ့အကြောင်း မင်း သတင်းစာထဲမှာစောင့်ကြည့်ပေါ့ကွာ”
           
ဒေါသသကြီးနှင့် ပြောဆိုပြီးထွက်ခွာသွားသော ဖခင်ဖြစ်သူ၏ ကျောပြင်ကို ငြိမ်းချမ်းနားမလည်စွာ လိုက်ကြည့်နေမိသည်။ မြန်မာပြည် ပြန်ရောက်သည့်နေ့မှစပြီး ဆူးနှင့်ပါတ်သက်ပြီး ဖခင်ဖြစ်သူနှင့် ကယောက် ကယက်ဖြစ်နေခဲ့သည်မှာ ကနေ့အထိပင်။

                        X – X – X – X – X – X – X – X – X – X

“ငြိမ်းချမ်း မင်းဟိုတည်းခိုခန်းက မိန်းကလေးကို တကယ်ဘဲလက်ထပ် တော့မယ်ဆို”
“မင်းတို့ကိုဘယ်သူပြောလည်း”
“နေခြည်ကိုယ်တိုင်ပြောတာ”
“သူကဘယ်လိုသိတာလည်း”
“မင်းအဖေကိုယ်တိုင် သူ့ကိုပြောပြတာတဲ့ ပြီးတော့မင်းအဖေက အဲ့ဒီ မိန်းကလေးကိုမင်းလက်ထပ်ခဲ့ရင် မင်းကို သားအဖြစ်က အမွေပြတ် စွန့်လွတ်မယ်ဆို”
“ဟုတ်တယ်ငြိမ်းချမ်းတကယ်လို့ မင်းအဖေကမင်းကို တကယ်ဘဲ သားအဖြစ်က အမွေပြတ်စွန့်လွတ်မယ်ဆိုရင် ဆူးဆိုတဲ့မိန်းကလေးက မင်းကိုလက်တွဲပါ့ဦးမလား”
“ငါဆူးကိုယုံတယ် စုမွန် ငါကချမ်းသာတဲ့ လူတစ်ယောက်ရဲ့ သား ဆိုတာလည်း သူမသိခဲ့ဘူး။ ငါ့ကိုဘာမှန်း မသိ ဘဲနဲ့သူချစ်ခဲ့တာ”
“နင်တို့က မယူလို့မရတော့တဲ့အခြေအနေထိ ရောက်နေပြီလား သေချာစဉ်းစားဦးနော်ငြိမ်းချမ်း”
“ဟုတ်တယ်ငြိမ်းချမ်း ဦးပြောတာမှန်တယ်ငြိမ်းချမ်း နင်တို့က တွေ့ကြတာလည်း မကြာသေးဘူး ပြီးတော့တနယ်တကျေးမှာ တယောက်အကြောင်းတယောက် ဂဂနနမသိကျဘဲနဲ့ နင်တို့ဘ၀တ သက်စာအတွက် လက်တွဲသွား ဖို့ဆိုတာ နင်သေချာစဉ်းစားနော်”
“ငါအားမနာတမ်း ပြောရရင် နင်ကိုလည်းကြိုးထမ်းရမှာ စိုးတယ် ငြိမ်းချမ်း”
           
ငြိမ်းချမ်း စိုးအောင်၏မျက်နှာကို တချက်စိုက်ကြည့်လိုက်ပြီး တခုခု တုန့်ပြန်မည်အပြု ဘာမှမပြောတော့ဘဲ အဝေးက အင်းလျှားကန် ရေပြင် ကျယ်ကြီးကို ငေးမောပြီး တခုခုကိုတွေးနေမိသည်။ ဆူးသာညမွေးပန်း တပွင့်ဖြစ်ခဲ့ရင် ဆူးသာညမွေးပန်တပွင့် ဖြစ်နေခဲ့မယ်ဆိုရင် ငြိမ်းချမ်း တခနငြိမ် သက်သွားသည်။
“ဟုတ်တယ် ဆူးနဲ့ပါတ်သက်ပြီး ဖြစ်လာသမျအကောင်းအဆိုး ကိစ္စ အသွယ်သွယ်ကို ငါရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးပြီ ငါဆူးကိုဘဲ လက်ထပ် ယူမယ်။”
“နင်သေချာစဉ်းစားပြီးမှဆုံးဖြတ်တာလား ပြီးတော့ သူသာည မွေးပန်း တပွင့် ဖြစ်ခဲ့မယ်ဆိုရင် နင့်ရဲ့ဂုသိက္ခာ အတွက် နင့်မိဘရဲ့ ဂုဏ်သိက္ခာ အတွက် နင်ဘာလုပ်မှာလည်း နင်လက်ထပ်မှာလား”
“ဟုတ်တယ်ငြိမ်းချမ်း စုမွန်ပြောတာ ငါလည်းထောက်ခံတယ်။ ညမွေးပန်းဆိုတာ ညအချိန် လရိပ်အောက်မှာ ဘဲအသုံးဝင်တာ နေ့ခင်းဖက်နေသာချိန်ဆိုရင် ဘာမှအသုံးဝင်တာအမဟုတ်ဘူး”
“နင်တို့တွေမိန်းမသားချင်းမဇာမနာ ပြောဆိုနေလိုက်တာ ပြီးတော့မင်း တို့မှာလည်းနှမတွေ မရှိရင်တောင် အမေဆိုတာရှိကြတယ် နင်တို့ဘာ ဘဲပြောပြော ငါကတော့ သူညမွေးပန်းသာဖြစ်ခဲ့မယ်ဆိုရင်တောင် အားလုံးကိုစွန့်လွတ်ပြီး သူ့ကိုလက်ထပ်ယူဖို့ ငါဆုံးဖြတ်ထားပြီးပြီ ပြီးတော့ ငါကယောကျာင်္း တစ်ယောက် ဖြစ်တဲ့အတွက် ငါတာဝန် ငါသိ တယ်”
           
ငြိမ်းချမ်းဦး၏စကားအဆုံးတွင် အိစု၊ သန္တာ၊ ငဦးနှင့်စိုးအောင်တို့မှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တခုခုကို သဘောပေါက်သည့် အလား ခေါင်းကလေးတွေကိုယ်စီ ခါရမ်းလိုက်ကြသည်။

                        X – X – X – X – X – X – X – X – X – X

            “ဒါကဘယ်လည်းငြိမ်းချမ်း”
            “နေခြည်နဲ့တွေ့ဖို့ချိန်းထားလို့ အင်းလျှားကိုပါ”

အိမ်ပေါ်ထပ်မှဆင်းလာပြီးအပြင်သွားရန်ပြင်ဟန်ပြင်နေသော ငြိမ်းချမ်း ဦးကို ဧည့်ခန်းထဲတွင်သတင်းစာ ထိုင်ဖတ် နေသော ဦးထူးမော်မှ လှမ်းမေးလိုက် သည်။
            “ဆိုနေခြည် နင့်ငါ့ကိုတွေခြင်တဲ့ကိစ္စက”
“နင် တည်းခိုခန်းမှာအလုပ်လုပ်နေတဲ့ မိန်းကလေးနဲ့ တကယ်ဘဲ လက်ထပ်တော့မယ်ဆို အန်ကယ်ကပြောတယ်”
            “ဟုတ်တယ်နေခြည်”
“နင်သူ့ကို တကယ်ချစ်မိသွားပြီလား ဒါမှမဟုတ်တခနသာ စိတ်က စားပြီး သာယာနေမိတာကို အချစ်လို့ ခေါ်ချင်တာလား”
            “ငါကလေးမဟုတ်တော့ဘူးနေခြည်”
“အေးလေ အစကတော့ အန်ကယ်ကငါ့ကို နင်အဲ့ဒီမိန်းကလေး နဲ့မယူဖြစ်ဖို့ တားခိုင်းခဲ့တာပါ ဒါပေမဲ့ နင်ကသူ့ကို တကယ်ချစ်မိသွား ပြီဆိုမှတော့ ငါမတားရက်တော့ပါဘူး”
            “ငါ့အပေါ်ကို နားလည်ပေးတာ ကျေးဇူးတင်ပါတယ်နေခြည်”
“ငါကနင့်အပေါ်မှာ ထာဝရသူငယ်ချင်းကောင်းတစ်ယောက်ပါ နင်စိတ် ချမ်းသာဖို့အတွက် ကူညီဖို့ငါ အမြဲအဆင့် သင့်ရှိနေပါတယ် ငြိမ်းချမ်း”

ငြိမ်းချမ်းဦး နေခြည့်ကိုတချက်စိုက်ကြည့်ပြီး
“နေခြည် ငါကိုနားလည်ပေးပါ၊ ငါဆူးကိုလက်မထပ်လို့ မဖြစ်တော့ ဘူးလေ၊ နင့်ကိုငါက ငါ့ရဲ့အမြဲတမ်း  သူငယ်ချင်းလို ခင်သွယ် သွားမှာ ပါ”
“ရပါတယ်ဟာ နင်ယူမဲ့မိန်းကလေးက ငါတို့တွေရဲ့ သူငယ်ချင်းဆို တဲ့စည်းကို နားလည်လွန်သွားမှာ စိုးရတယ်”
“ဆူးက အဲ့လိုမိန်းကလေးမျိုးမဟုတ်ပါဘူးဟာ”
“အဲ့လိုမိန်းကလေးမျိုး မဟုတ်ဘူးဆိုပေမဲ့ သူ့ရင်ထဲမှာ တခုခုတော့ ရှိနေမှာ”
“ငါသူ့ကိုယုံကြည်သလို နင်လည်းသူ့ကိုယုံကြည်စေခြင်တယ် နေခြည်”

ခနတာငြိမ်သက်နေပြီးနောက် နေခြည်တစ်ယောက် ငြိမ်းချမ်းဦးကို စကားပြန်ဆိုမိသည်။
“အေးပါဟာ နင်နဲ့ပါတ်သက်တဲ့မိန်းကလေးဆိုတော့ ငါ့သူငယ်ချင်း ဘဲပေါ့”

တစ်ယောက်ကိုတစ်ယောက် မည်သည့်စကားမျှထပ်မပြောဖြစ်ကြ တော့ဘဲ အဝေးတနေရာက အင်းလျှားကန်ရေ ပြင်ကြီးကိုသာ သူတို့ငေးမော နေမိသည်။
`          “ဒီကောင်မရှိတုန်း သူ့အခန်းထဲကို ၀င်ကြည့်ဦးမှ အဲ့ဒီမိန်းကလေးနဲ့ ပါတ်သက်ပြီး တခုခုတော့ထူးခြားမှုရှိမှာဘဲ”

ဦးထူးမော်တယောက်ထိုသို့စဉ်စားပြီး ငြိမ်းချမ်းဦးအခန်းရှိရာ အပေါ်ထပ်သို့ တက်သွားလေသည်။ ထို့နောက် သော့ခက် မထားသော ငြိမ်းချမ်းဦး၏ အခန်းထဲကို ၀င်ရောက်ပြီးစာပွဲခုံ၊ ဗွီဒိုအံဆွဲ အစရှိသည်များကို တခုပြီးတခု လှန်လျော ကြည့်သည်။ ဘာမှထူးခြားမှုမတွေ့ရ။ ငြိမ်းချမ်း၏အိပ်ရာပေါ်တွင် ခေတ္တထိုင်နေလိုက်မိသည်။ ဘာမှမထူးခြား သည့်အဆုံး ပြန်ထွက်မည်အပြု လက်ဖြင့်ထောက်၍ ထရန်ပြင်လိုက်သောအခါ ငြိမ်းချမ်း၏ ခေါင်းဦးအောက်မှ စွန်းထွက်နေသော အရာတစုံတခုကို လက်ဖြင့်စမ်းမိ၍ လှည့်ကြည့်ပြီး ထိုအရာ လေးကို ထုတ်ကြည့်မိလိုက်သည်။ ဓါတ်ပုံလေးတပုံပင်။ သို့သော်ထိုပုံလေးထဲ တွင် အသက်နှစ်ဆယ်ကျော် ရိုးရိုးလေးနှင့် လှပကျော့ရှင်း နေသည့်မိန်းကလေး တဦးနှင့် ၄၀ကျော် အမျိုးသမီးတဦး တူယဉ်တွဲလျက်ရိုက်ကူး ထားသည့်ပုံလေး ပင်။
“ဘုရား ဘုရား- မေလေး၊ မေလေးနဲ့တူလိုက်တာ၊ ဟုတ်ပါတယ် မေလေးမှမေလေးအစစ်ပါ၊ ဒါဆိုရင် ဒီကောင်မလေး မေလေးရဲ့ ဘေးနားက ဘယ်သူလည်း မေလေးနဲ့ဘယ်လို ပတ်သက်နေ တာလည်း”

ဦးနေထူးမော်တစ်ယောက်အမှတ်မထင်ဘဲ ပုံလေး၏နောက်ဖက် သို့ကြည့်မိသည်။ ပုံလေး၏နောက်တွင် ဆူး ဆိုသည့်စာလုံးတစ်လုံးတည်းသာ ထင်ထင်ရှားရှားရေးထားသည်ကို တွေ့လိုက်ရခြင်းဖြင့် သားချစ်နေသော မိန်းကလေးမှန်း ဦးနေထူးမော်သိလိုက်ရသည်။

No comments:

Post a Comment