ဦးနေထူးမော်တစ်ယောက်အမှတ်မထင်ဘဲ
ပုံလေး၏နောက်ဖက် သို့ကြည့်မိသည်။ ပုံလေး၏နောက်တွင် ဆူး ဆိုသည့်စာလုံးတစ်လုံးတည်းသာ
ထင်ထင်ရှားရှားရေးထားသည်ကို တွေ့လိုက်ရခြင်းဖြင့် သားချစ်နေသော မိန်းကလေးမှန်း ဦးနေထူးမော်သိလိုက်ရသည်။
“ဘုရား ဘုရား- မေလေး၊ မေလေးနဲ့တူလိုက်တာ၊
ဟုတ်ပါတယ် မေလေးမှမေလေးအစစ်ပါ၊ ဒါဆိုရင် ဒီကောင်မလေး မေလေးရဲ့ ဘေးနားကဘယ်သူလည်း မေလေးနဲ့ဘယ်လို
ပတ်သက်နေတာလည်း”
အချစ်နှင့်နှောင်ကြိုး |
ဦးနေထူးမော်တစ်ယောက်အမှတ်မထင်ဘဲ
ပုံလေး၏နောက်ဖက် သို့ကြည့်မိသည်။ ပုံလေး၏နောက်တွင် ဆူး ဆိုသည့်စာလုံးတစ်လုံးတည်းသာ
ထင်ထင်ရှားရှားရေးထားသည်ကို တွေ့လိုက်ရခြင်းဖြင့် သားချစ်နေသော မိန်းကလေးမှန်း ဦးနေထူးမော်သိလိုက်ရသည်။
“အင်-ဒီပုံလေးကိုကြည့်ရတာ မိန်းကလေးပုံစံကရိုးရိုးသားသားလေဘဲ၊
သားပြောသလိုဘဲအခြေအနေ အကြောင်းအမျိုးမျိုးကြောင့် သူများနိုင်ငံမှာ မိဝေဖဝေးနဲ့ အလုပ်သွားလုပ်နေရတာ
ပြီးတော့သူသာမိကောင်းဖခင် သားသမီး အစစ်အမှန်ဖြစ်ပြီး သားလေးနဲ့သူနဲ့မလွတ်မကင်းများဖြစ်နေရင်
ငါသူ့အပေါ် ရက်စက်လွန်းရာကျနေမှာဘဲ ပြီးတော့ ငြိမ်းချမ်းက ငါ့သားအရင်းမဟုတ်ပေမဲ့ သူအမေနဲ့ငါလက်ထပ်ပြီး
အဖေတစ်ယောက်နေရာကို ငါခံယူခဲ့သလို အဲ့ဒီ မိန်းကလေးက ငါ့လိုယောကျာင်္းတစ်ယောက်နဲ့မတွေ့ခဲ့ရင်ငြိမ်းချမ်းရဲ့
ရင်သွေးသာ အဲ့ဒီမိန်းကလေးစီမှာကျန်ခဲ့ရင် အိုဘာဘဲ ဖြစ်ဖြစ်ငါ အဲ့ဒီမိန်းကလေးနဲ့တွေ့ကြည့်ပြီးမှ
တခုခုဆုံးဖြတ်တာပေါ့ အော်မေလေး-မေလေးမင်းလည်း အခုဘယ် တွေရောက်
ပြီး ဘာတွေဖြစ်နေလည်းမင်းလောကကြီးမှာ အသက်ရက်ကော ရှိနေနေသေးရဲ့လား
ကံမပါလို့မင်းနဲ့မဆုံခဲ့ရပေမဲ့ ငါမင်းအပေါ်ကိုကနေ့ထိ သစ္စာမပြတ်ခဲ့ပါဘူး။ မင်းကိုငါတနေ့မှမေ့မရခဲ့ပါဘူးမေလေးရယ်
ပြီးတော့ဆူးဆိုတာ မေလေးရဲ့သမီးလေးလား မေလေးနဲ့ဘယ်လိုတော်စပ်မှုရှိနေလည်း”
X
– X – X – X – X – X – X – X – X – X
အတိတ် ၆
“ကိုမော် မေလေးကိုတကယ်ချစ်ရဲ့လားဟင်”
“ဘယ်လိုမေးလိုက်တာလည်း
မေလေးရယ် ကိုယ်မေလေးကို အရမ်းချစ်တာပေါ့ ဒီနှစ်ကျောင်းပြီးရင် ကိုယ်တို့လက်ထပ်ဖို့
အဖေနဲ့အမေကို ဖွင့်ပြောလိုက်တော့မယ်”
“လက်ထပ်ဖို့
စောပါသေးတယ်ကိုမော်ရယ် မေလေးကနယ်ကိုပြန်ပြီး အမိနဲ့အဖကိုပြန်အလုပ်အကျွေးပြု ရဦးမယ်”
“မေလေးနဲ့ပါတ်သက်ပြီး
မေလေးရဲ့အမိအဖလည်း ကိုယ့်ရဲ့အမိအဖ ဘဲပေါ့ ကိုယ်မေလေးတို့အားလုံးကို တာဝန်ယူစောင့်လျောက်မှာပါ
ကိုယ်တို့အမြန်ဆုံးလက်ထပ်ရကြအောင်နော်”
မေလေး၏ပုခုံးနှစ်ဖက်ကိုကိုင်ပြီးကိုမော်ဆိုသည်။
သက္ကုသိုလ်ကျောင်း ၀န်းလေး၏ အေးချမ်းမှုနှင့်အတူ ဦးထူးမော်နှင့် မေသစ္စာတို့၏
အေးမြလှသည့် အချစ်တို့နှင့် ယှဉ်တွဲလျှက် ကျောင်းတော်ကြီးသည့်ပိုမိုသာယာလျှက်။
“မေလေးစဉ်းစားပါရစေဦးကိုမော်ရယ်”
“ဟောကြည့် ပြောတော့ဖြင့်မေလေးကိုတကယ်ချစ်ရဲ့လားတဲ့လက်ထပ်
ဖို့ပြောတော့ နေ့ရွေ့ညရွေ့နဲ့ စဉ်းစားပါ ရစေဦးတဲ့”
စိတ်ကောက်နေသော ပုံစံဖြင့်ကိုမော်ပြောလာသောအခါ
ချစ်သူကို ရင်နှစ်အမျှချစ်ရပါသော မေလေး အဖို့ နေမထိထိုင်မသာဖြစ်ခဲ့ရသည်။
“မေးလေးစိတ်ပူတာက
မေလေးတို့လို အညတရအသိုင်းအ၀ိုင်းက ဆင်းသက်လာတဲ့ မိန်းကလေးတစ်ယောက်ကို ကိုမော်တို့လို ချမ်းသာတဲ့အသိုင်းအ၀ိုင်းက လက်ခံနိုင်ပါ့မလားလို့ပါ”
“တော်ပါတော့မေလေးရယ် ကိုယ့်မိဘတွေက ကိုယ့်သဘော
တိုင်းဖြစ် အောင် လုပ်ပေးမှာပါ ကိုယ်ကတော့ မေလေးကိုဘဲ လက်ထပ်မယ်လို့ ဆုံးဖြတ်ပြီသား
မေလေးကသာ”
“ကိုမော်နော်
ပြောတော့မယ်”
ချစ်ပန်းလေးများပွင့်ပြီး ချစ်ငှက်ကေလေးများ ပျံသန်းနေသော သက္ကုသိုလ်ဝင်းကျင်မှ
ချစ်ရနံ့လေလေးသည် လည်း တရူးရူးတိုက်ခက် လို့နေလေသည်။
X
– X – X – X – X – X – X – X – X – X
“သား အမေတို့စီးပွားရေးအခြေအနေက နေ့တမျိုးညတမျိုးဖြစ်နေပြီ၊
အခုသားဖေဖေကလည်း ကျန်းမာရေး မကောင်းတော့ အလုပ်ကို စောက်ချမလုပ်နိုင်ဘူး၊ အမှန်တိုင်းပြောရရင်
ဒီအိမ်နဲ့ခြံကိုတောင်မှ အတိုးနဲ့ ပေါင်ထားရတာ သားမှာချစ်သူရှိနေတယ် ဆိုတာလည်း အမေတို့သိပါတယ်
သားတို့ရဲ့ချစ်ခြင်းကိုလည်း အမေတို့ မခွဲလိုပါဘူး ဒါပေမဲ့သား သေချာစဉ်းစားပေါ့ ဒီအိမ်ကြီးက
သားရဲ့ဘိုးဘွားတွေဆီက ဆင်းသက်လာတဲ့ အိမ်လည်း ဖြစ်သလို အခုအမေတို့စီးပွားရေးအရ လည်ပတ်နေတယ်ဆိုတာလည်း
ထားထားနွယ်မိဘတွေရဲ့ ကျေးဇူး ကြောင့် ဆိုတာလည်းသားသိပါတယ်။ သူတို့ခုလို ကူညီနေတယ် ဆိုတာလည်း
သားလေးရဲ့မျက်နှာနဲ့ဆိုတာလည်း သားသိတယ် အဲ့တော့သားရယ် မိဘကျေးဇူးကို ဆပ်တဲ့ အနေနဲ့
ထားထားနွယ်ကို လက်ထပ်ပေးဖို့ပါဘဲ”
ကျောင်းပိတ်လို့
မေလေးနှင့်လက်ထပ်မဲ့အကြောင်းကို မိဘများကိုဖွင့်ဟ ပြီးတောင်းဆိုမည့် ကိုမော့်၏ စိတ်ကူးများ
အားလုံးသည်သဲထဲရေသွန် သလိုဖြစ်ခဲ့ရခြေပြီ။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ထားထားနွယ်ကို
လက်ထပ်လိုက် ရပါသော်လည်း ကိုမော်မေလေးကိုတနေ့မှမေ့လို့မရခဲ့။ ထားထားနွယ်ကို ညီမလေးတစ်ယောက်လိုသာ
ပြုစုစောင့်ရှောက် ပြီးတာဝန် ယူခဲ့သည်။
“ကိုမော်ထားကို မိဘစကားနားထောင်ပြီး လက်ထပ်ပေးခဲ့တာ
ထားသိပါတယ်။ ထားတို့အိမ်ထောင်သက် ၃လ လောက်ရှိပြီ ပြီးတော့ ကိုမော်ကထားကို ညီမလေးတစ်ယောက်လိုဘဲ
စောင့်ရှောက်ခဲ့တာကို ထားကျေးဇူး တင်ပါတယ်။ ထားကိုမော့်ကိုဝန်ခံစရာတခုရှိတယ် အဲ့ဒါ
ဘာလည်းဆိုတော့ အခုထားမှာကိုယ်ဝန်၂လရှိနေပြီ”
“ဘာ-မင်းဘာပြောလိုက်တာလည်း ထားထားနွယ်”
ထားထားနွယ်၏စကားများကြောင့် အိပ်ရာကုတင်တွင်ထိုင်နေသော ဦးထူးမော်တစ်ယောက်
အလွန်အံသြ သွားမိခြင်းကြောင့် ဒေါသသံများ ပါလာ လေသည်။ ထားထားနွယ်၏ပုခုံးကို ကိုင်လုပ်ပြီး
မေးလိုက်မိသည်။
“ခုချိန်မှတော့ကိုမော့်ကို ထားမကွယ်ဝှက်မလိမ်ညှာတော့ပါဘူး
ထားမှာ ကိုမျိုးကျော်ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့တယ် သူနယ်မှာကုန်ကား မောင်းပို့ရင်း
ကားမှောက်လို့ဆုံးသွားပါပြီ အဲ့ဒါထားမှာ သူ့ရင်သွေးလေး လွယ်ထား ရတယ် ဒါကိုအမေတို့မသိကြပါဘူး
ဒီကလေးကို ထားဖြတ် ချဖို့ စဉ်းစားခဲ့ပါတယ် ဒါပေမဲ့”
“ဘာပြောလည်းထား
မင်းအဲ့ဒီကလေးကိုဖြတ်ချမယ်ဟုတ်လား”
“ဟုတ်ပါတယ် အစကတော့ဖြတ်ချမလို့ပါဘဲ နောက်တော့မှကိုမော်နဲ့
လက်ထပ်ခွင့်ရပြီး ထားစိတ်တွေပြောင်းလဲ သွားတယ် ထားကိုမော့်ကို နားလည်အောင်ရှင်းပြပြီး
ဒီကလေးကိုမွေးမယ်လို့ စိတ်ကူးထားတယ် အဲ့ကြောင့်ထား ကိုယ်မော်ကိုခုလိုဖွင့်ပြောရတာပါ”
ထားထားနွယ်၏ပခုံးနှစ်ဖက်ကိုယုယစွာကိုင်သွယ်ပြီး
“မင်းစဉ်းစားဆုံးဖြတ်တာ မှန်တယ်ထားထားနွယ် ဒီကလေးကို
မင်းရအောင်မွေးရမယ် မင်းကိုညီမလေး တစ်ယောက်လို ငါတသက် လုံး စောင့်ရှောက်သွားမယ် ပြီးတော့မင်းမွေးလားမဲ့ကလေးကိုလည်း
အဖေ တစ်ယောက်လို ငါစောင့်ရှောက်မယ်”
“ကိုမော့်ကိုကျေးဇူးတင်ပါတယ်”
“ရပါတယ်၊ မင်းမိဘတွေရဲ့ကျေးဇူးလည်း ငါ့မိဘတွေအပေါ်မှာ
ရှိနေတာဘဲ၊ ငါမိဘကျေးဇူးကို ဆပ်တယ်လို့ဘဲ သဘောထားပါတယ်”
X
– X – X – X – X – X – X – X – X – X
“သားငြိမ်းချမ်း၊
မင်းကောင်မလေးနဲ့ အဖေ့ကိုတွေ့ပေးပါလား”
“ဗျာ၊ အဖေတကယ်ပြောနေတာလား”
“အေးပေါ့ကွာ မင်းကိုအဖေဘယ်တုန်းက ညာဖူးလို့လည်း”
“အဖေသားတို့ကို သဘောတူပေးရမယ်နော်”
“မင်းကောင်မလေးနဲ့တွေ့ပြီး အခြေအနေအားလုံးကို
ဆုံးဖြတ်ကြတာ ပေါ့”
“အဲ့ဆိုရင် သားဆီကိုအမြန်ဆုံးလာခဲ့ဖို့ သားဆူးကိုဖုန်းဆက်ပြီး
အကြောင်းကြားလိုက်မယ်အဖေ”
ဦးနေထူးမော်ပြုံးလိုက်သည်။
မနက်စာစားသောက်နေချိန်တွင် ဦးနေထူးမော်တစ်ယောက် မိမိသိချင်သော အကြောင်းအရာတခုကို သိလိုသော
စိတ်ဆန္ဒပြင်းပြမှုကြောင့် ငြိမ်းချမ်းဦးကို တထစ်လျော့ချပေးလိုက်သည်။ သူကိုယ်တိုင်ကလည်း
ဆူးဆိုသည့် ငြိမ်းချမ်းဦး၏ချစ်သူကောင်မလေးကို တွေ့မြင်လိုသောဆန္ဒရှိနေခဲ့သည်။ အကယ်၍
များဆူးသာ မေလေးနှင့် တခုခု ဆက်နွယ်မှု ရှိခဲ့မည်ဆိုလျင် အရာရာအားလုံးကိုဥပေက္ခာပြုလျက်
ငြိမ်းချမ်းဦးနှင့် လက်ထပ်ပေးမည်။ ဆူးနှင့်မေလေးတို့ဘာမှဆက်နွယ်မှုမရှိခဲ့ဘူးဆိုလျင်
ဆူး အကြောင်းကိုသေချာလေ့လာစုံးစမ်းရမည်။
X
– X – X – X – X – X – X – X – X – X
“ဆူး”
သန့်ရှင်းရေးလုပ်နေရင်း
ဆူးရုတ်တရပ် မူးလဲသွားသောကြောင့် လုပ်ဖော်ကိုင်ဖက်များက ၀ိုင်းခေါ်ကြသည်။ ဆူးကို ကိုဖြိုး၏အကူအညီဖြင့်
ဆူးနေသည့်အခန်းလေးထဲသို့ ချီပို့ပေးလိုက်ပြီး ဆူးကိုဆေးကုသပေးနေကြ ဆရာဝန်ကို ဖုန်းဆက်ခေါ်လိုက်သည်။
စမ်းသပ်မှုပြီးသည့်နောက် ဆရာဝင်မှ ဆူးအားရှိစေမည့် ဆေးများကို ပေးခဲ့ပြီး တခုခုကို စိတ်ထိခိုက်သည့်
မျက်နှာဖြင့် ပြန်ထွက်လာသည်။
“Paung ပင်အလိုက် ခွန်းမော်ခပ်” (ဆူးဘာဖြစ်လတာလည်း ဒေါက်တာ)
ဟုကိုအောင်ကြီးမှ သိလိုဇောဖြင့် စီးကြိုမေးလိုက်သော
အမေးကို ဆရာဝင်ဘာမှပြန်မဖြေဘဲ ဆူးကိုစိတ်ချမ်းသာအောင်ထားပါ ကျတော်မနက် ဖြန်ပြန်လာခဲ့ပါ့မယ်
လို့ပြောပြီးဆေးအိပ်ကိုယူကာ ထွက်သွားခဲ့သည်။
“စ၀တီးမိုင်
Poung” (နေကောင်တယ်မဟုတ်လား Poung)
“စ၀တီးခ ခွန်မော်” (နေကောင်းပါတယ်ဒေါက်တာ၊
မင်္ဂလာပါ ဒေါက်တာ)
“ဖွန်မ်ခေါ်လ်တင်လ်ငမ်းကပ် Poung ဒိုက်မိုင်း၊ ဖွန်ရပ်လ် Poung ကျင်ကျင်နား” (ကျတော် Poung ကိုလက်ထပ် ပါရစေ၊ ကျတော် Poung ကိုတကယ်ချစ်မြတ်နိုးတာပါ)
“မိုက် မိုက်ဒိုက်နာ” (ဟင့်အင်း မဖြစ်နိုင်ဘူးလေ)
“ထမ်းမိုင်းမိုက်ဒိုဒ်လော်ခပ်”
(ဘာကြောင့်မရရမှာလည်းဗျာ)
ဆူးအားရှိစေမည့်
အစားအသောက်များကိုဝယ်ကာ ဆူးအခန်း လေးရှိရာသို့လာပြီး ဆူးကိုပေးမည်အပြု အခန်းထဲမှထွတ်ပေါ်လာသော
စကားသံများကြောင့် တစ်ယောက်ယောက် ဆူးအခန်းထဲကို ရောက်နေပြီဆို သည့်အသိဖြင့် ကိုဖြိုးအခန်းဝကွယ်ရာတွင်
ရပ်နေပြီး အထဲမှစကားသံများကို နားစွင့်နေမိသည်။
“မိုက်ပိုင်လ်လိုင်း ခွန်းမော် Poung မိုက်ချိုင့်ခွန်းထိုင်းနာ” (ဘာမှတော့ မဖြစ်ပါဘူးဒေါက်တာPoung
ကထိုင်း လူမျိုးမှမဟုတ်တာ)
“မန်းမိုက်ကျိုလ် ဖွန်မ်လုယူဝါ့ Poung
မီးဖမ်စ်လောက် လောက်ကော တွမ့်ဏီ့ Poung မီးတောင်မ့်တွေ့
ဖမ်စ်း Poung လောက်Poung လုမိုင်း”
(ဘာမှမဆိုင်ဘူးလေPoung မှာချစ်သူရှိနေပြီဆိုတာ
ကျတော် သိပါတယ် အခုPoung မှာသူနဲ့ပါတ်သက်ပြီးကိုယ်ဝန်ရှိနေပြီဆိုတာ
Poung သိလား)”
“အလိုင်းနား ခ ထိုလ်းတ်ဝါ့အလိုင်း ခွန်းမော်”
(ဘာဖြစ်တာလဲ၊ ဒေါက်တာဘာပြောလိုက်တာလည်း)
“ချိုင့် ဖွန်မ်ဖွတ်ခေါမ်ကျင် ဖွန်မ်မတိုက် ကိုးဟုတ်န်ခိုင်-
လောက်ကော ပိုင်လ်လိုင်လ်းဏိ ခွန်းထိလုနိုက် မီးဖွန်မ်ခွန်း တျို ဖွန်မ်မိုက်
ဟိုက်ခိုင် လု” (ဟုတ်တယ် ကျတော်တကယ် ပြောနေတာပါ၊
ကျတော်မလိမ်ရ ပါဘူး၊ ပြီးတော့ ဒီကိစ္စကို
ကျတော်တစ်ယောက်ထဲဘဲသိတယ်၊ တခြား ဘယ်သူ့ကိုမှမသိစေချင်ဘူး)
“လော်” (တကယ်ဘဲလား)
“ချိုင့်၊ Poung ကျလ်ပ်ထမ်းအလိုင်း
တမ်ကန်းကပ်ဖွန် မိုက်ကော ရပ်အောင်ချူဖူချိုင်းခွန်းနှိုင် ၀ါပင်ဖောဒင်ခွန်းဏိ ခေတ်တီတီနာ
Poung” (ဟုတ်တယ်၊ မင်းဘာလုပ်မလဲ ကျတော့်ကိုလက်ထပ်မှာလား ဒါမှမဟုတ်ရင်
ဒီကလေးရဲ့အဖေကို ဘယ်ယောကျာင်္းနာမည် ပေးမှာ လည်း သေချာစဉ်းစားပေါ့ Poung)
“မိုက်!! ရပ်ပင်အလိုင်ကောပင်
Poung မိုက်တင်ကမ်းတွေ့ ခူးမော်” (ဖြစ်ချင်ရာဖြစ်ပေါ့
၊ ကျမ ဒေါက်တာ့ကိုတော့ လက်မထပ်နိုင်ဘူး)
မိုက်လှချည်လားဆူးရယ်၊
မင်းရဲ့ရိုးသားဖြူစဉ်မှုတွေကို ငြိမ်းချမ်းဆိုတဲ့ လူကြောင့် အစွန်းထင်းမခံနိုင်ဘူး။
သူမင်းကို လက်ထပ်ဖို့ အချိန်တွေဆွဲနေမယ် ဆိုရင် ကိုယ့်ဖက်က တခုခုလုပ်ရလိမ့်မယ်ဆူး။
အခုလည်း ဒီဆရာဝန်က မင်းကိုတာဝန်ယူဖို့ ကလေးအဖေနာမည်ခံဖို့ ပြောနေတာတောင် မင်းကအကြောက်
အကန်ငြင်းတယ်နော်။ မင်းကို တိုင်းတပါးလက်ထဲ
ကိုတော့ ငါအရောက်မခံနိုင်ဘူး။ ဒီတော့ငါဘာဆက်လုပ်ရမှာလည်း။ အခန်းထဲသို့ဝင်မည့် ကိုဖြိုးခြေ လှမ်းများသည်လက်ထဲမှ တယ်လီဖုန်းလေးမည်သံကြောင့်
ဖုန်းခလုတ်ကို အမြန်နှိတ်၍ အခန်းနှင့်ခပ်ဝေးဝေးသို့ လျောက်သွားခဲ့သည်။
“ဟဲလို”
“ကိုဖြိုးလား ဟဲလို ကိုဖြိုး ကြားလား ကြားလား”
“ဟုတ်ကဲ့ပြောပါ ကြားပါတယ်၊ ကျတော်ကိုဖြိုးပါ”
“ကျတော်ငြိမ်းချမ်းဦးပါ ရန်ကုန်ကနေဆက်နေတာ ကြားလားကိုဖြိုး”
“အေးငြိမ်းချမ်းပြော ကြားတယ်”
“ကျတော်ဆူးကိုဖုန်းဆက်တယ် မရဘူး၊ အဲ့ဒါဆူးနဲ့စကားပြောချင်တယ်
တခုကူညီပေးပါ”
“ဆူးလား သူနေမကောင်းလို့ ဆရာဝင်ရောက်နေတယ်”
“ဗျာ ဆူးနေမကောင်းဘူးဟုတ်လား ဟဲလို ဟဲလို”
“အေး ဟုတ်တယ် ဟဲလို-ဟဲလို
ကောင်းတယ် ဖုန်းကျသွားတာဘဲ ကောင်းတယ် ”
ဆူးတကယ်ဘဲနေမကောင်းဖြစ်နေတာလား။
ဆရာဝင်တဲ့ ဆူးကိုလာလာကြည့်နေကြ ဆရာဝင်ဘဲလား။ ဒါမှမဟုတ်ကိုဖြိုးက ဆူးနဲ့မတွေ့ စေခြင်လို့
ညာပြောနေတာလား။ ကိုဖြိုးကဆူးကိုစိတ်ဝင်စားနေတာဆိုတော့။ ဒါမှမဟုတ် ဆူးမှာများ -- အိုမဖြစ်နိုင်ပါဘူး။ အဲ့လိုဖြစ်ခဲ့ရင်လည်း
သူငါ့ကိုပြော ရမှာပေါ့။ ခုဟာကဖုန်းတောင် ဆက်လို့မရ ဖြစ်နေတာ ဆိုတော့ ဆူးများငါ့ အပေါ်ကို သစ္စာမဲ့သွားပြီလား
ငြိမ်းချမ်းတစ်ယောက်အတွေကမ္ဘာလေးထဲတွင်
အရူး တစ်ယောက် လိုပင် တစ်ယောက်တည်း သွေးလေခြောက်ခြားလျက် ရှိနေပေသည်။ တသက်မှာ တခါသာချစ်ခဲ့ဘူးသည့်
အချစ်ဦးမို့ငြိမ်းချမ်း စိုးရိမ်မှု များစွာတို့ ရင်ထဲမှာပြည့်နက်နေလေသည်။
X
– X – X – X – X – X – X – X – X – X
“အဖေ ကျတော်ထိုင်းကိုနခလောက်သွားခြင်တယ်”
“ဘာကိစ္စလည်းသား”
“ဆူးဆီကိုပါ”
“ဖုန်းဆက်လိုက်ပေါ့”
“ကျတော်ဆက်လို့မရဘူး အဖေ”
“လှိုင်းမကောင်းလို့ဖြစ်မှာပါ”
“ကျတော်သွားရမလား”
“ဒီမှာလည်း မင်းမရှိလို့မဖြစ်ဘူးလေ။ အဖေလည်းအရေးကြီးကိစ္စနဲ့
နောက်၂ရက်၃ရက်နေ စင်္ကပူကိုသွားရမှာ ဆိုတော့ဒီတော့ ဒီလို လုပ်ကွာ အဖေပြန်လာတေ့မှ မင်းသွားခြင်သပဆိုသွားပေါ့”
“ဟူး--------”
ငြိမ်းချမ်းဦးတစ်ယောက် သက်ပြင်းအရှည်ကြီးတချက်မုတ်လိုက်လေသည်။
“တနေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့် နှဖူးကခြေဖျားထိအောင်ချစ်တယ်”
ဖုန်းထဲမှသီချင်းသံကြောင့် ဆူးဖုန်းလေးကို
ကောက်ကိုင်လိုက်သည်။ နိုင်ငံခြား ခေါမှန်းသိလိုက်ရသောကြောင့် ဆူးဖုန်းကိုလက်ခံလိုက်သည်
“ဟုတ်ကဲ့အမိန့်ရှိပါ”
“ဆူး ဆူးလား ကိုယ်ပါ ငြိမ်းချမ်းပါ ဆူးကြားလား”
“ကိုငြိမ်းချမ်းဦး”
“ဆူး နေမကောင်းဘူးဆို ဘာဖြစ်နေတာလည်း ဆူးကိုအရေးကြီးတဲ့
ကိစ္စ ပြောစရာရှိလို့ ဖုန်းခေါ်နေတာ ၄-၅ရက် တောင်ရှိပြီ”
“အော်-ဟုတ် ဆူးနေကောင်းပါတယ် ပြောလေ”
“ဆူး စကားကြီးကလည်း အားမရလိုက်တာ ဆူးဘာဖြစ်နေတာလည်း”
ဆူးသူမ၏ပိုက်ကလေးကို
စမ်းပြီးမျက်ရည်စများတို့ ကျဆင်းလာ မိသည်။ ကိုယ်ရယ်ဆူးဘာဖြစ်နေတာလည်း ဆိုတာထက် ဆူးဆီမှာ
ကိုယ့်ရင်သွေးလေး ရှိနေပြီဆိုတာကို ဆူးပြောပြခြင်လိုက်တာ။ ဒါပေမဲ့ ကိုယ်ဆူးကို ယုံကြည်မှု
ကင်းမဲ့မှာ ကိုကြောက်တယ်။
“ဆူး-ဆူး ကိုယ်ပြောနေတာကြားလားဆူး”
“ရှင် ဟုတ်ကြားကြားပါတယ်ကိုယ်”
“ဆူး- ကိုယ့်ကိုမှန်မှန်ပြောစမ်း
မင်းတခုခုဖြစ်နေတယ်မဟုတ်လား မလိမ်နဲ့နော် လိမ်တာကိုယ်မကြိုက်ဘူး”
“ဆူးဘာမှမဖြစ်ပါဘူး ကိုယ်ကောနေကောင်းတယ်မဟုတ်လား”
“အေးလေဘာမှမဖြစ်ဘူးဆိုလဲ ပြီးတာပါဘဲ ကိုယ့်ကိုစိတ်ပူအောင်
တော့မလုပ်နဲ့ပေါ့”
“အင်းပါ”
“မင်းကိုယ့်ကိုချစ်သေးရဲ့လားဆူး မင်းအပြောအဆိုတွေ
ပြောင်းလည်း
နေသလိုဘဲ”
“ကိုယ်စိတ်ထင်လို့ပါ ဆူးဘာမှမပြောင်းလည်းပါဘူး၊
ကိုယ်ဆူးကို အရေးကြီးတဲ့ကိစ္စ ပြောစရာရှိတယ်ဆို ပြော လေ”
“ဘာမှမဟုတ်တော့ပါဘူးကွာ မင်းကိုသတိရလို့ ဖုန်းဆက်လိုက်တာ
ဒါဆိုဒါဘဲလေ ကိုယ်ဖုန်းချလိုက်တော့မယ်”
“ကိုယ်-ဟို--”
“ဘာလည်းဆူး”
“ဘာမှမဟုတ်တော့ပါဘူး”
“အဲ့ဆိုလည်းပြီးရောလေ တာ့တာ”
ဖုန်းလေးကိုချလိုက်ပြီး
ဆူးဖုန်းထဲမှပြောဆိုနေသောအသံကို ပြန်လည် စဉ်းစားနေမိသည်။ ဆူးဘာဖြစ်နေတာ လည်း ကိုဖြိုးပြောတော့
သူနေမကောင်း ဘူးတဲ့ အခုငါဖုန်းဆက်တာ့ ငါ့ကိုပြောဆိုဆက်ဆံနေတဲ့ အသံက တခုခုကို ပြောခြင်ပြီး
တခုခုကိုလျို့ဝှက် ထားနေသလိုဘဲ။ ဆူးငါ့အပေါ် ကိုပြောင်းလဲ နေပါလား။ ဆူးနဲ့ကိုဖြိုးနဲ့များ
ဒါမှမဟုတ် ဟိုဆရာဝင်ဆိုတဲ့တိုင်းတပါးသားနဲ့များ ငါဘာဆက်လုပ်ရမှာလဲ ဆူးကိုငါအရမ်းချစ်ခဲ့တာပါ။
“ငြိမ်းချမ်း နင်ဘာဖြစ်နေတာလည်း မျက်နာလည်းမကောင်းပါလား
နင့်အဖေဆီကဖုန်းလာလို့လား ဘာဖြစ်လဲ ပြောလည်း”
“နေခြည် နင်ရောက်နေတာကြာပြီလား မဟုတ်ပါဘူး ငါဆူးဆီကို
ဖုန်းဆက်နေတာ”
“အော်ဒါနဲ့များငြိမ်းချမ်းရယ် ကိုယ့်ချစ်သူဆီကို
ဖုန်းဆက်တာ ပျော်ရမဲ့ကစ္စကို ဘာလို့မျက်နှာ မကောင်း ဖြစ်နေရ တာလည်း”
“နင်မသိပါဘူးနေခြည်ရာ”
“ဆူးကဘာပြောလိုက်လို့လည်း”
“ဖုန်းထဲမှာ သူစကားပြောတဲ့ပုံစံက ငါ့အပေါ်ကိုစိမ်းနေသလိုဘဲဟာ”
“နင်စိတ်ထင်လို့နေမှာပါ သူလဲသူ့အကြောင်းနဲ့သူရှိမှာပေါ့”
“မဟုတ်ဘူးနေခြည် ဆူးငါ့အပေါ်ကိုပြောင်းလဲနေတယ်
ငါဘာလုပ် ရမှာလည်း”
“နင်ပြောတော့ ဆူးကအရမ်းရိုးသားတဲ့ မိန်းကလေးတစ်ယောက်ဆို
သူအဲ့သလိုပြောင်းလဲမြန်မယ် ငါမထင်မိဘူး”
“ဟုတ်တယ်နေခြည် ဒါကြောင့်ငါသူ့ကိုအရမ်းချစ်ခဲ့တာ ဒါပေမဲ့”
“ဒါပေမဲ့
ဘာဖြစ်လို့လည်းငြိမ်းချမ်း”
“အခုဆူးအသံက အရမ်းကိုစိမ်းနေတယ် ပြီးတော့ဟိုမှာက ထိုင်းက ဆရာဝင်ကလည်း
သူ့ကိုအသေရရအရှင်ရရ လိုခြင်နေတာ ပြီးတော့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် ကိုဖြိုးဆိုတဲ့ကောင်လေးကလည်း
ဆူးကို စိတ်ဝင်စားနေတာ”
“နင်သလောက်စိတ်ပူနေရင်
လိုက်သွားကြည့်ပေါ့ ငြိမ်းချမ်းရယ်”
“ငါအရမ်းသွားခြင်တာပေါ့ အဖေကလည်းနှစ်ရက်သုံးရက်သာဆိုတယ် ခု၎-၅ရက်တောင်ရှိနေပြီဟူးးးး”
(အော်ငြိမ်းချမ်းရယ် နင့်ကိုချစ်နေတဲ့ငါ့ရှေ့မှာ
နင်ကတခြား မိန်းမလေး တစ်ယောက်ကို သိမ့်ချစ်ပါတယ်လို့ပြောတော့ ငါဘယ်လိုနှလုံးသားမျိုးနဲ့
နားထောင်ရမှာလည်းငြိမ်းချမ်း)
“သေချာသွားအောင် နင်နောက်တခေါက် ဖုန်းထပ်ဆက်ကြည့်ပေါ့ ပြီးတော့
အန်ကယ်ပြန်လာရင်လည်း သူ့ဆီကို သွားကြည့်ပေါ့နင့်အတွက် ထိုင်းနဲ့မြန်မာပြည်ဆိုတာ အိမ်ဦးနဲ့
ကြမ်းပြင်လိုပါဘဲ ငါပြန်ပြီငြိမ်းချမ်းနောက်မှ လာတော့မယ်”
ညိုးငယ်ပြီးထွက်ခွာသွားသော နေခြည့်ကိုကြည့်ကာ ငြိမ်းချမ်းဦး မျက်နာမကောင်းပါ။
သို့သော်အချစ် ဆိုသည့် အရာသည် ဖန်တီးယူလို့ မရမှန်း လည်း နေခြည်သိသည်။
X – X – X – X – X – X – X – X –
X – X
ကိုယ်ဆူးကိုအရေးတကြီးပြောစရာရှိတယ်ဆိုပြီး
ဘာမှမပြောဘဲ ဘာလို့ဖုန်းချသွားတာလည်း။ အေးပေါ့လေ သူ့မှာလည်းသူ့အကြောင်း ကိစ္စနဲ့သူ ရှိမှာပေါ့။
ဒါမှမဟုတ်ရင် ကိုယ့်အဖေကဆူးနဲ့ သဘောမတူဘူးလို့ပြောမလို့လား။ ကိုယ် ထိုင်းကိုမလာတာလည်း
အတော့်ကိုကြာပြီဘဲ။ ငါ့မှာလည်း တနေ့တခြား ပေါ်လာတော့မဲ့ ဒီကလေးကို ငါဘာလုပ်ရ မှာလည်း
ဖျက်ချရမှာလား အိုး ငါဘာလို့လူမဆန်တဲ့ အတွေးတွေတွေးနေရတာလည်း။ ဒီကလေးမှာဘာမှ
အပြစ်မရှိဘူး။ ဘာဘဲဖြစ် ဖြစ်ဒီကလေးကိုငါရအောင်မွေးမယ်။
ဆူးတစ်ယောက် ဖုန်းကိုလက်ထဲမှမချသေးဘဲ
ကစဥ့်ကလျားတွေး သောနေမိသည်။ ချစ်ဦးသူနှင့် ကွေးကွင်းရသည့် ဝေဒနာကို လူတိုင်းခံစားဖူးမည်။
ချစ်ဦးသူနှင့်ကွေးကွင်းပြီး ကိုယ်မချစ်မနှစ်သက်သော သူနှင့်ပေါင်းဖက် ရသည့် သူများလည်းရှိမည်။
မည်သူမဆို ကိုယ့်ချစ်သူနှင့်သာ ဘ၀တသက်လုံးအတူ ပေါင်းဖက်နေချင်ကြမည်မှာ အမှန်ပင်။
X
– X – X – X – X – X – X – X – X – X
“သား မင်းကိုကြည့်ရတာ ခုတလောတမိုင်မိုင်တထွေထွေနဲ့
ဘာဖြစ် နေတာလည်း”
“ကျတော် ဘာမှမဖြစ်ပါဘူးအဖေ”
“သား မင်းကောင်မလေးအခြေအနေဘယ်လိုရှိလည်း မင်းသူ့ကို
အကြောင်းကြားပြီးပြီလား”
“ကျတော်”
“ဘာဖြစ်လို့လည်း ဆက်ပြောလေ”
“ဘာမှမဟုတ်တော့ပါဘူးအဖေ ကျတော်ခေါင်းနဲနဲကိုက်နေလို့
နားခြင်တယ်ဗျာ”
အပြင်မှပြန်လာသည့်ငြိမ်းချမ်းဦးကို
ဧည့်ခန်းထဲတွင်ထိုင်နေသည့် ဖခင် ဖြစ်သူမှလှမ်းမေးလိုက်လေသည်။ ထိုသို့ ပြောဆိုပြီး ငြိမ်းချမ်းဦးတစ်ယောက်
ဖခင်ဖြစ်သူကို စကားလမ်းကြောင်းလွဲကာ ပေါ်ထပ်သို့တတ်ခဲ့လေသည်။ သားဖြစ်သူ မူမမှန်ဖြစ်နေခြင်း
ကိုမြင်ရသောကြောင့်လည်း ဖခင်ဖြစ်သူအဖို့ စိတ်မကောင်းလှ။
“နေခြည်ပြောတာမှန်တယ်ငြိမ်းချမ်း မင်းဆူးကိုသေချာအောင်တော့
တခုခုမေးသင့်တယ်”
“ဟုတ်တယ်ငြိမ်းချမ်း မင်းအဲ့လိုခံစားနေရတာ ငါတို့လည်း
မကြည့် ရက်ဘူး”
“သူနဲ့ဖုန်းပြောတာ သူ့အသံကိုနားထောင်ပြီး သူတခုခု
ပြောင်းလည်း နေတယ်ဆိုတာ ငါသိတာပေါ့ ငဦးရာ”
“နင်ဆိုလိုတာက သူနင့်အပေါ်ကိုစိမ်းကားသွားတယ်လို့
ပြောခြင် တာလား ငြိမ်းချမ်း”
“ဟုတ်တယ်စုမွန်”
“နင့်အပေါ်သူစိမ်းသွားတယ်ဆိုရင်တော့
ကောင်းတာပေါ့”
“နင်ကဘာကိုပြောခြင်တာလည်း
စိုးအောင်”
“ဒါမှနင့်ရင်ထဲမှာနေခြည်ပြန်ရောက်လာမှာလေ
ငါတော့နေ့ခြည့်ကို..”
စိုးအောင်စကားကို ရှေ့ဆက်မပြောတော့ဘဲရပ်လိုက်မိသည်။
နေခြည့်မျက်နာလေးနီမြန်းလာသည်ကို သတိထား မိလိုက်ကြောင့် သန္တာစကား လှမ်းကြောင်းလွဲလိုက်သည်။
“မဟုတ်သေးဘူးနော်ငြိမ်းချမ်း သူသာမင်းကိုတကယ်ချစ်တယ်ဆိုရင်
နင်တို့ပြောနေတာတွေ ထင်နေတာတွေ မဖြစ်နိုင်ဘူး နင်ချမ်းသာမှန်း သိလို့ နင့်ကိုခေါက်သွားတာလားမှမသိတာ”
“နင်ကဘာလို့အဲ့လိုပြောနိုင်တာလဲသန္တာ”
“နင်ပြောတော့ သူကနင်ချမ်းသာမှန်းတောင်မသိဘူးဆို”
“ဒါလည်းဖြစ်နိုင်တာဘဲလေ”
အိစုမွန်မှသန္တာပြောသောစကားများကို ထိုကဲ့သို့ဝင်ပြီး
ထောက်ခံလေသည်။ စကားဝိုင်း တလျောက်လုံးဘာမှ ဝေဖန်ချက်မပေးသော နေခြည်မှ
“မဟုတ်သေးဘူးငြိမ်းချမ်း နင့်ကိုငါပွင့်ပွင့်လင်းလင်းဘဲပြောမယ်ဟာ
ငါတို့မိန်းကလေးတွေဟာ ကိုယ့်ချစ်တဲ့သူကို အမြဲစိတ်ချမ်းသာ စေခြင်ကြတာဘဲ၊ အထူးသဖြင့်ကိုယ်ဘာဖြစ်နေလည်း
ကိုယ်ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလည်းဆိုတာကို ကိုယ်ချစ်သူ စိတ်ရှင်းရဲ မှာကြောက်လို့
ဘယ်တော့မှဖွင့်ပြောလေ့မရှိဘူး မပြောကောင်း မဆို ကောင်း နင့်ကောင်မလေးမှာများ………”
“နင်ဘာဆိုလိုခြင်တာလည်းနေခြည်”
“ဘာမှမဟုတ်တော့ပါဘူးဟာ”
“အေးငြိမ်းချမ်း ငါစဉ်းစားမိတာ နင်ချမ်းသာမှန်းသိလို့
နင့်အဖေ သဘောမတူမှကို သူမခံစားနိုင်လို့ နင့်အပေါ်ကို ပြောင်းလဲဖို့ ကြိုးစားနေတာများလား”
“ဟာ အဓိပ္ပါယ်ကိုမရှိတာ”
“ဘာဘဲဖြစ်ဖြစ်ပေါ့ ငြိမ်းချမ်းရာ နင်ကလည်းသူ့ကို တကယ်ပျတ် နိုင်တာလည်း
မဟုတ်ဘဲနဲ့ နောက်ပြီးတဖက် နိုင်ငံကို
တခါတလေ ဖုန်းခေါ်ရတာလည်း အခက်အခဲရှိတာဘဲ သူနင့်ကို စိတ်ကောက် နေတာကော
မဖြစ်နိုင် ဘူးလား”
ဘာမှခွန်းတုန့်ပြန်မှုမရှိဘဲ ငြိမ်းချမ်းဦးတစ်ယောက်
ထိုင်ရာမှရုတ်တရပ် ထကာ ကားဆီသို့ ဦးတည်လျောက်ခဲ့ လေသည်။
“ဟေ့ငြိမ်းချမ်းဒါဘယ်လည်း”
“ငါပြန်တော့မယ်ဟာ”
ငြိမ်းချမ်းဦးတယောက်ကားကို
တရပ်ကြမ်းမောင်းကာ အိမ်ထဲသို့ဝင် လာလေပြီး အိမ်ပေါ်ထပ်ရှိရာသို့ ချက်ခြင်း ပြေးတတ်သွားပါသည်။
ဧည့်ခန်း တွင်ထိုင်၍စာဖတ်နေသော ဖခင်ဖြစ်သူကိုပင်သတိထားမိဟန်မတူ။
X
– X – X – X – X – X – X – X – X – X
“တနေကုန်ထိုင်ပြီးတစိမ်းစိမ့်ကြည့် နဖူးကခြေဖြားထိအောင်ချစ်တယ်”
ဖုန်းထဲမှသီချင်းမြည်သံကြောင့်
ဆူးဖုန်းကိုကောက်ကိုင်လိုက်သည်။ ဖုန်းကိုဆူးတချက်ကြည့်လိုက်သည်။ နိုင်ငံခြားခေါဖြစ်နေသောကြောင့်
ဆူးဖုန်း ကိုပြန်ချထားလိုက်သည်။ သီချင်းသံဆုံးသွားပြီး နောက်တကြိမ်ထပ်မံ ထွက်ပေါ် လာသော
အခါ ဒုတိယအကြိမ်ဖုန်းခေါ်ဖြင်းဖြစ်သောကြောင့် ဆူးဖုန်းလက်ခံ ခလုပ်လေးကို နှိမ့်လိုက်သည်။
“ဟဲလို”
“ဟဲလို-ဟဲလို ဆူးလား ကြားလား ကိုယ်ပါ ဆူးကြားလား”
“အော်ဟုတ် ကြားပါတယ် ကိုယ်ပြောလေ”
“ဆူးနေကောင်းရဲ့လား”
“ကောင်းပါတယ် ကိုယ်ကောနေကောင်းရဲ့လား”
“ကိုယ်နေကောင်းတယ် ဆူးကိုသတိရလို့ ဖုန်းဆက်လိုက်တာ
ပြီးတော့ ပြောစရာလည်းရှိတယ်”
“ပြောလေကိုယ် ဆူးနားထောင်နေပါတယ်”
“ကိုယ့်ဖေဖေက ဆူးကိုတွေ့ခြင်လို့တဲ့ အဲ့ဒါဆူးဒီကိုပြန်လာခဲ့ပါလားဆူး”
“ကိုယ်တကယ်ပြောနေတာလားကိုယ် ဆူးအိမ်မက်များ မက်နေသ
လား”
“ကိုယ်တကယ်ပြောနေတာပါ”
“ကိုယ်ဆူးကို လာကြိုနိုင်ရင်သိမ့်ကောင်းမှာဘဲ ပြီးတော့ဆူးမှာ”
“နားလည်ပေးပါချစ်ရယ် ကိုယ်ဒီမှာအလုပ်တွေအရမ်းပိနေလို့ပါ”
“အင်းပေါ့လေ ကိုယ်မအားတော့လည်း ဆူးဘာတတ်နိုင်မှာလည်း”
“ဆူးကိုယ့်အပေါ်ကိုသစ္စာရှိနေပေးပါနော် ကိုယ်ဆူးကို
ထာဝရချစ်နေ ပါရစေ”
(ပြောရက်လိုက်တာကိုယ်ရယ် ကိုယ်အဲ့လိုပြောလိုက်တာဟာ
ဆူးကိုအယုံကြည် မရှိဘူးဆိုတဲ့သဘောပေါ့နော်) ဆူးစိတ်ထဲ တွင် ထိုသို့တွေးတောနေမိသည်။
“ကိုယ့်ဖေဖေက ဆူးကိုအမှန်အကန် တွေ့ခြင်တာလားဟင်”
“ဟုတ်တယ်ဆူး ဖြစ်နိုင်ရင်ဆူး ဒီတရက်နှစ်ရက်အတွင်း
လေယဉ်နဲ့ ပြန်ခဲ့ပါ ကိုစောင့်နေမယ်”
“ဆူး ကြိုးစားပါ့မယ်ကိုယ်”
“ကောင်းပြီလေ ကိုယ်ဆက်ဆက်စောင့်နေမယ် ဒါဘဲနော်ချစ်”
“ဟုတ်”
“ဆူးလာမဲ့ရက်ကို ကြိုပြောဦး ကိုယ်လေယဉ်ကွင်းမှာ လာကြိုမယ်”
“ဟုတ်”
တဖက်မှဖုန်းကျသွားသော်လည်း ဆူးလက်လေးထဲတွင်ဖုန်းကိုကိုင်ပြီး
တရုတရကြည့်နေမိသည်။ ထို့နောက် သူမ၏ပိုက်ကလေးကိုပွတ်ကာ မခိုးတရို့ ပြုံး နေမိပြန်သည်။
“ဆူး-သမီးတကယ်ပြန်တော့မှာလား”
“ဟုတ်တယ်ဒေါ်ကြီး ဆူးလိုက်သွားမှဖြစ်မှာပေါ့”
“အေးပေါ့လေ သမီးအခြေအနေကလည်း မသွားလို့မှမဖြစ်တာ
သမီး မရှိရင်ဒေါ်ကြီးတို့တော့ ပြင်းနေတော့မှာ”
“ဆူးလည်း ဒီအလုပ်နဲ့ ဒေါ်ကြီးတို့ အားလုံးကို ဘယ်ခွဲခြင်ပါ့မလည်း
ဒေါ်ကြီးရယ်”
“ဒေါ်ကြီးနားလည်ပါတယ် ဒါနဲ့သမီးဟိုရာက်ရင် ဒေါ်ကြီးတို့ကို
သတိရဦးနော်”
“စိတ်ချပါ သမီးဟိုရောက်တာနဲ့ ဖုန်းဆက်လိုက်ပါ့မယ်”
“အဆင်ပြေရင် ဒေါ်ကြီးတို့ဆီကို လာလာဦးပေါ့ ဒေါ်ကြီးလုပ်စရာရှိလို့
သွားလိုက်ဦးမယ်ကွယ်”
“ဟုတ်ကဲ့”
ဆူးထိုင်နေကြ ခုံတန်းလျားလေးတွင် တည်းခိုခန်းတခုတည်း
တွင် အလုပ်တူ လုပ်ကိုင်နေသော ဒေါ်ကြီးတုတ်နှင့် နှစ်ဦးသား အေးအေးလူလူ စကားထိုင်ပြီးပြောဆိုနေကြပြီး
တရွှေ့ရွှေ့နှင့်ထွက်ခွာသွားသော ဒေါ်ကြီင်္းကို ဆူးငေးမောပြီး ကျန်ရစ်ခဲ့သည်။
“ဆူး”
နောက်ဖက်မှ ရုတ်တရပ် ထွက်ပေါ်လာသော အသံကြောင့် အသံလာ ရာသို့ ဆူးဦးတည်ပြီး
ခေါင်းကလေးကို မောကည့်လိုက်သည်။
“ကိုဖြိုးတို့ပါလား”
“နှုတ်ဆက်ခဲ့ပါတယ် ဆိုတဲ့စကားကို ငါတို့မပြောခြင်ဆုံးဘဲဆူး
အထူး သဖြင့် ဆူးနဲ့ပါတ်သက်ပြီး လုံးဝကို မပြောခြင်တဲ့သူပါ”
“ဟုတ်တယ်ဆူး ကိုဖြိုးပြောတာမှန်တယ် ငါတို့တွေမင်းကို
ဘယ်တော့မှ နှုတ်မဆက်ဘူးနော်”
“ဆူးလည်း ကိုအောင်ကြီးတို့ကို နှုတ်မဆက်ပါဘူး နှုတ်ဆက်တယ်
ဆိုတာ ပြန်မဆုံနိုင်တဲ့ သူတွေအတွက် ပြောတဲ့စကားဖြစ်နေလို့ပါဘဲ ဆူးကိုအောင်ကြီးတို့
ကိုဖြိုးတို့နဲ့ပြန်ဆုံမယ်လို့ မျော်လင့်နေပါတယ်”
“အင်းပါ နင်ပြောသလိုဘဲငါတို့မျော်လင့်ရတော့မှာပေါ့”
“ဆူး- ခုသလောရာသီဥတု အခြေအနေက
မကောင်းလှဘူး နင့်ခရီး စဉ်ကို ရက်ရွှေ့လိုက်ရင် မကောင်းဘူးလား”
“ဆူး ကိုငြိမ်းချမ်းကို ကြောင်းကြားပြီးပြီလေ
တော်ကြာသူ တမျိုး ထင်သွားမှာပေါ့”
“ဆူးရယ် သေခြာရှင်းပြလိုက်ပေါ့”
“ထားလိုက်ပါတော့ ကိုဖြိုးရာ တော်ကြာနေဟို ကတမျိုး
တမယ်ထင် သွားရင် ဆူးလည်းမကောင်းဘူး ဆူးဟိုရောက်ရင်သာ တို့ကိုဖုန်းလေး ဘာလေးဆက်ဦး”
“စိတ်ချပါ ဆူးမှာအရင်းနှီးဆုံးမိတ်ဆွေဆိုလို့ ကိုအောင်ကြီးတို့ဘဲရှိတာ”
စကားပြောရင်းရင်ထဲတွင်စို့လာသည့် ဝေဒနာကို ဆူးမ ခံနိုင်စွမ်းမရှိပါ။ ထို့ကြောင့်မျက်ရည်စများ
စီးကျလာလေ သည်။ ဆူးအကြောင်းကို ဂဂနန သိထားသည့်ကိုဖြိုးတစ်ယောက်ဆူးကိုသတိထားမိသည်။
“ဆူး နင်ငိုနေတယ် မျက်ရည်လွယ်လိုက်တာဆူးရယ်
တိတ်တော့”
ပြောပြောဆိုဆိုနင့်ကိုဖြိုးတစ်ယောက်
ဆူး၏မျက်ရည်လေးကို တယု တယသုတ်ပေးရှာသည်။
“ဟုတ်သားဘဲဆူးရယ် ငိုမနေနဲ့တော့ နင်ဟိုကိုရောက်ရင် ငါတို့ကို
တောင်မေ့ခြင်မေ့နေမှာ”
“ပြောရက်လိုက်သာ
ကိုအောင်ကြီးမှာ ဆူးမှာ..”
“ကိုအောင်ကြီးကလည်းဗျာ
ဆူးစိတ်မကောင်းဖြစ်အောင်မပြောပါနဲ့”
“ငါကနင်ပျော်သွားအောင်နောက်တာပါ”
“မငိုနဲ့တော့ဆူး ပြင်စရာရှိတာပြင်တော့နက်ဖြန်ဘဲခရီးထွက်ရတော့မှာ
ငါတို့လည်းအလုပ်ရှိသေးတယ် ”
“အဲ့လိုဆိုရင်
ဆူးသွားတော့မယ်နော်”
ကိုဖြိုးတို့နှစ်ဦးသားကိုနှုတ်ဆက်ပြီး
ဆူးအခန်းလေးရှိရာသို့ ဖြေးညင်း စွာလျှောက်လာခဲ့သည်။
X – X – X – X – X – X – X – X –
X – X
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်
လေဆိပ်ရှိဧည့်ကြိုခန်းမထဲတွင် ဆီတန်းထိုင်နေကြပြီး မိမိတို့၏
သက်ဆိုင်သူများကို စောင့်ကြိုနေကြသော လူများထဲတွင် အသက်နှစ် ဆယ်ကျော် အဖြူရောင်အကျီ
င်္လေးကို သေသပ်စွာဝတ်ဆင်ထားသော လူငယ် တဦးလည်း ပါဝင်လေသည်။ မကြာခင်ဘန်ကောက်လေကြောင်းမှ
ဆိုဒ်ရောက် လာမည့် ခရီးစဉ်လေယဉ်အမှတ်
(×××) တွင်ပါလာ သော ချစ်သူဒါမှမဟုတ် ဇနီးလောင်းကို စောင့်မျော်နေသူတဦး။
No comments:
Post a Comment