၂၀၀၅
ခုနှစ်တတိယနိုင်ငံသို့ အခြေစိုက်နေထိုင်ရေးအစီအစဉ်တရပ်ကို UNHCR မှ ကရင်နီ ဒုက္ခ သည်
စခန်းအမှတ်၁တွင်းသို့ Massage (သတင်း)ချလိုက်သည်နှင့် ကျမအပါအ၀င် လူတွေရုပ်ရုပ် သဲသဲ
ဖြစ်ခဲ့ရ ပေသည်။ နေ့တဓူဝ ၀န်ထမ်းများ၊ ကျောင်းသူကျောင်းသားများလက်လုပ်လက်စားသမားများအလွာအသီးသီးအတန်းစားအသီးသီးကရင်နီလူမျိုးနွယ်စုတို့၏ ဘုံစကား တခုပင်ဖြစ်လာခဲ့ရသည်မှာ
ယနေ့ တိုင်ဖြစ်လင့် ကစား ကရင်နီပြည်ဖွားတိုင်းရင်းသားညီအကိုများသိရှိနေပေလိမ့်မည်။
PHOTO FROM Kantarwaddy Time |
ကရင်နီဒုက္ခသည်စခန်းသည်ကရင်နီတပ်မတော်အားမှီခို၍ယနေ့တိုင်ရပ်တည်နေရပေသည်။န၀တတဖန်ဖြစ်လဲနအဖစစ်အစိုးရ၏နယ်မြေလုယက်မှုအတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုအရွယ်စုံအမျိုးသမီးများအပေါ်မုဒိန်းမှုကျူးလွန်ခြင်း
ပေါ်တာဆွဲခြင်းအမှုပေါင်း ထောင်သောင်းမကျန်ကျူးလွန်နေ ခြင်းကြောင့်အမိမြေကိုစွန့်ခွာလျှက်ကရင်နီနှင့်နယ်နိမိတ်ထိစပ်ရာ ထိုင်းနိုင်ငံသို့ဒုက္ခသည်များအဖြစ်လာရောက်ခိုလုံနေခဲ့ရသည်မှာနှစ်ပေါင်း၂၀ပင်ရှိရော့မည်။