Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Friday, June 13, 2014

အနာဂတ်




ဒီစာကားလုံးသုံးလုံးအောက်
ကလေးတွေ အသက်ပျောက်ခဲ့တယ်။

ဒီစကားလုံး သုံးလုံးကြောင့်
ပျိုမေတွေလဲ ဘ၀ပျက်ခဲ့တယ်။



ဒီစကားလုံးသုံးလုံးကြောင့်
မိသားစုတွေ ရှင်ကွဲကွဲရသလို
သေကွဲလဲကြုံပြန်တယ်။     

ဒီစာကားလုံး သုံးလုံးကြောင့်
ချစ်သူတွေလဲကွေးကွင်းခဲ့ရ။

ဒီစကားလုံးသုံးလုံးကြောင့်
မိခင်များလဲ ဒူးနဲ့မျက်ရည်
တုတ်နေရပြီ။      

ဒီစကားလုံးသုံးလုံးကြောင့်
တို့ညီအကိုလဲ
လက်နက်ကိုင်တိုက်ပွဲဝင်နေရပြီ။

ဒီစကားလုံးသုံးလုံးကြောင့်
တို့လူမျိုးတွေ အကွဲကွဲအပြားပြား
တတိယနိုင်ငံလည်း အခြေချခဲ့ပြီ။

ဒီစကားလုံးသုံးလုံးကြောင့်
ကိုယ်ချစ်ရတဲ့သူ၊ မွေးရပ်မြေနဲ့
စာသင်တော်၊စာသင်သား
ကျောင်းသူ၊သားများနဲ့လည်း ကွေးကွင်းရပြီ။

မွေးချစ်ညီအစ်ကို
သေဖော်ရှင်ဖက်၊ တိုက်ဖော်တိုက်ဖက်ရဲဘော်အပေါင်း
နုတ်ဆက်မဲ့စကားမပြောလိုဘူး
အောင်မြင်မှုနဲ့တနေ့ပြန်ဆုံမယ်လို့
ပြုံးတုံ့တုံ့တွေးရင်း
ဘရိပ်မပါတဲ့ ဘီးစကိတ်လို
ရှေ့ဆက်နေတဲ့ ကိုယ့်ခြေလှမ်းများစွာဟာ
အနာဂတ်ဆိုတဲ့
စာကားလုံးသုံးလုံးဆီသို့။  
                                  

No comments:

Post a Comment