Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Friday, June 13, 2014

ဆယ်ကျော်သက်




တီတီတာတာပြောတက်တဲ့အရွယ်
တီတီထွင်ထွင် စူးစမ်းတဲ့အရွယ်
အမေကတားတော့ သူကဖိုက်တယ်။






ဆေးလိပ်မသောက်ပါနဲ့သားရယ်
အဖေ့လို အဆုပ်ရောဂါရလိမ့်မယ်
အဖေကပြောတော့သူကဖိုက်တယ်။

အရက်မသောက်ပါနဲ့မောင်လေးရယ်
မင်းကိုကြီးလို လူညွန့်တုံးလိမ့်မယ်
မကြီးပြောလည်း သူကဖိုက်တယ်။

ဘိန်းနဲ့မူးယစ်ရှောင်ပါမောင်လေးရယ်
မင်းကိုလတ်လို အသက်တိုလိမ့်မယ်
မလတ်ကပြောတော့သူဖိုက်တယ်။

ဆယ်တန်းကျောင်းကိုအခါခါကျ
အဖြူနဲ့အစိမ်းတွေ ညစ်ညစ်ထွန်း
သေလေဂျပိုးဖြစ်နေတဲ့မောင့်ဘ၀။

ယောကျာင်္းလေးမို့ အပြစ်မမြင်
စူးစမ်းတာကိုပွေမယူခြင်
(မ) ကိုချစ်ရင် ၁၀တန်းအောင်ပါစေဒီနှစ်
မဖိုက်ပါနဲ့တော့ ဖေဖေနဲ့မေမေ့ကို
ကိုကို၊မကြီး ကိုလဲဖိုက်ဖို့မသင့်
ပလီပလာနဲ့တီတီတာတာပြောတတ်တဲ့ (မ)ကြောင့်
ဒီနှစ်တော့ချာတိတ်လေး
၅ဘာသာဂုဏ်ထူးဖြင့်
ဆေးကျောင်းသားလေးဖြစ်နေပြီ။

No comments:

Post a Comment