Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Wednesday, June 11, 2014

အွန်လှိုင်းက-ချစ်သူ

ရင်နှစ်အမျှချစ်ရသူမို့
အသဲကဦး ချစ်မြှားဆူးလဲ
မမုန်းရက်နိုင် မေ့မရနိုင်ခဲ့

နာရီလက်တံတလိပ်လိပ်ကိုငေးမောကြည့်ရင်း
ဒေါင်းကနက်မြည်တဲ့ နိုးစက်သံကြောင့်
ကွန်ပြူတာရှေ့မှာ ကိုယ့်ခြေလှမ်းများ
ရပ်တန့်မိပြီ။

သံပါတ်ပေးထားတဲ့ ကိုယ့်လက်များက
ကလောက်ကလဲ ကလောက်ကလဲ
ကွန်ပြူတာကီးပုဒ်ပေါ်ကို အလိုလိုကျရောက်သွားချိန်။

www.gmail.com sing in လို့
အပြေးအလွားရှာမိတာ
ချစ်သူ့စာလွာ- ချစ်သူရဲ့အရိပ်
ဝေးကွာနေတဲ့ ကမ္ဘာ့လေထုအကြား
အလွမ်းစာတွေနဲ့ အမောပြေခဲ့ရတဲ့
နေ့ရက်များစွာကို လက်ချိုးရေတွက်ရင်း
နာရီလက်တံတွေကို မုန်းနေမိတယ်။
ပြက္ခသိန်တွေကို စိတ်နာနေမိတယ်။
ကမ္ဘာ့ရွာကြီးရယ်။

No comments:

Post a Comment