“သားကြီးတောင်
ခရီးကပြန်လာပြီ ဒါနဲ့သူလေးက” “ကျတော်နောက်မှ ရှင်းပြမယ်အဖေ အမေကောဟင်” စစ်ရူနီ ဖောင်းအပြည့်နှင့် ခရီးမှပြန်ရောက်လာသည့်
သားဖြစ်သူဘေးတွင် အသက်၂၀ကျော်မိန်းမပျိုလေးတစ်ယောက် ပါလာ လေသည်။ ဖခင်ဖြစ်သူ၏အမေးကိုသူမဖြေသေးဘဲ
မိခင်ဖြစ်သူကိုသူသတိတရမေးလိုက်သည်။ “အမေကြီးရေ-
မင်းသား ကြီးပြန်ရောက်ပြီကွ” သူအသံအဆုံးတွင် အသက်၅၀၀န်းကျင်ခန့်ရှိသည့် အမျိုးသမီးတဦး
အိမ်ပေါ်မှလှပသည့် ခြေလှမ်း များဖြင့် ဆင်းလာလေသည်။ “သား-သားလေးမောင်လွဏ်းမောင်” “အမေနေကောင်းတယ်နော်” “ကောင်းတာ ပေါ့သား ရယ်အမေသားကိုလွမ်းနေတာ”
“သားလည်းအမေ့ကိုလွမ်းတာပါဘဲ” “ဒါနဲ့သူလေးက ဘယ်သူလည်းသား” သားဖြစ်သူနှင့် အတူပါလာသည့်
မိန်းမပျိုလေးကိုသူမမေးလိုက်သည်။ “နားနဲ့မနာ
ဖ၀ါးနဲ့နာပါအမေ သားမိန်းမခိုးလာတာ”
“ဟေ” “ဟုတ်တယ်အဖေ သူနာမည်ကခင်ရီတဲ့ရှမ်းပြည်တောင်ပိုင်းကပါ”
“ရှမ်းမလေးပေါ့ သမီးလေးက အချောလေးဘဲ ဒါနဲ့ သမီးမိဘတွေကကော” “ခင်ရီ့မှာမိဘတွေမရှိတော့ပါဘူးအမေ
ရွာလူကြီးကမွေးစားထားတာပါ” “အော်” “ခင်ရီ့ရဲ့ မိဘတွေက သူငယ်ငယ်လေးတည်းက စစ်ပွဲတွေကြားမှာ
တစားခံဖြစ်သွားရသူတွေပါ” သားဖြစ်သူ၏စကားကြောင့် သူမမျက်ဝန်းအိမ်အတွင်း တခုခုကိုနားကြင်မုန်းတီးသည့်အရိပ်အရောင်များနှင့်အတူ
တခုခုကိုလွမ်းစွပ်သတိရသည့် ပုံရိပ်တို့လွမ်းမိုးလာလေသည်။
သူမတွင်မိဘအရင်းများမရှိကြ။ ဆိုးရွားလှသည့်ပြည်တွင်းစစ်ဒါဏ်ကြောင့်
မိဘနှစ်ပါးလုံးဆုံးပါးသွားခဲ့ပါ သော် လည်း သူမကိုစောင့်လျှောက်ရန် နတ်သကြားများမဆသည့်
အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးရှိသည်။ သူမတွင် ထိုအငြိမ်းစားကျောင်းအုပ်ဆရာကြီးမှလွဲ၍
သွယ်တာရာမည်သူမှမရှိ။ သူမ၏မိဘများသည် တဦးတည်းသော သားသမီးများ ဖြစ်သကဲ့သို့ သူမသည်လည်းထိုမိဘများမှပေါက်ဖွားလာသည့်
တဦးတည်းသောသမီးဖြစ်သည်။ အငြိမ်းစားကျောင်းအုပ် ဆရာကြီး၏ဖေးမကူညီ သွန်သင်ဆုံးမမှုအောင်တွင်
သူမလူလားမြောက်ခဲ့ရသည်။
“စစ်ပွဲတွေဘာ့ကြောင့်ဖြစ်ကြတာလည်းဘဘ”
“လောဘဒေါသမောဟဆိုတဲ့ အပူမီးတွေကြောင့်ပေါ့သမီးငယ်” စစ်ဆိုသည့်အရာကိုသူမ ဂဂနနမသိခဲ့။
အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားပြီး တစ်ဦးကိုတစ်ဦးသေနတ်များဖြင့် တဒိုင်း ဒိုင်းဖြင့်
သေကြေပျက်စီးကြစေခြင်းသည် စစ်ဟုသူမထင်ထားသည်။ ထိုစစ်ပွဲများကြောင့် သူမတို့ရွာကလေးပျက်ဆီး
ခဲ့ရ သည်။ သူမတို့ဘိုးဘွားပိုင်မြေများဆုံးရှုံးခဲ့ရသည်။ မိဘနှစ်ပါး၏နောက်ဆုံးခရီးများ
မလှပခဲ့။ စစ်ဆိုလျှင်သူမမည်သည့် စစ်ကိုမဆိုမုန်းခဲ့သည်။ တိုင်းပြည်နှင့်လူမျိုးအတွက်
မတူညီသည့်ခံယူချက်များဖြင့် လက်နက်ဆွဲကိုင်တိုက်ပွဲဝင် နေကြသည့် စစ်သား၊စစ်သမီးများ၊
ရဲဘော်၊ရဲမေများကိုသူမမုန်းခဲ့သည်။
“ကိုယ့်မှာဘာအပြစ်ရှိလို့
ဒီလောက်ထိခါးခါးသီးသီးဖြစ်နေရတာလည်းဆူးမ” “ရှင့်မှာအပြစ်မရှိပေမဲ့ ရှင်ကိုင်ထား တဲ့လူသတ်လက်နက်တွေကြောင့်
ရှင့်ကိုကျမမုန်းတယ်” “ဆူးမ” သူ၏အသံသည်နဲနဲခက်ထန်သွားသည်။
သို့သော်သူမ၏ မျက်လုံးများသည်အရောင်ပြောင်းမလာခဲ့။ နာကြည်းခြင်းနှင့်အတူ မုန်းတီးခြင်းအကြည့်များကိုသာ
သူပိုင်ဆိုင်ခဲ့ရသည်။ “အဲ့ဒီစစ်ဗိုလ်လေးက သမီးလေးကိုတကယ်ချစ်ရှာတာပါ
သမီးသာသူ့ကိုလက်ခံလိုက်ရင် သမီးကိုသူနေတဲ့မြို့ကိုခေါ်သွားပြီး အခန်းနားဆုံး မင်္ဂလာဆောင်မယ်လို့
ဒေါ်လေးတို့ကို တဖွဖွပြောရှာတယ်သမီး” “ဒါပေမဲ့သမီးမှ သူ့ကိုလက်မခံနိုင်တာ ဒေါ်လေးငယ်”
“အတိတ်ကိုအတိတ်မှာဘဲထားခဲ့ပြီး အခုလက်ရှိနဲ့လာမဲ့အနာဂတ်မှာ သမီးအတွက်အကောင်းဆုံးဖြစ်အောင်
စဉ်းစားရမဲ့ အချိန်ရောက်ပြီသမီး” “ဆူးမဒါတွေမသိဘူးဒေါ်လေးငယ် ဆူးမသိတာ သွေးအိုင်ထဲကဖေဖေနဲ့မေမေ
အေးချမ်းတဲ့ ဆူးမတို့ရွာလေး” အနယ်မထိုင်သေးသည့်သူမ၏နှလုံးသားကို
သူမမုန်းသောစစ်လက်နက်များကိုချစ်သော သူ့ဘ၀ထဲတွင်ဘယ်လိုမှ မအပ်စပ်မှန်းသူမကို သူမနားလည်ခဲ့သည်။
“ဆူး-” သူမ၏လက်ကိုလှမ်းဆွဲခြင်းခံလိုက်ရ
သော ကြောင့် သူမ၏ခြေလှမ်းများရပ်တံ့စေခဲ့သည်။ “ရှင်ဒါဘာလုပ်တာလည်း”
“ကိုယ်မင်းနဲ့စကားပြောခြင်တယ်” “ရှင်နဲ့ပြော စရာစကား ကျမမှာမရှိဘူး” “ကိုယ့်ဖက်ကမင်းကိုဒူးထောက်အညံ့ခံနေတာတောင်
မင်းကနဲနဲမှ လျော့မလာပါလား” “ရှင်ကျမလက် ကိုလွတ်ပါ” သူသည်သူမ၏မျက်လုံးများကိုသေခြာစိုက်ကြည့်လိုက်သည်။
ထို့နောက်သူမ၏ တန်ပြန် အကြည့်စူးစူးများကို သူရှောင်လိုက်ရင်း သူမကိုသူရင်ခွင်ထဲသို့
သိမ်းကြုံးထားလိုက်သည်။ “ရှင်ဒါဘာလုပ် တာလည်း”
“မင်းကိုအရမ်းချစ်တယ် ဆူးမ” “လွတ်ပါ” “မင်းဆီကချစ်တယ်ဆိုတဲ့အဖြေရမှလွတ်မယ်” “ကျမရှင့်ရဲ့ဘယ်နှစ်ယောက်
မြောက် ချစ်သူတော့အဖြစ်မခံနိုင်ဘူး” “မင်းဘာပြောလိုက်လည်း” သူသည်သူမကိုရင်ခွင်မှခွာပြီး
သူမ၏မျက်နာကို စေ့စေ့ကြည့်ကာသူမ၏ပုခုံးကို အားဖြင့်ညစ်လိုက်သည်။ တခုခုပြောရန်ရွယ်လိုက်သည့်သူ၏နှုတ်များ
မည်သည့်အသံမှ ထွက်ပေါ်မလာဘဲ ချာကနက်လှဲ့ ထွက်သွားသည်။
“သမီး
ကိုအဘပြောစရာရှိတယ်” “ဘာများလည်းဘဘ” “မောင်လွဏ်းဝေမှာလက်မခံနိုင်စရာ ဘာအချက် တွေ များရှိလည်းသမီး”
“ဘဘကဟိုစစ်ဗိုလ်ကိုပြောတာလားဘဘ” “ဘယ်သူရှိဦးမှာလည်းသမီး” “သူစစ်သားတစ်ယောက် ဖြစ်နေလို့ဘဲဘဘ”
သူမ၏မျက်လုံးများသည် အဝေးတနေရာသို့ငေးမောပြီး ပြောလိုက်သည့်စကားလုံးများကြောင့်
အငြိမ်း စားကျောင်းဆရာကြီးလည်း ဘာမှအတွန့်မတက်ခဲ့။ ထိုအငြိမ်းစားကျောင်းဆရာကြီးကိုယ်တိုင်
သူမကိုထို စစ်ဗိုလ်လေးနှင့် သဘောတူကြည်ဖြူနေခြင်းကြောင့်လည်း သူမစဉ်းစားရခက်အနေရကြပ်နေမိသည်။
မိဘအရင်းများ မျက်ကွယ်ပြု လေပြီးနောက် ဖခင်တစ်ယောက်နှင့်အခြားသူမအပေါ်ထားရှိသည့် ကျေးဇူးသည်လည်းကြီးမားလွန်းလှသည်
မဟုတ်ပါ လား။ “ကျတော်ဆူးမကို မိသားဖသားပီပီတောင်းရမ်းလက်ထပ်ယူမှာပါ
ဆရာကြီး” “ဒါပေမဲ့သမီးလေးမှ မင်းကို လက်မခံ နိုင်ဘဲ မောင်လွဏ်းဝေ” “ဆူးမဘာ့ကြောင့်ကျတော့်ကို
ခါးခါးသီးသီးငြင်းနေရတာလည်းဗျာ” “ခါးသီးဆိုလို့ သူ့မိဘနှစ်ပါးလုံး တိုက်ပွဲတွေကြားမှာ
ကျည်ဆံသင့်ပြီးဆုံးခဲ့ရတာလေ အဲ့ဒီအချိန်တုန်းက ဆူးမလေးဟာ ၅-၆နှစ်ပေါ့။ အသက်မဲ့ပြီး
သွေးအိုင်ထဲ မှာလဲနေတဲ့မိဘနှစ်ပါးကြားမှာ ထိုင်ပြီးငိုနေတဲ့ကလေးတစ်ယောက်ကို ဆရာကြီးမွေးစားခဲ့တာ
ဒီအရွယ် ရောက်တဲ့အထိပါဘဲ မောင်လွဏ်းဝေ” သူသည်သူမ၏အတိတ်ဖြစ်ရပ်ဆိုးများကိုသိရပြီးနောက်
သူမအပေါ်ပိုပြီး သနား ဂရုဏာသက်ခဲ့သည်။
ခြေလျှင်ခရီးနှင်နေသည့် သူ့တပ်ကလေးသည်
ရွာပျက်ကလေးရှိတောင်ကုန်းလေးပေါ်တွင် အဖော်မပါ တစ်ယောက်ထဲရောက်နေသည့် မိန်းကလေးတစ်ယောက်ကြောင့်
သူစိတ်လှုပ်ရှားသွားသည်။ သူသည် သူ၏တပ်ကိုခွာပြီး ထိုတောင်ကုန်းလေးပေါ်သို့တက်လာခဲ့သည်။
သူ၏တပ်သည်သူနှင့်မလှမ်းမကမ်းတွင် ခေတ္တာနားခိုပြီးသူ့ကိုစောင့်နေကြ သည်။ “မင်းဒီမှာတစ်ယောက်ထဲ ဘာလုပ်နေတာလည်းဆူးမ” နောက်မှထွက်ပေါ်လာသည့်အသံကြောင့်
သူမလှည့်ကြည့် လိုက်မိသည်။ စစ်ယူနီဖောင်းအပြည့်ဖြင့် မောင်လွဏ်းဝေကိုသူ့အံ့သြစွာတွေ့လိုက်ရသည်။ “ရှင်ဘာလာလုပ်တာလည်း” “မင်းကိုကိုယ်အရင်မေးနေတာလေ
မင်းဒီမှာတစ်ယောက်ထဲဘာလုပ်နေတာလည်း” “ကျမ” သူမသည်စကားကို ဆက်မ ပြောဘဲ ထိုတောင်ကုန်းလေး၏အောက်ခြေကိုငေးမောနေမိသည်။
“မင်းကိုမေးနေတယ်လေ” သူ၏လေသံသည် နဲနဲခက်
ထန်သွားသည်။ “ကျမ-ကျမအဖေနဲ့အမေ့ကိုသတိရတယ်”
သူမစကားသံနှင့်အတူမျက်ရည်စက်သို့စီးကျလာသည်။
သူမ၏ မျက်ရည်များကိုသူအသိအမှတ်ပြုလိုက်သည်။ သူသည်သူမ၏ပုခုံးလေးကိုယုယစွာကိုင်သွယ်လိုက်ပြီး
အားပေးမိသည်။ “ဆရာကြီးပြောပြလို့ ကိုယ်မင်းအကြောင်းတွေကို
သိပြီးပါပြီကိုယ်တကယ်စိတ်မကောင်းပါဘူး ဒါပေမဲ့”
“ကျမရဲ့မိဘတွေကို ဟော့ဒီတောင်ကုန်းရဲ့အောက်ခြေက ဟိုးသပြေပင်လေးရဲ့ခြေရင်းမှာ
ဆုံးရှုံးခဲ့ရတာပါ” “မငိုပါနဲ့ဆူးမရယ် အားလုံးကံစီမံရာ ဖြစ်လာတယ်လို့ ဘဘောထားကြတာပေါ့”
“ခုလိုခေတ္တာကြီးထဲမှာ မင်းတစ်ယောက်ထဲဒီလို နေရာမျိုးကိုမလာသင့်ဘူး ဆိုတာလည်း မင်းမေ့မနေနဲ့
လာကိုယ်နဲ့ပြန်လိုက်ခဲ့” “ဆူးမက” “ကိုယ်တို့တပ်အခုမင်းနေတဲ့မြို့ဖက်ကိုခရီးဆက်ကြမလို့”
သူမသည်ထိုစစ်တပ်နှင့်အတူ သူမနေထိုင်သည့်မြို့လေးသို့ပြန်ရောက်လာခဲ့သည်။
ရွာပျက်ကလေးရှိတောင်ကုန်းလေး၏ အောက်ခြေသပြေပင်လေးတွင်သူမတစ်ယောက်ထည်း
ထိုင်နေမိ သည်။ အဖေနဲ့အမေသာရှိနေသေးရင် ဆူးမဒီလိုဘ၀မျိုးနေရမှာမဟုတ်ဘူးနော်။
ခုတော့ မွေးစားဖခင်ကျောင်း ဆရာကြီးကို မှီခိုနေရတဲ့ဆူးမအဖို့ မိဘအရင်းဆိုတာကို တမ်းတမိပါတယ်။
အဖေနဲ့အမေရောက်ရာအရပ်မှာ ဘေးဥပတ်ကင်းပါစေလို့
သမီးဆုတောင်းပါတယ်။ အဖေနဲ့အမေ။
“ဆူးမ တစ်ယောက်ထဲဘာတွေတွေးနေတာလည်း အေ့”
သူမ၏အမည်ကိုတရင်းတနီးခေါ်ပြီး နှုတ်ဆက်သံ ကြောင့် သူမအတွေးများပျက်သွားရသည်။
သူမသည်ထိုအသံရှင်ကိုမော့ကြည့်သည်။ မျက်လုံးများနီး မြန်းနေပြီး မူးနေသည့်ပုံပေါက်သည့်
ဖိုးထောင်တို့ညီအကိုနှစ်ဦးကိုသူမတွေ့လိုက်ရတော့ကြောင့် သူမလှန့်သွားသည်။ သူမသည် ထိုင်ရာမှထပြီး
ပြန်မည်အပြု ဖိုးထောင်၏ညီဖြစ်သူမှသူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ “ဖိုးတုတ်နင် ဘာလုပ်တာလည်း ငါ့လက်ကိုလွတ်စမ်း”
“နေစမ်းပါဦး ဆူးမရယ် အေ့-ငါ့အကိုကနင့် ကို” “ဟုတ်တယ်ဆူးမ ငါနင့်ကို ချစ်တယ်-နင့်ကိုငါသားမတ်မတ်မယားမတ်မတ်ပေါင်းမှာပါဟာ”
“ဘာပြောလည်း ဖိုးထောင် နင်ကများငါ့ကိုချစ်တယ် ဟုတ်လားနင့်လိုအရက်သမားကိုငါကပြန်ကြိုက်စရာလား”
“နင်အခုမကြိုက် လည်းနောက်တော့ကြိုက်သွားမှာပေါ့ဆူးမရယ် ပြီးတော့နင့်ကိုငါအရမ်းသနားတယ်သိလား
နင့်ကိုငါစောင့် လျှောက်ခြင်လို့ပါ” ဖိုးထောင်သည်ဆူးမ၏ပုခုံးနှစ်ဖက်ကို လှမ်းဆွဲလိုက်သည်။
“ဖြန်း” ဖြန်းကနက်အသံနှင့်အတူ ဖိုးထောင်၏ပါးတဖက်ထူပူသွားသည်။
ညီဖြစ်သူရှေ့တွင် ပါးရိုတ် ခံလိုက်ရခြင်းကြောင့်လည်း သူအရမ်းကိုရှက်မိသည်။ သူသည်ရှက်စိတ်များဖြင့်
သူမကိုတွန်းလှဲလိုက်သည်။ ထို့နောက် သူမအနားသို့ကပ်သွားကာ သူမ၏ပုခုံးနှစ်ဖက်ကို ဆွဲလုက်သည်။
သူသည်သူမ၏အကျီ င်္ရင်ဘတ်လေးကို ဆွဲဖြဲလိုက်သည်။ ဖိုးတုတ်သည်အကိုဖြစ်သူ၏လုပ်ရပ်ကိုမမြင်သလို
အခြားတနေရာသို့ရှောင်ထွက်သွားလေသည်။ “ဖောင်း”
အရိုန်ဖြင့် အကန်ခံလိုက်ရသည် ဖိုးထောင်တစ်ယောက်သူမနှင့် နှစ်လမ်းမျှလွင့်သွားသည့်။
ထို့နောက်သူ၏နှဖူးကို မာကြောသည့် အရာတခုခုဖြင့် နှစ်ချက်သုံးချက် အထုခံလိုက်ရခြင်းကြောင့်
နှဖူးမှသွေးများစီးကျလာသည်။ “ကိုလွဏ်းဝေ” သူမ၏
ခေါ်သံကြောင့် သူနောက်သို့လှည့်ကြည့်လိုက်သည်။ ယူနီဖောင်းအပြည့်နှင့်သူသည် သူမအနားသို့ခြေလှမ်းကျဲကြီးများဖြင့်
လျောက်သွားကာသူမကို ဆွဲထူလိုက်သည်။ “ဆူးမ ဘာဖြစ်သွားသေးလည်း”
“ဆူး-ဆူးမ ဘာမှမဖြစ်ပါဘူး ကိုလွဏ်းဝေ ကိုလွဏ်းဝေကိုဆူးမကျေးဇူး” သူမ၏နှခမ်းလေးများကို
သူ၏လက်ညိုးလေးဖြင့် တေ့ကာပိတ်လိုက်သည်။ ဆူဆူညံညံ အသံကြောင့် ဖိုးတုတ်တစ်ယောက် အပြေးတပိုင်းဖြင့်ရောက်လာချိန်တွင်
ဆူးမသည် စစ်ဗိုလ်တစ်ယောက်၏ ရင်ခွင်တွင် မျက်ရည်စက်များဖြင့်။ “အကို ဘာဖြစ်တာလည်း -ဟာဗိုလ်မှူး ကျတော်တောင်းပန်ပါတယ်ဗျာ ကျတော့အကိုနဲနဲမူးနေလို့
နောက်ဒီလိုမဖြစ်စေရပါဘူး ဒီကိစ္စကိုလည်းကျတော်မသိရိုးအမှန်ပါ” သူတို့ညီအကိုနှစ်ဦးသည် ဒေါသထွက်နေသည့် စစ်ဗိုလ်ကလေး
မောင်လွဏ်းဝေ၏မျက်ဝန်းများအောက်မှအမြန်ဆုံးထွက်ခွာလာခဲ့သည်။ မျက်ရည်များကြားမှ သူမကို
ကိုယ်တွင်ခွာလိုက်ပြီး သူမ၏မျက်နာလေးကိုသူစိုက်ကြည့်မိသည်။ အနည်းငယ်ပြဲလျှက်ဟနေသော
သူမ၏ရင်ပတ်လေး ဆီသို့သူ့အကြည့်များ ရောက်သွားမိသည်။ သူမ၏ရင်ပတ်လေးမှပေါ်ထွက်နေသော မဲ့နက်ကလေးကိုသူစက္ကန့်ပိုင်းမျှ
မှင်သေကြည့်နေမိသည်။ အသိတခုဝင်လာစိတ်ကြောင့် သူ၏လည်ပင်းတွင်ချီထားသည့် အနီရောင်ပ၀ါလေးကို
သူမ၏ လည်ပင်းပေါ်သို့ပြောင်းချီပေးလိုက်သည်။
“တော်သေးတာပေါ့ မောင်လွဏ်းဝေရယ်
မင်းသာရောက်မလာရင် သမီးဘ၀တော့မတွေးရဲစရာဘဲ” “ကျတော်ရှိ နေသမျှ ကာလပါတ်လုံး ဆူးမကိုဘယ်သူမှ
မစော်ကားစေရပါဘူးဆရာကြီး” “ဒါနဲ့မင်းတို့တပ်စိတ်ကဘယ်ကနေဘယ်လို အဲ့ကိုရောက်သွားတာလည်း”
“ကျတော်တို့ကင်းလှည့်ပြီးပြန်လာကြတာပါ” အသက်အရွယ်စကားပြောလာသည့် အငြိမ်း စားကျောင်းအုပ်ဆရာကြီးသည်
သူမအတွက်ရင်မအေးနိုင်။အနာဂတ်မရှိ ရည်ရွယ်ချက်မရှိ သေရေလိုက်စားနေသော ဖိုးထောင်တို့ညီအကိုထက်သာလျှင်
သူမကိုထုစစ်ဗိလ်ြလေးနှင့် သူနေရာချထားပေးခြင်ခဲ့သည်။
ခေတ္တမှီဖွီ့ဖြိုးတိုးတက်နေသော ရန်ကုန်မြို့၏စားသောက်ဆိုင်တဆိုင်တွင် လှပသစ်လွင်သော ကားဖြူလေးတစ်စီး ထိုးရပ်လာပြီး ထိုကားဖြူလေးပေါ်တွင်
အမျိုးသားကြီးတစ်ဦး အမျိုးသမီးကြီးတစ်ဦးနှင့် ၂၀ကျော်၃၀၀န်းကျင်ခန့်ရှိ အမျိုး သားငယ်တဦးဆင်းလာသည်။
စားသောက်ဆိုင်လေးတနေရာတွင် နေရာယူလိုက်ပြီးစားသောက်ဖွယ်ရာများကို မှာယူလိုက် သည်။ မကြာမီစာသောက်ဖွယ်ရာများကို
အခင်းအကျင်းဖြင့် သယ်ယူလာသည့်ကောင်မလေးတစ်ယောက်ကို သူတအံ့ တသြ မြင်တွေ့လိုက်ရခြင်းကြောင့်
မှင်သေသွားမိသည်။ “ဆူး-ဆူးမဟုတ်ပါတယ်နော်” သူမ၏အမည်ကို တရင်းတနီးခေါ် သံတို့ကြောင့်သူမခေါင်းကလေးဖော်ကာ
ကြည့်လိုက်မိသည်။ “ကိုလွဏ်းဝေ- ဗိုလ်ကြီး”
“ကိုလွဏ်းဝေလို့ဘဲရင်းရင်းနီးနီး ခေါ်ပါဗျာ- ဒါနဲ့ဆူးမကဘယ်ကနေဘယ်လို” “အဘဆုံးပြီလေ”
“အော်ဆရာကြီးတောင်ဆုံးသွားပြီဘဲ” လိုရင်းတိုရှင်ဖြစ် သည့်သူမ၏အဖြေကိုသာနားလည်လိုက်သည်။
သူမ၏မွေးစားဖခင်မရှိတော့ခြင်းကြောင့် ရန်ကုန်သို့ရောက်လာရခြင်းဖြစ် သည်ကိုသူနားလည်လိုက်သည်။
“မိတ်ဆက်ပေးရဦးမယ် - ဒါကိုယ့်မိဘတွေပေါ့ အဖေဦးလွဏ်းသူနဲ့
အမေဒေါ်ဝေေ၀ အောင် အဖေနဲ့အမေ ဒါသားပြောပြောနေတဲ့ ဆူးမဆိုတာလေ” “ဟုတ်ကဲ့တွေ့ရတာ ၀မ်းသာပါတယ်ဦးနဲ့ဒေါ်ဒေါ်”
“သားပြောပြောနေတဲ့ ဆူးမ-သားရဲ့ဟိုးဒင်းဟိုဟာ” “မိန်းမဘာတွေရှောက်ပြောနေတာလည်းကွာ ဒီလိုဆိုရင်အဖေတို့
နယ်ကိုသွားစရာမလိုတော့ဘူးပေါ့သား” “ဆူးမကို
ခွင့်ပြုပါဦး” “ဟုတ်သားဘဲ ဆူးမကိုယ်တို့အေးအေး စကားပြောခြင် တယ်” “ဆူးမမှာ အလုပ်နဲ့”
“ကိုယ်နားလည်ပါတယ် မင်းခွင့်ရက်ရတဲ့နေ့ပေါ့” သူမသည်ခေါင်းလေးကိုညိမ့်ပြီး ထိုဝိုင်းလေးမှ
ထွက်လာခဲ့သည်။
အင်းလျှားကန်ရေပြင်ကြီးကိုငေးမောရင်း တိတ်ဆိတ်နေသော လူငယ်လေးနှစ်ယောက်။
“ဆူး-ကိုယ်တောင်းထား တဲ့အဖြေ လေးသိပါရစေ” တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲသူကား
အခြားမောင်လွဏ်းဝေပင်တည်း။ “ဆူးမကြောက်တယ်”
“မင်းဘာကိုကြောက်နေတာလည်းဆူး” “ရှင်ကိုင်ထားတဲ့လက်နက်တွေ ပြီးတော့ရှင့်မိဘတွေကို ဆူးမကြောက်တယ်”
“လက်နက်ဆိုတာအချိုက်အတန့်လေးကိုင်ဆောင်တာပါ ကိုယ့်မိဘတွေက ကိုယ်နဲ့မင်းကို သဘောတူကြည်ဖြူပြီးသားပါ”
“ဘယ်လို” “ဟုတ်တယ်ဆူး” သူသည်သူမ၏ပုခုံးနှစ်ဖက်ကို
ဆွဲယူလိုက်သည်။ သူမ၏မျက်နာကိုစေ့စစေ့ကြည့်ပြီး “ကိုယ် ခရီးကပြန်လာကတည်းက ကိုယ့်မိဘတွေကို ပြောပြထားပြီးသားပါ ကိုယ့်မဘတွေတောင်မင်းကို
လိုက်ပြီးတောင်းပေး ပါ့မယ်လို့ကတိပေးခဲ့တယ် ဒါပေမဲ့ခုမင်းရန်ကုန်ကိုရောက်လာပြီဆိုတော့
သွားစရာမလိုတော့ဘူးပေါ့ ” “ဒါ့ကြောင့်ဟိုနေ့က ဆိုင်မှာ ကိုလွဏ်းအေမေက နယ်ကိုသွားစရာမလိုတော့ဘူးပေါ့လို့ပြောတာလားဟင်”
“ကိုယ်မင်းကိုအရမ်းချစ်တယ်ဆူး” သူမကိုသူရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။ သူမတချက်ကလေး
ပင့်သက်သွားပါသော်လည်း ထိုရင်ခွင်ကျယ်ကြီးထဲမှ ရှုန်းထွက်ဖို့သူမတွင် အားအင်များမရှိ။
Sue Kat (nonentity)
No comments:
Post a Comment