Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Tuesday, June 3, 2014

ကဗျာသက်သေ

လူမျိုးတမျိုး၏ဂုဏ်

သမိုင်းတခု၏အမွေအနှစ်
ကဗျာဖြစ်သတဲ့


၈၈ ရဲ့နိဒါန်း
ကျောင်းသူ၊သားများရဲ့သမိုင်း
ကဗျာဖြင့်သက်သေထူခဲ့
ပျူခေတ်လက်ရာ ရွှေနယားခေါင်းလက်ကြပ်


၂၀၀၇ စက်တင်ဘာရဲ့ မိုးသဲသော နေ့၊ည များ
၂၀၀၈ နာဂစ်ရဲ့ အရိပ်ဆိုး
ကဗျာတွေ သက်သေထူပြန်သတဲ့။


အစဉ်အလာ မလှတဲ့ မြန်မာ့သမိုင်းအကြောင်း
စာလုံးမွဲမွဲနဲ့ စာကလုံးကရဲရဲ အသုံးအနှုန်းကအကွဲအပြဲ

ကဗျာ့အလင်္ကာတေးနဲ့ ဖော်သီရင့်ကျူး
ကျစ်လစ်သိမ့်တည်း စာလုံးမဲနှင့်
သီကုံးထားတဲ့သမိုင်းသံစဉ်
သမိုင်းမလှပေမဲ့ အဆင်အယဉ်လှပေသမို့
အလကာင်္ရလို့ ကဗျဉ်းတင်

နိုင်ငံ့သမိုင်း လူမျိုးစု၏သမိုင်း
နိုင်ငံ့ဂုဏ်ဆောင်
ကျောင်းသူ၊ ကျောင်းသားသမိုင်း
ကဗျာအရေး ကဗျာအတွေးဖြင့်
သွေးစက်တို့ဖြင့် သက်သေပြုကာဖော်ကျူး
ကဗျာသွေးဖြင့်သက်သေထူ။

ခေတ်အဆက်ဆက် ဂန္တာဝင် အခက်ခက်မှာ
သက်ကြီးစကားသက်ငယ်ကြားစေဖို့
ကဗျာသွေးဖြင့် သက်သေပြု
သမိုင်းမပြောက်အောင်
ကဗျာဖြင့်ဂုဏ်ဆောင်

No comments:

Post a Comment