Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Tuesday, June 17, 2014

ပုံစံခွက်


ငယ်ငယ်တုန်းကဆိုလျှင် အမေကကတော့ပုံစံ မုန့်လေးတွေ လုပ်ရောင်းလေ့ရှိသည်။ မေမေ့ကို မေးတော့ ဒါက ကတော့ပုံ ပုံစံခွက်လေးပေါ့သမီးရယ်လို့ အမေကအပြုံးလေးဖြင့် ပြန်လည်ဖြေကြား ခဲ့သည်။ လူမှန်းသိတက်စ အရွယ်ကတည်းက မေမေက ကိုကြီးကိုဘုရားပွဲရောက်တိုင်း တီရှပ်လှလှလေးနှင့် ဗုံရုပ် ကလေးတွေ ၀ယ်ပေးလေ့ရှိသည်။ ဖေဖေကတော့ ဘုရားပွဲမှရောင်းသော သေနပ်ရုပ်ကလေးတွေကို ကိုကို့အဖို့ ၀ယ်ပေးနေကြ။ အဲ့လိုဆိုရင် ဖေဖေနဲ့ မေမေက ဆူးအဖို့ဘာမှဝယ်မပေးဘူးလို့တော့ မထင်လိုက်ကြပါနဲ့။




 မေမေက ဆူးအတွက် ဂါဝင်လှလှလေးတွေ ပြီးတော့ ဖေဖေကဆူးအတွက် ဘိုမရုပ်လေးတွေ ၀ယ်ပေးပါတယ်။ ဆူးတို့အိမ်မှာ ပြစ်တိုင်းထောင်ရုပ်၊ ယမင်းရုပ်နဲ့ ဘိုမရုပ် လေးတွေဆိုရင် ဗွီဒိုအပြည့်ပေါ့။ ပွဲဈေးတန်းတွေ ရောက်တိုင်းမှာ ဆူးက စစ်သားရုပ်နဲ့ ပြောက်ကျာင်္းဝတ်စုံလေးတစ်စုံ မေမေကိုပူဆာခဲ့ဖူးတယ်။ မေမေက သမီးလေးရယ် အိမ်မှာယမင်းရုပ်လှလှလေးတွေ ဂါဝန်လှလှလေးတွေရှိနေပါရက်နဲ့ ပြောက်ကျာင်္းဝတ်စုံတို့ စစ်သားရုပ်တို့ဆိုတာ မိန်းကလေးတွေနဲ့ မသင့်ပါဘူးလို့ ပြောခဲ့ဘူးတယ်။ 

 အဲ့ဒီအချိန်တုန်းက မိန်းကလေးဆိုတာ လူ့လောကမှာ မိန်းကလေးနဲ့ ယောကျာင်္းလေးဆိုပြီး လူမျိုးနှစ်မျိုးအတွက် အ၀တ်အစားတွေ မတူအောင် ထုတ်ထားပေးပါလားဆိုတာကလွဲလို့ ဆူးဘာမှ မသိခဲ့ပါဘူး။ မီးကောင်ပေါက်ဆယ်ကျော်သက် အရွယ် ရောက်လာတော့ လှပချင်တဲ့စိတ်တွေဝင်လာသလိုဘဲ ရီစရာတွေ့ရင် ငယ်ငယ်တုန်းကလို့ဘဲ ပေါ့ပေါ့ပါးပါး အားပါ တရ ရယ်ပြစ်လိုက်တယ်။ ဒါကိုမေမေက အမြဲသတိပေးလေ့ရှိတယ်။ သမီးရယ် မိန်းကလေးဆိုတာ ရယ်စရာရှိရင် တောင် အပြုံးနဲ့တင် ကျေနပ်ရတယ်ဆိုပြီးပိုလ်းတန်ခို ယယွမ့်၊ ပိုလ်းတန်ယွမ့် ဟယ်ဟိုင်လိုင်ရယ်စရာရှိရင် ပြုံးပါ၊ ပြုံစရာတွေ့ရင် တည်တည်လေးနေပါ ဆိုတဲ့ရှမ်းစကားပုံတခုနဲ့ အမြဲနှိုင်းဆပြတယ်လေ။ ဆူးက ငယ်ငယ်လေးကတည်းက ဆိုးတယ်။ ကစားရင်တောင် ကိုကိုတို့ယောကျာင်္းလေး သူငယ်ချင်းတွေနဲ့ဘဲ ကစားခြင်တာ။ သူတို့နဲ့စကားရတာလွတ်လပ်တယ်။ ပေါပါးမှုရှိတယ်လို့ ဆူးကယုံကြည်တယ်လေ။ မီးကောင်ပေါက်အရွယ်ရောက်တော့ မေမေက ကိုကိုတို့သူငယ်ချင်းတွေနဲ့ အတူပေးမကစားတော့ဘူးလေ။ ဆူးပျင်းနေရင် မေမေကရုပ်ပြကာတွန်းလေးတွေ ဖတ်ခိုင်းတယ်။ ပြီးတော့ ဆရာတော် ဦးဇောတိကရေးတဲ့ စာအုပ်လေးတွေ ဗဟုသုတရအောင်ဆိုပြီး အမြဲဖတ်ခိုင်းလေ့ရှိတယ်။ ဆရာတော်ရေးတဲ့စာအုပ်တွေက ဆူးသိထားမှာတ်မိသလောက်ပြောရရင် အမျိုးသမီးတွေနဲ့ ပါတ်သက်တဲ့အကြောင်းအရာတွေ အမျိုးသမီးနဲ့ အမျိုးသား ကွာခြားပုံတွေ ရေးထားတာမှတ်လား။ ပြီးတော့ဆူးက လွတ်လွတ်လပ်လပ်ဝတ်စားရတာကြိုက်တယ်။ ဒါကိုဖေဖေက သမီးရယ် ဘောင်ဘီရှည်တွေ တီရှပ်မ၀တ်ရဘူးလေ။ အဲ့ဒါယောကျာင်္းလေးဝတ်တွေတဲ့။ ဆူးကဒါတွေဘဲဝတ်ရတာ လွတ်လပ်တယ်တို့ပြောတော့ ဖေဖေက ဆူးကိုရိုက်တယ်။ သမီးဝတ်ရမှာက စကပ်တွေလုံချည်တွေ အမျိုးသမီး င်္အကျီတွေတဲ့။ လုံချည်ကိုဆူးက ခြေသလုံးတ၀က်လောက် ပေါ်အောင်ဝတ်တော့ မေမေကသမီးမိန်းကလေးဆိုတာ လုံချည်ကိုခြေမျက်စေ့တောင် ပေါ်အောင်မ၀တ်ရဘူးလို့ ဆူးကိုဆုံးမလေ့ရှိတယ်။ ဆူးတို့အိမ်က ၀ါးကြမ်းခင်းလေးပဲ ခင်းထားတာဆိုတော့ ခြေလှမ်းတလှမ်းလှမ်းတိုင်းမှာ ကြမ်းခင်းအသံကကလက်ပ်(လ်)၊ ကလက်ပ်(လ်)” ဆိုပြီး တကျွှက်ကျွှက် အသံမြည်တော့ မေမေကသမီးရယ် မိန်းကလေးဆိုတာ လှမ်းလျှေက်ရင် ခြေသံတိုးတိုးလေးထားပြီး လျှောက်ရတယ်တဲ့။   ပြီးတော့အိမ်မှုကိစ္စတွေကို အစစအရာရာတက်မြောက်ထားမယ်။ ငရုပ်သီးထောင်းရင်တောင် အစေ့လေးတွေကို ညှပ်နေအောင်ထောင်းမှ မိန်းကလေးပီသတယ်လို့ ဆယ်ကျော်သက်အရွယ်တုန်းက မေမေပြောတာကို ဆူးခုထိမှတ်မိနေပါသေးတယ်။ ဆူး()တန်းရောက်တော့ ကိုကိုက ()တန်းကျောင်းသာကြီးဖြစ်လို့။ ဆူးမှာ ဆူးထက် ငါးနှစ်လောက်ငယ်တဲ့ ညီမလေးတစ်ယောက်ရှိသေးတယ်။



 ဆူး ()တန်းတက်တဲ့နှစ်မှာ မေမေအသဲအတန်ဖြစ်လို့ဆေးရုံ တင်လိုက်ရတယ်။ ဖေဖေကတော့ ဟိုးအဝေးကြီးမှာ ပိုက်ဆံသွားရှာတယ်။ ဟိုးအဝေးကြီးမှာဆိုတော့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တာပေါ့။ စာမလာ သတင်းမကြားတာလဲ ၄လလောက်ရှိလောက်ပါရဲ့။ နောက်ဆုံး ဦးပုဇင်းတပါးရဲ့ အကူအညီနဲ့ ဖေဖေ့ဆီကအဆက်အသွယ်ရတယ်။ မေမေဆေးရုံတတ်နေရတယ် ဆိုတဲ့သတင်းကြားကြားခြင်း ဖေဖေ လည်း အမြန်ပြန်လာခဲ့တာပေါ့လေ။ ဖေ့ဖေ့ကိုဆက်သွယ်မရတဲ့အကြောင်းရင်းကတော့ လူကြုံမရှိတာရယ် အလုပ်အကိုင် အဆင်မပြေတာရယ်ကြောင့်လို့ ဖေဖေပြန်ပြောပြမှသိရတာပေါ့။ ဖေဖေကအိမ်စားဝတ်နေရေးအတွက် အလုပ်တဖက်နဲ့မို့  မေမေနဲ့ညီမလေးကို အနီးကပ်ပြုစုဖို့က လူလိုလာပြီလေ။ ကိုကြီးက ဒီတာဝန်ကို သူယူပါရစေလို့ပြောတော့ မေမေကသားကသားဦး၊ သားကြီးတဲ့။ သားကြီးလာလို့အိမ်ထောင်ကျလာရင် သားရဲ့မိန်းမကို သားကဘဲဦးဆောင် ဦးရွက်ရမှာမို့ သားကျောင်းထွက်လို့မဖြစ်ဘူးဆိုပြီး ဆူးကိုကျောင်းကထုတ်ပြီး အိမ်မှုကိစ္စအ၀၀နဲ့ မေမေ့ကိုပြုဆုဖို့ ညီမလေးကိုထိန်းကြောင်းဖို့ တာဝန်တွေအားလုံးဟာ ဆူးလက်ထဲကိုရောက်လာတာပေါ့။ ဒါပေမဲ့ အကြွေးတွေက လည်ပင်းထိနှစ်နေလေတော့ ကိုကြီးလည်း ()တန်းအောင်ပြီးတာနဲ့ ကျောင်းဆက်တက်ဖို့က ဘယ်လိုမှမဖြစ်နိုင်တော့ ဘူးလေ။ ညီမလေးကလည်းချူခြာ မေမေကလဲ ကျန်းမာရေးမကောင်း ဒီကြားထဲမှာ ဖေဖေကလည်း ဘော်ဒါခနခန လိုက်ရသေးတယ်။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဆူး-နယ်စပ်ရွာလေးတရွာကို ဖေဖေနဲ့မေမေတို့မသိအောင် ခိုးထွက်လာခဲ့တယ်။ လူတွေကတော့ ဆူးကိုသူပုန်တွေနဲ့လိုက်ပြေးသွားတယ်။ သူကသူပုန်လုပ်မှာတဲ့ လို့အမျိုးမျိုး ဝေဖန် ကြတာပေါ့။ တကယ်တန်းကျတော့ ဆူး-အိမ်အတွက်ဝင်ငွေလေးတဖက်တလှမ်းရအောင် တောဈေးတန်းမှာဈေးရောင်းရင်း ဘ၀ကိုရပ်တည်ခဲ့တာပါ။ တောဈေးတန်းမှာဈေးရောင်းရင်း သူတို့ပြောတဲ့သူပုန်ဆိုတဲ့သူတွေနဲ့ ရင်းနှီးခဲ့တာပေါ့အမှန်ပေါ့။ အဲ့ကနေ နိုင်ငံရေးဆိုတာဘာမှန်းမသိသေးတဲ့အချိန်မှာ စစ်ယူနီဖောင်နဲ့သေနပ်လွယ်ထားတဲ့ စစ်သားတွေ စစ်သမီးတွေကို တွေ့တော့ ဆူးအရမ်းကိုအားကျမိတာနဲ့ မိဘတွေမသိအောင် သူတို့နောက်ကို တိတ်တိတ်ကလေးလိုက်ခဲ့တာပေါ့။ အဲ့ဒီတုန်းက ဆူးအသက် ၁၃-၁၄ နှစ်လောက်ဘဲရှိသေးတယ်လေ။ ဆူးမိဘတွေပြောပြထားတာကတော့ ပြောက်ကြား ၀တ်စုံတွေ စစ်သေနပ်တွေဆိုတာ ယောကျာင်္းလေးတွေနဲ့ဆိုင်တဲ့ပစ္စည်းတဲ့။ ဒါပေမဲ့ခုတော့ ပြောက်ကြား စစ်ယူနီဖောင်းနဲ့ စစ်သေနပ်တွေကိုင်နေတဲ့ မိန်းမလေးတွေကို တွေ့တော့ဆူးအားကျမိတာပေါ့။ မိဘတွေက ဆူးကိုပြန်လိုက်ခေါ်ကြပေမဲ့ ဆူးမသိ လိုက်ရပါဘူး။ သူပုန်စစ်ဗိုလ်တခြို့က ဆူးကိုသမီးလးလို သဘောထားကြတယ်။ အလိုလိုက်ကြတယ်။ သူတို့တွေက ဆူးကိုသူတို့နဲ့တောထဲမှာ မနေဖို့ကျောင်းပြန်တက်ဖို့ အမျိုးမျိုးတိုက်တွန်းနေတဲ့ကြားက သူပုန်တွေကြားထဲမှာ နှစ်နှစ်လောက်တောထဲမှာ တောရိုင်းပန်းလေးတွေရယ် ပြီးတော့ ကျေးငှက်တွန်သံတွေကြားမှာ ဆူးပျော်နေခဲ့မိတာပေါ့။ နောက်တော့ဆူးကို ဒုက္ခသည်စခန်းတခုကို တခြားဒုက္ခသည်တွေနဲ့ပို့ဆောင်ခဲ့တယ်။ ဆူးကိုစခန်းထဲမှာရှိတဲ့ လူကြီးတွေ က တခြားလူတွေ ကလေးတွေထက်ပိုပြီးဂရုစိုက်ကြတယ်။ ဒါလည်းသူတို့ အချိတ်ဆက်နဲ့ သူတို့ရှိခဲ့ကြတယ်ဆိုတာကို အရွယ်ရောက်လာမှဆူးသိလိုက်ရပါတယ်။ ဆူးကိုမိဘမဲ့ဘော်ဒါဆောင် တခုမှာအပ်ပေးခဲ့ကြတယ်လေ။ အဲ့ဒီတုန်းကတော့ မိဘမဲ့ကလေးလို့ပြောရင် ဆူးအရမ်းဝမ်းနဲတာပေါ့။ ကျောင်းပြန်တက်တော့ မေမေတို့နဲ့နေခဲ့တဲ့အချိန်တုန်းကလိုဘဲ လုံချည်ကို သေသပ်ချပ်ရပ်စွာ ခြေသလုံးမပေါ်အောင် ၀တ်လေ့ရှိတယ်လေ။ ကျောင်းသူ/သားနဲ့ကျောင်းဆရာ/မ တွေက ဆူးကို မိန်းမပီသတယ်ဆိုပြီးချီးကျူးလို့မဆုံးပါဘူး။ သူတို့ကဆူးကို စံပြဆုချီးမြင့်ကြတယ်။ ဆူးစိတ်ထဲမှာ ဘာမှမရှိပါဘူး။ မေမေပြောခဲ့တဲ့မိန်းကလေးဆိုတာ ဆိုတဲ့အတွေးတွေဘဲရှိတာလေ။ အခန်းထဲကကျောင်းသူမ တွေရီစရာတွေ့ရင် လွတ်လွတ်လပ်လပ်ရယ်ကြတာကိုကြည့်ပြီး ဆူးရှက်နေမိတာတော့အမှန်ဘဲလေ။ ဘာလို့လဲဆိုတော့ အမေက ပြောဘူးတယ်မှတ်လား မိန်းကလေးဆိုတာ အဲ့လိုမရယ်ရဘူးလို့။ ပြီးတော့အဲ့မှာရှိတဲ့ မိန်မလေးတွေက စကပ်တို (ဒူးလောက်ရှိသောစကပ်) လုံချည်ဆိုလဲ ခြေတလုံးတွေထင်းနေအောင် ပေါ်အောင်ဝတ်ပြီးလွတ်လွတ်လပ်လပ် သွားလာ လုပ်ရှားကြတာလေ။ ဆူးမေမေဆိုရင် ဆူးကိုကိုအေစကပ်လိုအရှည်မျိုးတွေဘဲ ၀တ်ခွင့်ပြုထားတော့ ဆူးအကျင့် ဖြစ် နေပြီလေ။ ပြီးတော့ငယ်ငယ်လေးတည်းက မညပ်ဘဲထားတဲ့ဆံပင်တွေဆိုရင် ခါးလယ်လောက်ရောက်နေပြီပေါ့။ ကျောင်းမှာဆိုရင် ဆူးကဆံပင်အရည်ဆုံးဘဲလေ။ ကျောင်းတက်နေရင်း ဆူးကိုစိန်ခေါ်မှုတခုပေးခဲ့တယ်။ ခပ်ရိုင်းရိုင်း ကျောင်းသားတစ်ယောက်က ဆူးကိုရည်းစားစကား ပြောတော့ဆူးကဒါတွေစိတ်မ၀င်စားဘူး လို့သူ့ကို အပျက်ငြင်း လိုက်တော့ သူဘာပြောတယ်သိလား။ မင်း-ဘယ်တော့မှ (၁၀)တန်းအောင်မှာမဟုတ်ဘူးတဲ့။ အဲ့ဒီတုန်းက အဲ့ဒီအခြေအနေ နဲ့ဆိုရင် ဟုတ်တယ်ဆူး(၁၀)တန်း ကျောင်းကိုအောင်မှာမဟုတ်ဘူး။ သူတို့တွေက အင်္ဂလိပ်စာ အရမ်းကောင်းကြတာလေ။ ၈ တန်းကျောင်းသူ၊သားဘ၀တည်းက အင်္ဂလိပ်စာ အင်္ဂလိပ်စကားဆိုရင် ကောင်းကောင်းပြောဆိုနိုင်ကြပြီ။ ဆူးမှာ သူများတွေပြောနေကြတဲ့ I Love You ဆိုတဲ့ စာသားလေးကိုတောင် နားမလည်လို့ တခြားသူတွေကိုမေးတော့ ဆူး ရည်းစားစာအပေးခံရတဲ့အကြောင်း တကျောင်းလုံး သိသွားပြီး ဆူးရဲ့အရည် အချင်းလဲပေါ်ကုန်တာပေါ့။ ဆူးဖြင့် ရှက်လိုက်တာ။ ရှက်စိတ်တွေရယ် မခံချင်စိတ်တွေပေါ်င်းပြီး ဆူး (၁၀)တန်းကျောင်းကို ဒုတိယဆုရပြီး အောင်မြင်ခဲ့တယ်။ နောက်ပညာတော်သင်ဆု တဆုကိုဆူးလျှောက်ခဲ့တယ်။ ဒါကဆူးဘ၀ရဲ့ပထမဆုံး ၀တ်စားဆင်ယင်မှုကိုပြောင်း ပြစ်လိုက် တာဘဲပေါ့။ ပညာတော်သင်ဆုရတော့ ဒေါ်လေးတစ်ယောက်ကပြောတယ်။ ဆံပင်တွေကိုညှပ်ပြစ်ရမယ်တဲ့။ ပြီးတော့ သူများတွေလိုမျိုး စကပ်လေးတွေ စတိုင်ဘောင်ဘီတွေဝတ်တက်အောင် သင်ပေးခဲ့တယ်။ ဆူးကို ပညာတော် သင်တဲ့ကျောင်းသားတွေကြားမှာ ခေတ်နောက်မကျစေချင်ဘူးတဲ့လေ။ ဟုတ်လဲဟုတ်တယ်။ ဆူးပညာတော်သင်သွားတော့ လူတွေကအရမ်းကိုခေတ်မှီလိုက်ကြတာ။ ၀တ်တာစားတာ နေတာထိုင်တာ အားလုံးအား လုံးပါဘဲ။ ဆူးတို့တော ကနဲ့များ ကွာပ။ ဖုန်း၊ အီးမေလ်း၊ အင်းတာနက် ကွန်ဗြူတာ ဓါတ်လှေကားတွေ ဆိုတာဆးအတွက် တခြားကမ္ဘာတခုလို အသစ် တွေပေါ့။ 




ဆူးပညာတော်သင်ကနေပြန်ရောက်တော့ ဆူးဘ၀စတ်စားဆင်ယင်မှု အရာရာအားလုံးပြောင်းလဲကုန်ပြီလေ။ အမေဆင်ခဲ့တဲ့ အေစကပ်ရှည်ရှည်လေးတွေအစား စကပ်တိုလေးတွေနေရာယူပြီး အမေပေးခဲ့တဲ့ ဆံနွယ်ရှည်ရှည်တွေ အစားရစ်ခွေနေတဲ့ ပုခုံးဝဲပျံဆံစတွေကနေရာယူလို့။ ပြီးတော့ပါးပြင်ပေါ်က သနပ်ခါးပဲကြားပါးပါးလေးတွေအစား မိတ်ကပ်ပါးပါးလေး တွေကနေရာယူကုန်ပြီအမေ။ အွန်လှိုင်းတွေထိုင်းရင် အွန်လှိုင်းပေါ်က ချစ်သူနဲ့ ဆူးအိမ်ထောင် ကျခဲ့တယ်။ ဆူးရဲ့အိမ်ထောင်ဖက်က မေမေပြာတဲ့မိန်းကလေးဆိုတာ ယောကျာင်္းလေးဆိုတာ ဆိုတဲ့အမြင်တွေကိုရိုက်ချိုး ပြစ်ခဲ့တယ်။ မိန်မလေးဆိုတာ ယောကျာင်္းလေးရဲ့ညာဖက်မှာ မအိပ်ရဘူးတို့ အိမ်မှုကိစ္စအ၀၀က မိန်းမလေး တာဝန်တို့ ဆိုတာတွေကို ဆူးရဲ့အမျိုးသားကရိုက်ချိုးပြစ်ခဲ့တယ်။ အပြင်ဝင်ငွေရတဲ့အလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့သလို အိမ်ထဲအလုပ်တွေကိုလည်း တစ်ယောက်တလှည့်ဝိုင်းကူပြီး လုပ်ကိုင်ခဲ့ကြတယ်။ အော်တကယ်တန်းကြတော့ မိန်းကလေးတစ်ယောက် ယောကျာင်္းလေးတစ်ယောက်ရယ်လို့ အသိုင်းအ၀ိုင်းက သက်မှတ်ပေးလိုက်တဲ့ ပုံစံတွေအတိုင်း ဆူးတို့ရဲ့မိဘတွေက သူတို့ရဲ့သား၊သမီးတွေကို ပုံသွင်းယူခဲ့ကြတာပါ။ ဆူးညအိပ်ရာဝင်တော့ ပုခုံးပေါ်မှာ လက်တင်းရင်း သေချာစဉ်းစားကြည်တယ်။ တကယ်တန်းကြတော့လူတိုင်းဟာ သူတို့ကိုသူတို့ ရှေးရိုးဆန်တဲ့ပုံစံခွက်ကြီး ထဲကနေ ရုန်းထွက်ပြီး ခေတ်သစ်ထဲကိုရောက်အောင် ကြိုးစားနေကြပေမဲ့ သူတို့ကိုယ်တိုင် သူတို့မသိတဲ့ ပုံစံခွက်တမျိုးထဲကို ရောက်နေကြတာပါလားလို့။ ကျောင်းဆရာ၊မ တစ်ယောက်ကိုကြည့်မလား အချိန်မှန်မှန်အိပ်ရာထ နေ့တိုင်းကျောင်းသွား ဖို့ပြင်၊ စာသင်၊ ကျောင်းသား၊သူတွေကိုဆုံးမ၊ သင်ရိုးညွန်းတမ်းရေး၊ အိမ်ပြန် ချက်ပြုတ်စားသော စာကြည့်(အနားယူ) အိပ်ယာဝင်။ နောက်တနေ့ ကောဘာထူးလာလို့ဘာလိမ့်?။ ရုံးဝန်ထမ်းတစ်ယောက်ကိုကြည့်ဦးစို့ သူ့မှာကော အချိန်မှန်မှန်အိမ်ရာထ ရုံးသွားဖို့ပြင် ရုံးအလုပ်လုပ် အိမ်ပြန်။ စက်ရုံကအလုပ်သမားလား။ သူလဲ အချိန်မှန်မှန်အိပ်ယာထ ချက်ပြုတ် အလုပ်လုပ်ဖို့ပြင် အလုပ်သိမ်းတော့အိမ်ပြန်။ နောက်နေ့ဖို့ပြင်ဆင်။ အိမ်ဖော်တစ်ယောက်လား။ အတူတူပါဘဲ လေ။ အားလုံးအားလုံးသော လူတွေဟာ မိဘတွေလူ့အသိုင်းအ၀ိုင်းက သက်မှတ်ထားတဲ့ ပုံစံခွက်ဆိုတဲ့ခွက်ကလေးထဲကနေ လွတ်မြောက်လိုကြပေမဲ့ လွတ်မြောက်နေကြပေမဲ့လည်း သူတို့ကိုယ်တိုင် ပုံစံခွက်လေးထဲကိုတဖြေးဖြေးနှစ်တထက်နှစ်နေကြတယ်ဆိုတာ သတိမထားမိကြပါဘူး။ အဲ့သလိုဘဲ ဆူးကိုယ်တိုင်လည်း မေမေပေးတဲ့ပုံစံခွက်ကလေးထဲကထွက်ပြီး အခြားပုံစံခွက်ထဲကို တနေ့ထက်တနေ့နှစ်တထက်နှစ်လာနေမိတာကိုလည်း သတိမထားမိပါဘူး။

No comments:

Post a Comment