Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Tuesday, June 3, 2014

နိုင်ငံရေး အံ့တုမှု



အာဏာရှင်စနှစ်ကို တိုက်ခိုက်ရာတွင် ကလေးငယ်များ ပူးစီဖောင်းဖောက်တမ်း ကစားသကဲ့သို့ လွယ်ကူ သည့်ကိစ္စရပ်မဟုတ်ပေ။ ပေးဆပ်မှုအမျိုးမျိုး အန္တရာယ်အဖုံဖုံ ဒုက္ခအသွင်သွင်စီးဆင်းနေသည့် မြစ်ရေစီးကြောင်းထဲသို့ လွင့်မြောနေသော လှေငယ်တစီးနှင့်တူပေသည်။ 



            မိမိတို့၏အားသာချက်များကို စုဆောင်းကာ ရန်သူ၏အားနည်ချက်များကို ချိန်ရွယ်လျှက် အကြမ်းမဖက်သော နည်းဖြင့် လိမ်မာပါနပ်စွာ ကိုင်သွယ်တိုက်ခိုက်သော နည်းစနှစ်တခုကို နိုင်ငံရေးအန်တုမှုဟုခေါ်ဆိုနိုင်ပေသည်။ အာဏာရှင် တို့၏ဆန္ဒကို ကန့်ကွက်ခြင်း၊ အာဏာရှင်တို့နှင့် မပူးပေါင်းဘဲ ဆန့်ကျင်ခြင်း၊ အာဏာရှင်အစိုးရအပေါ် မကျိုးနွံဘဲနေခြင်း၊ အာဏာရှင်အစိုးရတို့၏ စေခိုင်းမှုမှန်သမျှကို ဆန့်ကျင်ခြင်း၊ မလုပ်ဆောင်ဘဲနေခြင်း၊ အစိုးရ၏သြဇာကို အကြမ်းမဖက် သည့်နည်းဖြင့်ဖိဆန် ဆန့်ကျင်ခြင်းတို့ကိုဆိုလိုသည်။
            နိုင်ငံရေးအန်တုမှု၏အနှစ်သာရမှာ အာဏာရှင်တို့၏ လက်တွင်းသို့ကျရောက်နေသော အုပ်ချုပ်ရေးဆိုင်ရာ အာဏာအရပ်ရပ်ကို ပြည်သူလူထုလက်တွင်း ပြန်လည်ရောက်ရှိလာရန်အတွက် ပြည်သူလူထုအများစုမှ အကြောက်မရွံဘဲ အကြမ်းမဖက်သည့်နည်းဖြင့် ပြန်လည်ရယူမှုများသာဖြစ်သည်။ ဒီမိုကရေစီ၏ အရင်းအမြစ်ဖြစ်တည်းဟူသော အာဏာ သည် ပြည်သူလူထုထံမှ ဆင်းသက်လာသည်ဟု ဆိုသည့်အတိုင်း မည်သည့်အစိုးရမဆို ပြည်သူလူထု၏ အားပေးထောက် ခံမှု၊ ပူးပေါင်းပါဝင်မှု၊ ဆောင်ရွက်မှု၊ နာခံမှု အကူအညီပေးမှုများကို မဖြစ်မနေ ရရှိရန်လိုအပ်ပေသည်။ သို့ဖြစ်ပါ၍ပြည်သူလူ ထုတရပ်လုံမှ ၎င်းတို့လိုလားနေသော အားပေးထောက်ခံမှု၊ ပူးပေါင်းပါဝင်မှု၊ ဆောင်ရွက်မှု၊ နာခံမှု၊ အကူအညီပေးမှုများ ကိုရုပ်သိမ်းလိုက်မည်ဆိုပါက အာဏာရှင်စနှစ်၏ အာဏာတည်မြဲမှုတည် ရေရှည်တည်တံ့နိုင်မည်မဟုတ်ပေ။ နိုင်ငံရေး အန်တုမှု၏ ဆင့်ကဲတိုက်ပွဲဝင်ရာတွင် အာဏာရှင်၏ အားနည်ချက်ကို စနစ်တကျရွေးချယ်တိုက်ခိုက်နိုင်ရန်အတွက် မိမိ၏ လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။ ပြည်သူလူထုဖက်မှ ကြိုတင်ပြင်ဆင်ထားမှုရှိမှသာလျှင် အာဏာရှင်အစိုးရ၏ အားနည်းချက်ဗဟိုကို ထိထိမိမိကိုင်သွယ်နိုင်မည်ဖြစ်သည်။ ပြည်သူလုထုသည် အသိအမြင် ဗဟုသုတ ကြွယ်ဝခြင်း၊ စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း၊ စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းစဉ်းရမည့် ချက်အလက်များကို ပိုင်နိုင်စွာသိနားလည်ခြင်းသည် အလွန်အရေးကြီးလှပေသည်။ အာဏာရှင်စနှစ်တခုသည် အစိုးရ၏ အာဏာသည် အထက်မှအောက်သို့ (အစိုးရမှပြည်သူထံသို့) စီးဆင်းလာပြီး၊ ဒီမိုကရေစီနိုင်ငံတခု၏ အစိုးရအာဏာသည် အောက်မှအထက်သို့ (ပြည်သူမှ အစိုးရတခုဆီသို့) စီးဆင်းသည့်အာဏာဖြစ်သည်။
မည်သည့်နိုင်ငံတော် အစိုးရမဆို ၎င်းတို့၏နိုင်ငံကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင် အုပ်ချုပ်ရန် ကြိုးစားကြမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှင့်ပြည်သူအကြား သဘောတူစာချုပ်တခုပင်ဖြစ်သည်။ သို့သော်အာဏာရှင် စနှစ်အသွင်း ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတုအရောင်ဖြစ်သည်ကများသည်။ အစိုးရ၏ဆောင်ရွက်သည့်ကိစ္စမှန်သမျကို ပြည် သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှု နာခံမှုများ ဆိတ်သုန်းနေလျှင် ၎င်းတို့၏အာဏာများကို ဆက်လျှက်အကောင် အထည်ဖော်ဆောင်ရန် ခဲယဉ်းသွားလိမ့်မည်။

အာဏာရှင်၏အရင်းအမြစ်များသည်
၁. လူထုကအစိုးရသည် တရားဝင်အစိုးရဖြစ်သည် အစိုးရ၏အမိန့်ကို နာခံရန် တာဝန်ရှိသည်ဟု ယုံကြည်ကြခြင်း၊
၂. အစိုးရ၏အမိန်ကိုနာခံခြင်း၊ ပူးပေါင်းဆောင်ရွက်သူများ ကူညီသူလူအုပ်စု၏ အရေးအတွက်နှင်း ၎င်းတို့၏ အရေးပါချက်များ
၃. ကိစ္စရပ်များပေါ်ပေါက်လာလျှင် ကူညီဆောင်ရွက်မည့် လုပ်ငန်းကျွမ်းကျင်သော သူများအတတ်ပညာရှင် အသင်းအဖွဲ့များ
၎. လက်ုတ်လက်ကိုင်ပြလို့မရသည့် စိတ်နေသဘောထားများ၊ ပြည်သူလုထုမှ အမိန့်နာခံလာစေရန်၊ ပူးပေါင်း ဆောင်ရွက်ပြီး အကူအညီပေးလိုသောစိတ်များဖြစ်ပေါ်လာစေရန် စိတ်ဓာတ်ရေးရာ ၀ါဒရေးရာဖြားယောင်း သွေးဆောင် ချက်များ
၅. ဥစ္စာပစ္စည်း၊ သယံဇာဆ၊ ငွေအင်းအား စီးပွားရေးစနှစ် ဆက်သွယ်ရေး သယ်ယူပို့ဆောင်ရေးတို့ကိ အစုးရမှချုပ်ကိုင်ထားနိုင်သည့် အတိုင်းအတာ။
၆. ၎င်းတို့၏အာဏာတည်တံ့ခိုင်မြဲရေးအတွက် ချမှတ်ထားသော မူအတိုင်းဆောင်ရွက်ခြင်း၊ အမိန့်နာခံမှု မရှိသူကို အပြစ်ပေးအရေးယူခြင်း၊ ခြိမ်းခြောက်ခြင်း များဖြစ်သည်။

ပြည်သူလူထုတရပ်လုံးသည် စည်းလုံးညီညွတ်ခြင်းဖြင့် အာဏာရှင်စနှစ်ကိုတွန်လှန်နိုင်ကြမည်မှသေခြာပေသည်။

No comments:

Post a Comment