“ဘာပြောလိုက်လည်း
မင်းဇာနည် မင်းအဲ့ဒီကပ်ပြားမကလွဲလို့ ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူးဟုတ်လား”
“ဟုတ်တယ်အမေ ကျတော် ဂျူလီယာ့ကိုဘဲချစ်တယ် အမေတို့သဘောတူတဲ့သူနဲ့
ကျတော်လက်မထပ်နိုင်ဘူး”
“ကောင်းပြီလေ
မင်းငါတို့ဘောတူတဲ့ နေခြည်နွေးကိုမှ မယူရင် မင်းရသင့်ရထိုက်တဲ့မွေတွေအားလုံးကို ငါတပြား
တချက်မှ ခွဲပေးမှာမဟုတ်ဘူးနော် မင်းကိုလည်းငါတို့မိသားစုဝင်စရင်းထဲကနေ ထုတ်ပြစ်လိုက်ပြီ”
သူမသည်ဒေါသအိုးပေါက်ကွဲလျှက် စကားဝိုင်းထဲမှ
ဒေါသခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။ အိမ်ဦးသခင် ခုံတွင် ထိုင်လျှက် သားအမိနှစ်ဦးတို့၏
ပရိပက္ခကို ကြည့်နေသော အဖွားဖြစ်သူဒေါ်မင်းခင်ခင်တစ်ယောက် အယူတည်းလှ သော သမီးဖြစ်သူကို
နားမလည်နိုင်ဖြစ်နေပေသည်။ သူသည် တဦးတည်သောမြေးဖြစ်သူ မင်းဇာနည်ကို သိမ့်ချစ်သည့် အဖွားတစ်ယောက်လည်းဖြစ်သည်။
မင်းဇာနည်သည် အဖွားဖြစ်သူထံသို့ ဒူးကလေးထောက်ပြီး ထိုင်ချလိုက်သည်။
“အဖွား
အမေ့ကိုကူပြောပေးစမ်းပါဦးအဖွားရယ် သားနေခြည့်ကိုမှမချစ်တာ”
“မင်းအမေတုန်းကလည်း
အဖွားသဘောတူတဲ့သူနဲ့ယူခဲ့တာ မင်းကိုမွေးခဲ့သေးတာဘဲ မြေးရယ်”
“ဒါပေမဲ့
အဖွားရယ်”
“ကဲကဲ
ငါ့မြေးငါ့မြေးလေးစိတ်ချမ်းသာစေရမယ် ဟုတ်ပြီလား”
မင်းဇာနည်၏ဦးခေါင်းမှဆံစလေးများကို
ညင်သာစွာပွတ်ပြီး အဖွားဖြစ်သူမှ နှစ်သိမ့်စကားများဆိုခဲ့သည်။ အော် ဇာခြည် ဇာခြည် မင်းလည်းမင်းအဖေ မင်းရဲဇာနည်အတိုင်းပါဘဲလား။ သူမသည်
မင်းဇာနည်၏ ဦးခေါင်းလေးကိုပွတ်ပြီးသူမ ၏နှုတ်ဖျားမှ ခင်ပွန်းဖြစ်သူကို တနေမိသည်။
“ဘယ်လိုအဖွား
အမေက အဖိုးနဲ့တူတယ်”
“ဟုတ်တယ်မြေးလေးရဲ့
မင်းအဖိုးတုန်းကလည်း ဒီအတိုင်းဘဲ သိမ့်တယူတန်တာ ကဲကဲမြေးလေးလည်းနားတော့ အဖွားလည်း နားလိုက်ဦးမယ်”
အဖွားဖြစ်သူသည်
ကိုယ်ပေါ်တွင် လွမ်းခြုံထားသော သပတ်ကလေးကိုဆွဲခြုံကာ ထိုထိုင်ခုံလေးမှ ထွက်ခွာလာပြီး
အိမ်ပေါ်ထပ်သို့တက်သွားလေသည်။
X – X – X – X – X – X – X – X – X –
X- X – X
“ဒီမယ်သား
မင်းကိုမင်းအဖွားပြောလို့ ငါတဆစ်လျော့ပေးလိုက်မယ် မင်းကောင်မလေးကို မြန်မာပြည်ကို ရအောင်
ခေါ် ငါတို့နဲ့တွေ့ပေး”
“ဗျာ
အမေတကယ်ပြောနေတာနော် ဒါဆိုအမေကျတော်တို့ကိုသဘောတူလိုက်ပြီပေါ့”
“နိုးနိုး
နိုး သဘောတူတာမဟုတ်ဘူး စမ်းသပ်စရာလေးတွေရှိလို့ မင်းကောင်မလေးကို ငါစာမေးပွဲစစ်စရာရှိလို့
ခေါ်ခိုင်းလိုက်တာ”
“အမေဘာတွေလုပ်ဦးမလို့လည်း”
“စိတ်ချပါမင်းကောင်မလေးလည်း
မနှစ်နာစေရသလို ငါတို့စိတ်ကြိုက်မိသားစုဝင်ရွှေးပွဲလေးလည်း အထမြောက် တာပေါ့”
“အမေ”
“မင်းငါ့ကိုဘာမှဆက်မပြောနဲ့
လာမဲ့အပါတ်ထဲမှာ မင်းကောင်မလေးကို မြန်မာပြည်အရောက်ခေါ်ခဲ့”
“အမေမိုးတွင်းကြီးမှာ
ပြီးတော့သူ့စာမေးပွဲဖြေရဦးမယ်”
“အေးငါလည်းအဲ့ဒီ
မိုးတွင်းကာလကို ရွှေးခဲ့တာဘဲ ပြီးတော့စာမေးပွဲဆိုတာ နောက်နှစ်ပြန်ဖြေလည်းရတယ် ဒါဘဲလာမဲ့အပတ်ထဲမှာ
မင်းသူ့ကိုရအောင်ခေါ်လိုက်ပါ”
သူမသည်သားဖြစ်သူကိုအမိန့်ပေးပြီး
ထိုနေရာလေးမှ အောင်နိုင်သူတစ်ယောက်၏ ခြေလှမ်းများဖြင့် ထွက်ခွာ သွားလေ သည်။ သူသည်မိခင်ဖြစ်သူ၏ကျောပြင်ကိုငေးမောကြည့်ပြီး
စိတ်ပျက်စွာထိုင်ချလိုက်သည်။
“ဟေ့ရောင်ဇာနည်
ဘာတွေများစိတ်ပျက်လက်ပျက်ဖြစ်နေတာလည်း ငါတို့လာတာတောင်မသိဘူး”
“ဟာ
နေသွေး၊ ရဲဇော်လာကွာ မင်းတို့ဆီသွားမလားလို့တွေးနေတာ”
နေသွေးနှင့်ရဲဇော်တို့၏အသံကိုကြားလိုက်ရတော့မှပင်
သူနည်းနည်းလေးအားတက်သွားသလိုခံစားရသည်။
“ဘာဖြစ်နေလို့လည်း
ဇာနည်”
“အမေကွာ
လာမဲ့အပါတ်ထဲမှာ ဂျူလီယာ့ကို အခေါ်ခိုင်းလိုက်တယ်”
“ဘယ်လို
ဘယ်လို ဟေ့ရောင်ထပ်ပြောလိုက်စမ်း မင်းပြောတော့ မင်းအမေက သူနဲ့မင်းကိစ္စကို တော်တော်
တင်းနေတာဆို ခုဘယ်လိုဖြစ်တာလည်း ချက်ခြင်းလက်ငင်းကြီးဘာလား”
“သူစာမေးပွဲစစ်စရာရှိလို့တဲ့”
“ဟ
အဆန်းပါလား မင်းအမေကိုတော့ငါတို့လိုက်မမီတော့ဘူး”
“ဟုတ်တယ်
တော်ကြာနေ မဟုတ်သရုပ်တွေခိုင်းမှဖြင့် ငါဂျူလီယာ့ကို ဘယ်လိုရင်ဆိုင်ရမလည်းမသိဘူး”
“ခေါ်ဆိုလည်း
ခေါ်လိုက်ပေါ့ကွာ ဂျူလီယာက ခပ်ညံ့ညံ့မိန်းမတစ်ယောက်မှ မဟုတ်ဘဲ သူမီးစင်ကြည့် ကတက် မှာပါ
ငါတို့လည်းဘေးကနေ ၀ိုင်းထိန်းပေးတာပေါ့”
X – X – X – X – X – X – X – X – X –
X- X – X
ရန်ကုန်မြို့
အပြည်ပြည်ဆိုင်ရာလေဆိပ်
မကြာခင် စင်ကာပူမှဆိုဒ်ရောက်လာမည့်
ခရီးသည်လေယာဉ်အမှတ် (xxx) ကိုသူစောင့်မျော်နေ သည်မှာ ရင်မောလွန်းလှသည်။ ထိုင်လိုက်ထလိုက်
သွားလိုက်လာလိုက်နှင့် ကနာမငြိမ်ဖြစ်နေသည့်သူသည် ပတ်ဝင်းကျင်ကိုပင်မေ့နေမိသည်။ သူ့အနားတွင်
မြန်မာဆန်ဆန်လေးနှင့် ခေတ္တမီလှပသည့်သည့် မိန်းကလေး တစ်ဦး လှပသောခြေလှမ်းများဖြင့်
ရောက်လာသည်ကို သူသတိမမူလိုက်မိ။
“ကိုဇာနည်
ဧည့်သည်လာကြိုတာနဲ့တူတယ်”
“ဟာနေခြည် ကိုယ်ဧည့်သည်တစ်ယောက်ကို လာစောင့်နေတာ”
“ကိုဇာနည့်အမေပြောပြလို့ နေခြည်သိပြီးပါပြီ
သူဒီနေ့ စလုံးကနေရောက်မယ်မဟုတ်လား”
“ဟုတ်တယ်နေခြည်”
သူသည်နေခြည့်မျက်နာကို
အားနာစွာကြည့်ပြီဖြေလိုက်မိသည်။
“ဒါနဲ့နေခြည်ကော”
“နေခြည်လည်း
ဖေဖေ့ဧည့်သည်လာကြိုတာ ဒီနေ့ဘဲရောက်မှာဆိုလို့ ဒီရောက်တော့မှ ဖေဖေက ဖုန်းပြန်ဆက် တယ်
သူမလာနိုင်တော့ဘူးတဲ့ သူသမီးအရေးကြီးတဲ့ကိစ္စနဲ့ ဒီကိုခနပြန်လာမှာမို့ ဟိုမှာအလုပ်တွေ
လစ်ဟာနေမှာဆိုးတာနဲ့ သူမ လာဖြစ်တော့ဘူးတဲ့”
“ဒါဆိုနေခြည့်ဧည့်သည်က
မလာဖြစ်တော့ဘူးပေါ့”
“ဟုတ်တယ်
နေခြည်ပြန်လိုက်ပါဦးမယ်”
သူကိုယ်တိုင်လည်း နေခြည့်ကိုပြန်စေခြင်နေမိသည်။
နေခြည်ရှိနေလျှင် သူမကို အားနာနေမိမှာအမှန်ပင်။ သူ့ကို နှုတ်ဆက်ပြီး နေခြည်အနားမှထွက်ခွာသွားလေသည်။ မကြာခင်စင်ကာပူမှဆိုဒ်ရောက်လာမည့် ချစ်သူလေးကိုသူဆက်ပြီး
မျော်နေမိသည်။
“ကိုယ်
စောင့်နေတာ မောသွားလား”
သူ့အနားတွင်
ခရီးဆောင်အိပ်တလုံးဖြင့် ပေါ့ပေါ့ပါးပါးရောက်ရှိလာသော ကောင်မလေးတစ်ယောက်၏ ခေါ်သံ ကြောင့်
သူအသံလာရာသို့ လှည့်ကြည်မိသည်။
“ဟာဂျူလီယာ
ဆောရီးကွာ ကိုယ်မမြင်လိုက်ဘူး”
“ဘယ်မြင်မှာလည်း
ကိုယ်ကကောင်မလေးတစ်ယောက်နောက်ကို လိုက်ငေးနေတာကိုး”
“ဟာမဟုတ်ရပါဘူး
ဂျူလီယာရယ် အဲ့ဒါမေမေ့မိတ်ဆွေသူငယ်ချင်းရဲ့ သမီးပါ”
“ဂျူလီယာလည်း
ဘာမှမမေးရပါလား”
“မင်းတမျိုးထင်သွားမှာစိုးလို့ပါ
ကဲပါချစ်ရာလာ ကိုယ်မင်းကိုသိမ့်လွမ်းနေခဲ့တာ မင်းသိလား”
“သွားပါခုမှအပိုတွေ
လာတည်းခိုခန်းလိုက်ပို့ဦး”
“ကိုယ်တို့အိမ်မှ
လိုက်မတည်းဘူးလား”
“မနက်တော့မှ
လာမယ်လေ ခုချက်ခြင်းကြီးဆိုတော့ အစိမ်းသက်သက်ဖြစ်နေမှာပေါ့ ပြီးတော့ကိုယ့်အမေနဲ့လည်း
ရင်းနှီးသေးတာမဟုတ်ဘူး”
“ကောင်းပြီလေ
ဂျူလီယာ့သဘေ တည်းခိုခန်းရောက်ရင်တော့”
“တည်းခိုခန်းရောက်ရင်
ဘာဖြစ်လည်း”
“ဘာမှမဟုတ်ပါဘူး
ဂျူလီယာအေးဆေးနားလို့ရပြီပေါ့လို့ပြောတာ”
“ကိုယ်နော်
ကိုယ့်ကြောင်းမသိရင်ခက်မယ် လာသွားမယ်”
X – X – X – X – X – X – X – X – X –
X- X – X
“သား
မင်းဇာနည် ဘယ်မှာလည်း ဂျူလီယာ မြန်မာပြည်ကိုရောက်နေပြီမဟုတ်လား”
“ဟုတ်ပါတယ်အမေ
မနေ့ကရောက်တာ”
“ဘာဖြစ်လို့ဒီအိမ်မှာတည်းဖို့
မခေါ်တာလည်း”
“သားကခေါ်ပါတယ်အမေ
ဒါပေမဲ့ဂျူလီယာက တည်ခိုးခန်းမှာတည်းရတာ ပိုပြီးအေးဆေးတယ်ဆိုလို့ပါ”
“ခုခေတ္တမိန်းကလေးများနော်
လူကြီးသူမတွေမပါဘဲနဲ တည်းခိုခန်းမှာလွတ်လွတ်လပ်လပ်တည်းရဲတဲ့ သတ္တိက မနည်းပါလားနော်”
ခနဲသလိုလို
ရီသလိုလိုပြောဆိုလာသော မိခင်တစ်ယောက်၏ စကားကိုသူမကြားသလို နားလွဲလိုက်သည်။
“ကျတော်ဂျူလီယာ့ကို
သွားခေါ်လိုက်မယ်အမေ”
“အေးအေး
သွားချည့်မြေးလေး အပါခေါ်ခဲ့နော် ဒီမှာဘဲမနက်စာ စားရအောင်လို့”
“ဟုတ်ကဲ့အဖွား”
အဖွားဖြစ်သူနှင့်
မိခင်ဖြစ်သူကိုနှုတ်ဆက်ပြီး ကားသော့လေးကောက်ကိုင်ကာ ကားကလေးကိုမောင်းနှင်ပြီး ထွက်သွားလေ သည်။ နာရီဝက်ပင်မကြာလိုက်။ မင်းဇာနည်နှင့်အတူ
ခေတ္တအညီ လိုက်လျောညီထွေအောင် ၀တ်ဆင်ထားပြီး ခေတ္တနှင့် အညီလှပသည့် အသက်နှစ်ဆယ်ကျော်
ကောင်မလေးတစ်ယောက်လိုက်ပါလာလေသည်။
“လာဂျူလီယာ
ဒါကိုယ့်တို့အိမ်ဘဲ ဟော်အမေတို့တောင် ခုထိထိုင်ရာက မထသေးဘဲဗျ”
“မင်းလာတာကိုစောင့်နေတာ
မြေးလေးရဲ့ ကလေးမလေးလည်းပါလာတာကိုး လာလာထိုင်ကြ”
“ဟုတ်ကဲ့ဖွားဖွား”
“ဟေ
မင်းကအဖွားကိုဖွားဖွားလို့ခေါ်လိုက်တယ်”
“ဟုတ်ပါတယ်ဖွားဖွား”
“အေးအေး
ထိုင်ထိုင်”
“အမေဒါသားပြောပြောနေတဲ့
ဂျူလီယာတဲ့ ဂျူလီယာ ဒါကတော့ကိုယ့်အမေ ဒေါ်မင်းဇာခြည်နဲ့ဟောဟိုကတော့ ကိုယ့်အဖွား အဖွားဒေါ်မင်းခင်ခင်တဲ့”
“ဟုတ်ကဲ့တွေ့ရတာ
ဝမ်းသာပါတယ် အန်တီနဲ့ဖွားဖွား”
“ဘယ်လို
ဘယ်လို မင်းငါ့ကိုယ်လိုခေါ်လိုက်လည်း မဂျူလီယာ”
“ဟို
အန်တီလို့ခေါ်လိုက်တာပါ”
“အန်တီဟုတ်လား
မခေါ်နဲ့ငါမကြိုက်ဘူး မြန်မာဆန်ဆန်လေးဘဲခေါ်စမ်းပါ”
“ဟုတ်ကဲ့ပါ
နောက်ဒေါ်ဒေါ်မကြိုက်ရင်မခေါ်တော့ပါဘူး ဂျူလီယာ့ကိုလည်း ဂျူလီယာလို့ဘဲခေါ်ပေးပါ မ,တွေဘာ
တွေ တပ်ခေါ်မနေပါနဲ့ဒေါ်ဒေါ်”
“ဒါကမြန်မာပြည်လေ
ဒီမှာကတော့မြန်မာမိန်းကလေးတစ်ယောက်ကို မ,လို့တပ်ခေါ်မှာယဉ်ကျေးရာကျတာ အေးလေမင်းက မကြိုက်ဘူးဆိုတော့လည်း
မခေါ်ယုံပေါ့ ကဲအားလုံးထမင်းစားကြမယ်”
“ကဲလာလာ
မြေးတို့ ထမင်းစားလိုက်ရအောင်”
ဒေါ်မင်းဇာခြည်ဦးဆောင်ပြီးထမင်းစားခန်းလေးထဲသို့
ဝင်သွားလေသည်။ စာပွဲပေါ်မှထမင်းဝိုင်းလေးကို မင်းဇာနည်မြင်မြင်လိုက်ခြင်း မျက်နှာမကောင်းလှ။
သူမကိုသူမသိမသာလေးအကဲခက်ကြည့်သည်။ သူမသည်အမူရာမ ပျက်ပုံမှန်အတိုင်းဖြစ်နေခြင်းကြောင့်
သူတိတ်တခိုးလေး သက်ပြင်းချလိုက်မိသည်။
“ကဲအားလုံးထိုင်
စားကြဒါကမြန်မာပြည်ဆိုတော့ ထမင်းကိုလက်နဲ့ဘဲ စားတဲ့ဓလေ့ကရှိနေတော့ ဂျူလီယာစားမှ စားတက်ပါ့မလားမသိဘူး
ဟင်းကလည်းမြန်မာထမင်းဟင်းတွေဆိုတော့ စားလို့အဆင်ပြေပါ့မလားမသိဘူး”
စပြီအမေကတော့ ဂျူလီယာကိုစမ်းတပ်ပွဲစတော့တာဘဲ။
ဟူးငါဘယ်လိုလုပ်ရပါ့မလည်း။ ဂျူလီယာကကော လုပ်နိုင်ပါ့ မလား။ ထမင်းဝိုင်းလေးတွင်
ထိုင်လိုက်သည့်နှင့် ဒေါ်မင်းဇာခြည်သည် သူမ၏ စနက်သံလေးကို စဖြုတ်ပါတော့သည်။
“ဖြစ်ပါတယ်ဒေါ်ဒေါ်
ဂျူလီယာအဆင်ပြေပါတယ်”
“အေးအေးဆင်ပြေတယ်ဆိုရင်လည်း
စားကြတာပေါ့ ဒါကငပိရည်တို့စရာ၊ ဒါကတော့ ၀က်သားဆီပြန်၊ ဒါက တော့ပဲမဆလာချက်၊ ဒါကတော့
ပုန်းရည်ကြီးသုတ်၊ ဒါလေးကတော့ ကန်ဇွန်းရွက်ကြော်သားကတော့ ဒီဟင်းတွေ သိမ့်ကြိုက်တာ မြန်မာမို့လားတော့မသိဘူး
စားစားထည့်စားကြ”
“ဟုတ်ကဲ့
”
သူမသည်
ဒေါ်မင်းဇာခြည်ပြုသည့်အတိုင်း လက်ဆေးရေဇလုံထဲတွင် လက်ကိုဦးစွာဆေးလိုက်သည်။ ထို့နောက်
ဘယ်ဖက် လက်ဖြင့် ဟင်းဖွန်းကိုခပ်ကာ အဖွားဒေါ်မင်းမင်းခင်ကိုဦးချလေသည်။
သူမ၏အပြုအမူကြောင့် ဒေါ်မင်းဇာခြည် မသိမသာ လေး တချက်ပြုံးလိုက်သည်။
“ဂျူလီယာက
နိုင်ငံခြားမှာနေတယ်ဆိုပေမဲ့ လူကြီးသူမတွေကိုဦးချရမယ်ဆိုတာတော့ သိသားဘဲဒါနဲ့ဘာဖြစ်လို့
အသားဟင်းတွေ မထည့်ပေးဘဲနဲ့ ကန်ဇွန်းရွက်ကြော်ကြီးဦးချရတာလည်း”
“ဒီလိုပါဒေါ်ဒေါ်
ငပိရည်ဆိုတာ နဲနဲငံတော့ဖွားဖွားမှာသွေးတိုးတွေဘာတွေရှိနေမလားလို့တွေးမိလို့ပါ၊ ၀က်သား
ကလည်း အဆီတ၀င်းဝင်းနဲ့ဆိုတော့ လူကြီးနဲ့သိမ့်မတည့်ဘူးလေ။ ပဲဟင်းကြပြန်တော့လည်း အကြောတွေ
ဘာတွေတက်တတ်တယ်မဟုတ်လား ပုန်ရေကြီးသုတ်ကလည်း ပဲကလေလာတာဆိုတော့ ပြီးတော့နံနံပင် လေးအုပ်ထားတော့
ဖွားဖွားခေါင်းတွေဘာတွေအုံလာမှာစိုးရိမ်လို့ပါ ကန်ဇွန်းရွက်က လူတိုင်းနဲပတည့်တယ်လေ”
“ကဲဇာခြည်
ဧည့်သည်ကတောင် အဖွားအတွက်အလိုက်သိပေးသေးတယ် ညည်းချက်တဲ့ဟင်းတွေက လူကြီးစာ တခုမှမပါဘူး
ကန်ဇွန်းရွက်လေးဘဲစားလိုက်ပါ့မယ် ငါလည်းကြိုက်တယ်”
“အမေကလည်းပြောပြီ
ဇာခြည်ကဂျူလီယာမြန်မာပြည်ရောက်တုန်းလေး မြန်မာထမင်းဟင်းလေးဘာလေး စားရ အောင်ဆိုပြီး
စေသနာနဲ့ပါ”
“ငါလည်းညည်းကို
အလကားစတာပါအေး ကဲစားကြ စားကြမြေးတို့ စားကောင်းရဲ့လား”
“ကောင်းတယ်အဖွား
ဂျူလီယာ ဒါမျိုးတွေ မစားရတာ အတော်ကြာပြီ”
“အတော်ကြာပြီ”
“ဟုတ်တယ်ဖွားဖွား
အရင်ကတော့စားဖူးတာပေါ့”
“အော်အေးအေး”
ထမင်းကိုအိနြေ္ဒရှိရှိစားနေသော ဂျူလီယာ့ကိုကြည့်ပြီး
မင်းဇာနည်သည်မိခင်ဖြစ်သူ၏ မျက်နှာကိုတချက်ကြည့် ကြေနပ်စွာပြုံးလိုက်မိသည်။
“ဂျူလီယာ
ဒေါ်ဒေါ်တို့ မနက်ဖြန်ကျရင် နယ်ဖက်ကို ခရီးထွက်ကြရအောင် ဂျူလီယာလည်းအားရင်လိုက်ခဲ့ပါလား
ရောက်ဖူးသွားတာပေါ့”
သူမသည်
မင်းဇာနည်၏မျက်နာကိုတချက်ကြည့်လိုက်သည်။ သူတို့နှစ်ဦးကြည့်ခြင်းဆုံသွားပြီး မျပ်နှာလွဲ
လိုက်ကြသည်။ သူမသည် လက်ဆေးရည်ဇလုံထဲတွင် လက်ကိုဆေးလိုက်ပြီး အနားတွင်အသင့်ချထားသည့်
လက်သုတ်ပ၀ါဖြင့် လက်ကိုသေသပ်စွာသုတ်လိုက်လေသည်။
“လိုက်တာပေါ့
ဒေါ်ဒေါ် ဂျူလီယာအားပါတယ် ဘယ်လောက်ကြာမှာလည်း”
“အဲ့ဒါတော့မပြောတက်ဘူး
ခုစပါးပျိုးချိန် ပေါင်နှုတ်ချိန်ဆိုတော့ နယ်ကအလုပ်တွေကို ဆင်းကြည့်ခြင်သေးတယ် လေ ပြီးတော့သားကိုလည်း
ဟိုကလူတွေရယ် အလုပ်တွေနဲ့ပါ ရင်းနှီးစေခြင်တာလည်းပါတာပေါ့ ဂျူလီယာပါ လိုက်မယ်ဆို တော့သားလည်းမပြင်းတော့ဘူးပေါ့ကွယ်”
သူမ,မသိမသာလေးပြုံးလိုက်မိသည်။ ထိုပြုံးကိုအဖွားဒေါ်မင်းခင်ခင်တဦးသာ
ရိပ်ခနဲ့လှမ်းမြင်လိုက်သည်။ အင်း မဟုတ်မှလွဲရော
ငါကြည့်ခဲ့ဖူးတဲ့ ဗွီဒွီယိုဇတ်းလမ်းတခုလို ငါ့ကိုပညာပြဖို့ နယ်ကိုခေါ်တာဘဲဖြစ်မယ်။ ကိစ္စမရှိပါဘူးလေ
ဒီကိုလာဖို့ငါဆုံးဖြတ်ချ ချလိုက်ပြီဘဲ။ ငါစောင့်ကြည့်တာပေါ့ ။
“မြေးမလေး
တော်ပြီလားကွဲ့ စားနည်းလှချည်လား”
“အော်ဟုတ်ကဲ့ဖွားဖွား
အဆင်ပြေသွားပါပြီ စားလို့ကောင်းလိုက်တာ”
အဖွာဒေါ်မင်းခင်ခင်၏စကားကြောင့်
သူမအတွေးပြတ်သွားလေသည်။
X – X – X – X – X – X – X – X – X –
X- X – X
“မမကြီးတို့လာမယ်ဆိုလည်း
ကြိုပြောရောပေါ့လုံမတို့လာကြိုမှာပေါ့”
“ကြိုတာနောက်မှထား
ဟိုမှာဧည့်သည်ပါတယ် နိုင်ငံခြားကတဲ့နော် သေခြာဂရုစိုက်လိုက်ကြဦး”
“နိုင်ငံခြားသူကလည်း
မြန်မာမလေးနဲ့တူတယ်နော်”
လုံမလေး၏ ကောက်ချက်စကားကြောင့် ဒေါ်မင်းဇာခြည်သူမကိုတချက်ကြည့်လိုက်သည်။
သူမသည် တောသူ မလေးများနှင့် စကားဖော်ရွေလျက် အိမ်ပေါ်သို့တက်လာလေသည်။
“ဦးကြီးရေ
ဦးကြီး ဒီမှာမမကြီးတို့ရောက်နေတယ်တော့ ကိုမင်းဇာနည်နဲ့ နိုင်ငံခြားကဧည့်သည်လည်းပါတယ်”
အသံနှင့်အတူရောက်လာသောသူတို့အုပ်စုလေးကြောင့်
အခါသရည်ထိုင်သောက်နေကြသည့် ဦးကြီးတို့ လင်မယား အံ့သြမှင်သေသွားလေသည်။
“ဟဟ
ဒေါ်မင်းဇာခြည်တို့က ဆိုင်းမဆင့်ဘုံမဆင့် နဲ့ရောက်လာကြတာကိုး လာမယ်ဆိုကြိုပြောရောပေါ့ဗျာ
လှည်းကြုံလွတ်ကြိုတာပေါ့”
“ရပါတယ်ဦးကြီးရယ်
လာနေကြဘဲဟာ ပြီးတော့နိုင်ငံခြားကဧည့်သည်လည်းပါတော့ လမ်းလေးဘာလေး လျောက်ရင် လေကောင်းလေသန့်ရတာပေါ့
ဟုတ်တယ်မဟုတ်လားဂျူလီယာ”
ဒေါ်မင်းဇာခြည်၏ရုတ်တရပ်အမေးကြောင့်
သူမကြောင်သွားသည်။ သို့သော်တခနတွင်း သူမအလိုက်သင့် ပြန်ဖြေ လိုက်သည်။
“ဟုတ်-ဟုတ်ပါတယ်ဒေါ်ဒေါ်”
“တွေ့လားနိုင်ငံခြားက
လာတဲ့သူတောင်ထောက်ခံနေတာ မင်းဇာနည်ကသာ လမ်းလျောက်ဖို့ပြင်းနေတာ ဟိုမှာကဒီလိုအခွင့်အရေးတွေမရဘူးလေ
တောတောင်အနံ့အသက်လေးတွေရဖို့မဖွယ်ဘူးမဟုတ်လား ခုလည်း အဆုံးထိ မလျောက်လိုက်ရပါဘူး ရွာတောင်ပိုင်းက
ဖိုးထောင်လေ လမ်းကြုံလိုတာနဲ့ အတင်းတက်ခိုင်လို့ အားနာနာ နဲ့လိုက်လာ ရတယ် ဂျူလီယာလမ်းလျောက်ရတာ
စိတ်မကြေနပ်သေးဘူးဆိုရင်တော့ နောက်မှ ဒေါ်ဒေါ်နဲ့ ဟိုးတောင်ပေါ်က ပန်းတွေသွားခူးကြတာပေါ့”
“ရှင်-အော်ဟုတ်ကဲ့ဒေါ်ဒေါ်ကောင်းတာပေါ့
ဂျူလီယာလည်း အတွေ့ကြုံရတာပေါ့”
“ဒါနဲ့အားလုံးနဲ့မိတ်ဆက်ပေးရဦးမယ်
သူကဂျူလီယာတဲ့ သားလေးရဲ့ သူငယ်ချင်းပေါ့ စင်ကာပူကလာတာ ဂျူလီယာကတော့ ဒီရွာကလူတွေကို
နောက်မှတစ်ယောက်ခြင်း လိုက်မှတ်ယူပေါ့ ချက်ခြင်းအားလုံးနဲ့ မိတ်ဆက် ပေးရင် မမှတ်မိမှာစိုးလို့”
“ကဲကဲဒေါ်မင်းဇာခြည်တို့လည်း
ပင်ပန်းလာကြပြီ အေးဆေးအနားယူလိုက်ကြဦး”
အမေကတော့ ဂျူလီယာကိုတခုပြီးတခုပညာတွေပြနေပါလား။
ဟူးငါဘယ်လိုလုပ်ရပါ့မလည်း။ ငါကိုယ်တိုင်လည်း အမေ့ကို လွန်ဆန်နိုင်တာမဟုတ်ဘူး။ သူဂျူလီယာ့မျက်နှာလေးကို
မသိမသာ အကဲခက်ကြည့်သည်။ သူမ၏နှဖူးပြင်တွင် ချွေးများ စို့နေပြီး ပါးနှစ်ဖက်လုံးနီမြန်နေသောကြောင့် သူတော်တော်လေးသနားသွားသည်။
သူသည်အိပ်ကပ်လေးထဲမှ လက်ကိုင် ပ၀ါလေးကိုထုတ်ပြီး သူမကိုလှမ်းပေးလိုက်သည်။ သူမလည်းအလိုက်သင့်လက်ခံယူလိုက်ပြီး
နှဖူးပြင်မှ ချွေးသီး ကလေး များကို သုတ်လိုက်လေသည်။
“ကဲကဲ
သားတို့လည်းနားလိုက်ကြဦး အမေတော့ရွာထဲဖက်လျောက်သွားလိုက်ဦးမယ် ဂှူလီယာရွာထဲ လိုက်ကြည့်
ဦးမလား”
“အမေရယ်ခုဘဲရောက်တာ
နားနားနေနေ နေပါဦးလားပြီးတော့မှ ရေမိုးချိုးပြီးတော့မှသွားကြတာပေါ့”
“ဂျူလီယာမလိုက်တော့ပါဘူး
ဒေါ်ဒေါ်”
“အေးမလိုက်ခြင်နေခဲ့ကြ
ငါတော့ဟိုဖက်အိမ်က အဒေါ်ကြီး ဘုတ်ဘုတ်တို့အိမ်သွားလိုက်ဦးမယ်”
ဒေါ်မင်းဇာခြည်ပြောပြောဆိုဆိုနှင့်
အိမ်ပေါ်မှဆင်းသွားလေသည်။
“ဂျူလီယာ
ပင်ပန်းသွားလား ကိုယ်တောင်းပန်ပါတယ်ကွာ စိတ်မဆိုးနဲ့နော် အမေ့ကိုပေါ့”
“ရပါတယ်ကိုယ်ရယ်
ဂျူလီယာနေတက်ပါတယ် ဂျူလီယာမြန်မာပြည်ကို ပြန်လာကတည်းက ကိုယ်နဲ့ပါတ် သက်တဲ့ အကောင်းအဆိုးမှန်သမျကို
ခံယူဖို့လာခဲ့တာဘဲ”
“ကျေးဇူးတင်လိုက်တာ
ဂျူလီယာရယ် အဲ့ဒါကြောင့် ကိုယ်ဂျူလီယာ့ကိုချစ်နေရတာ”
“သွားပါ
အပိုတွေ”
သူမ၏လက်ကလေးကိုသူ
အားပါးတရဖိညစ်လိုက်သည်။ သူမသည် ပါတ်ဝင်းကျင်ကို တချက်ဝေ့ကြည့်ပြီး သူ့ကိုမျက် စောင်းကလေးထိုးကာ
လက်ကလေးကို ရှုန်းလိုက်လေသည်။
“တူကြီးတို့ရေမိုးချိုးပြီးညနေစာ
စားတော့မလား”
အရီးလေး၏အသံကြောင့်
သူတို့နှစ်ဦးအကြည်စိုက်နေရာမှ လန့်နိုးလာလေသည်။
“ဟုတ်ကဲ့အရီးလေ
ဒါနဲ့ကျတော်တခုလောက် သိချင်လို့”
“ဘာများလည်း
တူကြီး”
“ဒီလိုပါ
ဂျူလီယာရေချိုးဖို့ အကာအရံလေးဘာလေးရှိရင်ကောင်းမလားလို့ ဂျူလီယာကမိန်းကလေးဆိုတော့လေ”
“အမလေးလေး
ငါ့တူရယ် ဘာမှမပူနဲ့ ဘာရယ် ချူးလီယာဟုတ်လား သူလေးအတွက်ရော မင်းတို့အတွက်ပါ ရေချိုးခန်းလေးလုပ်ထားပေးတယ်
မင်းဦးကြီးက ဟုတ်ပြီလား”
“ဂျူလီယာပါအရီးရယ်
ကျေးဇူးဘဲအရီးလေး အရီးလေးအားရင် အမေ့ကိုသွားခေါ်ပေးပါလား”
“တူကြီးအမေက
အောက်မှာလေ ကွပ်ပျစ်လေးပေါ်မှာ မင်းဦးကြီးနဲပစကားကောင်းနေတာ”
“ဗျာပြောတော့
ဟိုဖက်အိမ်သွားမယ်ဆို”
“မဟုတ်ပါဘူး
မင်းဦးကြီးနဲ့ ထွက်ကုန်အကြောင်းတွေ ပြောနေကြတာ အော်ဒါနဲ့တူမကြီးက လယ်ယာ လုပ်ငန်း တွေ
လေ့လာဖို့ ဒီကိုလိုက်လာတာဆို ဟုတ်လား”
“ရှင်-
အော်ဟုတ်-ဟုတ်ပါတယ် အရီးလေး”
“အေးအေးကောင်းတယ်ကောင်းတယ်
ခုခေတ္တလူငယ်တွေတော်တော်များများကတော့ လယ်ယာအလုပ်တွေ စိတ်မ၀င်စား ကြတော့ပါဘူး တူမကြီးကတော့ထူးဆန်းတယ်”
“အော်အရီးလေးရယ်
ဒီဆန်ရေစပါးတွေနဲ့ ဂှူလီယာတို့ လူလားမြောက်ခဲ့တာဘဲမဟုတ်လား”
“အေး
တူမကြီးက သိတက်သားဘဲ အရင်ကမြို့သားတွေနဲ့ကွာပါ ကဲကဲရေမိုးချိုးပြီး ထမင်းစားလိုက်ကြရအောင်
အရီးလေးအားလုံးပြင်ဆင်ထားတယ်”
“ဟုတ်ကဲ့အရီးလေး”
သူမတို့သုံးဦးသား
ရေမိုးချိုးသန့်စင်ပြီးနောက် ညနေစာ ထမင်းစားရန်အတွက် အရီးလေးလာရောက် သတိပေး လေသည်။
ထမင်းဝိုင်းလေးတွင် ဘာမှဖွယ်ဖွယ်ရာရာမရှိလှ။ ငါးရံ့ခြောက်မီးဖုတ်ပြီး ဆီနှင့်သုတ်ထားသည့်ဟင်းတမယ်၊
ငါးပိရည်နှင့် တို့စရာ၊ သီးစုံဟင်ချိုရည်တပွဲနှင့် သရက်သီးသနပ်လေးသည် သူမတို့အတွက်ညနေစာဖြစ်ခဲ့ရသည်။
သူမအတွက် ညနေစာ စားချိန်စောသေးသော်လည်း ရပ်ဓလေ့ရွာဓလေ့ကို သူမလိုက်ပြီးကျင့်သုံးရပြန်ပါသည်။
“မိန်းမရေ
ဇွန်းလေးဘာလေးချပါဦး ဧည့်သည်တွေဘယ်လို စားမှာလည်း လက်ချည်းနဲ့”
“ကျမကချမလို့ပါဘဲ
မဇာခြည်ကမချနဲ့ဆိုတော့လေ”
ဒေါ်ဇာခြည်သည်အငိုက်မိသွား၍လားမသိ
မထိသထိလေး ရှက်ပြုံးပြုံးလိုက်လေသည်။
“ဟုတ်တယ်
ကျမက မချခိုင်းတာ တခါတလေ ရွာကိုရောက်တုန်း မြန်မာထမင်းဟင်းနဲ့ ရပ်ဓလေ့ရွာဓလေ့လေး ဖြစ်အောင်
လက်နဲ့စားကြမလို့”
“ဖြစ်ပါ့မလား အဆင်မပြေဖြစ်နေပါဦးမယ် မဇာခြည်ရယ် တူမကြီးကိုလည်း
အားနာစရာတွေဖြစ်ကုန်ပါပြီ”
“အိုရတယ်ရတယ်
ဂျူလီယာကရန်ကုန်မှကတည်းက စားလာတာ အကျင့်ဖြစ်နေပါပြီ ဟုတ်တယ်မဟုတ်လား ဂျူလီယာ”
“ရှင်-ဟုတ်-ဟုတ်ပါတယ် ဦးကြီး ဂျူလီယာစားတတ်ပါတယ်”
“အေးအေး အဆင်ပြေရင်စားကြ ဦးရီးတော့ ရွာထဲခနထွက်လိုက်ဦးမယ်”
“ဦးကြီးတခါထည်း မစားဘူးလား”
“ဟုတ်သားဘဲ အဖေကြီးကလည်း ဧည့်သည်တွေဒီအတိုင်းထားခဲ့မလို့လား
အားနာစရာတွေဖြစ်ကုန်ပြီ”
“မစားသေးပါဘူးမိန်းမရာ အရေးကြီးလို့ မင်းဘဲဧည့်ခံထားလိုက်ပါ
အဆင်ပြေတယ်မဟုတ်လား မဇာခြည်”
“ပြေတယ် ပြေတယ်ကိစ္စမရှိဘူး သွားသွားဦးကြီး”
X – X – X – X – X – X – X – X – X –
X- X – X
“ဂျူလီယာ
ဒီရွာကိုရောက်တာ ဘယ်မှလည်းမသွားရသေးဘူးမဟုတ်လား ပြင်းနေရောပေါ့”
ဒေါ်မင်းဇာခြည်၏စကားကြောင့်
အိမ်ရှေ့ကွပ်ပျစ်လေးပေါ်တွင် စာထိုင်ဖတ်နေသည့် ဂျူလီယာတစ်ယောက် ဖတ်လက်စ စာအုပ်ကလေးကို
ဘေးတွင်ချထားလိုက်သည်။
“မပြင်းပါဘူးဒေါ်ဒေါ်
ပါတ်ဝင်းကျင်တွေက စိမ်းလမ်းနေတော့ အမြင်အာရုံထဲမှာ လန်းဆန်းနေပါတယ်”
“အေးအေး
ဒါနဲ့ဒေါ်ဒေါ်လယ်ထဲဖက် ခနသွားလိုက်ဦးမယ် ဂျူလီယာလိုက်ခဲ့ဦးမလား”
“ဟုတ်ကဲ့
ရပါတယ်ဒေါ်ဒေါ် ဂျူလီယာလိုက်ခဲ့ပါ့မယ်”
“အမေရယ်
ဒီလောက်နေပူနေတာ ဂျူလီယာ့ကို ဘာလို့ခေါ်နေတာလည်းဗျာ အိမ်မှာဘဲအေးဆေးနေပါစေပေါ့”
အိမ်ပေါ်မှတလှမ်းခြင်းခြင်းလာပြီး
မိခင်ဖြစ်သူကို ဂျူလှယာကိုလယ်ထဲသို့မလိုက်စေရန် တားပါသော်လည်းသူ၏ စကားများ သည် အဖတ်မတင်ခဲ့။
“ရပါတယ်ဂျူလီယာလည်း
လယ်ထဲရောက်ဖူးသွားတာပေါ့ အတွေ့ကြုံသစ်ရပါတယ် ကိုမင်း”
“တွေ့လားဂျူလီယာကတောင်
မင်းထက်ပိုသိသေးတယ် မင်းမလိုက်ခြင်နေခဲ့ လာဂျူလီယာသွားမယ်”
“အမေအမေနေဦးလေ
ကျတော်လည်းလိုက်မှာပေါ့ ဒါလေးတော့ယူသွားသင့်တယ် ခုနေပူပေမဲ့ တော်ကြာနေ မိုးရွာခြင်ရွာနေမှာ”
ကွပ်ပျစ်လေးပေါ်တွင်တင်ထားသည့်
နေပူမိုးရွာဆောင်းရသည်ခမောက်နှစ်လုံးကို ယူကာသူအပြေလေး လိုက် သွားလေ သည်။
“ဂျူလီယာ
ဟိုးမှာကြည့်လိုက်စမ်း မျက်စိ့တဆုံးလယ်ကွင်းပြင်ကြီးတွေ ဘယ်လေယက်သာယညလိမ့်မလည်း”
“ဟုတ်တယ်နော်
ဒေါ်ဒေါ် အရမ်းသာယာတာဘဲ ရင်ထဲကိုအေးသွားတာဘဲ”
“ဟုတ်တယ်
သိမ့်သာယာတာဘဲ ဒါပေမဲ့အဲ့ဒီသာယာမှုတွေကို သာယာမှန်းမသိ မခံစားအားဘဲ လက်နဲ့အလုပ် မပျက်
လုပ်နေရတဲ့ တောင်သူတွေရှိတယ် ဂျူလီယာ သူတို့တွေက ဟိုးမှာကြည့်လိုက်စမ်း စပါးပင်လေးတွေ
စိုက်ပျိုးနေကြ တဲ့သူတွေဘဲ”
“သူတို့က
ဒီရွာသားတွေဘဲ ဒေါ်ဒေါ်ရယ် ဒီသဘာဝအလှတွေကို ဘယ်အချိန်လဲ ခံစားခံစား ခံစားလို့ရတာ ဘဲမ
ဟုတ်လား”
“ဒါကတော့မင်းစိတ်ထင်ကိုး
ဂျူလီယာရဲ့ တနှစ်မှာ ၁၂လတလမှာရက်၃၀ရှိတဲ့အထဲ သူတို့မှာရာသီပေါ် သီးနှံတွေ စိုက်ရပျိုးရ
ပေါင်းတင်မြေဆွရနဲ့ မင်းတို့လိုမျိုးခံစားချိန်ဘယ်ရှိမှာတုန်း”
ပြောရက်လိုက်တာဒေါ်ဒေါ်ရယ်။
ဂျူလီယာ့မှာ မောင့်ကိုချစ်လွန်းလိုသာ ဒီကိုလိုက်လာတာ။ ဒေါ်ဒေါ်ဂျူလီယာ့ကို ရုပ်ရှင် တွေဝတ္ထုတွေထဲကလို
စာမေးပွဲစစ်နေတယ်ဆိုတာ ဂျူလီယာသိတာပေါ့။ ဂျူလီယာ့မှာ Final စာမေးပွဲဖြေဖို့တွက် တောင်
အချိန်ကိုလုပြီးစာဖတ်နေရတာပါ။
“ကဲလာ
ဒေါ်ဒေါ်တို့ဟိုးဘက်က စပါးစိုက်နေတဲ့ လယ်ကွင်းလေးထဲ သွားကြည့်ရအောင်”
“အမေ
ပြန်ကြရအောင်ဗျာ မိုးတွေအုပ်လာပြီ တော်ကြာနေ မိုးရွာလာမှာဖြင့်”
“ဇာနည်မင်းကိုဘယ်သူကခေါ်လို့တုန်း
ပြန်ခြင်ပြန်ပေါ့ လာဂျူလီယာ ငါတို့ဖာသာသွားကြမယ်”
လယ်ကစင်းရိုးများကိုလျောက်ပြီး
ဒေါ်မင်းဇာခြည်တစ်ယောက် ဂျူလီယာ့ကိုခေါ်ကာစပါးစိုက်နေကြသည့် လူတစုထံသို့ ခေါ်သွားလေသည်။
“ဂျူလီယာ
ဂျူလီယာဘ၀က ပြည့်စုံမှုတွေနဲ့ ကြီးပြင်းလာရတာဆိုတော့ ဒီလိုလုပ်မျိုးတွေ လုပ်ဖူးမယ်မထင်ဘူး
ဒေါ်ဒေါ်လည်း လယ်ထဲမဆင်းရတာကြာပြီဆိုတော့ ကိုယ်လက်တွေညောင်းကိုက်နေတယ် ကျန်းမာရေးအရ စပါးလေးဘာ
လေးဆင်းစိုက်မကြည့်ဦးမယ် ဂျူလီယာလည်း ဆင်းကြည့်ဦးမလား”
သူမ,မဆင်းလိုသော်လည်း
ဒေါ်မင်းဇာခြည်ပြောမျကိုသူမမငြင်းသာ။ ချစ်သူမင်းဇာနည်၏မျက်နာကလည်းရှိသေး သည်မဟုတ်လား။သူမသည်
ဒေါ်မင်းဇာခြည်၏မျက်နှာကိုကြည့်ပြီးအပြုံးဖြင့်ာ ခေါင်းညိမ့်ပြလိုက်သည်။
“ဟာဂျူလီယာဘာလို့ဆင်းမှာလဲ
ဗွတ်တွေနဲ့ ပေကုန်မှာပေါ့”
“မင်းဇာနည်
မင်းမဆင်းခြင်နေ လာဂျူလီယာ ရော့အမေ့အိပ်လေးကိုင်ထား”
ဒေါ်မင်းဇာခြည်သည် သူမိကုင်ဆောင်ထားသည့် လက်ဆွဲအိပ်လေးကို
မင်းဇာနည်လက်ထဲသို့ထည့်ပေးလိုက်ပြီး ဂျူလီယာ့လက်ကိုဆွဲခေါ်ကာ လယ်ကွင်းထဲသို့ဆင်းသွားလေသည်။
သူမသည် စပါးစိုက်နေကြသည့် လယ်သူမလေး များထံမှ ပျိုးပင်များကိုအနည်းငယ်တောင်းပြီး ဂျူလီယာ့ကိုဝေမျပေးလိုက်သည်။
ထို့နောက် သူမသည်စပါးပင်လေးများကို ဟန်ပါပါစိုက်ပျိုးနေသည်။ ဂျူလီယာသည် ပျိုးပင်များကိုကိုင်ပြီး
ငေးကြည့်နေမိသည်။ ဘေးမှကောက်စိုက်သမ မလေး တဦးမှ ဂျူလီယာ့ကို စါးစိုက်နည်းလေး ပြပေးတော့မှပင်
ဂျူလီယာသည် ပျိုးပင်များကိုခွဲထုတ်ကာ သူတို့နည်း အတူ စိုက်စမ်း ကြည့်သည်။ မည်မျှမခဲယဉ်း။
ခေတ္တအတွင် ဂျူလီယာစပါးစိုက်တတ်သွားသည်။ လက်ထဲမှ ပျိုးပင်လေးများကုန် သွားသောကြောင့်
ဂျူလီယာအညောင်းပြေခေတ္တခါးဆန့်လိုက်သည်။ ထို့နောက်သူမဘေးမှ ကောက်စိုက်သမ တဦးသည်သူမကိုကြည့်ပြီး
သူတို့နှင့်အတူ တဲထဲသို့သွားရန် ညွန်းစေလိုက်သည်။
“မမ
မိုးတွေရွာလာတော့ လယ်တဲထဲသွားရအောင်”
သူမသည် ဒေါ်မင်းဇာခြည်ကိုလှမ်းကြည့်လိုက်သော
အခြားကောက်စိုက်သမများနှင့် ကစင်းပေါ်တက်သွား သည် ကို မြင်လိုက်ရသောကြောင့် သူမလည်း
ထိုကောက်စိုက်သမားများနှင့်အတူ လိုက်ပါသွားလေသည်။ သိမ့်မကြာခင် ထို ကောက်စိုက်သမပြောသည့်အတိုင်းမိုးများ
ရွာချလာလေသည်။
“ဂျူလီယာ
မိုးတွေရွာလာပြီ အတွင်းဖက်တိုးထိုင်လေ စိုရွဲကုန်မှာပေါ့”
“ရပါတယ်ကိုမင်း
ဒီမိုးဖွဲလေးတွေက ဂျူလီယာရင်ထဲကို အေးမြစေပါတယ်”
“မမက
မိုးရွာတာကိုကြိုက်တယ်နဲ့တူတယ်”
သူတို့စကားပြောနေသည်ကို
အနားတွင်ထိုင်နေသည့် ကောက်စိုက်သမတဦးမ ကြားဖြတ်ပြီှး ၀င်ရောက်ပြော ဆိုလိုက် သည်။
“အော်ဟုတ်တယ်
ဂျူလီယာက မိုးရွာတာကိုကြိုက်တယ်”
“ဒါနဲ့မမက
နိုင်ငံခြားမှာနေတာနော်”
“ဟုတ်တယ်”
“နိုင်ငံခြားဆိုတာ
ဘာကိုပြောတာလည်း”
“စင်ကပူ--စင်ကပူဆိုတာ
မြန်မာနိုင်ငံလိုဘဲ တိုင်းပြည်တခုပေါ့”
“အော်
လူတွေနေမှာပေါ့နော်”
“ဟုတ်တယ်လူတွေအများကြီးနေတာပေါ့”
“ရောက်ဖူးခြင်လိုက်တာ
လမ်းလျောက်သွားလို့ရလားဟင်”
သူမ၏အမေးကိုဂျူလီယာပြုံးလိုက်မိသည်။
သူမရှက်သွားမည်စိုးသောကြောင့် သူမ၏အပြုံကို ဖယ်ရှားလိုက်မိ သည်။ ထို့နောက်သူမသည် ထိုကောက်စိုက်သမား၏လက်ကို
ကိုင်ပြီးအားပေးသည့်အကြည့်ဖြင့် ကြည့်လိုက်မိသည်။
“အို
မမလက်တွေကလည်းကြည့်စမ်းနုဖတ်နေလိုက်တာ ကိုင်ရက်စရာတောင်မရှိဘူး ဒါနဲ့များပျိုပင်တွေ
ကိုင်ရ တယ်လို့ ကြည့်စမ်းရှကုန်မှဖြင့်”
သူမ၏စကားကြောင့်
တဲပေါ်တွင်ထိုင်နေကြသည့် ကောက်စိုက်သမများအပါအ၀င် ဒေါ်မင်းဇာခြည်၏အကြည့် များသူတို့ ထံရောက်ရှိလာသည်။
ဂျူလီယာသည် သူမလက်လက်ကို လွတ်လိုက်လေသည်။
“လမ်းလျောက်သွားလို့တော့
ဘယ်ရမှာလည်း တော်တော်ဝေးတာ လေယဉ်နဲ့သွားရင်တော့ နာရီပိုင်းအတွင်း ရောက်သွားနိုင်တာပေါ့”
“လေယဉ်ဆိုတာ
ဟိုးမိုးပေါ်က ၀ီးဝီး ၀ီးဝီးမီးမိတ်သုတ်မိတ်သုတ်နဲ့ သွားနေတဲ့အကောင်ကိုပြောတာလား”
“ဟုတ်တယ်လေ”
“အကောင်လေးသေးသေးလေးကို
လူဝင်လို့ရတယ်”
“ဟုတ်တာပေါ့
မိုးပေါ်မှာကြည့်ရင်သေးတယ်ထင်ရပေမဲ့ မြေပြင်ပေါ်မှာဆိုရင် အကြီးကြီးရယ်” “ကဲမိုးလည်းတိတ်လာပြီ သားရေအမေတို့ပြန်ကြရအောင်”
ဒေါ်မင်းဇာခြည်၏စကားသံကြောင့်
ဂျူလီယာနှင့်ထိုကောက်စိုက်သမလေသည် စကားကိုဖြတ်လိုက်လေသည်။
“အမေ
ပြန်တော့မလို့လား မိုးကခုမှစဲတုန်း မိုးဖွားလေးတွေကျန်သေးတယ်လေ တော်ကြာနေ နေထိုင်မ
ကောင်း ဖြစ်နေမှဖြင့်”
“ဂျူလီယာ ပြန်လို့ဖြစ်တယ်မဟုတ်လား”
“အော်ဟုတ်ကဲ့ ဖြစ်ပါတယ်ဒေါ်ဒေါ်”
“ပေးငါ့ကိုခမောက်တလုံး ဂျူလီယာ့ကိုတလုံးပေးလိုက် နင်တော့ဒီတိုင်းလိုက်ခဲ့ပေါ့
ယောကျာင်္းဘဲ”
ဒေါ်မင်းဇာခြည်သည် ခမောက်တလုံးကိုလှမ်းဆွဲယူလိုက်ပြီး
တဲလေးပေါ်မှာ ထွက်ခွာသွားလေသည်။ မင်းဇာနည် သည် ဂျူလီယာ့ဦးခေါင်းပေါ်သို့ ခမောက်လေးကိုတင်ပေးလိုက်ပြီး
သူမ၏လက်ကိုဆွဲကာ သူတို့နှစ်ဦးလည်း လိုက်လာခဲ့ သည်။ အင်းဒီကလေးမလေးက ဘယ်လိုလူပါလိမ်။ နိုင်ငံခြားမှာနေပြီးတော့ တောဓလေ့တောင်ဓလေ့တွေကိုလည်း
နား လည်တယ်။ ကောက်စိုက်ပျိုးနှုတ်တာကိုလည်းသိနေတယ်။ ဟူး ရှုပ်ပါတယ်။ ရုပ်လေးကတော့မဆိုးဘူးလှသား။
သေခြာ ကြည့်ရင် ရွာသူတွေပြောသလို မြန်မာမလေးနဲ့ခပ်ဆင်ဆင်ရယ်။ အေးလေသားနဲ့လိုက်ဖက်ညီပါတယ်။
ပညာကလည်း တတ် လူမှုရေးကလည်းသိနားလည်ဆိုတော့ မဆိုးပါဘူး။
X – X – X – X – X – X – X – X – X –
X- X – X
“မမကြီးတို့ဒီနေ့ပြန်တော့မယ်ဆိုလို့ လက်ဆောင်တွေလာပို့တာ”
အထုတ်အပိုးနှင့်အိမ်ပေါ်မှဆင်းလာသည့်
ဒေါ်မင်းဇာခြည်တို့သုံးဦးသားကို ရွာထွက်သီးနှံများဖြင့် လာရောက် နှုတ်ဆက်ကြသည့် ရွာသူရွာသားအချို့ကိုတွေ့လိုက်ရသည်။
“မမက
ဒီကနေပြန်ပြီးရင် နိုင်ငံခြာဆိုတဲ့ဟာကြီးကိုချက်ခြင်းပြန်မှာလား”
“ဘယ်လိုမေးလိုက်တာလည်းမိဘုတ်ပြန်မှာပေါ့
ဒါနဲ့အပြီးတော့မဟုတ်ဘူးနော် ဒီဝါကျွတ်ရင်ပြန်လာမှာ ဟော့ဒီက ငါ့သားလေး မောင်မင်းဇာနည်နဲ့လက်ထပ်ဖို့အတွက်
အပြီးပြန်လာမှာ”
“ဗျာ”
“ရှင်”
ဒေါ်မင်းဇာခြည်၏နှုတ်ထွက်စကားကြောင့်
မင်းဇာနည်နှင့်သူမတို့နှစ်ဦးအပါအ၀င်ရွာသားများ အားလုံးအံသြ ကုန်ကြည်။
“မမနဲ့
ကိုလေးနဲ့က ချစ်သူတွေလား အမလေးလေးလိုက်ဖက်ပါ့တော့ ကြည့်စမ်းလှလိုက်တာ”
“အမေတကယ်ပြောနေတာနော်”
“အမေဘယ်တုန်းကညာဖူးလို့လည်းသားရယ်”
“၀မ်းသာလိုက်သာအမေရယ်”
သူသည်ဝမ်းသာလွန်းပြီးဂျူလီယာ့ကိုလှမ်းဖက်လိုက်သည်။
“အို
ကိုမင်း ဘာလုပ်တာလည်း လူတွေရှေ့မှာ”
“ခုမှဘဲ
လွတ်လွတ်လပ်လပ်ချစ်ခွင့်ရလို့ပါ ချစ်ရယ်”
“ကဲကဲနေမ၀င်ခင်မြို့ကိုရောက်မှဖြဟ်မယ်
လာဟိုမှလှည်းဆရာစောင့်နေပြီ”
သူမတို့သုံးဦးရွာသူ၊သားများကိုနှုတ်ဆက်ပြီး
ထိုရွာလေးမှထွက်ခွာလာခဲ့သည်။
X – X – X – X – X – X – X – X – X –
X- X – X
“ဂျူလီယာက
နိုင်ငံခြားကို စာမေးပွဲဖြေဖို့ ပြန်ဦးမှာဆိုတော့ ၀ါကျွတ်ပြီးရင် ပြန်လာပေါ့ လက်ထပ်ဖို့အတွက်
စီစဉ်စရာရှိတာ စီစဉ်ကြတာပေါ့”
“စိတ်မကောင်းပါဘူးဒေါ်ဒေါ်
ဂျူလီယာ ကိုမင်းကို လက်မထပ်နိုင်ပါဘူး”
“ဘာ!
ဘယ်လို မင်းဘယ်လိုပြောလိုက်လည်း ဂျူလီယာ”
“ဟုတ်ပါတယ်ကိုမင်း
ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတဲ့ ယောကျာင်္းတစ်ယောက် ကိုဂျူလီယာဆိုတဲ့မိန်းမက သူ့ရဲ့ အိမ်ထောင်ဦးစီးအဖြစ်
ရွေးချယ်မှာတဲ့လားကိုမင်း ကိုမင်းကိုတော့ အားနာပါတယ် ဖွားဖွားကိုလည်း ဂျူလီယာ အား တော့
နာပါတယ် ဒါပေမဲ့ဂျူလီယာပြောစရာရှိတာကိုတော့ ပြောရမှာဘဲ ”
“နေ-နေစမ်းပါဦးဂျူလီယာ
မင်းမင်းက သားလေးကိုလက်မထပ်နိုင်တာ မင်းမှာချစ်သူအသစ်ရှိနေလို့လား ဒါမှမ ဟုတ် ဒေါ်ဒေါ်ကိုကလှည့်စားခြေခြင်တာလား”
“တခုမှမဟုတ်ပါဘူးဒေါ်ဒေါ်
ဂျူလီယာရဲ့နာမည်အပြည့်အစုံက ဂျူလီယာဆူးပါ ငယ်နာမည်ကတော့ ဆူးမတဲ့ ဂျူလီယာကိုတောရွာလေးတရွာမှာ
မွေးခဲ့တာပါ ဂျူလီယာရဲ့မိဘများက မရှိကြတော့ပါဘူး တစ်ကောင်ကြွက် ခိုခိုးရာမဲ့ ဖြစ်နေတဲ့
ဂျူလီယာ့ကိုဖေဖေဦးဂျင်မီနဲ့ မေမေကတ်သလင်းတို့က မွေးစားခဲ့တာပါ။ ဦးဂျင်မီက မြန်မာ
တစ်ယောက်ဖြစ်ပြီး ကတ်သလင်းကနိုင်ငံခြားသူဖြစ်ပါတယ်။ ဒါပေမဲ့သူတို့မှာ သားသမီးရတနာမရှိတာကြောင့်
ဂျူလီယာ့ကိုအမွေစား အမွေခံသမီးတစ်ယောက်အနေနဲ့ ရုံးတော်ကနေတဆင့်တရားဝင် မွေးစားခဲ့တာကြောင့်
ဆူးမဆိုတဲ့နာမည်ပြောက်ပြီး ဂျူလီယာဆူး ဆိုတဲ့နာမည်သွင်စေခဲ့ပါတယ် အဖေဂျင်မိကဂျူလီယာဒီကိုမလာခင်
မြန်မာပြည်ကိုလာဖို့အစီအစဉ်ရှိနေခဲ့ပေမဲ့ ဂျူလီယာ့ကို ဦးစားပေးပြီးသူ့အလုပ်ကိစ္စတွေကိုနားလိုက်ရတာပါ
ဂျူလီယာ့ကိုယ်တိုင်ကလည်း ကိုယ့်ဘ၀အတွက် အရေးကြီးတဲ့ စာမေးပွဲဖြေစရာရှိတာတောင် အငဲ့ဘဲဒီကို
အရောက်လာခဲ့တာကိုဘဲ အားလုံသဘောပေါက်နာလည်နိုင်မှာပါ။သန်ဖက်ခါ ဂျူလီယာစာမေးပွဲဝင်ဖြေရမှာမို့
ဂျူလီယာပြန်မှဖြစ်မှာ”
“အေးလေ
ပြန်လေ ပြန်ပေါ့ဂျူလီယာ မင်းပြန်တာနဲ့ သားလေးကိုလက်မထပ်နိုင်တာနဲ့ဘာဆိုင်လို့လည်း”
“သိမ့်ဆိုင်တာပေါ့
ဒေါ်ဒေါ် ဂျူလီယာကိုမင်းကိုချစ်ပါတယ် အချစ်တခုထည်းနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်လို့ မရပါဘူးကမ္ဘာကြီးကရွာဖြစ်နေပါပြီ
မြန်မာပြည်အပါအ၀င် နိုင်ငံတော်တော်များများက တိုးတက်ပြောင်း လဲနေတဲ့ အချိန်မှာ ဒေါ်ဒေါ်ဟာ
ဂျူလီယာ့ကိုအထင်သေးပြီး ယောကျာင်္းတစ်ယောက်ကိုရဖို့ သူငယ်တန်းစာတွေကိုပြန်ပြီး စာမေးပွဲစစ်နေတာတော့
သိမ့်သဘ၀မကျဘူးလို့ထင်လို့ပါ အားလုံးဂျူလီယာ့ကိုခွင့်ပြုကြပါဦး”
ဒေါ်မင်းဇာခြည်တို့မိသားစုကိုနှုတ်ဆက်ပြီး
ဂျူလီယာထိုအိမ်မှထွက်လာခဲ့သည်။ ဂျူလီယာထွက်ခွာသွားပြီးနောက် မောင်မင်းဇာနည်လည်း ရှက်စိတ်ဝမ်းနည်းစိတ်များဖြင့်
အိမ်ပေါ်ထပ်သို့ပြေးတက်သွားလေသည်။
“ငါထင်တော့ထင်သားဘဲ
ဒီကလေးမလေး ဒီအိမ်မှာထမင်းစားကတည်းက ရိုးရိုးမဖြစ်နိုင်ပါဘူးလို့ ကဲခုဘယ်နဲ့ လုပ်ကြမလည်း”
“အို
အမေကလည်း ကျမကိုဘဲအပြစ်ပြောတော့မယ် ကျမကဒါတွေသိမှမသိတာ”
“သိတာမသိတာ
အပထားဟိုမှာ ငါ့မြေးလေးလိုက်ကြည့်လိုက်ဦး”
X – X – X – X – X – X – X – X – X –
X- X – X
“အိုသမီးလေး
ဂျူလီယာ နေကောင်းတယ်နော် ”
အိမ်ထဲတွင်လှမ်းဝင်လာသော
ဂျူလီယာ့အဖို့ ဖခင်ဖြစ်သူဂျင်မီ၏နွေးထွေးသော ကြိုဆိုမှုတို့ကအပြည့်ပင်။ ဖခင် ဖြစ်သူကိုသူမဖက်သွယ်လိုက်ရင်း
သူမ၏မိခင်ကိုသူမမေးမိသည်။
“ကောင်းပါတယ်ဒယ်ဒီ
မာမီကောဟင်”
“ရှိပါ
ဟောဟိုမှာလာနေပါပြီ သမီးမာမီကသမီးကိုသိမ့်လွမ်းနေရှာတာ”
သူမသည်အခန်းထဲမှထွက်လာသည့် နိုင်ငံခြားသူအမျိုးသမီးတဦးထံသို့
လျောက်သွားပြီး သူမကို ဖက်လိုက် သည်။
“Oh!
My dear Julia Do you know how much I miss you? How is every thing going?”
“All
Right, Mom I miss you too”
“
How a bout your boyfriend? ”
သူမ၏အမေးကြောင့်
ဂျူလီယာမျက်နှာမကောင်းပါ။ သို့သော်သူဟန်ဆောင်ပြီးပြုံးလိုက်သည်။
“Everything
is ok Mom”
“ကဲသမီးလည်း
ပင်ပန်းလာပြီ အေးဆေးနားလိုက်ဦး”
ဖခင်ဖြစ်သူ၏စကားကြောင့်
သူမသည်မိခင်ဖြစ်သူကိုနှုတ်ဆက်ပြီး အခန်းလေးထဲသို့ဝင်သွားလေသည်။
“သမီးကွန်ပျူတာကို
ရှေ့မှာထားပြီးအလုပ်ထဲအာရုံမရောက်ဘဲ ဘာတွေစဉ်းစားနေတာလည်း သမီးငိုနေတယ်”
ဖခင်ဖြစ်သူ၏စကားကြောင့်
သူမသည်ဝဲနေသောမျက်ရည်များကိုသုတ်လိုက်သည်။
“ဒယ်ဒီမအိပ်သေးဘူးလား”
“သမီးဘာတွေဖြစ်နေလည်း ဒယ်ဒီ့ကိုပြောစမ်း”
“ဒယ်ဒီ သမီးမှားသွားလားဟင်”
“သမီးကဘာကိုဆိုလိုခြင်တာလည်း”
“သမီးရဲ့လုပ်ရပ်တွေပေါ့ ပြီးတော့ မောင်နဲ့သဘောတူထားတဲ့မိန်းကလေးက
ဒယ်ဒီမိတ်ဆွေရဲ့သမီး နေခြည်တဲ့”
“သမီးရယ်”
ဦးဂျင်မီသည်
သူမ၏ဦးခေါင်းမှဆံစလေးများကိုညင်သာစွာ ပွတ်တိုက်ပြီးအားပေးလိုက်သည်။
“ချမီးလေး
မီအိပ်တေးဖူးလား (သမီးလေး မအိပ်သေးဘူးလား)”
မြန်မာစကားမပီကလာ
ပီကလာနှင့်အိပ်ခန်းလေးထဲမှထွက်လာသည့် ဂတ်သလင်းကိုသူတို့မြင်တွေ့လိုက်ရသည်။
“ချမီးလေး
ငိုနေချာလား (သမီးလေးငိုနေတာလား)”
“မငိုပါဘူးမာမီရယ်
မာမီကောမအိပ်သေးဘူးလား”
သူမသည်ဂျူလီယာဘေးတွင်ထိုင်ချလိုက်ပြီး
ဂျူလီယာမျက်နှာလေးကိုသေခြာကြည့်နေမိသည်။ ထို့နောက် ဂျူလီယာ့ကို ဖက်သွယ်လိုက်ပြန်သည်။
“ချမီးလေး
ဂျေးဆူးပြုပြီး မာမီတို့ခို ခွဲမထွားပါနဲ့ (သမီးလေး ကျေဇူးပြုပြီး မာမီတို့ကိုခွဲမသွားပါနဲ့)”
“မာမီဘာတွေပြောနေတာလည်းဟင်
သမီးကမာမီတို့ကိုခွဲမသွားပါဘူး”
I know everything
Julia. However you will leave us onday. But I will still love you my dear
Julia. သူမသည် ဂျူလီယာကိုဖက်သွယ်ထားပြီး တွေးလိုက်မိသည်။
“ကဲပါမိန်းမရယ်
စိတ်မကောင်းစရာတွေ တွေးမနေပါနဲ့ လာအိပ်ရအောင် ညနက်နေပြီ သမီးလည်း ညသိမ့်မနက်စေနဲ့နော်”
“ဟုတ်ကဲ့ပါ
ဒယ်ဒီ ဂွတ်နိုက်”
ကက်သလင်းသည်
ခင်ပွန်းဖြစ်သူ၏စကားကြောင့် ခင်ပွန်းသည်နောက်သို့လိုက်သွားလေသည်။
“Good
Night Julia”
“Good
Night Mom”
သူမ၏မွေးစားမိဘများ၏ကျောပြင်ကိုငေးမောရင်း
မီးမိန်မိန်လေးအောက်တွင် သူမတစ်ယောက်ထဲ ကျန်ခဲ့လေ သည်။
No comments:
Post a Comment