သယ်ရင်းဘဲတဲ့ သူအမြဲပြောတယ်
သယ်ရင်းဘဲတဲ့ သူအမြဲပြောတယ်
ဒို့နှစ်ယောက်ရဲ့ရင်ထဲ
ကိုယ်စီသံစဉ် လှိုင်းခက်မှုများ
မုန်တိုင်းထန်နေခဲ့။
သယ်ရင်းဘဲတဲ့ သူအမြဲပြောတယ်
ဟန်ဆောင်အပြုံးနဲ့ဆွေးနေကြတဲ့
ဒို့တွေရဲ့မျက်ဝန်းအစုံ
ရင်ထဲကိုယ်စီအသိတွေနဲ့
သယ်ရင်းဘဲတဲ့လား။
ကိုးရီးယားဇတ်လမ်းလေးကို
ပြေးမြင်မိပေမဲ့
တို့အသိုင်းအ၀ိုင်းလေးရဲ့အမြင်
ဆန့်ကျင်နေလေတော့
သယ်ရင်းဆိုတဲ့
စည်းမျဉ်းတံတိုင်းလေး
ရိုက်ချိုးဖို့အင်းအား
ကိုယ့်မှာမရှိနတ္ထိ။
သယ်ရင်းဘဲတဲ့
သူအမြဲပြောတယ်
သယ်ရင်းလေးပါဘဲတဲ့။
No comments:
Post a Comment