Thanks to SDC's Alumni and every one who help for improve this BLOG.This is fist Blog for Creator. Please be patient for visiting.

Wednesday, June 11, 2014

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ ဘ၀တစိတ်တပိုင်း

            နိုင်ငံရေးစီးပွားရေးလူမှုရေး ကျန်းမာရေး ပညာရေးအစရှိသည့် အခြေနေအကြောင်းအမျိုးမျိုးကြောင့် အမိမြေမှ ထွက်ခွာပြီး  တိုင်းတပါးတွင် ၀င်ရောက်အလုပ်လုပ်ကိုင်နေကြသော လက်ရှိမြန်မာပြည်သူပြည်သား၏ အခြေအနေသည် အကောင်းထက်အဆိုးများစွာတို့သည်သာ စွန်းထင်းနေပေသည်။ အဘယ်သူသည် အမိရင်ခွင်နှင့် အမိမြေကိုစွန်ခွာပြီး တိုင်းတပါးလက်အောင်တွင် စေလိုရာစေအလုပ်သမဘ၀မျိုးကို ခံယူခြင်မည်နည်း။
            ၁. စားဝတ်နေရေးပြသကြောင့် သော်လည်းကောင်း
            ၂. အိမ်ထောင်ရေးပြသနာကြောင့်သော်လည်းကောင်း
            ၃. စီးပွားရေးပြသနာကြောင့်သော်လည်းကောင်း
            ၄. လူမှုရေးပြသနာကြောင့်သော်လည်းကောင်း
            ၅. နိုင်ငံရေးရှုပ်ရှင်းများကြောင့်သော်လည်းကောင်း
ငါးလုပ်ငန်းမှ မြန်မာအလုပ်သမား


            ယင်းကဲ့သို့ခြေနေမျိုးမျိုးကြောင့် ထိုင်း၊မလေးရှား၊ စင်ကာပူ၊ အစရှိသည့်ဖွံ့ဖြိုးစဲနိုင်ငဲများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာသည်ဖွားညီအကိယ်များစွာတို့သည် အခက်အခဲများ ထောင်ပေါင်း ကုဋေ နှင့်ရင်ဆိုင်ကြုံတွေ့ရတက်ပါသည်။ အနီးစပ်ဆုံးထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေထိုင်ကြသော မြန်မာပြည် သားများ၏ခြေအနေမှန်များကို မီးမှောင်းထိုးပြလိုပေသည်။
            အမိမြေတွင် ဘွဲ့ရပညာတတ်ပင်ဖြစ်လင့်ကစား နိုင်ငံတော်အစိုးရ၏တံဆိပ်ပါ ထောက်ခံချက်များစွာတို့ မပါရှိပါက ထိုသူသည်မည်သည့်လုပ်ကောင်းမျိုးကိုမှမရရှိနိုင်။ ထိုင်းနိုင်ငံတွင် မြန်မာပြည်သားများသည် ပန်းရံ(ကော်ဆန်း၊ ဆောက် လုပ်ရေးသမားများ)၊ အိမ်ဖော်(မယ်ဘန့်များ)၊ ခြံအလုပ်(ထမ်းစွန်လ်)များ၊ ဈေးသည်(ခိုင်ခေါင်လ်)များ၊ ကွန်ဒိုတိုက် ခန်းသန့်ရှင်းရေးများ၊ တည်းခိုခန်းမယ်ဘန့်များ၊ ညစောင့်များနှင့် လုံခြုံရေးလုပ်များသာဖြစ်သည်။ ၎င်းအလုပ်များသည် အခြေခံလုပ်အားခ ၂၈၀-၃၀၀-၄၅၀ ဘတ်အထိရှိနိုင်ပါသော်လည်း ထိုအလုပ်များကို ဆက်သွယ်ပေးမည့် အဆက်ကောင်း များရှိရန်လိုအပ်ပေသည်။ လုပ်ငန်းခွင်ထဲတွင်းလည်း ထိုင်းနိုင်ငံသားများ၊သို့တည်းမဟုတ် အစွန်းရောက်သော၊ ရှမ်း၊ ကရင်နှင့် မွန်လူမျိုးများပါဝင်ပါက ဗမာများသည်အနှိမ်ခံဘ၀များသို့မသိမသာရောက်ရှိသွားတတ်သည်။
            “မားဂျဖမလုပေါင် (ဗမာပြည်ကလာတာထင်တယ်)” “မိုက်ချိုက် ဖွန်လ်မားဂျမွန်လ်း၊ ခရမ်လ်း၊ ထိုင်းယောင် (မဟုတ်ဘူး ကျတော်မွန်၊ ကရင်က ဒါမှမဟုတ်လျှင်ရှမ်း လာတာပါ” ဟုပြန်ဖြေလေ့ရှိသော ထိုလူမျိုးစုထဲမှ လူအချို့ကိုလည်း သိစေလိုသည်မှာ မြန်မာပြည်သည် ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ မြန်မာ၊ ရခိုင်နှင့် ရှမ်းအစရှိသော တိုင်းရင်းသားလူမျိုးစုများဖြင့်စုစည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးတနိုင်ငံဖြစ်သည်။ ကချင်၊ကယား အစရှိသည့်ပြည်နယ်နှင့်တိုင်းအသီးသီးတို့စုဖွဲ့မှသာလျှင် မြန်မာပြည်ဟုခေါ်ဆိုနိုင်ခြင်းဖြစ်သည်။ 
မြန်မာအလုပ်သမား မိသားစုနေထိုင်သောအိမ်
သို့သော်အချို့သောအစွန်း ရောက်ပုဂိုလ်များသည် ကျတော်၊ ကျမ ဗမာမဟုတ်ဘူး ရှမ်းပါ ၊ကရင်ပါ၊ ရခိုင်ပါ၊ မွန်ပါ ဟုအကြောက်အကန်ငြင်းလေ့ရှိပြီး ထိုင်းလူမျိုးများကို အလုပ်အကြွေးပြုလျက် ထိုင်စကားမတက်သော မြန်မာများကို ခွဲခြားဆက်ဆံခြင်း အနိုင်ကျင့်ချင်း အထက်စီးဆန်ဆန်ဆက်ဆံပြီး လိမ်ညာကောက်ညစ်ခြင်းတို့ပြုလုပ်ကြသည်။ ထိုသို့သောပဂိုလ်မျိုးကိုသိစေခြင်သည်မှာ ၎င်းတို့သည် မြန်မာပြည်သား မြန်မာဖွားများဖြစ်သည့်မြန်မာတိုင်းရင်းသားမှ ခွဲထွက်သော တိုင်းရင်းသားများပင်ဖြစ်သည်။ အဘယ့်ကြောင့်တိုင်းတပါးတွင် တပါးသူနှင့်ပေါင်းသင်းဆက်ဆံပြီး မြန်မာများကိုသော်၎င်း ထိုင်းစကားမတက်သော 
ယင်းတို့၏လူမျိုးအခြင်းခြင်းကိုသော်လည်းကောင်း ဆဖးမမှုကင်းစွာ မြေနှိမ့်ရာလှံများစိုက်လိုကြပါသနည်း။
ငါးစက်ရုံမှ ကိုရွှေမြန်မာ
 အချို့သော ဆယ်ကျော်သက်အမျိုးသမီးငယ်များသည် စီးပွားရေးအခြေအနေကြောင့် ထိုင်းနိုင်ငံသို့ဝင်ရောက် အလုပ်လုပ်ကိုင်ကြပါသော်လည်း အများနည်းတူလှပလိုခြင်း၊ ခေတ္တမှီလိုခြင်း၊ အိမ်ဖော်သန့်ရှင်းရေး ဈေးရောင်းစသည့် ပင်ပန်းသောအလုပ်မျိုးကို မလုပ်လိုကြဘဲ ပြည်တန်ဆာအလုပ်များကို လုပ်ကိုင်စားသောက်ကာ နေရပ်ရင်းသို့ငွေကြေးများ ပြန်လည်ပို့ဆောင်ကြသည်။ လူတဦးကိုလက်ခံလျှင် အနည်းဆုံးထိုင်းဘတ် ၂၀၀၀ မှ ၅၀၀၀ အထိလွယ်ကူစွာရရှိနိုင်ခြင်း နှင့်ကျော့ကျော့လေးဝတ်ဆင်ကာ နေပူဆန်းခါးအလုပ်မလုပ်ရခြင်ကြောင့် ထိုအလုပ်တို့တွင်မွေ့ပျော်နေတက်ကြသည်။ ထိုင်းနိုင်ငံထဲတွင် တရားမ၀င် နေထိုင်ခြင်းကြောင့် ထိုင်းလူမျိုးတဦးဦးကို တရားမ၀င်လက်ထပ်ယူထားပြီး ၎င်းတို့ပြည် တန်ဆာ အလုပ်များကို ထိုင်းရဲပုလိပ်များမှ ဖမ်းဆီးမိသော် ၎င်းတို့တရားမ၀င်လက်ထပ်ယူထားသည့် ထိုင်းအမျိုးသားမှ သွားရောက်အာမခံကာ ပြန်လည်ရွေးထုတ်လာကြသည်။ ၎င်းတို့သည်လည်း ထိုတရားမ၀င်လက်ထပ်ထားသော ထိုင်းအ မျိုးများကို 


အလုပ်အကျွေးပြုကြရသည်။ ငွေကြေးများထောက်ပံ့ရသည်။ ယင်းကဲ့သို့အမျိုးသမီးငယ်များသည် အဘယ့် ကြောင့်ထိုအလုပ်ကဲ့သို့သောအလုပ်မျိုးကိုခုံမင်နေရပါသနည်း။ အချို့သောအမျိုးသမီးငယ်များသည်သည် မိမိသဘောဆန္ဒ မပါဘဲ အကြောင်းတစုံတရား၏ တွန်းပို့မှုကြောင့် ပြည်တန်ဆာဘ၀သို့ရောက်ရှိမှန်းမသိ ရောက်ရှိခဲ့ကြရသည်။ သို့အတွက်ကြောင့် မိဘအုပ်ထိန်းသူ အစောင့်အရှောက် ကင်းမဲ့စွာဖြင့် တိုင်းတပါးသို့ ငွေကြေးမျက်နှာတခုတည်း ကိုသာ ကြည့်ပြီး မိဘညီအကိုမောင်နှမများမှလည်း မိမိတို့၏ သမီးရတနာများကို တိုင်းတပါးသို့မစေလွတ်သင့်ပေ။
            ပွဲစားများကိုယုံကြည်၍ ထိုင်းနိုင်ငံသို့ရောက်ရှိလာကြသော သူများသည်လည်း ပွဲစား၏လိမ်လည်ခြင်းနှင့် ရောင်းစားထားခြင်းများ၏ ရန်သည်လည်းအလွန်ကြောက်စရာကောင်းလှသည်။ အချို့ပွဲစားများသည် လုပ်ငန်းရှင် သူဌေးဆီ မှ ငွေကိုလည်းယူပြီး မိမိတို့၏မိဘများထံမှငွေကြေးများကိုများ အဆမတန်တောင်းယူကာ မိမိကိုထိုအလုပ်ရှင်ထံသို့ပို့ ဆောင်ထားပြီးလုံးဝပြန်လှည့်မကြည့်ခြင်း၊ ဖုန်းဆက်သော်လည်းဖုန်းမကိုင်ခြင်း၊ ဖုန်းနံပါတ်ပြောင်းလိုက်ခြင်းများကြောင့် ထိုသို့ သောပုဂိုလ်များကိာဒုက္ခရောက်စေပါသည်။ တချို့သောအလုပ်ရှင်များသည် ပွဲစားများနှင့်ပူးပေါင်းကာ နိုင်ငံကူး လက်မှတ်များ အလုပ်သမားကပ်များကိုသိမ်းဆည်းထားပြီး ထိုအလုပ်မှမလုပ်လိုတော့ပါက၊ အလုပ်ထွက်မည် ဟုရည်ရွယ် ထားပါက ရဲဖြင့်ဖမ်းခိုင်းခြင်းများပြုလုပ်တက်သည်။ 



ဖမ်းဆီးရမိသော တရားမ၀င်အလုပ်သမားများ
ထိုသို့သောအခက်အခဲများစွာကြားမှ ပြည်တွင်းနေမိဘများသည်လည်း အဆင်မပြေမှုများကြားမှ ငွေများလှမ်းလှမ်းတောင်းတက်ခြင်းကြောင့် အချို့သော သူများသည်စိတ်ရောဂါရခြင်း အချို့ သောသူများသည် ကိုယ့်ကိုကိုယ် မကြံကောင်းမဆည်ရာများပြုလုပ်တက်ခြင်းကြောင့်  တိုင်းတပါးတွင် များစွာဒုက္ခ ရောက်ကြ ရပေသည်။ မြန်မာပြည်သားများသည် အားနာတက်ခြင်း မိမိတို့ခံစားနေရသော ဒုက္ခအ၀၀ကို မိမိနှင့် ဆက်နွယ် နေကြသော မိဘဆွေများညီအကိုမောင်နှမများကို မသိစေလိုခြင်းတို့ကြောင့်လည်း ထိုမိဘဆွေမျိုး ညီအကိုမောင်နှမ များသည်လည်း ထိုကဲ့သို့ဒုက္ခရောက်နေကြသောသူများကို မည်သို့ကူညီနိုင်မည်နည်း။ ထိုင်းစကားမတက်လျှင် ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်ခြင်းမှ အထူးရှောင်ကျင်စေလိုပါသည်။
            အချို့သောညားသစ်စဇနီးမောင်နံများသည် ငွေကြေးဥစ္စာကြောင့်သော်လည်းကောင်း မိဘများ၏တိုက်တွန်းမှု ကြောင့်သော်လည်းကောင်း ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်ကြပြန်သည်။ တိုင်းတပါးတွင် အမျိုးသမီးများ အနေနှင့်ဘ၀လုံခြုံမှုသည် ပြသနာတခုဖြစ်သည်။ ခင်ပွန်းတည်မရှိသော အမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံတွင်လာရောက် အလုပ်လုပ်မည်ဆိုပါက ပျိုပျိုအိုအိုအရွယ်မရွှေး ကာမနှောက်ယှက်ခြင်းများအမြဲကြုံတွေ့ရတက်သည်။ မိမိသည်ထိုင်းစကား ကိုပီသစွာမပြောနိုင်ခြင်းတို့ကြောင့်လည်း ထိုင်းသားတဦးမဟုတ်မှန်းသိ၍ပိုမိုနှောက်ယှက်ခြင်းခံရတက်သည်။ ပြောဆိုဆုံးမ မည့်မိဘများနှင့်ကင်းကွာနေကြခြင်းကြောင့်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုများ မကြာခနဆိုသလိုဖြစ်တက်ကြသည်။ အိမ်ထောင်သက်တမ်းရင့်ပြီး သားသမီးပင်ရှိလင့်စကား ထိုင်းနိုင်ငံသို့ရောက်လျှင် လင်ယောကျာင်္းဖက်ကပင်ဖြစ်စေ၊ အမျိုးသမီးဖက်ကပင်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုများစွာရှိနေပေသည်။ အချို့သောအမျိုးသားများသည် ဇနီးနှင့် သားသမီးများ မြန်မာပြည်တွင်ရှိနေလင့်ကစား ထိုနိုင်ငံတွင်လည်း အငယ်အနှောင်းနေခြင်းတို့ကြောင့် ငွေမပို့နိုင်ခြင်း ပွဲစား ခများ မပေးနိုင်ဘဲ အိမ်ရှိအမျိုးသမီးသည်များစွာစိတ်သောကရောက်ရခြင်း၏ ပြသနာသည် အိမ်ထောင်ရေးများ ဖောက် ပြန်ခြင်းပြသနာတခုလည်းပါဝင်သည်။
အန္တရာယ်ကြားမှ မြန်မာအလုပ်သမား

            မိုးမျှော်တိုက်ကြီးများပေါ်တွင် တက်ပြီး အကာအရံကင်းမဲ့စွာ မှန်သုတ်ရသည့်အလုပ်သည်လည်း အလွန့် အလွန် ပင် အန္တရာယ်ကြီးမားကြောင်း သိစေခြင်ပါသည်။ ထိုအလုပ်သည် တနေ့လျှင်ဘတ် ၅၀၀၀-၇၀၀၀ အထိရပါသော်လည်း မိမိပြန်ပေးရသည်အရင်းအနှီးသည်လည်း ကြီးမားလှပေသည်။ သူ့မယားကိုလိုခြင်၍ လင်းဖြစ်သူကို လုပ်ကြံခြင်း (သို့) တဦးကိုတဦးနာမလို ဖြစ်ပြီးလုပ်ကြံသတ်ဖြတ်မှုများဖြစ်တက်ပေသည်။ မိုးမျော်တိုက်ကြီးပေါ်တွင် မှန်သုတ်ရသည့် အလုပ်သည် မိမိ၏ခါးတွင် အလွန်ခိုင်ခံ့သည့် ကြိုးဖြင့်ချည်နှောင်ပြီး တန်းငယ်လေးတခုပေါ်တွင်နေလျှက် လုပ်ရသည့် အလုပ်ဖြစ်သည်။ ၁၀ထပ် ၁၅ထပ် အထပ် ၂၀ အစရှိသည့်တိုက်ကြီးများ၏ မှန်များကိုသုတ်ရတွင် မိမိမသိလိုက်သည့် တလွှာလွှာမှနေပြီး မိမိတွဲခိုနေသောကြိုးကိုဖြတ်ချခြင်းဖြင့် အသက်နှင့်ခန္ဒာအိုးစားကွဲကြရသည်။ ကားအက်စီးဒက်ဖြစ်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ နှင့် ထိုင်းနိုင်ငံ၏နိုင်ငံရေားအခြေအနေတချို့ကြောင့် မိမိတို့၏သားသမီးများ ခင်ပွန်းသည်များ သေမှန်းမသိ ရှင်မှန်မသိပျေက်ခြင်းမလှပျောက်နေသည်မှာ မြန်မာပြည်မှဆွေမျိုး ညီအကိုမောင်နှမ များရင်ဆိုင်ကြုံ တွေ့ နေရသော ပြသနာတခုပင်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ဆန္ဒပြပွဲတခုတွသ်ပါဝင်ပါက တရက်လျှင်ဘတ် ၅၀၀-၁၅၀၀ အထိရရှိ ခြင်းကြောင့် အချို့သောထိုင်းနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားများသည် ထိုနိုင်ငံရေးအရှုပ်အရှင်းထဲတွင်ရောနှောပါ ၀င်နေကြသည်။ မိမိတို့ကိုင်ဆောင်ထားသည် နိုင်ငံကူးလက်မှတ်များကိုလည်း သိမ်းဆည်းထားခြင်းခံရသည်။ ပဋိပက္ခဖြစ်ပါ ကနိုင်ငံခြားသား ထိုင်းသားဟူ၍မည်သူမှမခွဲခြာထားခြင်းမရှိဘဲ ဖြစ်တက်ကြခြင်းကြောင့် အချို့သောသူများသည် ထိုပဋိပက္ခ များအ ကြားအသက်ဆုံးရှုံးခဲ့ကြရသည်။ 

ကလေးငယ်များ၏ အနာဂတ်

            စက်ရုံအလုပ်ရုံကဲ့သို့သော လုပ်ငန်းမျိုးတွင်လည်း မြန်မာပြည်သားမြောက်များစွာ ၀င်ရောက်အလုပ်လုပ်ကိုင်နေ ကြသည်ကိုမြင်တွေရနိုင်သည်။ ပလစတစ်ထုတ်လုပ်သည့်စက်ရုံ၊ သံထည်ပစ္စည်းများထုတ်လုပ်သည့်စက်ရုံ၊ အပ်ချုပ်ရုံ၊ သားသတ်ရုံ၊ မားမားခေါက်ဆွဲစက်ရုံ၊ အလူမီနီယံထုတ်စက်ရုံ၊ သစ်သားစက်ရုံ၊ သောက်ရေသန့်စက်ရုံ၊ ရေခဲစက်ရုံ အစရှိသည့် မြောက်များစွာသို့သော အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများစွာအနက်မြန်မာပြည်သားများလည်း ပါဝင်နေပေသည်။ စက်ရုံထဲတွင် အလုပ်လုပ်ကိုင်နေပြီးမတော်တဆမှုကြောင့် အသက်ဆုံးရှုံးသွားကြရသော လူးအများရှိသကဲ့သို့ လုပ်ဖော်ကိုင်ဖက်အခြင်းခြင်း ရန်တိုက်ပေးခြင်း၊ အလုပ်ရှင်နှင့်အလုပ်သမားအကြားရန်တိုက်ပေးခြင်း လုပ်အားခပုံမှန်မရရှိခြင်း၊ အလုပ်ချိန်များပြီး လုပ်အားခနည်းခြင်း အစရှိသည့်ပြသနာများရင်ဆိုင်ရခြင်းထက် မြန်မာလူမျိုး အခြင်းခြင်ခိုက်ရန်ဒေါသဖြစ်ခြင်းနှင့် ဖော်ပြပါပုဂိုလ်များ၏ လူမျိုးရေးအယူအစတို့ကြောင့် ဗမာလူမျိုးများသည် အနှိမ့်ချခံဘ၀တို့ ရောက်ရှိကြရသည်။ 
စက်ချုပ်ရုံမှ မြန်မာများ
            အိမ်ဖော်လုပ်ခြင်းအားဖြင့်လည်း အမျိုးသမီးငယ်များ၏ဘ၀လုံခြုံမှုကိုမပေးနိုင်။ ကာမအားဖြင့်နှောက်ယှက်ခံရခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်းအပြင် ညင်းပမ်းနှိမ့်ဆက်မှုများစွာလည်း ရင်ဆိုင်ရတတ်ပေသည်။ အချို့သောလုပ်ငန်းရှင်များသည် အိမ်ဖော်အမျိုးသမီးများကိုမဖွယ်မရာပြုလုပ်ပြီး ငွေကြေးအနည်းငယ်ဖြင့် နှုတ်ပိတ်ခြင်း၊ ထိုအိမ်မှထွက်ခွာသွားစေခြင်း (သို့) ငွေကြေးလုံးဝမပေးဘဲ ချိမ်းခြောက်နှုတ်ပိတ်ခြင်းများလည်းရှိပေသည်။
တိုင်းသပါးတွင် ငွေရှိမှအမျိုးရှိသည် မည်သူတဦးတစ်ယောက်ထံတွင် ရွှေ၊ ထည်ပစ္စည်းများကဲ့သို့သော အပေါင်ခံပစ္စည်းမပါလျှင် ငွေချေးသည့်သူများ အလွန့် အလွန် ကိုရှားပါလှသည်။  လူတိုင်းကိုမိမိစိတ်နှင့်နှိုင်း၍မရပေ။ မိမိမှကူညီထားသည်ဆိုသော်လည်း မိမိအလှည့်ကျလျှင် ထိုသူသည်အမြဲခေါင်းရှောက်တက်သည်။
တိုင်းတပါးတွင်ခိုလုံ၍အသက်မွေးဝမ်းကြောင်းပြုသူများသည် အခက်အခဲထောင်ပေါင်း သန်းပေါက်ကုဋေကြုံ တွေနေရခြင်းကြောင့် မိမိတို့၏ရင်သွေးငယ်များ၊ သားသမီးများ မိဘခင်ပွန်းများ ဇနီးသည်များ ညီအကိုမောင်နှမများတို့အား တိုင်းတပါးတွင်သွားရောက်အလုပ်လုပ်ကိုင်စေခြင်းတို့ကို ရှောင်ကြင်စေလိုပါသည်။ တိုင်းတပါးတွင်အလုပ်လုပ် ကိုင်နေကြ သောသူများအနေနှင့် အားမနာပါနှင်။့ မကြောက်ပါနှင့်။ ရဲရင့်မှုရှိပါစေ။ လေ့လာမှုအားကောင်းပါ။ အခက်အခဲများ စွာရင်ဆိုင်နေရသည့် သူများကိုနည်းလမ်းအမျိုးမျိုးရှာပြီးကူညီနေသော တဦးတစ်ယောက်ပုဂိုလ်များ၊ အဖွဲ့အစည်းများ လည်း ထိုနိုင်ငံများတွင်ရှိနေသေးသည်။


No comments:

Post a Comment