Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Wednesday, May 28, 2014

တတိယနိုင်ငံသို့အခြေချနေထိုင်ရေးနှင့် ကရင်နီလူ့အရင်းအမြစ်



၂၀၀၅ ခုနှစ်တတိယနိုင်ငံသို့ အခြေစိုက်နေထိုင်ရေးအစီအစဉ်တရပ်ကို UNHCR မှ ကရင်နီ ဒုက္ခ သည် စခန်းအမှတ်၁တွင်းသို့ Massage (သတင်း)ချလိုက်သည်နှင့် ကျမအပါအ၀င် လူတွေရုပ်ရုပ် သဲသဲ ဖြစ်ခဲ့ရ ပေသည်။ နေ့တဓူဝ ၀န်ထမ်းများ၊ ကျောင်းသူကျောင်းသားများလက်လုပ်လက်စားသမားများအလွာအသီးသီးအတန်းစားအသီးသီးကရင်နီလူမျိုးနွယ်စုတို့၏ ဘုံစကား တခုပင်ဖြစ်လာခဲ့ရသည်မှာ ယနေ့ တိုင်ဖြစ်လင့် ကစား ကရင်နီပြည်ဖွားတိုင်းရင်းသားညီအကိုများသိရှိနေပေလိမ့်မည်။
PHOTO FROM Kantarwaddy Time
ကရင်နီဒုက္ခသည်စခန်းသည်ကရင်နီတပ်မတော်အားမှီခို၍ယနေ့တိုင်ရပ်တည်နေရပေသည်။န၀တတဖန်ဖြစ်လဲနအဖစစ်အစိုးရ၏နယ်မြေလုယက်မှုအတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုအရွယ်စုံအမျိုးသမီးများအပေါ်မုဒိန်းမှုကျူးလွန်ခြင်း ပေါ်တာဆွဲခြင်းအမှုပေါင်း ထောင်သောင်းမကျန်ကျူးလွန်နေ ခြင်းကြောင့်အမိမြေကိုစွန့်ခွာလျှက်ကရင်နီနှင့်နယ်နိမိတ်ထိစပ်ရာ ထိုင်းနိုင်ငံသို့ဒုက္ခသည်များအဖြစ်လာရောက်ခိုလုံနေခဲ့ရသည်မှာနှစ်ပေါင်း၂၀ပင်ရှိရော့မည်။
ကရင့်တော်လှန်ရေးကြီးသည်နှစ်ပေါင်း ၅၀စွန်းဘိသကဲ့သို့ ကရင်နီတော် လှန်ရေးကြီး သည်လည်း နှစ်ပေါင်း၆၀ပင်စွန်းခဲ့လေပြီ။
၁၉၅၉ခုနှစ်နိုင်ငံတာကာဒုက္ခသည်များဆိုင်ရာစာချုပ်တွင်လက်မှတ်ရေးထိုးထားခြင်းမရှိသောထိုင်နိုင်ငံအ နေနှင့်မိမိတို့ကရင်နီလူမျိုးများအပါအ၀င် အနဖစစ်အစိုးကြောင့်အတိဒုက္ခမျိုးစုံနှင့် ရောက်ရှိလာကြသောတိုင်းရင်းသားညီဘွားညီအကိုမောင်နှမများအားလူသားခြင်းဇာနာထောက်ထားမှု ဆိုသည့်အချက် ကလေး နှင့်ပင်မိမိတို့တိုင်းရင်းသားညီအကိုများကိုလက်ခံထားသည်မှာလည်း နှစ်ပေါင်း၂၀ပင် ကျော် ရော့မည်။
            ယခင် ၂၀၀၅ ခုနှစ်မတိုင်မှီကရင်နီဒုက္ခသည်စခန်းကြီးသည် ကရင်နီညီအကိုများဖြင့် စည်းကား တိုက်မြိုက်ခဲ့ခြင်း စည်းလုံးညီညွတ်မှုဖြင့် တော်လှန်ရေးကို လက်တွဲညီခဲ့မှုများမှာ သမိုင်းမှတ်ကျောက်တင် လောက်မခန်းတည်ရှိခဲ့ဘူးသည်။ ပညာတတ်များ ပေါများလျှက်အနာဂဏ်ပညာရှင်လောင်းကလေးများကိုမွေးထုတ်ပေးလျှက်ရှိခဲ့ပေသည်။ကရင်နီ၏လူမှုအသိုင်းအ၀ိုင်းတလျောက်တွင် ပညာတတ်လူငယ်များဖြင့် စည်းတိုက်မြိုက်စွာ ခရီးနှင်ခဲ့ဘူးပေသည်။ ဌာနဆိုင်ရာအသီးသီးတွင် ပညာတတ်လူ့အရင်အမြစ်များ စားမကုန် တုန်မခန်းရှိခဲ့ဘူးသည်။ ယခင်ထိုသို့အစဉ်ပြေစွာရှိခဲ့သည့် အချိန်ကာလများစွာကပင် ကရင်နီလူ့ အရင်းအဖြစ်သည် လုံလောက်မှုမရှိဘိသကဲ့သို့တနိုင်ငံအလုံးအတိုင်းအတာဖြင့် အလုပ်အကြွေးပြုရန် ပညာ ရှင်များစွာလိုအပ်နေခဲ့သည်မှ အမှန်ပင်ဖြစ်လင့်ကစား ယခုကဲ့သို့မဟုတ်ခဲ့ပေ။ ယခုကရင်နီလူ့အသိုင်းအ၀ိုင်းတွင်လျော့ကျသွာသောလူဦးရေနှင့်ပညာတတ်များ ဌာနဆိုင်ရာအသီးသီးတွင်တာဝန်ထမ်းဆောင်နေ သောပညာတတ်ဦးရေများမှာတဖြေးဖြေးနှင့်သိသိတာတာ လျော့ကျလာသည်မှာကရင်နီလူမျိုးများ မျက်မြင်ကိုယ်တွေ့ရင်ဆိုင်နေရသော ပြသနာတရပ်ပင်ဖြစ်သည်။လူတိုင်းသည်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသည်ဟူသောအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းကြီး၏ပြဌာန်းချက်အရ မည်သူ့ကိုမျှအပြစ်မ တင်လိုပေ။ သို့သော်ကျဆုံးသွားသောမိမိတို့၏ ကရင်နီလူ့အရင်းအမြစ်များကို အထူးထည့်သွင်းစဉ်းစား ရန်လိုအပ်ပေသည်။ကရင်နီဒုက္ခသည်စန်းတွင်လူသစ်များတိုးလာခြင်းနှင့်အတူပညာတတ်များလျောကျသွားခြင်းမှာအလွန်ဆိုးရွားလှသော ကိစ္စရပ်ပင်ဖြစ်ပေသည်။လူသစ်များကိုမွေးထုတ်ခြင်းနှင့်အညီရှိလက်စပညာတတ်လူဦးရေများကိုတိုးပွားအောင်ဆောင်ရွက်ရန်အထူးလိုအပ်ပေသည်။ နိုင်ငံတခု၏ ဖွံ့ဖြိုးတိုးတတ်မှု တို့ကိုလေ့လာကြည့်မြင်လိုပါက ၎င်းနိုင်ငံတွင်ပညာတတ်ဦးရေမည်မျှရှိသည်ကိုပင် နိုင်ငံတကာက တိုင်းတာ မှုပြုကြပေသည်။ ပြေးကြည့်လျင်မည့်သည်ဌာနဆိုင်ရာတွင်မဆိုကရင်နီပြည်သူများအတွက်အလုပ်အကျွေး ပြုနေသောကရင်နီလူ့အရင်းအမြစ်များဖြင့်ပြည့်လျှံနေခဲ့ဘူးသည်။ လူအများကအလုပ်များကို ငွေကြေးပဓါနမထားဘဲအလုပ်ကိုသာဦးစားပေးရှာဖွေလုပ်ကိုင်ကာ ပြည်သူများအတွက်အလုပ်အကျွေးပြုလိုခဲ့ကြသည့် ခေတ်တခေတ်ကိုမိမိတို့ကရင်နီအသိုင်းအ၀ိုင်းကလည်း ပိုင်ဆိုင်ခဲ့ဘူးသည်။သို့သော်လက်ရှိအနေအထားတွင်အလုပ်ကပင်လူကိုပြန်လည်၍လိုက်ရှာရပေသည်။နံရံတိုင်းလူမြင်ကွင်းတိုင်း ပိုစတာတိုင်းနှင့်သတင်းစာနှင့်သတင်းစကားအများစုတွင်အလုပ်ခေါ်ကြေညာစာတမ်းတမ်းစာစောင်များဖြင့်ပြည့်လျှံနေ ပေသည်။ သို့သော်လူ့အရင်းအမြစ်လျော့ကျမှုကြောင့်လစ်လပ်နေသည့် နေရာများတွင်အချိန်မှီပြန်လည်၍လူစားထိုးခန့်အပ်ရန်အခက်အခဲမျိုးစုံတို့ကို ရင်ဆိုင်ကြုံတွေ့နေရပေသည်။ယခင်ကလစာ(သို့)တလလျှင်ဘယ်လောက်ပေးမည်လဲဟူသောစကားထက်အလုပ်ကိုသာဦးစားပေးခဲ့သော ဤအသိုင်း အ၀ိုင်းတွင် ယခုအချိန်တွင် အလုပ်ခေါ်စာ ကြေညာစာတမ်းကိုတွေ့ရှိပါက လစာ ဘယ်ရောက်ရလည်း ဟူသောမေးခွန်းကိုဦးစွာဖြေကြားရပေသည်။ ၎င်းနှင့်ပတ် တတ်သော အချက်အလက်ကိုသာ ဦးစွာစုံစမ်းခဲ့ပေသည်။  
            မိမိချစ်သောမိခင်ကို အနီးမှနေ၍ ငပိထောင်းနှင့်အချဉ်ဟင်းရေကို ပုံမှန် တည်ခင်းကျွေးမွေးနိုင်သော သား၊သမီးနှင့် အဝေးမှနေ၍တလတကြိမ်ပေါင်မုန့်၊ထောပတ်ပုံမှန်ပို့ပေးနေသောသား၊သမီးကိုမိခင်ဖြစ်သူကမည်သူ့ကိုပို၍ခင်သွယ်အားကိုးမည်ဟု သင်တို့ ယုံကြည်ပါသနည်း။ ထို့နည်းအတူပင်တော်လှန်ရေးကို ချစ်လင့်ကစား တော်လှန်ရေးကို အတွန့်မရှည်စေ လိုဘဲ တော်လှန်ရေးကြီးအမြန်အောင်မြင်ပါစေဟူသော ကြွေးကျော်သံသည်ပို၍မှန်ကန်နေပေလိမ့်မည်။ထိုသို့သောကြွေးကျော်သံနှင့်အညီ ကျုပ်တို့တော့ပြည်တွင်း ကနေ၍ စစ်အစိုးရကိုအနီးကပ်တိုက်ခိုက်မည်၊ ကျုပ်တော့ဒုတိယနိုင်ငံကနေ တော်လှန်မည်၊ ကျုပ်တော့တတိယ နိုင်ငံရောက်မှလုပ်ငန်းစမည်၊ကျုပ်တော့လေလှိုင်းပေါ်ကနေပြီးမှချတော့မည်၊အစရှိသည့်မတူကွဲပြားခြားနား မှုများအမြင်သဘောထား များအကြား လက်ရှိလျော့ကျနေသောကရင်နီလူ့အရင်းအမြစ်ကိုအခြေခံ၍မိမိတို့လုပ်သင့် ဆောင်ရွက် သင့်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန်အချိန်ကျ ရောက်ပြီ ဟုယုံကြည်ပေသည်။
            ၂၀၀၇ခုနှစ်မတိုင်မှီအချိန်ကာလတွင် တတိယနိုင်ငံသို့အခြေချနေထိုင်ရေးကို လူအများစိတ်ဝင် စားမှုနည်းပါးလှပေသည်။သို့သောာ်၂၀၀၇ခုနှစ်မှစ၍ယနေ့တိုင်တတိယနိုင်ငံသို့အခြေချနေထိုင်ရေးကိုအဘယ့်အတွက်ကြောင့်စိတ်ဝင်စားမှုနှုန်းများ တိုးပွားလာရသနည်း။ 
ကနာဂါတ် ကရင်နီခေါင်းဆောင်လေးများ

            ကမ္ဘာပေါ်တွင် ဆုံးရှုံးမှုမြောက်များစွာအနက် လူ့အရင်းအမြစ်ဆုံးရှုံးခြင်းသည် အဆိုးရွားဆုံးသော ပြသနာတရပ်ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ထိုသို့လျော့ကျသွားသော လူ့အရင်းအမြစ်များကို ပြန်လည်အစားထိုး ဖန်းတီးဖြည့်ဆည်းရန်အတွက် ကရင်နီတိုင်းရင်းသားအားလုံးတွင်တာဝန်ရှိပေသည်။

No comments:

Post a Comment