“ဟဲလို”
“ကိုငြိမ်းချမ်းဦးနဲ့ စကားပြောချင်လို့ပါ”
“ဟုတ်ကဲ့ကျတော်ငြိမ်းချမ်းဦးပါ”
“ကိုငြိမ်းချမ်းဦးနဲ့နေခြည်နွေးတို့ ဒေါ်မေသစ္စာကို
လိုက်ရှာနေ ကြတယ်လို့သိရပါတယ် အဲ့ဒါကို ပြောပြခြင်လို့ ဖုန်းဆက်လိုက်တာပါ”
“ဗျာ ဟုတ်-ဟုတ်ကဲ့ ကျေးဇူးကြီးလှပါတယ်ဗျာ
ပြောပါပြောပါ သူအခု ဘယ်မှာလည်း”
“ရန်ကုန်ဆေးရုံကြီးမှာပါ”
ဖုန်းနံပါတ်ကိုကြည့်ပြီး ငြိမ်းချမ်းဦးတစ်ယောက်
ထိုဖုန်းလေးကို ပြန်ခေါ်မိသည်။
“ဟဲလို- ကျတော်ခုနက ဖုန်းဆက်တဲ့
အမျိုးသမီးနဲ့ စကားပြော ခြင်လို့ပါ”
“အော် - အကို သူမရှိတော့ဘူး ထွက်သွားပြီ”
“ဗျာ ဘယ်ကိုထွက်သွားတာလည်း သူဘယ်သူလည်းဆိုတာ အကို
သိရင်ပြောပြပါလားဗျာ”
“ကျတော်လည်း မသိဘူးအကို”
“ဟူး- ကျေးဇူးဘဲဗျာ”
ဖုန်းကိုချလိုက်ပြီး အသံရှင်ကို ငြိမ်းချမ်းဦး စဉ်းစားကြည့်သည်။
ထိုအသံကို ရင်းရင်းနှီးနှီးသိကျွမ်းခဲ့ဘူးသည် ဟုလည်း ငြိမ်းချမ်းဦး တစ်ယောက်ကိုယ့်ကိုကိုယ်
တပ်အပ်သိနေသည်။ သို့သော် ထိုအသံရှင်ကို ခန့်မှန်းရန်ငြိမ်းချမ်းဦး မတတ်နိုင်။ အသံရှင်ကို
ငါရင်းရင်းနီးနီး ကြားဖူးပါတယ်။ ဘယ်မှာကြားဖူးပါလိမ့်။ အိုရှုပ်ပါတယ် သူပြောသွားတာ ရန်ကုန်ဆေးရုံကြီးမှာ
ဒေါ်မေသစ္စာတဲ့ ငါခုသွားကြည့်မှ။ ဟုတ်တော့လည်းအမြတ်။ မဟုတ်တော့ လည်း အရှုံးမရှိဘူးပေါ့။
ငြိမ်းချမ်းဦးတစ်ယောက် ရေပင်မချိုးတော့ဘဲ မျက်နှာ သစ်ပြီးအ၀တ်များလဲကာ မီးဖိုထဲတွင်
အလုပ်ရှုပ်နေသော နေခြည်ထံ သို့ ဆင်းသွားလေသည်။
“နေခြည် ကိုယ်တို့ရန်ကုန်ဆေးရုံကြီးသွားရအောင်
အ၀တ်စားသွား လဲချည်း မြန်မြန်”
“ဘယ်သူ ဘာဖြစ်လို့လည်းကိုယ်”
“နောက်မှကိုယ်ရှင်းပြမယ် မြန်မြန်လေး”
စိတ်လောနေသော ငြိမ်းချမ်းဦးကိုကြည့်ပြီး တခုခုအရေးတကြီး ရှိလို့ဖြစ်လိမ့်မည်ဟုတွေးကာ
နေခြည် အိမ်ပေါ်ထပ် သို့ တက်ပြီးကိုယ်လက်သန့် စင်ကာ သင့်သင့်လျောက်ပတ်သော အ၀တ်လှဲပြီး
ပြန်ဆင်းလာလေ သည်။ နေခြည်ပြန်ဆင်း လာချိန်တွင် ငြိမ်းချမ်းဦးတစ်ယောက် အိမ်ထဲတွင်ရှိမနေတော့။
ကားပေါ်တွင် ကားစက်နိုးပြီး အသင့်စောင့် နေလေ သည်။ နေခြည်ကားပေါ်သို့ ရောက်သည်နှင့် ကားကလေးကို
လျှင်မြန်စွာ မောင်းနှင်ထွက်ခွာ သွားလေ သည်။
“ဘယ်သူဘာဖြစ်လို့ အဲ့လောက်အလျင်လိုနေတာလည်း ကိုယ်”
“ကိုယ့်ကို အမျိုးသမီးတစ်ယောက်က ဖုန်းဆက်တယ် ဒေါ်မေသစ္စာ
ရန်ကုန်ဆေးရုံကြီးမှာတဲ့”
“ရှင်ဘယ်လို ရန်ကုန်ဆေးရုံကြီးမှာ”
“ဟုတ်တယ်နေခြည်”
“ဘယ်သူကဆက်တာလည်း”
“ကိုယ်လည်းမသိဘူးနေခြည်”
“ကိုယ့်ဟာကလည်း သေခြာရဲ့လား”
“ဟုတ်မဟုတ်သွားကြည့်တာကောင်းပါတယ်။ မဟုတ်တော့လည်း
အရှုံးမရှိဘူးပေါ့”
နေခြည်နွေးဘာမှ အတွန့်ဆက်တတ်မနေတော့ဘဲ တိတ်တိတ်ဆိတ် ဆိတ်ကလေး
လိုက်ပါလာခဲ့သည်။ ရန်ကုန် ဆေးရုံကြီး၏ ပြတင်းပေါက် တနေရာမှ ခပ်နွမ်းနွမ်းအ၀တ်အစားများကို
ဝတ်ဆင်ထား သောအမျိုးသမီးတဦး ဆေးရုံအ၀င် လမ်းမှ ကားများကိုတစီးပြီးတစီး စိတ်ဝင်တစား
စောင့်ကြည့် နေမိသည်။ ငြိမ်းချမ်းဦးနှင့် နေခြည်နွေးတို့ ကားကလေး မောင်းဝင်လာသည်ကို
မြင်တွေ့လိုက်ရသောကြောင့် ထိုကားနောက်သို့ အကြည့်များပါသွားလေသည်။ ငြိမ်းချမ်းဦးနှင့်
နေခြည်နွေးတို့ ကားပေါ်မှဆင်းပြီးမှ ဆေးရုံအတွင်းသို့ ၀င်ရောက် သွားသည်အထိ ရပ်ကြည့်နေပြီး
လူနာကုတင်ထားရာသို့ လျောက်လာ လေသည်။ ထို့နောက် အသင့်ပါလာသော စာအုပ်ငယ်လေးထဲတွင် စာရွက်
တရွက်ကို ဖြုတ်ပြီး စာလေး အနည်းငယ် ရေးပြီးတခုခုဖြင့် ဖိထားလိုက် လေသည်။
ထို့နောက် ကုတင်ခြေရင်းတွင်ထိုင်ချပြီးကုတင်ပေါ် မှသတိမေ့ နေသော လူနာကိုရိုသေစွာဦးသုံးကြိမ်ချပြီး
ထိုင်ကန်တော့လိုက်လေသည်။ သူမ၏နှုတ်မှလည်း “အမေ သမီးကိုခွင့်လွတ်ပါ
သမီးနဲ့အတူ အားလုံးက သမီးမရှိတော့ဘူးဆိုပြီး အမေ့ကိုဝိုင်းညာနေကြတယ်၊ ငယ်ငယ်တုန်းက
အမေပြောခဲ့ဘူးတဲ့ အိပ်ရာဝင်ပုံပြင်လေးထဲကလို သမီးဟာမြင်ဖြူစီးပြီး အမေ့အနားမှာ အရိမ်ကလေးတရိပ်လို
အမြဲရှိနေမှာပါ အမေဦးထူးမော် ကို လက်ထပ်လိုက်ပါ အမေ့အတွက်ရော မောင်လေးနဲ့ ညီမလေးအတွက်ပါ
အားလုံးအဆင်ပြေ သွားပါလိမ့်မယ်အမေ”။ ဆေးရုံလူနာ စရင်းဌာနသို့
လူနာစရင်းများကို ဦးဆုံးသွားရောက်ဆုံးစမ်းသောအခါ ဒေါ်မေသစ္စာ တစ်ယောက် ရှိနေကြောင်း
သိလိုက်ရသည်။ ဆရာဝန်တဦး ဦးဆောင်ပြီး ဒေါ်မေသစ္စာကိုထားရာ လူနာခန်း လေးထဲသို့ ငြိမ်းချမ်းဦးနှင့်
နေခြည်နွေးသို့ လိုက်ပါလာခဲ့သည်။ ထိုအခန်းလေးထဲသို့ ရောက်ရန် လူနာခန်း ၄-၅ခန်းလောက် ခြားထားသေးသည်။ ထိုအချိန်တွင် ဒေါ်မေသစ္စာအခန်းလေးထဲမှာ အ၀တ် ခပ်နွမ်းနွမ်းနှင့်
အမျိုးသမီးတဦး ထွက်လာသည်ကို အဝေးမှလှမ်းမြင် လိုက်ရသည်။ ထိုအမျိုးသမီးကို ငြိမ်းချမ်းဦးတို့သုံးဦးသား
သတိမထားလိုက်မိ သည့်အချိန်တိုအတွင် သူမသည်မြင်ကွင်းမှ ပြောက်ကွယ် သွားလေသည်။ လူနာအခန်းလေးထဲသို့ရောက်သော်
ဆရာဝန်မှ လူနာကို စမ်းသပ်မှုပြု လုပ်လေ သည်။ ငြိမ်းချမ်းဦးသည် ကုတင်ထက်မှ သတိမေ့နေသော
လူနာအမျိုးသမီးကို မြင်တွေ့လိုက်ရချိန်တွင် နေခြည့်ကို တချက်ကြည့်ပြီး သက်ပြင်း ဖြေးဖြေးလေးတချက်ချပြီး
ခေါင်းကလေးကို တချက်ညိမ့်ကာ နေခြည့်ကိုတချက် လှမ်းကြည့် လေသည်။ နေခြည်နွေးသည်လည်း ငြိမ်းချမ်းဦးကို
တချက် ကို ပြန်လည်ပြုံးပြပြီးခေါင်းလေးကို ညင်သာစွာပြန်လည် ငြိမ့်ပြလေသည်။ ဆရာဝန်စမ်းသပ်
မှုပြုပြီး အခန်းလေးထဲမှ ပြန်လည်ထွက်ခွာသွားလေသည်။ ငြိမ်းချမ်းဦးနှင့်နေခြည်နွေးတို့
နှစ်ဦးသာလျှင် အခန်းလေးထဲတွင် ထိုင်ပြီးကျန်ရစ် ခဲ့လေသည်။ အမှတ်မထင်ဘဲ လူနာစားပွဲပေါ်မှ
တင်ထားသော စာရွက်လေးတစ်ရွက်ကို ငြိမ်းချမ်းဦး တွေ့လိုက်ရလေသည်။ ထိုစာရွက်လေးထဲမှ ရေးထား
သော စာကိုငြိမ်းချမ်းဦးကိုင်ပြီး ဖတ်လိုက်မိသည်။
ကိုငြိမ်းချမ်းဦးနဲ့ မနေခြည်နွေး
အကိုတို့နှစ်ယောက် ရောက်ပြီဆိုတော့ ကျမ, မလိုအပ်တော့ပါဘူး။ ဒေါ်မေသစ္စာကို အကိုတို့လက်ထဲ ယုံကြည်စွာ အပ်နှံခဲ့ပါတယ်။ ခင်ထွေးနဲ့ အောင်အောင်ကို မသဇင်ဆိုတဲ့ နတ်စ်မတစ်ယောက်ဆီမှာ အပ်နှံထားပါတယ်။
မြင်းဖြူရှင်မလေး
မိနစ်အနည်းငယ်လောက်ကြာသော် လူနာကုတင်ပေါ်
မှ ညည်းထွား သံ နှင့်အတူ တစုံတယောက်ကို တမ်းသ သော အသံလေးထွက်ပေါ်လာသည်။ ငြိမ်းချမ်းတစ်ယောက်
စာရွက်လေးကို ကမန်းကတမ်းခေါက်ကာ အကျီ င်္အိပ် ကပ်လေးထဲသို့ ထိုးထည့်လိုက်လေသည်။
“အင်း--အင်း သမီးလေး သမီးလေး ဆူး-ဆူးမ၊ သမီး ”
လူနာကုတင်အိပ်ရာထက်မှ
ညည်းထွားသံကို ငြိမ်းချမ်းဦးရောနေခြည် နွေးပါ ကြားနေရပါသည်။ အားရ၀မ်းသာ သည့်အပြုံးများ
သူတို့နှစ်ဦးလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိသည်။ ဒေါ်မေသစ္စာ တစ်ယောက် မျက်လုံး
များကို ဖြေးညင်းစွာဖွင့်ကြည့်မိသည်။ သို့သော်သူမတောင့်သနေသော သမီးကိုမတွေ့ရဘဲ မိမိမသိသော
သူစိမ်းအမျိုးသား တဦးနှင့် အမျိုးသမီးတဦး ကိုအရင်ဦးဆုံး မြင်တွေ့လိုက်ရလေသည်။
“ဆူး-ဆူး သမီးလေး ဘယ်မှာလည်း ဆူးမရော”
“အန်တီ သတိရလာပြီလား ကျတော်က ငြိမ်းချမ်းဦးပါ
သူက နေခြည်တဲ့”
“မင်းတို့က ဦး-ဦးထူးမော်ရဲ့
သားသမီးတွေပေါ့ နေပါဦးစောနားတုန်းက ငါဆူးမ ငါ့သမီးလေး အသံကိုကြား လိုက်ရပါတယ် သူအခု
ဘယ်မှာ လည်း ငါ့သမီးလေ ဆူးမသူဘယ်မှာလည်း ဘယ်သွားလိုက်ပြီလည်း”
“အန်တီ သတိမေ့ပြီး ကရောင်ကရမ်းတွေဖြစ်နေတာ နေမှာပါ
ဒီမှာသမီးတို့နှစ်ယောက်ဘဲ ရှိပါတယ်အန်တီ”
“မဟုတ်ဘူး ငါသေသေချာချာကိုကြားလိုက်တာ ဆူးအသံမှ
ဆူးအသံပါ ဘာတဲ့လည်း သူကငါ့ကိုပြော သွားတယ် သူအပါအ၀င် လူတွေအားလုံးက ငါ့ကိုညာနေကြတာတဲ့
ပြီးတော့ အမေ့အနားမှာ မြင်းဖြူရှင်နတ်သမီးတပါးလို အရိပ်ကလေးတရိပ်လိုအမြဲရှိနေမှာပါတဲ့”
“ဗျာ”
ငြိမ်းချမ်းဦးထိပ့်လန့်သွားသည်။
နေခြည်မှငြိမ်းချမ်းကို မသိမသာလေး လှမ်းပြီးတို့လိုက်သောကြောင့် အံ့သြနေ သောမျက်နှာကို
ပြုပြင်လိုက်သည်။
“လူနာတောင်
သတိရလာပြီကိုး”
နောက်မှထွက်ပေါ်လာသော
အသံကြောင့်ငြိမ်းချမ်းဦး လှည့်ကြည် မိသည်။ ဆရာဝန်နှင့်နတ်စ်မလေးတဦး အနားတွင်ရောက်နေခြင်း
ကြောင့်ပင် တည်း။
“ဟုတ်ကဲ့ဒေါက်တာ”
“ဒီကငါ့ညီတို့က လူနာရှင်တွေနော်”
“ဆရာ ဆူးကိုတွေ့မိလား ကျမသမီးလေးလေ”
“သူမဟုတ်ဘူးလား အဒေါ်”
ဆရာဝန်သည် နေခြည့်ကိုညွန်ပြလိုက်သည်။
“မဟုတ်ရပါဘူး ဒါပေမဲ့သူနဲ့တော့ရွယ်တူလောက်ရှိမယ်”
“ကျတော်မတွေ့မိဘူးဒေါ်ဒေါ်”
“ဆူးမလေ ကျမသမီးလေးလာသွားတယ်
ဆရာတို့ကျမကို ၀ိုင်းညာ နေကြတာ သမီးလေးကပြောသွားတယ် လူတွေအားလုံးက ကျမကို ညာနေကြတာတဲ့”
ဆရာဝန်သည် နားမလည်သည့်အလား
ငြိမ်းချမ်းဦးတို့ ဇနီးမောင်နံကို လှမ်းကြည့်လေသည်။ ငြိမ်းချမ်းဦးသည် ဆရာဝန်ကို မသိမသာလေး
ခေါင်းရမ်းပြလေသည်။ ဆရာဝန်လည်း တခုခုကိုသဘောပေါက် သည့်အလား ဒေါ်မေသစ္စာဖက် သို့လှည့်ကာ။။
“ဒေါ်ဒေါ်သတိမေ့နေတုန်းကများ အိမ်မက်တွေဘာတွေ မက်နေတာ
ဖြစ်မှာပါဒေါ်ဒေါ်”
“ထားပါတော့လေ ဆရာအပါအ၀င် အားလုံးက ကျမကိုညာနေမှတော့
ကျမဘာတတ်နိုင်မှာလည်း ဒါဖြင့်ရင် ကျမသားနဲ့သမီး ခင်ထွေးနဲ့ အောင်အောင်ရော”
“ဟာ ဟုတ်ပါရဲ့ ဆရာမ၊ ဆရာမသဇင်ဆိုတာ ဘယ်သူလည်း မသိဘူးဗျာ အဲ့ဒါခင်ထွေးနဲ့ အောင်အောင်ကဆရာမ သဇင်ဆီမှာ ရှိတယ်ဆိုလို့ပါ”
ငြိမ်းချမ်းဦးသည် ဆရာဝန်နှင့်အတူပါလာသော
နတ်စ်မလေးကို လှမ်းမေးလိုက်လေသည်။
“အော်ဟုတ်ကဲ့
ရှိပါတယ် ကျမသွားခေါ်ပေးပါ့မယ်”
နတ်စ်မလေးထွက်ခွာသွားပြီး
မကြာမီ ခင်ထွေးနှင့်အောင်အောင်တို့ ပါလာလေသည်။ နတ်စ်မလေးသည် ခင်ထွေးနှင့်အောင်အောင့်ကို
ငြိမ်းချမ်းဦး အနားတွင် ရပ်နေစေခဲ့သည်။
“လူနာလည်း သတိရလာပြီဆိုတော့ ဘာမှစိုးရိမ်စရာတော့
မရှိတော့ပါဘူး နောက်တရက်နှစ်ရက်ဆိုရင် ဆင်းလို့ ရပါပြီ”
“ကျေးဇူးတင်ပါတယ်ဆရာ”
နေခြည်မှ ကျေးဇူးတင်စကားဝင်ရောက်ပြောဆိုပြီး
ဆရာဝန်တို့အခန်းလေးထဲမှ ပြန်လည်ထွက်ခွာသွားလေ သည်။
“ခင်ထွေး ဘာစားပြီးပြီလည်း”
ခင်ထွေးတို့မောင်နှမကိုတချက်ငုံကြည့်ပြီး
နေခြည်နွေးယုယစွာ မေးမိလေ သည်။
“သမီးတို့ မနေ့ထည်းက ဘာမှမစားရသေးဘူး မမ”
ဒေါ်မေသစ္စာမျက်နှာမကောင်းပါ။ ထို့အတူ ငြိမ်းချမ်းဦးနှင့် နေခြည်နွေး
တို့သည်လည်း စိတ်ထဲမှာ နစ်ကနက်ခံစား လိုက်ရသည်။
“နေခြည် ကလေးတွေကိုအပြင်မှာ တခုခုသွားဝယ်ကျွေးလိုက်နော်
ကိုယ်ဒီမှာအန်တီနဲ့ နေရစ်ခဲ့မယ်”
“ကောင်းသားဘဲ လာခင်ထွေးနဲ့အောင်အောင် မမနဲ့လိုက်ခဲ့ကြ”
လိုက်သွားရန်ခြေလှမ်းကလေးလှမ်းမည်အပြု တခုခုကိုသတိရ သည့် အလား
ခင်ထွေးခြေလှမ်းများ ရပ်တံ့သွားသည်။ ထို့နောက်မိခင်ဖြစ်သူကို သနားခံသည့်အမျက်ဝန်းများဖြင့်
ကြည့်ပြီး
“မေမေသမီးတို့လိုက်သွားရမလား”
မိခင်ဖြစ်သူမှ ပြုံးပြီးဖြေးညင်းစွာခေါင်ညိမ့်ပြလိုက်တော့မှ
ခင်ထွေး သည်အောင်အောင့် လက်ကိုတွဲကာ နေခြည် ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့လေသည်။
“အန်တီ ကျတော်တကယ်စိတ်မကောင်းပါဘူးဗျာ ဘယ်လိုကနေ
ဘယ်လိုဖြစ်တာလည်း”
“အန်တီတို့ ရွာမှာအေးအေးလူလူဘဲ ပြန်ပြီးလုပ်ကိုင်စားသောက်
မယ်ဆိုပြီး ပြန်ခဲ့ကြတာ အဲ့ဒါလမ်းမှာ ကား မှောက်တာနဲ့ အန်တီလည်း သတိလစ်သွားတာဘဲ ခုသတိပြန်ရတော့
ဆေးရုံပေါ်ရောက်နေတယ် ကံကောင်းတာ တခုက အန်တီဘာမှ မဖြစ်တာရယ် ခင်ထွေးနဲ့ အောင်အောင်လည်း
ဘေးကင်းတာရယ်ကို အန်တီဘယ်သူ့ ကိုကျေးဇူးတင် ရမယ်မှန်း မသိပါဘူး မောင်ငြိမ်းချမ်းဦး
လောလော ဆယ်တော့ မင်းတို့ကိုဘဲ အန်တီကျေးဇူးတင် ရမှာပေါ့”
“ကျတော်ကြောင့်အန်တီ ခုလိုဖြစ်ရတာ ကျတော်တကယ်
စိတ်မ ကောင်းဖြစ်မိတာပါ အန်တီကျတော်တို့ အန်တီတို့ကို လိုက်ရှာနေ ခဲ့တာ
အန်တီထွက်သွားပြီးတဲ့နေ့ထည်းကပါဘဲ ပြီးတော့အန်တီနေတဲ့ ရွာလေး ကိုတောင် ကျတော်တို့
ရောက်လာပြီးပြီ ဒီကြားထဲအန်တီတို့ ဘယ်တွေရောက်ပြီး ဘာတွေဖြစ်ခဲ့လည်းဆိုတာ ကျတော်သိ
ခွင့်ရှိမလား ဗျာ”
“သီလရှင်ကျောင်းတစ်ကျောင်းပေါ့ အန်တီတော့မြန်မာလူမျိုးတွေအတွက်
ဘာရားရိပ်တရားရိပ်ကတော့ ပိုပြီး လုံခြုံမှုရှိတယ်မှတ်လား”
“ကျတော်တို့ကိုခွင့်လွတ်ပါအန်တီ ကျတော်တို့ကြောင့် အန်တီခု လိုဖြစ်ရတာ
ကျတော်တောင်းပန်ပါတယ်”
“မဆိုင်ပါဘူး မောင်ငြိမ်းချမ်းရယ် အန်တီ့ကုသိုလ်ကံ
ပါလာလို့ ဖြစ်ရတာလို့ဘဲ သဘောထားပါတယ်”
“အန်တီ ဘာမှမစိုးရိမ်နဲ့တော့နော် ကျတော်အဖေ့ကို
ဖုန်းဆက် ထားတယ် တော်ကြာရောက်လာလိမ့်မယ်”
“ဘယ်လို မင်းက”
“ဟုတ်ပါတယ်အန်တီ ကျတော်အရာရာအားလုံးကို လက်ခံလိုက်ပါပြီ
နောက်ဆိုရင်အန်တီ ကျတော်တို့ မိသားစု ကိုခွဲပြီး ဘယ်ကို မှရှောင်ပြေးမသွားပါနဲ့တော့လို့
ကျတော်အဖေ့ကိုယ်စား တောင်းဆို ခြင်ပါတယ် အန်တီ”
ငြိမ်းချမ်းဦးတစ်ယောက်
အခန်းတံကားလေးရှိရာသို့ တချက်လှမ်း မျော်ကြည့်မိသည်။ တိုက်ဆိုင်စွာပင် အခန်းတံကားလေး
ပွင့်ဟလာပြီး အသက်လေးဆယ်ကျော်အရွယ်ရှိ ခန့်ညားသန့်ပြန့်သော အမျိုးသားတစ်ဦး လျင်မြန်သော
ခြေလှမ်းများဖြင့် လှမ်းဝင်လာလေသည်။
“မေလေး ဘယ်လိုဖြစ်တာလည်းကွာ ကိုယ်ဖြင့်စိတ်ပူလိုက်ရတာ
လိုက်ရှာတာလည်း နေရာအနှံဘဲ”
လူကုတင်ဘေးတွင်
ထိုင်ချပြီးဦးထူးမော်မေးမိသည်။ ဒေါ်မေသစ္စာဘာ မျခွန်းတုန့်မပြန်ခဲ့။ ဦးထူးမော်သည် ငြိမ်းချမ်းဦးထဖက်သို့လှည့်ကာ
“သား မင်းကကောမေလေးဆေးရုံပေါ်ရောက်နေတယ်ဆိုတာ ဘယ်လို
သိတာလည်း”
“ထူးဆန်းတယ်အဖေ ကျတော်အိပ်ရာကနိုးတော့ အမျိုးသမီး
တစ်ယောက် ကျတော့်ကိုဖုန်းဆက်ပြီးပြောတာ ဒေါ်မေသစ္စာ ရန်ကုန် ဆေးရုံကြီးမှာ ဆိုပြီးကျတော်ဘာမှပြန်မပြောလိုက်ရသေးခင်
ဖုန်းချ သွားတယ် အဖေ”
“ဘယ်လို အမျိုးသမီးတဟ်ယောက်က ဖုန်းဆက်တယ်ဟုတ်လား
ကျမ-ကျမသတိရလာတော့လည်း အိမ်မက် လိုလိုတကယ်လိုလို သမီး စကားပြောတဲ့အသံကို
နားထဲမှာ ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ် ဒါ-ဒါဆိုရင် ဖုန်းဆက်တာ
သမီးလေးဆူးမများဖြစ်နေမလားမသိဘူး”
ဦးထူးမော်မျက်နှာတွင်
ပြာသလဲလဲဖြစ်သွားရသည်။ ဆူးများဖြစ်နေ မလားမသိဘူး ဆိုသည့်ဒေါ်မေသစ္စာ၏ စကားကြောင့်
ငြိမ်းချမ်းဦး တွေဝေ သွားရသည်။ အသံပိုင်ရှင် ဟုတ်တယ် ဆူးအသံနဲ့သိမ့်တူတာဘဲ။ ပြီးတော့ခုနက
စာပွဲပေါ်မှာ တင်ထားတဲ့ စာကလည်း ဆူးရဲ့လက်ရေးနဲ့ တခြေရာတည်း။ ဒါ-ဒါဆိုရင်ဆူးက လောကကြီးထဲမှာ ရှိနေသေးတာ သေခြာတယ်။
ဆူးက ဘာလို့ငါ့ကိုမဆက်သွယ်တာလည်း။ ငြိမ်းချမ်းဦးတစ်ယောက် မှင်သေစွာရပ်ပြီး ထိုသို့စဉ်းစား နေမိသည်။
အံ့သြခြင်းဖြစ်နေသော ဦးထူးမော်သည် မိမိ၏မျက်နှာကို ချက်ခြင်းပြင်လိုက်ပြီး
“အစွဲလမ်းကြီးလှချည်လား မေလေးရယ် ဆူးကနိုင်ငံခြားမှ
အလုပ်လုပ် နေတာလေ ဘယ်လိုလုပ်ပြီး ဒီကိုလာ နိုင်မှာလည်း”
ဒေါ်မေသစ္စာတစ်ယောက်
ဘာမှပြန်မပြောတော့ဘဲ ညိုးငယ်သော မျက်လုံးလေးများဖြင့်သာ ဦးထူးမော် ကိုကြည့်နေမိသည်။
ဦးထူးမော် တစ်ယောက် ဒေါ်မေသစ္စာ၏လက်ကို စုတ်ကိုင်ပြီးအားပေးသည့် အကြည့်ဖြင့် ပြန်ကြည့်
လေသည်။
X
– X – X – X – X – X – X – X – X – X
ကနေ့အဖို့ ဦးထူးမော်အတွက် ပျော်ရွင်သောနေ့တနေ့ပင်တည်း။ ကားကလေးသုံးစီး တန်းစီပြီး
တရားရုံးထဲမှ ပြန်လည်ထွက်ခွာလာခဲ့သည်။ ဦးထူးမော်နှင့် ဒေါ်မေသစ္စာတို့
တရားရုံးတွင် တရားဝင်လက်မှတ်ရေးထိုးပြီး ပြန်လာကြ ခြင်းဖြစ်သည်။ တစီးသည် ဦးထူးမော်နှင့်
ဒေါ်မေသစ္စာတို့ လိုက်ပါစီးနှင်ပါလာပြီး ကျန်တစီးမှာ ငြိမ်းချမ်းဦးနှင့် နေခြည်နွေး
တို့၏ ကားကလေးဖြစ်ပြီး နောက်ဆုံးအစီးတွင် ဒေါ်ကြီးသုန်၊ ခင်ထွေးနှင့် အောင်အောင်တို့
လိုက်ပါလာ ခဲ့ကြသည်။ ကားကလေးသုံးစီး လုံးဦးထူး မော်၏ခြံလေးထဲတွင် တလိမ့်လိမ့်မောင်းနင်သွားလေသည်။
ကားသုံးစီးရှေ့ဆင့် နောက်ဆင့် ၀င်သွားပြီးနောက် TAXI ကားကလေးတစီးသည်
ဦးထူးမော် ၏ခြံဝလေး မလှမ်းမကန်းတနေရာတွင် ဖြေးညင်းစွာ ထိုးရပ်လိုက်လေသည်။ ကားကလေးပေါ်တွင်
အသက်၂၀ကျော်အမျိုးသမီးတဦးလိုက်ပါလာခဲ့သည်။ ထိုအမျိုးသမီးလေး ဘေးတွင် နှစ်နှစ်သားအရွယ်
ကလေးငယ်တစ်ယောက် လိုက်ပါလာလေသည်။ ထိုးအမျိုးသမီးသည် ဦးထူးမော်၏ ခြံဝင်း
ထဲသို့ မောင်နှင်ဝင်ရောက်သွားသော ကားကလေးများနောက်သို့ မျက်စိတဆုံးငေး မောစွာ လိုက်ကြည့်နေမိသည်။
ကားကလေးပေါ်မှ ဦးထူးမော်နှင့် ဒေါ်မေသစ္စာ တို့နှစ်ဦးသား ဆင်းလာသည်ကိုမြင်တွေ့လိုက်ရ
ချိန်တွင် TAXI ကားမှန်လေး ကိုဖြေးညင်းစွာ ဖွင့်ချလိုက်ပြီး သူမ၏လက်ကလေးသည်
လက်အုပ်လေးချီလျက် ခုလိုမျိုး ချိတ်လုံချည်လေးနဲ့ အမေသိမ့် ပြီးကြည်ညိုစရာကောင်း
လိုက်တာအမေရယ်။ အန်အယ်ဦးထူးမော်နဲ့ အမေတို့ရဲ့ ချစ်ခြင်းမေတ္တာ ထာဝစဉ်တည်မြဲပါစေလို့
သမီးဆုတောင်းလိုက်ပါတယ်။ အမေ့ကို သမီးကန် တော့ခဲ့ပါတယ်အမေ။ သူမ၏စိတ်ထဲတွင် ရင်ထဲမှစကားလုံးများ
ခြွေချ လာခဲ့သည်။
“သား ဟောဟိုမှာကြည့်လိုကပါဦး အဲ့ဒါသားရဲ့အဖိုးနဲ့အဖွားတွေပေါ့”
သားငယ်လေး၏ဦးခေါင်းကိုညင်သာစွာ
ပွတ်ပြီး ဦးဖူးမော်နှင့် ဒေါ်မေသစ္စာကို ညွန်ပြကာ သားငယ်လေးကို ပြောပြလိုက်သည်။ ကလေးငယ်
သည့် မိခင်ညွန်ပြရာသို့ကြည့်သော်လည်း ဘာကိုမျှနားလည် နိုင်းစွမ်းမရှိ။
ဒေါ်မေသစ္စာသည် ကားပေါ်မှဆင်းပြီး
နောက်ကျောမလုံသလို မိမိကိုတစ်စုံတစ်ယောက်မှ စောင့်ကြည့်နေသလို စိတ်ထဲတွင် အလိုလို ခံစားရသောကြောင့်
ခြံဝင်းအ၀င်ဝဖက်သို့ လှမ်းကြည့်မိသည်။ ဒေါ်မေသစ္စာ လှမ်းကြည့်ချိန်တွင် TAXI ကားကလေး၏မှန်ပြတင်းပေါက်သည် ဖြေးညင်းစွာ
ပြန်ပြီး အပေါ်သို့တက်ကာ ပိတ်သွားပြီး ကားကလေးမောင်းနှင် ထွက်ခွာသွား လေသည်။ ဦးထူးမော်တို့
မိသားစုဝင်များအားလုံး အိမ်ထဲသို့ လှမ်းဝင်သွား ကြလေသည်။
ငြိမ်းချမ်းဦးတို့ဇနီးမောင်နံသည် ဖခင်ဖြစ်သူကိုနှုတ်ဆက်ပြီး မိမိတို့
နေထိုင်ရာအိမ်သို့ လှည့်ပြန်လာခဲ့သည်။ ငြိမ်းချမ်းဦးတို့နေထိုင်ရာ ခြံဝန်းလေးသို့
အရောက် ကားဟွန်းကို တချက်တီးလိုက်ပါသော်လည်း ခြံစောင့်ဦးကြီး ပေါ်မလာ သောကြောင့်
မိမိကိုယ်တိုင် ခြံတံကားကိုဆင်းဖွင့်လိုက်လေသည်။
ခြံတံကားလေးတွင် အမှတ်မထင် ချိပ့်ဆွဲထားသော စာအိပ်လေးတလုံးကို တွေ့လိုက်ရသည်။ ငြိမ်းချမ်းဦးသည်
စာအိပ်လေးကို ယူကာ ခြံတံကားကို ဖွင့်လိုက်လေသည်။ ထို့နောက်ကားပေါ်တွင် စာအိပ်လေးကိုချကာ
ကားကလေး ကို ခြံလေးထဲသို့ မောင်းဝင်လာလေသည်။ နေခြည်နွေးသည် ငြိမ်းချမ်းဦး ချထားသော
စာအိပ်ကလေးကို ကောက်ကိုင်ကာ ဖွင့်ကြည့်လိုက်သည်။ စာအိပ်လေးထဲတွင် ထွေထွေထူးထူး ဘာမျှမပါ
နှစ်နှစ်သားအရွယ် ကလေးငယ်တစ်ယောက်၏ ဓါတ်ပုံလေးတစ်ပုံသာတွေ့လိုက်ရသည်။ နေခြည် တစ်ယောက်
နားမလည်သည့်အလား ထိုပုံလေးကို ငြိမ်းချမ်းဦးအား လှမ်းပေး လိုက်သည်။ ကားကလေးကို ပါကင်တွင်
ထိုးရပ်လိုက်ပြီး နေခြည်လှမ်းပေးသော ပုံလေးကို လှမ်းယူလိုက်လေသည်။ ထို့နောက် နှစ်ဦးသား
အိမ်ပေါ်သို့ တက်ခဲ့ကြ သည်။ နေခြည်လှမ်းပေးလိုက်သည့် ကလေးငယ်၏ပုံကို မှန်တင် စားပွဲပေါ်သို့
ချလိုက်ပြီး ငြိမ်းချမ်းဦးတစ်ယောက် ရေချိုးရန်အတွက် အ၀တ်များလဲကာ ရေချိုးခန်းလေးထဲသို့ဝင်သွားလေသည်။
ရေချိုးခန်းလေးမှ ပြန်ထွက်လာသော် အိပ်ရာပေါ်တွင် အသင့်တင်ထားသည့် ပေါ့ပေါ့ပါးပါး အိမ်နေအ၀တ်တစုံကို
ကောက်ဝတ်လိုက်သည်။ ထို့နောက်ဆံပင်ဖီးရန် မှန်တင်ခုံသို့ လျောက်သွားလေ သည်။ ခေါင်းဖီးကို
ကောက်ကိုင်မည်အပြု နေခြည်လှမ်းပေးခဲ့သော ကလေးငယ်၏ပုံကို သတိထားပြီး ကြည့်လိုက်မိသည်။
အလွန်ချစ်စရာ ကောင်းသော အသက်နှစ်နှစ်အရွယ် ကလေးတစ်ယောက်၏ ပုံပင် တည်း။ ပါးလေးတွင် ပါးချိုင်လေးနှစ်ဖက်လုံးပေါ်လွင်နေအောင်
ပြုံးရယ်နေသော ကလေးလေး တစ်ယောက်၏ပုံကို ကြည့်ပြီး ငြိမ်းချမ်းဦး တစ်ယောက်စိတ်ထဲတွင်
တခုခုကို လွမ်းစွပ်သလို ခံစားရသည်။
X
– X – X – X – X – X – X – X – X – X
မြန်မာပြည်၏ အလှတခွင်တွင် ၁၂လရာသီလုံးအေးမျနေသော ပြင်ဦးလွင်၏အလှကို မည်သည့်အရာနှင့်မျှ
တုနိုင်းမရအောင်ပင် အေးချမ်းတည် ငြိမ်လှပေသည်။ ပြင်ဦးလွင်ဆိုသည့် မေမြို့လေးတွင် နေထိုင်ကြသော
မြန်မာတိုင်းရင်း သားများသည်လည်း အေးချမ်းလှပေသည်။ ညနေခင်း အလှ ကိုပြိုင်ပြီး အမျိုးသမီးတဦးသည်
၃နှစ်သားအရွယ်ခန့်ရှိသည့် ကလေးငယ်တဦး ကို တွန်းလှည်းလေးပေါ်တွင်တင်ပြီး တလှမ်းခြင်းတလှမ်း
ဖြေးညင်းစွာတွန်းလာ လေသည်။ လမ်းခုလပ် တနေရာသို့ရောက်သော် အရှေ့တူရုမှ မလှမ်းမကန်း တနေရာတွင်
လှမ်းလျောက်လာသော မိသားစုတခုကိုမြင်တွေ့ရပေ သည်။ အမျိုးသားဖြစ်သူမှာ ၃၀ကျော် ၄၀၀န်းကျင်ခန့်ရှိပြီး
တစ်နှစ်ကျော်အရွယ် ကလေးငယ်တဦးကို ပွေ့ချီထားလေသည်။ ထိုသူ၏ဘေးတွင်
ခရမ်းရောင်ဝတ်စုံလေးနှင့် အသက်၂၀ကျော် အမျိုးသမီးတဦး လိုက်ပါလာလေ သည်။ တွန်းလှည်း
ကလေးနှင့် အမျိုးသည် မိမိရှေ့တည့်တည့်မှ လျောက်လာ သော မိသားစုတစုကို မြင်လိုက်ရချိန်တွင်
အလွန်ပင် ၀မ်းသာအံ့ သြဖြစ်ပြီး ခြေလှမ်းများရုတ်တရပ် ရပ်တန့်သွားလေသည်။ ထိုမိသားစုသုံးဦးသည်
သူမအနားသို့ ရောက်လာချိန်တွင် သူမမှ ၀မ်းပန်း တသာဖြင့် နှုတ်ခွန်းဆက်လေ သည်။
“ကို အကိုအောင်ကြီးမဟုတ်လား ဟုတ်ပါတယ် အကိုအောင်ကြီးပါ
အကိုအောင်ကြီးဟုတ်ပါတယ်နော်”
သူမ၏အမေးနှင့်အတူ ထိုအမျိုးသားသည် သူမကိုသေခြာလေး စူးစိုက် ကြည်မိသည်။
ထို့နောက်တခုခုကို အံ့သြ တုန်လှုပ်သွားပြီး မိမိမျက်လုံးကိုပင် မိမိမယုံကြည်နိုင်လောက်အောင်
ဖြစ်မိလေသည်။
“မင်း-မင်း ဆူး ဆူး၊ဟုတ်တယ်နော် ညီမလေး”
ဆူးမတစ်ရောက်အားရ၀မ်းသာစွာဖြင့်ခွန်းတုန့်ပြန်မိသည်။
“ဟုတ်ပါတယ် ကိုအောင်ကြီးရဲ့ဆူးကိုမြင်တာနဲ့ သရဲသပတ်ကို
မြင်ရ တာကြနေတာဘဲ အထိပ်တလန့်နဲ့”
“နင်လူစင်စစ်ဟုတ်ပါတယ်နော် ငါသရဲခြောက်ခံရတာတော့
မဟုတ် လောက်ပါဘူး”
“ကိုအောင်ကလည်း တဖက်သားကိုအားနာစရာကြီး နေ့ခင်းကြောင်
တောင် ဘယ်ကလာသရဲခြောက်ရမှာလည်း ဟိုမှာသေခြာကြည့် လူစင် စစ်ပါ တွန်းလှည်းလေးထဲမှာ ကလေးတစ်ယောက်တောင်
ပါသေး တယ်”
ကိုအောင်ကြီး၏ဘေးနားတွင် ရပ်နေသောအမျိုးသမီးမှ
အားတုန့် အားနာ နှင့်ဝင် ရောက်ပြောဆိုလေသည်။
“လောကကြီးက ဆန်းကြယ်လိုက်တာ ညီမလေးရယ် မင်းကိုအကိုတို့
အားလုံးက သေပြီလို့တောင် ထင်ထား ကြတာ”
“ဆူးကို အားလုံးကသေပြီလို့ ယုံကြည်ထားကြတာ ဟုတ်လား
ကိုအောင်ကြီး”
သူမသိပြီးသားကိစ္စတခုကို ပိုပြီသေချာအောင်ထပ်မေးမိသည်။
“ဟုတ်တယ်ညီမလေး မင်းပြန်သွားတဲ့နေ့က ရာသီဥတုရုတ်ချည်း
ဖောက်ပြန်လာတော့ ဆူးလိုက်ပါသွားတဲ့ လေယဉ်က စက်ချို့ယွင်းပြီး ပျက် ကျသွားတယ်ဆို ဒါကြောင့်အကိုတို့အားလုံး
ဝမ်းနည်းကြွေကွဲခဲ့ ကြရတာ ကနေ့ အချိန် ထိဆိုပါတော့”
“အော်ဒါ့ကြောင့် ကိုယ်ကတခြားမိန်းကလေးတစ်ယောက်ကို
လက် ထပ်သွားခဲ့တာကိုး ထားလိုက်ပါတော့လေ ဒါကဆူးရဲ့သားလေးလေ ဆူးရဲသစ်တဲ့”
ကိုအောင်ကြီးသည်အသိအမှတ်ပြုသည့်အနေနှင့်
ခေါင်းညိမ့်ပြ လိုက် သည်။ ထို့နောက်
“ဒါအကို့အမျိုးသမီးလေ ဖွေးဖွေးတဲ့ ဒါကတော့သမီးလေး
ဖွေးသဇင်အောင်”
“တွေ့ရတာ ၀မ်းသာပါတယ် မဖွေးဖွေး”
“ဒို့လည်းဝမ်းသာပါတယ်ဆူး ဒါနဲ့လမ်းလျောက်ထွက်လာတာ
ကလေး အဖေကော မပါဘူးလား”
ဆူးတစ်ယောက် မျက်နှာလေးတချက်ညိုးငယ်သွားပြီး
ကိုအောင်ကြီး ကို တချက်ကြည့်မိသည်။ ထို့နောက် ညိုးငယ်နေသော မျက်နှာကိုချက်ခြင်းပြင်
လိုက်ပြီး ဖွေးဖွေးကိုပြန်လည်ပြုံးပြလိုက်သည်။
“မပါဘူးမဖွေး”
“ဖွေးဖွေးကလည်း ဘာဖြစ်လို့ သူများမိသားစုကို စပ်စုနေရတာလည်း ဆူး သေကံမရောက် အသက်မပျောက်ခဲ့တဲ့ အကြောင်းအရင်းလေး များရှိရင်
အကို့ကိုပြောပြပါလား”
“ရပါတယ် ဒီကိစ္စကိုပြောရရင် အရှည်ကြီးဘဲ ကိုအောင်ကြီးတို့
ခုဆူး တည်းနေတဲ့ အိမ်ကိုလိုက်ခဲ့ပါလား”
“ဆူးတည်းနေတဲ့အိမ်ဆိုတော့ ဆူးအိမ်မဟုတ်ဘူးလား”
“မဟုတ်ပါဘူး ဆူးကိုကူညီစောင့်ရှောက်ထားတဲ့ မလှိုင်တို့အိမ်ကို
ပြောတာပါ”
“ဖွေးဖွေးကိုယ်တို့လည်း အချိန်ရနေတာဘဲ ဆူးတို့အိမ်ကိုလိုက်
သွားကြတာပေါ့ သိမ့်မဝေးဘူးမဟုတ်လားဆူး”
“မဝေးပါဘူး ဒီလမ်းလေးချိုးရင် ရောက်ပါပြီ”
“ကောင်းသားဘဲ သွားတာပေါ့”
ပန်းပင်ကလေးများ
စီစီရီရီဖြင့် စိုက်ထူးထားသည့် မကျယ်ဝန်းလှသည့် ခြံလေးထဲသို့ ဆူးနှင့်အတူလိုက်ပါလာ
သော မိသားစုတစုကို ပန်းခြံလေးတွင်းရှိ စားပွဲဝိုင်းလေးပေါ်တွင် ထိုင်နေသော အသက်နှစ်ဆယ်ကျော်
သုံးဆယ်ခန့်ရှိ မည်ထင်သည့် အမျိုးသမီးတဦးသည် ထူးခြားစွားကြည့်နေမိသည်။ ဆူးတို့ အားလုံး
စာပွဲဝိုင်းလေးသို့ ဦးတည်ပြီးလျောက် လာခဲ့ကြသည်။
“ဟော ဆူးတောင်ပြန်လာပြီ ဧည့်သည်တွေလည်းပါတားကိုး
လာထိုင် ကြ မလှိုင်တခုခုသွားစီစဉ်လိုက်ဦးမယ်”
“နေပါစေမလှိုင် ဆူးဘဲလုပ်လိုက်ပါ့မယ်”
“ဘယ်ဟုတ်ပါ့မလည်း ညီမလေးရယ် ဧည့်သည်တွေကို ဧည့်ခံလိုက်ဦး
မလှိုင်ဘဲလုပ်လိုက်ပါ့မယ်”
ပြောပြောဆိုဆိုနှင့်ထသွားသောမလှိုင်နောက်ကိုသာ
ဆူးငေးမောပြီး ကျန်ရစ်ခဲ့သည်။ မိနစ်အနည်းငယ်လောက် ကြာသော် သစ်သီးပန်းကန်လေးနှင့် အတူမလှိုင်ပြန်ရောက်လာလေသည်။
“ကဲအချိုပွဲလေး
သုံးဆောင်လိုက်ကြပါဦး”
အချိုပွဲလေးသုံးဆောင်ရန် မလှိုင်မှစာပွဲပေါ်သို့
တည်ခင်းချပေး လေ သည်။
“ထိုင်ပါဦးမလှိုင်ရယ် ဆူးမလှိုင်နဲ့ မိတ်ဆက်ပေးချင်လို့
တမင်ဒီကို ခေါ်လာတာ”
“မလှိုင်နဲ့မိတ်ဆက်ပေးမလို့ ဟုတ်လားဆူး”
“ဟုတ်တယ်မလှိုင် ဒါကကိုအောင်ကြီးတဲ့ ဟောဒါကသူအမျိုးသမီး
မဖွေးဖွေး ဒါကတော့သူတို့ရဲ့ သမီးလေးပေါ့”
“တွေ့ရတာဝမ်းသာပါတယ် ကျမကတော့ မလှိုင်ပါ”
“ဟုတ်တယ်ကိုအောင်ကြီး ဒါကဆူးပြောတဲ့မလှိုင်ဆိုတာလေ
ဆူးရဲ့ ကျေးဇူးရှင်ပေါ့”
“ကျတော်တို့လည်း တွေ့ရတာ ၀မ်းသာပါတယ် မလှိုင် ဆူးကိုကျတော်တို့က
ညီမလေးတစ်ယောက်လို ခင်မင်ရင်း နှီးနေတော့ ဆူးရဲ့ကျေးဇူးရှင်ဆိုလည်း ကျတော်တို့ကျေးဇူးရှင်လို့ဘဲ
သဘောထား ပါတယ်မလှိုင်”
“အော်မလေးလေး-- မဟုတ်တာ
ကျေးဇူးတင်မဲ့တင်ရ ကျမက ဘဲတင်ရမှာ တကယ်ကျေးဇူးရှင်အစစ်က ကျမ မဟုတ်ဘူး ကိုအောင်ကြီးရဲ့
ဟောဒီက ဆူးမကမှ ကျမရဲ့အသက်သခင် ကျေးဇူးရှင် ကြီးပါ ကျမမှာလေ သူများနိုင်ငံမှာ သေမလိုဖြစ်နေတာ
ဒီကဆူးသာ မကယ်ရင်ကျမအလောင်းတောင် သူများနိုင်ငံမှာ ချမယ့်သူရှိပါ့ဦး မလားမသိဘူး”
“အို မလှိုင်ကလည်း ဘာတွေရှောက်ပြောနေတာလဲ”
“ပြောမဲ့ပြောတော့လည်း အကုန်ဘဲဖွင့်ပြောလိုက်တော့မယ်
ဆူးရေ ရင်ထဲမှာမြိုသိမ့်ထားရတာ ဒင်းကိုလေ ရွံ့လွန်းလို့ပါ”
“ဘာတွေဖြစ်ခဲ့ကြတာလည်း မလှိုင်”
“ဒီလို ကိုအောင်ကြီးရေ ဟောပြောရင်းဆိုရင်း သားလေးတောင်
ကျောင်းကပြန်လာပြီ”
စကားမဆက်ခင်မှာ
ခြံဝန်းလေးထဲသို့ ၀င်လာသော ၅-၆နှစ် သာသာအရွယ်ရှိ ကလေးတစ်ယောက်ကို လှန်းမြင် လိုက်ရသောကြောင့် မလှိုင်မှစကားလမ်းကြောင်းလွဲလိုက်ပြီးသားလေးကို
လှမ်းခေါ်လေသည်။
“သားရေလာပါဦးအမေ့ဆီကို”
ကလေးငယ်သည် သူမဆီသို့ဦးတည်လာခဲ့သည်။ မလှိုင်သည် ကလေးငယ်ကို ပွေ့ချီလိုက်ပြီး
ကိုအောင်ကြီးတို့ ကိုစကားပြန်ဆက်လေသည်။
“ဒါကျမရဲ့သားလေးလေ သူ့အဖေကြောင့်ပေါ့ ကျမတို့နှစ်ယောက်လုံး
သေကံမရောက် အသက်မပျောက်ခဲ့တာ ဆူးကိုကျေးဇူးတင်ရမယ်၊ လွန်ခဲ့တဲ့ လေးငါးနှစ်ကျော်လောက်က
ကျမသူ့အဖေရှိတဲ့ ယိုးဒယားကို လိုက်သွားတာ သူ့အဖေက ဒီမှာစီးပွားရှာတာ အဆင်မပြေလို့ ထိုင်းမှာအလုပ်သွားလုပ်ခြင်တယ်ဆိုပြီး
အဲ့ဒါ ရှိတာလေး ရောင်းချပြီး သွားခွင့်ပေးလိုက်ပါတယ်။ ပထမတစ်နှစ်လောက်တော့ ငွေပုံမှန်ပို့
ပေးပေမဲ့ နောက်နှစ်နှစ် သုံးနှစ် လောက်လဲကြာရော ငွေလည်းမပို့ စာလည်းမလာ သတင်းလည်းမကြားတာနဲ့
ကျမလည်း တော်တော် အခက် တွေ့သွားတယ်။ ဒီမှာလည်း ရှိတာရောင်းချပြီး သူ့ ပါတ်စပေါလ် ဗီဇာအတွက်နဲ့
လမ်းစရိမ် မလုံလောက်လို့ ဟိုချေးဒီငှားနဲ့ သူ့ကို လွတ်လိုက်တာ အကြွေးရှင်တွေကလည်း တနေ့တနေ့
လာလာ တောင်းနေကြတော့ ကျမလည်း အရဲစွန့်ပြီး ရှိမဲ့စုမဲ့လက်ကျန်လေးနဲ့ သူ့ဆီကိုလိုက်သွားပါတယ်။
ဟိုရောက်တော့လေ သူကနောက် မိန်းမနဲ့ ပျော်လို့ရွှင်လို့ အဲ့ဒီအချိန်သားလေးက ၁နှစ်သားကျော်ကျော်
လောက် ဘဲ ရှိဦးမှာပါ။ ဟိုရောက်တော့ သူ့ဆီကိုဖုန်းဆက်တယ် လေယဉ်ကွင်း မှာလာကြိုပါဆိုတော့
သူက မအားလို့မလာနိုင်ဘူးတဲ့ အဲ့ဒါ TAXI ငှားပြီးသူ့ ဆီကိုလာပါဆိုလို
ကျမတို့လည်း သွားတာပေါ့ အစကတော့ ပုံမှန်ပါဘဲ သူထွက်သွားတုန်းက ကျမက ကိုယ်ဝန်နဲ့လေ သားလေးကို
မြင်တော့ သူ့သွေးဆိုတော့ ချစ်ရှာတာပေါ့ သူအလုပ် သွားတဲ့ တနေ့ တော့ သူဖုန်း မေ့ကျန်ခဲ့လို့
အဲ့ဒါတိုက်တိုက်ဆိုင်ဆိုင်ဘဲ သူ့ဖုန်းက လာတာနဲ့ကျမလည်း ကိုင်လိုက်မိတယ် ဟိုဖက်က မိန်းကလေးက
ဘာပြောတယ်မှတ်လည်း အကိုဒီလအိမ်လခမပေးရသေးဘူးလေ။ အကိုဘယ်တော့ ပိုက်ဆံပို့ပေး မှာလည်းတဲ့
ညီမဆီကိုလည်း မလာတာကြာပြီ အကိုအသစ်တွေ့နေပြီလားပေါ့ ကျမလည်းကြားကြား ခြင်းတော့ ဖုန်းမှားနေတယ်
ထင်နေတာ နောက်တော့ ဘယ်ဟုတ် မလည်း သူ့မယင်ငယ်ဖြစ်နေတာကိုး သူပြန်လာတော့ ကျမတို့အကြီး
အကျယ်စကားများကြတယ် သူကလည်း မနေနိုင်ရင်ထွက်သွား ထိုင်းမှာတလင်လေးမယား စနှစ်တောင် ရှိတာကိုယ်ကျွေးနိုင်ရင်
ကျွေးနိုင်သလောက် ယူလို့ရတယ်ဆိုပြီး ကျမကိုမောင်းထုတ်တာပေါ့ ကျမ လည်းသားလေးကိုပွေ့
ပြီးချက်ခြင်းထွက်လာခဲ့တာ လက်ထဲမှာ ခြူတပြားမှ ပါမလာဘူး။ ဆွဲမိဆွဲရာဆွဲလိုက်တာ ဆိုလို့
ကျမသား လေးတစ် ယောက်နဲ့ သားလေးဘေးမှချထားတဲ့ အိပ်ငယ်လေးတစ်လုံး ကျမနဲ့အတူပါလာတယ် တော်သေးတာ
ပေါ့အဲ့ဒီအိပ်လေးဆွဲလာမိလို့ အဲ့ဒါက ကျမရဲ့ နိုင်ငံကူးလက်မှတ်ဖြစ်နေတာ။ ဘယ်သွားလို့
သွားရ မှန်းဖြစ်နေတာနဲ့ တွေ့တဲ့လမ်းတူရုကိုဘဲ လျောက်သွားလိုက်တယ် လမ်းချိုးတခုကိုရောက်တော့
လမ်းဖြတ်ကူးရင်း ကျမကားတိုက် ခံရတယ်။ အဲ့မှာကားသမားက ကြောက်ကြောက်လှန့်လှန့်နဲ့ ထွက်ပြေး
သွားတော့ ကျမခေါင်း ကလည်း လဲကျပြီးခဲနဲ့စောင့်မိလို့ ကွဲသွားတာ ၄ချက်တောင် ချုပ်လိုက်ရတယ်
သားလေးက ကျမနဲ့ တစ်လံလောက် လွင့်ထွက်သွားတယ်။ ကျမသားလေးဆီကို တရွှေ့ရွှေ့နဲ့ ကြိုးစားပြီး
သွားနေတုန်း TAXI တစ်စီး ကျမနားလေးကို ထိုးရပ်လာတယ် ကျမကိုညင်သာစွာ
ပွေ့ချီပြီးတော့ သားလေးကိုလည်း လမ်းပြီချီ လိုက်တယ်။ ကျမသူ့ကိုတချက်အကူအညီတောင်းတဲ့
သနားကြည့် လေး ကြည့်လိုက်မိတယ်ထင်ပါရဲ့ အဲ့နောက်ကျမ သတိလစ်သွားတယ် သတိပြန်ရတော့ ဆေးရုံပေါ်ရောက်
နေတယ်ကျမသားလေးကလည်း ကျမရဲ့အနားမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလို့ အဲ့ဒီကျမတို့ရဲ့
အသက်သခင်ကျေးဇူးရှင် ကဟောဒီက ဆူးပါဘဲ ကိုအောင်ကြီး ရယ်”
“ဖြစ်မှဖြစ်ရလေရဲ့ မလှိုင်ရယ် ကြားရတာ စိတ်မကောင်းလိုက်တာရှင်”
မိန်းမသားခြင်း ဇာနာနားလည်သည့် စိတ်ဖြင့်
ဖွေးဖွေးမှဝင်ရောက် ပြောဆိုလေသည်။
“ကံကြီးပေလို့ပေါ့မလှိုင်ရယ် သူတော်ကောင်းနဲ့တွေ့ရတာ”
“ဟုတ်တယ်မောင်အောင်ကြီးရေ သူတော်ကောင်းနဲ့သာမတွေ့ရင်
မလှိုင်တော့မတွေးရဲစရာဘဲ သားလေး အကြောင်းကိုတွေးမိရင် မလှိုင်ရင်တထိပ်ထိပ်နဲ့
ခုထိတုန်နေတုန်းပါဘဲ”
“ဒါနဲ့စကားမစပ် ဆူးကဘယ်ကနေဘယ်လို ချက်အင်စရင်းထဲမှာ
ဆူးနာမည်ပါသွးတာလည်း”
“ဆူးကလေယဉ်လက်မှတ်ကြိုဝယ်ထားတာလေ ပြီးတော့ ဆူးစီသွားတဲ့
TAXI သမားနဲ့ဆူးနဲ့ ခရီးဆောင်အိပ်ကို ချက်အင် ဆူးနာမည်နဲ့ လုပ် ပေးပြီး
လေယဉ်ပေါ်ပို့ပေးဖို့ မှာလိုက်တာ လူကတော့နောက်လေ ယဉ်အမီ လာပြီးချက်အင် လုပ်မယ်လို့ ပြောလိုက်တာ
နောက်TAXI တစ်စီငှားပြီး ဆေးရုံကိုအရင်သွားလိုက်တာပေါ့ နောက်တော့
ဘယ်လို မှပြန်ဖို့ မဖြစ်နိုင်တော့တာနဲ့ ကျန်ခဲ့တယ်ဆိုပါတော့ မဖွေးရယ်”
“ဒါနဲ့များအကိုတို့ဆီဘာလို့ပြန်မလာတာလည်း ဆူးရယ်
အကိုတို့က စိတ်မကောင်းတွေဖြစ်လိုက်ကြရတာ”
“ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးခြင်တာနဲ့ ဆူးလည်းသက်သာတဲ့
အခန်းတခန်းငှားပြီး မလှိုင်တို့ သားအမိနဲ့နှစ်လ သုံးလလောက် နေပြီး တော့ မယ်ဆောက်ဖက်ကနေ
မြန်မာပြည်ကို ပြန်လာခဲ့တာပါ။ ရန်ကုန်ရောက်တော့ ဆူးမှာအသိမိတ်ဆွေ ကလည်းမရှိ ကိုငြိမ်းချမ်းရဲ့
လိပ်စာကိုလည်း မသိဆိုတော့ ဘယ်သွားလို့ သွားရမှန်း မသိဖြစ်နေ တာ အဲ့တော့မလှိုင်က သူနဲ့လိုက်ခဲ့ပါလို့ခေါ်တော့
ဆူးမလှိုင်နဲ့အတူ နေလာခဲ့တာ သားလေးဆူးရဲသစ် လေးရဲ့တစ်သက်ပါဘဲ ကိုအောင်ကြီးရယ်”
“ဆူး ငြိမ်းချမ်းကိုးကိုလိုက်မရှာဘူးလား”
“ရှာတာပေါ့ ရှာရင်းရှာရင်း ဆူးရဲ့ဗိုက်ကလည်း တနေ့တခြား
သိသိ တာတာကြီး ပေါ်လာပြီလေ အဲ့ဒါတနေ့တော့ မမျော်လင့်ဘဲ ကိုဇွဲရဲ့ သူငယ်ချင်း ကိုအာကာနဲ့တွေ့တော့မှ
ကိုယ့်ရဲ့လိပ်စာကို သိလိုက်ရတာ။ အဲ့တော့ဆူးလည်း ၀မ်းသာအားရနဲ့ ကိုယ့်ဆီကိုသွားတာပေါ့
ဒါပေမဲ့ဟို ရောက်တော့ ကိုယ်နဲ့ နေခြည်နွေးဆိုတဲ့ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်တဲ့နေ့ဖြစ်နေတယ်
ကိုအောင်ကြီးရယ် အဲ့ဒါဆူးလည်း TAXIကားပေါ်ကနေ မြင်ကွင်း လေးကို
လှမ်းကြည့်ပြီး ပြန်လှည့်လာ ခဲ့ရတာပါဘဲ”
မျက်ဝန်းထဲမှ ၀ဲနေသောမျက်ရည်စများကိုကြိုးစားဖယ်ရှားရင်း
ဆူးသည်သူမ၏ အတိတ်အကြောင်းများကို ကိုအောင်ကြီးတို့ ဇနီးမောင်နံအား ပြန်လည်ရင်ဖွင့်ခဲ့သည်။
အဖြစ်အပျက်များကို နားထောင်ရင်း ဘေးနားမှ ဖွေးဖွေးပင် မျက်ရည်ဝဲလျက်။
“ဒါ-ဒါဖြစ်ရင် ဒီကလေးက”
လှည်းပေါ်တွင်ထိုင်နေသော
ဆူးရဲသစ်လေးကို ကြည့်ပြီးကို အောင်ကြီး မေးလေသည်။ ဆူးတစ်ယောက် တွန်းလှည်း လေးပေါ်မှ
သားလေးကိုပွေချီ လိုက်ပြီးပေါင်လေးပေါ်သို့တင်လိုက်သည်။
“ဟုတ်တယ် ကိုအောင်ကြီး ဒါကိုယ့်ရဲ့သွေးနဲ့တည်ထားတဲ့
ဆူးရဲ့သား လေးပါ”
ဟုပြောဆိုပြီး သားလေး၏နှဖူးပြင်ကို ဖွဖွလေးနမ်းရှိုက်လိုက်လေသည်။
X
– X – X – X – X – X – X – X – X – X
ဆူးရဲသစ်တဲ့ လောကကြီးထဲမှာ အမေတခုကိုသာ ရပ်တည်ပြီး အခက်အခဲပေါင်းများစွာနဲ့
မွေးလာခဲ့ရတဲ့ ကလေး တစ်ယောက်ပါလား။ ငါသာဆူးနေရာမှာဆိုရင် ဘာလုပ်မှာလည်း။ သူ့မှာဖခင်ဆိုတာ
ရှိရက်နဲ့ အဖေဆိုတာမရှိဘဲ ဆက်လက်ရှင်သန်ကြီးပြင်း လာရတော့မှာလား။ သူ့ရဲ့အနာ ဂါတ်အတွက်
ဖခင်မေတ္တာဆိုတာ အမှန်တကယ်ဘဲ လိုအပ်နေတယ်။ ငါဘာလုပ်ရမှာလည်း။ ဒီအချိန်မှာ ကိုဖြိုးလည်း
အခြားမိန်းကလေး တစ်ယောက်နဲ့ အိမ်ထောင်ကျနေ လောက်ရောပေါ့။ စိတ်ကူးထဲ အတွေထဲမှာ နှစ်မြောနေရင်း အသက်ကို ခပ်ပြင်းပြင်းလေး
ရူချလိုက်မိသည်။
“ကိုအောင် မအိပ်သေးဘူးလား ဘာတွေစဉ်းစားနေတာလည်း”
အသက်ရူသံခပ်ပြင်းပြင်းကြောင့်
ဘေးနားလေးတွင် သမီးလေးကို ချော့သိမ့်နေသော ချစ်ဇနီး၏ အသံကြောင်း ဖွေးဖွေးကိုသတိထားပြီး
ကြည့် လိုက်မိသည်။
“ကိုယ်
ဆူးအကြောင်းကိုစဉ်းစားနေတာပါ”
“ဘာလို့လည်းကိုယ်”
“ဆူးရဲသစ်ဆိုတဲ့ ကလေးတစ်ယောက်မှာ အဖေဆိုတာရှိရက်နဲ့
ဖခင်မေတ္တာ မပါဘဲဆက်လျက် ကြီးပြင်း နေရတော့မှာ ပြီးတော့သူ့ရဲ့ အနက်ဂါတ်အတွက် ဆူးတစ်ယောက်
ဘယ်လောက်ထိ ရုန်းကန် နေရဦးမှာလည်း ဆိုတာတွေးပြီး ဆူးရဲသစ်လေးအတွက် ရင်လေးနေမိ လို့ပါ
ဖွေးဖွေး”
“ဟုတ်တယ်နော် ကလေးလေး သနားပါတယ်ကိုယ်ရယ်”
“ဟုတ်တယ်ဖွေးဖွေး ကလေးလေးကိုလည်းသနားတယ် ပြီးတော့
ဆူးဆိုတာလည်း အခက်အခဲပေါင်းများစွာနဲ့ ရှင်သန်ကြီးပြင်းလာ ခဲ့ရတာ”
“ဖွေးဖွေးတို့က ဘယ်လိုကူညီပေးနိုင်မှာလည်းကိုအောင်”
“တခုဘဲရှိတယ်ဖွေးဖွေး ဆူးရဲ့ချစ်သူ ဆူးရဲသစ်ရဲ့ဖခင်ကလည်း
သူ့အိမ်ထောင်နဲ့သူဆိုတော့ ကိုဖြိုးကိုဆုံစမ်း ဆက်သွယ်ရမှာဘဲ”
“ကိုဖြိုးဆိုတာက”
“ကိုယ်တို့မင်္ဂလာဆောင်တုန်းကတောင် လာသေးတယ်လေ၊
ကိုယ်နဲ့ အတူထိုင်းမှာ အလုပ်လုပ်တဲ့ ကိုဖြိုးပေါ့”
“အော်အင်း မှတ်မိပြီမှတ်မိပြီ ဆူးရဲသစ်လေးနဲ့
ကိုဖြိုးနဲ့က ဘာဆိုင်လို့ ဘဲကိုအောင်”
“အော်မိန်းမရယ် ဆူးရဲသစ်နဲ့တော့ ဘယ်ဆိုင်မှာလည်း
ဒါပေမဲ့ ကိုဖြိုးက ဆူးကိုအရင်တုန်းက အသေအလဲ ချစ်ခဲ့တဲ့သူတစ်ယောက် ဆိုတော့ ကိုဖြိုးမှာ
အိမ်ထောင် ဒါမှမဟုတ်ချစ်သူမရှိသေးဘူး ပြီးတော့ ဆူး အပေါ်ကို အရင်ကလိုဘဲ မေတ္တာမပျက်သေးဘူးဆိုရင်
ဆူးရဲသစ် လေးအတွက် ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ပေးနိုင်မလားလို့ ကိုယ်တွေးမိလို့ပါ”
“အော်ကိုအောင်ရယ် ဒုက္ခရှာလို့ ဆူးကကောလွယ်လွယ်နဲ့
လက်ခံပါ့ မလား ဆူးကိုကြည့်ရတာ မာနခပ်ကြီးကြီး ရယ်”
“ဟုတ်တယ် ဆူးကမာနသိမ့်ကြီးတဲ့ မိန်းကလေးတစ်ယောက်
ဒါပေမဲ့ စဉ်းစားတွေးခေါ်တက်တဲ့ သူတစ်ယောက် ပါကိုယ်တို့လည်း ၀ိုင်းပြီး တွန်းပေးကြတာပေါ့”
“ကဲပါကိုရယ် ဆန္ဒတွေအဲလောက်ပြင်းပြနေရင် ကိုယ့်အသိမိတ်ဆွေ
တွေဆီမှာ ကိုဖြိုးကိုစုံစမ်းပြီးဆက်သွယ် ကြည့်ပေါ့ ဒီညတော့အိပ်လိုက် ရအောင် ညနက်နေပြီ”
ဖွေးဖွေး၏စကားကြောင့်
ကိုအောင်ကြီးတစ်ယောက် ဖွေးဖွေး၏ မျက်နှာလေးကို မခိုးတရို့အပြုံးဖြင့်စိုက်ကြည့် လိုက်သည်။
“ကိုအောင်
ဘာကြည့်တာလည်း”
“အိပ်ကြရအောင်ဆိုလို့ပါ”
“ကိုအောင်နော်မကဲနဲ့ သမီးလေးနိုးသွားမယ်”
“မိန်းမကလည်းကွာ”
ကိုအောင်ကြီးတစ်ယောက် ညအိပ်မီးသီးလေးကို
လှမ်းပိတ်လိုက် လေသည်။
“အို----------”
X
– X – X – X – X – X – X – X – X – X
“ကိုအောင်ကြီး
ပျို့--ကိုအောင်ကြီး”
အိမ်ရှေ့မှ ခေါ်သံကြောင့်
ဖွေးဖွေးတံကားနားလေးသို့ ရောက်လာ လေသည်။ အိမ်ရှေ့တံခါးဝလေးတွင် အသက်၃၀ ၀န်းကျင်ရှိ
လူငယ်တဦးကို တွေ့လိုက်ရသည်။
“ဘာကိစ္စများ
ရှိလို့ပါလဲရှင် ဘယ်သူနဲ့တွေ့ချင်လို့လည်း”
“မဖွေးဖွေးမဟုတ်လား ကျတော်ကိုဖြိုးလေဗျာ မမှတ်မိတော့ဘူးလား”
“ကိုဖြိုး ကိုဖြိုး ဟယ်မှတ်မိပြီမှတ်မိပြီ လာလာအိမ်ထဲဝင်ဦး
ကိုအောင် က မေးမေးနေတာ ပေါ်မလာဘူးဘဲတဲ့”
ဖွေးဖွေးတစ်ယောက်
လျင်မြန်သောလက်ကလေးများနှင့် တံကားသော့ ကို ဖွင့်ပေးလိုက်လေသည်။ ထို့နောက် ကိုဖြိုးတစ်ယောက်
အိမ်လေးထဲသို့ လှမ်းဝင်လာခဲ့သည်။
“ကိုအောင်ကြီးတစ်ယောက် မတွေ့ပါလားမဖွေး”
“မင်းအကိုက ကုန်သည်တွေနဲ့ ချိန်းထားတာ သွားတွေ့လေရဲ့
ခနနေပြန်လာတော့မှာ စောင့်လိုက်ပေါ့”
“ဟုတ်ကဲ့မဖွေး”
“ဟ-အိမ်တံကားကြီးလည်း ဖွင့်လို့ပါလား မိန်းမရေမိန်းမ”
အိမ်လေးထဲသို့ လှမ်းဝင်လာပြီး
မိန်းမရေ မိန်းမဟု တကျော်ကျော် အော်ခေါ်သော အသံကြောင့် ကိုအောင်ကြီး တစ်ယောက်ပြန်လာပြီဟု
ကိုဖြိုးတပ်အပ်သိလိုက်သည်။ အသံနှင့်အတူ ကိုအောင်ကြီးဧည့်ခန်းလးထဲသို့ ရောက်လာသည်။
“ဟာ ကိုဖြိုး မင်းဘယ်တော့ရောက်နေတာလည်း ဖွေးဖွေးကော”
“စောနားကဘဲ ဖွေးဖွေးက ကျတော်သောက်ဖို့ဆိုပြီး
အအေးသွား ဖျော်နေတယ်”
“အေးကွာ မင်းရောက်တုန်းနားနားနေနေ နေပြီးမှပြန်ကွာ
မင်းကို ငါပြောစရာတွေ အများကြီးရှိတယ်”
“စိတ်ချ ကိုအောင်ကြီးရေ ကျတော်ဒီမှာ တပတ် ဆယ်ရက်လောက်
နေဦးမှာ”
“ဟာ ကောင်းတာပေါ့ ဒါနဲ့ကိစ္စက”
“ကျတော်အခု အရောင်းအ၀ယ်လုပ်နေတာလေ အခုပြင်ဦးလွင်က
ထွက်ကုန်တွေကို လာစုတာ”
“အေးအေးကောင်းတယ်ကွာ ငါတောင်မင်းကို ဘယ်ရှာလို့ရှာ
ရမှန်း မသိဘူးဖြစ်နေတာ”
“ကိစ္စအရေးကြီးလို့လားကိုအောင်ကြီး”
“ကြီးတာပေါ့ကွာ ကြီးတာမှမင်းအတွက်သိမ့်ကြီး”
“အိမ်ရှေ့မှာစကားသံကြားတာနဲ့ ကိုအောင်ပြန်ရောက်ပြီထင်လို့
အအေးနှစ်ခွက်ဖျောခဲ့တယ် အမောပြေ သောက် လိုက်ကြဦး”
စကားသံနှင့်အတူ အအေးခွက်နှစ်ခွက်ကိုင်ပြီး
ထွက်လာသော ဖွေးဖွေးကိုတွေ့လိုက်ရလေသည်။
“ဟာမိန်းမ ဒါ့ကြောင့်မိန်းမကို ချစ်နေရတာ”
“သွားပါ အပိုတွေ ကဲသောက်လိုက်ကြဦး”
“မိန်းမ ကိုဖြိုးကဒီမှာတည်းမှာနော် အဲ့ဒါ”
“စိတ်ချပါ ဖွေးဖွေးအားလုံးစီစဉ်လိုက်ပါ့မယ်”
ညနေခင်းထမင်းစားသောက်ပြီး
ကိုအောင်ကြီးတို့ ဇနီးမောင်နံသည် ထုံးစံအတိုင်း ပြင်ဦးလွင်၏ ညနေခင်း နေ၀င်ဆည်းဆာအလှကို
ခံစားရင်း လမ်းလျောက်ထွက်ခဲ့ကြသည်။ ကိုအောင်ကြီးတို့
မိသားစုနှင့်အတူ ကိုဖြိုးလည်း လိုက်ပါလာခဲ့သည်။ တွန်းလှည်းလေးပေါ်တွင် တင်ထားသော သမီးကိုတွန်းကာ
ဖွေးဖွေးတစ်ယောက် လမ်းခုလပ်တနေရာ အလေ့ကျပေါက်နေသော ပန်းက လေးများကို ခူးနေလေသည်။ ကိုအောင်ကြီးနှင့်
ကိုဖြိုးတို့နှစ်ဦးသား ရှေ့ဆက်ပြီး
ဖြေးညင်းစွာ တလမ်းခြင်း ဆက်လျောက်ခဲ့ကြသည်။ ဘေးတွင် ဇနီးဖြစ်သူ
ပါမလာသောကြောင့် ကိုအောင်ကြီး တစ်ယောက်နောက်သို့ တချက်လှည့် ကြည့်သည်။ ဇနီးဖြစ်သူသည်
ပန်းကလေးများကိုခူးပြီး သမီးလေးနှင့် ကစားနေ သည် ကို မြင်တွေ့လိုက်ရသည်။
“ကိုဖြိုး
မင်းဆူးကိုသတိမရဘူးလား”
ရုတ်တရပ်မေးလာသော ကိုအောင်ကြီး၏မေးခွန်းကြောင့်
ကိုဖြိုး တစ်ယောက် ငေးကြောင်ကြောင်ဖြစ်သွားလေ သည်။
“ဆူး-ဆူး ကိုအောင်ကြီးက
ကျတော်တို့နဲ့အတူ ထိုင်းမှာဆုံခဲ့တဲ့ ဆူးကိုပြောတာလား”
“ဒါပေါ့
ဘယ်သူများရှိဦးမှာလည်း”
“ဘယ်နယ့်မေးလိုက်တာလည်း ကိုအောင်ကြီးရယ် ကျတော်သတိရ
တာပေါ့ ဆူးအကြောင်းတွေကို စဉ်းစားမိတိုင်း ကျတော် ငြိမ်းချမ်းဆို တဲ့ကောင်ကို သတ်ပြစ်ချင်လောက်အောင်
မုန်းတယ်ဗျာ”
“မင်းဆူးကိုချစ်နေတုန်းဘဲလား
ကိုဖြိုး”
“ကိုအောင်ကြီးဘာ့ဖြစ်လို့ ကျတော့်ကိုဒီမေးခွန်းတွေ
မေးရတာလည်း ဗျာ”
“အော်-မင်းမှာ ချစ်သူတွေဘာတွေများ ရှိနေပြီလားလို့ မေးတာပါကွာ”
“ရှိတာပေါ့ သူ့နာမည်က ဟန်နီတဲ့ မန္တလေးက စိန်ပွဲစားတစ်ယောက်
ဆိုပါတော့ ကျတော်က အဲ့လောက် မဟုတ်ပါဘူး ဒါပေမဲ့သူ့မိဘတွေက ကျတော်နဲ့ စွပ်အတင်းကို သဘောတူနေတာ
ဘာဖြစ်လို့လည်း ကိုအောင်ကြီး”
“ဘာမှမဖြစ်ပါဘူးကွာ ဒါဆိုရင် မင်းဟန်နီနဲ့ တော်တော်အဆင်ပြေပြီး
ခရီးရောက်နေပြီပေါ့”
“အဲ့လောက်လည်း မဟုတ်ပါဘူးဗျာ ကျတော်ဟန်နီ့ကို
လက်ထပ်ရမှာ ကြောက်တယ်ဗျ”
“ဘာလို့လည်းကိုဖြိုး”
“သူတို့တွေက အရမ်းချမ်းသာတာ ပြီးတော့ဟန်နီက အရမ်းထက်
မြတ်ပြီး ခေတ္တဆန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေလို့ဘဲ”
“ကိုဖြိုးကိုဖြိုး မင်းယောကျာင်္းဘဲကွာ ဘာကြောက်စရာရှိလည်း
သူ့မိဘ တွေလည်း သဘောတူတယ်ဆိုနေမှ အဆင်ပြေရင် ယူလိုက်ပေါ့ကွာ မင်းလည်းအသက်မငယ်တော့ဘူးနော်”
“ကျတော့်စိတ်ထဲမှာ
ဆူးကိုသတိရနေတုန်းဘဲဗျာ”
ကိုအောင်ကြီးတချက်ငေးငိုင်သွားသည်။
ဆူးနဲ့ဆုံတွေ့ခဲ့ရပြီး ဆူး အကြောင်းတွေကို သိလိုက်ရပြီးတဲ့နောက် ကိုဖြိုးနှင့်ဆူးနီးစပ်အောင်
ကြိုးစားခြင်ပေမဲ့ ယခုအချိန်တွင် ကိုဖြိုးတွင်ဟန်နီဆိုသည့် ချစ်သူတစ်ယောက် ရှိနေပြီဖြစ်သော
ကြောင့် နှုတ်မှဆူးအကြောင်းကို ဖွင့်ဟရန် ဆွံအနေမိသည်။
“ကိုအောင်ကြီး
ဘာဖြစ်နေတာလည်းဗျာ ”
“ဘာမှမဖြစ်ပါဘူးကွာ
မင်းနဲ့စကားပြောရင်း ဆူးကိုသတိရသွားလို့ပါ”
“ဆူးသာလူ့လောကကြီးထဲမှာ ရှိနေဦးမယ်ဆိုရင် သိမ့်ကောင်းမှာ
ဘဲဗျာ”
“ဆူးသာ လူ့လောကကြီးထဲမှာ ရှိနေဦးမယ်ဆိုရင် မင်းသူ့ကို
လက်ထပ် မှာလား ကိုဖြိုး”
“ဗျာ-------- ကိုအောင်ကြီးဘယ်လိုမေးလိုက်တာလည်း
ဆူးက လူ့လောကကြီးထဲမှာ ရှိနေသေးတယ်ဟုတ်လား ကိုအောင်ကြီး”
“ဆောရီးကွာ
ငါကအဖြစ်သဘောနဲ့မေးတာ”
“ဟာဗျာ
ကိုအောင်ကြီးကလည်း ကျတော်က အဟုတ်မှတ်လို့”
ခြေလှမ်းသွက်သွက်ဖြင့်
တွန်းလှည်းလေးကို တွန်းပြီးလျောက်လာ သောဖွေးဖွေးတစ်ယောက် ကိုအောင်ကြီးတို့ ဆီကိုရောက်လာလေသည်။
“ကိုအောင်
ပြန်လှည့်ကြရအောင်လေ. သမီးလေးက အိပ်ခြင်နေပြီ”
“ဟုတ်သားဘဲ
ကိုယ်တို့ပြန်လှည့်ကြရအောင် ကိုဖြိုး”
ဖွေးဖွေးလက်ထဲမှ
တွန်းလှည်းလေးကို လွဲယူကာ အိမ်လေးဆီသို့ လှည့်ပြန်လာခဲ့ကြသည်။ ကိုအောင်ကြီးနှင့် ဖွေးဖွေးတို့နှစ်ဦးသား
နောက်နေ့ မနက်ခင်းတွင် မနက်စာ စားသောက်နေရင်း ကိုအောင်ကြီးကို ဖွေးဖွေး ဂရုစိုက် ကြည့်နေမိသည်။
ကိုအောင်ကြီးထံမှ တခုခုပြောလာလေမလားဆိုသည့် မျော်လင့်ချက်နှင့်အတူ စောင့်စား နေမိသည်။
သို့သော်အချိန်ကြာလာပြီး မနက် စာစားသောက်ပြီးချိန်ထိ ကိုအောင်ကြီးထံမှ မည်သည့်စကားလုံးမှ
ထွက်ပေါ် မလာ။ ဖွေးဖွေးတစ်ယောက် သိလိုသော စိတ်များကို တားဆီးမရ နိုင်သောကြောင့် ဖွင့်ဟမေးမိသည်။
“ကိုအောင်
ကိုဖြိုးနဲ့ ဆူးတို့ကိစ္စ ဘာထူးလည်း”
ကိုအောင်ကြီးသည်
ဖွေးဖွေးကို ကိုတချက်ကလေးကြည့်လိုက်ပြီး ပါးစပ်ထဲတွင် ရှိနေသော မုန့်များကို
ကုန်အောင်ဝါးပြီးစားလိုက်သည်။ ထို့နောက် ကော်ဖီတငုံသောက်ပြီး
“ကိုယ်
ဒီကိစ္စကိုဘာမှမပြောရသေးဘူးဖွေးဖွေး”
“ဘာဖြစ်လို့လည်း ကိုအောင် ခုကိုဖြိုးဒီမှာရှိနေတုန်း
တီးခေါက်ကြည့် ပါလား”
“ခုကိုဖြိုးမှာ
ဟန်နီဆိုတဲ့ ချစ်သူရှိနေပြီဖွေးဖွေး”
“ဟန်နီ
ဟုတ်လား”
“ဟုတ်တယ် သူက မန္တလေးက စိန်ပွဲစားတစ်ယောက်တဲ့ အရမ်း
ချမ်းသာတယ် ပြီးတော့ ထက်မြတ်ပြီး ခေတ္တမီ တဲ့မိန်းကလေး လို့ပြောတယ်”
မနက်စာစားရန် အပေါ်ထပ်မှ
ဆင်းလာသော ကိုဖြိုးတစ်ယောက် စားသောက်ခန်းသို့ မရောက်မီ ကိုအောင်ကြီးနှင့် ဖွေးဖွေးတို့မှ
မိမိနှင့်ပတ်သက် နေသောအကြောင်းများကို ပြောဆိုနေကြသောကြောင့် နံရံတခှမှနေပြီး နားစွင့်
နေမိသည်။
“ဘာဘဲဖြစ်ဖြစ်ပေါ့ ကိုအောင်ရယ် အခုဆူးအခြေအနေက
အရမ်းကို အကြပ်အသဲထဲရောက်နေပြီလေ ပြီးတော့ကိုဖြိုးကို ဒီကိစ္စဖွင့်ပြော လိုက်ရင် ရွှေးချယ်ရမှာက
သူ့အပိုင်းပေါ့ ဖွေးဖွေးကတော့ ဆူးကို အရမ်းသနားတာဘဲ ကိုအောင်”
“ကိုအောင်လည်း အတူတူပါဘဲ ဖွေးဖွေးရယ် ဒါပေမဲ့
ဟန်နီနဲ့ ပါတ်သက်ပြီး ကိုဖြိုးဘ၀ကောင်းစားရမဲ့ ကိစ္စကိုဆူးအကြောင်းတွေ ဖွင့်ပြောလိုက်ရင်
သူ့ကိုတွေဝေသွားအောင် လုပ်ရာကျနေမလားလို့ပါ”
“အင်းအဲ့ဒါလည်းဟုတ်သားဘဲ ဟိုကစိန်ပွဲစား သူးဌေးသမီး
ဒီက ကလေးတစ်ယောက်အမေ တခုလတ်လိုဖြစ်နေ တော့ဖွေးဖွေးလည်း မစဉ်းစားတက်တော့ပါဘူး”
“ဟုတ်တယ်
ဖွေးဖွေး ကိုယ်လည်းအဲ့ဒါကြောင့် ဒီကိစ္စကို မပြောခဲ့တာ”
“ဒါဆိုရင်
ဆူးမသေဘူးဆိုတာ ကိုဖြိုးမသိသေးဘူးပေါ့နော်”
“ဟုတ်တယ် သူမသိသေးဘူး ကိုယ်စဉ်းစားမိတာက ဒီကိစ္စကိုဒီမှာ
တင်ရပ်ပြီး သူတို့နှစ်ယောက် ဖူးစာမှန်ရင်--”
“ကိုအောင်ကြီး
ဆူး-ဆူး တကယ်မသေဘူးပေါ့ဟုတ်လား”
ကိုအောင်ကြီးစကားမဆုံးခင်မှာပင်
နောက်ကွယ်တခုမှ ထွတ်ပေါ် လာပြီး ဖြတ်မေးလိုက်သော အသံကြောင့် ကိုအောင်ကြီးရောဖွေးဖွေးပါ
အသံလာရာသို့ ကြည့်လိုက်မိသည်။
“ကိုဖြိုး မင်းတောင်နိုးလာပြီကိုး လာကွာ ကော်ဖီသောက်
ဖွေးဖွေး ကိုဖြိုးအတွက် ကော်ဖီလေးငဲ့လိုက်ပါဦး”
စားပွဲဝိုင်းလေးထဲတွင် ၀င်ထိုင်လိုက်ပြီး
“ကျတော်မေးတာကို ဖြေပါ ကိုအောင်ကြီး ဆူးတကယ်မသေ
ဘူးပေါ့ ဟုတ်လား ဒါဆိုရင်အခုဆူးဘယ်မှာလည်း ကျတော်ဆူးကို တွေ့ချင် တယ် ကျတော့်ကိုပြောပါဗျာ”
အလောသုံးဆယ်နှင့်မေးနေသော
ကိုဖြိုး၏အမူအရာကိုကြည့်ပြီး ဖွေးဖွေးတစ်ယောက် ကိုအောင်ကြီးကို ကြည့်နေ မိသည်။ ကိုအောင်ကြီးလည်း
ဖွေးဖွေးကို ဘယ်လိုလုပ်ကြမလည်း ဆိုသည့်သဘောဖြင့် ပြန်ကြည့်သည်။ ဖွေးဖွေးသည် ကိုအောင်ကြီးကို
ဖြေးညင်းစွာ ခေါင်းညိမ့်ပြလိုက်လေသည်။
“မင်းတကယ်သိချင်ရင် ကိုယ်ပြောပြမယ် ကိုဖြိုး တကယ်တော့
ဆူးသေကံမရောက်ခဲ့ပါဘူး အခုသူပြင်ဦးလွင်မှာ ဘဲရှိနေတယ်”
“ဗျာ ကိုအောင်ကြီးတကယ်ပြောနေတာလား ကျတော်သူနဲ့တွေ
ချင်တယ် သူဘယ်မှနေတာလည်း ကျတော့်ကို ပြောပါဗျာပြီးတော့ သူကဘယ်လိုကနေ ဘယ်လို သေကံမရောက်ခဲ့တာလည်း”
“သူနေတာက ×××××× ”
ကိုဖြိုးတစ်ယောက်
ကိုအောင်ကြီးစကားဆုံးသည်နှင့် တပြိုင်နက် ထိုင်ရာ မှထကာ ထွက်ခွာသွားလေသည်။
“ကိုဖြိုးကော်ဖီလေးတောင် သောက်မသွားတော့ဘူးလား”
နောက်မှလှမ်းမေးလိုက်သော ဖွေးဖွေး၏အသံကိုပင်
ကိုဖြိုးမကြာရတော့ပေ။
X
– X – X – X – X – X – X – X – X – X
“ဒါမလှိုင်တို့အိမ်ပါလားခင်ဗျား”
“ဟုတ်ကဲ့ မလှိုင်ဆိုတာ ကျမပါဘဲ ဘာကိစ္စရှိလို့ပါလည်းရှင်”
မကျယ်ဝန်းလှသည့်ခြံဝန်းလေးထဲတွင်
ရဲရဲဝံ့ဝံ့လှမ်းဝင်လိုက်သည့် ကိုဖြိုးခြေလှမ်းများသည် အိမ်လေးနှင့် အ၀င်ဝင်းတံကား ဆက်သွယ်ထားသော
လှမ်းကလေးတနေရာမှ ဘုရားပန်းစွပ်နေသော အမျိုးသမီးတယောက် ကို မေးလိုက်ခြင်းဖြစ်သည်။
“ကျတော်ကိုဖြိုးပါ ကိုအောင်ကြီးတို့နဲ့ မိတ်ဆွေတွေပါ
ဆူးဒီ မှာရှိတယ်ဆိုလို့ ကျတော်သူနဲ့တွေ့ခြင်လို့ပါ”
“သူအခု ဒီမှာမရှိတော့ဘူးရှင့်”
“ဗျာ”
“ဟုတ်တယ် သူမနေ့ကဘဲ ရန်ကုန်ကိုတက်သွားတယ်”
“သူဘယ်တော့ပြန်လာမှလည်း”
“ပြန်လာမယ်မထင်တော့ပါဘူးကွယ်”
“အော်-ဟုတ်ကဲ့ကျတော်ပြန်လိုက်ပါဦးမယ်
ဆူးကိုဆက်သွယ်ရရင် ကိုအောင်ကြီးတို့ကနေတဆင့် ကျတော့်ကို ကျေးဇူးပြုပြီး အကြောင်း ကြားပေးပါမလှိုင်”
“ဟုတ်ကဲ့ပါ ကျမအကြောင်းကြားပေးပါ့မယ်”
စိတ်ဓါတ်ကျသည့်
ခြေလှမ်းများနှင့်အတူ ကိုဖြိုးတစ်ယောက် ထွက်ခွာ သွားလေသည်။ မလှိုင်တစ်ယောက် သက် ပြင်းလေးကိုဖြေးညင်းစွာချကာ
ခေါင်းကလေးကို ညင်သာစွာခါလိုက်ပြီး အိမ်လေးထဲသို့ တလှမ်းခြင်း လှမ်းဝင်သွား လေသည်။
X
– X – X – X – X – X – X – X – X – X
ကမ္ဘာကြီးက လူတွေအတွက်ကျည်းတယ်လို့ဆိုပေမဲ့
ကျတော့်အတွက် တော့ ရန်ကုန်မြို့ဆိုတာက အကျယ် ကြီးပါဘဲဆူး။ ရန်ကုန်မြို့လမ်းမကြီး အသွယ်သွယ်မှာ
ကျတော်ဆူးကိုရှာနေခဲ့တာ လနဲချီနေပါပြီ။ ကျတော် မကြာခင်မှာ ဟန်နီနဲ့ လက်ထပ်ရတော့မယ်ဆူး။
ကျတော်သူနဲ့လက်ထပ်ဖို့ နေ့ရွှေ့လရွှေ့လုပ်နေမိတယ် အဲ့ဒါဆူးကြောင့်ဆိုတာ ဆူးကိုသိစေခြင်လိုက်တာ။
အင်းလျားကန်ဘောင်ဘေးတွင် တိုက်ခက်နေသော
လေပြေလေညင်းလေးကို ရူရိုက်ရင်း တစ်ယောက်တည်း အထီးကျန်နေသည့်အလား ကိုဖြိုးတစ်ယောက် လွမ်းစွပ်စွာ
တွေးသောနေမိသည်။ အတွေးပေါင်းများ စွာထဲတွင်နှစ်မြုတ်နေရင်း ကိုဖြိုးတစ်ယောက် ပါတ်ဝင်းကျင်မှ
ဖြစ်ပျက်နေသော အရာများကိုပင် မေ့ရော့ နေမိသည်။ နာရီပေါင်းမည်မျှကြရှည်အောင် ထိုင်နေမိမှန်းမသိ
လက်မှ လက်ပါတ်နာရီလေး၏ အချက်ပေးသံပါတ်သံလေးကြောင့် ကိုဖြိုးအသိဝင် လာသည်။
“ဆယ်နာရီတောင် ထိုးနေပြီဘဲ ကုန်သည်တွေနဲ့ ၁၁နာရီမှာ
ချိန်းထားတာ သွားလိုက်ဦးမှ”
ကိုဖြိုးတစ်ယောက်
ထိုင်ရာမှထကာ ထွက်ခွာသွားလေသည်။ စိတ်ပျက်နေသည့် ကိုဖြိုး၏ခြေလှမ်းများသည် ကုန်သည်များနှင့်
ချိန်းထားသည့် နေရာဆီသို့ ကိုဖြိုးကိုဦးတည်ြပီး ခေါ်ဆောင်သွားလေသည်။ ကုန်သည်များနှင့်
နေ့လည်စာ စားပြီးစကားပြောရန် ဤဆိုင်လေးတွင်ချိန်းဆိုထားခဲ့သည်။ သို့သော် အချိန်မကျရောက်သေးသည့်အတွက်
ကိုဖြိုးတစ်ယောက်တည်း ရောင်လည်လည်နှင့် စားပွဲဝိုင်းလေးတွင် ထိုင်နေမိသည်။ ဆိုင်လေးသည်
ကြီးကျယ် ခန်းနားလှသည့်မဟုတ်သော်လည်း သန့်သန့်ပြန့်ပြန့်လေးနှင့် ဆွဲဆောင်မှုရှိသည့်
စားသောက်ဆိုင်လေးတစ်ဆိုင်သာ။ ဆိုင်လေးထဲတွင် တစ်ယောက်ထည်းထိုင်နေရင်း တခုခုစားရန်ပြင်နေသောကိုဖြိုးတစ်ယောက်
မိမိထိုင်နေသော ဆိုင်လေးနှင့် မလှမ်းမကန်း တဆိုင်ကျော် နှစ်ဆိုင်ကျော်မှ လက်မလည်အောင်အောင်းချနေရသော
မုန့်ဟင်းခါးဆိုင်လေး ကိုသတိထား နေမိသည်။ ထို့နောက်ကိုဖြိုးတစ်ယောက် မုန့်ဟင်းခါးစားရန်
ထိုဆိုင်လေးသို့ ထသွားလေသည်။
“ဟယ် လုပ်ကြပါဦး
ဒီမှာလူတစ်ယောက် မူးလည်းသွားလို့”
အသံကြားရာသို့ ဆိုင်ပိုင်ရှင်ဟု ထင်ရသည့်
အမျိုးသမီးတဦး အပြေးတပိုင်းနှင့်ရောက်လာသည်။
“ညီမလေး ညီမလေး လုပ်ကြပါဦး ဒါကျမညီမလေးပါ တခုခု
ကူညီကြပါဦး”
လဲကျသွားသော မိန်းကလေးကိုပွေ့ချီးပြီး
ဆိုင်ရှင်အမျိုးသမီးမှ အနားတွင်ရှိနေသော လူများကိုလှမ်းပြီး အကူအညီတောင်းလေသည်။ လူအုပ်လေးထဲမှ
အမျိုးသားတဦး ထွက်ခွာသွားပြီး နီးစပ်ရာTAXIတစီးကို ငှားလိုက် လေသည်။ ဆိုင်လေးထဲသို့ လှမ်းဝင်မည့် ကိုဖြိုး၏ခြေလှမ်းများသည်
ထိုရုပ်ရုပ်သဲသဲမြင်ကွင်းကြောင့် ခြေစုံရပ်ကာ ခေါင်းလေးကို ညင်သာစွာ ခါလိုက်လေသည်။
“ဟာ ညီ ကိုဖြိုးရောက်နေပြီလား လာလေကွာ ကိုယ်တို့နဲနဲ
နောက်ကျသွားတယ်”
နောက်မှမိမိ၏နာမည်ကို တရင်းတနီးခေါ်လိုက်သော အသံကြောင့် ကိုဖြိုးတစ်ယောက်
ခုနတွင်ထိုင်နေသော ဆိုင်လေးထဲသို့ လှည့်ပြန်လာခဲ့သည်။
“မောင်လေး မင်းဆိုင်ကိုဂရုစိုက်လိုက်ပါကွယ် မမ
ဆူးနဲ့ဆေးရုံ လိုက်သွားလိုက်ဦးမယ်”
“ဟုတ်ကဲ့မမ မဆူးကိုသေချာဂရုစိုက်ပါနော်”
“အေးပါ မောင်လေးရယ် မင်ကလည်းအဖြစ်သဲနေလိုက်တာ
မင်းတူလေးကိုလည်း ကြည့်ထားဦး”
“စိတ်ချပါမမရယ် ဆူးရဲသစ်အတွက် ဘာမှမပူပါနဲ့”
မသီတာတစ်ယောက် ဖြိုးသီဟကို
မှာစရာရှိသည့်များ မှာပြီး TAXI ကားလေးပေါ်သို့ တက်သွားလေသည်။ ဆူးကိုမိမိပုခုံးပေါ်တွင် မှီတင်းအိမ် နေစေပြီး
နီးစပ်ရာဆေးခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ဆရာဝန်၏ ညွန်ကြားချက်အရ ဆေးရုံသို့ပို့ဆောင်လိုက်ရသည်။
“ဒေါက်တာ
ဆူးအခြေအနေ ဘယ်လိုရှိလည်း”
“သိပ့်တော့ အားမရဘူးဗျာ သူ့မှာက နှလုံးရောဂါအခံကရှိနေတယ်၊
ပြီးတော့သွေးအားနည်းပြီး သွေးကင်ဆာ ကလည်း ဖြစ်နေတော့ ကျတော်တို့ တော်တော်ဂရုစိုက်ယူရမယ်
ဒါနဲ့ ခင်ဗျားက လူနာရှင် လား”
“ဆိုပါတော့ ဒေါက်တာရယ် ကျမက မသီတာပါ ဆူးကကျမဆိုင်မှာ
မုန့်ဟင်းခါးကူရောင်းနေတာပါ ဆူးနဲ့ ကျမတို့နဲ့က ဘာမှမတော်စပ်ဘူး ဆိုပေမဲ့ ဆူးက တစ်ယောက်ကြွက်တမျက်နှာ
သူ့မှာ အားကိုးစရာ ဆိုလို့ ဘယ်သူမှ မရှိပါဘူး။ သူ့မှာသွယ်တာစရာဆိုလို့ ၄-၅နှစ်သား အရွယ် သားလေးတစ်ယောက်ဘဲ ရှိတာ ဒေါက်တာ ဆူးကိုသေချာ ဂရုစိုက်ပေးပါ
ကုန်ကျစရိပ်တွေအားလုံးကို ကျမတို့ကြိုးစားပြီး ရှာပါ့ မယ်ဒေါက်တာ”
မသီတာ၏ စကားများကြောင့် ဆရာဝင်ပင်တော်တော်ကို စိတ်ထိခိုက် သွားခဲ့ရသည်။
“စိတ်ချပါ မသီတာ ကျတော်တို့ ဆရာဝန်တွေဆိုတာ ငွေရေး
ကြေးရေးထက် လူနာတွေသက်သာဖို့ရယ် လူနာရှင်တွေ စိတ်ချမ်းသာ ဖို့ကိုဘဲ အဓိကထားတာပါ ကျတော်အစွမ်းကုန်ကုသပေးပါ့မယ်
ကျတော့်ကို ခွင့်ပြုပါဦး”
“ကျေး-ကျေးဇူးတင်လိုက်တာ ဒေါက်တာရယ်”
အနက်ရောင် ဂျင်းဘောင်ဘီလေးနှင့်
အဖြူရောင် တီရှပ်ကိုဝတ် ဆင်ထားသည့် အသက်၂၀ကျော် လူငယ်လေး တစ်ယောက် သည်ဆေးရုံ လူနာများထားရာ
အခန်းလေးများဆီသို့ ဦးတည်လျောက်လာလေသည်။ ထိုလူငယ်လေး၏ လက်ထဲတွင် အဖြူရောင်ဖူးပွင့်စနှင်းဆီပန်းစီးလေးတစ်စီး။
“ကောင်မလေးသနားပါတယ် ဆရာရယ် သူ့ခမျာ ဆွေမျိုးအသိုင်း
အ၀ိုင်းကလည်းမရှိ ပြီးတော့သားလေးကလည်း ခုမှအသက်၎-၅နှစ်ရယ်”
“ဟုတ်တယ်ဆရာမ ကျတော်တို့လည်း အသက်နိုင်ဆုံးကြိုးစားပြီး
ကုသပေးနေတာဘဲ ဒါပေမဲ့သူ့မှာက နှလုံးရောဂါရော သွေးကင်ဆာ ပါရှိရောနေတာ ပြီးတော့ရောဂါက
တော်တော်ကျွမ်းနေပြီ ဆရာမ”
“ဆူးရဲသစ်လေး သနားပါတယ်ဒေါက်တာရယ်”
“ဆူးရဲသစ်တဲ့ဒီနာမည်ကို ငါရင်းရင်းနီးနီး ကြားဖူးပါတယ်။
ဘယ်မှာ ကြားဖူးပါ့လိမ့်”
အဖြူရောင် နှင်းဆီပန်းဆီးလေးကို ကိုင်ဆောင်လာသော
လူငယ်လေး တစ်ယောက်သည် ရှေ့မှဆရာဝန်နှင့် နတ်စ်မလေး ပြောဆိုနေသော စကားများ ကို အတိုင်းထိကြားနေရပါသည်။
ဆူးရဲသစ်ဆိုသည့် နာမည်လေး တစ်လုံး ကြောင့် ထိုသူသည် ရှေ့မှပြောဆိုနေသော စကားများကို
ပိုမိုစိတ်ဝင်စားမိပြီး အာရုံစူးစိုက်မိ လေသည်။
“ကျမတခုစဉ်းစားမိတယ်ဒေါက်တာ”
“ဘာများလည်း ဆရာမ”
“ဒေါက်တာ့အနေနဲ့ အဲ့ဒီကလေးလေးကို မွေးစားလိုက်ရင်”
“ဟာ ဟုတ်သားဘဲ ဆရာမအကြံမဆိုးဘူး ကျတော်တို့မှာလည်း
သားသမီးရတနာမထွန်းကားတာနဲ့ ကျတော့် မိန်းမသာသိရင် တော်တော်ဝမ်းသာရှာမှာ
ဆရာမကို ကျေးဇူးတင်တယ်ဗျာ ခုလို အကြံပြုတာဒါပေမဲ့ ဆူးကိုတော့ အသိပေးရမယ် ဒါပေမဲ့ လူနာကို
အဲ့လိုသွားပြောရင် သူ့ကိုမင်းသေလို့ရပြီ မင်းသားလေး နောင်ရေး အတွက် စိတ်အေးရပြီလို့
ပြောတာနဲ့ တူမနေဘူးလားဆရာမ”
“အော်ဒေါက်တာရယ် ဆူးကိုတော့ ဆူးဆေးရုံပေါ်က မဆင်းမချင်း
ကလေးကို ဒေါက်တာတို့က တာဝန်ယူ စောင့်ရှောက်ထားပါတယ် စိတ်မပူပါနဲ့ ကိုယ့်ကျန်းမာရေးကို
ဂရုစိုက်ပါလို့ ပြောရမှာပေါ့ ဒေါက်တာ”
“ဆရာမ အရမ်းတော်တယ်ဗျာ ကောင်းတယ်ဆရာမပြောသလိုဘဲ
စီစဉ်ကြတာပေါ့”
နှလုံးရောဂါ၊ သွေးကင်ဆာ
ပြီးတော့ ဆူးရဲသစ်နောက်ပြီး ဆူး ဟာမဖြစ် နိုင်ဘူး။ ဆူး-ဆူး ဆူးများလား အဖြူရောင် နှင်းဆီပန်းစီးလေး ကိုင်ဆောင် ထားသော အမျိုးသားသည်
ရှေ့မှပြောနေသော စကားများကို သေချာစဉ်စား သုံးသပ် ကြည့်သည့်။ ထို့နောက်မြန်ဆန်သော ခြေလှမ်းများနှင့်အတူ
ဆရာဝန်နှင့်နတ်စ်မလေးတို့ကို အမှီလိုက်လေသည်။
No comments:
Post a Comment