Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Wednesday, June 18, 2014

အမေ

ခြေဖ၀ါး လက်နှစ်လုံး

ပခုံးလက်နှစ်ဆစ်အရွယ်
သေမင်းနဲ့လွန်ဆွဲလို့
လောကကြီးထဲ ဆောင်ချည်းပေးတဲ့အမေ

ပညာ-အမေမတတ်ဘူး
ငါ့ကိုတော့ ကျောင်းပို့ခဲ့တယ်

စာ-အမေမဖတ်တတ်ခဲ့ဘူး
ဒါပေမဲ့ ငါရေးတဲ့စာ အမေနေ့တိုင်းမျှော်နေရှာတယ်

အွန်လှိုင်း-အမေမသိရှာဘူး
ဒါပေမဲ့ ငါဖုန်းတနေ့ဆက်နိုး တနေ့ဆက်နိုး အမေမျှော်လင့်ရှာတယ်

ဥပဒေ- အမေနားမလည်ဘူး
ငါအမှုရင်ဆိုင်ရတဲ့နေ့ အမေရှေ့နေငှားခဲ့တယ်

ကွန်ပျူတာ အမေမသိရှာဘူး
ဒါပေမဲ့ အမေ့ဆုံးမမှုက သူ့ထက်လက်တွေ့ကျတယ်

အိမ်-ကိုယ်ပိုင်အိမ် အမေ့မှာမရှိပေမဲ့
ကြင်နာမှုတော့ အပြည့်ရှိတယ်
အမိုးလုံတဲ့ တဲလေးအောက်မှာ
ကြင်နာမှုတွေပေးရင်း
ငါပြန်ပေးတဲ့ နာကျင်မှုကို
ပြုံးပြုံးကြီးခံယူရှာတယ်

မေတ္တာတရားကြောင့် သွေးစတို့
နို့ရေကြည်အဖြစ်ပြောင်းလဲ
တိုက်ကျွေးခဲ့တဲ့အမေ

အဖေ-ခေါ်စရာငါ့မှာမရှိပေမဲ့
ဖခင်မေတ္တာပါပေးနိုင်တဲ့အမေ
အမေ့မေတ္တာ၊ အမေ့အကြင်နာ
မေ့ဂရုဏာနဲ့ သွန်သင်မှုတွေအကြား
ငါလူလားမြောက်ခဲ့ပြီ။

No comments:

Post a Comment