Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Tuesday, May 27, 2014

သင်္ကြန်ဆိုတာ မရှိခဲ့ရင်


{သင်္ကြန်ဆိုတာ မရှိခဲ့ရင် မြနန်းရှင်နဲ့မောင်နန္ဒဆိုတာလည်း ရှိလာမယ်မဟုတ်သလို စာတွေကဗျာတွေလည်း သရုပ်ဖော်နိုင်မယ်မထင်ပါဘူး} အင်းလျားကန် အဓိပတိလမ်းပေါ်တွင် အဖြူရောင်တိုယိုတာကားလေးတစီး တရွှေ့ရွှေ့မောင်းနှင်လာလေသည်။ ထိုကားလေးပေါ်မှ ပြာနုရောင်ဝိုင်းစက်လေး အထက်အောက် ဆင်တူဝတ်ဆင်ထားသည့် အသက်၂၀ကျော် အမျိုးသမီး ငယ်တဦးဆင်းလာသည်။ သူမ၏နန်းဆန်ဆန်အလှနှင့် သူမ၏ကျော့ရှင်းသော ခြေလှမ်းများကြောင့် မြင်ရသူအဖို့နှစ်ခါပြန် လှည့်ကြည့်ယူလောက်အောင်ပင် အေးမြတည်ကြည်လှသည်။

အင်းလျားကန် ရေပြင်တ၀ိုက် ၀င်းဝါစွာဖူးပွင့်နေကြသော ငုဝါပန်းများကြောင့်လည်း သူမ၏အလှကို ပိုမိုထင်ရှားစေခဲ့သည်။ သူမ၏အပြုံးကို မြင်ရဖူးသူများအဖို့ အသက်ရူပင်မေ့ လောက်သည်ဟု ပြောဆိုစမှတ်ရှိခဲ့ဖူးသည်။ သို့သော်ယနေ့အဖို့ သူမ၏မျက်နှာပေါ်တွင် မည့်သည့်အပြုံးမျိုးကို မဆိုထား နှင့် တစုံတခုကိုနာကြင်စွာထိခိုက်နေ သည့်အသွင်တို့ကြောင့် သူမကိုမြင်ရသူများမှာလည်း သူမနှင့်ထပ်တူ ကြေကွဲကြရ သည်။ ကန်ရေပြင်ကြီးဘေးရှိ ခုံလေးတစ်ခုံတွင် အသက်မဲ့စွာသူမထိုင်လိုက်ရင်း အင်လျားကန်ပြင်ကြီးကို လွမ်းမောစွာ ငေးမော ကြည့်နေမိသည်။ “ခွင့်မတောင်းဘဲ ခုလိုပြုမူလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်လို့တော့ မပြောလိုတော့ပါဘူး ကျတော်နန္ဒပါ” သူမသည် မိမိ၏ပုခုံးထက်မှ အေးမျမျဖြင့်ကျလာသော ရေစက်တို့နှင့်အတူ တည်ကြည်လှသည့် အမျိုးသားတဦး ၏အသံကို တပြိုင်နက်ကြားလိုက်ရလေသည်။ သူမသည် စိတ်ဆိုးခြင်ပါသော်လည်း ထိုအသံရှင်ကို မြင်လိုက်ရသည့် တခနသူမ၏စိတ်တို့သည် ဆန့်ကျင်ဖက်ဆီသို့ ဦးတည်လိုက်မိသည်။ လက်ထဲတွင် ပိတောက်ပန်းဝါ၀ါလေးများကို ကိုင်ဆောင်ထားပြီး ဖလားခွက်လေးတလုံးဖြင့် နန္ဒတစ်ယောက်သူမရှိရာသို့ ဦးတည်လျောက်လာနေသည်ကို သူမ, မသိ လိုက်။ သူမသိလိုက်သည့် အချိန်တွင် သူမသည်နန္ဒကိုင် ဆောင်ထားသည့် ဖလားခွက်လေးထဲမှ ရေများကြားတွင် အေးမျ စွာစိုဆင်းလို့နေလေပြီ။ “သင်္ကြန်မှာ အေးမြမှုကို ဆောင်ပါစေလို့ ကျတော်ဆုတောင်းလိုက်ပါတယ်၊ စိတ်မဆိုးဘူးဆိုရင် ကျတော်ကို ထိုင်ခွင့်ပြုပါလား” သူမသည် ယောကျာင်္းပီသပြီးတည်ကြည်ခန့်ကြားသည်။ သူမသည်သူ၏ရုပ်ရည်ကိုခနငေးမောနေမိသည်။ ထို့နောက် မျက်လွာကလေးချကာ အကြည့်ကိုလွဲလိုက်သည်။ “မြနန်းရှင်” “ရှင်-ရှင်ကနန်းရှင်ကိုသိနေတယ်” “သိတာပေါ့ များများစားစားတော့မဟုတ်ပေမဲ့ မြနန်းရှင်ဆိုတဲ့ နာမည်လေးတလုံးကိုတော့ ကျတော်သိအောင် မနည်းကြိုးစား ထားခဲ့ရတာပါ” မြနန်းရှင်ပြုံးလိုက်မိသည်။ ထိုအပြုံးကြောင့် သူ့ရင်တခုလုံးကို တုန်လှုပ်ဝေခဲ့သည်။ “နန်းရှင်ဒီနှစ်သင်္ကြန်အတွက် ကျတော်နှစ်သစ်အကူးလှနိုင်ပါပြီနော်” “ရှင်ဘာတွေပြောနေတာလည်း ကိုနန္ဒ” “သင်္ကြန်မတိုင်ခင် မြနန်းရှင်ကို သင်္ကြန်အကြိုလေး ရေလောင်းခွင့်ရလိုက်တာရယ် မြနန်းရှင်ကိုခုလို ခင်မင်ခွင့် ရတာကိုပါ” “နန်းရှင်က ရှင့်ကိုခင်ပါတယ်လို့ပြောမိသေးလို့လား” “မြနန်းရှင်ရဲ့ မျက်ဝန်းထဲမှာ ကျတော့်ကိုခင်မင်တဲ့ အရိပ်လေးတွေ ကျတော်တွေ့နေရတယ်လေ” “အို….” “နန်းရှင် ပုခုံးမှာလည်း ရေတွေရွဲလို့ပါလား သူကဘယ်သူတုန်း” သူမသည်မိမိ၏ပခုံးလေးကို လာရောက်ကိုင်ပြီး အသံပေးလာသော မူယာနှင့်ဖြူပြာတို့ကြောင့် ရှက်စိတ်ကလေး များ မျက်လွာပေါ်တွင်ပြေးသွားသလို ခံစားလိုက်ရသည်။ မြနန်းရှင်ပြုံးလိုက်မိပြန်သည်။ “သူလား သူကနန်းရှင်ရဲ့မိတ်ဆွေပေါ့ သူနာမည်က ကိုနန္ဒ” “မိတ်ဆွေ” “ဟုတ်တယ်လေ” “အော် ကိုနန္ဒတဲ့လား ကျမကမူယာ သူကဖြူပြာတဲ့ နန်းရှင်ရဲ့ အရင်းနီးဆုံး သူငယ်ချင်းတွေပါ” “ဟုတ်ကဲ့ခုလိုသိခွင့်ရတာ ၀မ်းသာပါတယ်” “ရှင်အရမ်းကံကောင်းတာဘဲ ကိုနန္ဒ” “ဗျာ မမူယာဘာကိုဆိုလိုခြင်တာလည်း” “ပြန်ကြရအောင်လားနန်းရှင် ဟိုမှာ အဘကောင်းစံလာကြိုနေပြီ” မူယာညွန်ပြရာသို့ မြနန်းရှင်နှင့်ဖြူပြာတို့နှစ်ဦးလုံး ကြည့်မိလိုက်ကြသည်။ သူမတို့ရှိရာသို့ ကားကလေးတဆီး ဖြေးညင်းစွာ မောင်းနင်လာသည်ကို တွေ့လိုက်ရသည်။ “နန်းရှင်တို့ကို ခွင့်ပြုပါဦး” “ဟုတ်ကဲ့ ဒါနဲ့ ဒါလေးယူသွားပေးပါလားမြနန်းရှင်” သူလှမ်းပေးသည် ပိတောက်ပန်းဝါ၀ါလေးများကို မြနန်းရှင်လှမ်းယူလိုက်မိသည်။ ထို့နောက်လှပသည့် ခြေလှမ်း များဖြင့် ထိုနေရာလေးမှထွက်ခွာလာခဲ့ကြသည်။ X – X – X – X – X – X – X - X- X “သမီးလေး နန်းရှင် ဒီနေ့အပြင်မှာ ကောင်လေးတစ်ယောက်နဲ့ မိတ်ဆွေတွေဖြစ်လာတယ်ဆို” “ဟုတ်ပါတယ်မယ်မယ် မယ်မယ့်ကိုဘယ်သူပြောပြတာလည်းဟင်” “ကိုကောင်းစံပေါ့” “သမီးတို့ ဘယ်ကနေဘယ်လိုရင်းနီးသွားကြတာလည်း” “ဒီလိုပါဘဲ မယ်မယ်ရယ်သူကယောကျာင်္းပီသတယ် ရုပ်ရေချောမောတယ် ပြီးတော့ဥပတိရုပ်လည်းကောင်းတယ် မနောလည်းဖြူပုံရတယ်မယ်မယ်” “သမီးလေးကို ဒီတစ်သက် ယောကျာင်္းလေး မိတ်ဆွေမရှိတော့ဘူးလို့တောင် ထင်ထားကြတာ ကောင်းပါတယ် မယ်မယ် တို့လည်းဝမ်းသာပါတယ်” “မယ်မယ်စိတ်မဆိုးပါဘူးနော်” “စိတ်ဆိုးစရာကိစ္စမှ မဟုတ်တာ သမီးလေးရယ် ကဲကဲသမီးလေးအိပ်တော့ ညနက်လှပြီ မယ်မယ်လည်း ဘုရားရှိ ခိုးပြီး အိပ်တော့မယ်” “ဟုတ်ကဲ့မယ်မယ်” သူမကိုနှုတ်ဆက်ပြီး သူမ၏အခန်းလေးထဲမှ သူမ၏မိခင်ဖြစ်သူထွက်ခွာသွားလေသည်။ သူမသည် မိခင်ထွက်ခွာ သွား ပြီးနောက် မီးခလုပ်များကိုပိတ်ကာ ညအိပ်မီးသီးလေးတစ်လုံးသာ ဖွင့်ထားလေသည်။ သူမသည် အိပ်ရာကုတင် ထက်တွင် လှဲလျောင်းနေရင်း အိပ်မပျော်နိုင်။ ထို့နောက်သည် အံဆွဲအတွင်း ထည့်ထားသည့် ယွန်းဗူးငယ်လေးတစ်ဗူးကို ထယူလိုက်သည်။ ထိုအံဆွဲလေးကိုဖွင့်ပြီး ပိတောက်ခက်လေးတစ်ခက်ကို သူမယူလိုက်ပြီး ထိုပိတောက်ခက်လေးကို သူမနမ်းလိုက်မိသည်။ ထိုသင်းမြမြပိတောက်နံ့တို့ကြောင့် သူမ၏ရင်တခုလုံးကိုအေးမြစေခဲ့သည်။ ကိုနန္ဒတဲ့ ရှင်ဘာဖြစ်လို့ နန်းရှင်ဘ၀တဲ့ကို ရောက်လာရတာလည်း။ ရှင့်မှာဘာရည်ရွယ်ချက်တွေများ ရှိနေလို့လည်းရှင်ရယ်။ အိုဘာတွေတွေး နေမိပါလိမ့်။ အိပ်တာဘဲကောင်းတယ်။ သူမသည် ယွန်းဗူးလေးကိုနေရာတွင်ပြန်သိမ်းထားလိုက်ပြီး ဆေးလေးသောက် ကာ အိပ်ပျော်အောင် ကြိုးစားနေလိုက်သည်။ X – X – X – X – X – X – X - X- X – X ဒီနေ့သင်္ကြန်အကြိုနေ့မို့ ဗုဒ္ဒဘာသာဝင် မြန်မာလူမျိုးများအားလုံး သင်္ကြန်ပန်းများဖြင့် သကြားမင်းအဆင်းကို ကြိုဆိုနေကြသည်။ အချို့သောသင်္ကြန်မဏ္ဍများတွင် သင်္ကြန်လှပျိုဖြူလေးများ သင်္ကြန်သီချင်းလေးများဖြင့် သီဆိုမြူးပျော် နေကြသည်။ မြနန်းရှင်တို့အိမ်၏ ခြံတံကားဝတွင် မရောင်မလည်နှင့် ကောင်လေးတစ်ယောက် ပိတောက်ပန်းလေးများ တပွေ့တပိုက်ဖြင့် ရောက်လာလေသည်။ ခြံ၏အနေအထားကိုကြည့်လိုက်သည်နှင့် အလွန်ကိုပင်ချမ်းသာကြွယ်ဝလှသည့် အဆင့်မီသူဌေးမျိုးနွယ်များ ဖြစ်သည်ကိုသူသတိပြုလိုက်မိသည်။ သူသည်အိမ်လေးကိုခေတ္တငေးမောကြည့်ပြီး အားငယ် သွားမိပါသော်လည်း မိမိ၏စိတ်ကို ပြန်လည်အားပေးကာ ပိတောက်ပန်းလေးများကို ခြံတံကားဝနားတွင် တင်ထားလိုက် ပြီးပြန်လည်ထွက်ခွာသွားလေသည်။ မနက်ခင်းနေရောင်တို့ဖြင့် လှပနေသော နေ့သစ်ကိုလှမ်းမျော်နေရင်း မိမိ၏ခြံလေးမှ ထွက်ခွာသွားသည့် လူတစ်ယောက်ကို ပြတင်းပေါက် မှမြနန်းရှင် မြင်တွေ့လိုက်ရသည်။ သူငယ်သူလည်း ။ “မမကြီး ဒီမှာပိတောက်ပန်းတွေ ခြံဝမှာတွေ့လို့ကျတော်ယူလာတာ” မနက်စာကော်ဖီသောက်နေကြသည် မြနန်းရှင်တို့မိသားစုလေးနားတို့ ဦးကောင်းစံတစ်ယောက် ပိတောက်ပန်း များဖြင့် ရောက်လာလေသည်။ “ဟုတ်လားကိုကောင်စံ ဘယ်သူလာထားသွားတာလည်း” “ကျတော်မတွေ့လိုက်ဘူး မမကြီး” “ဟိုကောင်လေးဘဲဖြစ်မှာပေါ့ အမေကြီးရယ်” ဖခင်ဖြစ်သူသည် မြနန်းရှင်၏မျက်နာကိုတချက်ကြည့်ပြီး ပြောလိုက်မိသည်။ မြနန်းရှင်ကမူဘာ မှခွန်းတုန့်ပြန်မှု မပြု။ “သမီးဘဲယူထားလိုက်ပါ ဘုရားလေးဘာလေးလှဲလို့ရတာပေါ့” “ဟုတ်ကဲ့မယ်မယ်” မိခင်ဖြစ်သူ၏စကားကြောင့် သူမသည်ဦးကောင်းစံလက်ထဲမှပန်းများကို လှမ်းယူလိုက်ပြီး ထိုနေရာလေးမှ ထွက်ခွာသွားလေသည်။ “တို့သမီးလေး ဒီနှစ်သင်္ကြန်တော့ စွံတော့မယ်ထင်တယ် မိန်းမ” “ကျမကသမီးလေးအတွက် စိတ်ပူနေတာ သူကယောကျာင်္းလေးသူငယ်ချင်းဆိုတာ ရှိဖူးတာမဟုတ်တော့ ယောကျာင်္း တွေအကြောင်းမသိဘဲ လှည့်စားခံရမှာကို ကြောက်နေမိတယ်” “သမီးက ဘွဲ့ခေတ္တပညာတက်တစ်ယောက်ပါမိန်းမရာ ဘာမှစိုးရိမ်မနေပါနဲ့” “ဒါပေမဲ့သမီးလေးက ငယ်ငယ်လေးကတည်းက ယောကျာင်္းလေးဆိုလို ရှင်နဲ့တောင်သိမ့်ပြီး တရောတနော ၀င်လှ တယ်မဟုတ်ဘူးလေ” မိန်းမဖြစ်သူ၏စကားကြောင့် ဦးကြည်သာတစ်ယောက် တချက်ကလေးတွေဝေနေမိသည်။ X – X – X – X – X – X – X - X- X – X “မြနန်းရှင် ဘုရားလာတာလား” ဘုရားဝတ်ပြုပြီး ဘုရားရေသက်ပယ်နေသော မြနန်းရှင်တစ်ယောက် နောက်မှနှုတ်ဆက်စကားကြောင့် သူမ တချက်ကလေး လှန့်သွားသည်။ “အော်အင်း ဟုတ်ပါတယ်” “တစ်ယောက်တည်းလား မြနန်းရှင်” “ဟုတ်ကဲ့” “စကားနည်းလှချည်လား မြနန်းရှင် ဘာလည်းကျတော်လာတာကိုမကြိုက်လို့လား” “မ-မဟုတ်ပါဘူး နန်းရှင်” “မြနန်းရှင် ဘာဖြစ်လို့လည်း” “ဘာ-ဘာမှမဖြစ်ပါဘူး ကိုနန္ဒ” ကတုန်ကရင်ဖြစ်နေသော မြနန်းရှင်၏လက်ကို သူလှမ်းကိုင်လိုက်သည်။ သူမ၏လက်သည် သာမာန်ထက် ပိုပြီးအေးစက် နေသည်ကို သူသတိထားလိုက်မိသည်။ သူမတခုခုကို စိုးရိမ်ကြောက်ရွံ့နေမှန်းသူသိလိုက်ရပြီး သူ၏လက် ကို ချက်ခြင်း ပင် ပြန်လည်ရုပ်သိမ်းလိုက်သည်။ “မြနန်းရှင်တစ်ောက်ထည်းဖြစ်နေရင် ကျတော်ပြန်လိုက်ပို့ပေးမယ်လေ ဒါပေမဲ့ကျတော့်မှာတော့မြနန်းရှင်တို့လို ကိုယ်ပိုင်ကားမရှိဘူးပေါ့” “အို ရ-ရပါတယ်ကိစ္စမရှိပါဘူး” “ကျတော်ပြန်လိုက်ပို့မှာကို မကြိုက်လို့လား” “အဲ့လိုလည်းမဟုတ်ပါဘူး အား-အားနာလို့ပါ” “အားနာတာမဟုတ်ဘဲနဲ့ ကျတော်နဲ့အတူ TAXI စီးရတာအောက်တယ်ဆိုရင်တော့ ကျတော်တောင်းပန်ပါတယ် မြနန်းရှင်” သူ၏စကားကြောင့် မြနန်းရှင်တုန်လှုပ်သွားမိသည်။ အားနာမိသည်။ သူအားငယ်မှာကို မြနန်းရှင် ကြောက်နေ မိသည်။ သူ့ကို မြနန်းရှင်အားပေးနေစေခြင်သည်။ သူ့အနားမှာနေနေရလျင်မြနန်းရှင်ရင်ခုန်လွန်းလို့ ဘာလုပ်လို့ဘာကိုင် ရမှန်း မသိလောက်အောင်ပင် တုန်လှုပ်နေမိသည်။ “နန်းရှင်သူ-သူနဲ့လိုက်ပါ့မယ်” “မြနန်းရှင်တကယ်ပြောနေတာနော် ၀မ်းသာလိုက်တာဗျာ ဒီလိုဆိုကျတော် TAXI ငှားလိုက်တော့မယ်” TAXI ကားလေးတစ်စီးပေါ်သို့ သူတို့နှစ်ဦးလိုက်ပါလာကြသည်။ သူဘယ်လိုနေမည်မသိသော်လည်း သူမအဖို့ လက်ဖြားက လေးများရေခဲသမြအေးစက်လွန်းလှသည်။ TAXI ကားလေးသည် သူမတို့ခြံဝန်းလေးအတွင်းထိုးရပ်လိုက်ပြီး သူမသည်သူ့ကိုပင် နှုတ်မဆက်တော့ဘဲ မပြေးရုံတမယ် ဆင်းသွားလေသည်။ သူမနောက်သို့လိုက်ပြီး ငေးမောကြည့် နေရင်း သူလိုက်ပါလာသော TAXI ကားကလေးသည် သူမ၏အိမ်လေးမှထွက်ခွာလာခဲ့သည်။ မြနန်းရှင်ရယ် တကယ် တမ်းကြတော့မင်းဟာ အရိုင်းပန်းလေးတပွင့်ပါဘဲ။ ဒါပေမဲ့ မင်းကပင်မြင့်မှာစံနေတဲ့ အရိုင်းပန်းဖြစ်နေတော့ ကိုယ်မင်းကို ဘယ်လိုလုပ်ခူးရက်ပါ့မလည်း တကယ်လို့များ။ X – X – X – X – X – X – X - X- X – X သင်္ကြန်ဒုတိယနေ့ သင်္ကြန်မဏ္ဍလေးတခုတွင် သင်္ကြန်တေးသီချင်းများဖြင့် စိစိညံအောင် မြူးပျော်နေကြသော လှပျိုဖြူလေး များသည် သင်္ကြန် အကဖြင့် ဥဏ်နေအောင်ကပြဖျော်ဖြေလျက်ရှိနေသည်ကို မြင်တွေ့ရသူများအဖို့ ရင်သပ်ရှု့မော်စရာပင်။ “ကိုနန္ဒ” မုန့်လုံးရေပေါ်ထိုင်စားနေသော နန္ဒသည်မိမိ၏အမည်ကို တရင်းတနီးခေါ်လိုက်သည့်အသံတို့ကြောင့် နောက်သို့ လှည့်ကြည့်မိ သည်။ “အော် မဖြူပြာတို့ပါလား” “ဖြူပြာလို့ဘဲရင်းရင်းနီးနီးခေါ်ပါ” “ဟုတ်ကဲ့ ဖြူပြာတို့ဘယ်လာကြတာလည်း” “ဒီကိုဘဲရေကစားထွက်လာတာ ကိုနန္ဒကိုတွေ့တာနဲ့ဝင်လာတာ” “မြနန်းရှင်ကောမပါဘူးလား” နန္ဒ၏အမေးကြောင့် ဖြူပြာနှင့်မူယာတို့သည် တစ်ဦးကိုတစ်ဦးကြည့်မိလိုက်ကြသည်။ “မပါဘူး ကိုနန္ဒ” “ဟုတ်တယ် ကိုနန္ဒကိုပြောစရာရှိလို့” “ဘာများလည်းဗျာ ကျတော်လည်းဖြူပြာတို့ကို မေးစရာရှိနေတာ” “ဒီလိုဆိုရင်ပြောစရာရှိတာ နောက်မှဘဲပြောတော့မယ် ကိုနန္ဒမေးတာကိုနားထောင်ကြည့်မယ်” “နားထောင်ရုံဘဲလားဗျာ မဖြေဘူးလား” “အဖြေကိုသိရင်ဖြေမှာပေါ့” “ဒီလိုဆိုရင် ကျတော့်ကို ပြီးခဲ့တဲ့အခေါကါက အရမ်းကံကောင်းတဲ့သူဘဲလို့ ပြောခဲ့တာဘာ အဓိပ္ပါယ် လည်းဗျာ” “တိုက်တိုက်ဆိုင်တိုင်ဘဲ ကျမတို့လည်း အဲ့ဒီကိစ္စကိုပြောဖို့ကိုနန္ဒကိုလိုက်ရှာနေတာ” “ဟုတ်ကဲ့” “ကိုနန္ဒ တကယ်တော့နန်းရှင်ဟာ ယောကျာင်္းလေးမိတ်ဆွေထားတက်တဲ့သူမဟုတ်ဘူး ကိုနန္ဒကသူ့ရဲ့ပထမဦးဆုံး မိတ်ဆွေ ဖြစ်ခဲ့ရတဲ့သူဘဲ” “ဟုတ်တယ်ကိုနန္ဒ နန်းရှင်ကသူ့အဖေကိုတောင် သိမ့်ပြီးအရောတ၀င်ရှိလှတာမဟုတ်ဘူး သူလူမှန်းသိတက်စ တည်းက မိန်းကလေးသူငယ်ချင်းတွေနဲ့ပဲပေါင်းလာတာ ဒီကိုပြောင်းလာတော့ မူယာတို့နဲပတွဲဖြစ်သွားတာ” “ဒါဖြင့်ရင် မြနန်းရှင်က ရန်ကုန်ဇာတိမဟုတ်ဘူးပေါ့” “ဟင့်အင်း သူကရှမ်းတိုင်းရင်းသူတစ်ယောက် လာရှိုးက” “အော်” “ပြီးတော့သူတို့က စော်ပွားမျိုးတွေလေ” “ဟူး-ဒါဖြင့်ရင်ကျတော့်အတွက်တော့ မျော်လင့်ချက်မဲ့ပြီပေါ့” “ဘာကိုပြောခြင်တာလည်း ကိုနန္ဒ” “မျော်လင့်ချက်မမဲ့ပါဘူး ကိုနန္ဒကနန်းရှင်ရဲ့ပထမဆုံးသောအမျိုးသားမိတ်ဆွေဆိုတာ မမေ့နဲ့ပေါ့” “ကိုနန္ဒ နန်းရှင်တို့က စော်ပွားမျိုးကဆင်းသက်လာပြီး ကျိကျိတက်ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကဆိုပေမဲ့ သူတို့ တွေမှာ အယူတည်းမှုတွေမရှိသလို နန်းရှင်ကိုလည်းသူ့မိဘတွေကသိမ့်ချစ်ကြတာ” “ကျတော်ဘာဆက်လုပ်ရမှာလည်း အမှန်တိုင်းပြောရရင် အခုကျတော်စီးနေတဲ့ ဖိနပ်တောင်ငှားစီး လာတာလို့ ပြောရင် မူယာတို့ယုံခြင်မှယုံမှာ” “ရှင်ကလည်းယုံအောင်တော့လိမ့်တက်ဦးမှပေါ့” “ကဲပါမူယာငါတို့သွားကြမယ် ကိုနန္ဒနန်းရှင်ကရှင့်ကိုစိတ်ဝင်စားနေပြီလို့ပြောရင် ရှင်ဘယ်လိုနေမလည်းဆိုတာ သိချင်လို့ ကျမတို့လာပြောတာပါ ကဲကျမတို့ကိုခွင့်ပြုပါဦး” မူယာနှင့်ဖြူပြာတို့ထွက်ခွာသွားပြီးနောက် နန္ဒတစ်ယောက်လည်းထိုင်နေရာမှ ထသွားလေသည်။ သူ၏ခြေ လှမ်းများသည် မြနန်းရှင်တို့နေထိုင်ရာ ရပ်ကွက်လေးထဲသို့ လှမ်းဝင်လာသည်။ သူ၏လက်ထဲတွင် ပိတောက်ခက်လေးများ နှင့်အတူ ပိတောက်ခက်လေးများအကြား စာရွက်ဖြူလေးတစ်ခေါက်ညှပ်ပါလာခဲ့သည်။ သူသည်ထိုပိတောက်ပန်းလေးကို မြနန်းရှင်တို့ခြံဝတွင် ယခင်အတိုင်းတင်ထားပြီးထွက်ခွာသွားလေသည်။ မြနန်းရှင်သည် ထိုပိတောက်ပန်းလေးများကို မြင်လိုက်သည်နှင့် သူ၏ခြေလှမ်းများသည် အလိုလိုနေရင်း အမိန့်ပေးစရာမလိုဘဲ ခြံဝနားသို့ရေရာက်လာလေသည်။ သူ၏လက်များသည် ပိတောက်ပန်းလေးများကို လှမ်းယူလိုက်ပြီး ပိတောက်ပန်းလေးကြားမှ စာရွက်ခေါက်လေးကို သူဖွင့်ကြည့်လိုက်သည်။ စာရွက်လေးထဲတွင် ဘာမျထွေထွေထူးထူးမပါ။ ၁၂၇၀၄ ဗိုလ်ချုပ်ပန်းခြံ (၁၀း၃၀) တတိယနေ့သင်္ကြန် ရှင်ကကျမကိုချစ်တယ်လို့ပြောနေတာလား ကိုနန္ဒ။ နန်းရှင်လည်းရှင့်ကိုချစ်ပါတယ်။ ဒါပေမဲ့နန်းရှင်ရဲ့ မိဘတွေ က နန်းရှင်အတွက်စိတ်ပူနေကြတယ်လေ။ ရှင်နန်းရှင်ကိုတော့ မလိမ်ညှာလောက်ပါဘူးနော်။ စာလေးကိုဖတ်ပြီး ပိတောက်ပန်းလေးများကိုယူကာ မြနန်းရှင်အိမ်လေးထဲသို့ ပြန်ဝင်သွားလေသည်။ X – X – X – X – X – X – X - X- X – X သင်္ကြန်တတိယနေ့ “မြနန်းရှင် ရောက်လာတယ်နော်ကိုယ်က မြနန်းရှင်လာမှလာပါ့မလားလို့ ဒီလိုဆိုရင် မြနန်းရှင် ကိုယ့်ကို ချစ်တယ်ပေါ့” “ရှင်” ပန်းခြံလေးထဲသို့ ခရီးရောက်မဆိုက် နန္ဒ၏အမေးကြောင့် သူမမျက်နာတခုလုံး နီးမြန်းသွားလေသည်။ သူမ၏ လက်များသည်လည်း ရေခဲတုံးလေးပမာအေးမျလှသည်။ “လာပါမြနန်းရှင်ကိုယ်တို့အေးအေးဆေးဆေးစကားပြောကြရအောင်” “အို” သူသည်မြနန်းရှင်၏လက်ကို ရုတ်တရက်ဆွဲခေါ်လိုက်ပြီး ထိုင်ခုံလေးတနေရာဆီသို့ ဦးတည်ခေါ်ဆောင် သွား လေသည်။ မြနန်းမင်းရဲ့လက်တွေက ရေခဲ့သမျအေးစက်လှပါလား မင်းကိုယ့်ကို ကြောက်နေတာလားမြနန်း။ မကြောက် ပါနဲ့ ခြောက်သွေ့နေတဲ့ မင်းရဲ့ဘ၀လေးထဲကို ကိုယ်ဘယ်တော့မှ မလှည့်စားပါဘူး။ ထိုင်ခုံလေးသို့အရောက် သည်သူမ၏ လက်ကလေးကိုလွတ်လိုက်ပြီး ခုံလေးပေါ်တွင်ထိုင်စေခဲ့သည်။ “မြနန်းကိုယ်မေးတာကို ဖြေဦးလေ” “ရှင် ကျ-ကျမ” “ကိုယ့်ကိုချစ်တယ်မဟုတ်လား မြနန်း” မေးရက်လိုက်တာရှင်ရယ်။ ရှင့်ကိုချစ်မိသွားလို့လည်း ရှင်ချိန်းတဲ့နေရာကို မိန်းကလေးတန်မဲ့အရောက် လာခဲ့တာ ပေါ့။ ရှက်စိတ်များဖြင့် မြနန်းရှင်တစ်ယောက် ခေါင်းကလေးကို ငုံ့ကာထားနေမိသည်။ “ခေါင်းလေးမော့ပါဦးမြနန်း” သူသည်သူမ၏မေးဖြားလေးကို ပင့်ပြီးသူမ၏ခေါင်းလေးကို မော့စေခဲ့သည်။ သူမသည်ရှက်စိတ်များကြောင့် မျက်နာတခုလုံးပင် နီးမြန်လို့နေပေသည်။ သူသည်သူမကိုရင်ခွင်ထဲသို့ရုတ်တရပ်ဆွဲသွင်းလိုက်သည်။ သူမသည်တုန်လှုပ် ခြောက်ခြားစွာဖြင့် ခန္ဒာကိုယ်တခုလုံးတင်မာနေခဲ့သော်လည်း မိနစ်အနည်းငယ်လောက်တွင် သူမသည် ထိုရင်ခွင်တွင် ပျော်မွေ့သွားလေတော့သည်။ X – X – X – X – X – X – X - X- X – X “သမီးလေး မယ်မယ်တို့လားရှိုးကို ခနပြန်ဦးမယ် သင်္ကြန်ပြီးတော့ သမီးရဲ့ဖိုးဖွားတွေကို သွားကန်တော့ ရဦးမယ် လေ အဲ့ဒါသမီးလေး တစ်ယောက်ထည်းနေခဲ့လိုဖြစ်ပါ့မလား” “သမီးက ကျန်းမာရေးအခြေအနေအရ လိုက်လို့မှမဖြစ်တာသမီးရယ်” “သမီးမယ်မယ်တို့ကိုစိတ်မချလို့ပါ” “မောင်နန္ဒလည်းပါမှာလေ သူကကားမောင်းပြီးလိုက်ပို့ပေးမှာ” “အော်ဒါဆို ဖေဖေကားမောင်းစရာမလိုဘူးပေါ့နော် မယ်မယ်” “ဒါပေါ့သမီးရဲ့” မိခင်ဖြစ်သူ၏စကားကြောင့် သူမသည်ချစ်သူနှင့် ခနဝေးမည်ကိုပင်မလိုလား။ သို့သော်မိဘများကို လိုက်ပို့မည့် အရေးမို့ သူမ,မတားလိုပေ။ သူမ၏မိဘများကိုတင်ဆောင်လျက် သူမတို့ခြံဝန်းလေးထဲမှ တရွေ့ရွေ့မောင်းနင်ထွက်ခွာသွားလေသည်။ ကားကလေး သည် သူမ၏မြင်ကွင်းထဲမှတဖြေးဖြေးပျေက်ကွယ်သွားလေသည်။ “မောင်နန္ဒ” “ဗျာအန်တီ” “နန်းရှင်ခေါ်သလိုဘဲ မယ်မယ်လို့ခေါ်ပါ” “ဟုတ်-ဟုတ်ကဲ့ပါမယ်မယ်” “မင်းကိုမယ်မယ်မေးစရာရှိတယ် မင်းအမှန်တိုင်းဝင်ခံမလား” “ဟုတ်ကဲ့” “မင်းမှာအရင်ကချစ်သူရှိခဲ့ဘူးတယ်ဆို” “ဟုတ်ပါတယ်မယ်မယ် ဒါပေမဲ့” “မယ်မယ်သိပြီးပါပြီ မင်းကောင်မလေးအိမ်ကမင်းနဲ့သဘောမတူလို့ သူ့ကိုနိုင်ငံခြားကိုပို့လိုက်ပြီး အဲ့မှာဘဲ အိမ်ထောင်ချပေးလိုက်တာဆို” “မင်းနန်းရှင်ကိုကော တကယ်ချစ်ရဲ့လား” “သေခြာတယ်မယ်မယ် မယ်မယ်တို့သဘောမတူရင် ကျတော့်မြနန်းကိုကျတော့်ရဲ့ဘ၀ထဲကနေ ဒီအတိုင်းလေး ဘဲကြည့်နေမှာပါ ဆွဲခေါ်မလာပါဘူးမယ်မယ်” “ဒါပေမဲ့ သမီးကမင်းကိုသိမ့်ချစ်တာလေ” “ကျတော်လည်း မြနန်းကိုသိမ့်ချစ်တာပါဘဲမယ်မယ်” “မင်းတို့ကို ဒီသီတင်းမကျွတ်ခင် မယ်မယ်ကလက်ထပ်ပေးမယ်ဆိုရင်ကော” “ဗျာ ကျ-ကျတော်” မြနန်းရှင်၏မိခင်စကားကြောင့် ကားမောင်းနေသောသူ၏လက်ကလေးများ တုန်ရင်သွားသည့်အလား။ “အဆင်သင့်မဖြစ်သေးဘူးလို့ပြောမလို့လား အစစအရာရာမယ်မယ်တို့ကအားလုံးစီစဉ်ပေးမှာပါ” “ကျ-ကျတော်မြနန်းကိုစိတ်ချမ်းသာအောင်ထားပါမယ်လို့ မယ်မယ်တို့ကိုကတိပေးပါတယ်” “ဒီလိုဆိုရင်မင်းမယ်မယ်တို့ကိုကျေးဇူးဆပ်ရာရောက်ပါပြီ” နန္ဒ၏ကတိစကားကြောင့် ဦးကြည်သာတို့ဇနီးမောင်နံတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးကြေနပ်စွာ ပြုံးလိုက်မိသည်။ X – X – X – X – X – X – X - X- X – X နောက်နှစ်ရက်ကြာသော် {ကလင်းလင်း-ကလင်းလင်း} တယ်လီဖုန်းလေးမည်သံကြောင့် ဧည့်ခန်းလေးထဲတွင် စာထိုင်ဖတ်နေသည့် နန်းရှင်သည် လျင်မြန်သော ခြေလှမ်းများဖြင့် ဖုန်းခွက်ကိုကောက်ကိုင်လိုက်သည်။ “မြနန်းရှင်စကားပြောနေပါတယ်” “x.x.x.x.x.x.x.x.x.x.x.x.x.x.x.x.x.x.x.x.x.x.x.x” “ရှင်!” တဖက်မှပြောသံကြောင့် မြနန်းရှင်လက်ထဲမှဖုန်းခွက်ကလေးပြုတ်ကျသွားသည်။ သူမကိုယ်တိုင်ဆောက်တည်ရာ မရဖြစ်ကာ ထိုနေရာတွင်မူးမေ့သွားလေသည်။ “သမီး နန်းရှင်” ကားဆရာဦးကောင်းစံတစ်ယောက် အပြေးတပိုင်းဖြင့် သူမအနားသို့ရောက်လာသည်။ သို့သော်သူ၏ခေါ်သံကို သူမမကြားနိုင်တော့ပေ။ ကျနေသောဖုန်းခွက်ကို သူကောက်ကိုင်လိုက်သည်။ “ဟဲလို-ဟဲလို တဖက်ကရှိသေးလား” “ဟုတ်ကဲ့လားရှိုးရဲစခန်းကပါ” “ဟုတ်ကဲ့ခုနက ဘာများဖြစ်တာလည်းဗျာ” “ဦးကြည်သာတို့ လိုက်ပါလာတဲ့ ကားလေးတစ်စီး လားရှိုးအထွက်မှာပရိပ်မမိတဲ့ ကုန်ကားတစီး လမ်းချော် ထွက်လာလို့ အက်စီးဒက်ဖြစ်သွားတာ အားလုံးပွဲဖြင်းပြီးဆုံးသွားပါပြီ” “ဗျာ” ဦးကောင်းစံသည်ဖုန်းခွက်ကိုချလိုက်ပြီး မြနန်းရှင်ကိုပွေ့ချီကာ ကားနားသို့အပြေးတပိုင်းဖြင့် ရောက်သွား လေ သည်။ X – X – X – X – X – X – X - X- X – X “သမီးမြနန်းရှင် ပြန်ကြရအောင်ကွယ် နေတောင်ဝင်တော့မယ်” အချိန်မည်မျှပင် ငေးမောကြာရှည်စွာ ထိုင်နေမိမှန်းမသိ။ နောက်မှဦးကောင်းစံ၏အသံကိုကြားလိုက်မှပင် သူမ သတိဝင်လာသည်။ “အဘကောင်းစံ နောက်၂ရက်နေသင်္ကြန်ကျတော့မှာနော်” “နှစ်တွေလတွေလည်းအလီလီပြောင်းလို့ အချိန်တွေလည်း ကြာညောင်းခဲ့ပြီဘဲနန်းရှင်ရယ်” “ဒါပေမဲ့နန်းရှင်အတွက်ကတော့ မနေ့တနေ့ကလိုပါဘဲ သင်္ကြန်ဆိုတာ မရှိခဲ့ရင်” သူမသည်လေးလံသောခြေလှမ်းများနှင့်အတူ ထိုင်နေရာမှထလာပြီး ကားလေးဆီသို့ ခံစားချက်မဲ့စွာ သံပါတ် ပေးထားသည့် စက်ရုပ်လေးတရုပ်ပမာ လျောက်သွားလေသည်။ သူမထိုင်နေသည့် မလှမ်းမကမ်းတနေရာတွင် သူမ၏ လှုပ်ရှားမှုများကို အစအဆုံးသတိထား နေသောလူကြီးဆန်ဆန်လူငယ်လေးတစ်ယောက်ကို သူမ သတိထားလိုက်မိမည် မဟုတ်ပေ။

No comments:

Post a Comment